Switch Mode

Chapter – 5

တန်းရန် တိုက်ကြီး

Chapter – 5 တန်းရန် တိုက်ကြီး

“ကျေးဇူးပါအမဟောင်းဟူ၊အမဒန်မိန်”
အသက်၁၈နှစ်အရွယ်မိန်းကလေးနှစ်ယောက်ကို ကြည့်၍
ဂျင်ချန်ပြောလိုက်သည်။ထိုအစေခံကောင်မလေး
နှစ်ယောက်သည် ချင်းရန် ကလန်တွင် ဂျင်ချန်၏အလုပ်များကို လုပ်ပေးရသူများဖြစ်သည်။ ဂျင်ချန်အမြဲတန်းသူ့အခန်းအတွင်းတွင်အောင်းနေက
တည်းကဂျင်ချန်အမေသည်ထိုအစေခံကောင်မလေး
နှစ်ယောက်ကိုငှားခဲ့ရဖြင်းဖြစ်သည်။

ဂျင်ချန်၏စကားအားကြားလိုက်ရသော
အခါကောင်မလေးနှစ်ယောက်လုံးရယ်လိုက်ပြီး“လေးယောက်မြောက်သခင်လေး
အရမ်းကြီးယဉ်ကျေးနေဖိုမလိုပါဘူး။ဒါကျွန်မတို့ လုပ်ရမယ့်ကိစ္စ
ပါပဲ”
“ဟုတ်တယ်သခင်လေးရှေ့လျှောက်အရမ်းကြီး မယဉ်ကျေးပါနဲ့သခင်ကြီးကြားသွားရင်ကျွန်မတို့
ပြစ်ဒဏ်ပေးခံနေရပါမယ်။”
ဂျင်ချန်ကပြုံးလိုက်ပြီး“မဆိုးရိမ်ပါနဲ့တခြားတွရှိရင် ကျွန်တော်ဒီလိုမပြောပါဘူး’’ချင်းရန်ကလန်
အလွန်စည်းကမ်းတင်းကြပ်ပြီး
အကယ်၍လေးယောက်မြောက်သခင်လေးကထိုကဲ့သို့စကား
ပြောတာကိုကြားသွားလျင်
ထိုအစေခံကောင်မလေးနှစ်ယောက်ပြင်းပြင်းထန်ထန်
ပြစ်ဒဏ်ပေးခံနိုင်သည်။
ဂျင်ချန်မျက်နာသက်ပြီးနောက်
သူအမေအခန်းသိုထွက်လာခဲ့လိုက်သည်။သူအမေအခန်းနှင့်

သူအခန်းကသိပ်မဝေးပေ။အလွန်ဆုံး
မီတာ၂၀မျှသာရှိလေသည်။
သူအမေအခန်းအတွင်းသိုဝင်လာ
သောအခါသူ့အမေအားအစေခံကောင်မလေး
နှစ်ယောက်ကအဝတ်အစားဆင်ပေးနေတာကို
တွေ့လိုက်ရသည်။
“ရှင်းအာအရင်နေ့တွေထက်ပိုစောလှကြီလား” ဂျင်ချန်အား တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာချစ်ခြင်းမေတ္တာအပြည့်ဖြင့်ပြောလိုက်သည်။
သူမမျက်နှာရှိကြင်နာတရားအားတွေ့လိုက်ရသောအခါ ဂျင်ချန်ရင်ထဲနွေးထွေးသွားသလိုခံစား
လိုက်ရသည်။သူအရင်ဘဝကမိဘမေတ္တာအားမခံစားခဲ့ရခဲ့ဖူးချေ။ယခုဘဝတွင်အမေ့မေတ္တာနဲ့
တွေ့လိုက်ရချိန်တွင်မိဘမေတ္တာအား
ရတနာကဲ့သို့တန်ဖိုးထားရန်ဆုံးဖြတ်လိုက်လေသည်။ ဂျင်ချန်သူအမေနားလေးလျှောက်သွားပြီး
ရှက်နေသည့်ဟန်ဖြင့်အမေ့သားကဗိုက်ဆာနေပြီ….. ဟုဗိုက်ကိုပွတ်၍ပြောလိုက်သည်။
ဘီရင်တန်ကသက်လက်ဖြင့်ဂျင်ချန်၏ခေါင်းလေးအားညင်သာစွာပွတ်၍“ဒါဆိုရင်တော့

မင်းရဲ့အမေကထမင်းစားဖိုပြင်ပေးရမှာပေါ့”
“ဟုတ်”ဟုဂျင်ချန်ခေါင်းငြိမ်လိုက်သည်။သူရင်ထဲတွင် သူအမေ၏ချစ်ခြင်းမေတ္တာနှင့်စိုးရမ်
မှုတို့ကိုကျေနပ်ပျော်ရွင်မိသည်။
ဂျင်ချန်ခေတ္တမျှရပ်လိုက်ပြီး“မေမေကျွန်တော်ကို
အပြင်ကမ္ဘာကဘယ်လိုပုံစံလည်းဆိုတာပြောပြပါလား” ဂျင်ချန်၏စကားအား ကြားလိုက်ရသောအခါ ဘီရင်တန်အံ့သြသွားပြီး“ရှင်းအာမင်းအပြင်ကမ္ဘာကို
စိတ်ဝင်စားလို့လား”
“အမေသားသိပ်သိချင်နေပါတယ်”လိုသူပြန်ဖြေလိုက်သည်။
ဘီရင်တန်ကရယ်လိုက်ပြီး“ရှင်းအာအပြင်လောကကအရမ်းရှုပ်ထွေးတယ်ပြီး ကျယ်ပြန်လွန်းတယ်။
အပြင်လောကအကြောင်းစကားလုံးတစ်လုံး
နှစ်လုံးလောက်နဲ့ရှင်းပြလို့မရဘူး။မင်းနားလည်ချင်ရင် အကောင်းဆုံးကတော့စာကြည့်တိုက်ကိုသွားတာ
အကောင်းဆုံးပါပဲ။ဒါပေမယ့်မင်းစာဘယ်လိုဖတ်ရ မလည်းမသိသေးဘူး။အဲ့တာဘယ်လိုလုပ်မလည်း။”

“ဒါဆိုရင်ကျွန်တော်တို့ဆရာ
ခေါ်ပြီးဘာလို့မသင်တာလည်း”
ဂျင်ချန်မကျေနပ်စွာပြောလိုက်သည်။
ဘီရင်တန်က“ရှင်းအာမင်းအသက်၂နှစ်ပဲရှိသေးတာ ဘယ်လိုစာသင်မှာလည်း။အသက်၂နှစ်နဲ့
စာသင်တယ်ဆိုတာငါတစ်ခါမှမကြားဖူးသေးဘူး။”ဂျင်ချန်သူအမေရဲ့သဘာအားနားလည်လိုက်သည်။ ‘အမေကျွန်တော်စာသင်ချင်တယ်ဆရာ
တစ်ယောက်ယောက်ခေါ်ပေးပါ။”
ဘီရင်တန်ဘာပြောရမလည်းမသိအောင်ဖြစ်သွားပြီး ပြုံးကာ“ရှင်းအာစာသင်တယ်ဆိုတာ
အရမ်းခက်ခဲပြီး ပျင်းစရာတအားကောင်းတယ်နော်မင်းသင်ချင်တာသေချာရဲ့လား။တန်ရန်တိုက်ကြီးက စာသားတွေကအမျိုးမျိုးကွဲပြားချားနားပြီး
အချိန်ခဏလေးအတွင်းတတ်နိုင်တာမျိုးမဟုတ်ဘူး”
ဂျင်ချန်ခေါင်းငြိမ့်လိုက်ပြီး“ကျွန်တော်သင်ချင်ပါတယ် ဂျင်ချန်၏ဖြေသံအားကြားအားလိုက်ရသော်အခါဘီရင်တန်တစ်ချက်ပြုံးလိုက်ပြီး“ဒါဆိုရင်တော့

မင်းအမေမြို့ထဲသွားပြီး
ဆရာတစ်ယောက်သွားခေါ်ရတော့မှာပေါ့”
တစ်နေ့တာအချိန်သည်လျှင်မြန်စွာကုန်ဆုံးသွားပြီး
နောက်တစ်နေတွင်ဘီရင်တန်ငှားလိုက်သောဆရာ
ရောက်လာသည်။ထိုအချိန်ကစ၍ဂျင်ချန်နေ့ရောညပါ
စာကိုပြင်းပြင်း
ထန်ထန်လေ့လာလေသည်။အရင်ဘဝက
မှတ်ဉာဏ်ကိုပါရထားသောဂျင်ချန်ဖိုစာသင်ရခြင်းသည်အခက်အခဲကြီးတော့မဟုတ်ချေ။၃လဆိုသော
အချိန်ကာလအတွင်းတွင်တန်းရန်တိုက်ကြီး
၏အခြေခံ စာလုံးများအား ကျွမ်းကျင်သွားလေသည်။ဂျင်ချန်၏သင်ကြားမှုအမြန်နှုန်းအာဆရာပင်
အံ့သြနေသည်။ဂျင်ချန်စာရေးနည်းစနစ်အား
၃လအတွင်းတတ်မြောက်သွားကြောင်းဘီရင်တန် သိသော်အခါမယုံနိုင်ပေ။သူမကိုယ်တိုင်
စာမေးပွဲစစ်ဆေးပြီးမှ လက်ခံသွားသည်။ ထိုအကြောင်းသည်ဂျင်ချန်အဖေ၏နားသို့ချက်ချင်းရောက်သွားသည်။ ချင်းရန်ဘေကိုယ်တိုင်ဂျင်ချန်စီသို့ရောက်
လာပြီးမေးသွားသည်။ “ဂျင်ချန်လအနည်းငယ်အတွင်းမှာ

စာရေးတတ်ဖတ်အောင်သငိနိုင်တယ်ဆိုတော့
အဖေဆုချမှဖြစ်မယ်။ဘယ်လိုဆုမျိုးကို
လိုချင်လည်း။”ချင်းရန်ဘေမေးလိုက်လေသည်။ထိုစကားကိုကြားလိုက်ရသော်အခါဂျင်ချန်
မျက်လုံးများတောက်ပသွားပြီး“အဖေကျွန်တော်ကို
စာကြည်တိုက်ကိုသွားပြီးစာအုပ်တချို့ဖတ်ခိုင်းပါလား။
ဒါဆိုသားအတွေ့အကြုံတချို့ရနိုင်တာပေါ့” ချင်းရန်ဘေကဂျင်ချန်အားကျေနပ်စွာ
တစ်ချက်ကြည့်လိုက်ပြီးကျယ်လောင်စွာရယ်မောလိုက်ကာ
“ကိစ္စမရှိဘူးရှင်းအာသားနှလုံးသားကသင်ယူချင်တဲ့ ဆန္ဒရှိနေသေးသ၍အဖေဂုဏ်ယူနေမှာပဲ။
စာကြည့်တိုက်ကိုစိတ်ကြိုက်အသုံးပြုဖို့ငါခွင့်ပြုတယ်။” “ကျေးဇူးတင်ပါတယ်အဖေ”ဂျင်ချန်၏မျက်နာတွင်
ပျော်ရွင်သည့်ဟန်ပေါ်သည်။စာကြည့်တိုက်သည်အခြားသူများဝင်ချင်တိုင်း
ဝင်ထွက်ချင်တိုင်းထွက်လို့ရသည့်နေရာမဟုတ်မှန်း ဂျင်ချန်နားလည်ထားသည်။ချင်းရန်ကလန်၏
စည်းကမ်းအရစာကြည့်တိုက်ထဲဝင်ချင်လျင်

လူတစ်ယောက်သည့်အသက်၆နှစ်နှင့်အထက်
ရှိရမည်ဟူ၍ဖြစ်သည်။
သိပ်မကြာခင်မှာ ချင်းရန်ဘေသည်ဂျင်ချန်အခန်းအတွင်းမှ
ပြန်လည်ထွက်ခွာသွားလေသည်။
သူအဖေထွက်သွားသည်နှင့်ဂျင်ချန်လည်းသူအခန်းမှ
စာကြည့်တိုက်ရှိရာစီသို့ထွက်ခဲ့တော့်သည်။
3လကြာအာင်စာရေးစာဖတ်မပြင်းအထန်သင်ပြီး
နောက်တွင်စာကြည့်တိုက်ထဲကအပြင်လောက၏အချက်အလက်များအားလေ့လာရန်သာကျန်
တော့သည်။ဂျင်ချန်ကအပြင်လောကအကြောင်းသူ့ အမေနားလည်သည်ထက်စာကြည့်တိုက်
ကပိုမိုရှင်းပြနိုင်ကြောင်းနားလည်ထားသည်။ စာကြည့်တိုက်၏နေရာအတွက်ဂျင်ချန်တွင်
အဖြေရှိပြီးသားဖြစ်သည်။သူတိုစံအိမ်ကြီး၏အနောက်တွင်ကြီးမားသောဘုရားတစ်ဆူရှိလေသည်။
ထိုဘုရား၏အနားတွင်စာကြည့်တိုက်ရှိလေသည်။ထိုနေရာနားသို့ဂျင်ချန်ရောက်သည့်နှင့်
ပုန်းအောင်းနေသောအဆင့်မြင့်သိုင်းသမားများ၏တည်ရှိ

မှုကိုခံစားမိသည်။ အရပ်လေးမျက်နာကနေသူအား
စောင့်ကြည့်နေသောမျက်လုံးများအားသူသိ
သည်။သိုသော်ဂျင်ချန်ကခေါင်းအားမော့၍သူကိုယ်သူအလွန်ဂုဏ်ယူနေသည့်ပုံစံဖြင့်
အဆင့်မြင့်သိုင်းသမားများ၏တည်ရှိမှုအား
မသိသကဲ့သို့ဟန်ဆောင်လိုက်လေသည်။အကယ်၍
သူကသာအဆင့်မြင့်သိုင်းသမားများဖြင့်
ဖုန်းကွယ်ထားမှုအားသိသည့်ဟန်ပြလိုက်လျှင်အသက်
၂နှစ်သိုင်းပညာအကြာင်းတစ်လုံးတစ်ပါတမှမသိသည့် ကလေးတစ်ယောက်ကဘာလိုဒီလောက်
အထိသိနေရတာလည်းစသဖြင့်မေးခွန်းများ
ရောက်လာနိုင်သည်။
ချင်းရန်ကလန်တွင်အခြားကလန်အဖွဲ့ဝင်များ
ရှိသော်လည်းစာကြည့်တိုက်အရှေ့တွင်အစောင့်တွေမှလွဲ၍တခြားသူအားမတွေ့ရချေ။
ဂျင်ချန်အဆောက်အအုံ၏တံခါးနားသို့ရောက်သောအခါ အလွန်ကြီးမားသောဆိုင်းပုတ်တွင်စာဖတ်
ဆောင်ဟုရေးထာကိုတွေ့လိုက်ရလေသည်။
ထိုဆိုင်းပုတ်၏အောက်တွင်အစောင့်နှစ်ယောက်ရှိပြီး

သူတိုကိုကြည့်လိုက်ရုံနှင့်
စွမ်းအားနည်းမည်မဟုတ်ကြောင်းသိသာလေသည်။တံခါးမှအဆောင်မတွင်းသို့ဝင်သွားသောအခါ
အစောင့်နှစ်ဦးမှဘာမှမပြောကြချေ။တံခါးပေါက်
၏တစ်ဖက်တစ်ချက်စီတွင်ကျောက်ရုပ်ကြီးများအလား
ရပ်လျက်ရှိလေသည်။စာကြည့်ဆောင်
အတွင်းသို့ဂျင်ချန်ဝင်သွားသောအခါ
အဆောင်အတွင်းထွန်းထားသော လပုလဲများကဂျင်ချန်၏
မျက်လုံးအားဖမ်းစားလိုက်ကြသည်။ဂျင်ချင်ကအလွန်လှပသောလပုလဲများအားကြည့်ရင်းလမ်းကျဉ်းလေးကနေအတွင်းသို့
တဖြေးဖြေးဝင်သွားလေသည်။“လေးယောက်မြောက်သခင်လေး
ကလန်ခေါင်းဆောင်ကမှာထားတာသခင်လေးကိုအဆောင်ရဲ့ဘယ်ဘက်ခြမ်းကိုပဲအသုံးပြုဖို့ပါ။” အသက်အရွယ်ကြီးရင့်ဟန်ရှိသောလူကြီးတစ်
ယောက်၏ အသံထွက်ပေါ်လာလေသည်။ ဂျင်ချန်ပတ်ဝန်းကျင်အားလှည့်ကြည့်လိုက်သောအခါ

ဆံပင်ဖြူများအသေရေများတွန်နေပြီဖြစ်သောအဖိုးအို
တစ်ယောက်အားတွေ့လိုက်ရလေသည်။
ဂျင်ချန်ဘယ်လိုပင်ကြိုးစားကြည့်ပါစေထိုအဖိုးအို၏သိုင်းပညာအဆင့်အားမခန်မှန်းနိုင်ချေ။
သိုသော်သူထိုအဖိုးအိုကိုအထင်မသေးရဲချေ။
ထိုအဖိုးအို၏အင်အားမှာသာမာန်အဆင့်မဟုတ်မှန်း ခန်မှန်းနိုင်သည်။ ဂျင်ချန် ဒီကမ္ဘာကို ရောက်ကတည်းကစွမ်းအားအကြီးဆုံးကိုသူအဖေသာမြင်ဖူး
ခဲ့သည်။သိုသော်သူအဖေ၏ သန်မာမှုမှာထိုအဖိုးကြီးကိုလုံးဝယှဉ်နိုင်မည်မဟုတ်ချေ။

အပိုင်း ၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset