Chapter – 253 လမ်းကြောင်းကိုဖျက်ဆီးခြင်း
ချန်ရှန် မျက်လုံးကို ဖွင့်လိုက်တယ့်အခါ သူ့ရှေ့ ရှိ မြင် ကွင်းဟာ ရှင်းလင်းလို့ နေပါတယ် ။ မိစ္ဆာရဲ့ နတ်ဝိဉာဉ် တော် ကို ချန်ရှန်ဟာ လွှမ်းမိုးပြီးတယ့်အခါ ထိုမိစ္ဆာဟာ သေဆုံးခဲ့ပါပြီ ။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာ၏ ဝိဉာဉ် တော် အား ၎င်း ၏ ကိုယ်မှ ဆွဲထုတ်လိုက်လို့ပါ ။
ချန်ရှန် မျက်စိကို မှိတ်လိုက်တယ် ။ သူ၏ အာရုံ အ တွင်း စူးစိုက်ကာ နတ်ဝိဉာဉ်တော်ကို ကြည့်လိုက်ပါတယ် ၁၀ နှစ်သားလောက် ရှိနေပြီး နဂိုထက် နှစ်ဆလောက် ရှိနေ တာ ကို တွေ့ လိုက်တယ် ။ သူ၏ နတ်အတွင်းအား အာရုံများဟာလည်း ပိုမို အစွမ်းထက်လာတာကို ခံစားမိ နေ ပြီး သူ့ပတ်လည်မှာရှိသည့် အရာအားလုံးကို ရှင်းလင်း စွာ အာရုံခံနိုင်ပါတယ် ။
“ကောင်းပ ၊ ခင်ဗျားရဲ့ နတ်ဝိဉာဉ်တော်က မွေးကင်း စ အဆင့် နဲ့ ကလေးအဆင့်ကို ဖြတ်ကျော်သွားပြီး အရွယ် ရောက်တယ့် အဆင့်ကို ၀င်သွားပြီပဲ ။ အရွယ်ရောက်တယ့် အဆင့်ကို အလွှာ ဆယ်ခု ပိုင်းခြားထားတယ် ။ ခင်ဗျားရဲ့ ဝိဉာဉ်တော်လေး အသက် ၂၀ လောက်ရောက်တယ့် အခါမှသာ အဲဒိ အဆင့်ကို ဖြတ်ကျော်နိုင်တယ်လို့ ပြောလို့ ရမယ် ။ ခင်ဗျား အများကြီး ကြိုးစားဖို့ လိုသေးတယ်”
လောင်ဆုရီ ပြောပါတယ် ။
ချန်ရှန် ရယ်မောကာ –
“ဒါဆို ငါအခု တခြားအရာတွေ သင်လို့ ရပြီလား ၊ နဂါးလေး ၊ မင်းရဲ့ အဆင့်ကကော ဘယ်ရောက်ပြီလဲ ၊ ကလေး အဆင့် တော့ မဟုတ်ဘူးမလား”
လောင်ဆုရီ ခပ်တိုးတိုး ရယ်ကာ –
“ကျွန်မရဲ့ နတ်ဝိဉာဉ်တော် အဆင့်က အတော် လှ နေပြီ ။ ဒါပေမယ့် ကျွန်မဟာ ဥက ပေါက်လာတာမို့ လူ သား အသွင် ယူတယ့်အခါ ဒီလိုပုံဖြစ်လာတာပဲ”
ချန်ရှန် နည်းနည်း ပါးစပ်ဟသွားတယ် ။ သူ နဂါးမ လေး ဟာ သွင်ပြင်ကို ဖုံးကွယ်ထားတယ်ဆိုတာ သိပြီးသား ပါ ။ မူလက သူမဟာ မိန်းမအိုကြီးတစ်ဦးဖြစ်ပြီး ချစ်စရာ ကလေး မလေး အဖြစ် ဟန်ဆောင်ထားခြင်း ဖြစ်မှာပါ ။
“ဒီကထွက်ပြီးမှ ကျွန်မ ဝိဉာဉ်တော် စွမ်းအား အချို့ သင်ပေးပါ့မယ်”
လောင်ဆုရီ ပြောလိုက်တယ် ။
ချန်ရှန် လက်ဝါးများကို ပွတ်ရင်း ပြုံးကာ –
“ကောင်မလေး ၊ ငါ မင်းရဲ့ ပုံစံ အစစ်အမှန်ကို သိချင် တယ်”
“မပြဘူး”
လောင်ဆုရီ ခပ်ငေါ့ငေါ့ ပြောပါတယ် ။
“ခင်ဗျားက ဆိုးတယ် ။ အချိန်ကျလာတယ့်အခါ ကျွန် မ ထုတ်ဖော်ပြမှာပါ ။ စောင့်နေလိုက်”
ချန်ရှန် သူ၏ ခါးများကို ဆန့်ကာ စင်ရှေ့ သို့ လျှောက် သွားတယ် ။ လှေကားများစွာ ရှိနေပြီး ချန်ရှန် ခန့်မှန်းမိသ လောက် ထောင်နဲ့ ချီပါမည် ။ ထိုစင်ပေါ်မှာတော့ ထောင့် လေး ထောင့် တွင် ကြီးမားသော တိုင်များကို စိုက် ထူ ထားပြီး တစ်တိုင်စီမှာ ဝိဉာဉ်တော် အင်းကွက်များစွာ ရှိနေပါတယ် ။ ထိုစင်မြင့် အလယ်မှာတော့ ကြီးမားသော ရုပ်ထုကြီးတစ်ခု ရှိနေပြီး မိစ္ဆာ တစ်ကောင် နှင့် တူပါတယ် ။
စတေးခံ နေရာ တစ်ခုလုံးဟာ မည်းနက်နေပြီး အလင်း မှိန်မှိန် အောက်တွင် ကျောချမ်းစရာပါ ။ ထူးဆန်းပြီး မြင်ရ သူ အဖို့ ကြက်သီးများပင် ထသွားစေမှာပါ ။
“ဒါက အတော်ကြီးတယ့် နေရာပဲ ။ ဒီရက်တွေမှာ လက် ယာ ဂိုဏ်းက လူတွေက ရှာမတွေ့ ဘူးလား”
ချန်ရှန် လှည့်ပတ်ကြည့်ကာ သင်္ကာမကင်း ရေ၇ွတ်မိ တယ် ။
“ဒီ နေရာက မကြာသေးခင်ကမှ ဆောက်တာ ။ နတ် ဆရာက လူသားမိစာ ္ဆ ၊ သားရဲမိစ္ဆာတွေကို ထိန်းချုပ်ပြီး လုပ် သွားတာပဲ”
ဘိုင်ယုယု က ရှင်းပြပါတယ် ။
ချန်ရှန် လေအနည်းငယ် ရှူသွင်းလိုက်တယ် ။ နေရာ ကို လုံးဝ ဖျက်ဆီးရန် ကောင်းကင်နဂါး တံဆိပ်ကို သုံးမှာ ဖြစ် ပါတယ် ။
“မိစ္ဆာလမ်းက မျိုးမစစ်တွေ ၊ မင်းတို့ အစီအစဉ်တွေ ပြတ်ပေတော့”
ချန်ရှန် ၏ ပါးစပ်မှ ခနဲ့တဲ့တဲ့ လေသံ ထွက်လာပြီး ချီဓာတ်များစွာကို ထုတ်နေတယ် ။ ဂါထာများကို ရွတ်ကာ ဝိဉာဉ်တော် စွမ်းအားများကို ပါ စုစည်းထားသောကြောင့် သူ၏ ချီဓာတ်မှာ အလွန် အစွမ်းထက်ပါတယ် ။
ပတ်ပတ်လည်မှ ချီဓာတ်များ ပြင်းထန်စွာ ထွက်လာ တယ် ။ ယခုနေရာမှ ချီဓာတ်များဟာ မိစ္ဆာချီဓာတ်များ ဖြစ် သော်လည်း အများစုဟာ ဝိဉာဉ်တော် ချီဓာတ်တွေ ပါဝင် နေ ဆဲပါ ။ ဒါ့အပြင် ၎င်းအတွင်းရှိ စွမ်းအားများဟာလည်း ဝိဉာဉ်တော် ချီဓာတ်ထက် ပိုမိုသိပ်သည်းကာ ချန်ရှန် ကို တော့ မသက်ရောက်စေပါဘူး ။ သူဟာ ဒီမတိုင်ခင်က ဒီ စွန့်ပစ်နယ်မြေမှာ တစ်ခါသုံးဘူးတာ ဖြစ်ပြီး သူထင်ထား တာ ထက်ကို ပိုမို ပြင်းထန်နေပါတယ် ။ ယခုအခါ သူ၏ ဝိဉာဉ်တော်လေး မှာ အတော်ကြီးလာပြီဖြစ်ပြီး သူဟာ လည်း အဆင့် ၅ ပညာရှင်ဖြစ်နေသောကြောင့် စွမ်းအား က တော့ ပြောနေစရာ မလိုတော့ချေ ။
ကောင်ကင်မြင့်တွင် ချန်ရှန် နေရာမှ မိစ္ဆာချီဓာတ် များ ပြင်းထန်စွာ ထွက်ပေါ်နေသောကြောင့် တိမ်မည်းများ ဖြစ် လို့ နေတယ် ။ ချန်ရှန် ဟာ အလွန်ကို အားပြင်းထန်သည့် စွမ်းအား ကို သုံးမှာ ဖြစ်ပြီး နေရာတစ်ခုလုံးကို ဖျက်ဆီးပစ် မှာပါ ။
တဖက်မှာ ရှိနေသည့် လက်ယာဂိုဏ်းသားများ ဟာ လည်း ကောင်းကင်ကို ကြည့်နေကြတယ် ။ ထိုအချိန် မှာ လေထု ဟာ အရမ်းကို ကျဆင်းလာပြီး အဝေးကြီးကပင် အား လုံး ဟာ စတေးခံနေရာမှ လာသည့် ဖိအားများ ကို ခံစားမိနေကြရတယ် ။ သူတို့ဘာတွေ ဖြစ်နေသလဲ မသိကြ သေး ပေ ။ သို့သော် ဒီကာလအတွင်းမှာ သူတို့ဟာ မည် သည့် မိစ္ဆာ၏ တိုက်ခိုက်မှုကိုမျှ မကြုံတွေ့ ခဲ့ပါ ။
ချန်ရှန် ၏နောက်မှ ကြီးမားသော မီးတောင်ပံတစ်စုံ ထွက် ပေါ် လာပြီး ကောင်းကင် ထက်ပျံလိုက်တယ် ။ စင် မြင့် နှင့် ခပ်လှမ်းလှမ်းမှ သူ၏ လက်သီးများကို ဆုပ်လိုက်ပြီး လက်တစ်ခုလုံးမှ သွေးကြောပြာများ ဟာ လက် တစ်ခုလုံးကို လွှမ်းခြုံသွားတယ် ။ သူ၏ ကိုယ်မှာ လည်း ပြင်းထန်လှသော ချီဓာတ်များ စီးဆင်းနေပါတယ် ။
ဂါထာအချို့ ကို လျင်မြန်စွာ ရွတ်ဆိုလိုက်တယ် ။ မရပ် မနား ရွတ်ဆိုပြီး ဝိဉာဉ်တော် ချီဓာတ်များအား အဆက် မပြတ် စုဆောင်းနေပါတယ် ။
ရုတ်တရက် မြေပြင်တစ်ခုလုံးဟာ တုန်ခါသွားတယ် ။ အတိအကျ ဆိုရပါမူ စွန့်ပစ်နယ်မြေ တစ်ခုလုံး တုန်ခါ သွား တာ ဖြစ်ပြီး တစ်စုံတစ်ဦးသာ စွန့်ပစ်နယ်မြေ အပြင်မှာ ရှိနေ မည် ဆိုပါက ၎င်းပင် ခံစားမိပါလိမ့်မည် ။ ပို၍ ကြောက် မက် ဖွယ် ကောင်းသည်မှာ တုန်ခါမှု အပြီးမှာ အ ဆက် မပြတ် မြည်သံကြီးများ ထွက်ပေါ်လာပြီး ငရဲမှ အ သံ များ လိုပင် အလွန်ကြောက်မက်ဖွယ် ကောင်းလှပါတယ် ။
“စွန့်ပစ်နယ်မြေ အတွင်းမှာ ပုန်းနေတယ့် မိစ္ဆာတွေ အားလုံး အော်နေကြပြီ”
ဘိုင်ယုယု ခနဲ့တဲ့တဲ့ ပြောလိုက်တယ် ။
“ဒီ နေရာ ပျက်ဆီးသွားတာနဲ့ သူတို့ ဘယ်တော့မှ ပြန် မပေါ် လာနိုင်တော့ဘူး”
“ဘာလို့လဲ”
ချန်ရှန် မေးလိုက်တယ် ။ ထိုအချိန်မှာ သူဟာ စွမ်းအား များ စုဆောင်းနေဆဲပါ ။
“နယ်မြေသုံးခု ဆုံတယ့်အခါကျ မိစ္ဆာပိုင်နက် က လူတွေ မရောက်လာနိုင်တော့ဘူးလား ။ ဘယ်လိုလဲ”
“မရဘူး ၊ ဒီလမ်းကြောင်းနဲ့ ဒီမိစ္ဆာတွေ ရဲ့ ဝိဉာဉ်တော် တွေ ဟာ ချိတ်ဆက်ထားတာ ၊ ဒီနေရာ ပျက်ဆီးတာနဲ့ သူ တို့ ရဲ့ ဝိဉာဉ်တော်တွေ ဟာလည်း ပျက်ဆီးသွားလိမ့်မယ် ၊ သူတို့ရဲ့ ဝိဉာဉ်တော်တွေဟာ ဒီနေရာ တည်ဆောက် က တည်း က ချိတ်ဆက်ထားကြတာ ၊ နောက် ဒီ စတေးခံနေ ရာ ကလည်း သူတို့ ရဲ့ စွမ်းအားကို လိုတယ်လေ ၊ ဒါပေမယ့် တချို့ ကောင်တွေတော့ ကျန်နေသေးလိမ့်မယ် ။ ဒီနေရာ နဲ့ ဝိဉာဉ်တော် မချိတ်ဆက်ထားတယ့် မိစ္ဆာတွေပေါ့”
ဘိုင်ယုယု ပြောလိုက်တယ် ။
တောင်ပိ်ုင်း စွန့်ပစ်နယ်မြေ ဟာ ငရဲ ကျနေသလိုပါပဲ ။ အော် မြည် သံများ လှုပ်ခတ်တုန်ခါမှုများ ဟာ ဆက်တိုက် ဖြစ် ပေါ်နေပြီး ချန်ရှန် ဆီသို့ မိစ္ဆာချီဓာတ်များ ရောက်ရှိနေ မှုကြောင့် တိမ်မဲများဟာလည်း လှုပ်ရှားလို့နေတယ် ။ ဒီ လို တွေ ကြောင့် လက်ယာဂိုဏ်းသားများ ဟာ စိုးရိမ်လို့နေပါ တယ် ။
“ရပြီ”
ချန်ရှန် အသက်ကို ပြင်းပြင်း ရှူသွင်းကာ ဂါထာများ အဆက် မပြတ် ထပ်မံရွတ်လိုက်တယ် ။ ရုတ်တရက် များပြား လှသော အမည်းရောင်ချီဓာတ်များဟာ ကြီးမား သော နဂါး လက်သည်းကြီးအဖြစ် ပေါ်လာတယ် ။
နဂါးလက်သည်းဟာ အတော်ကို ကြီးမားလှပြီး ယခု လို စင်မြင့် နေရာ တစ်ခုတည်း မဆိုထားနှင့် ဆယ်ခုကိုပင် လွှမ်းခြုံထားနိုင်ပါတယ် ။ ခပ်ဝေးဝေးမှ ကြည့်မည် ဆိုပါက မြို့ ကြီးတစ်မြို့ လောက်ကို ကြီးမားလှပါတယ် ။
ချန်ရှန် မျက်ခုံးရှုံ့ ကာ သူ၏ နတ်အတွင်းအား အာရုံ များကို လျင်မြန်စွာ ရုတ်သိမ်းလိုက်တယ် ။ စွမ်းအား စုစည်း မှုကို လည်း ရပ်လိုက်ပြီး အမည်းရောင် နဂါးလက်သည်း ကြီးဟာ လှုပ်ခါလာတယ် ။ အကြေးခွံများ ဖုံးနေသော် လည်း ချွန်မြလှသော လက်သည်းကြီးများကို နဂါးအစစ် ၏ လက်သည်းများအလား ရှင်းလင်းစွာ မြင်နိုင်ပါတယ် ။
“ကောင်းကင် နဂါး တံဆိပ်တော် . . .”
ချန်ရှန် အော်ဟစ်ကာ ကြီးမားလှသော လက်သည်း ကြီး ဖြင့် ထိုးချလိုက်တယ် ။ တချိန်တည်းမှာပဲ ပြင်းထန် လှ သည့် ဖိအား နှင့်အတူ ပေါက်ကွဲမှုများပါ လိုက်ပါလာပြီး ချန် ရှန် ပါ လွင့်ထွက်သွားပါတော့တယ် ။
ကြီးမားလှသော လက်သည်းကြီးဟာ စင်မြင့်ပေါ်ကို ကျ ရောက် လာသောကြောင့် မိစ္ဆာများ ၏ အော်သံများကို ကြား လိုက်ရတယ် ။ တချိန်တည်းမှာပဲ ကမ္ဘာကြီးကိုပင် ပေါက် ကွဲ မတတ် အသံများဟာ ထွက်ပေါ်လာပါတော့ တယ် ။
စင်မြင့်ကို ကြီးမားလှသော နဂါးလက်သည်းကြီးဖြင့် ထိုးချခံရပြီးနောက် ထိုနေရာဟာ ရေကန်တစ်ခုလိုပင် ဖြစ် ကာ ကျောက်တုံးများဖြင့် ပြည့်လျက် ရှိနေပါတယ် ။
သဲများ ခဲများ ဟာ အရပ်မျက်နှာ အသီးသီးသို့ လွင့် စင် နေပြီး အရာအားလုံးဟာ ပြားပြားဝပ်သွားရပါပြီ ။ တော အုပ် တစ်ခုလုံးဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး တောင် ကြီး တစ်ခုလုံးကိုပင် လုံးဝ တစ်စစီ ဖြစ်သွားစေမှာပါ ။ ပေါက်ကွဲမှုများဟာ မရပ်မနား ဖြစ်ပေါ်နေပြီး ကောင်းကင် ကြီး ပြိုကျ ကာ ကမ္ဘာကြီး အဆုံးသတ်တော့မလိုပါပဲ ။
ချန်ရှန် ၏ ချီဓာတ်များ နှင့် နတ်အတွင်းအား အာရုံ များ ဟာ ကုန်သလောက် ဖြစ်နေပါပြီ ။ အနည်းငယ်မျှသော အနီရင့်ငှက် ချီဓာတ်များ ကျန်သေး၍သာ တောင်ပံများကို ထုတ် နိုင်တာပါ ။ ထိုသို့ လေပေါ် ပျံလိုက်နိုင်သော်လည်း အ လွန်ပြင်းထန်လှသော လေအားကြောင့် လွင့်ထွက် သွားပါသေးတယ် ။
“ပျက်ဆီးသွားပြီလား မသိဘူး”
ချန်ရှန် ဘာမျှ မမြင်ရပေ ။ သူ့တစ်ကိုယ်လုံး စုတ်ပြတ် နေပြီး လွင့်ထွက်သွားခဲ့ရတာပါ ။ ပတ်ဝန်းကျင်တစ်ခုလုံး မည်း မှောင်နေပြီး ကျောက်ခဲများ သစ်ပင်အစအန များ ဖြင့် ပြည့်နေပါတယ် ။ သူကိုယ်တိုင်ပင် ကောင်းကင်နဂါး တံဆိပ်တော် ဟာ ထိုမျှလောက် အစွမ်းထက်လိမ့်မည် ဟု မထင်ထားခဲ့မိပါ ။
“ပျက်ဆီးသွားပြီ ၊ ဒါတွေအားလုံးဟာ ကောင်းကင် နဂါး တံဆိပ် တော် နဲ့ စတေးခံ စင်မြင့် ကြောင့် ဖြစ်သွားရ တာ ပဲ ။ အဲဒိနေရာက စွမ်းအားဟာ သိပ်သည်းပြင်းထန် တယ် ။ ပေါက်ကွဲထွက်သွားတယ့်အခါ ခုလို ဖြစ်သွားရတာ ပဲ”
လောင်ဆုရီ ပြောပြတာပါ ။
ချန်ရှန် လည်း ဖြစ်နိုင်သဖြင့် လက်ခံမိတယ် ။ ဒီလိုသာ မဟုတ်ပါက သူ၏ ယခု ပြင်းအားဟာ နိဗ္ဗာန် အဆင့် ပညာရှင်နှင့် မခြားပေ ။ သူမည်မျှပင် စွမ်းအား ကြီးပါစေ ယခု အခြေ အနေတွင် နိဗ္ဗာန်အဆင့် ပညာရှင်ကိုတော့ မရှင် နိုင်သေးတာ ကို သိနေတယ် ။ ထိုကဲ့သို့သော ပညာ ရှင်များဟာ လက်ချောင်းလေးဖြင့်ပင် သူ့ကို သတ်နိုင်မှာ ဖြစ် ပါ တော့တယ် . . . ။