Chapter – 260 ဂိုဏ်းချုပ်တို့၏ဆုလက်ဆောင်များ
ဟွာရှန်ယူ ၏ သဘောထားကြီးမှုကို မြင်တယ့်အခါ အားလုံးဟာ တုန်လှုပ်သွားကြတယ် ။ ဒြပ်စင်ဆေး ၁ သောင်း ဟာ သလင်းကျောက် ငါးသန်းတန်သည် မဟုတ် ပါ လား ။ ဒီအပြုအမူဟာ ဂိုဏ်းသားများကို တံတွေးမျိုချ သွား စေ ပါတော့တယ် ။
ချန်ရှန်လည်း ဟွာရှန်ယူ ကို ကျေးဇူးတင်မနေပါ ။ သူတို့ဟာ ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည် ဖြစ်ပြီး ဟွာရှန်ယူ မှလည်း ဘာမှ မပြောပါချေ ။
“ဒန်ရှန် တောင်ယွမ်က တကယ်ကို သဘောကောင်း တာ ပဲ”
ချန်ရှန် တခြားဂိုဏ်းမှ ဂိုဏ်းချုပ်များကို ကြည့်ကာ ခနဲ့ တဲ့တဲ့ ပြောလိုက်တယ် ။ သူ၏ မျက်လုံးများမှာတော့ –
“ခင်ဗျားတို့အားလုံးဟာ ကပ်စီးနည်းတွေ ၊ ဟိုကတော့ မိန်းမ ဖြစ်တာတောင် အလွန်သဘောထားကြီးတယ်”
ဟု ပြောနေသလိုပါပဲ ။
ချန်ရှန် လို ကောင်လေး မျိုးက ဂုဒွန်ချန် နှင့် တခြားလူ များ အား တူလေး တွေ တူမလေးတွေ ဟု ခေါ်တာကို သာ သိမည် ဆိုပါက တခြားဂိုဏ်းချုပ်များမှာ သတိလစ်သွားပေ လိမ့်မည် ။
“စီနီယာ ၊ ခုနကပဲ ခင်ဗျားက ကျွန်တော့ကို ကျေးဇူး တင် တယ် ။ ငွေကြေးက အရေးမပါပါဘူး ။ ကျွန်တော် လည်း ဒီလို ဆုကြေးပေးတာကို ကျေနပ်ပါတယ်”
ချန်ရှန် ပြောလိုက်တယ် ။ သူ၏ မျက်နှာမှာလည်း ထူး ဆန်းသော အပြုံးတစ်ခု ပြုံးလျက်ပါ ။
“ဒါက သိမ်မွေ့ မီးသလင်းကျောက်ပဲ ။ မင်းက ဆေး ပညာရှင် မလား ၊ ဒီကောင်လေးက မင်းရဲ့ မီးတောက် တွေ ကို ပိုပြီး တောက်ပစေလိမ့်မယ် ။ ငါထင်တာတော့ မင်းက ပိုနားလည်ပါလိ့မ်မယ် ။ ယူလိုက်ပါ”
လျူမန်ဂါ ခပ်တိုးတိုး ပြောလိုက်တယ် ။
ထို့နောက် သူမ၏ သွယ်လျ လှပသော လက်များ ကို ပင့်ကာ အနီရောင် အလင်းတန်းများ လင်းလက်နေသော ကျောက်တုံး တစ်တုံးအား ချန်ရှန် ဆီ ပစ်ပေးလိုက်ပါတယ်
ချန်ရှန် လျင်မြန်စွာ ဖမ်းလိုက်ပြီး သူနဂိုတည်းက သိမ် မွေ့ မီးသလင်းကျောက် ၏ အစွမ်းထက်ပုံကို သိပြီးသားပါ ။ ဒါဟာ အလွန်တန်ဖိုးကြီးသည့် မြေကြီးအဆင့် ဆေးပင် နဲ့ အတူတူပါပဲ ။ တခြားဂိုဏ်းချုပ်များဟာလည်း ထပ်မံ တုန် လှုပ်သွားကြပြန်တယ် ။ လျူမန်ဂါဟာ ဒီလိုလက်ဆောင် မျိုး ကို တကယ်ပဲ ပေးလိုက်သည် မဟုတ်ပါလား ။ နား လည် သည့် လူတိုင်းကတော့ အဆိုပါ သလင်းကျောက် ဟာ ဒြပ်စင် ၁ ထောင်ထက် တန်ဖိုးနိမ့်မည် မဟုတ်ကြောင်း နားလည် ကြ ပါတယ် ။
“ဒီဆုက ရေခဲလေ တောင်ကြား နဲ့ နတ်လက်နက် အင် ပါယာ နှစ်ဂိုဏ်းပေါင်းပြီး ပေးတာ ဖြစ်တယ်”
လျူမန်ဂါ နှုတ်ခမ်းခပ်စူစူ ဖြင့် ပြောလိုက်တယ် ။
လျူမန်ဂါ ဟာ ခပ်ငေါ့ငေ့ါ ပြောတာ သာမန်လို့ ယူဆ လို့ ရပေမယ့် ဟွာရှန်ယူ ကတော့ လျူမန်ဂါ နှင့် ချန်ရှန် အကြား ဆက်နွယ်မှု တစ်ခုခုတော့ ရှိနေလိမ့်မည် ဟု ယူ ဆ လိုက်မိပါတော့တယ် ။
ချန်ရှန် ခပ်ပြုံးပြုံးဖြင့် သိမ်မွေ့ မီးသလင်းကျောက် အား လက်ခံ လိုက်ပါတော့တယ် ။
အမျိုးသမီး နှစ်ဦး၏ ကြီးမားသော ဆုကြေးများ ချီးမြင့် တာ ကို မြင်တယ့်အခါ အမျိုးသား ဂိုဏ်းချုပ်များဟာ ကျိတ် ပြီး ကျိန်ဆဲနေကြတယ် ။ စစ်မှန်သော သိုင်းပညာဂိုဏ်း ၏ ဂိုဏ်းချုပ် တန်ရိချို ကတော့ ဘာမျှ မပြောချေ ။ သူ စေလွှတ် သော ဂိုဏ်းသားများ အကြောင်း သိတယ့်အခါ တခြား ဂိုဏ်းချုပ်များ နှင့် ဂိုဏ်းသားများဟာ သူ့ကို အထင် သေး စွာ ကြည့်နေကြတယ် ။
ချန်ရှန် ဟာ တန်ရိချို ၏ အနေအထားကို နားလည် ပါ တယ် ။ ဒါ့အပြင် နိဗ္ဗာန်အဆင့် ပညာရှင်များစွာ ဟာ သူ့ ကြောင့် သေဆုံးသွားခဲ့ရတာ ဖြစ်ပြီး တန်ရိချို ကိုယ်တိုင် ပင် ချန်ရှန် ကို သတ်ချင်နေသည် မဟုတ်ပါလား ။ ထို့ကြောင့် ကျေးဇူး ဟု ပြောခြင်းကပင် လုံလောက်ပြီ မဟုတ် ပါလား ။
ယခုအခါ သိမ်မွေ့ ဟန်ရှိသော ကြာပန်းဂိုဏ်းချုပ် တစ်ဦး သာ ကျန်ပါတော့တယ် ။ သူ့ကိုတော့ လျန်ရင်ရှို လို့ ခေါ်ပြီး ၎င်းဟာ ဂုဒွန်ချန် ကို ပြုံးလျက် ကြည့်ကာ –
“အကိုတော် ဂု ၊ ဒီလို ဂိုဏ်းသားမျိုး ရှိတာ ခေါင်းကိုက် စရာ ဖြစ်လိမ့်မယ်ထင်တယ်”
ပြောနေရင်းဖြင့် သူဟာ လက်သီးအရွယ် အလုံးတစ်ခု ကို ထုတ်ပေးလိုက်တယ် ။
ဒါကိုမြင်တယ့်အခါ ဟွာရှန်ယူ ဟာ ရုတ်တရက် မြည် တမ်း လိုက်တယ် ။
“အဖြူရောင် ကျောက်စိမ်း ကြာအစေ့ပဲ”
အဖြူရောင်ကျောက်စိမ်း ကြာအစေ့ ဟာ ငရဲဝိဉာဉ် တော် မြက်နှင့် တူတူပါပဲ ။ ၂ ခုလုံးဟာ အလွန် ရှားပါးလှ တာ ဖြစ်ပြီး သေရာမှပင် ပြန်ရှင်နိုင်လောက်အောင် အစွမ်း ထက် ကြတယ် ။ အရိုးများ အသားများကို ပြန်လည် ပြည့် ဖြိုး လာ စေတာ ဖြစ်ပြီး ၎င်းဟာ ငရဲဝိဉာဉ်တော် မြက် ထက် ပင် ရှားပါးပါသေးတယ် ။
လျန်ရင်ရှို ဟာ ချန်ရှန်ကို လှမ်းပေးလိုက်ပြီး လျန်မင် ဒုန် ကို တစ်ချက်ကြည့်လိုက်တယ် ။ အကြည့်တစ်ချက် သာ ဖြစ်ပေမယ့် ချန်ရှန် ဟာ ၎င်း၏ မျက်ဝန်းအတွင်း တစ်ခုခု ကို ဖမ်းမိလိ်ုက်သလိုပါပဲ ။ ယခု ကြာပန်းဂိုဏ်းချုပ် နှင့် လျန်မင်ဒုန်တို့ဟာ ဆက်နွယ်မှု ရှိမှာ သေချာနေပါပြီ ။
“ညီတော် လျန်က တကယ်ကို ရက်ရောပါပေတယ် ။ မင်း က တကယ်ပဲ မင်းတို့ ကျွန်းရဲ့ ဝိဉာဉ်ကို ပေးလိုက် တာ ပဲ”
ဂုဒွန်ချန် ရယ်မော ပြောဆိုလိုက်တယ် ။
“ပေးရမှာပေါ့ ၊ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော့ ရဲ့ ကြာပန်းကျွန်းက လူတွေ သတ်ခံနေရပြီးလောက်ပြီ ။ ဒါ တင် မက ရှေးဟောင်း မိစ္ဆာတွေ နဲ့လည်း ကျွန်တော်တို့ အကုန်လုံး တိုက်ခိုက် ကြရလိမ့်မယ် ။ ကျွန်တော် တို့ ဂိုဏ်း တွေ အားလုံး ပျက်ဆီးမယ့် ကိန်းပဲ”
လျန်ရင်ရှို ပြုံးကာ ပြောလိုက်တယ် ။
“အခုကနေ ငါဘာကို မြင်လဲဆိုတော့ ၊ မင်းတို့ဟာ လူ ကောင်းကို ရထားတာပဲ”
လျူမန်ဂါ ခပ်ပြုံးပြုံး ဆိုကာ ရှန်းရှန်း နှင့် လန်ယုလန် တို့ ရှေ့ ရောက်လာပြီး သူတို့လက်များကို ဆုပ်ကိ်ုင်လိုက် ပါ တော့ တယ် ။
ချန်ရှန် ဂုဒွန်ချန်ကို ကြည့်ကာ ရယ်မောရင်း –
“ဂိုဏ်းချုပ် ၊ ကျွန်တော်တို့ ပြင်းထန်သော သိုင်းပညာ ဂိုဏ်း ဟာ သယံဇာတ ပေါကြွယ်တယ်ဆိုတာ ကျွန်တော် သိ တယ် ။ ဒါတောင် ဘာလို့ ကျွန်တော့ကို ဘာမှ မပေးတာ လဲ”
ဂုဒွန်ချန် ဟ တခဏမျှ အံ့သြသွားတယ် ။ ချန်ရှန် ကို ကြိတ် ကျိန်ဆဲနေပြီး ခုနကပဲ ဂိုဏ်းချုပ်များ အား ရုပ်တည် ဖြင့် စိုက်ကြည့်နေတာ ဖြစ်ပြီး ယခုအခါ ချန်ရှန် ဟာ သူ့ ဘက် လှည့်လာပြီ ဖြစ်ပါတယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် သူ တစ်ခုခု လိုချင်နေတာ အထင်အရှားပါပင် ။
ချန်ရှန် ဟာ ထိပ်သီး ဂိုဏ်းချုပ်များထံမှ ရတနာ များ ကို ထပ်တလဲလဲ တောင်းနေတာကို ကြည့်ရင်း ဂိုဏ်းသား များ ဟာ ချန်ရှန် အစား ချွေးပြန်နေကြတယ် ။ သူတို့ဟာ ချန်ရှန် ကို စိတ်ဆိုးပြီး ထိပ်သီးများမှ တစ်ခုခုလုပ်လိုက်မည် ကို လန့်နေကြပါတယ် ။
ချန်ရှန် ကလည်း အဆိုပါ ထိပ်သီး ဂိုဏ်းချုပ်အားလုံး ဟာ နှစ်တစ်သောင်းလောက် အသက်ရှင်နေကြသူများ ဖြစ်တာကြောင့် ရတနာ များ ရရှိခဲ့ကြမည် ဟု အသေ အချာ ယူဆ မိပါတယ် ။ ဂုဒွန်ချန်ကို ပြုံးကာ ကလေးတစ်ဦးလို အပစ်ကင်း ဟန် ဖြင့် ကြည့်နေတယ် ။ ဂုဒွန်ချန်လည်း ချန် ရှန် ကို အမြင်ကတ်ကာ ရိုက်ပစ်ချင်နေပြီ ဖြစ်ပါတယ် ။
ဂုဒွန်ချန် ဟာ အမည်းရောင် သေးငယ်သော ပုလင်း လေး အား ထုတ်ယူလိုက်တယ် ။ သူထုတ်ယူလိုက်တာ နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ အပူချိန်ဟာ ရုတ်တရက် မြင့် တက်လာပြီး အားလုံးဟာ အပူရှိန်ကြောင့် ချွေးများ ပြန် လာ ပါတော့တယ် ။
“ဒါကဘာလဲ”
ချန်ရှန် ဒါဟာ အလွန် အစွမ်းထက်မည် ဆိုတာ သိနေ ပါ တယ် ။
“ငါ့ရဲ့ အဆင့် ခြောက် နိဗ္ဗာန်ဒုက္ခ ကို ပြုလုပ်ခဲ့တယ့် အ တော အတွင်း စုစည်းခဲ့မိတယ့် ကောင်းကင်နှလုံးသား မီး တောက်ပဲ ။ ဒါက မင်းရဲ့ မီးတောက်တွေကို အထောက် အကူ ပေးပါလိမ့်မယ်”
ဂုဒွန်ချန် ပြောလိုက်တယ် ။
လျူမန်ဂါ နှင့် လျန်ရင်ရှို တို့နှစ်ဦးလုံးဟာ သက်ပြင်း ချ လိုက်တယ် ။ သူတို့ဟာ ဒီ မီးတောက်ရဲ့ အစွမ်းကို ကောင်း စွာ သိရှိကြပါတယ် ။ ဒါပေမယ့် ဂုဒွန်ချန် အနေဖြင့် ဒီလို စု ဆောင်းခဲ့မိလိမ့်မည် ဟု မထင်မိခဲ့ပေ ။ ဒါက တကယ်ကို ပဲ ထိပ်သီးအဆင့် ထူးခြားသော ရတနာ တစ်ပါးပင် မဟုတ်ပါ လား”
စုမေးယို နှင့် ဘိုင်ယုယု တို့လည်း သဘောကျနေကြ ပြီး ချန်ရှန်လည်း ယူလိုက်ပါတော့တယ် ။
ချန်ရှန် သာ ယခုလို ဂိုဏ်းချုပ်များထံမှ ဆုများ ရရှိခဲ့ သော်လည်း တခြားဂိုဏ်းသားများမှာ မနာလို မဖြစ်မိကြ ပါ ချေ ။ နောက် ချန်ရှန် ကြောင့်ပင် သူတို့ ရှင်သန်နိုင်ခဲ့သည် မဟုတ်ပါလား ။ သူတို့ဟာ ဘာမှ မမျှော်လင့်တော့ပဲ ချန် ရှန် ကို သာ ရင်ထဲက ကျေးဇူးတင်ကြသောကြောင့် ဘာ သံမျှ ထွက်လာခြင်း မရှိကြပေ ။
အားလုံးသော နောက်လိုက်များ ဟာ ၎င်းတို့၏ ဂိုဏ်း ချုပ်များ နှင့် အတူ ထွက်ခွာသွားကြတယ် ။ ဂုဒွန်ချန် လည်း အချပ်ပြား ကြီး ကိုထပ်မံထုတ်ကာ ချန်ရှန် တို့ကို ခေါ်ကာ ထွက်သွား ကြ ပါတော့တယ် ။ မခွဲခွာခင်မှာ ရှန်းရှန်း နှင့် လန်ယုလန် တို့ဟာ ချန်ရှန်ကို သူအားသည့်အချိန်တွင် လာ ရှာရန် မှာကြားကြပါတယ် ။ သူတို့ဟာ ချန်ရှန် နှင့် အချိန်အကြာကြီး နေထိုင်ခဲ့ပြီး ဖြစ်တာကြောင့် အရင် က လောက်တော့ အဆက်အသွယ် ပြတ်မည် မဟုတ်တော့ပေ ၊ ဒီလို ဆက်သွယ်နေခြင်းဖြင့် ချန်ရှန် နှင့် သူမတို့ ကြားရှိ အဆင့် ကွာခြားချက်ကို သတိပြုမိနိုင်မည် မဟုတ်ပါလား ။
“ငါတို့ အသက်ရှင်လျက် ပြန်နိုင်ပြီကွ ဟားဟား . . .”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။ ထို့နောက် ရှောင် ဒို ၏ပခုံးကို ပုတ်ကာ –
“ငါတို့ ပြန်ရောက်ရင် ဘုရင်သိုင်းပညာခြံဝန်းရဲ့ နောက် လိုက်တွေ ဖြစ်ပြီ ။ ငါတို့ဟာ ပထမဆုံး အသုတ်ကပဲ”
လူတိုင်းဟာ ချက်ချင်း စိတ်လှုပ်ရှားသွားကြတယ် ။ ဇုရွန် ကလည်း ပြုံးကာ –
“ငါတို့က ကြေးအဆင့် နောက်လိုက်နဲ့ ငွေအဆင့် သူရဲ ကောင်းတွေ ဖြစ်ကြမှာ ။ ဒါပေမယ့် ငါတို့လည်း အများကြီး ခံစားခဲ့ကြရတာ မဟုတ်လား ။ ပထမဆုံး သုံးလလောက် အပြင်းအထန် လေ့ကျင့်ပြီး ဆိုးရွားလှတယ့် နေရာမှာ ၂ လ လောက် နေခဲ့ရတာလေ”
“သိပ်ပြီး စိတ်လှုပ်ရှားမနေကြနဲ့ဦး ၊ သုံးနှစ်တစ်ခါ ဘုရင် ခြံဝန်းက အရည်အသွေးစစ်ဆေးမှု လုပ်မှာ ၊ အရည် အချင်း မပြည့်မီရင် ဂျောင်း ပဲ”
ဂုဒွန်ချန် ခပ်လှောင်လှောင်လေး ပြောလိုက်တယ် ။ ဒီ အချက်က အားလုံးကို စိတ်ဓာတ် အနည်းငယ် ကျသွားစေ ပါ တယ် ။
လျန်မင်ဒုန် ၊ လဲရှောင်လင် နှင့် လဲဇောင် တို့ဟာ ဒီ အုပ် စု မှာ အားအနည်းဆုံးဖြစ်ပေမယ့် ယခုအခွင့်အရေးဟာ သူတို့ ကို အလျင်အမြန် တိုးတက်စေမှာပါ ။ ဒါ့အပြင် သူတို့ ဟာ အကျိုးအမြတ်များစွာလည်း ရရှိမည် ဖြစ်ပြီး အနည်း ဆုံး တော့ ယခု ဘုရင်သိုင်းပညာခြံဝန်းသို့ ၀င်ခွင့်ရကြမည် မဟုတ်ပါလား ။ ဒီလို အခွင့်အရေးကြီး ကို ဖမ်းဆုပ်မိတာ မို့ သူတို့ဟာ နောက်လာမည့် သုံးနှစ်မှာ ထပ်မံ နေထိုင်နိုင် မည့် အခွင့်အရေး ရရှိပေလိမ့်မည် ဟု ယုံကြည်နေမိကြပါ တယ် ။
သိပ်မကြာမီမှာပဲ ၊ သူတို့ဟာ ပြင်းထန်သော သိုင်း ပညာဂိုဏ်းကို ပြန်လည် ရောက်ရှိသွားကြတယ် ။ စွန့်ပစ် နယ် မြေ အတွင်း အချိန်တွေ ကုန်ဆုံးရင်း သူတို့အားလုံး ဟာ သူတို့ရဲ့ ဂိုဏ်းကို အလွန်ပဲ လွမ်းနေကြတာပါ ။ အနည်း ဆုံးတော့ ဂိုဏ်းအတွင်းမှာ စက္ကန့်နှင့် အမျှ ထိတ် လန့် နေစရာ မလိုအပ်ချေ ။ အမြဲတမ်း လူသားမိစ္ဆာ ၊ သားရဲ မိစ္ဆာများ ၏ ရန်ကို စိုးရိမ်စရာလည်း မလိုတော့ပါဘူး ။
ပြန်ရောက်ပြီးနောက် အားလုံး တူညီစွာ ပြုလုပ်ကြ သည့် အရာမှာ အနားယူကြတာပါ ။ စွန့်ပစ်နယ်မြေမှာ သူတို့ အတွက် ကောင်းမွန်စွာ အိပ်စက်ရတယ် ဆိုတာ မရှိ ခဲ့ပေ ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း ၏ ဂိုဏ်းသားတို့ ဘေး မသီ ရန်မခပဲ ပြန်လာနိုင်တာကို တွေ့ ကြတယ့် အခါ အား လုံးဟာ မနာလို ဖြစ်နေကြပါတယ် ။ အဘယ်ကြောင့်ဆို သော် ၎င်းတို့ဟာ အလွန်များပြားသော ဆုကြေးများကို ရရှိ ကြတော့မှာ ကြောင့်ပါပဲ ။ သူတို့သာ လိုက်ပါသွားခဲ့ကြမည် ဆိုပါက ယခုအချိန် သူတို့သည်လည်း . . .
သို့သော်လည်း နောင်တအတွက် ဆေးမရှိပေ ။ သူတို့ ဟာ ဂိုဏ်းချုပ်နှင့် ဂိုဏ်း၏ တခြား သက်ကြီးပညာရှင်များ ကို အထင်အမြင်လွဲနေကြ ရုံမက ချန်ရှန်တို့ကိုလည်း အထင် အမြင် သေးနေကြပါတော့တယ် . . . ။