Switch Mode

Chapter – 249

ဘုန်းတော်ကြီး

Chapter – 249 ဘုန်းတော်ကြီး

ချန်ရှန် ၏ ရှေ့ ရှိ သစ်ပင်များဟာ လဲပြိုကုန်ပြီး ခဲများ သဲများဟာလည်း နေရာတိုင်းကို ပျံ့ လွင့်လို့နေတယ် ။ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါနေပြီး မြင်းများ သောင်းနဲ့ချီ ကဆုန်ပေါက် လာနေသလိုကို ဖြစ်နေပါတယ် ။
သို့သော်လည်း ဒါဟာမြင်းများမဟုတ်ပေ ။ မြင်းထက် အဆများစွာ ပိုမိုကြီးမားသော သားရဲမိစ္ဆာ များပါ ။ ၎င်းတို့ ၏ အော်သံများအရ အတော်ကို ကြီးမားမည့် သားရဲများ ဆို တာ ချန်ရှန် ပြောနိုင်ပါတယ် ။
ချန်ရှန် ၏ နောက်မှ ကြီးမားသော မီးတောက်များ ရုတ် တရက် ထွက်ပေါ်လာတယ် ။ ကြီးမားသော် တောင်ပံကြီး တစ်စုံ ဟာ နောက်ကျောမှ ထွက်ပေါ်လာပြီး မိံစ္ဆာ မီးတောင် ပံ များလိုပါပဲ ။
ချန်ရှန် ဟာ အနီရင့်ငှက် တောင်ပံများကို ထုတ်လိုက် တာ ဖြစ်ပြီး မီးတောင်များ၏ အပူရှိန်ဟာ ပြင်းထန်လွန်တာ မို့ အနီးအနားရှိ သစ်ပင်အားလုံး ဟာ လောင်ကျွမ်းကုန်ကြ ပါ တယ် ။ မီးတောက်ပင်လယ်ကြီး အတွင်း မီးခိုးများပါ ပါ ၀င်နေပြီး ခပ်ဝေးဝေးမှ ကြည့်မည် ဆိုပါက အလွန် ကြီး ကျယ် သော မြင်ကွင်းမျိုး ဖြစ်နေမှာပါ ။
ချန်ရှန် ၏ နောက်ရှိ တောင်ပံကြီးဟာ ကြီးသထက် ကြီး လာပါတယ် ။ လက်ရှိမှာ ချန်ရှန် ဟာ သူ၏ အနီရင့် ငှက် ချီဓာတ်များကို အကုန်ထုတ်လွှတ်နေတာ ဖြစ်ပြီး သူ ဟာ ထိုတောင်ပံများကို သူ့ဆီလာနေသည့် သားရဲကောင် များ နှင့် ထိခိုက်စေရန်ပါ ။ သူလွတ်မြောက်ချင်တယ် ဆို ရင်လည်း အစဉ်ပြေပါတယ် ။ ဒီလိုမှ မလွတ်မြောက်နိုင်ပါ က သားရဲအုပ်ကြီးဟာ သူ့ကို နင်းခြေသွားနိုင်လို့ပါ ။
ချန်ရှန် ၏ တစ်ကိုယ်လုံးဟာ မီးလှိုင်းတံပိုးများ ဖြင့် စီးဆင်းနေပါတယ် ။ သူဟာ ၀င်ရောက်လာမည့် သားရဲ အုပ်ကြီး နေရာဆီသို့ စိုက်ကြည့်နေလျက် ရှိတယ် ။ သူ၏ လက်သီးများ ကိုဆုပ်လိုက်ပြီး အပြာရောင် သွေးကြောများ ထွက်လာကာ ပြင်းထန်စွာ အော်ဟစ်လိုက်တယ် ။ ထို့ နောက် တောင်ပံကြီးကို တဖျတ်ဖျတ် ခတ်နေပါတော့ တယ် ။
တောင်ပံတစ်ချက် ခတ်လိုက်ခြင်းဖြင့်ပင် ပြင်းထန်လှ သည့် လေပြင်းများဟာ ၀န်းကျင်တစ်ခုလုံးကို တိုက်ခတ် သွားပြီး မြေပြင်တစ်ခုလုံးကို လောင်ကျွမ်းသွားစေပါတယ်။ ခဲများ သဲများဟာ ရဲရဲနီကာ ပြင်းထန်လှသော အပူရှိန်ဟာ ၀န်းကျင်တစ်ခုလုံးအား မီးတောက်များ ဖြစ်နေပါစေတော့ တယ် ။ တောင်ပံတစ်ချက် ခတ်ရုံဖြင့်ပင် သူ့ ရှေ့ ရှိ အရာ အားလုံးဟာ လွင့်စင်ထွက်သွားခြင်းပါ ။
ခပ်မှောင်မှောင် စွန့်ပစ်နယ်မြေကြီးဟာ အနီရောင် မီး အလင်းရောင်များဖြင့် လင်းလတ်လို့ နေပါတယ် ။ မူလ က တည်းက တုန်ခါနေသော မြေပြင်ဟာ ကြောက်စရာ သားရဲ များ ဟိန်းဟောက်သံကြောင့် ပိုမို၍ပင် တုန်ခါလို့နေပါပြီ ။
ချန်ရှန် ထိုကြီးမားသော တောင်ပံကြီးများကို ခတ်တဲ့ အခါ ပူပြင်းသော ချီဓာတ်များကို ထုတ်လွှတ်ပါတယ် ။ ၎င်း ၏ လမ်းကြောင်းမှာရှိသည့် အရာအားလုံးဟာ လောင် ကျွမ်း ကုန်တာ ဖြစ်ပြီး သားရဲများဟာ လန့်ကုန်ပါတယ် ။
ဒါဟာ နေမီးဝိဉာဉ်တော် ကို ပိုင်ဆိုင်ထားသူ ၏ မီး တောက်များ ဖြစ်ပြီး အလွန်ကို ကြောက်မက်ဖွယ်ကောင်း လှပါတယ် ။ ဒီလို မီးတောက်မျိုးကို သားရဲများဟာ အလွန် ကို ကြောက်ရွံ့ကြတာ ဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုမီးကို ထိ မိသည်နှင့် အလွန်ဆိုးဝါးသော နာကျင်မှု ဖြစ်ပေါ်စေမည် ဖြစ်ကာ ၎င်းတို့ ကိုယ်ရှိ ဆဲလ် တစ်ခုချင်းဆီကို ပြာအဖြစ် ကျွမ်းလောင် သွားစေမှာပါ ။ ၎င်းတို့အတွက်တော့ ယခုမီး တောက်များဟာ ငရဲလိုပင် ဖြစ်ပြီး ငရဲသားမှ အပစ်ပေးနေ သလို ပါပဲ ။
အချိန်ခဏလေးကြာပြီးနောက် ချန်ရှန် ၏ နောက်ရှိ မီး တောင်ပံကြီးများမှာ ပျောက်ကွယ်သွားတယ် ။ သူ၏ တစ် ကိုယ်လုံးမှာလည်း ချွေးများပြန်လျက်ရှိပြီး သူဟာ ယခုလို မီးတောက် ကို ထုတ်လွှတ်နိ်ုင်သူ ဖြစ်ပေမယ့် သူကိုယ်တိုင် ပင် အပူကို ခံစားနေရတုန်းပဲ ဖြစ်ပါတယ် ။ သူ၏ ရှေ့ မှာ ရှိ သည့် ပတ်ဝန်းကျင်တစ်ခုလုံး ဟာ မီးလှိုင်းများ အဖြစ် လောင်ကျွမ်းနေပြီး သားရဲများဟာလည်း ရုန်းကန်နေကြ တယ် ။ ကြည့်ရသည့် မြင်ကွင်းမှာ ငရဲပြည်ရောက်နေသည့် အတိုင်းပါပဲ ။
ချန်ရှန် သူ၏ ချီဓာတ်များကို ပြန်လည် ရရှိရန် ဆေး အချို့ စားလိုက်တယ် ။ မိုးပြာနဂါး ဓားကြီးကို တင်းတင်း ဆုပ် ကိုင်လျက် မီးပင်လယ် အတွင်းသို့ ၀င်လာခဲ့တယ် ။ မီးတောက်များဟာ သူ့ကို မလောင်ကျွမ်းပဲ ရှောင်ကွင်း သွား ကြပါတယ် ။
မီးပင်လယ်အတွင်း ၀င်လာပြီးနောက် ချန်ရှန် သူ၏ လမ်း ကြောင်းပေါ်မှာ ရှိသည့် သားရဲများကို ဓားကြီး ဝေ့ ယမ်း လျက် ခေါင်းဖြတ်ပစ်နေပါတယ် ။ မီးတောက်များဟာ အချိန် ကြာမြင့်စွာ တောက်လောင်နေတာ ဖြစ်ပြီး အနည်း ငယ် သော သားရဲများသာ အသက်ရှင်သန်ဖို့ ရုန်းကန် နေ တာ ပါ ။ ဒီလိုခံနိုင်ရည်ရှိမှုက တကယ် အံ့မခမ်းပါပင် ။
အားလုံးဟာ အမည်းရောင် နှင့် အနီရောင် ၀ံပုလွေကြီး များ ဖြစ်ကြပါတယ် ။ချန်ရှန် ဒီမတိုင်ခင် တွေ့ ခဲ့သော အ ကောင်များထက် ကြီးမားကာ ဒီဝံပုလွေများဟာ သားရဲမိစ္ဆာ အဖြစ် ပြောင်းပြီးခြင်းမှာပဲ လျင်မြန်စွာ ပြန် လည် ပေါက်ဖွားလာကြပုံပါ ။ ဒီလိုသာ မဟုတ်ပါက ယခု လို အများကြီး ဖြစ်နေမည် မဟုတ်ပါပေ ။
ချန်ရှန် အော်သံ အကျယ်ဆုံးနေရာသို့ လျှောက်လာခဲ့ တယ် ။ ကြီးမားလှသော အမည်းရောင် ၀ံပုလွေကြီးဟာ ရုန်း ကန်ပြီး လှိမ့်လျက် အော်နေပါတယ် ။ မီးတောက် များ လည်း လောင်နေလျက် ရှိပြီး ၎င်း၏ သန်စွမ်းလှသော ခြေ ထော က် မှာ မီးတောက်များ လောင်နေမှုကြောင့် မတ် တပ် မရပ်နိုင်ရှာပေ ။
“ကြည့်ရတာ ငါ့မီးတောက်တွေက ငါ့ ကျင့်စဉ်တွေ တက် လာတာနဲ့ အမျှ ပိုပြီး စွမ်းအား ပြင်းလာတာပဲ ။ ဒီလို သားရဲ အကြီးစားကြီး ကိုတောင် လောင်ကျွမ်းနိုင်ပါရော လား”
ချန်ရှန် ခပ်ပါးပါး ပြုံးကာ သူ၏ မိုးပြာနဂါးဓားကြီး ဖြင့် ထို ၀ံပုလွေ ကြီးအား နှစ်ပိုင်း ခုတ်ပိုင်းလိုက်ပါတော့တယ် ။
မီးပင်လယ် အတွင် ချန်ရှန် ၀ံပုလွေ မည်မျှအား ခေါင်း ဖြတ် ခဲ့သလဲဆိုတာ မသိတော့ပါ ။ မိုးပြာနဂါးဓားကြီး က သိပ်စိတ်ကျေနပ်ဖွယ် မကောင်းသေးဘူးဆိုတာကို သာ သူသိပါတယ် ။ သူ ဓားကြီးကို တင်းတင်း ဆုပ်ကိုင်ထား သော်လည်း အနည်းငယ် တုန်ခါနေပါသေးတယ် ။ သူနှင့် ဓား ကြီး နှင့် ဆက်သွယ်မှုအရ ဓားဟာ သွေးဆာနေတုန်း ပဲ ဆိုတာကို သူသိနေပါတော့တယ် ။
“အနီးအနားမှာ စွမ်းအားကြီး လူတစ်ဦး ရှိနေတယ် ။”
လောင်ဆုရီ အော်လိုက်တယ် ။
“ကောင်းကင် မှာလည်း မိစ္ဆာ အငွေ့ အသက်တွေ ပြည့် လို့ နေတာပဲ ။ ဒီလူက ခင်ဗျားကို သတ်ဖို့ စောင့်နေတာ ၊ ကြည့် ရတာ ဒီလူဟာ ခင်ဗျား ဒီ စွန့်ပစ်နယ်မြေအတွင်း ဆုံ ခဲ့တယ့် လူတွေထက် ပိုပြီး အစွမ်းထက်တယ့် လူပဲ”
ချန်ရှန် လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ် ။ သူ ဒြပ်စင် ဆေး တစ်လုံးကို မျိုချလိုက်တယ် ။ ယခုလို စွမ်းအားကြီး ပြိုင် ဖက် နှင့်ရင်ဆိုင်ရမည့် အချိန်တွင် သူ့ဖက်ကလည်း အ ကောင်းဆုံး အနေအထား ရှိရမည် မဟုတ်ပါလား ။
မီးပင်လယ်ကို ဖြတ်သန်းရင်း ချန်ရှန် ပတ်ချာလည် မှာ တိတ်ဆိတ်လို့လာတယ် ။ အော်သံများကိုလည်း မကြားရ တော့ပဲ အားလုံး ငြိမ်သက်လျက်ပါ ။ ချန်ရှန် ဟာ ၀ံပုလွေ အားလုံးကို ခေါင်းဖြတ်ပစ်ခဲ့ပြီးပါပြီ ။ အတိအကျ ဆိုရပါမူ အတော် များများ ဟာ မီးတောက်ကြောင့် လောင်ကျွမ်း သေ ဆုံး ကုန်တာ ဖြစ်ပြီး တောအုပ်အတွင်း မီးခိုးလုံးများ ဟာ လည်း အူလျက်ပါ ။ စွန့်ပစ်နယ်မြေအတွင်း မီးများ တောက်လောင်ကာ လင်းလက်တို့ နေပါတော့တယ် ။ သို့ သော် လည်း တောင်ပိုင်းစွန့်ပစ်နယ်မြေဟာ ပူရာကနေ တဖြည်း ဖြည်း အေးတောင်လာပါပြီ ။ လေအေးများ ဟာ သိပ်သည်းစွာ တိုက်ခတ်နေပြီး မိစ္ဆာ ချီဓာတ်များဟာ လည်း ပိုပြီးများပြာလာကာ အလွန်ထူးခြားလှပါတယ် ။
ချန်ရှန် သူ၏ ဓားကို ပခုံးတွင်း ထမ်းထားတယ် ။ မိုးပြာ နဂါး ဓား ကြီးဟာ တိုက်ပွဲဆာလျက်ရှိနေပြီး အေးစက်စက် ချီငွေ့ များ ဓားကိုယ်ထည်ပေါ် စွဲကပ်လို့နေတယ် ။ ၎င်းဓား ကြီး နှင့် ချန်ရှန် ကို တွဲဖက် မြင်ရသည်မှာ မကောင်းဆိုးဝါး မိစ္ဆာ စက်ရုပ်တစ်ရုပ် လိုပါပဲ ။
ချန်ရှန် ခြေလှမ်းများ ရပ်လိုက်တယ် ။ လေအပြည့် ပါး စပ်ထဲ ရှူသွင်းကာ နေလိုက်ပါတယ် ။ ရုတ်တရက် ချန်ရှန် အရှေ့ မှာ လူတစ်ဦး ပေါ်လာတယ် ။ ပိန်လှီလှပြီး ၎င်း၏ ခြေ များကိုတော့ အဖြူရောင်အ၀တ်အစားဖြင့် ဖုံးအုပ်ထားပါ တယ် ။ သူ၏ မျက်နှာဟာ အေးစက်မဲမှောင်လှပြီး လူသေ တစ်ဦးလိုပါပဲ ။ သို့သော်လည်း သူ၏ မျက်လုံးများမှာ အနီ ရောင် သူငယ်အိမ်ကို မြင်နိုင်မည် ဖြစ်ပြီး မြင်ရသူအဖို့ ထူး ဆန်းလို့နေမှာပါ ။ သူ၏ လက်မှာတော့ အလွန်ရှည်သော အရိုးရှည်လှံတစ်ခု ဆွဲကိုင်ထားကာ ထို အဖြူရောင် လှံ ဟာ ဆန်းကြယ်သော အမည်းရောင်ဖြင့် မွမ်းမံထားပြီး အ လွန်ကောင်းမွန် တဲ့ လက်နက်ဖြစ်မည့်ပုံပါ ။
ထိုလူ၏ ကိုယ်မှ မိစ္ဆာ ချီဓာတ်များ ထွက်နေတာ ကို ခံစားမိပြီးနောက် ချန်ရှန် ဒီလူဟာ လူသားမိစ္ဆာတစ်ဦး ဖြစ် မယ် လို့ကောက်ချက် ချလိုက်ပါတော့တယ် ။အလွန်လည်း စွမ်းအား ကြီးပုံရပြီး အစွမ်းထက် လက်နက်လည်း ရှိနေပုံ ပါ ။
“မင်းက စတေးခံမယ့် နေရာကို ဘာသွားလုပ်မလို့လဲ”
ထိုလူက မေးလိုက်တယ် ။
အသံဟာ အလွန်ပင် အေးစက်စက် နိုင်လှပြီး ခံစား ချက် မဲ့လှတယ် ။ ကြက်သီးများပင် ထသွားစေပါတယ် ။
ဒီလိုလူကို ရင်ဆိုင်ရာမှာ သာမန်ထက်ပိုပြီး ကြောက် မက် ဖွယ် ကောင်းပါတယ် ။ သို့သော်လည်း ချန်ရှန် ဟာ ခပ် ပြုံးပြုံး ပင် –
“ပထမဆုံး အချက် အနေနဲ့ ငါ သွားခြင်း မသွားခြင်း ဟာ မင်းနဲ့ မဆိုင်ဘူး ။ ဒါပေမယ့် မင်းသိချင်ရင်တော့ ငါ ပြော ပြ ပါမယ် ။ ငါက အဲဒိနေရာကို သေးသွားပေါက်မလို့”
ချန်ရှန် ထိုလူ၏ မျက်နှာအတိုင်း ပြောလိုက်တယ် ။ အနီရောင် မျက်လုံးများမှ သွေးရောင်များ လင်းလက်နေပုံ မှာ ချန်ရှန် သူ့နားမှပင် သွေးညှီနံ့များ ထွက်လာသလို ခံ စား လိုက်ရပါတယ် ။
“ငါက စတေးတယ့်နေရာက အစောင့်အရှောက်ပဲ ။ ငါ ဟာ နတ်ဆရာ တစ်ယောက်လည်း ဖြစ်တယ် ။ မင်းက ငါ တို့ရဲ့ နေရာကို ပုတ်ခတ် စော်ကားတယ် ။ ငါ မင်းရဲ့ သွေး ၊ နှလုံး နဲ့ ဝိဉာဉ်တော် ကို နတ်မိစ္ဆာကြီး ကို ပေးအပ်မယ်”
ထိုလူ၏ အသံဟာ ခပ်တောင့်တောင့်ဖြစ်နေသော်လဲ ၎င်းအသံဟာ အတော် စိတ်လှုပ်ရှားနေပုံပါ ။ သူ နတ်မိစ္ဆာ ကြီး အကြောင်း ပြောသည့်အခါ သူ၏ လေသံမှာ လေးစား မှုများ ဖြင့် ပြည့်နေပုံပါပဲ ။ သူ၏ စစချင်း ပြောခဲ့သည့် လေ သံ နှင့် တခြားစီပါပဲ ။
ဒါကို ကြည့်ရင်း ချန်ရှန် တစ်မျိုးတစ်ဖုံ အံအားသင့်သွား တယ် ။ သူကလည်း ခပ်လှောင်လှောင်ဖြင့် –
“မင်းမှာ ငါ့ကို ရပ်နိုင်တယ့် အစွမ်း ရှိမရှိ ငါ ကြည့်ချင် တယ်”
ချန်ရှန် စကားဆုံးသည်နှင့် သူ အနီရောင် အလင်း တန်း တစ်ခု သူ့ဆီ လာနေတာကို မြင်လိုက်ရတယ် ။ စက္ကန့် အနည်းငယ်လေးမှာပဲ သူ၏ ခေါင်းကို တဖက်သို့ ရှောင် တိမ်း လိုက်ရပါတယ် ။ သူ၏ ဆံပင်ကို လေအေးများ ဟပ် သွားတာကို ခံစားလိုက်ရပြီး ထိုအချိန်မှာပဲ လှံရှည်ကြီး ဟာ ဝိဉာဉ်တော် အင်းကွက်များ ပေါ်လာကာ သူ၏ တ ဖက် မှာ ပေါ်လာပါတယ် ။ အေးစက်လှသည့် ချီဓာတ် များ လှံမှ ထွက်ပေါ်လာတာကို ခံစားမိရင်း ချန်ရှန် တစ်ကိုယ် လုံး အေးစက်သွားပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset