Chapter – 257 မိစ္ဆာဒြပ်စင်ကလာပ်စည်း
ခေါင်းသုံးလုံး ၀ံပုလွေကြီး သေဆုံးပြီးနောက် လောင် ဆု ရီ လည်း ချန်ရှန် ဆီ မှ ပြန်ထွက်သွားတယ် ။ ရုတ်တ ရက် နာကျင်မှုကြီးကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဒူး ထောက် မတတ်ပါပဲ ။ သူ့မှာ မည်သည့် စွမ်းရည်မျှပင် မကျန်တော့ ချေ ။
ဒါဟာ လောင်ဆုရီ ၏ အားကို အလွန်အကျွံ သုံးစွဲ လို့ ပါ ။ သူ့ကို ထိခိုက်စေမှာကို သိပြီး ဒီလိုမှ မလုပ်ရင်လည်း နိုင်မည် မဟုတ်ချေ ။
“ဘာငိုင်နေတာလဲ ၊ မြန်မြန်သွားပြီး ဒီကောင်ကြီးရဲ့ ဗိုက်ကိုခွဲလေ ၊ မိစ္ဆာဒြပ်စင်ကလာပ်စည်းကို သွား ယူဟ”
လောင်ဆုရီ အော်လိုက်တယ် ။
ထိုအချိန်မှာ ချန်ရှန် ဟာ ဗိုက်ကို ခွဲရန် မဆိုထားနှင့် သူ၏ ဓားကိုပင် မမ နိုင်ချေ ။
“ငါ မလှုပ်ရှားနိုင်ဘူး”
ချန်ရှန် ချိနဲ့စွာ ပြောလိ်ုက်တယ် ။
“အရူးပဲ ၊ ခင်ဗျားမှာ စိတ်စွမ်းအား မရှိဘူးလား”
လောင်ဆုရီ ခပ်လှောင်လှောင် ပြောလိုက်ပါတယ် ။
ချန်ရှန် ပြုံးလိုက်တယ် ။ သူတကယ်ကို ထိုအချက် ကို မေ့နေခဲ့တာပါ ။ သူ့ကိုယ်ဟာ အားအင် ကုန်ဆုံးကာ စွမ်း အား များ မရှိပေမယ့် နတ်အတွင်းအားအာရုံများ တော့ ရှိ နေ ပါသေးတယ် ။ ထိုမှတဆင့် စိတ်ဖြင့်ထိန်းချုပ်လို့ရမည် မဟုတ်ပါလား ။
သူ နဂါးနတ်ဘုရားကျင့်စဉ် ကိုးခု ကို ပြုလုပ်လိုက်ပြီး နတ်အတွင်းအား အာရုံကို စိတ်စွမ်းအား အဖြစ် ပြောင်းလဲ လိုက်တယ် ။ ဒီလိုနည်းဖြင့် သူ့ကိုယ်ကို သူ ထ်ိန်းချုပ်နိုင်ပါ တယ် ။
သူပထမဆုံး အဖြူရောင် ကျောက်စိမ်းဆေး နှင့် ဒြပ် စင် ဆေး တို့ကို စားလိုက်တယ် ။ ထို့နောက် ၀ံပုလွေကြီး ဆီိသို့ မျောလွင့်သွားလိုက်တယ် ။ ထိုအချိန်မှာ သူဟာ အား အင် များ ပြည့်လာပြီ ဖြစ်ကာ မိုးပြာနဂါးဓားကြီးအား ထုတ်ကာ ၀ံပုလွေကြီး ၏ ကိုယ်ကို ပိုင်းလိုက်တယ် ။
မိုးပြာနဂါးဓားကြီးဟာ အတော်ကို ထက်လှပြီး လွယ် ကူစွာပင် သားရဲကြီး ၏ ဗိုက်မှာ အပေါက်ကြီး ဖြစ်သွားစေ ပါ တယ် ။ အထဲမှ အလင်းတန်းများ ထွက်နေပြီး သူလည်း လျင်မြန်စွာပဲ ထိုလမ်းကြောင်းမှတဆင့် ကြည့်လိုက်တယ့် အခါမှာတော့ အမည်းရောင် သလင်းကျောက် အလုံးတစ်ခု ကို တွေ့ လိုက်ရတယ် ။ ၎င်းဟာ အမည်းရောင်ရှိသော် လဲ သန့်စင်သော အငွေ့ များထွက်နေပါတယ် ။၎င်းဟာ သားရဲ ကြီး ၏ စွမ်းအင်သိုလှောင် ထုတ်လွှတ်ရာဖြစ်ပြီး လူသား တို့ ၏ ချီဓာတ်နှင့် အလွန်တူပါတယ် ။
ထို ကြီးမားသော မိစ္ဆာဒြပ်စင်ကလာပ်စည်းဟာ အပြင် ကို ရောက်ပြီး နေအလင်းရောင် နှင့် ထိတွေ့ သောအခါ ၎င်း ၏ မျက်နှာပြင်ဟာ ကွဲကာပွင့်သွားပြီး အမည်းရောင် အခွံ များ ကွာကျသွားပါတယ် ။
အတွင်းမှာတော့ သလင်းကျောက်ဟာ အဖြူရောင်ရှိ ပြီး အတိကျအားဖြင့် အဖြူရောင် အငွေ့ များ ဖုံးလွှမ်းနေ တာ ပါ ။ ကြီးမားသော စွမ်းအင်များ သန့်စင်စွာ တည်ရှိနေ ပုံပါ ။
“မြန်မြန်သိမ်းပြီး ၊ ဒီကထွက်တော့ ၊ ဒီကောင်ကြီးရဲ့ ကိုယ် က မိစ္ဆာချီဓာတ်တွေ ထွက်တော့မှာ”
လောင်ဆုရီ ငေါက်လိုက်တယ် ။
ချန်ရှန်လည်း အမြန်သိမ်းကာ ထိုနေရာမှ ထွက် ခွာ သွား ပါတယ် ။ ပြေးလွှားရင်းဖြင့်ပင် ဆေးများကို မျိုချနေ မိ တယ် ။
“ဒီပစ္စည်းက ဘယ်လိုသုံးတာလဲ”
ချန်ရှန် မေးလိုက်တယ် ။
“အင်း ၊ ဒါက အပြင်းထန်ဆုံးအဆင့် သားရဲရဲ့ အူတိုင် လို့ ပြောလို့ရတယ် ။ မင်းက ဒါကို အသုံးဝင်လားလို့ မေး ချင် တာလား ။ ဒါက ခေါင်းသုံးလုံး ၀ံပုလွေရဲ့ စွမ်းအင် အ ရင်း အမြစ်ပဲ ။ ဒါနဲ့ မင်းရဲ့ ချီဓာတ်တွေ မြန်မြန် တိုးပွား သွား လိမ့်မယ်”
စုမေးယို ပြန်ဖြေလိုက်တယ် ။
ချန်ရှန် ဟာ တောအုပ်ထဲ ပုန်းနေပြီး တစ်နေကုန် နား လိုက်ပါတယ် ။ သူ စွမ်းအင်များ ပြန်လည် ပြည့်လာပြီးတဲ့ အချိန်မှာပဲ တောင်ဆီသို့ ပြန်ခဲ့ပါတော့တယ် ။
ချန်ရှန် အစောပိုင်းကတည်းက ခန့်မှန်းထားသည်မှာ မိစ္ဆာလမ်းဂိုဏ်းသားများဟာ ဒီနေရာကို အရင်ဝင်ကာ ၀ံပု လွေကြီးနှင့် တည့်အောင်နေ ပြီး စည်းရုံးကာ ထားသော ကြောင့် ၎င်းကို ထိန်းချုပ်နိုင်တာ ဖြစ်ပါလိ့မ်မည် ။
“ဒါက ဒီိလိုဖြစ်မယ် ။ ဒီကောင်တွေဟာ အစွမ်းထက် သားရဲမိစ္ဆာကြီးတွေ ကို ဖမ်းဆီးရဲမှာ မဟုတ်ဘူး ။ ဒီလို သာ ဆို သူတို့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလေ ။ ဒီကောင်ကြီး ကို မိစ္ဆာပညာရှင်များစွာ က ထိန်းချုပ်နေတာ ဖြစ်မယ်”
ဘိုင်ယုယု ပြောလိုက်တယ် ။
“တခြားဖက်က စဉ်းစားမယ် ဆိုရင် စွန့်ပစ်နယ်မြေကြီး ကို ရတနာ သိုက်လို့တောင် ပြောလို့ရတယ် ။ ဒီလို စွမ်း အား ကြီး သားရဲမိစ္ဆာကြီးတွေက အများကြီးရှိနေတာပေါ့”
ချန်ရှန် ရေရွတ်လိုက်မိတယ် ။
တစ်ကောင်ချင်းဆီမှာ မိစ္ဆာဒြပ်စင် ကလာပ်စည်း ရှိ နေ တာ ဖြစ်ပြီး အကုန်လုံးသာ ပိုင်ဆိုင်မည် ဆိုပါက သေချာ ပေါက် အကျိုးများမည် မဟုတ်ပါလား ။
ချန်ရှန် ပျံသန်းရင်း ကွင်းပြင်တစ်ခုမှာ လူအုပ်စုလိုက် ကို တွေ့ လိုက်ရတယ် ။ အားလုံးဟာ သူ့လူတွေပါ ။
“အခြေအနေ မကောင်းဘူး”
ချန်ရှန် အကြည့်တစ်ချက် ဖြင့်ပင် အများစုဟာ ဒဏ် ရာ ရနေကြောင်း သိလိုက်တယ် ။ ထိုအချိန်မှာ သားရဲမိစ္ဆာ များ ၊ လူသားမိစ္ဆာများ ဟာ ၎င်းတို့ကို ဝိုင်းနေပြီး မိစ္ဆာဂိုဏ်း ပညာရှင် တစ်ရာကျော်လောက်ဟာ လည်း ရုပ်သေးရုပ် များ ကို ထိန်းချုပ်လျက် တိုက်ခိုက်နေကြတယ် ။
ဒဏ်ရာရသူများဟာ အလယ်မှာ ရှိနေတာ ဖြစ်ပြီး အဓိ က အား ဖြင့် အဆင့် ၁ နှင့် ၂ ပညာရှင်တို့ ဒဏ်ရာရနေကြ တာ ဖြစ်ပြီး တခြားလူများကတော့ သားရဲမိစ္ဆာ နှင့် လူသား မိစ္ဆာ တို့အား အစွမ်းကုန် တိုက်ခိုက်နေကြတယ် ။ အားလုံး မှာ အမည်းရောင် သွေးများ ဖုံးလွှမ်းနေကြတာ ဖြစ်ပြီး မျက် လုံး များမှာလည်း ရဲရဲနီနေကြလျက် ရှိတယ် ။
သူတို့၏ ပတ်လည်မှာလည်း အလောင်းများဖြင့် ပြည့် နေ ပြီး ဖြစ်နေပေမယ့် မိစ္ဆာများမှာ များစွာ ကျန်ရှိနေတုန်း ပါ ပဲ ။ ဒီတိုက်ပွဲ ဆက်နေပါက သူတို့၏ အားအင်များ ကုန် ခမ်း ကာ ခုခံနိင်မည် မဟုတ်တော့ချေ ။
လန်ယုလန် ၏ ဆံပင် အဖြူရောင်လေးများမှာလည်း သွေး အမည်းများဖြင့် ဖုံးလွှမ်းကာ သူမ၏ ဓာကြီးအား အ ဆက် မပြတ် ဝေ့ယမ်းရင်း တိုက်ခိ်ုက်နေတယ် ။ ဓားခုတ် ချက် တစ်ချက်တိုင်းမှာ မိစ္ဆာအများအပြားကို ခေါင်းဖြတ် နိုင်ခဲ့ပါတယ် ။
ချန်ရှန် မျက်မှောင်ကြုတ်လိုက်တယ် ။ သားရဲမိစ္ဆာ များ နှင့် လူသား မိစ္ဆာတို့ဟာ အင်အား အတော်ကောင်းနေတာ ဖြစ် ပြီး အရေအတွက်မှာလည်း အများအပြားပါပင် ။ အားလုံး ဟာ ၀န်းရံခံနေရပြီး တိုက်ခံနေရတာပါ ။
အများဆုံး သတ်ဖြတ်နေသည်ကတော့ လန်ယုလန် ၊ ရှန်းရှန်း ၊ ဟိုဒွန်ဂျင် နှင့် ရှောင်ဒို တို့ပါ ။ သူတို့ဟာ စွမ်းအား အမြင့်ဆုံး လူများ ဖြစ်ကြပြီး အထူးသဖြင့် ရှန်းရှန်းမှာ သူမ ၏ ညင်သာသော ဟန်ပန်များ ပျောက်ဆုံးနေပြီး မိစ္ဆာ များ ကို သတ်ဖြတ်နေသည်မှာ သေမင်းနတ်ဘုရား တစ်ပါး လို ပါပဲ ။ လန်ယုလန် လည်း ထို့အတူပါပင် ၊ သူမ၏ မျက်လုံး များ မှာ ရဲရဲနီလျက် သွေးဆာနေဟန် ရှိပါတော့တယ် ။
လဲရှောင်လင် ၊ လဲဇောင် နှင့် လျန်မင်ဒုန် တို့ဟာ မကြာ သေးမီကမှ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ရောက်ရှိ လာ တာ ဖြစ်တာကြောင့် ဒဏ်ရာများ ရရှိလျက်ပါ ။ ဝုကွမ် ချင် ဟာ သူမ၏ အစွမ်းထက် မီးတောက်များကို ထုတ်လွှတ် ကာ ကြီးမားသော မီးတောက်ကြီး တစ်ခုကို ဖန်တီးပြီး သားရဲမိစ္ဆာများ အနားမကပ်နိုင်အောင် ပြုလုပ် နေ ပါ တယ် ။
လူသားမိစ္ဆာများဟာ အမည်းရောင် ၀တ်ရုံများကို ၀တ် ဆင် ထားကာ မျက်နှာဖုံးများ တပ်ထားကြတယ် ။ ၎င်းတို့ နှင့် မိစ္ဆာဂိုဏ်း နောက်လိုက်တို့မှာ ၀တ်ဆင်ပုံ အတူတူပါပဲ ။ သူတို့ဟာ လူအုပ်ကြားထဲ ရောနှောနေသော်လည်း ချန်ရှန် က တော့ ဘယ်သူ ဘယ်သူ ဆိုတာကို ခွဲခြားသိမြင်ပါတယ် ၊ ချန်ရှန် အံ့သြမိသည်မှာ မိစ္ဆာဂိုဏ်းသား တို့ ၉၀ ကျော် ရှိ နေ လို့ပါပဲ ။
ချန်ရှန် တစ်ချက် ပြုံးလိုက်ပြီး ကောင်းကင်ပေါ်မှ ဆင်း သက် လိုက်တယ် ။ သူ၏ အနီရင့်ငှက် တောင်ပံများ အား ရုတ်သိမ်းလိုက်သော်လည်း သူ့နောက်ကျောတွင် မီး များ တောက် နေဆဲပါ ။ ကောင်းကင်မှ ဥက္ကာခဲတစ်လုံး ပြုတ်ကျ လာ သလို မြေပြင်ပေါ်သို့ အရှန်ပြင်းစွာ ဆင်းသက်လိုက် တယ် ။
သူဟာ မိစ္ဆာဂိုဏ်းသား တစ်ယောက် ၏ ပခုံးပေါ်မှာ ရပ် လိုက်ပြီး ယခုကဲ့သို့ ကြောက်စရာ ကောင်းသော အရှိန် ကြောင့် ထို ဂိုဏ်းသားဟာ ဘာမျှလုပ်ချိန် မရလိုက်ပဲ မြေ ကြီး ထဲသို့ နစ်ဝင်သွားပါတော့တယ် ။
ချန်ရှန် ဟာ ထောင်ပေါင်းများစွာသော သားရဲမိစ္ဆာ လူ သား မိစ္ဆာများ အကြားသို့ ရောက်ရှိသွားတယ် ။ တခြား ဂိုဏ်း မှ လူများဟာ ချန်ရှန်ကို မြင်တယ့်အခါ တုန်လှုပ် ကာ သွားကြပါတယ် ။ သူတို့ မြင်ခဲ့သည်မှာ ချန်ရှန် ဟာ ခေါင်း သုံးလုံး ၀ံပုလွေကြီး ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရတာ ဖြစ်ပြီး ယခုအခါ ပြန်ရောက်လာပါပြီ ။
ရှန်းရှန်း နှင့် တခြားလူတို့ ချန်ရှန် ဘေးမသီရန်မခ ပဲ ပြန် လာတာ ကို တွေ့ တယ့်အခါ စိတ်သက်သာရာရပြီး သက် ပြင်းချလိ်ုက်ကြပါတယ် ။ တစ်ချိန်တည်းမှာပဲ စိတ် လည်း လှုပ်ရှားသွားကြတယ် ။ သူတို့တိုက်ခိုက်မှုများ ဟာ ပို မို အားပါလာပြီး သူတို့ကို ဝိုင်းထားသော မိစ္ဆာများ အား နောက်သို့ပင် ဆုတ်ခွာသွားစေပါတယ် ။
ချန်ရှန် မြေပြင်ပေါ် ဆင်းလိုက်ပြီး သူ၏ ကိုယ်မှ မီးများ တောက် လာတယ် ။ ရုတ်တရက် မီးတောက်များဟာ ကွဲ ထွက်ကာ မိစ္ဆာများအား နောက်သို့ ဆုတ်ခွာသွားစေပါ တယ် ။ မည်သူမျှ အဆိုပါ မီးတောက်များကို မထိရဲကြပါ ၊ ထိ မိ မည် ဆိုပါက သေသည်ထိ လောင်ကျွမ်းသွားစေမှာ မို့ပါပဲ ။
သူ၏ နောက်ကျောမှ အိမ်တစ်လုံးလောက် ရှိသော မီး တောင်ပံများ ပေါ်ပါက်လာပြီး ခပ်လှောင်လှောင်ဖြင့် –
“မိစ္ဆာခွေးကောင်တွေ ၊ သေကြစမ်း”
သူပြောပြီးသည်နှင့် သူ၏ ကိုယ်ကို လှည့်လိုက်တယ် ။ ကြီးမားသော တောင်ပံကြီးများ မှာလည်း လိုက်လည် လာ ပြီး ရုတ်တရက် မီးလေပွေ မုန်တိုင်းကြီး တစ်ခု ဖြစ်သွား ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှပါတယ် ။ ထို ကဲ့သို့ ကြောက်စရာ မီးတောက်များမှာ မီးတောက်တို့၏ ဘုရင် နေမီးဝိဉာဉ်တော် ကြောင့် ဖြစ်ပါတယ် ။
ချန်ရှန် အပြင်းအထန် လှည့်နေစဉ်မှာပဲ တောင်ပံကြီး များ ဟာ ကြီးသထက် ကြီးလာပြီး လေဆင်နှာမောင်းကြီး မှာ လည်း ပိုပြီး ကြီးလာနေပါတယ် ။ အချိန်တိုအတွင်းမှာ သားရဲမိစ္ဆာ နှင့် လူသားမိစ္ဆာ ရာပေါင်းများစွာဟာ လေပွေ ကြီး အတွင်း လောင်ကျွမ်းသေဆုံးသွားခဲ့တာဖြစ်ပြီး ချန်ရှန် က တော့ ဆက်လုပ်နေဆဲပါ ။
လူတိုင်းဟာ ဒီလို ကြီးမားလှသည့် မီးလေဆင်နှာ မောင်းကြီး ပေါ်လာတာကို ကြည့်ရင်း တုန်လှုပ်နေကြပါ တယ် ။ သူတို့ ချန်ရှန်၏ မီးတောက်များဟာ အရမ်းပြင်း ထန် လိမ့်မယ် ဆိုတာကို သိနေကြတယ် ။ ကြည့်လို့လည်း အလွန် ကောင်းလှသဖြင့် အတော်ကို အံ့သြနေကြပါတယ်။
“ညီတော် ချန် က တော့ လုံးဝ ပုံမှန်ကို မဟုတ်ဘူး ၊ သူ ရောက်လာတာနဲ့ အတော်များများကို သတ်လိုက်နိုင်တာ ပဲ”
ဇုရွန် ပြောလိုက်တယ် ။
ရှန်းရှန်းလည်း အံ့သြနေရာမှ အလျင်အမြန်နဲ့ –
“အားနည်းနည်း ကျန်တယ့်လူတွေက ဒဏ်ရာရသူ တွေ ကို ကာကွယ်ထားကြ ။ ရန်သူတွေကို ဖြတ်ပြီး လမ်း ဖောက်ကြမယ် ။ မြန်မြန်”
၎င်းဟာ ချန်ရှန်အတွက် ပိုပြီး အဆင်ပြေစေမယ် ဆို တာ သိကြတယ် ။ သူ၏ ကြီးမားသော လေပွေကြီးဖြင့် ရန်သူများကို ဆွဲခေါ်နေတာဖြစ်ပါတယ် ။ ထိုကဲ့သို့သော် နည်း လမ်းဖြင့် မိစ္ဆာများအား အကုန်ချေမှုန်းနိုင်မှာ ဖြစ်ပါ တော့ တယ် . . . ။