Switch Mode

Chapter – 251

မိစ္ဆာနှလုံးသားကို ထိုးဖောက်ခြင်း

Chapter – 251 မိစ္ဆာနှလုံးသားကိုထိုးဖောက်ခြင်း

ချန်ရှန် သူ၏ ဓားကြီးဖြင့် နတ်ဆရာအား ခုတ်ပိုင်း လိုက်စဉ် မှာပဲ နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ် ။ နတ် ဆရာ ၏ လက်ဟာ ရုတ်တရက် နောက်သို့လည်ထွက်လာ ပြီး ချန်ရှန် ၏ ဓားခုတ်ချက်အား လှံဖြင့် ကာလိုက်ပါတယ် ။ တချိန်တည်းမှာပဲ လှံတံ၏ သက်ရောက်မှုဟာ မိုးပြာနဂါး ဓားမှတဆင့် ချန်ရှန် လက်ကောက်ဝတ်ထိ ကျဉ်တက်သွား ပြီး ချန်ရှန် ဓားပင် လွတ်ကျမလို ဖြစ်သွားရတယ် ။
နတ်ဆရာ ၏ ခုခံမှုဟာ ပေါ့သေးသေးတော့ မဟုတ် ချေ ။ ချန်ရှန် မျှော်မှန်းထားသည်ထက်ကို များစွာ ပိုပြီး အ တော် လေးကိုအံ့အားသင့်သွားရပါတယ် ။ ချန်ရှန် ၏ တိုက် ခိုက်မှုမှာ အလေးချိန် ပေါင်သောင်းချီ ပါဝင်ပြီး မိုးပြာနဂါး ဓား ၏ စွမ်းအားများလည်း ပေါင်းစပ် ပါဝင်နေပါသေးတယ် ၊ မိစ္ဆာများအားလုံးအတွက် ဒါဟာ လုံးဝ အိပ်မက်ဆိုးပါ ။ ယခုအခါမှာတော့ ခပ်ပါးပါး လှံတံ၏ ပိတ်ဆို့မှုကို ခံလိုက် ရပါ တော့ တယ် ။
ချန်ရှန် အံ့သြမင်သက် နေတုန်းမှာပဲ နတ်ဆရာဟာ တဖက် လှည့်လာပြီး ကြီးမားလှသော လက်သည်းကြီးဖြင့် တဖန် တိုက်ခိုက်ပြန်ပါတယ် ။ ယခုတိုက်ခိုက်မှုဟာ အ တော် ကို ထိတ်လန့်စရာဖြစ်ပြီး မနှစ်မြို့ ဖွယ် အငွေ့ များ စီး ဆင်းပြီး မြင်ရသူတိုင်းကို တုန်လှုပ်နေစေမှာပါ ။
ချန်ရှန် လက်သည်းကြီးကို ကြည့်ရင်း နတ်ဆရာ ၏ လက် ကောက် ၀တ်အား ဖမ်းဆွဲထားလိုက်တယ် ။ ပါးလွှာ သော ချီဓာတ်များ ချန်ရှန် ၏ လက်ငါးချောင်းမှာ စီးဆင်း ကာ အလွန်အားပြင်းသော ဖိအားများ ပါဝင်နေပါတယ် ။ ဒါ ဟာ သိမ်မွေ့ လက်ချောင်း တိုက်ကွက် ဖြစ်ပြီး ၎င်းနှင့် ထိ တွေ့ သည့် အရာအများစုဟာ အရည်ပျော်သွားရမှာပါ ။
ဒီတစ်ချိန်မှာတော့ ချန်ရှန်ဟာ ချီဓာတ်အများအပြား ကို ယခင်ကထက် များစွာ အသုံးပြုထားပါတယ် ။ ပိုမို အ စွမ်းထက်နေမှာ ဖြစ်ပြီး နတ်ဆရာ၏ လက်ကောက်ဝတ် ကို ဖမ်းဆုပ်မိသည့် အခါမှာတော့ ပြင်းထန်စွာပင် ညှစ်ချ လိုက်တယ် ။ သို့သော်လည်း အရာအားလုံးဟာ သူထင်သ လို မဖြစ်လာချေ ။ သူ၏ လက်ငါးချောင်းလုံးဟာ နတ် ဆ ရာ ၏ အသားကို ဖောက်ဝင်သွားပြီး အရိုးဆီမရောက်ခင် မှာပဲ သူ၏ သိမ်မွေ့ လက်ချောင်းအား တွန်းကန်သည့် အား တစ်ခုကို ခံစားလိုက်မိပါတယ် ။
တစ်ချိ်န်တည်းမှာပဲ နတ်ဆရာလက်ထဲမှ လှံတံ ထွက် လာ ခဲ့တယ် ။ အနီရောင်အလင်းတန်းတစ်ခု ဟာ ချန်ရှန် ၏ ရင်ဘတ်သို့ ထွက်သွားပြီး နတ်ဆရာ၏ မျက်နှာမှာလည်း ဂုဏ်ယူဟန် ဖြင့် ပြုံးနေပါတယ် ။ သူနဲ့ ချန်ရှန် ဟာ သိပ် မကွာ ဝေးတာကြောင့် ပြေးလို့မရတော့ချေ ။ ချန်ရှန် အား လှံရှည် ဖြင့် တိုက်ခိုက်တာကို ခံလိုက်ရပြီး ဒီ တစ် ကြိမ်မှာတော့ ရှောင်တိမ်းလို့ မရတော့ပါချေ ။
လှံတံဟာ ချန်ရှန် ၏ ရင်ဘတ်ကို ထိမှန်သွားပြီး ဘာမှ တော့ ဖြစ်မလာပါချေ ။ ပြင်းထန်သော တုန်ခါမှုကြီး ဖြစ်ပေါ် ကာ ချန်ရှန် အား ခြေလှမ်းတစ်ရာစာလောက်ထိ လွင့် ထွက် သွားစေပါတယ် ။
ချန်ရှန် သက်ပြင်း ချလိုက်မိတယ် ။ အမည်းရောင်လိပ် ချပ်ဝတ် ကြောင့်သာမဟုတ်ရင် လှံရှည်ဟာ သူ၏ နှလုံး သား အား တည့်တည့်ပင် စိုက်ကာ သေဆုံးသွားနိုင်ပါ တယ် ။
အမည်းရောင်လိပ် ချပ်ဝတ်ဟာ ရှေးကျသည့် နတ်ဘု ရား ၏ ချပ်ဝတ်ဖြစ်ပြီး ၎င်းချပ်ဝတ်ဟာ ဖျက်ဆီးလို့ မရပါ ချေ ။ ဓားများ လှံများ ၊ သို့မဟုတ် တခြားလက်နက်များ ၏ အပြင်ပိုင်း တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်ပြီး အားသက် ရောက်မှုကိုလည်း တ၀က်လောက်ထိ လျော့ချပေးနိုင်ပါ တယ် ။
“ဒီလူက ခင်ဗျားထက် အစွမ်းထက်နေတယ် ။ ခင်ဗျား က သူ့ကို တိုက်ဖို့နေနေသာသာ မနည်းကာနေရတယ် ။ ကျွန်မရဲ့ အားနဲ့ ပေါင်းမယ် ဆိုရင်ကော ဘယ်လိုလဲ”
လောင်ဆုရီမေးလိုက်တယ် ။
“အခုချိန်မှာ မလိုသေးဘူး ။ မင်းရဲ့ အားကို အရေး ကြီး ဆုံး အချိန်ကျမှ သုံးမယ် ။ ငါတို့ခုထိ အာ့လိုအခြေအနေ ကို မရောက်သေးဘူး”
ချန်ရှန် လောင်ဆုရီ ၏ ကမ်းလှမ်းချက်ကို ငြင်းဆန် လိုက် ပါတယ် ။
ချန်ရှန် ကောင်းစွာ မတ်တပ်ရပ်နေသည်ကို နတ်ဆရာ မြင့် သည့် အခါ နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ အ ဘယ်ကြောင့်ဆိုသော် သူ၏ အားအကုန်သုံးကာ တိုက်လိုက် သော် လည်း သူ၏ ရန်သူမှာ ဘာမှ မဖြစ်သွား သော ကြောင့်ပါ ။
ချန်ရှန် ၏ ကိုယ်မှ ရေငွေ့ များ ရုတ်တရက် ထွက်လာ ကာ အရင်တစ်ခေါက်လိုပဲ နတ်ဆရာ၏ အောက်တွင် ရေ နွယ်ပင်များ ထွက်ပေါ်လာပါတော့တယ် ။ တင်းကြပ်စွာ ချုပ် ထားပြီး ချန်ရှန် ဟာ သူ၏ ရေများကို အမည်းရောင်လိပ် ချီ ဓာတ်များကို အသုံးပြု၍ ဖန်တီးထားတာပါ ။
ထိုအချိန်မှာပဲ ချန်ရှန်ဟာ နတ်ဆရာ၏ ရှေ့ မှ ပေါ်လာ ပြီး နတ်ဆရာအား ရေနွယ်များမှ ချုပ်ကိုင်ထားစေရန် သူ ၏ နတ်အတွင်းအား အာရုံများဖြင့် ထိန်းချုပ်လိုက်ပါတယ် ။ နတ်ဆရာဟာ အလွန်လျင်မြန်ပြီး ချန်ရှန် ၏ တိုက်ခိုက်မှု များ ကို ရှောင်တိမ်းလိုက်နိုင်တာကြောင့် ယခုနည်းလမ်း ဖြင့် သာ သူတိုက်ခိုက်ဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ် ။
နတ်ဆရာဟာ မလှုပ်နိုင်သော်လည်း တည်တည်ငြိမ် ငြိမ် ပါပဲ ။ မြဲမြံစွာ ရပ်နေပြီး သူ၏ လှံရှည်အား ချန်ရှန် ဆီသို့ ပစ်လွှတ်လိုက်တယ် ။ သူဟာ ယခုလို ဖြစ်လာမည်ကို တွက် ဆထားပြီး တချိ်န်တည်းမှာပဲ လှံရှည်ဟာ ရောက်ရှိ လာတာပါ ။ သူ၏ လက်မှ အကာအကွယ်များ ရုတ်တရက် ထွက်ပေါ်လာပြီး လှံရှည်ကို ဖမ်းနေတယ် ။ တချိန်တည်းမှာ ပဲ မိုးပြာနဂါးဓားကြီးကိုလည်း မြောက်လိုက်ပါတယ် ။
မိုးပြာနဂါးဓားကြီးဟာ တုန်ခါနေတယ် ။ ချီဓာတ်များ ဟာ လည်း အရပ်မျက်နှာတိုင်းသို့ ထွက်နေပြီး လေပြင်း များ ဟာလည်း တိုက်ခတ်လို့နေပါတယ် ။ တိမ်မည်းများ ဟာ ရွေ့ လျားနေပြီး ကျယ်လောင်သော မိုးကြိုးသံများ မြည် ဟည်း လျက် မိုးပြာရောင်လျှပ်စီးများလည်း လက်နေ ပါတယ် ။ ထိုအချိန်မှာ ချန်ရှန်ဆီသို့ အလွန်ပြင်းထန်သော အဟုတ်ဖြင့် လှံတံဟာ လာနေပြီး ချန်ရှန်ဟာ ပင်လယ် လှိုင်းများ အကြား ၇ပ်နေသူ တစ်ယောက်လိုပါပဲ ။
လှံရှည်အား ချန်ရှန်ဟာ တင်းကြပ်စွာ ဖမ်းဆီးလိုက်ပြီး သူ ၏ လက်မှာ အမည်းရောင်လိပ် အကာအကွယ်များ ကာရံ ထားသော်လည်း လှံတံ၏ ပြင်းထန်သော စွမ်းအား များ ကို ခံစားနေရတုန်းပါ ။ သူမိတာနဲ့ တခဏအတွင်းမှာပဲ သူ၏ လက်ဟာ ပေါက်ကွဲထွက်သွားတယ် ။ ဒါကြောင့်ပဲ သူ ဟာ ဆက်လက် မထိန်းချုပ်တော့ပဲ ဓားကြီးကို နတ်ဆရာ ထံသို့ ခုတ်ပိုင်းချလိုက်ပါတော့တယ် ။
လှိုင်းရိုက်ခတ်မှုများဟာ နဂါးခုနစ်ကောင် သတ်ဖြတ် ခြင်း ထဲမှ လှုပ်ရှားမှု တစ်ခုဖြစ်ပြီး မိုးပြာနဂါး ဓားနှင့် မိုး ပြာ နဂါး ချီဓာတ် တို့ ပေါင်းဆုံမှုဟာ အလွန်ကို ထိတ်လန့်စ ရာ တိုက်ခိုက်မှုပါ ။ ဒီလိုတိုက်ကွက်ကို အသုံးပြုတာနဲ့ ကြီး မား သော ဆူနာမီ တိုက်ခတ်လိုက်သလိုပါပဲ ။ ကမ္ဘာမြေ ကြီး တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေမှာပါ ။
“အား”
မိုးပြာနဂါးဓားကြီး ကျရောက်သွားသောအခါ နတ် ဆရာ ပါးစပ်မှ သွေးများ ကျလာပြီး စူးစူးရှရှ အော်လိုက်ပါ တယ် ။ မြေပြင်ကြီးဟာလည်း ချန်ရှန် ၏ ဓားခုတ်ချက် ကြောင့် ပက်ကြားအက်လို့နေပါတော့တယ် ။
ချန်ရှန် ပထမကတည်းက နတ်ဆရာကို နှစ်ပိုင်း ပိုင်း ချင် နေတာပါ ။ သို့သော်လည်း ထူးဆန်းသော တုန့်ပြန်မှု ကြောင့် လွဲချော်နေခဲ့ရပြီး နတ်ဆရာ၏ လှံကိုင်သော လက် ကို သာ ဖြတ်နိင်ခဲ့တယ် ။
မည်သို့ပင်ဆိုစေကာမူ ချန်ရှန် ဟာ အတော်လေး စိတ် လှုပ်ရှားနေတယ် ။ လှံတံအား ဝေ့ယမ်းလိုက်ပြီး လျင်မြန် စွာ ဆွဲယူလျက် သူ ၏ အိတ်အတွင်းသို့ ပစ်သွင်းလိုက်ပါ တော့တယ် ။
“ဒီကောင်ကြီး ရဲ့ အားနည်းချက်က နှလုံးသားပဲ ။ မင်း မလွဲဘူးဆိုရင် မင်းဓားက သူ့နှလုံးသားကို ပျက်ဆီးစေလိမ့် မယ်”
ဘိုင်ယုယု ရုတ်တရက် ပြောလိုက်တယ် ။
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားတယ် ။ သို့သော် လည်း တချိန်တည်းမှာပဲ နတ်ဆရာဟာ အော်သံကြီးနှင့် အတူ ရေနွယ်များမှ လွတ်မြောက်လာပြီး ချန်ရှန် ဆီသို့ တဟုန်ထိုး လာနေတယ် ။ ချန်ရှန်အား အတော် အံ့အား သင့် စေသည့် အချက်မှာ ခုနက သူဖြတ်ပစ်လိုက်သော လက် ဟာ ပျံသန်းသွားပြီး သူ့ဟာသူ ပြတ်သည့်နေရာမှ ပြန် ဆက် သွားလို့ပါ ။
ချန်ရှန်လည်း အံ့အားသင့်နေရာမှ သူ၏ ဓားကြီးဖြင့် တစ်ချက်ပြီး တစ်ချက် ခုတ်ချနေတော့တယ် ။ ဓားခုတ်ချက် တစ် ချက် ဆီတိုင်းဟာ လေပြင်းများ ကို တိုက်ခိုက်စေပြီး စွမ်းအားကြီး ချီဓာတ်များဟာလည်း ဓားကြီးနှင့် နတ်ဆရာ ကိုယ်တို့ ထိတွေ့ ရာမှ ထွက်ပေါ်နေကာ ပေါက်ကွဲမှုများ ဟာ ဆက်တိုက် ဖြစ်ပေါ်နေပါတော့တယ် ။ သို့သော် လည်း စ ခုတ်ကတည်းက လျှပ်စီးလတ်သလို တိုက်ခိုက်နေပေ မယ့် သူ၏ ခုတ်ချက်များမှာ နတ်ဆရာကို သက်ရောက်မှု မရှိသလိုပါပဲ ။
ပြီးခဲ့သော အချိန်လေးအတွင်းမှာ ချန်ရှန် ဟာ စွမ်း အား ကြီး လှသည့် ခုတ်ချက်များ ဖြင့် ခုတ်ပိုင်းခဲ့ပေမယ့် နတ် ဆရာ ဟာ ချန်ရှန် ရှေ့ သို့ ရောက်လာပါသေးတယ် ။ သူ ထပ်မံခုတ်ဖို့ လုပ်စဉ်မှာပဲ နတ်ဆရာဟာ ရုတ်တရက် မိုးပြာနဂါးဓားကြီး၏ ထိပ်ပိုင်းအား ရုတ်တရက် ဆုပ်ကိုင် လိုက်တယ် ။ ခုနက ချန်ရှန် လှံတံကို ကိုင်လိုက်သလိုပါပဲ ။
ချန်ရှန် သူ၏ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရ တာ ကို တွေ့ ရတယ့်အခါ သူလည်း မလှုပ်နိုင်ပါဘူး ။ ဒီ လို စွမ်းအားမျိုးက သူု့ကို အလွန်ကြောက်ရွံ့ သွားစေပြီး သူ တော့ နတ်ဆရာကို စိတ်ဆိုးအောင် လုပ်မိသွားပြီ လို့ ခံစား လိုက်ရပါတယ် ။ နောက် နတ်ဆရာဟာ ဒီလို မိစ္ဆာချီဓာတ် များ ပေါများစွာရှိနေသည့် နေရာမှာ ရှင်သန် နေထိုင်သူပါ ။ ချန်ရှန် ဟာ မိုးပြာနဂါးဓားဖြင့် နတ်ဆရာကို ခုတ်ဖြတ်နိုင် မည် ဆိုပါက နှစ်ပိုင်းပြတ်သွားစေမှာပါ ။ ထိုဓားသည် မိစ္ဆာ များ ကို နိုင်နင်းသည့် လက်နက်တစ်မျိုးဖြစ်သော်လည်း နတ် ဆရာကိုတော့ ဘာမျှ မလုပ်နိုင်ပါချေ ။ ဒါကို ကြည့် ရ ခြင်း အားဖြင့် ချန်ရှန် နှင့် နတ်ဆရာ၏ အားကွာခြားချက် ကို မှန်းဆနိုင်ပါတယ် ။
နတ်ဆရာ၏ လက်ဟာ ရုတ်တရက် အရိုးလက်သည်း ကြီး တစ်ခုအသွင် ပြောင်းလဲသွားပြီး သေစေနိုင်သော ချီ ဓာတ်များ ဟာလည်း ယခင်ကထက် ပိုမိုသိပ်သည်းစွာ ထွက် လို့ နေပါတယ် ။ စွန့်ပစ်နယ်မြေအတွင်းမှ မိစ္ဆာ ချီ ဓာတ်များ ဟာ နတ်ဆရာ၏ ကိုယ်ကို လာဆုံနေသလိုပါပဲ ။
အရိုးလက်သည်းကြီး သူ့ဆီလာနေတာကို ကြည့်ရင်း သူ၏ မိုးပြာနဂါး ဓားကြီးကို ရသမျှ ပြန်ယူနေတုန်းပါ ။ သူ နတ်ဆရာ သတိလွတ်တုန်း ပြန်ယူလို့ ရလိုရငြားပါ ။ ထို အချိန်မှာပဲ ချန်ရှန် ၏ မျက်လုံးများမှ အလင်းရောင်တစ်ခု လတ်ခနဲ ဖြစ်သွားပြီး အနီရောင် လေဆာအလင်းတန်း နှစ် ခု ထွက်သွားကာ နတ်ဆရာ၏ နှလုံးသားသို့ ဖောက်ဝင် သွား ပါတော့တယ် ။ နတ်ဆရာဟာ သူ၏ လက်ရှိအခြေ အနေ မှ ယိမ်းယိုင်သွားပြီး မူလက သူစုစည်းထားသော အား အင်များဟာ လည်း ချက်ချင်း ပျောက်ကွယ်သွားပါ တယ် ။
ချန်ရှန် စိတ်အားတက်ကြွလာပြီး ခြေလှမ်းအနည်း ငယ် ဆုတ်ကာ နတ်ဆရာ၏ အနားမှ ခွာလိုက်တယ် ။ ယခု အခါ ချန်ရှန် အနေဖြင့် နတ်ဆရာဟာ အလွန်ထူးဆန်းပြီး စွမ်းအား ကြီးလွန်းတာကို သိတာကြောင့် နတ်ဆရာအား လွှမ်းမိုးကာ ချီဓာတ်များကို စုပ်ယူပြီး သူ့အားများ တက်လာ စေရန် ကြံရွယ်လိုက်တယ် ။
နတ်ဆရာ ၏ အားနည်းချက်ဟာ တကယ်ကိုပဲ သူ၏ နှလုံးသားပါ ။ သို့သော်လည်း သူ့ကိုယ်မှာ အလွန်ကို သန် စွမ်းပြီး ပြင်းထန်လှသော ဓားချက်များ ခုတ်ခံရတာတောင် မည် သည့် နာကျင်မှုမျိုးမှ မဖြစ်ပေါ်ပေ ။ ဒါဟာ မိစ္ဆာ၏ နှလုံးသားကို ထိုးဖောက်ခြင်းဖြင့် အနိုင်ယူခဲ့ခြင်းပင် ဖြစ်ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset