Switch Mode

Chapter – 258

နိဂုံးချုပ်

Chapter – 258 နိဂုံးချုပ်

ချန်ရှန် အဆင့် ၅ သို့သာ မရောက်သေးဘူးဆိုပါက ယခု ကဲ့သို့ မိစ္ဆာများ အလယ်သို့ ဆင်းသက်ရဲမည် မဟုတ် ပါ ချေ ။
ချန်ရှန် ဟာ သူ၏ ချီဓာတ်များကို အားကုန်ထုတ်လွှတ် နေ တာ ဖြစ်ပြီး အဆင့် ၇ ပညာရှင်လောက်နဲ့ပင် ယှဉ်နိုင် ပါလိ့မ်မည် ။ မိစ္ဆာဂိုဏ်းက လူများဟာ အများဆုံး အဆင့် ၅ သာရှိတာ ဖြစ်ပြီး ၎င်းတို့ကြားမှာ အစွမ်းထက်ဆုံး ဖြစ်သည့် မိစ္ဆာ ဝေဟုန်တို လည်း သေသွားခဲ့ရပြီ မဟုတ်ပါလား ။
ချန်ရှန် ၏ ရုတ်တရက်ပေါ်ပေါက် တိုက်ခိုက်လာ မှု ကြောင့် မိစ္ဆာတို့ဟာ ဖရိုဖရဲ ဖြစ်ကုန်ပြီး ရှန်းရှန်းတို့ကို တိုက် ခိုက်ဖို့ မလုပ်နိုင်ကြတော့ပဲ ပြေးဖို့သာ စဉ်းစားနေကြပါ တယ် ။ သို့သော်လည်း ၎င်းတို့ဟာ ပြင်းထန်လှသော မီး တောက် လေပွေ ကြီး၏ ဆွဲငင်အားကြောင့် လှုပ်လို့မရဖြစ် နေ ပါ တော့တယ် ။
ချန်ရှန် ဟာ ရှင်တိုကို လေ့ကျင့်ခဲ့ပြီး သူ၏ ဝိဉာဉ် တော် လေး မှာလည်း အရွယ်ရောက် အဆင့်သို့ ရောက်ရှိ လာ ခဲ့ပြီ ဖြစ်ပါတယ် ။ သူ၏ နတ်အတွင်းအား အာရုံမည် မျှ အားကောင်းနေမည် ဆိုတာကို ဘုရားသာ သိပေလိမ့်မည်။ ချန်ရှန် ဟာ အရောင် မရှိ မမြင်ရသော စကြာဝဠာ ချီဓာတ် များ ထုတ်လွှတ်ကာ မိစ္ဆာများကို ဖိအားပေးလျက် ရှိ်ပါ တယ် ။
မကြာခင်မှာ ပဲ ရှန်းရှန်း တို့ဟာ ကွင်းပြင်ထဲမှာ ကျန်ရှိ နေ ပြီး ၎င်းတို့ကို တိုက်ခိုက်ရန်ကြိုးစားနေသည့် မိံစ္ဆာများ မှာ လည်း မီးလေဆင်နှာမောင်းကြီး ၏ ဆွဲငင်ခြင်းကို ခံနေ ရပါတော့တယ် ။
လူတိုင်း ခပ်ဝေးဝေး ရောက်သည့်အခါ ချန်ရှန် ဟာ အော် ဟစ်ကြုံးဝါးကာ မိုးပြာနဂါး ချီဓာတ်များအား ထုတ် လွှတ်လိုက်တယ် ။ ၎င်းဟာ သစ်သား ချီဓာတ် ဖြစ်ပြီး လေ နှင့် လျှပ်စီးများ ပါဝင်ကာ လေဆင်နှာမောင်းကြီး အား ပိုမို အား ပြင်းထန်စေပြီး မိုးကြိုးများပါ ပစ်ချစေပါတယ် ။ လျှပ် စီး များ တဖြတ်ဖြတ် လတ်နေပြီး မိစ္ဆာများမှာ လေပွေ ၏ ဆွဲ စုပ်ခြင်းကို ခံရကာ မီးများ လောင်ကျွမ်းပြီး မိုးကြိုးပစ်ချ ခြင်း တို့ကို တချိန်တည်း ခံစားနေကြရပါတယ် ။
ငရဲတစ်ခုလိုပင် ဖြစ်နေပြီး ဒါ့ကြောင့်ချန်ရှန်ဟာ ထို တိုက် ကွက်ကို ငရဲလေပွေ ဟု အမည်ပေးထားပါတယ် ။
ထိုလေပွေဟာ မြင့်သထက်မြင့်လာကာ တောင်ကြီး တစ် လုံး လည်နေသကဲ့သို့ပါပဲ ။ ဒါဟာ ချန်ရှန် ၏ မိုးပြာ နဂါး ချီဓာတ် နှင့် အနီရင့်ငှက် ချီဓာတ်တို့ကို ထုတ်လွှတ်မှု ကြောင့် ဖြစ်ပြီး ဒါဟာ ထိုက်ကျိနတ်နဂါး ကျင့်စဉ်ထဲမှ အဓိ က ကျသော အခြေခံအချက်များကို အသုံးပြုသော တိုက် ကွက် ပါ ။ အတော်လည်း ကြောက်စရာပါပဲ ။
ကွင်းပြင်ဟာ မူလက အလောင်းများဖြင့် ပြည့်ကာ နေ ပေမယ့် ယခုအခါ ထိုအလောင်းများမှာ ချန်ရှန်၏ လေပွေ ဆွဲစုပ်မှုကြောင့် မရှိတော့ချေ ။ မိစ္ဆာများမှာ ဒီလိုကြီးမား သော ဆွဲစုပ်အားကြောင့် ၎င်းတို့၏ ချီဓာတ်များကို ပါ မသုံး နိုင်တော့ပဲ ၎င်းတို့၏ ကိုယ်မှာ ငရဲလေပွေ ထံသို့ လွင့်ပါ သွား ကြ ရ ပါတော့တယ် ။
ရှန်းရှန်းတို့ဟာ ခပ်လှမ်းလှမ်းမှ ပါးစပ်အဟောင်း သား ဖြင့် ကြည့်နေကြပါတယ် ။ ချန်ရှန် ၏ စွမ်းအားဟာ သူတို့ ထင်ထားသည်ထက် များစွာ ကျော်လွန်နေပါသည် ။ သူ၏ ချီဓာတ်များဟာ အပြင်းထန်ဆုံး အဆင့် မဟုတ်ပေမယ့် လည်း ကြောက်မက်ဖွယ် တိုက်ကွက် ကျင့်စဉ်များကြောင့် ထွက်ပေါ်လာသော အစွမ်းများဟာ တုန်လှုပ်စရာပါ ။
သိုင်းတိုက်ကွက်ဟာ ပိုပြီးကောင်းလေလေ ချီဓာတ် ထုတ်လွှတ်မှုဟာလည်း ပိုမို အစွမ်းထက်လေလေပါ ။ သာ မန် အဆင့် ရှိလျှင်တောင်မှ တိုက်ကွက် ကောင်းပါက ချီဓာတ် များ အားကောင်းလာမည် ဖြစ်ပါတယ် ။
လန်ယုလန် သက်ပြင်း ချလိုက်တယ် ။
“အကိုတော် ချန် က တကယ်ကို စွမ်းတာပဲ ။ ငါလည်း ဒီလို ဖြစ်လာအောင် လုပ်ရမယ်”
ရှန်းရှန်းလည်း ခေါင်းညိမ့်ကာ –
“ငါတို့သူ့ကို မယှဉ်နိုင်ဘူး ။ သူ့ကြောင့်သာ မဟုတ်ရင် ငါတို့ သေနေလောက်ပြီ”
လူတိုင်းဟာ သက်ပြင်း အခါခါ ချကာနေကြပြီး ချန်ရှန် ကြောင့် သာ မဟုတ်ပါက သူတို့ မည်သို့ ဖြစ်ပျက်သွားမည် ကို မတွေး ရဲ စရာပေ ။ အနှေးနဲ့ အမြန် ဖမ်းဆီးခံရမည် မဟုတ် ပါ လော ။
ချန်ရှန် ၏ မိတ်ဆွေ သူငယ်ချင်းတို့ဟာလည်း သက် ပြင်း ချ နေကြတယ် ။ သူတို့ဟာ ချန်ရှန် နှင့် သိပ်မကွာကြ ပေ မယ့် ယခုအခါ ချန်ရှန် နှင့် ၄င်းတို့ ကြားရှိ ကွာခြားချက် ကြီးမားလာတာ တဖြည်းဖြည်း သိရှိလာကြတယ် ။ မခံချင် စိတ်များ ဖြစ်ပေါ်လာပြီး သူတို့သာ ပြန်ရောက်မည် ဆိုပါက ကိုယ်စွမ်းရှိသလောက် သိုင်းပညာများ ကျင့်ကြံကာ တိုး တက် အောင် ပြုလုပ်ကြမည် ဖြစ်ပါတယ် ။
ဇုရွန်လို လူပျင်းပင် ထိုသို့သော အတွေးမျိုး ရှိနေပြီး တခြား လူများ ဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ချေ ။
“ငါ တစ်ခါ ကြားတာက ၊ လက်ယာဂိုဏ်းသားတွေ က တော် ၀င် အစည်းအဝေး တစ်ခု လုပ်မယ် ကြားတယ် ။ အဲ ဒိ အချိန်မှာ အားလုံးသော ဂိုဏ်းတွေ စုစည်းပြီး တော်ဝင် ပြိုင်ပွဲ တစ်ခုကို ပြုလုပ်ကြလိမ့်မယ် ။ ဒါပေမယ့် လိုတော့ လို ပါ သေးတယ်”
လန်ယုလန် လက်သီးဆုပ်ကာ ပြောပါတယ် ။
ဇုရွန်က ရယ်မောကာ –
“ဟုတ်တယ် ။ နောက်ဆုံးအနိုင်ရသူက ဆုကြေးတွေ အများ ကြီး ရလိမ့်မယ် ။ ဒါဟာ နှစ်တစ်ရာမှ တစ်ကြိမ် ကျင်း ပ တယ့် ပြိုင်ပွဲပဲ”
“ငါ အဲဒိအချိန်ကျ အကိုတော် ချန်ကို လုံးဝ ရင်ဆိုင်နိုင် စေရမယ်”
လန်ယုလန် အခိ်ုင်အမာကို ဆိုပါတယ် ။
ရှောင်ဒိုလည်း သူ၏ နှာခေါင်းကို ကိုင်ကာ –
“အကိုတော်ချန် မှာ ဒီလို ညီမမျိုး ရှိနေတာ ဘယ်လို ဆု တောင်းတွေ ကြောင့်ပါလိမ့်”
ရှန်းရှန်း တို့လည်း ပြင်းထန်လှသည့် လေပွေကြီးကို ကြည့်ပြီး မျက်လုံးများ အရောင် တောက်နေကြတယ် ။ ထို့ နောက် ရယ်မောကာ –
“ငါလည်း အကိုတော် ချန် နဲ့ ပြိုင်ချင်တယ် ။ ဒါပေမယ့် အခု တော့ ငါတို့အရင် လေ့ကျင့်ဖို့လိုတယ် ။ အဆင့် မတူ သေးဘူး”
ထိုအချက်က လူတိုင်းကို နှိုးဆော်လိုက်သလိုပါပဲ ။ သူတို့ဟာ တော်ဝင်ပြိုင်ပွဲ အတွက် ပြင်ဆင်ကြမည် ဖြစ် အနည်း ဆုံးတော့ ချန်ရှန် နှင့် ကြီးမားသော အဆင့်ကွာခြား ချက် ကို ထိန်းနိုင်မှာပါ ။
ကွင်းပြင်ဟာ ယခုအခါ အလောင်းများ ရှင်းသွားပါပြီ ။ ငယ် သံ ပါအောင် ငိုကြွေးအော်မြည်သံများ လေပွေ အ တွင်း မှ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေပြီး ချန်ရှန် လည်း ဆက် လုပ်နေဆဲပါ ။
ခဏကြာပြီးနောက်မှာတော့ . . .
“နောက်ဆုံးတော့ ပြီးပြီပေါ့ ၊ ဟားးဟားး ၊ ငါတို့ နိုင်ပြီ”
ချန်ရှန် ရယ်မောလိုက်တယ် ။
မီးလေပွေ ကြီးဟာ ပျောက်ကွယ်သွားကာ အဖြူရောင် မီးခိုး များ နှင့် ပြာများဟာ ကျလာကြတယ် ။ ဒါတွေဟာ မိစ္ဆာများ ၏ အဆုံးသတ်ပါပဲ ။ ယခုအခါ သားရဲမိစ္ဆာ ၊ လူ သားမိစ္ဆာ များ နှင့် မိစ္ဆာဂိုဏ်းသားများမှာ အားလုံးသေဆုံး သွားကြပြီ ဖြစ်ပါတယ် ။
ကြီးမားသော မီးတောင်ပံကြီးများဖြင့် လူတစ်ဦး ပျံသန်း လာတာကို ကြည့်ရင်း အားလုံး ရယ်မောနေကြ တယ် ။ လူတိုင်းဟာ စိတ်လှုပ်ရှားစွာ ပြေးလွှားကာ အော် ဟစ် ရယ်မောနေကြတယ် ။
ချန်ရှန် မြေပြင်ပေါ်ဆင်းသက်လိုက်တယ် ။ လူတိုင်း အ ဆင် ပြေ နေတာကို ကြည့်ရင်း သက်ပြင်းချလိုက်မိပါတယ် ၊ ရှန်းရှန်းဟာ သူ့ကို တင်းကြပ်စွာ ပြေးဖက်လိုက်ပြီး ရင်ခွင် ထဲ မှီနေလျက် ရှိတယ် ။ ချန်ရှန် ခေါင်းသုံးလုံးဝံပုလွေ ကြီး နှင့် ကျန်ခဲ့တုန်းက သူမဟာ အတော်ကို စိုးရိမ်မိနေတာ ဖြစ် ပြီး သူမသာ ချန်ရှန် ကို ဆုံးရှုံးရမည် ဆိုပါက ဘယ်လိုမှ ဖြေ ဆည် နိုင်မည် မဟုတ်ချေ ။
“ရှန်းရှန်း ၊ မင်း တိုက်ခိုက်နေတာ ငါကြည့်ပြီး အထင် တွေ ကြီးနေတာကွ”
ချန်ရှန် ရယ်မောကာ သူမ၏ မျက်နှာလေးကို ကိုင် လိုက် ပါ တယ် ။ ချန်ရှန် ဟာ ရှန်းရှန်း သူ့ကို ဘယ်လောက် စိုးရိမ်နေမလဲ ဆိုတာ သိပါတယ် ။
ရှန်းရှန်း သူမ၏ မျက်ရည်များကို သုတ်ကာ ပြုံးလျက် ချန်ရှန် ကို ကြည့်နေပါတော့တယ် ။
အန္တရာယ်ကတော့ ပြီးဆုံးသွားပါပြီ ။ လူတိုင်းဟာ စိတ် သက်သာရာ ရနေကြပြီး မြေပြင်ပေါ် လှဲနေကြလျက် မိုး ကောင်းကင်ကြီး သို့ ကြည့်နေကာ ပါးစပ်များ ဟ လျက် လတ်ဆတ်သော လေများကို ရှူသွင်းနေကြတယ် ။
ချန်ရှန် သူ၏ လက်မှ ရေများ ထုတ်ကာ လန်ယုလန် ၏ ဆံပင်ဖြူဖြူ များ တွင် ပေနေသော အမည်းရောင် သွေးများ အား သန့်စင်ပေးကာ ကူညီနေမိတယ် ။
ရှန်းရှန်းလည်း လန်ယုလန် ၏ လှပသော အဖြူရောင် ဆံပင်များကို သဘောကျနေတယ် ။ သူမပါ လန်ယုလန် ၏ ဆံပင်များကို ဆေးကြောရာမှာ ကူညီနေတယ့်အတွက် လန်ယုလန် ရင်ထဲ နွေးထွေး သွားပါတယ် ။
“မျိုးမစစ်လေး ယန် ၊ မင်းသာ ငါ့ညီမကို ကောင်းရင် ငါ လည်း မင်းအပေါ် ညီတစ်ယောက်လို ဆက်ဆံမှာပဲ”
ဇုရွန် ရှောင်ဒိုအား မကျေမချမ်းကြည့်ကာ ပြောတယ် ။
ရှောင်ဒိုလည်း –
“ဟက် ၊ ခင်ဗျားရဲ့ ညီမကိုသာ နူးနူးညံ့ညံ့ ဖြစ်အောင် နေ ခိုင်း ၊ သူက ကျားပျိုမလေး လိုပဲ ။ ခင်ဗျား က သူ့အကို ဖြစ် တယ် ဆိုတဲ့ အချက်နဲ့တင် ကျွန်တော်လည်း သူ့ကို ဘာ မှ ကို မပြောချင်တော့ဘူး”
ဇုရွန် သက်ပြင်းချကာ –
“မင်းက အတော် မွှေတယ့်ကောင်ပဲ ။ ငါမင်းပြောတာ တွေ အကုန်လုံးကို ငါ့ညီမကို ပြန်ပြောပြမယ် ။ ဒါကို ကြည့် ခြင်းအားဖြင့် မင်းဟာ အစွမ်းထက်တာတော့ မှန်ပါတယ် ။ ဒါပေမယ့် မိန်းမတစ်ယောက်ကို ကြောက်နေမယ်လို့ မထင် မိ ခဲ့ဘူး ။ တကယ်ကို သူရဲဘောကြောင်တယ် ဟေ့ ဟားး ဟားး”
လူတိုင်း သူတို့ နှစ်ယောက်ပြောနေတာကို ကြားကြ တယ့် အတွက် ရယ်မောနေကြတယ် ။ ဇုရွန် နှင့် ရှောင်ဒို တို့ ဟာ ပြင်းထန်သော သိုင်းပညာစီရင်စုမှ အဓိက မျိုးနွယ် ကြီး လေးခု ထဲမှ မျိုးနွယ် စု ၂ စုဆိုတာကို သိကြတယ် ။ ဒါ့ အပြင် သူတို့ဟာ အသက်ငယ်ငယ် နှင့် စစ်မှန်သော သိုင်း ပညာနယ်ပယ်ကို ၀င်ရောက်နိုင်ခဲ့ကြရုံမက ဒီလို မျိုး ဂုဏ် သတင်းများ ကြောင့် သူတို့ဟာ ချန်ဝူ နယ်မြေကြီး တစ်ခု လုံးမှာ ထင်ရှားသူများလည်း ဖြစ်ကြပါတယ် ။
ရယ်မော သံများနှင့်အတူ သူတို့ ကြုံတွေ့ ခဲ့ကြသော စိတ် ဖိ စီးမှုများဟာလည်း လွင့်ပျောက်သွားခဲ့ကြပါပြီ ။ စတေး ခံ နေရာလည်း ပျက်ဆီးသွားပြီ ဖြစ်ပြီး မိစ္ဆာ အားလုံး လည်း သေဆုံးသွားခဲ့ပါပြီ ။ လူသားမိစ္ဆာ သားရဲမိစ္ဆာ များ ဟာ လည်း ပြာ အဖြစ်သို့ ပြောင်းလဲ သွားပြီ ဖြစ်ပြီး အတွင်း ပိုင်းမှ စွမ်းအားကြီး သားရဲကြီးများ မထွက်လာသရွေ့သူတို့ ဟာ လုံခြုံစိတ်ချစွာ နေလို့ရမှာပါ ။
သို့သော်လည်း ချန်ရှန် တို့ဟာ နေရာအသစ် တစ်ခု ရှာ ဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ သူတို့ လျင်လျင်မြန်မြန် ပင် တိုက်ခိုက် ၊ ခုခံ ၊ ထွက်ပြေးနိုင်ခဲ့လို့သာ ယခုလို လွတ်လာ ခဲ့ ခြင်းပါ ။ ဒီလိုသာ ပြင်ဆင်မှုများ မရှိခဲ့ပါက ခေါင်းသုံးလုံး ၀ံပုလွေကြီး ၏ တိုက်ခိုက်မှုကို ခံရမည် ဖြစ်ပါတယ် ။
ရက်အနည်းငယ် ကြာတယ့်အခါ ဒဏ်ရာရသူများ လည်း ပြန်လည် ကောင်းမွန်လာခဲ့ပါပြီ ။ အစောင့်အကြပ် များ ကို အလှည့်ကျ စောင့်ခိုင်းပြီး တခြားလူများဟာ တောင် အတွင်း နေကာ ကျင့်ကြံနေကြတယ် ။ သူတို့အား လုံး ဟာ စွမ်းအားများ နည်းနေသေးတာကို သိရှိနေကြပြီး တချိန်တည်းမှာပဲ ဒီထက် ပိုမို တိုးတက်လာအောင် ကျင့် ကြံ နေချင်ကြတာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset