Chapter – 250 ကပ်ဆိုးကိုတားဆီးခြင်း
လှံရှည်ဟာ တိုက်ခိုက်မှု ပြုလုပ်သောအခါ ကြေးနီလို အရောင် သို့ ပြောင်းလဲသွားကာ ထူးခြားလှပါတယ် ။ ပစ် မှတ် ကို လွဲချော်သွားသောအခါ နတ်ဆရာဟာ ဒုတိယ အကြိမ် တိုက်ခိုက်မှု မပြုလုပ်ပဲ သူ၏ လှံတံကို ပြန်ရုတ် ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားတယ် ။ သူ၏ လက်များမှာ လှံကို တင်းကျပ်စွာ ကိုင်ထားပြီး လေပေါ်သို့ မြှောက်လိုက်တယ် ။ ကျယ်လောင်သော အသံတစ်ခုနှင့် အတူ ကြီးမားလှသော အမည်းရောင် ရေဝဲကြီးတစ်ခုဟာ လေ တွင် ပေါ်ပေါက်လာပါတယ် ။ စွန့်ပစ်နယ်မြေ၏ မိစ္ဆာ ချီဓာတ်များ အားလုံး သူ၏ ခေါင်းပေါ်မှ ထွက်နေသလိုပါပဲ။
“ဒီကောင် ကို မြန်မြန် တား ၊ သူ ဘယ်လိုလုပ်ပြီး ဒီလို အားမျိုးကို ရုတ်တရက် စုမိနေလဲဆိုတာ မသိပေမယ့် သူ သာ အကုန်စုမိသွားရင် မင်းမလွယ်ဘူး”
စုမေးယို အလျင်အမြန် ပြောလိုက်တယ် ။
“ဒီကောင်က မိစ္ဆာနယ်မြေနဲ့ ဆက်သွယ်နေပုံပဲ ။ သူ ရွတ်နေတယ့် ဟာ က ထာဝရမိစ္ဆာတွေရဲ့ ရှေးကျတဲ့ ဂါထာ တစ်မျိုးပဲ ၊ နားလည်တယ့်လူ မရှိသလောက်ကို ရှားတယ် ။ သူက တကယ်ကို နတ်ဆရာကြီးပဲ”
ဘိုင်ယုယု က ပြောပါတယ် ။
ချန်ရှန် စွမ်းအင် သိုလှောင်ရာမှ ထိုက်ကျိ ယင်နှင့်ယန် ပုံသေချပ်ဟာ ပေါ်ပေါက်လာပြီး စစ်မှန်သော နတ်သားရဲပုံ စံ ငါးခု ၏ ချီဓာတ်များဟာလည်း ထွက်လာကြတယ် ။ ထို့ နောက် ၎င်းတို့ဟာ စွမ်းအင် သိုလှောင်ရာတွင် ပေါင်းဆုံ ကာ စကြာဝဠာ ချီဓာတ်ကို ဖန်တီးပေးလိုက်ပါတော့တယ် ။
ဒီလိုမျိုး ပြင်းထန်လှသည့် ချီဓာတ်များအား မိုးပြာနဂါး ဓားအတွင်း ထည့်သွင်းပြီးနောက်မှာတော့ ၎င်း၏ အလေး ချိန် ဟာ အတော်ကို လေးလံလာပါတယ် ။ သို့သော်လည်း ချန်ရှန် အနေနဲ့ကတော့ လေးတယ်လို့ မခံစားရပါ ။ သူ့ အတွေးထဲတွင် ယခုဓားကြီးဖြင့် ကမ္ဘာပေါ်တွင် ရှိသမျှ အရာ အားလုံးအား ဖြတ်နိုင်မည် ဟုသာ ယုံကြည်နေမိပါ တယ် ။
ချန်ရှန် နတ်ဆရာ ဘာလုပ်နေတယ် ဆိုတာကိုတော့ မသိချေ ။ ဒါပေမယ့် တစ်ခုခု ထိတ်လန့်စရာ ပြုလုပ်နေ သည် ကိုတော့ သိနေပါတယ် ။ ၎င်းကိုသာ အောင်မြင်စေ ခွင့် ပေးလိုက်ပါက ချန်ဝူ နယ်မြေကြီးတစ်ခုလုံး ပြာကျသွား ပါ လိမ့် မည် ။
အဆက်မပြတ် တုန်ခါနေသော မိုးပြာနဂါး ဓားကြီးဟာ ရုတ်တရက် ငြိမ်သွားကာ ချန်ရှန် အော်လိုက်တယ် ။
“မကောင်းဆိုးဝါးကြီး ၊ ငရဲသွားပေတော့”
ပြောနေရင်းဖြင့် ရုတ်တရက် ကြီးမားသော ဓားကြီးဟာ အငွေ့ များထွက်ကာ မိုးပြာအလင်းတန်းများ လက်လျက် အရှေ့ သို့ ထွက်သွားပါတော့တယ် ။ ဒါ့အပြင် နဂါးအော် သံ ကြီးတစ်ခုပါ အရပ်လေးမျက်နှာသို့ ပြန့်နှံ့သွားပါတယ် ။
ထိုအချိန်တွင် ချန်ရှန်ဟာ မိုးပြာနဂါး ဓားကြီးအတွင်း ရှိ အလွန်ထူးဆန်းသော စွမ်းအားတစ်ခုကို ခံစားမိနေတယ် ။ သူကိုယ်တိုင်လည်း ထိုဓားအကြောင်း အနည်းငယ်သာ သိ ပါတယ် ။ ဒီဓားမှာ ပုန်းကွယ်နေသော စွမ်းအားဟာ အလွန် ကို များပြားလှပြီး ယနေ့မှာတော့ အဆိုပါဓားတွင် မိစ္ဆာ နတ် ဆိုးများကို ဖိန့်ဖိန့်တုန် စေသော အငွေ့ အသက်များစွာ ပါဝင်နေတယ် ဆိုတာကို သိသွားပါတော့တယ် ။
ချန်ရှန် ခုန်လိုက်ပြီး ခြေတစ်လှမ်းစီတိုင်းဟာ နဂါး တစ် ကောင် ကျားတစ်ကောင် လိုပါပဲ ။ သူ့ကိုပင် အင်အားများ တိုးလာသလိုပါ ။ သူ၏ ဓားကြီးကို ဝေ့ယမ်းကာ ကောင်း ကင် ပေါ် မြောက်ထားသည့် လှံတံအား ခုတ်ချလိုက်ပါ တယ် ။ ထိုအချိ်မှာပဲ ဓားကြီးဟာ အောက်သို့ ကျကာ နဂါး အော် သံ ဟာ အရပ်မျက်နှာတိုင်းသို့ မြည်ဟည်းလျက် ရှိ တယ် ။ အငွေ့ များဟာ အမည်းရောင် ရေပွက်ပေါ်ကို ရိုက် ခတ် သွားပါတယ် ။ အခြေအနေ ဟာ နဂါးကြီးတစ်ကောင် နိုးထလာပြီး သောင်းကျန်းနေသလိုပင် တုန်လှုပ်နေလျက် ရှိနေ ပါတော့တယ် ။
“ဘုန်းးးးးးးးးးးး”
ကောင်းကင်ပြင်တွင် များစွာသော မိုးပြာရောင် နှင့် အနီ ရောင် လျှပ်စီးများ လင်းလက်သွားပြီး တိမ်မည်းများ ကြား တွင် တံတိုင်းကြီး တစ်ခုလိုပါပဲ ။ ထိုအရာဟာ မတူ ညီ သော ရင်းမြစ် နှစ်ခုမှလာသည့် အစွမ်းထက် ချီဓာတ် နှစ်ခု စုဆုံခြင်းကြောင့်ဖြစ်ပြီး ၎င်း ကောင်းကင်ကို ထိုးထွက် လာပုံမှာ အလွန်ကို လှပသည့် မြင်ကွင်းပင် ။
ကြီးမားသော အမည်းရောင် ရေဝဲကြီးဟာ နတ်ဆရာ ၏ ခေါင်းပေါ်မှ ပျောက်ကွယ်သွားပြီး မိုးပြာနှင့် အနီ ရောင် များ ရောယှက်နေတာသာ ကျန်ခဲ့ပါတော့တယ် ။ အသံများ ဟာ ပဲ့တင်ရိုက်ခတ်လျက် ရှိပြီး တဖြည်းဖြည်းချင်း တိုး သွား ပြီးနောက် လုံးဝကို တိတ်ဆိတ် သွားပြန်ပါတယ် ။
ချန်ရှန် ၏ နောက်ရှိ မီးပင်လယ်ဟာ လောင်ကျွမ်းနေ ပြီး ၎င်းတို့ နှစ်ဦး၏ အကျိုးသက်ရောက်မှုကြောင့် တလင်း ပြင် တစ်ခုပင် ဖြစ်နေပါပြီ ။ ခုနက သူတို့ မတိုက်ခင်မှာ တော့ အဆိုပါ တလင်းပြင်ဟာ တောင်ကုန်းများ သစ်ပင် များ ဖြင့် အပြည့်တည်ရှိနေတာပါ ။
ချန်ရှန် ၏ လက်များလည်း ထုံကျင်နေသလို ဖြစ်နေပါ တယ် ။ သူ အဆိုပါ အရိုးရှည်လှံမှာ ယခုလောက်ထိ ပြင်း အား မျိုး ရှိနေမည်ဟု မထင်မိထားခဲ့ပါ ။ သူ ဟာ လှံကို မဖျက်ဆီးနိုင်ရုံမျှမက သူ၏ အတွင်းပိုင်းအခြေအနေဟာ လည်း လှုပ်ခါသွားကာ ထုံကျင်နေလျက် ရှိပါတယ် ။ သို့ သော် အနည်းဆုံးတော့ နတ်ဆရာ ပြုလုပ်နေသည့် အန္တရာယ် ရှိသော ဂါထာ ရွတ်ဆိုမှုကို တားဆီးနိုင်လိုက် သည် မဟုတ်ပါလား ။
နတ်ဆရာ စိတ်ဆိုးစွာ ချန်ရှန် ကို ကြည့်လိုက်တယ် ။ သူ၏ပါးစပ်မှ အမည်းရောင် သွေးများ စီးကျလာပြီး သူ၏ ရဲရဲ နီသော မျက်လုံးများ မှ အမည်းရောင် ချီဓာတ်များ ထွက် နေသလိုပါပဲ ။ သူ၏ ကိုယ်မှ မိစ္ဆာချီဓာတ်များ ဟာ ထွက်နေပြီး အလွန်ဒေါသထွက်နေပုံပါ ။
“မင်းက တကယ်ကိုပဲ နတ်မိစ္ဆာကြီးဆီက အင်အား တွေ ရယူနေတာကို တားလိုက်နိုင်တာပဲ ။ မိစ္ဆာကြီး ရဲ့ ခွင့် ပြုပေးတယ့် အခွင့်အရေးကို ငါ လက်လွှတ်လိုက်ရပြီ ။ မင်း ကို ငါလုံးဝ ခွင့်မလွှတ်ဘူး”
နတ်ဆရာ၏ အသံဟာ အေးစက်နေပါတယ် ။ ဒေါ သ သံလည်း အနည်းငယ် ပါနေပြီး စိတ်တိုနေပုံပါ ။
ချန်ရှန် စိတ်ထဲ ကြိတ်ပြီး တုန်လှုပ်သွားတယ် ။ မိစ္ဆာ ကြီး ရဲ့ စွမ်းအားများ တဲ့လား ။ တောင်ပိုင်းစွန့်ပစ်နယ်မြေ မှ မိစ္ဆာချီဓာတ်တွေ ကို စုပ်ယူနေခြင်း မဟုတ်ပါလား ။ အ တော် ကိုသွေးပျက်စရာပင် ။
“အမတော် ယုယု ၊ ဒီ ကောင်ကြီးက ဘယ်က လာတာ ပါ လိမ့် ။ သူ့လက်ထဲက အရာကလည်း အတော်ကို စွမ်း တာပဲ ။ ကျွန်တော့ရဲ့ မိုးပြာနဂါး ဓားကြီးနဲ့ အတူတူပဲ ။ ကျွန် တော် အဲဒါကို ဖြတ်လို့ကို မရဘူးဖြစ်နေတယ်”
ချန်ရှန် ခပ်လောလော မေးလိုက်တယ် ။
“ရှေးဟောင်း မိစ္ဆာ နတ်ဘုရား ၊ သူတို့က မိစ္ဆာနယ်မြေ မှာ စွမ်းအားအကြီးဆုံးပဲ ။ နယ်မြေသုံးခု တိုက်ပွဲ အတွင်း မှာ ရှေးဟောင်း မိစ္ဆာ နတ်ဘုရား ဟာ ဒီနေရာမှာ ကျန်ခဲ့ တာ ။ မိစ္ဆာချီဓာတ်တွေ ကနေ ဒီနတ်ဆရာ ကို ဖန်တီးပေး ထား သလိုပဲ ။ ရှုံးသွားတယ့်အခါ နတ်ဆရာနဲ့ စတေးခံ နေရာ က ရှိနေဦးမှာပဲ ။ အဲဒိစတေးခံ နေရာကို ဖြတ်ပြီး မိစ္ဆာနယ်မြေကို ပြန်နိုင်မယ် ။ ဒါမှမဟုတ် ရှေးကျတယ့် မိစ္ဆာ နတ်ဘုရား ရဲ့ လမ်းညွှန်ချက်တွေကို ရနိုင်လိမ့်မယ် ။ အတိုချုပ်အားဖြင့် ဒါက သေဆုံးသွားပြီးနောက် မိစ္ဆာတွေ ကို ပြန်မွေးဖွားတယ့် နည်းလမ်းလိုပဲ ။ ဒီလို စတေးခံ နေရာ တွေ ကို ဘယ်နေရာမှာ တွေ့ တွေ့ ဖျက်ဆီးခံရမှာ အသေ အချာပဲ ။ တချို့ ကမ္ဘာတွေမှာတော့ ဒီနေရာတွေကို သိပ် ပြီး နားမလည် ကြဘူး ။ ဒါပေမယ့် များသောအားဖြင့် ဒါတွေ ဟာ ပျောက်ကွယ်နေတာကြောင့် သူတို့ကို ဘာမှ မဖြစ် စေ နိုင်ဘူး”
ဘိုင်ယုယု ရှင်းပြလိုက်တယ် ။ သူမ၏ အေးစက်စက် စကား နည်း သော အပြုအမူနှင့် ဆန့်ကျင်ကာ ရှည်ရှည် ဝေး ဝေး ကို ရှင်းပြနေပါတယ် ။
ချန်ရှန် စိတ်ထဲ မိစ္ဆာလမ်းဂိုဏ်းသားများ ကို ကျိန်ဆဲ နေမိတယ် ။ သူတို့ဟာ ဒီလို အန္တရာယ်များသည့် ကိစ္စကို သိသိ ကြီးဖြင့် မိစ္ဆာများကို စေလွှတ်ရန် အကြံအစည် ရှိနေ သည် မဟုတ်ပါလား ။
“မိစ္ဆာလမ်းဂိုဏ်းတွေဟာ တချို့ သော မှတ်တမ်းတွေ ကို ရရှိထားလိမ့်မယ် ။ ဒါပေမယ့် သူတို့ ရရှိထားတယ့် မှတ် တမ်း တွေဟာ လည်း လျို့ ဝှက်ပြီး နားလည်ရခက်တယ် ။ သူတို့ ကိုယ်တိုင်တောင် ဒီနေရာမှာ ရှိနေတယ့် အရာဟာ ဘယ်လိုလဲ ဆိုတာ အတိကျ မသိလောက်ဘူး”
ဘိုင်ယုယု ဆက်ပြောပြန်ပါတယ် ။
ချန်ရှန် ဘိုင်ယုယု တစ်ယောက်ဟာ မိစ္ဆာနယ်မြေ အ တွင်း နေထိုင်သူလို့ သံသယ ဖြစ်မိပါတယ် ။ ဒီလိုသာ မ ဟုတ်ခဲ့ပါက ယခုလောက် ထဲထဲဝင်ဝင် မသိနိုင်လောက်ပါ ၊ လောင် ဆု ရီ နှင့် စုမေးယို တို့ပင် မသိရှိသေးသည် မ ဟုတ်ပါလား ။
“သူ့လက်ထဲက အရာက တော်တော် ကို ကောင်းတယ် ၊ ခင်ဗျား ဓားတောင် ဖြတ်နိုင်မှာ မဟုတ်လောက်ဘူး ။ တွေး ကြည့်မယ် ဆိုရင် ခင်ဗျား ရနိင်မယ် မဟုတ်လား”
သူမ စကား ဆုံးဆုံးခြင်းပင် နတ်ဆရာဟာ ထူးဆန်း သော အော်သံကြီးတစ်ခုဖြင့် သူ၏ လှံကို ချန်ရှန် ထံသို့ ပိုင်း ချ လိုက်ပါတော့တယ် ။ ထိုလှံတံ မရောက်ခင် မှာပဲ ချွန် မြပြီး အစွမ်းထက်သော ချီဓာတ်များဟာ တရွှိရွှိ အသံ များ မြည်လျက် လေထုကို ဖောက်ခွင်းလာပါတယ် ။ ချန် ရှန် အနည်းငယ် နှေးသွားတာကြောင့် သူ၏ ပါးတွင် ခြစ် ရာ ပေါ်ကာ သွားပါတယ် ။ သို့သော်လည်း လှံတံကို သူ လွတ် အောင် ရှောင်တိမ်းနေဆဲပါ ။
လှံတံ ကျရောက်လာသောအခါ လှုပ်ရှားမှုဟာ သိပ်ပြီး မကြီး လှပေမယ့် ထိုအရာမှ စွမ်းအားများကို ချန်ရှန် ခံစား မိ နေတုန်းပါ ။ သူ့ကိုသာ ထိမှန်မည် ဆိုပါက သူ့အဖြစ် မှာ မတွေးရဲစရာပင် ။ နတ်ဆရာဟာ ချန်ရှန် ကို အဆုံးသတ် ရန် အာရုံစူးစိုက်လျက် ရှိပြီး ချန်ရှန်ဟာ လက်ရှိမှာ အကြပ် အတည်း အတွင်း ရောက်ရှိနေသလို ခံစားလိုက်ရတယ် ။
လှံရိုး ဟာ အတော်ကို မာကျောနေရုံမျှမက ထူးခြား သည့် စွမ်းအင်များလည်း ရှိနေပါတယ် ။ တိတိကျကျ ဖော် ပြရမည် ဆိုပါက ၎င်းဟာ စွမ်းအားများစွာကို ထိပ်ဖျား တွင် စုစည်းနိုင်ပြီး ၎င်းပေါက်ကွဲသောအခါ ထိုစွမ်းအားများ ဟာ ပေါက်ကွဲထွက်နိုင်ပါတယ် ။ တိုက်ခိုက်မှုဟာ ပစ်မှတ် ကို လွဲသွားမည် ဆိုပါက စွမ်းအားများဟာ ချက်ချင်းပင် အသုံးပြုသူထံသို့ ရောက်ရှိသွားမည်ဖြစ်ပြီး စွမ်းအင် ကုန် ဆုံးမှုကို လျော့ကျပေးစေနိုင်မှာပါ ။
ချန်ရှန် ဟာ ၂ ခါတိုက်ခိုင်ခြင်း ခံရပြီးပါပြီ ။ ထို အကြိမ် များ အတွင်း သူဟာ လှံတံ၏ စွမ်းအင်စီးဆင်းမှုကို ဂရု တစိုက် အာရုံစူးစိုက်နောတာဖြစ်ပြီး ဒါ့ကြောင့်ပင် သူဟာ ခန့်မှန်းနိုင်ခဲ့ခြင်းပါ ။ ၎င်းဟာ တကယ်ကို ကောင်းမွန်လှ သည့် လက်နက်တစ်မျိုးဖြစ်ပြီး လှံတံဟာ မိစ္ဆာလက်နက် လို ဖြစ်နေသည်ကတော့ ဆုိးပါတယ် ။
“ဒီလူက တစ်ကွက်ပဲ ကျွမ်းတာ ဖြစ်ရမယ် ။ သူဒီလှံ နဲ့ ခင်ဗျားကို ဘယ်လို သတ်ရမလဲ ဆိုတာကိုသာ သိတာ ၊ တခြား မိစာ ္ဆ တိုက်ကွက်တွေကို သိပုံမရဘူး”
လောင်ဆုရီ ပြောပါတယ် ။
သူမပြောပြီးသည့်အခါမှ သူမ ၏ အတွေး မှားသွား တာ ကို သိလိုက်ရပါတယ် ။ အဘယ်ကြောင့်ဆိုသော် နတ်ဆရာ ဟာ သူ၏ လက်ငါးချောင်းကို ဆန့်ထုတ်ကာ မျက် စိ တစ်မှိတ် အတွင်းမှာပဲ အရိုးလက်သည်းကြီးများ အ ဖြစ် ပြောင်းလဲသွားလို့ပါ ။ အရိုးလက်သည်းကြီးများဟာ ချန် ရှန် ဆီသို့ ကျလာပြီး အနီရောင် အငွေ့ များဟာလည်း ထွက် နေလျက်ပါ ။ ချန်ရှန် နှင့် နီးကပ်လာသည့်အခါ မည်း နက် သော မိစ္ဆာချီဓာတ်များဟာ အရပ်မျက်နှာ အဖက်ဖက် သို့ ထွက်သွားပါတယ် ။ ချန်ရှန် သူ့ကိုသာ ထိမှန်မည် ဆို ပါက သူ့ခေါင်း နှစ်ခြမ်းကွဲနိုင်တာကို သေချာပေါက် သိနေ ပါ တော့ တယ် ။
ထိုကြီးမားလှသော အရိုးလက်သည်းကြီးများဟာ ချန် ရှန် ဆီသို့ လျင်မြန်စွာပင် ရိုက်ခတ်လာပြီး ချန်ရှန်ကို ထိ သွားသည့်အခါ ချန်ရှန် ၏ ပုံရိပ်ဟာ အခိုးအငွေ့ အဖြစ် လွင့် ပျံ သွားပါတယ် ။
၎င်းဟာ ချန်ရှန် အခိ်ုးအငွေ့ များဖြင့် ဖန်တီးထားသော ပုံရိပ်ယောင် ဖြစ်ပြီး ချန်ရှန်ဟာ ရုတ်တရက်ပဲ နတ်ဆရာ ၏ နောက်ဖက်မှ ပေါ်လာတယ် ။ သူ၏ လက်နှစ်ဖက်လုံးမှာ မိုးပြာ နဂါး ဓားကြီးအား တင်းတင်း ဆုပ်ကိုင်ကာ ပြင်းထန် အား ကောင်းလှသည့် ချီဓာတ်များ ပေါင်းစုံလျက် နတ်ဆရာ အား လျင်မြန်စွာ ပင် ခုတ် ပိုင်း ချလိုက်ပါတော့ တယ် . . . ။