Switch Mode

Chapter – 255

စွမ်းအားကြီးသားရဲမိစ္ဆာ

Chapter – 255 စွမ်းအားကြီးသားရဲမိစ္ဆာ

တောင်အတွင်းရှိ လူအားလုံးဟာ လန့်သွားကြတယ် ၊ တစ်ဦးပြီး တစ်ဦး ထွက်ကြည့်ကြပါတယ် ။
ချန်ရှန် တောင်ထိပ်ကို ပြေးသွားကာ ကြည့်လိုက်သော အခါ သစ်ပင်များ လဲပြိုခြင်း နှင့်အတူ ဆင်တစ်ကောင် ကဲ့ သို့ ကြီးမားသော ခေါင်းသုံးလုံး ၀ံပုလွေ အမည်းကြီးကို တွေ့ လိုက်ရပါတယ် ။ အမည်းရောင် အမွှေးများ နှင့် အတူ ကြီးမားသော အစွယ်ကြီးများလည်း ပါရှိတယ် ။ ၎င်း အ ကောင် ကြီးဟာ တောင်ထဲမှာ လူတွေ ရှိနေတာကို သိသည့် အလား တောင်ဆီသို့ ပြေးလာနေပါတယ် ။
ပြင်းထန်သော မိစ္ဆာချီဓာတ်များကို ခေါင်းသုံးလုံး ၀ံပု လွေ ကြီးထံမှ ခံစားမိနေတာကြောင့် ၎င်းသားရဲကြီး မည် မျှ အစွမ်း ထက် ကြောင်း သက်သေပါပင် ။
ခေါင်းသုံးလုံး ၀ံပုလွေ ကြီးဟာ ခပ်လှမ်းလှမ်းမှ ပါးစပ်ကြီး အား ရုတ်တရက် ဟကာ အမည်းရောင်ချီဓာတ် များ အား ထုတ်လွတ်လိုက်ပါတယ် ။
ချန်ရှန် အလျင်အမြန်ပဲ အော်လိုက်တယ် ။
“လူတိုင်း ပုန်းနေကြ ၊ အစီအရင်တွေ ဖွင့်”
လူတိ်ုင်းဟာ ၀ံပုလွေ ကြီး အလွန်ကြောက်ဖို့ ကောင်း တာ ကို သိကြတယ် ။ မေးရိုးကြီး သုံးခုမှ ချွန်ထက်သော အ စွယ်ကြီးများ ဟာ တောင်ဆီသို့ဦးတည်နေပြီး သူ၏ ပါးစပ် မှ အမည်းရောင် ချီဓာတ်များ ကို ပြင်းထန်စွာ မှုတ်ထုတ်နေ ပါ တယ် ။ ထိုသို့ မိစ္ဆာ ချီဓာတ် များ ကြောင့် အားလုံးဟာ ထိတ်လန့် နေကြပါတော့တယ် ။
ခေါင်းသုံးလုံး ၀ံပုလွေ ကြီး နီးကပ်လာတာနဲ့ ရှန်းရှန်း နှင့် လန်ယုလန် တို့လည်း လုပ်စရာရှိတာများ ပြုလုပ်ပြီးစီး ပြီး ဖြစ် နေပါ ပြီ ။ ထို့နောက်မှာတော့ လူတိုင်း တောင်ထဲ သို့ ပုန်းနေပြီး ရုတ်တရက် အစီအရင် ကို စလိုက်ပါတယ် ။
“အတော် ကို သန်မာပါ့လား ၊ အပြင်းထန်ဆုံး အဆင့် ပဲ”
ချန်ရှန် အသေအချာ ကြည့် ကာ ပြောလိုက်တယ် ။
“ကျွန်တော်တို့ အတူတူ တိ်ုက်ရင်တောင် မနိုင်ဘူး လား”
ရှောင်ဒို အံ့သြဟန်ဖြင့် ပြောလိုက်တယ် ။ သူ့အနေဖြင့် ချန် ရှန် ဟာ အစွမ်းအရမ်းရှိတာကို သိပါတယ် ။ နောက် ဆုံး တစ်ခေါက်က သူ့မျက်စိရှေ့ မှာပင် ချန်ရှန် အဆင့် ၉ ပညာရှင် အား သတ်ဖြတ်နိုင်ထားသည် မဟုတ်ပါလား ။
ချန်ရှန် ခေါင်းခါယမ်းကာ –
“သားရဲမိစ္ဆာ နဲ့ လူ တွေဟာ မတူဘူး ။ ဒီလို ကောင်မျိုး မဆိုထားနဲ့ ၊ သာမန် သားရဲတောင် အတော်ကို အစွမ်းရှိ တာ ၊ ဒီလို ပဲ အပြင်းထန်ဆုံးအဆင့် သိုင်းပညာရှင် ဆိုတာ လည်း အတူတူပဲ ။ အဆင့် ၉ စစ်မှန်သော ပညာရှင် နဲ့ အဲဒိ အပြင်းထန်ဆုံးအဆင့် ပညာရှင် ဆိုတာ မိုးနဲ့မြေလိုပဲ”
လူသားတွေ ၏ စစ်မှန်သော သိုင်းပညာနယ်ပယ် နှင့် ညီသည့် သားရဲများကို ဝိဉာဉ်တော် သားရဲများဟု ခေါ်ပါ တယ် ။ ယခုကတော့ အဲဒိထက်ပိုမြင့်သည့် အပြင်းထန် ဆုံး အဆင့် ပါ ။ ၎င်းသားရဲများဟာ စကားပင် ပြောနိုင်ပြီး တချို့ သားရဲများဟာ လူသားတို့၏ သိုင်းပညာများကို ပင် ကျင့် ကြံ နိုင်ကာ အတော်ကို သန်စွမ်းလှပါတယ် ။
သူတို့ ရှေ့ မှာ ရှိနေသည့် သားရဲမိစ္ဆာကြီးမှာ ထိုကဲ့သို့ အဆင့် ဖြစ်ပြီး ဒါ့အပြင် ၎င်းဟာ မိစ္ဆာချီဓာတ်များကို ကြောက် စရာ ကောင်းလောက် အောင် ပိုင်ဆိုင်နေပါသေး တယ် ။ ၎င်းဟာ ရှေးဟောင်းခေါင်းသုံးလုံး ၀ံပုလွေကြီး ဖြစ် နေပါသေးတယ် ။
“ကြည့်ရတာ ပြေးတာက ငါတို့ အတွက် အခွင့်အရေးပို များ မယ် ထင်တယ်”
ချန်ရှန် သက်ပြင်းရှည်ကြီးကို ချလိုက်မိတယ် ။ သူသာ တွန်းအား မပေးရင် မပြေးမှာ မဟုတ်ကြပေ ။ လက်ယာ ဂိုဏ်းသာများဟာ သူတို့ စွန့်ပစ်နယ်မြေ၏ အမျိုးအမည် မသိ သော အန္တရာယ်နှင့် ရင်ဆိုင်နေရသည် မဟုတ်ပါ လား ၊ စတေးခံနေရာ ပျက်စီးသွားပေမယ့် စွန့်ပစ်နယ်မြေ ၏ အတွင်းပိုင်းမှာ မည်သည့်အရာများ ရှိနေမလဲ ဆိုတာ မည်သူမျှ မသိကြချေ ။
အတိုချုပ်အားဖြင့် ဒီလို စတေးခံနေရာကြီး ပျက်ဆီး သွား ခြင်းဟာ စွန့်ပစ်နယ်မြေကြီး တစ်ခုလုံး လုံခြုံသွားခြင်း မ ဟုတ်ပေ ။ ခေါင်းသုံးလုံး ၀ံပုလွေကြီး ပြေးလာနေသည် ကို ကြည့်ခြင်းအားဖြင့် အတွင်းပိုင်းမှာ စွမ်းအားကြီး သားရဲ မိစ္ဆာများ အများအပြား ရှိနေမည် ဆိုတာ သက်သေပါပင် ။
“ဘုန်းးးး . . . ဘုန်းးး . . . ဘုန်းးးး”
နားကွဲမတတ် ပေါက်ကွဲသံကြီး သုံးခုဟာ ရုတ်တရက် မြည် ဟည်း လာတယ် ။ သို့သော်လည်း တောင်အား အနည်း ငယ် မျှသာ လှုပ်ခတ်သွားစေပါတယ် ။ ဒါတွေ အားလုံးဟာ အစီအရင်၏ ကာကွယ်မှုကြောင့်ပါ ။ သို့သော် လည်း ထိုစွမ်းအင်မှာ အနှေးနဲ့ အမြန် ကုန်ဆုံးသွားမှာပါပဲ ။
“ဒီကောင်ကြီး ရဲ့ တိုက်ခိုက်မှုက အတော် ပြင်းတယ် ၊ အချိန်တို အတွင်းမှာပဲ အစီအရင်ရဲ့ စွမ်းအင် တ၀က် လောက် ကုန်ဆုံးသွား . . .”
ရှန်းရှန်း စကားမဆုံးခင်မှာပဲ နောက်ထပ် ပေါက်ကွဲသံ တစ်ခု ထပ်မံ မြည်ဟည်းလာပြန်ပါတယ် ။ ပြင်းအားက လည်း အတော်ကို ပြင်းထန်နေဆဲပါ ။
ချန်ရှန် အော်လိုက်တယ် ။
“အားလုံး လိုဏ်ခေါင်း ကို ပြေးကြ ၊ ငါ ဒီကောင်ကို ထိန်းထား . . .”
နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှု တစ်ခုထပ်လာပြန် ပါပြီ ။ တောင်ထိပ်ပိ်ုင်းဟာ ပျောက်ကွယ်နေပြီ ဖြစ်ပြီး အား လုံး အပေါ်မှာ ဟင်းလင်းပြင် ဖြစ်သွားတယ် ။ ၎င်းတို့ အ နေ ဖြင့် ဇာတ်သိမ်းရန် သိပ်မလိုတော့ချေ ။
လူတိုင်းဟာ အလျင်အမြန်ပဲ လိုဏ်ခေါင်းထဲသို့ ၀င် သွား ကြ တယ် ။ ချန်ရှန် လျင်မြန်စွာပဲ အနီရင့်ငှက် တောင် ပံများကို ထုတ်ကာ ရုတ်တရက် ကောင်းကင် သို့ ပျံတက် ကာ မိုးပြာနဂါးဓားကြီးအား ဝေ့ယမ်းလျက် ခေါင်းသုံးလုံး ၀ံပုလွေထံသို့ ချိန်ရွယ်လိုက်တယ် ။ မိုးပြာရောင် အငွေ့ များ ဟာ ပြင်းထန်စွာထွက်ပေါ်သွားပြီး သားရဲကြီးအား ပေါင် သောင်း နဲ့ ချီ အလေးချိန်ကို ခံစားစေလိုက်ပါတယ် ။
“အကိုတော် ချန်”
“အကိုတော်”
“ညီတော် ချန်ရှန်”
“. . .”
ရုတ်တရက် အောက်မှ အော်သံများ ထွက်လာပါတယ် ၊ သူတို့အားလုံး ချန်ရှန် ၀ံပုလွေကြီးအား တားဆီးတော့ မည် ဆိုတာ သိနေပါတယ် ။
“အားလုံး အပိုတွေ ပြောမနေနဲ့တော့ ၊ အားလုံး ထွက် သွား ကြ တော့ ၊ ငါထိန်းထားမယ် ၊ မြန်မြန် ထွက်ကြ”
ချန်ရှန် အော်လိုက်တယ် ။
ခုနကပဲ သူ၏ ဓားကြီးကို ၀ံပုလွေ ထံ ပစ်လွှတ်လိုက် တာ ဖြစ်ပြီး ရုတ်တရက် အမည်းရောင် အငွေ့ များ ၎င်း ၏ ကိုယ်မှာ ပေါ်လာကာ ခုခံလိုက်နိုင်တယ် ။
၀ံပုလွေ ဟာ ချန်ရှန် ထင်ထားတာထက်ကို ပိုမို သန်မာ နေ တာ ကို တွေ့ လိုက်ရတယ် ။ ၎င်းထံမှ တိုက်ခိုက်မှု ၉ ခု နဲ့ပင် အစီအရင်ကြီးတစ်ခုလုံးဟာ ပျက်ဆီးသွားခဲ့ပါပြီ ။ မူ လ က လန်ယုလန်တို့ ပြောပြခဲ့သလိုပင် ခုလို အပြင်းထန် ဆုံး အဆင့် ကို တခဏမျှတော့ ကာကွယ်နိုင်ခဲ့ပါတယ် ။
“မြန်မြန် သွား ကြ တော့”
ချန်ရှန် အော်လိုက်တယ် ။ သူ့အသံမှာ ဒေါသများ ဖြင့် အ ပြည့် ပါပဲ ။
ရှန်းရှန်း တို့ဟာ တွန့်ဆုတ်ဆုတ် ဖြစ်နေပေမယ့် ချန်ရှန် ၏ အသည်းအသန် အမူအရာကို မြင်တွေ့ ရတယ့် အခါ အံကြိတ်လျက် လိုဏ်ခေါင်းထဲသို့ ၀င်သွားကြပါတော့ တယ် ။
လူတိုင်း စိတ်များ လေးလံနေတယ် ။ သူတို့အားလုံး ၀ံပုလွေ ကြီးဟာ အလွန် သန်စွမ်းတယ် ဆိုတာကို သိနေ တာ ကြောင့် ချန်ရှန် ကို စိုးရိမ်နေကြတယ် ။ သူတို့သာ စွန့် ပစ် နယ်မြေကို မ၀င်ရောက်ခဲ့ကြဘူး ဆိုပါက ချန်ရှန် ကို အ ကောင်း မြင်ကြဦးမည် မဟုတ်ချေ ။ ယခုအခါတော့ သူတို့ အား လုံးဟာ လေးစားရုံမှအပ ကျန်သည့် မကောင်းမြင် သည့် အရာများ မရှိတော့ပါ ။ အားလုံးဟာ ချန်ရှန် ကို ရင် နှင့်အမျှ လေးစားကာ နေပါတော့တယ် ။ ချန်ရှန် ကို သူ ရဲ ကောင်းတစ်ဦး လို့ ပြောမည် ဆိုပါက လွန်မည် မထင်ပါ ၊ သူ ဟာ ဒီနေရာကို ရောက်ရှိနေကတည်းက ချန်ဝူနယ်မြေ ကြီး တစ်ခုလုံးအတွက်ပါ တာဝန်ကျေနေသည် မဟုတ်ပါ လား ။
တချိန်တည်းမှာပဲ ၀ံပုလွေကြီးဟာ သူ၏ မေးရိုကြီးများ ကို ဟကာ အမည်းရောင် စွမ်းအင် အလုံး သုံးလုံးကို ပြု လုပ် လိုက်တယ် ။ ၂ ခုကို တောင်ဆီသို့ ပစ်လိုက်ပြီး တစ်ခု ကို တော့ ချန်ရှန် ဆီသို့ ပစ်လွှတ်လိုက်ပါတော့တယ် ။
၎င်း၏ အမြန်နှုန်းကတော့ အလင်းတန်းလိုပါပဲ ။ ချန်ရှန် ဟာ လေထဲမှာ ရှိနေပေမယ့် သူ၏ အမြန်နှုန်းမှာလဲ လျင်မြန်လှတာကြောင့် ရှောင်တိမ်းနိုင်လိုက်ပါတယ် ။
တောင်ကြီးဟာ အဆိုပါ အမည်းရောင် အလုံးကြီးများ နှင့် ထိတွေ့ သောအခါ ပထမအချက် မှာ တခဏမျှလှုပ်ခါ သွားပေမယ့် ဒုတိယ အလုံးထိတွေ့ တဲ့အခါ လုံးဝ ပျောက် ကွယ် သွား ပါတော့တယ် ။
ကြောက်မက်ဖွယ် တိုက်ခတ်မှုကြီး ပြီးဆုံးသွားတယ့် အခါ မှာတော့ အစီအရင်ကြီးတစ်ခုလုံးဟာ လုံးဝ ပျက်ဆီး သွား ရ ပါတယ် ။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ ဖန်တီးခဲ့ သော အစီအရင် ဟာ မည်မျှ ကောင်းမွန်သလဲ ဆိုတာကို သိ နိုင်ပါတယ် ။ ရှန်းရှန်း နှင့် လန်ယုလန် တို့ဟာ သူတို့ ကိုယ်ပိုင် အစွမ်းအစ ဖြင့် တည်ဆောက်ခဲ့မှုမှာ ကောင်း မွန် လှပါတယ် ။
ချန်ရှန် ဟာ ရှောင်တိမ်းလိုက်ပေမယ့် အမည်းရောင် အလုံး ကြီး မည်မျှ ကြောက်ဖို့ကောင်းမည်ကို ခန့်မှန်းမိပါ တယ် ။ သူသာ အနည်းငယ်မျှ နောက်ကျမည် ဆိုပါက ဇာတ်သိမ်း သွားမည် ဖြစ်ပါတယ် ။ သေချာပေါက်ကို သေ ဆုံး ရမှာပါ ။ အဆင့် ၉ ပညာရှင် တောင် ထိုကဲ့သို့ တိုက် ခိုက် မှုကို ခံရမည် ဆိုပါက အငွေ့ ဖြစ်သွားမည် ဖြစ်ပါတယ် ဒါ့အပြင် ၀ံပုလွေကြီး၏ မျက်လုံးများဟာလည်း ယခင် က ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းနေပါတော့တယ် ။
လောင်ဆုရီ ဟာ သူ၏ နတ်အတွင်းအား အာရုံဖြင့် လူ တိုင်း လိုဏ်ခေါင်းအတွင်း ရောက်နေသည်ကို သိရှိတာ ကြောင့် ချန်ရှန် ကို အသိပေးလိုက်တယ် ။ ချန်ရှန် လည်း ယခု အခါမှသာ စိတ် သက်သာရာ ရသွားပါတော့တယ် ။
“ဒီကောင်ကြီးကြည့်ရတာ ခင်ဗျားကို ချချင်တာ”
လောင်ဆုရီ မေးလိုက်တယ် ။
“ဒါပေမယ့် ဘာလို့ သူက တောင်ကို တိုက်တာလဲ”
ချန်ရှန် မေးလိုက်တယ် ။
“ငါ တို့က ဒီမှာ ပုန်းနေတာကို သူဘယ်လိုသိသွားတာ လဲ”
လောင်ဆုရီ ပြန်မဖြေခင်မှာပဲ ရုတ်တရက် ခပ်လှမ်း လှမ်း မှ ရယ်သံကြီးတစ်ခု ထွက်ပေါ်လာပါတယ်။
“ချန်ရှန် ၊ မင်းဒီမှာ ပုန်းနေတာနဲ့ ငါတို့ မသိဘူးထင် နေ တာလား ၊ မင်းက ငါတို့ အလုပ်ကို နှောင့်ယှက်တယ် ။ ငါ တို့ မင်းတို့ အားလုံးကို သေအောင်လုပ်ပြမယ်”
“သားရဲမိစ္ဆာက ရှေးကတည်းက ရှိတယ့်အကောင်ကြီး ၊ မိစ္ဆာနယ်မြေက လာတာ ။ သူပေါ်လာကတည်းက အားလုံး လန့်သွားကြတယ်မလား ၊ မင်းလည်း ခုနတည်း က ဒီကောင်ကြီး အစွမ်းကို မြင်ပြီး မဟုတ်လား ။ ဟားဟား”
ဒီစကားများကို ကြားသည့်အခါ ချန်ရှန် ချက်ချင်း နား လည် သွားပါတယ် ။ ဒီကောင်ကြီးအား ၎င်းတို့မှ တမင် သက် သက် စေလွှတ်တာ ဖြစ်ပြီး ဒါ့အပြင် ၎င်းအား သားရဲ ဂိုဏ်းသားများ မှ အသုံးပြုနေသည် မဟုတ်ပါလား ။ ထိုအချိန်မှာ သူ စပြီး စိုးရိမ်မိသွားတယ် ။ ဒီလိုအကောင် ကြီး မျိုး အများကြီး ရှိမည် ဆိုပါက အလွန် အန္တရာယ် များ မည် မဟုတ်ပါလား ။
“မင်း မလွတ်နိ်ုင်ဘူး ၊ မင်းက ငါတို့ လက်အောက် မှာ ကျရှုံးရတော့မှာ ၊ ဟားး ဟားးး”
လူတစ်ဦးက ခပ်လှောင်လှောင် ပြောပါတယ် ။
လိုဏ်ခေါင်းဟာ တောအုပ် နှင့် ခပ်ဝေးဝေးထိ ဖောက် လုပ်ထား တာ ပါ ။ ယခုအခါ ချန်ရှန် ဟာ ၀ံပုလွေကြီး အား လမ်းလွှဲမှာ ဖြစ်ပြီး သူ့လူတွေကို မနှောက်ယှက် နိုင်စေရန် ပါ ။ ရှန်းရှန်း တို့လူစုကိုတော့ သူသိပ်မစိုးရိမ်မိပါချေ ။ ၎င်းတို့ အတူတကွ ရှိနေမည် ဆိုပါက ရန်သူများကို မှုစရာ လိုမည် မဟုတ်ပါချေ ။
၀ံပုလွေကြီးဟာ အမြီးများ လှုပ်ခါလျက် ချန်ရှန် အား အနီရောင် မျက်လုံးကြီး ခြောက်လုံးဖြင့် စိုက်ကြည့်နေ ပါ တယ် ။ အချိန်နှင့်အမျှ သူ၏ အမည်းရောင် လျာကြီးဖြင့် အစွယ်များ အား သပ်နေလျက် ရှိတယ် ။
လျာကြီးတစ်ခု ရုတ်တရက် ထွက်လာတာကို ကြည့် ရင်း ချန်ရှန် သူ၏ ဓားကို ဝေ့ယမ်းကာ မျက်စိတမှိတ်အ တွင်း မှာပဲ ၁၀ ကြိမ်လောက် ချီဓာတ်များအား ပစ်လွှတ် လိုက် ပါတယ် ။
ထိုကဲ့သို့ စွမ်းအား ပြင်းထန်လှသော ဝိဉာဉ်တော် ချီ ဓာတ်များ ကျရောက်သွားတာ နဲ့ တပြိုင်နက် ထို ချီဓာတ် များ ဟာ အမည်းရောင် ချီ အကာကွယ်များကို ပင် ထိုး ဖောက် သွားကာ ၎င်း၏ ခေါင်းအား ရိုက်ခတ်သွားပါတယ်။
ခေါင်းသုံးလုံး ၀ံပုလွေကြီး ကျယ်လောင်စွာ အော်ကာ သူ၏ မေးရိုးကြီးများကို ဟရင်း အလွန်လျင်မြန်စွာဖြင့် အမည်း ရောင် အလုံး သုံးလုံးအား ချန်ရှန် ထံသို့ ထပ်မံ လွှတ် လိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset