Switch Mode

Chapter – 252

မိစ္ဆာဝိညာဥ်

Chapter – 252 မိစ္ဆာဝိဉာဉ်

သူ၏ ရင်ဘတ်ကို ကိုင်ရင်း မျက်လုံးများမှ အနီရောင် အလင်းများဟာ ပျောက်ကွယ်သွားပြီး မိုးပြာရောင် အဖြစ် ကြည်လင်စွာ ပြောင်းလဲသွားတယ် ။ နတ်ဆရာ လည်း နောက်သို့ ဆုတ်ခွာကာ မယုံကြည်နိုင်ဟန်ဖြင့် –
“ဘယ် . . . ဘယ်လို ဖြစ်နိုင်မှာလဲ ။ ဒီလို အရမ်းလျို့ ၀ှက်တယ့် ကျင့်စဉ်ကို မင်း ဘယ်လို သိတာလဲ ။ မင်းက လက်ယာဂိုဏ်းကလူ ၊ နောက် မင်းက ငါတို့ကို ပြန်တိုက် တဲ့ လူ ။ လုံးဝ မဖြစ်နိုင်ဘူး. . .”
သူ မဖြစ်နိုင်သည့် အကြောင်းကို အကြိမ်ကြိမ် ပြောဆို ရင်း သူ့တစ်ကိုယ်လုံး ဟာ အမည်းရောင် အဖြစ် တဖြည်း ဖြည်း ပြောင်းလဲသွားကာ အခိုးအငွေ့ အဖြစ် လေထဲသို့ လွင့် ပါ သွားပါတော့တယ် ။
ချန်ရှန် သက်ပြင်းကို လေးလေးပင်ပင် ချလိုက်တယ် ။ သူသံသယ ဖြစ်မိသည့် အရာမှာ နတ်ဆရာ၏ ပါးစပ်မှ လျို့ ဝှက်သည့် ကျင့်စဉ် ဟု ပြောလိုက်ခြင်းကိုပါ ။
“အမတော် ယုယု ၊ ဒီလူက လျို့ ဝှက်ကျင့်စဉ်လို့ ပြော သွားတယ်နော် ။ ဘာကို ဆိုလိုတာလဲ”
ချန်ရှန် လှံရှည်ကို ဆွဲထုတ်ကာ မေးလိုက်တယ် ။ ထို အချိန်တွင် ၎င်းဟာ အဖြူရောင် ကျောက်စိမ်းလို တောက် ပ နေ ပြီး အမည်းရောင် အင်းကွက်များဖြင့် ပတ်ထားပါ တယ် ။ ကြည့်ရသည်မှာ တမျိုးတမည် ဖြစ်နေပြီး မိစ္ဆာ ဆန် ဆန် ပါပဲ ။
“သိပ်ပြီး မေးမနေနဲ့ ၊ အရမ်းကို အစွမ်းထက်တယ် ဆို တာ ကိုပဲ မှတ်ထားလိုက် ။ ဒါဆို လုံလောက်တယ်”
ဘိုင်ယုယု က ပြောလိုက်တယ် ။
သူမကြည့်ရသည်မှာ သူ့ကို သိပ်အများကြီး မပြောလို ပုံပါ ။
“ကောင်လေး ၊ မင်း နတ်ကျင့်စဉ်တွေကို တခြားလူ တွေရဲ့ ရှေ့ မှာ မသုံးနိုင်တယ့် အကြောင်းရင်းကလည်း အဲ လိုပဲ ။ အမတော်ဟာ စည်းမျဉ်းတွေ ချိုးဖောက်ပြီး မင်းကို ဒီအစွမ်းထက် ကျင့်စဉ်တွေကို သင်ပေးထားတာ ။ မင်းသုံး တယ့် အခါကျ ဂရုစိုက်ဖို့လိုတယ် ။ အမတော်ရဲ့ မျှော်လင့် ချက်တွေကို မဖျက်ဆီးပါနဲ့”
စုမေးယို ပြောလိုက်တာပါ ။
ချန်ရှန် စိတ်ထဲ သက်ပြင်းချမိတယ် ။ သူ့စိတ်ထဲ ဘိုင် ယုယု ၏ ချစ်စဖွယ်မျက်နှာ ၊ လှပသော ကိုယ်ဟန်တို့ဟာ ပျောက်ကွယ်သွားပြီး အလွန်ရှုပ်ထွေးသော အတွေးများ ဖြစ် ပေါ် လာပါတယ် ။ ဘိုင်ယုယု မှာ အလွန်လျို့ ဝှက်အပ် သော ကိစ္စများ ရှိနေမည် ဆိုတာကို သူသိနေတယ် ။ စုမေး ယိုလည်း အတူတူပါပင် ။ သို့သော်လည်း သူစိုးရိမ်မိသည် မှာ ဘိုင်ယုယု ကိုပါ ။ အဘယ်ကြောင့်ဆိုသော် သူမဟာ ရက်စက်သည့် မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံလို့ပါပဲ ။ ၎င်း ဟာ ကျင့်ကြံသူကို သူ၏ မိတ်ဆွေ ၊ မျိုးနွယ်စုများကို မှတ် မိ စေမည် မဟုတ်တော့ပဲ အလွန် အန္တရာယ် များလှပါတယ် ၊ ဒီကျင့်စဉ်ကို မလုပ်တော့ဘူး ဆိုပါကလည်း သူမအနေ ဖြင့် ဒုက္ခကြီးကြီးမားမား ကိုကြုံတွေ့ မှာပါ ။
ချန်ရှန် အသေအချာ ယူဆမိသည့် အချက်မှာ ဘိုင်ယု ယု ဟာ မိစ္ဆာနယ်မြေမှ အရေးကြီးတယ့် ပုံရိပ်တစ်ခု ဟု ယူ ဆမိတာပါ ။ ယခုအခါ သူမဟာ အစွမ်းထက် သိုင်းပညာ ရှင် အများအပြား၏ လိုက်လံခြင်းကို ခံနေရတာဖြစ်ပြီး သူ မ သာ သူမ၏ မိစ္ဆာကျင့်စဉ်များကို မပြုလုပ်တော့ဘူး ဆို ပါက စွမ်းအားများ မရှိတော့ပဲ ခုခံရန် ခက်ခဲသွားမှာပါ ။ ဒါ့ ကြောင့် သူ၏ အားကို နှစ်ဆလောက် စိုက်ကာ စွမ်းအား များ တိုးလာမှသာ ကွင်းထဲရှိ မိန်းမလှလေးအား ကယ်တင် စောင့်ရှောက် နိုင်မှာ ဖြစ်ပါတယ် ။
သူဒီလိုနေရာထိ ရောက်ရှိလာရခြင်းမှာ ဘိုင်ယုယု နှင့် စုမေးယို တို့ကို ဆုံတွေ့ ခဲ့ခြင်းကြောင့်ပါ ။ ဒီ အလှပဂေး နှစ်ဦး၏ စွမ်းအား များ ပြန်လည်ရရှိစေရန် အတွက် သူ အများ ကြီး ကျိုးစားရဦးမှာ ဖြစ်ပါတယ် ။
အစွမ်းထက်လှသည့် နတ်ဆရာမှာ ချန်ရှန် ၏ ရုတ် တရက် တိုက်ခိုက်သည့် နှလုံးဖောက် မိံစ္ဆာ စွမ်းအား ကြောင့် ရှောင်တိမ်းချိန်ပင် မရလိုက်ပဲ နှလုံးသားကို တိုက် ရိုက်ထိမှန်ကာ သေဆုံး သွားရပြီ ဖြစ်ပါတယ် ။ ယခုအခါ မှာတော့ ချန်ရှန် ၏ ရှေ့ ဆက်မည့်လမ်းကို တားဆီးမည့် သူ မရှိတော့ပါချေ ။ သူချက်ချင်းပင် အားလုံးကို ဖျက်ဆီးရမှာ ဖြစ်ပြီး ချန်ဝူနယ်မြေကြီးတစ်ခုလုံး ပြာကျမယ့် အရေးမှ ကယ် တင် ရမည် ဖြစ်ပါတယ် ။
“မင်းကို ငါသင်ပေးတယ့် မိစ္ဆာကျင့်စဉ်တွေဟာ မင်းရဲ့ နတ်နဂါး ကျင့်စဉ်တွေ နဲ့ အတူတူပဲ ။ နဂါးကျင့်စဉ်တွေ ဟာ နဂါးတွေကို ရင်ဆိုင် တိုက်ခိုက်ဖို့ ဖန်တီးခဲ့တာ ၊ အာ့လိုပဲ မိစ္ဆာကျင့်စဉ်ဆိုတာကလည်း မိစ္ဆာနယ်မြေမှာ ရှိတယ့် အစွမ်းထက် မိစ္ဆာတွေကို တိုက်ခိုက်ရတာပဲ ။ မင်းသင့် တော်အောင် အသုံးကျတတ်ဖို့တော့ လိုတယ်”
ဘ်ိုင်ယုယု ပြောတာပါ ။
ချန်ရှန် နာရီ ၀က် လောက် လျှောက်လာပြီးနောက် မိစ္ဆာ ချီဓာတ်များ ပေါများလှသော စင်တစ်ခုကို လှမ်းမြင် လိုက် ရတယ် ။ ထိုအပေါ်မှာတော့ အမည်းရောင် ပုံရိပ်ကြီး တစ်ခုကို တွေ့ လိုက်ရပြီး အလွန် ထိတ်လန့်စရာပါ ။ ထို နေရာ ရောက်သည့်အခါ စွမ်းအားတစ်ခု သူ့ကိုယ်ထဲ ၀င်လာ သလို ခံစားလိုက်ရပြီး ခေါင်းပင် ကိုက်သွားစေပါ တယ် ။
သူခြေလှမ်းတစ်လှမ်း ပြန်ဆုတ်လိုက်တယ် ။ သို့သော် လည်း မနှစ်မြို့ ဖွယ် ခံစားမှုမျိုး ဖြစ်ပေါ်လာနေတုန်း ဖြစ် တာ ကြောင့် အနည်းငယ်ပင် ညည်းလိုက်မိတယ် ။
“ဘယ်လိုတွေ ဖြစ်တာလဲ”
ချန်ရှန် မွန်းကြပ်စွာ မေးလိုက်တယ် ။
“ဒါ အရမ်းအစွမ်းထက်တယ့် နတ်အတွင်းအား အာရုံ တစ်ခု ခင်ဗျားစိတ်ထဲကို ၀င်နေတာ”
လောင်ဆုရီ အလောတကြီး ပြောလိုက်တယ် ။
ချန်ရှန် အတော်ကို အံ့သြသွားတယ် ။ သူအလျင် အ မြန်ပဲ ပြန်ဆုတ်လိုက်ပြီး ထိုအချိန်မှာပဲ သူ့စိတ်ထဲတွင် ရယ် သံကြီး တစ်ခု ကြားလိုက်ရတယ် ။
“ဟားဟား ၊ ကောင်လေး ၊ မင်းက အတော်ကို ပျော့ တာပဲ ။ ငါ မကြာခင် မင်းကို ထိန်းချုပ်သွားမှာ ၊ မင်းက မင်း ရဲ့ အဖော်တွေကို ဒီနေရာကို ခေါ်လာခဲ့ပေးရမယ် ။ နတ်ဆ ရာ သေသွားပေမယ့် လူသာများများ ရှိမယ်ဆိုရင် လမ်း ကြောင်း က ပွင့်လိမ့်မယ်”
“မင်း ဒီ လမ်းကြောင်းကို မဖျက်ဆီးချင်ဘူးလား ၊ ဟား ဟား”
ထိုအသံက မနှစ်မြို့ ဖွယ် ထွက်ပေါ်လျက်ပါ ။
ချန်ရှန် ဒီလူဟာ သားရဲမိစ္ဆာ နှင့် လူသားမိစ္ဆာများကို စေ လွှတ်သူ ဆိုတာ ကို သဘောပေါက်သွားတယ် ။ သူ ဟာ ပုန်းအောင်းနေသော်လည်း သူ၏ နတ်အတွင်းအား အာရုံမှာ အဆုံးမရှိ အတော်ကို စွမ်းလှပါတယ် ။ သူ့ကိုပင် ယခုလို နာကျင်နေစေသည် မဟုတ်ပါလား ။
ချန်ရှန် သူ့ကိုယ်ကို မထိန်းချုပ် နိုင်တော့သလို ခံစား နေ ရတယ် ။ ရှုပ်ထွေးသော အတွေးများ သူ့စိတ်ထဲ ၀င် လာ သလို ဖြစ်နေပြီး သူ့ကို သတ်ဖြတ်ချင်စိတ်ပေါက်နေ စေပါတယ် ။ ဒါတွေအားလုံးဟာ ဟိုလူ၏ နတ်အတွင်းအား အာရုံကြောင့်ဆိုတာ သူသိတယ် ။
“ဒီလူဟာ မိစ္ဆာဝိဉာဉ်တော် ရှိတယ့် လူပဲ ဖြစ်မယ် ၊ နတ် ဝိဉာဉ်တော် နဲ့ အဆင့် အတူတူပဲ ။ မိစ္ဆာလမ်းမှာ အဲဒါ က အတော်ကို ရှားတယ် ။ လက်ယာလမ်း မှာ ရှိနေတာ ထက် ပိုရှားသေးတယ်ကွ”
စုမေးယို ရှင်းပြပါတယ် ။
သူမသည်လည်း အတော်ကို အံ့သြနေပြီး စိတ်လည်း လှုပ်ရှားလျက်ပါ ။
ချန်ရှန် စုမေးယို တို့မှာ နည်းလမ်း သေချာပေါက် ရှိမယ် ဆိုတာကို သိနေတယ် ။ သို့သော်လည်း သူတို့ဟာ ဘာမှ မပြောကြသေးချေ ။
“ခဏနေဦး”
ဘိုင်ယုယု ခပ်တိုးတိုး ပြောတယ် ။
သူမ၏ အသံမှာ နူးညံ့မှုတွေ ပါဝင်နေသလိုပါပဲ ။ ချန် ရှန် ရင်ထဲကိုနွေးသွားကာ နာကျင်မှုများပင် သက်သာ သွား စေသလိုပါပဲ ။
သို့သော်လည်း ရှုပ်ထွေးသည့် အသိစိတ် ၀င်ရောက်မှု ဟာ အားအလွန်ပြင်းပါတယ် ။ သူ့ကိုယ်ကို မထိန်းချုပ်နိုင် တော့ ပါဘူး ။ ထိုအချိန်မှာ သူ့ကိုယ်ဟာ အလွန်လျင်မြန်စွာ ပင် ပြေးနေပါပြီ ။
“ချန်ရှန် ၊ လွှမ်းမိုးတတ်တယ့် မိစ္ဆာကျင့်စဉ်ကို ဒီလူ ဆီ သုံးလိုက် ။ မြန်မြန်”
ဘိုင်ယုယု ရုတ်တရက် အော်လိုက်တယ် ။
ချန်ရှန် နာကျင်မှုကို ခံစားနေရင်း အတော်ကို တုန် လှုပ်သွားတယ် ။ လျင်မြန်စွာပင် မိစ္ဆာကျင့်စဉ်ကို စတင်ပါ တယ် ။ ၎င်းဟာ ချီဓာတ် မဟုတ်ပေမယ့် အစွမ်းထက်လှပါ တယ် ။
သူ့ကိုယ်ထဲ ၀င်ရောက်နေသည့် နတ်အတွင်းအား အာရုံများဟာ တဖြည်းဖြည်း အားပျော့သလို ဖြစ်လာတယ် လွှမ်းမိုးတတ်သော မိစ္ဆာစွမ်းရည် ဟာ ထိန်းချုပ်ခံ အတွေး ထဲ ၀င်ရောက်လာပြီး ထိုအတွေးများ ဟာ မိစ္ဆာပညာရှင် ၏ စွမ်းအားများ ဖြစ်သော်လည်း သိပ်ပြီး မသန့်စင်လှချေ ။ ရှင် တို ကို လေ့ကျင့်ထားသူကတော့ အလွန်ကို သန့်စင်ပါ တယ် ။
ချန်ရှန် သူ့ကိုယ်သူ လှုပ်ရှားလို့ ပြန်လည် ရရှိလာပြီး သူ မြေပြင်ပေါ် တင်ပလ္လင်ခွေ ထိုင်ချကာ စတင် လွှမ်းမိုးပါ တော့တယ် ။ ထိုအချိန်မှာပဲ ကြောက်လန့်တကြား အော်သံ တစ်ခုကို ကြားလိုက်ရတယ် ။
“ဒါ လွှမ်းမိုးတတ်တယ့် မိစ္ဆာကျင့်စဉ်ပဲ ။ မင်းဘယ်လို လုပ် ဒါကို သိ . . . အားး . . . မ . . . လုပ်ပါနဲ့ . . . ငါ့ကို လွှတ်ပေး . မင်းရဲ့ အစေခံ လုပ်ပါ့မယ် . . . အား . . .”
ထိုအသံကို ကြားတယ့်အခါ ချန်ရှန် ပိုပြီးအားစိုက် ကာ သူ့ကိုယ်အတွင်းရှိ နတ်ဝိဉာဉ်တော်ကို လျင်မြန်စွာ ကြီး ထွားစေလိုက်တယ် ။ သူ၏ နတ်အတွင်းအား များမှာလည်း နှစ်ဆ ပိုမိုကောင်းမွန်လာပြီး အလွန်သန့်စင်လှသော နတ် အတွင်းအား အာရုံဖြင့် သူ့စိတ်ထဲဝင်နေသည့် အတွေးများ ကို ဖယ်ရှားပစ်နေတယ် ။ နဂါးနတ်ဘုရားကျင့်စဉ် ကိုးခု ကို လုပ် လိုက်ပြီး သူ၏ ကိုယ်ပိုင် နတ်အတွင်းအား အာရုံ အဖြစ် ပြောင်းလဲလိုက်ပါတယ် ။
“မျိုးမစစ်ကောင် မင်းက ငါ့ကိုယ်ကို ကို ရချင်နေသေး တယ် ။ အခုတော့ နောင်တရဖို့ နောက်ကျသွားပြီပေါ့”
ချန်ရှန် ကျယ်လောင်စွာ ရယ်မောပြောဆိုလိုက်တယ် ။
သူ စုမေးယို နှင့် ဘိုင်ယုယု တို့ ကျင့်စဉ်အကြောင်း သေ ချာ မရှင်းပြတာကို နားလည်သွားတယ် ။ ဒီလိုမှ မဟုတ် ပါက သူဟာ ကျင့်စဉ်ကို နာကျင်မှု သက်သာစေ ရန်ပဲ သုံးဖြစ်မှာ ဖြစ်ပြီး အဲလိုသာဆိုပါက သူ၏ နတ်အ တွင်း အား အာရုံဟာ အားနည်းသွားမည် ဖြစ်ပြီး ဒုက္ခတွေ့ စေမှာပါ ။
သူဟာ သူ့အပြုအမူကို သူ နားမလည်သော်လည်း မိစ္ဆာ ဝိဉာဉ်တော်အား သူ့ အသိစိတ်ထဲ ထည့်နေမိတယ် ။ ဒါဟာ သူ့အတွက် ပိုမိုလွှမ်းမိုးရ လွယ်ကူစေပြီး သူ၏ နတ် အတွင်းအား အာရုံများကို မှန်မှန် စီးဆင်းစေကာ မိစ္ဆာ ဝိဉာဉ်တော် ၏ စွမ်းအားများအား လွှမ်းမိုးနေပါတော့တယ်
“ဒီလူက သိပ်ပြီး အတွေ့ အကြုံ မရှိသေးဘူး ။ ဒါပေ မယ့် မမျှော်လင့်ပဲ သူဟာ ပုန်းအောင်းနေပြီး နတ်ဝိဉာဉ် တော် ကို ကျင့်ကြံနိုင်တယ် ။ ဘာပဲဖြစ်ဖြစ် ခင်ဗျား တော့ အမြတ် ရသွားတာပေါ့”
လောင်ဆုရီ ခပ်လှောင်လှောင် ရီမောနေတယ် ။
သူက ချန်ရှန် ၏ လွှမ်းမိုးတတ်သော မိစ္ဆာကျင့်စဉ် အစွမ်း ထက် ပုံကို သိနေတယ် ။ ဒါ့ကြောင့်ပဲ သူမဟာ အ စ ကတည်းက စိုးရိမ်ခြင်း မရှိခဲ့ပေ ။
လွှမ်းမိုးခံနေရသည့် မိစ္ဆာဟာ ညည်းညူနေတုန်းပါ ။ အတော် ခံစားရခက်နေပုံရပြီး ချန်ရှန် ကတော့ ဆက်လက် ပြုလုပ်နေပါတယ် ။
မိစ္ဆာလမ်းကို လျှောက်သူများ အကြားမှာ နတ်ဝိဉာဉ် တော်ကို မိစ္ဆာဝိဉာဉ်တော် ဟု ခေါ်ပြီး ရှင်တို နဲ့ အတူတူပါ ပဲ ။ မိစ္ဆာနယ်မြေမှာ ၎င်းဟာ ပိုမို ရှားပါးတာ ဖြစ်ပြီး လက် ယာ လမ်းမှာတောင် နဂါးများသာ ရှင်တိုကို လေ့ကျင့် နိုင် တာပါ ။ ၎င်းဟာ လူသားမျိုးနွယ်များမှာ ရှိတောင့်ရှိခဲဖြစ် ပြီး တချို့ မှာတော့ ရှိနေပါတယ် ။
ချန်ရှန် နတ်ဝိဉာဉ်တော်အား အစွမ်းကုန် သုံးလိုက် တယ် ။ ဒီမတိုင်ခင်က သူဟာ ဝိဉာဉ်တော် ဒြပ်စင်ဆေး ကို စားခဲ့တာဖြစ်ပြီး သူ့စွမ်းအားများကို ဖြည့်ခဲ့တာပါ ။ ယခု အခါ သူဟာ ငယ်ရွယ်သည့် မိစ္ဆာဝိဉာဉ်တော် ကို လွှမ်းမိုး လိုက် တာ ဖြစ်ပြီး သူ့တိ်ုးတက်မှုကို လျင်မြန်စေတော့မှာ ပါ
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာတယ် ။ ညည်း ညူသံဟာ တဖြည်းဖြည်း အားနည်းသွားပြီး ချန်ရှန် က တော့ မရပ်သေးပါဘူး ။ ခုနကပဲ ဒီမိစ္ဆာဟာ သူ့ကို ထိန်းချုပ် ကာ လမ်းကြောင်းကို ဖွင့်စေခဲ့သည် မဟုတ်ပါလား . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset