Chapter – 6 သူတော်စင် စွမ်းအားစစ်ဆေးခြင်း
ဂျင်ချန်ကထိုအဖိုးကြီး၏သန်မာမှုအားသိသော်လည်းသူကမည်သည့်ခံစားချက်မှသူမျက်နှာပေါ်တွင်
မဖော်ပြပဲတည်တည်ငြိမ်ငြိမ်ပဲရှိလေသည်။
ထိုအဖိုအိုအားကျေးဇူးတင်တဲ့အနေနဲ့ခေါင်းအား
ငြိမ့်ပြပြီးလမ်းကျဉ်းအတိုင်းဆက်လျှောက်ခဲ့လေသည်။ လမ်း၏အဆုံးတွင်ဂျင်ချန်မျက်လုံး
တစ်ချက်တောက်ပသွားပြီး
အခန်းကြီးတစ်ခုအတွင်းသို့ဝင်သွားလိုက်သည်။
ထိုအခန်းထဲရှိအလင်းသည်အပြင်ကအလင်းထက်ပို
မိုတောက်ပပြီးစာအုပ်ပေါင်းထောင်နဲချီထားရှိလေသည်။
ဂျင်ချန်ခေါင်အားမော့ကြည့်လိုက်သောအခါထို အခန်း၏ တောက်ပခြင်းအကြောင်းအားသိလိုက်ရသည်။ထိုအခန်း၏မျက်နာကျက်များသည်
အလွင်တောက်ပပြီးမည်သည့်ထူးဆန်းသည်သတ္တုမျိုး
နှင့်ပြုလုပ်ထားသည်ကိုမသိပေ။မျက်နှာကျက်၏
ထူးဆန်းမှုကသူအားအံ့သြစေသော်လည်း ဂျင်ချန်အချိန်သိပ်မဖြုန်းတော့ပဲစာအုပ်စင်ရှိ စာအုပ်တစ်အုပ်အားဆွဲယူလိုက်သည်။
ထိုစာအုပ်သည်ထူမပါးဖြစ်သော်လည်းဂျင်ချန်
၃နာရီလောက်ကြာအောင်ဖတ်လိုက်ရသည်။ထိုစာအုပ်ကိုဖတ်ပြီးနောက်
သူအပြင်လောကအကြောင်းနည်းနည်းနားလည်လာသည်။
ယခုသူနေသောတိုက်ကြီးကိုတန်းရန်တိုက်ဟုခေါ်ကာအတော်အတန်ကြီးမားကျယ်ပြန်သည်။
တန်းရန်တိုက်တွင်နိုင်ငံအများအပြားရှိပြီး
မြို့အသီးသီးကလည်းအရွယ်မျိုးနဲတည်ရှိလေသည်။ အကြီးဆုံးမြို့ကိုနေပြည်တော်ဟုခေါ်ကြသည်။
နေပြည်တော်တွင်အုပ်ချုပ်သောဘုရင်ခံ
တစ်ယောက်စီရှိကြသည်။ဘုရင်ခံတစ်ယောက်စီက
စစ်သား၁၀သန်းကိုကွက်ကဲအုပ်ချုပ်သည်။
သိုသော်လည်းတန်းရန်တိုက်ကြီးတွင်နေပြည်တော်
၇ခုမျှသာရှိလေသည်။ထိုနေပြည်တော်၇မြို့တော်အား ဧကရာဇ်၃ပါးကနှစ်မြို့တော်ကျစီအုပ်ချုပ်လေသည်။ ထိုဧကရာဇ်၃ပါးတွင်ကောင်းကင်ဧကရာဇ်က
မြို့တော်၃ခုအားအုပ်ချုပ်ပြီး
အင်အားအတောင့်တင်းဆုံးဖြစ်သည်။ခရဲဧကရာဇ်နှင့်ဖန်းစီဧကရာဇ်ကမြို့တော်နှစ်ခုစီကိုသာ
အုပ်ချုပ်လေသည်။
နေပြည်တော်၏အောက်တွင်
ဘုရင်မြို့ငယ်လေးများဖြစ်သည်။နိုင်ငံတစ်ခုချင်းစီတွင် အနည်းဆုံး
ဘုရင်မြို့တစ်ခုရှိလေသည်။ဘုရင်မြို့များတွင် ပထမအဆင့်ရှိဘုရင်မြို့တွင်စစ်သား၈သိန်းရှိပြီး
ဒုတိယအဆင်ဘုရင်မြို့များတွင်စစ်သား၎သိန်းစီ ရှိကြသည်။ဒုတိယအဆင့်ဘုရင်မြို့များ၏အောက်
တွင်ရွာများရှိပြီးရွာတစ်ခုစီသည်စစ်သား၅သောင်းခန် အင်အားရှိလေသည်။
တန်းရန်တိုက်ကြီးရှိလူများလေ့ကျင့်သောအရာသည်
သူတော်စင်စွမ်းအားဟုခေါ်သောအရာ
တစ်မျိုးကိုလေ့ကျင့်ကြသည်။လူတစ်ယောက်သည်သူတော်စင်စွမ်းအားအဆင့်၁၀သို့ရောက်ရှိသွားပါ ကသူတော်စင်စွမ်းအားဖြင့်သူတော်စင်လက်နက်ကို
ဖန်တီးနိုင်ကြလေသည်။သူတော်စင်လက်နက်များသည်
အမျိုးအစားပေါင်း၁၀၀၀ကျော်ရှိပြီးဖန်တီးသူ၏
စိတ်ကူးနဲသာသက်ဆိုင်လေသည်။သူမည်ကဲ့သိုသော်လက်နက်ဖန်တီးမည်ဆိုတာ။
သူတော်စင်စွမ်းအားဖြင့်ဖန်တီးလိုက်သောသူတော်စင်လက်နက်သည်သိုင်းပညာရှင်နှင့်
အထူးဆက်နွယ်မှုရှိလေသည်။အချို့သောသူများသည် သူတော်စင်လက်နက်မှအထူးဓာတ်များကို
ကံကောင်းခြင်းလက်ဆောင်အနေဖြင့်ရရှိကြလေသည်။ထိုဓာတ်ကြီးများကိုမြေဓာတ်၊ရေဓာတ်၊လေဓာတ်၊
မီးဓာတ်၊အလင်းဓာတ်နှင့်အမှောင်ဓာတ်ဟူ၍ အမျိုးအစားခွဲခြားထားသည်။ထိုအထဲတွင်
အလင်းဓာတ်နှင့်အမှောင်ဓာတ်သည်အလွင်ရှားပါးပြီးစွမ်းအားလည်းအလွန်ကြီးသည်။
အလင်းဓာတ်သည်ဒဏ်ရာများကုသရာတွင်
အလွန်စွမ်းအားကြီးပြီးသူတော်စင်လက်နက်ကနေ
ပေးလိုက်သောအလင်းဓာတ်ပိုင်ရှင်များကိုတန်းရန်တိုက်ကြီးတွင်အင်မော်တယ်များဟု
သမုတ်ကြသည်။အဘယ့်ကြောင့်ဆိုသော်သူတို့သည်
တိုက်ပွဲတစ်ခုအတွင်းရသောဒဏ်ရာများကို
လျင်လျင်မြန်မြန်နှင့် ပြန်လည်ကုသနိုင်သည်။ အကဲ၍သူတိုကိုတစ်ချက်ထဲနှင့်အပြတ်မသတ်နိုင်လျှင်
သူတိုကို
အနိုင်ယူဖို့အလွန်ခက်သွားသောကြောင့်ဖြစ်သည်။ အမှောင်ဓာတ်ကလိုအပ်ချက်အချို့ရှိလေသည်။ သူတိုကညအချိန်တွင်အလွန်လျင်မြန်ပြီး
စွမ်းအားလည်းပိုကြီးတတ်ကြသည်။သူတိုကိုည၏အရှင်သခင်များဟုခေါ်ကြပြီးညသည်သူတို၏ထိန်းချုပ်မှုအောက်တွင်ရှိလေသည်။ကျန်သည့်ဓာတ်ကြီးလေးခုကလည်း
သူတို့အစွမ်းနဲသူတို့ရှိကြပြီးပိုင်ဆိုင်သူ၏သန်မာ မှုအပေါ်လည်းမူတည်သည်။သေချာတာတစ်ခုကတန်းရန်တိုက်ကြီးတွင်သူတော်စင်လက်နက်အား
၁၀ယောက်တွင်၁ယောက်သာပိုင်ဆိုင်လေသည်။ တိုက်ပွဲတစ်ခုတွင် ဓာတ်ကြီးများ ပိုင်ဆိုင်သူအားမပိုင်ဆိုင်သူထက်သတ်ရပိုခက်လေသည်။
သူတော်စင်လက်နက်များကတိုက်ပွဲတွင်အစွမ်းအထက်ဆုံးလက်နက်များဖြစ်ပြီး ပိုင်ရှင်ကအတွေးတစ်ချက်နှင့်ပင်
သူ၏လက်နက်အားဆင့်ခေါ်နိုင်လေသည်။ပြီးတော့သူတော်စင်လက်နက်နှင့်ပိုင်ရှင်ကြားက
ဆက်နွယ်မှုကကြီးမားလေသည်။
အကယ်၍သူတော်စင်လက်နက်အားထိခိုက်မှုတစ်ခုခု ရှိလျှင်ပိုင်ရှင်တွင်လည်းဒဏ်ရာရနိုင်လေသည်။
သူတော်စင်လက်နက်လုံးဝပျက်စီးသွားလျင်ပိုင်ရှင်အားဒဏ်ရာအပြင်းအထန်ရရှိနိုင်ပြီးအခန်မသင့်လျင်
အသက်ပင်ဆုံးရှုံးစေနိုင်သည်။
သိုသော်လည်းသူတော်စင်လက်နက်များသည်ပျက်စီးရန်အလွန်ခက်ခဲလေသည်။
သူတော်စင်လက်နက်ကတစ်ဖက်စွမ်းအားထက်ပိုမိုအားကောင်းနေသေးသ၍လက်နက်တွင်ထိခိုက်
ဒဏ်ရာပေါ်လာမည်မဟုတ်ပေ။
သူတော်စင်လက်နက်အားဖန်တီးပြီးသွားလျင်
ကမ္ဘာမြေကြီးမှာရှိသည့်ချီအားပိုမိုအားကောင်းစွာစုပ်ယူနိုင်သည်။ဒီနည်းလမ်းက
သိုင်းသမားအားပိုမိုလျင်မြန်စွာအစွမ်းထက်စေသည်။
သူတော်စင်လက်နက်ဖွဲစည်းပြီးသည့်သိုင်းပညာရှင်အား
သူတော်စင်ဟုစခေါ်နိုင်လေသည်။တန်းရန်
တိုက်ကြီးတွင်သူတော်စင်များအားအဆင့်၉ခု
ခွဲခြားနိုင်လေသည်။သူတော်စင်၊မြင့်မြတ်သူတော်စင်၊ သူတော်စင်မာစတာ၊မြင့်မြတ်သူတော်စင်မာစတာ၊
မြေသူတော်စင်၊
ကောင်းကင်သူတော်စင်၊သူတော်စင်တန်ခိုးရှင်(SaintRulerကိုပြန်ရတာဘာကြီးမှန်းမသိလို့)၊
သူတော်စင်ဘုရင်နှင့်သူတော်စင်ဧကရာဇ်
တိုဖြစ်ကြသည်။ထိုအဆင့်တစ်ခုစီတွင်အခြေခံအဆင့်၊အလယ်အလတ်အဆင့်နှင့်
အမြင့်ဆုံးအဆင့်ဆိုပြီးသုံးပိုင်းခွဲခြားထားလေသည်။တန်းရန်တိုက်ကြီးတွင်ယင်းအား
ကန်လန်ဖြတ်အနေအထားဖြင့်မှော်သားရဲ
တောင်တန်းကြီးတစ်ခု
ရှိသည်။ထိုတောင်တန်းကြီးတွင်မရေမတွက်နိုင်သော
မှော်သားရဲများရှိလေသည်။အတွင်းသို့နက်နက်ဝင်လေ အင်အားကြီးမားသောမှော်သားရဲများဖြင့်
ရင်ဆိုင်ရလေဖြစ်ပေမည်။
မှော်သားရဲများသည်အဆင့်၉ဆင့်ခွဲခြားထားပြီးအဆင့်၁
မှော်သားရဲသည်သူတော်စင်အဆင့်နှင့်ညီကာအဆင့်၂
မှော်သားရဲကမြင့်မြတ်သူတော်စင် အဆင့်နှင့်ညီလေသည်။ထိုအတိုင်း
ဆက်၍အဆင့်၈မှော်သားရဲကသူတော်စင်ဘုရင်
နောက်ဆုံးအဆင့်၉မှော်သားရဲက
သူတော်စင်ဧကရာဇ်အဆင့်နှင့်ညီလေသည်။
တန်းရန်တိုက်ကြီးတွင်ကြေးစားအလုပ်အလွန်ပေါသည်။
ကြေးစားများသည်အဖွဲအစည်းနဲ့ကိုရှိလေသည်။
ထိုကြေးစားများကပိုက်ဆံပေးလျင်အကုန်လုပ်သည်။အချို့ကြေးစားများကတောင်တန်းအတွင်းတွင်
မှော်သားရဲများမိစ္ဆာများကိုအမဲလိုက်ပြီး
ထိုမှော်သားရဲများ၏အမြူတေကိုရောင်းစားကြသည်။ထိုကဲ့သိုလုပ်ခြင်းသည်အန္တာရယ်အလွန်ကြီးသော်လည်း အကျိုးအမြတ်လည်းများများရသည်။အဆင့်မြင့်
မှော်သားရဲများ၏အမြူတေသည်ဈေးအလွန်ကြီးသည်။
အချို့သောအဆင့်မြင့်မှော်သားရဲအမြူတေများသည်
ပိုက်ဆံရှိတိုင်းပင်ဝယ်၍မရချေ။
မှော်သားရဲအမြူတေသည်တိုက်ကြီးတစ်ခုလုံး
ဝယ်ယူသုံးစွဲမှုအများဆုံးပစ္စည်းဖြစ်သည်။မှော်သားရဲ၏ အမြူတေအလယ်တွင်သန်စင်ကြီးမားသော
စွမ်းအင်စုစည်းမှုရှိလေသည်။ထိုစွမ်းအင်ကိုလူတွေက
စုပ်ယူလိုရပြီးသူတို့၏လေ့ကျင့်မှုအား
လျင်မြန်စွာတိုးတက်စေသည်။ မှော်သားရဲအမြူတေစီကနေစွမ်းအင်စုပ်ယူခြင်းသည်
ကမ္ဘာအဆီအနှစ်များစီကနေ စွမ်းအင်စုပ်ယူခြင်းထက်ပိုမိုမြန်ဆန်သည်။သိုသော်ထိုနည်းလမ်းသည်
ပိုက်ဆံလုံလုံလောက်လောက်
မရှိလျင်စိတ်ကူးမယဉ်သင့်သောလမ်းဖြစ်သည်။တခြားသောအကြောင်းအရာအချို့အားလည်း
ဂျင်ချန်တဖြည်းဖြည်းချင်းနားလည်လာလေသည်။ဒီထူးဆန်းတဲ့ကမ္ဘာကြီးကအလွန်ရက်စက်မှုများ
စစ်ပွဲများအလွန်များပြားသည်။သူအရင်ကမ္ဘာထက်
အများကြီးပိုအန္တရယ်ရှိလေသည်။လူတစ်ယောက်သည်လုံလောက်သောစွမ်းအားမရှိပဲအပြင်ကမ္ဘာကြီးတွင်
ရှင်သန်နိုင်မည်မဟုတ်ပေ။
ထိုစာအုပ်ကိုဖတ်ပြီးနောက်ဂျင်ချန်
အပြင်လောကကြီးအကြောင်းနားလည်သွားသည်။သူတော်စင်လက်နက်များအကြောင်း
ဓာတ်ကြီးများအကြောင်းမှော်သားရဲများသူတို့၏
အမြူတေများနှင့်ကြေးစားများအကြောင်းအာလုံးသည်
ဂျင်ချန်အတွက်အသစ်အဆန်းတွေကြီးဖြစ်လေသည်။
ဂျင်ချန်ထိုစာအုပ်ကိုဖတ်ပြီးနောက်အပြင်လောကကြီးထဲချက်ချင်းကျင်လည်ချင်စိတ်ပေါက်သွားသည်။
ချင်းရင်ကလန်သည်သူအတွက်အလွန်သေးငယ်သလိုခံစားရသည်။
သိုသော်လည်းလာမည်နှစ်အနည်းငယ်အတွင်းတော့သူစိတ်ကူးအားကောင်အထဲမဖော်နိုင်လောက်
သေးမှန်းသူသိသည်။သူမိဘများက
အသက်၃နှစ်အရွယ်ကလေးအားအပြင်လောကသို့လုံးဝ လွှတ်မည်မဟုတ်ချေ။
အချိန်အနည်းငယ်ကုန်ဆုံးပြီးနောက်ဂျင်ချန်
သူ၏လေ့ကျင့်မှုတွင်ပိုမိုအားထဲ့ဖို့ဆုံးဖြတ်လိုက်သည်။ သူရဲ့နေ့စဉ်ထမင်းစားခြင်းနှင့်တခြားကိစ္စများမှလွဲ၍ သူအခန်းအတွင်း၍လေ့ကျင့်ခြင်းဖြင့်ကုန်ဆုံး
လေသည်။နေစဉ်သူ၏အဇူရာဓားကျင့်စဉ်
ပထမအဆင့်အား
ကမ္ဘာအဆီအနှစ်များအားစုပ်၍လေ့ကျင့်
သည်။စွမ်းအင်များကသူခန္ဓာကိုယ်တစ်ခုလုံးအားလည်ပတ်နေပြီး ဆဲတစ်ခုခြင်းစီအားသန်မာ
အားကောင်းလာစေသည်။သူခန္ဓာကိုယ်က
ကမ္ဘာအဆီအနှစ်စွမ်းအားများအားလက်မခံတော့သည့်အချိန်ကျမှသာသူအဇူရာဓားကျင့်စဉ်၏
ဒုတိယအဆင့်အားရောက်ပြီးစစ်မှန်သောချီအားစတင်လေ့ကျင့်လို့ရမည်ဖြစ်သည်။
သူအရင်ကမ္ဘာတွင်ထိုပထမအဆင့်အား
တစ်နှစ်အတွင်းကျင့်နိုင်သော်လည်းယခုကမ္ဘာတွင်
နှစ်နှစ်ပင်ကျင့်ယူရသည်။အဘယ့်ကြောင့်ဆိုသော်ယခုကမ္ဘာတွင်ချီစွမ်းအင်စုစည်းမူပိုမိုသိပ်သည်းသော
ကြောင့်ဖြစ်သည်။ယခုဘ၀ခန္ဓာကိုယ်သည်ယခင်ဘဝကခန္ဓာကိုယ်ထက်ပိုမို
သန်မာလာပြီးအနာဂတ်လျှောက်လမ်းတွင်ပိုမိုအောင်မြင်လာမည်ဖြစ်သည်။
ဂျင်ချန်ကတစ်နေကုန်တစ်နေခန်းအခန်းထဲတွင်
လေ့ကျင့်နေသော်လည်းသူ့မိဘများကမဆိုးရိမ်ကြချေ။
အဘယ်ကြောင့်ဆိုသောချင်းရင်ကလန်တွင်မိဘများက
သူတို့သားသမီးများအား
တစ်နှစ်သားအရွယ်ကတည်းကအခြေခံ
အသက်ရှုနည်းကျင့်စဉ်အားသင်ကြားပေးထားကြလေသည်။ထို့ကြောင့်ဂျင်ချန်အခန်းအတွင်းတံခါးပိတ်
နေသော်လည်းအသက်ရှုလေ့ကျင့်ခန်း
လုပ်နေသည်ပဲထင်ပြီးသူ့အားအာရုံသိပ်မစိုက်ကြချေ။ ယနေမနက်ခင်းတွင်ဂျင်ချန်
သူလေ့ကျင့်မှုအားအဆုံးသတ်လိုက်လေသည်။အဘယ်ကြောင့်ဆိုသော်ယနေ့သည်
သူ၏၃နှစ်မြောက်မွေးနေလည်းဖြစ်သကဲ့သို့
တန်းရန်တိုက်ကြီးအတွင်းအသက်၃နှစ်ပြည့်တိုင်း စစ်ဆေးရမည့်သူတော်စင်စွမ်းအား
စစ်ဆေးပွဲနေဖြစ်သောကြောင့်ဖြစ်လေသည်။
ဂျင်ချန်သူအမေနဲအတူထမင်းစားခန်းကနေ
ချင်းရန်ကလန်ခန်းမဆောင်အတွင်းသို့ထွက်လာခဲ့ ကြလေသည်။
ချင်းရန်ကလန်အတွင်းတွင်ကျယ်ပြန်သော
မြေကွက်လပ်တချို့ရှိသည်။ထိုနေရာများသိုသူမရောက်
ဖူချေ။ဂျင်ချန်ကသသူအခန်းကျဉ်းလေးအတွင်း
၃နှစ်တာလေ့ကျင့်မူများပြုလုပ်နေသောကြောင့် ချင်းရန်ကလန်
ဝန်းအတွင်းသေချာမရောက်ဖူးခြင်းဖြစ်သည်။ချင်းရန်ကလန်ဝန်းအတွင်း
ကလန်ဝတ်စုံဝတ်ဆင်ထားသောလူအများအပြား
ဥပဟိုပြုသွား
လာလှုပ်ရှားလျက်ရှိသည်။ဆူးရှသော
မျက်ဝန်းအများအပြားကလည်းပုန်းအောင်းနေသော
နေရှာများကနေသတိထားစောင့်ကြည့်နေကြသည်။
ဂျင်ချန် လေ့ကျင့်ရေးကွင်းပြင်သိုဖြတ်လျှောက်သွားသောအခါလူငယ်လေးများ၏အသံအားကြားလိုက်ရသည်။
အသက်၁၀ အရွယ်ကောင်လေးများအားလူလတ်ပိုင်းအရွယ်ရှိလူကြီး
တစ်ယောက်က
တိုက်ခိုက်နည်းစနစ်များသင်ကြားပေးလျက်ရှိလေသည်။ ထိုလူငယ်လေးများသည်ချင်းရင်မိသားစု
၏မျိုးဆက်များဖြစ်မှန်းဂျင်ချန်နားလည်ထားသည်။
ဂျင်ချန်ကလန်တွင်ကလန်အဖွဲ့ဝင်ပေါင်း
၁၀၀၀လောက်ရှိသော်လည်းတစ်ဝက်ခန်မှာ အစောင့်များအစေခံများဖြစ်ကြသည်။
လေ့ကျင့်ရေးကွင်းပြင်သိုဖြတ်လျှောက်ပြီးနောက်ချင်းရန်ကလန်ခန်းမဆောင်အတွင်းသို့ရောက်ရှိ လာလေသည်။ထိုနေရာသည်ဂျင်ချန်
သူတော်စင်စွမ်းအားစစ်ဆေးမည့်နေရာဖြစ်သည်။
အပိုင်း ၆ ပြီး၏။