Chapter – 254 မိစ္ဆာနတ်ဘုရားအမိန့်
မုန်တိုင်းဟာ မြန်မြန်လာပြီး မြန်မြန်ပဲ ပြီးဆုံးသွားတယ် ၊ ယခုအခါ ချန်ရှန် ၏ ကိုယ်မှာ မြေကြီးများ ဖုံးလွှမ်းနေပြီး သူ ၏ ရင်ဘတ်အပေါ်ပိုင်းသာ ကျန်ရှိနေတယ် ။ သူလည်း မူး နောက် နောက် ဖြစ်နေပါတော့တယ် ။
“အရူးကြီး ၊ မြန်မြန်ထတော့ ၊ ဟားဟားဟား မနက် ရောက် နေပြီ”
လောင်ဆုရီ ရယ်မော ပြောဆိုတယ် ။
စွန့်ပစ်နယ်မြေဟာ မူလက မှောင်မည်းနေသော်လည်း ယခု အခါ မှာတော့ မုန်တိုင်းပြီးခါစ ကောင်းကင်ကြီးဟာ ကြည် လင် နေပါတယ် ။ နေမင်းကြီးဟာ လင်းလတ်နေပြီး မိုးကောင်းကင်ကြီးဟာ ပြာလဲ့နေတယ် ။ တိမ်ဖြူလေးများ ဟာ လည်း မျောလွင့်နေကြပါတယ် ။ လေပြေညှင်းလေး များ ဟာ စွန့်ပစ်နယ်မြေကြီးတစ်ခုလုံးမှာ တိုက်ခတ်နေပြီး ချန်ရှန် မျက်လုံးများ ဖွင့်လိုက်ပြီး အော်လိုက်တယ် ။
“ငါဘယ်ရောက်နေပါလိမ့်”
သူ့ကိုယ်ကို ရုန်းကန်ရင်း မြေကြီးထဲမှ ရုန်းထွက်လိုက် တယ် ။ သူ့ကိုယ်သူ တောင်မြင့်တစ်လုံးပေါ်မှာ ရပ်နေတာ ကို မြင်လိုက်ပြီး ထိုတောင်ဟာ ခုနကမှ မြေကြီးများစုပုံပြီး ဖြစ် လာ ပုံပါ ။
သူဒြပ်စင်ဆေး အချို့ ကို မျိုချလိုက်ပြီး သူကုန်ဆုံးသွား သော ချီဓာတ်များကို ပြန်လည် ဖြည့်တင်းလိုက်တယ် ။ တစ် နာ ရီလောက် ကြာတယ့်အခါ သူဟာ ၈၀ ရာခိုင်နှုန်း လောက်ထိ ပြန်လည် အားပြည့်လာတယ် ။ အနီရင့်ငှက် ၏ တောင်ပံများ ကို အသုံးပြုကာ ပတ်ဝန်းကျင်ကို ကြည့်၍ လျင်မြန်စွာ ပျံသန်းသွားပါတော့တယ် ။
စွန့်ပစ်နယ်မြေ၏ မြေပြင်အနေအထားဟာ ပြောင်းလဲ နေ ပါ ပြီ ။ ချန်ရှန်ပင် လမ်းများကို မမှတ်မိတော့ပါ ။ တော အုပ် ကြီးတစ်ခုလုံးဟာ ပျောက်ကွယ်သွားပေမယ့် မကြာ ခင် မှာ ပြန်ဖြစ်ပေါ်သွားမှာပါ ။ အဘယ်ကြောင့်ဆိုသော် စတေးခံ လမ်းကြောင်းဟာ ပျက်ဆီးသွားပြီ ဖြစ်တာကြောင့် မိစ္ဆာချီဓာတ်များဟာ ယခုအခါ မရှိတော့ပါဘူး ။ စွန့်ပစ်နယ် မြေ တစ်ခုလုံး ဟာ မူလက လှောင်ပိတ်ခြင်း ခံထားရသလို ဖြစ် နေပြီး ယခုအခါမှာတော့ အလင်းရောင်ကို ပြန်လည် မြင် တွေ့ ခွင့် ရခဲ့ပါပြီ ။ စွန့်ပစ်နယ်မြေကို လွှမ်းမိုးထာသော မိစ္ဆာချီဓာတ်များဟာ စတေးခံနေရာ ကို ဖျက်ဆီးတာနဲ့ ပျောက် ကွယ် သွားတာ ဖြစ်ပါတယ် ။ ယခုနေရာတွင် မိစ္ဆာ အများ စု ဟာ ပျောက်ကွယ်သွားခဲ့ပါပြီ ။
မကြာမီ ချန်ရှန် ဟာ သူတို့ တည်ဆောက်ခဲ့သော အ စီ အရင် နေရာကို တွေ့ လိုက်ရတယ် ။ ယခုနေရာဟာ ချန် ရှန် ဖြိုခွင်းခဲ့သော နေရာနှင့် ဝေးသောကြောင့် ပျက်ဆီးမှု မ ဖြစ် ပါချေ ။
ကောင်းကင်မှ ချန်ရှန်ဟာ တောင်ပေါ်ရှိ လူအချို့ ကို မြင် လိုက်တယ် ။ တစ်ဦးဟာ ဟိုဒွန်ဂျင် ဖြစ်ပြီး နောက် တစ် ဦးမှာ ယောင်ဟိုင်ရှန်း ဖြစ်ပြီး တခြားလူ သုံးယောက် မှာ တခြားဂိုဏ်းမှ အဆင့် ၄ သိုင်းပညာရှင်များ ဖြစ်ပါတယ်
ချန်ရှန် ကောင်းကင်ပေါ်မှ ဆင်းသက်လိုက်တယ် ။ ထို့ နောက် ရယ်မောကာ –
“ဟိုနေရာတော့ လုံးဝ ပျက်ဆီးသွားပြီ ။ အခု ကျွန် တော်တို့ စိုးရိမ်စရာ မလိုတော့ပါဘူး”
“ကောင်လေး မင်းက အတော် စွမ်းတာပဲ ။ မင်း က တကယ် ကို အကြီးကြီးတွေ လုပ်သွားတယ် ။ ငါက စွန့်ပစ် နယ် မြေ တစ်ခုလုံးတော့ သွားပြီ ထင်နေတာ”
ဟို ဒွန် ဂျင် ရယ်မော ပြောဆိုလိုက်တယ် ။
ချန်ရှန် တောင်အတွင်းသို့ ၀င်ရောက်ခဲ့တယ် ။ အားလုံး ရှိနေတာ ကို တွေ့ လိုက်ရပါတယ် ။ ဖြစ်ပျက်သမျှတွေဟာ ချန်ရှန် ကြောင့်ဆိုတာ သူတို့ ထင်နေကြတယ် ။ ဒီလိုစွမ်း အား မျိုးဟာ နိဗ္ဗာန်အဆင့် ပညာရှင်၏ အစွမ်းမျိုးဖြစ်နေ တာ ကို သိကြပြီး ချန်ရှန် ဟာ အဆင့် ၅ သာရှိနေသေးတာ ပါ ။
“ဟဲဟဲ ၊ အာ့နေရာထဲက စွမ်းအားက အတော်ကို ပြင်း တယ် လေ ၊ ဒါကြောင့် ခုလောက်ကို ဖြစ်သွားရတာ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
ရှန်းရှန်း လက်ကိုင်ပဝါ တစ်ထည် ထုတ်ကာ ချန်ရှန် ၏ မျက်နှာမှ ဖုန်များကို သုတ်ပေးလိုက်တယ် ။ ချန်ရှန် ၏ တစ် ကိုယ်လုံးဟာ သဲများ ဖုန်များ ဖြင့် ပြည့်နေပြီး ဗွက်အိုင်ထဲ က ထ လာ သလိုပါပဲ ။
“အကိုတော် ၊ ကျွန်မတို့ ထပ်ပြီးတော့ စိုးရိမ်စရာ မလို ဘူး မလား ။ သားရဲမိစ္ဆာတွေ ၊ လူသားမိစ္ဆာတွေ က သွား ပြီ ပေါ့”
လန်ယုလန် ပြောလိုက်တယ် ။
“သိပ်တော့ မသေချာသေးဘူး ၊ ဒီမှာပဲ စောင့်နေဦး”
“ဟက် ၊ ဒီမိစ္ဆာမျိုးမစစ်တွေက ဘယ်လိုပုန်းနေရမလဲ ပဲ သိတာ ။ အချိန်ကျလာတယ့်အခါ သူတို့ ကို ရှာတွေ့ ပြီး သတ် နိ်ုင် မှာပဲ ။ အဲခါကျ ကျွန်မတို့ လက်ယာဂိုဏ်းသား တွေ ဘယ်လောက်စွမ်းလဲ သူတို့ သိသွားလိမ့်မယ် ။ သူ တို့ ကျွန်မတို့ကို လှည့်စားရုံတင် မကဘူး ၊ ဒီလို အကြံအစည် ကြီး ကို တောင် ကြံဝံ့တယ်”
လန်ယုလန် ဒေါသတကြီး ပြောဆိုပါတယ် ။
သူမသာ မိစ္ဆာများ ပုန်းအောင်းရာနေရာ ကို သိမည် ဆို ပါက သူမ ဓားကြီးကို ဆွဲထုတ်ကာ ၎င်းတို့ထံသို့ ပြေးပြီး သတ် မည် မှာ အမှန်ပါပဲ ။
ချန်ရှန် နဲ့ ရှန်းရှန်း တို့ ပြုံးလိုက်ကြတယ် ။
လန်ယုလန် ၏ ပုံစံဟာ သားရဲပျိုမလေး လိုပါပဲ ။ သူ မ ဟာ ရေခဲလေ တောင်ကြားက အငယ်ဆုံး ပညာရှင်မလေး ပါ ။
“ငါထင်တာတော့ ဒီ စတေးခံနေရာ ပျက်ဆီးသွားတဲ့ အ တွက် ငါတို့က လွတ်မြောက်သွားပြီ ။ ဒါပေမယ့် ထွက် မယ့် လမ်းတော့ မသိသေးဘူးပေါ့”
ဇုရွန် သက်ပြင်းချလိုက်တယ် ။ သူတို့ နေရာဟာ ဘေး မှာ ချောက်ကမ်းပါးကြီး ရှိနေတာ ဖြစ်ပြီး ထိုနေရာဟာ ခု ထိ မပေါ်လာသေးပါဘူး ။
လူတိုင်းဟာလည်း ဒီလို ခံစားနေကြရပါတယ် ။ အ ဘယ် ကြောင့် ဆိုသော် စတေးခံနေရာ ပျက်ဆီးသွားတာနဲ့ စွန့်ပစ်နယ်မြေကြီးတစ်ခုလုံး ဟာ အလွန်ပြောင်းလဲမှုများ ဖြစ်ပေါ် သွားတာပါ ။ သူတို့ချက်ချင်းပဲ ထွက်နိုင်မယ်လို့ ထင် ခဲ့ မိတာ ဖြစ်ပါတယ် ။
ချန်ရှန် ပျံသန်းသွားတယ် ။ သူလည်း ချောက်ကမ်းပါး ကြီး ကို မမြင်ရသေးပါဘူး ။ သူဟာ စွန့်ပစ်နယ်မြေ မှာ အစီ အရင် တစ်ခု ရှိနေတာကို သိနေပါတယ် ။ ထိုအစီအရင် ဟာ မိစ္ဆာလမ်းမှ ပညာရှင်ကြီးများ က ပြုလုပ်ထားပုံပါ ။
“အစီအရင်တွေကို ဖျက်ဆီးခဲ့တယ့် ကောင်လေး ၊ ငါ တို့ မင်းကို လုံးဝ မမေ့ဘူး”
ကောင်းကင်ထဲမှ အသံကြီးတစ်ခု ရုတ်တရက် ပေါ်လာ တယ် ။ ထိုအသံဟာ ချန်ရှန် နှင့် တခြားလူတွေကိုပါ လွှမ်း မိုး သွားပါတယ် ။
“မိစ္ဆာ နတ်ဘုရား ရဲ့ အမိန့်ကို စောင့်နေလိုက်ပါ”
အသံဟာ ထပ်မံ လွင့်ပျံလာခဲ့ပါတယ် ။
လူတိုင်းဟာ စိုးရိမ်သွားမိကြတယ် ။ ချန်ရှန် ဟာ အစီ အရင် တစ်ခုလုံးကို ဖျက်ဆီးလိုက်တာ ဖြစ်ပြီး မိစ္ဆာအများ အပြား ကို သတ်ဖြတ်ခဲ့ပါတယ် ။ ဒါပေမယ့် အခုပြောနေ တာ မည်သူပါနည်း ။
ချန်ရှန် သူ၏ ခေါင်းကို ခါယမ်းပြလိုက်ပြီး သူလည်း မည် သူ ၏ အသံလည်း ဆိုတာကို မသိပါချေ ။
“အခုအချိန် အတွင်းမှာတော့ ထွက်နိုင်မှာ မဟုတ်သေး ဘူး ။ ဒီမှာ ဆက်နေကြတာပေါ့ ။ ဒီမှာ အစီအရင် အကြီး ကြီး တစ်ခုရှိနေပုံပဲ ။ အဲဒါကြောင့် ဒီနေရာက ပိုလုံခြုံမယ်”
ချန်ရှန် ပြောလိုက်တယ် ။
ချန်ရှန် ခဏမျှ နားလိုက်တယ် ။ သူ ဒီရက်ထဲမှာ အလွန် ကို ပင်ပန်းနေတာ ဖြစ်ပြီး ပြေးလွှားတိုက်ခိုက်နေရ တာ ပါ ။
“ခုနက လာတယ့် အသံက မိစ္ဆာနယ်မြေ က လာတာ ဖြစ် မယ် ။ တစ်ယောက်ယောက် က မိစ္ဆာ နတ်ဘုရား ကို ပုတ်ခတ် စော်ကားမယ်ဆိုရင် မိစ္ဆာနတ်ဘုရား က အမိန့် ထုတ်မှာပဲ ။ ဒီလိုဟာက မိစ္ဆာနတ်ဘုရား ကို ယုံကြည်သူ တွေ က ထုတ်ပြန်တာပဲ ။ အဲလို လူတွေက အများကြီး ရှိ တယ် ။ တချို့ သော မိစ္ဆာတွေက အလွန်ပဲ ကြောက်စရာ ကောင်းလှတယ် ။ မင်း အခုတော့ ကြောက်စရာ မလိုသေး ဘူး ။ ဘာလို့လဲ ဆိုတော့ မိစ္ဆာနယ်မြေရဲ့ လူတွေဟာ မလာ နိုင်သေးဘူးလေ ။ ဒါပေမယ့် နယ်မြေသုံးခု ပေါင်းစုံတယ့် အခါ မင်း ဒုက္ခရောက်လိမ့်မယ် ။ မိစ္ဆာနတ်ဘုရား ယုံကြည် သူတွေက အရူးတွေလိုပဲ”
ဘိုင်ယုယု ပြောလိုက်တယ် ။
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်လိုက်ပြီး မျက်လုံးများ မှိတ် ကာ အနားယူလိုက်ပါတယ် ။ သူဟာ လက်ရှိမှာ ကျောက် တုံး အခန်းထဲတွင် တစ်ဦးတည်း ရှိနေတာ ဖြစ်ပြီး တခြား လူ များဟာ သူအရမ်း ပင်ပန်းနေမှန်း သိကြပါတယ် ။ ဒါ့ ကြောင့် စိတ်အနှောက်ယှက် မပေးကြတော့ပဲ ပတ်ဝန်း ကျင် ကိုသာ မျက်ခြေမပြတ် အကဲခတ်နေကြပါတော့ တယ် ။
စတေးခံနေရာ ပျက်ဆီးသွားတယ့်အခါ အားလုံး ဟာ တည် ငြိမ်သွားပြီး သူတို့ ထွက်နိုင်ဖို့ တစ်လလောက် လို နေ ပါသေးတယ် ။ ချန်ရှန် ကျန်ရှိနေသည့် မိစ္ဆာများဟာ ပုန်း ကာ နေလိမ့်မည် ဟု ယူဆလိုက်တယ် ။ ထွက်ခွာရမယ့် အချိန် ကျရင် အားလုံး ကိစ္စပျက်မည် မဟုတ်ပါလား ။
မိစ္ဆာလမ်းဂိုဏ်းသားများဟာ လွန်ခဲ့သော သုံးနှစ် က မှ ရောက်ရှိလာတာ ဖြစ်သော်လည်း ယခုအခါ အခြေအနေ မလှတော့ပါ ။ ဒီလို အခြေအနေ ဟာ သူတို့ အတွက် လက် မခံနိုင်စရာ ဖြစ်နေပါလိမ့်မည် ။
ချန်ရှန် ဟာ သားရဲ ဂိုဏ်း နှင့် နတ်ဓားဂိုဏ်း တို့ ၏ နောက်လိုက်တို့ ချီဓာတ်များကို လွှမ်းမိုးခဲ့တာဖြစ်ပြီး မိစ္ဆာ ဝိဉာဉ်တော် ကိုလည်း မလေ့ကျင့်ရသေးပါ ။ ယခုအခါ သူ ဟာ သီးသန့်အခန်းထဲမှာ ရှိနေပြီး တည်ငြိမ်စွာ လေ့ကျင့် နေ ခဲ့တယ် ။ ခိုင်မာသည့် အုတ်မြစ်ကို ချချင်နေတာ ဖြစ် ပြီး ဖြစ်ပေါ်လာမည့် အန္တရာယ်များ အတွက် ပြင်ဆင်နေ မိ ပါတယ် ။ ထိုအချိန်ကျရင် သူ့အတွက် အလွန် ဒုက္ခများ မည် မဟုတ်ပါလား ။
အဆင့် ၅ သို့ ၀င်ရောက်လာပြီးနောက် သူဟာ သူ၏ ဒြပ်စင်စေ့များဟာ လင်းလတ်ဖို့ သိပ်မလွယ်တာကို တွေ့ လာ ရတယ် ။ ယခင်ကထက်ကို ချီဓာတ်များစွာ လိုအပ် နေတာပါ ။ ဒြပ်စင်ဆေးကို မှီဝဲနေရုံမှအပ သူ့မှာ တ ခြား နည်းလမ်းမရှိပါချေ ။ တည်ဆောက်ရေးဆေး ဟာ အ လွန်ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိနေသော် လည်း ဖြုန်းတီးသလို ဖြစ်နေမိမှာပါ ။ ထိုဆေးဟာ သူ အဆင့် ၂ အဆင့် ၃ ဆိုလျှင်တော့ အကျိုးရှိနိုင်ပါသေးတယ် ၊ ဒါပေမယ့် ယခုအခါ သူဟာ အဆင့် ၅ သို့ ရောက်ရှိနေ တာ ကြောင့် ထိုဆေးကို အသုံးပြုလျှင်လည်း ဖြုန်းတီးရာ ရောက်နေ မှာပါ ။ သူသာ ထိုဆေးကို အဆင့် ၁၀ မော် တယ် ပညာရှင်ကို ပေးမည် ဆိုပါက အများစုဟာ စစ်မှန် သော သိုင်းပညာနယ်ပယ် သို့ တက်လှမ်းနိုင်ပါလိမ့်မယ် ။
ချန်ရှန် သူပြန်ရောက်သောအခါ သူ၏ တည်ဆောက် ရေး ဆေးများအား ရောင်းပြီး ရှားပါးဆေးဖြစ်သည့် ဒြပ်စင် ငါးခု ဒြပ်စင် ဆေး အတွက် လိုအပ်သော ဆေးပစ္စည်းများ ၀ယ် ယူ ရန် ဆုံးဖြတ်ချက် ချလိုက်တယ် ။ ထို ဒြပ်စင်ငါးခု ဒြပ်စင်ဆေးကို သာ သူသုံးစွဲမှသာ သူ၏ အားများ တိုး လာ မည် ဖြစ်ပါတယ် ။
သူဟာ ယခုအခါ အဆင့် ၅ စစ်မှန် သော ပညာရှင် ဖြစ် ပြီး သူု၏ အားများ လျင်မြန်စွာ တိုးတက်လာခြင်းဟာ သိပ် တော့ မဆိုးလှပေ ။ သူ တခြားဂုဏ်ပုဒ်ဖြစ်သည့် ဆေး ပညာ မှာ လည်း အဆင့် ၅ ဆိုသည့် လက်မှတ်ရရန် ကြိုးစား မည် ဟု ဆုံးဖြတ်လိုက်ပါတယ် ။ အဲဒါတွေ ပြီးစီး ပါက လက်နက်ပြုလုပ်ခြင်း ကို သင်ကြားမည် ဖြစ်ပြီး ဝိဉာဉ် တော် အင်းကွက်များ နှင့်လည်း ရင်းနှီးကျွမ်းဝင် အောင် လေ့လာပါဦးမည် ။
ဝိဉာဉ်တော် စွမ်းအားကို သင်ကြားပြီးနောက် သူဟာ ဝိဉာဉ်တော် အင်းကွက်များ၏ အစွမ်းထက်ပုံကို သိရှိလာ ပါ တယ် ။ သူ့မှာ ဝိဉာဉ်တော် အင်းကွက်များအား ဆေး မျက် နှာ ပြင်များပေါ်တွင် ခတ်နှိပ် ရန် လည်း တွေးထားပြီး သား ပါ ။ ဒါပေမယ့် ထိုသို့ ပြုလုပ်နိုင်စေရန် သူ ဒီအရာများ နှင့် ပတ်သက်၍ အကျွမ်းတ၀င် ရှိရန် သင်ကြားဖို့ လိုအပ် နေ ပါ သေးတယ် ။
“ဝူးးးးးး”
ရုတ်တရက် အော်သံကြီးတစ်ခု ထွက်ပေါ်လာတယ် ။ တောင်တစ်ခုလုံးကို ပင် တုန်လှုပ်သွားစေပြီး ချန်ရှန် လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ် ။ အစွမ်းထက် သား ရဲ မိစ္ဆာကြီးတစ်ကောင်တော့ လာနေပြီဆိုတာကို သူ သိ လိုက် ပါ တော့တယ် . . . ။