Switch Mode

Chapter – 259

ရွှေရောင်ကိုယ်ထည်

Chapter – 259 ရွှေရောင်ကိုယ်ထည်

ချန်ရှန် လည်း နေ့စဉ် ကျောက်တုံး အခန်းအတွင်း လေ့ ကျင့်နေလျက်ရှိတယ် ။ ဒါပေမယ့် အချိန်နှင့်အမျှ သူဟာ အပြင်ကို ထွက်ကာ တခြားလူများကို စောင့်ကြည့်လျက် ရှိ တယ် ။ သူဟာ ဒီအချိန်မှာ သူ၏ စွမ်းအားများ တည်ငြိမ် အောင် တည်ဆောက်ရမည် ဖြစ်ပြီး စွန့်ပစ်နယ်မြေ အတွင်း တွင် သူဟာ များစွာ တိုးတက်လာခဲ့တယ် ။ ဒါပေမယ့် အလျင် စလို လုပ်ခြင်းဟာ ဆုံးရှုံးခြင်းကို ရတတ်တာမို့ အမြန် လုပ်ခြင်းသည် အမြဲတမ်း မကောင်းပါချေ ။
ဒီလိုနဲ့ အချိန်များဟာ ကုန်ဆုံးလာခဲ့ပြီး လူတိုင်းဟာ တည် ငြိမ်စွာ ရှိနေကြဆဲပါ ။ အတွင်းပိုင်းမှ လေအေးများ တိုက်ခတ်ပေမယ့် လူတိုင်းဟာ အေးအေးဆေးဆေးပါပဲ ။ ကင်းစောင့်သူများ ဟာ လည်း လှည့်လည်နေကြပြီး ကျင့်ကြံ သူများဟာလည်း လှည့်လည်လျက် ရှိကြဆဲပါ ။ သို့သော်လည်း အငွေ့ တမျိုး ရုတ်တရက် တိုးဝင်လာခြင်း က လူတိုင်းကို လန့်သွားစေပါတယ် ။
“မြန်မြန် ထွက်ကြည့်ကြ”
တောင်ထိပ်မှ အစောင့် တစ်ဦးက အော်ပြောတယ် ။ ဂိုဏ်းသား အများအပြား ထွက်လာကြပြီး တောင်ကြီးတစ် ခု ဆီသို့ လှမ်းကြည့်လိုက်ပါတယ် ။
စွန့်ပစ်နယ်မြေကြီးဟာ တောင်ကြီးတစ်လုံး ၏ ပိတ် ဆို့ ထား ခြင်းကို ခံထားရတာဖြစ်ပြီး မိုးထိပင် မြင့်မားလှပါ တယ် ။ ချန်ရှန်ပင် ပျံသန်းပြီး ကျော်မသွားနိုင်ခဲ့ပါ ။ တချိန် တည်းမှာပဲ ထိုတောင်ကြီးဟာ တဖြည်းဖြည်း လည်လာ တယ် ။
“နှစ်လ ပြည့်ပြီဟ”
ဇုရွန် စိတ်လှုပ်ရှားစွာ အော်ပြောတယ် ။
သူဟာ ယခုနေရာမှာ လုံးဝ မနေချင်တော့တာ ဖြစ်ပြီး အခုတော့ သူလွတ်မြောက်တော့မည် မဟုတ်ပါလား ။
တောင်ကြီးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကမ်းပါးကြီးဟာ ပြန်လည် ပေါ်ပေါက်လာပါပြီ ။ လူတိုင်း ဟာ စိတ်လှုပ်ရှားလျက် ရှိကြပြီး ၀မ်းသာနေကြတယ် ။
“နောက်ဆုံးတော့ ငါတို့ ဒီသောက်နေရာကြီးက ထွက် နိုင်တော့မှာပေါ့”
ဇုရွန် ရယ်မောကာ ခုန်တက်သွားတယ် ။
ထိုအချိန်မှာ လူတိုင်းဟာ တစုတစည်းတည်း ရှိနေကြ ပြီး အားလုံးဟာ သတိအနေအထား ရှိနေကြပါတယ် ။ ဒါဟာ သူတို့ ဒီရက်တွေမှာ ရရှိခဲ့သည့် အကျင့်ပါပဲ ။ စွန့်ပစ် နယ်မြေ အတွင်း ၀င်ရောက်ခဲ့ပြီးနောက် အားလုံးဟာ သတိ လက်လွတ်မနေ ကြပဲ တိုက်ပွဲအတွေ့ အကြုံများလည်း များ စွာ ရရှိခဲ့ကြပါတယ် ။
ပူးပူးကပ်ကပ် ဖြင့်ပင် အားလုံးဟာ ချောက်ကမ်းပါး ဆီသို့ လျှောက်သွားကြတယ် ။
ချောက်ကမ်းပါးကို ဖြတ်သန်းရာတွင် ဘာမျှ မဖြစ်ခဲ့ ကြ ပေ ။ အရှေ့ မှာတော့ လူများစွာကို မြင်နေကြရပြီး ၎င်း တို့ဟာ လက်ယာဂိုဏ်း နှင့် မိစ္ဆာဂိုဏ်း တို့မှ ထိပ်သီးကြီး များ ဖြစ်ကြ ပါတော့တယ် ။
လူများစွာ ထွက်လာကြတာကို ကြည့်ရင်း အဆိုပါ ထိပ်သီး ကြီးများ မှာ အံ့သြနေကြတယ် ။ သူတို့ အထဲသို့ လိုက် မ၀င်ခဲ့ကြပေမယ့် ဒီရက်တွေမှာ သူတို့ အပြင်မှာ နေ ရင်း ကြောက်မက်ဖွယ် အချင်းအရာများကို ကြားနေကြရ တယ် ။ သူတို့ရင်တွေတုန်လျက် ရှိကြပြီး တချို့ ဆိုလျှင် လန့်ပါ လန့်နေကြပါသေးတယ် ။ သူတို့အနေဖြင့် အဆို ပါ တုန်ခါ မြည်ဟည်းမှုများကြောင့် မည်သူမျှ အသက်မရှင် လောက် ဟု ထင်နေကြတာပါ ။
စုစုပေါင်း လက်ယာဂိုဏ်းသား အယောက် လေးဆယ် သာ ထွက်လာကြတာဖြစ်ပြီး ဒါကိုမြင်တယ့် အခါ သားရဲ ဂိုဏ်းမှ လူကြီးတစ်ဦးက ခပ်လောလော ဖြင့် –
“ငါ့ရဲ့ တပည့်တွေ ဘယ်မှာလဲ ။ မင်းတို့ မြင်မိကြလား”
နတ်ဓားဂိုဏ်းမှ ဂိုဏ်းချုပ်ဟာလည်း –
“မြန်မြန် ပြောစမ်း ၊ ဘာလို့ ငါ့နတ်ဓားဂိုဏ်းက လူတွေ ထွက်မလာ ကြရတာလဲ”
၎င်းတို့၏ အသံဟာ လုံးဝ ခက်ထန်နေပြီး ချန်ရှန် နှင့် တခြားလူများကို အလွန် အမြင်ကတ်စေပါတယ် ။ ချန်ရှန် က ပဲ ခပ်လှောင်လှောင်ဖြင့် –
“အကုန်သေပြီ ၊ သူတို့က ဒီက ပါပါးက သတ်လိုက်တာ လေ”
ထိုစကားကို ပြောလိုက်သည့်အခါ အားလုံးသော ထိပ် သီးများဟာ တုန်လှုပ်သွားကြတယ် ။ မိစ္ဆာဂိုဏ်းမှ လူများ ပင် အလွန် အံ့အားသင့်သွားကြပါတယ် ။
လျူမန်ဂါ ဟာ ချန်ရှန် ကို မျက်မှောင်ကြုတ်လျက် ကြည့်နေပြီး သူမ၏ မျက်လုံးများတွင် ချန်ရှန်ကို စိုးရိမ်စိတ် များ ပါဝင်နေပါတယ် ။ ဟွာရှန်ယူ လည်း အတူတူပါပဲ ၊ သူမ တို့ နှစ်ဦးလုံးဟာ တိတ်နေပေမယ့် အတော်ကို စိုးရိမ်နေ ခဲ့ ကြတာပါ ။
“မင်းဘာပြောတာလဲ”
နတ်ဓား ဂိုဏ်းချုပ်ဟာ သူ၏ လက်ကို မြောက်လျက် မေး လိုက်တယ် ။
သူ တစ်ခုခု လုပ်ဖို့ ပြင်နေတုန်းမှာပဲ ဂုဒွန်ချန် က အေး စက် စွာ ဖြင့် အော်လိုက်တယ် ။
“ယုဂျန်လင် ၊ မင်းသူ့ကို ထိဝံ့ရင် ထိကြည့်စမ်း ၊ ငါ မင်း တို့ နတ်ဓားဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်”
ပြောနေရင်းဖြင့် ဂုဒွန်ချန်၏ ကိုယ်တစ်ခုလုံးဟာ ရွှေ ရောင် များ တောက်ပလာပါတယ် ။ ရွှေတုံးကြီး တစ်တုံး လိုပင် ဖြစ်သွားပြီး ချန်ရှန် နှင့် တခြားလူများ အားလုံး အသက် ရှူဖို့ပင် ခက်ခဲ နေပါတော့တယ် ။
တခြားဂိုဏ်းမှ ထိပ်သီးဂိုဏ်းချုပ်များ ဟာလည်း တုန် လှုပ်စွာ ကြည့်နေကြတယ် ။ သူတို့ဟာ ဂုဒွန်ချန် ၏ ရွှေ ရောင် ကိုယ်ကို အံ့သြမှုနဲ့ အတူ ကြည့်နေကြတယ် ။ မိစ္ဆာ ဂိုဏ်းချုပ် များမှာ ပို၍ ပင် ထိတ်လန့်တုန်လှုပ်နေကြပါ တော့တယ် ။
“ဒါက ရွှေရောင်ကိုယ်ထည်ကိုယ်ဝါ ပဲ ၊ နိဗ္ဗာန်ဒုက္ခ အဆင့် ၇ ကို ကျော်လွှားနိုင်မှသာ ရရှိနိုင်တာ ၊ ပြင်းထန် သော သိုင်းပညာဂိုဏ်းချုပ် ဟာ ဒီအဆင့်ထိ ရောက်နေ မယ် လို့ မထင်ထားခဲ့မိဘူး”
စုမေးယို အံ့သြစွာ ပြောပါတယ် ။
နတ်ဓားဂိုဏ်းချုပ် ယုဂျန်လင်မှာ ချက်ချင်းပင် ပြန် ဆုတ် လိုက်ပြီး ဂုဒွန်ချန်ကို သူမယှဉ်နိုင်ဘူးဆိုတာ သိလို့ပါ
ဂုဒွန်ချန် လည်း ပုံမှန်အတိုင်း ပြန်နေလိုက်ပြီး အေး စက် စွာ ဖြင့် –
“ငါမင်းတို့ကို သတိပေးခဲ့တယ် ။ မင်းတို့ဂိုဏ်းသားတွေ က ချန်ရှန် ကို ဆန့်ကျင်တာနဲ့မင်းတို့ ဂိုဏ်းကို ဖျက်ဆီးမယ် လို့ ပြောခဲ့ပြီးသား ၊ ဒါကိုတောင် မင်းတို့က ဘာဖြစ်တာ လဲ မေးနေသေးတာလား”
ယုဂျန်လင် ဟာ ရင်ထဲ မီးတောက်နေပေမယ့် ဘာမျှ မပြောရဲပါ ။ ဒီကိစ္စဟာ တစ်ခုခုကြောင့် ဆိုတာတော့ သူသိ နေ တယ် ။ ကြည့်ရသလောက်တော့ သူတို့ နတ်ဓားဂိုဏ်း သား တို့မှ စတင် ရန်စခဲ့ပုံပါ ။
သူသာ ဆက်မေးနေရင် ချန်ရှန် ဟာ နတ်ဓားဂိုဏ်း နှင့် သားရဲဂိုဏ်းသား တုိ့ မှ စတင် ကျူးလွန်သည့် အကြောင်း ကို ကြေညာ လိုက်မှာ ဖြစ်ပြီး ဂုဒွန်ချန် ဟာလည်း ၎င်း ဂိုဏ်း နှစ်ဂိုဏ်း အား အမြစ်ဖြတ်ပစ်မည် မဟုတ်ပါလား ။ ဂုဒွန်ချန် ၏ အဆင့်အနေအထားကို သိသွားကြတယ့် အခါ အားလုံးဟာ ထိတ်လန့်သွားကြတယ် ။ သက်ကြီးခြံဝန်းမှ ပညာရှင်ကြီးများ မပါဝင်ပဲ သူတစ်ကိုယ်တည်း နှင့်ပင် ၎င်း တို့ အားလုံးကို ဇာတ်သိမ်းနိုင်လိုက်မည် မဟုတ်ပါလား ။
ယုဂျန်လင် နှင့် သားရဲဂိုဏ်းမှ သက်ကြီးပညာရှင်တို့ ဟာ ချက်ချင်းပင် လှည့်ပြန်သွားကြပါတယ် ။ သူတို့အနေ ဖြင့် သူတို့ကြောင့် ၎င်းတို့ ဂိုဏ်း ရှင်းလင်းခံရမှာကို မဖြစ် စေ ချင်ကြပေ ။
“သိပ်ပြီး ဂုဏ်ယူမနေကြနဲ့ ၊ ငါတို့လူတွေ ထွက်လာဖို့ ကျန် သေး တယ်”
မိစ္ဆာဂိုဏ်းချုပ် တစ်ဦးမှ ပြောတယ် ။
မိစ္ဆာဂိုဏ်းဟာ ငါးဂိုဏ်း ရှိနေတာ ဖြစ်ပြီး ဂိုဏ်းချုပ်ငါး သီး ဟာ ယခုနေရာကို ရောက်ရှိနေပါတယ် ။ သူတို့ စိတ်ထဲ မတင် မကျ ဖြစ်နေကြတယ် ။ သူတို့ အစီအစင်အရ အတွင်း မှာ ခြုံခို တိုက်ခိုက်ကြမည် ဖြစ်ပြီး လက်ယာဂိုဏ်း သားများ တစ်ဦးမျှ ထွက်လာနိုင်မည် မဟုတ်ပေ ။ ဒါ့အပြင် ၎င်း၏ ဂိုဏ်းသားများမှာ စတေးခံနေရာမှ လမ်းကြောင်းကို ဖွင့်ကာ မိစ္ဆာနယ်မြေ အတွင်းမှ နတ်ဘုရားနှင့် ဆက်သွယ် နိုင်လိမ့်မည် မဟုတ်ပါလား ။
“စောင့်မနေနဲ့တော့ ၊ အားလုံးကို ကျွန်တော် သတ် လိုက်ပြီးပြီ”
ချန်ရှန် ရုတ်တရက် ခေါင်းပြတ်များကို မြေကြီးပေါ် ပစ် ချ လိုက်တယ် ။ သူ၏ အသံဟာ ရုတ်တရက် အေးစက် သွား ပြီး အတွင်းမှာ ကြုံတွေ့ ခဲ့သည်များကို အစအဆုံး ပြော ပြ လိုက်ပါတော့တယ် ။
တခြားဂိုဏ်းသားများဟာလည်း ချန်ရှန် ပြောသည်များ ကို ထောက်ခံကြပြီး ထိုအချင်းအရာများကို နားထောင်နေ ရင်း လက်ယာဂိုဏ်း ချုပ်များဟာ စိတ်ဆိုးလာကြပြီး အမူ အရာ များမှာလည်း အေးစက်လာကြပါတော့တယ် ။ ၎င်း တို့ အကြံအစည်သာ အောင်မြင်သွားမည် ဆိုပါက အကျိုး ဆက် မှာ မတွေးရဲ စရာပါပင် ။
ချန်ဝူနယ်မြေကြီး တစ်ခုလုံး ငရဲလို ဖြစ်သွားမည် ဖြစ် ကာ လူသားတို့၏ ကမ္ဘာမှာလည်း ပျက်သုဉ်းသွားပါလိမ့် မည် ။
“မင်းတို့မှာ ပြောစရာ ကျန်သေးလား”
ဂုဒွန်ချန် ၏ ပုံ မှာ စိတ်အတော် ဆိုးနေပုံပါ ။ တခြား ဂိုဏ်းချုပ်များမှာလည်း ထို့အတူပါပဲ ။ အဘယ်ကြောင့် ဆို သော် ၎င်းတို့ဟာ မိစ္ဆာဂိုဏ်းများ ၏ အကြံအစည်များကို သိ ရှိသွားကြပြီး ၎င်းတို့ဂိုဏ်းသားများကို ပင် သေစေမလို ဖြစ် သွား စေ သည် မဟုတ်ပါလား ။
အမည်းရောင်အငွေ့ များဟာ ရုတ်တရက် မိစ္ဆာဂိုဏ်း ချုပ်များထံမှ လွင့်ထွက်လာကြတယ် ။
“အဆိပ်တွေ”
ဟွာရှန်ယူ အလျင်အမြန် အော်လိုက်တယ် ။ သူမ ၏ လက်မှ လေပြင်းတစ်ခု ထုတ်လွှတ်ကာ ဆေးနံ့များ ပါဝင် နေပြီး လူတိုင်း၏ နှာခေါင်းအတွင်းသိုပ မွှေးပျံ့ သွားစေပါ တယ် ။
“ဒီကောင်တွေ ပြေးပြီ”
လျူမန်ဂါ ၏ လက်ထဲမှာ နဂါးအနမ်း လှံတံကို ဆုပ် ကိုင် ထားပါတယ် ။
ဂုဒွန်ချန် လည်း တစ်ချက်လှောင်လိုက်ပြီး –
“ငါ သူတို့ကို ပြန်ပေးဆပ်ခိုင်းမယ်”
သူ၏ ကိုယ် ကို ရွှေရောင်များ ဖုံးလွှမ်းထားတာ ပျောက်ကွယ်သွားတယ် ။
ချန်ရှန် ဟွာရှန်ယူ ကို ကြည့်လိုက်တယ် ။ ဒီအမျိုးသမီး ၏ အစွမ်းဟာလည်း ထူးခြားကောင်းမွန်လှပါတယ် ။ အ နည်း ဆုံးတော့ သူမဟာ နိဗ္ဗာန် အဆင့်သို့ ရောက်ရှိနေ မှာ ဖြစ်ပြီး ဒီလိုသာ မရောက်ပါက သူမအနေဖြင့် ယခုလောက် တည် ငြိမ်နေမည် မဟုတ်ချေ ။ သူမဟာ မိစ္ဆာလမ်းမှ များ စွာ သော ဂိုဏ်းချုပ်များနှင့် ရင်ဆိုင်ခဲ့ဖူးပုံပါ ။
ဂိုဏ်းချုပ်များဟာ ချန်ရှန် တစ်ယောက် မိစ္ဆာများ ၏ အကြံအစည်များကို ဖျက်ဆီးခဲ့တာကို သိရှိခဲ့သည့်အခါ အားလုံးဟာ အံ့သြနေကြတယ် ။ ချန်ရှန် ဟာ တကယ်ကို ကိစ္စ အကြီးကြီး ကို လုပ်ခဲ့ကာ ချန်ဝူနယ်မြေကြီးတစ်ခုလုံး အား ကယ်တင်ခဲ့သည် မဟုတ်ပါလား ။
“ဒီကိစ္စတွေ အပြင်ကို မပေါက်ကြားစေနဲ့ ။ အတွင်းပိုင်း က စွမ်းအားတွေကို မကောင်းတဲ့ အကြံအစည်နဲ့ လာပြီး ယူ ကြရင် ဒုက္ခများမယ်”
ဂုဒွန်ချန် ပြောလိုက်တယ် ။
ဟွာရှန်ယူ လည်း ခေါင်းညိမ့်ကာ ချန်ရှန် ၏ ဘေးသို့ ရောက်ရှိလာတယ် ။ သူမ၏ လှပ သွယ်လျသော လက် များ ဖြင့် ချန်ရှန်၏ ပါးကို ညင်သာစွာ ကိုင်ပြီး –
“မင်းက ငါတို့ ဒန်ရှန် တောင်ယွမ် ရဲ့ ဂိုဏ်းသားတွေ ကို ကယ်တင်ခဲ့တယ် ။ ငါ မင်းကို ဘယ်လို ကျေးဇူးတင်ရမလဲ”
ဟွာရှန်ယူ ၏ ဒီလိုအပြုအမူ ကို မြင်တွေ့ တယ့်အခါ လျူမန်ဂါ ၊ ရှန်းရှန်း နှင့် လန်ယုလန် တို့အားလုံး စိတ်ထဲ မကျေ မချမ်း ဖြစ်သွားကြတယ် ။
“ထားပါတော့ ၊ ငါမင်းကို ဒြပ်စင်ဆေး တစ်ထောင် ပေး ပါ့မယ်”
ဟွာရှန်ယူ လှပစွာ ပြုံးကာ အိတ်တစ်ခုအား ချန်ရှန် ဆီ သို့ ကမ်းပေးလိုက်ပါတော့တယ် ။
ချန်ရှန် အိတ်ကို ယူကာ စူးစိုက်ကြည့်ပြီး –
“စီနီယာ ၊ ကျွန်တော့မှာ မိန်းမ ရှိတယ်ဆိုတာ သိထား ပါ ဦး ၊ နောက်ပြောချင်တာက ဒီလို အပြုအမူမျိုး နောက် ထပ် မလုပ်နဲ့တော့”
လူတိုင်းဟာ ချန်ရှန် ၏ စကားကို ကြားတယ့်အခါ ရုတ် တရက် ကြောင်သွားကြတယ် ။ လျူမန်ဂါ နှင့် ဟွာရှန်ယူ တို့ ဟာ ချန်ရှန်ကို ကြိတ်ကျိန်ဆဲနေကြပြီး သူဒီလို ထုတ်ဖော် လိမ့်မယ်လို့ မထင်ထားလို့ပါ ။ လျူမန်ဂါသည်မှာလည်း ချန်ရှန် ၏ အမြတ်ထုတ်ခြင်းကို ခံထားရသည် မဟုတ်ပါ လား ။
ရှန်းရှန်း တစ်ယောက် ခပ်တိုးတိုး ရယ်သံထွက်လာ ပါ တယ် ။
ဟွာရှန်ယူ အနည်းငယ် လှောင်ပြောင်လိုက်တယ် ။ ဒီနေရာမှာသာ လူအများကြီး မရှိဘူးဆိုပါက သူမ အနေဖြင့် ချန်ရှန် ကို အနည်းငယ်တော့ ဆူပူမိမှာ ဖြစ်ပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset