Switch Mode

Chapter – 4

အပြင်းအထန် လေ့ကျင့်ခြင်း

Chapter – 4 အပြင်းအထန် လေ့ကျင့်ခြင်း

အဇူရာဓားကျင့်စဉ်အားအပိုင်း၁၂ပိုင်းခွဲထားလေသည်။ပထမဆုံးအဆင့်သည်ခန္ဓာကိုယ်အား
ကျင့်ခြင်းဖြစ်သည်။အများအားဖြင့်သိုင်းပညာတွင်
ပြိုင်ဘက်ကင်းချင်လျင်ကိုယ်ခန္ဓာအားအရင်ကျင့်ပြီးသန်မာအောင်လုပ်ရပေမည်။သိုင်းပညာသည်
ကိုယ်ခန္ဓာသန်မာမှုပေါ်တွင်အဓိကထားသည်
မဟုတ်လား။ဒါကြောင့်မို့အဇူရာဓားကျင့်စဉ်သည်

ပထမအဆင့်တွင်
ကိုယ်ခန္ဓာအားသန်မာလာအောင်လုပ်ခြင်းဖြစ်သည်။
သိုင်းပညာအများစုသည်သူတို့၏ကိုယ်ခန္ဓာသန်မာမှုကို အဓိကထားကျင့်ရသည်။ဒါကြောင့်မို့ကိုယ်ခန္ဓာတစ်ခုလုံး
ကြွက်သားတွေပါမကျန်အောင်ကျင့်ရသည်။
သာမာန်မျက်စိဖြင့်ကြည့်ရုံဖြင့်ပင်
ခန္ဓာကိုယ်ထောင့်တင်းသူတစ်ယောက်သည်ခွန်အားသန်မည်ကိုမြင်နိုင်သည်။အချို့သော
လူများသည် သူတို၏ခန္ဓာကိုယ်များနှင့် အရိုးများအားစတီးများကဲ့သိုမာကျောနေအောင်ကျင့်ထားကြသည်။ဂျင်ချန်အတွက်ကတော့ဒီလိုခန္ဓာကိုယ်ကို
အပြင်းအထန်ကျင့်ခြင်းဟာသတို၏ခန္ဓာကိုယ်အားပျက်စီးစေရုံသာမကသူတို၏အနာဂတ်
သိုင်းပညာလမ်းကြောင်းကိုပါ
ပျောက်ကွယ်စေနိုင်သည်ဟု ယူဆသည်။ခန္ဓာကိုယ်ကိုအပြင်းအထန်ညှင်းစဲ၍ကျင့်ခြင်းသည်သူတို့၏
ခန္ဓာကိုယ်အားယာယီသန်မာစေသကဲ့
ကိုယ်ခန္ဓာအားလည်းအပြင်းအထန်ပျက်စီးစေသည်။ဒီလိုနည်းတွေနဲ့လေ့ကျင့်တဲ့သူတွေက

အသက်မြန်မြန်တိုနိုင်ပြီးအနာရောဂါများလည်း
လျင်လျင်မြန်မြန်ဖြစ်ပွားစေနိုင်သည်။
ကမ္ဘာပေါ်ရှိဂိုဏ်းအသီးသီးတွင်ခန္ဒာကိုယ်ကို
လေ့ကျင့်ဖို့နည်းလမ်းပေါင်းများစွာရှိသော်လည်း ထိုနည်းလမ်းများသည်ဂျင်ချန်အတွက်တော့သာမာန်မျှသာဖြစ်သည်။ထိုအထဲတွင်
ရှောင်လင်ကျောင်း၏ကျင့်စဉ်ဖြစ်သောရီဂျင်ချင်
နည်းလည်းပါဝင်သည်။ထိုနည်းလမ်းများအားလုံးသည်ခန္ဓာကိုယ်၏အဓိကအဆီအနှစ်များကို
မလေ့ကျင့်နိုင်ကြချေ။
အဇူရာဓားပထမကျင့်စဉ်တွင်
ပါဝင်သောနည်းစနစ်များသည်မှော်ဆန်ပြီးအရမ်းနည်းစနစ်ကျနသည်။
အဇူရာဓားကျင့်စဉ်ကကောင်းကင်နဲ့မြေကြီးမှာရှိသော ချီများအားစုပ်ယူပေးပြီးခန္ဓာကိုယ်တစ်ခုလုံးရှိ
အစိပ်အပိုင်းများအားလုံးနဲ့cellဆဲတစ်ခုချင်းစီကို သူတို၏အမြင့်ဆုံးသောသန်မာမှုရအောင်
ပြုလုပ်ပေးသည်။ထိုသိုပြုလုပ်ခြင်းကနေ
မူလပျက်စီးနေသောအစိတ်အပိုင်းများအားပြုပြင်ပေးပြီးအဆုံးမသတ်နိုင်သော

အကြိုးအမြတ်များဖြစ်ထွန်းစေနိုင်သည်။
အသက်ရှည်ခြင်းကဲ့သိုသော်
အကြိုးများလည်းခံစားရနိုင်သည်။လူတစ်ယောက်သည်အဇူရာဓားကျင့်စဉ်၏နောက်ဆုံးအဆင့်ကို
ပါကျင့်နိုင်ခဲ့မယ်ဆိုလျှင်ကောင်းကင်နှင့်
မြေကြီးတည်သ၍ရှည်သန်စေနိုင်သည်။
သိုသော်လည်းထိုကျင့်စဉ်သည်တစ်ယောက်ချင်းစီရဲ့ သန်မာမှုနဲလည်းသက်ဆိုင်သေးသည်။အကယ်၍
ကျင့်သူရဲ့ချီသည်သူ၏ကိုယ်ခန္ဓာထက်ပိုမို
သန်မာနေပါကအဇူရာဓားကျင့်စဉ်ကသူခန္ဓာကိုယ်အားပိုမိုသန်မာလာအောင်ကူညီပေးသည်။ကျင့်သူ၏
ချီစွမ်းအင်နှင့်ကိုယ်ခန္ဓာသန်မာမှုသည်တူညီနေပါက ကျင့်သူကို
နောက်တစ်ဆင့်သို့တက်လှမ်းနိုင်မည်ဖြစ်သည်။
ထိုစက်ဝန်းကြီးအတိုင်းဆက်တိုက်လည်ပတ်သွားလျင် ကျင့်သူသည် သူ၏ခန္ဓာကိုယ်အားအဆုံးမရှိသန်မာမှုကိုရရှိနိုင်သည်။
ဂျင်ချန်ကကမ္ဘာ့ချီစွမ်းအင်အားဖြည်းညင်းစွာ
စုပ်ယူနေပြီး ထိုစွမ်းအင်အားသူခန္ဓာကိုယ်တစ်ခုလုံးကိုလည်ပတ်နေစေသည်။ဂျင်ချန်၏

ထိန်းချုပ်မှုအောက်တွင်ထိုချီစွမ်းအားသည် သူခန္ဓာကိုယ်တစ်ခုလုံးရှိဆဲများအတွင်းသို့ စိမ့်ဝင်သွားကြလေသည်။
သူရောက်ရှိနေသောကမ္ဘာသက်တွင်
ကမ္ဘာအဆီအနှစ်သိပ်သည်းလွန်းသဖြင့် ဂျင်ချန်အတော်ပျော်ရွင်မိသည်။ သိုသော်လည်း ဂျင်ချန်သူကမ္ဘာဟောင်းနဲ့ကမ္ဘာအသစ်ကြားထဲက
ကမ္ဘာအဆီအနှစ်ခြားနားချက်ကိုသူနားမလည်သော်လည်
းတူညီသောခံစားချက်ကိုမူသူခံစားမိသည်။
ဂျင်ချန်ကမ္ဘာအဆီအနှစ်များအားစုပ်ယူရာတွင် မည်သည့်အဆိပ်အတောက်မှ မရှိသော ကြောင့်သူတိုက်ရိုက်ပင်စုပ်ယူနေလိုက်တော့သည်။
ကမ္ဘအဆီအနှစ်တွေကိုဆက်တိုက်စုပ်ယူနေသော
ကြောင့်ဂျင်ချန်သည်သူကိုယ်ထဲကဆဲများပိုမိုသန်မာလာကြောင်းခံစားမိလေသည်။ကမ္ဘာအဆီအနှစ်များကသူ့ခန္ဓာကိုယ်အား ပိုမိုသန်မာလာစေပြီးသူ့ခန္ဓာကိုယ်က
ကမ္ဘာအဆီအနှစ်တွေအားဆာလောင်မွတ်သိပ်နေသော ကျားကြီးတစ်ကောင်ကဲ့သို့စုပ်ယူစားသုံးလျက်ရှိသည်။

ခဏတာအတွင်းမှာပင်
နောက်ထပ်အချိန်တစ်နှစ်ကုန်ဆုံးသွားပြန်သည်။
ဂျင်ချန်ထူးဆန်းသောကမ္ဘာကြီးသို့ရောက်ရှိနေသည်မှာ
နှစ်နှစ်ကျော်ပြီဖြစ်သည်။ထိုနှစ်နှစ်အတွင်း
ဂျင်ချန်အပြင်သို့ခြေတစ်လှမ်းမျှမထွက်သေးချေ။ အားလပ်နေသည့်အချိန်ကာလပတ်လုံးဂျင်ချန် အဇူရာဓားကျင့်စဉ်၏ပထမအဆင့်
ကိုယ်ခန္ဓာကျင့်ခြင်းအားလေ့ကျင့်လျက်ရှိသည်။
ဖြစ်နိုင်တာကတော့ဒီကမ္ဘာမှာရှိတဲ့
ကမ္ဘာအဆီအနှစ်တွေကပိုမိုသိပ်သည်းသောကြောင့်သူသည်ခန္ဓာကိုယ်ကျင့်ဆင်၏အရေးကြီးသော
အဆင့်ကိုအောင်မြင်သွားပြီဖြစ်သည်။ယခုအချိန်တွင်သာမာန်လူတစ်ယောက်ကဂျင်ချန်၏ခန္ဓာကိုယ်အား ဓားဖြင့်ရှအောင်ပြုလုပ်မည်ဆိုလျင်သူ့ခန္ဓာကိုယ်က အစင်းရာလေးတောင်ထင်မည်မဟုတ်ပေ။
သူခန္ဓာကိုယ်ကိုအရမ်းလေ့ကျင့်ထားသော
ကြောင့်အစင်းရာတစ်ခုမျှတောင်
ထင်အောင်ပြုလုပ်နိုင်ကြမည်မဟုတ်ပေ။
ဒါကဂျင်ချန်သူကိုယ်သူတွေးထင်မိခြင်းသာဖြစ်ပြီးသူကိုယ်သူတော့ဓားနဲမဖြတ်ရဲသေးပေ။

အခုနှစ်ပိုင်းအတွင်းတွင်ဂျင်ချန်၏ခန္ဓာကိုယ်
ကြီးထွားနှုန်းကအရမ်းမြန်သည်။အသက်၂နှစ်သာရှိသေးသော်လည်းအသက်၅
နှစ်အရွယ်ကလေးအရပ်မျှပင်ရောက်နေလေသည်။ဂျင်ချန်ကသူခန္ဓာကိုယ်ကြီးထွားနှုန်းဘာကြောင့်
အရမ်းမြန်နေသည်ကိုနားလည်သည်။အရင်ဘဝတုန်းက
ယခုအသက်အရွယ်တွင်သူအဇူရာဓားကျင့်စဉ်အားမပိုင်ဆိုင်သေးချေ။
ဂျင်ချန်ကသူအမေနဲ့ထမင်းစားအခန်းအတွင်းတွင် ဆက်လက်တက်ရောက်နေသော်လည်းညတိုင်းတွင်အခန်းတခါးပိတ်၍သာလေ့ကျင့်နေသည်။
ကုတင်ပေါ်တွင်တမင်ခွေထိုင်လက်ကိုဒူးပေါ်တင်ထားမျက်လုံးကိုမှိတ်၍
မျက်နှာအားကောင်းကင်သို့မော့ထားလိုက်သည်။ ဒါပေမယ့်ဒီအကြိမ်မှာတော့ ဂျင်ချန်
လေ့ကျင့်ခန်းအားရပ်ထားပြီးစဉ်းစားခန်းဝင်လေသည်။ သူဒီကမ္ဘာကိုရောက်တာကြာပြီဖြစ်ပေမယ့်
၂နှစ်အတွင်းတစ်ခါမှချင်းရန်စံအိမ်အတွင်းကနေ အပြင်ကိုမထွက်ခဲ့ဖူးချေ။သူအချိန်အများစုကို
အခန်းအတွင်းတံခါးပိတ်ကာလေ့ကျင့်နေခဲ့သည်။

ယခုအထိသူတစ်ခါမှအပြင်လောကကြီးအကြောင်း
တစ်လုံးတစ်လေမျှမသိချေ။လူတိုင်း၏အမြင်တွင်သူက
အသက်၂နှစ်အရွယ်ကောင်လေးတစ်ယောက်
ယခုလိုအသက်အရွယ်သည် မိဘများနှင့်ပျော်ရွင်စွာ
ကစားနေရမည့်အရွယ်ဖြစ်သည်။
ဂျင်ချန်
ခဏလောက်ဆက်စဉ်းစားလိုက်ပြီးနောက်ဆုံးတွင်ဆုံးဖြတ်လိုက်သည်။သူမနက်ဖြန်မနက်တွင်
သူမိဘများအားသူအပြင်လောကကြီးကိုနားလည်ချင်ကြောင်းပြောပြရမည်။
ထိုအကြောင်းကိုစဉ်းစားပြီးနောက်
သူအိပ်ယာထက်ကနေဆင်းလိုက်ပြီးအခန်း၏ အလယ်သို့သွားကာမျက်လုံးကိုပိတ်လျက်သား အနေအထားဖြင့်မတ်တပ်ရပ်လိုက်လေသည်။ဂျင်ချန်၏စိတ်ထဲတွင်ထူးဆန်းသော
ခြေလှမ်းကွက်များပေါ်လာသည်။ဂျင်ချန်၏စိတ်ထဲတွင်အဖြူရောင်ဝတ်ဆင်ထားသောလူငယ်တစ်ဦးက
ထူးဆန်းသောခြေလှမ်းကွက်များကိုထပ်ကာထပ်ကာ

လုပ်ပြနေသည်။ထိုလူငယ်က
ထူးဆန်းသောခြမ်းလှမ်းကွက်ကိုအလွန်လျင်မြန်စွာ
လျှောက်လှမ်းပြနေသည်။အလွန်လျင်မြန်လှသော
ခြေလှမ်းကွက်များကိုသာမာန်လူကြည့်လျင် သဲသဲကွဲကွဲမြင်ရမည်မဟုတ်ချေ။
ထိုဝတ်စုံဖြူနှင့်လူငယ်သည်အရင်ဘဝကဂျင်ချန်ဖြစ်ပြီး
ထိုထူးဆန်းသောခြေလှမ်းကွက်များသည်အဇူရာဓားကျင့်စဉ်မှအကွက်များဖြစ်သည်။
မနက်ခင်း၏အလင်းရောင်ပြပြလေးဂျင်ချန်၏
အခန်းအတွင်းသိုဝင်လာသောအခါဂျင်ချန်ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။နာရီအချို့ကြာပြီးနောက်
ဂျင်ချန်နောက်ဆုံးမှာတော့လှုပ်ရှားလာလေသည်။သူရဲ့ခြေထောက်များက
လှုပ်ရှားမှုတဖြည်းဖြည်းမြန်လာပြီးပုံရိပ်ယောင်များပင်ထင်လာသည်။ ဂျင်ချန်၏ ခြေထောက်အမြန်နှုန်းအားအချို့သောသိုင်းပညာရှင်များပင်ပြုလုပ်နိုင်မည်
မဟုတ်ချေ။
ဂျင်ချန်ခြေထောက်များကအလွန်ထူးဆန်းသော
ခြေလှမ်းကွက်များဖြင့်သူအခန်းအားလှည့်ပတ်နေသည်။ သူခြေထောက်များကအလွန်မြန်လှသဖြင့်

အခန်းကျဉ်းလေးအတွင်းလေပွေအသေးစားလေးပင်
ဖြစ်ပေါ်လာသည်။သိုသော်သူသည်ထိုအမြန်နှုန်းအား
ရေရှည်ထိန်းမထားနိုင်ချေ။
သူမျက်နှာဖြူဖတ်ဖြူရော့ဖြစ်လာကာ
ခြေထောက်များလည်းတုန်ခါနေသော
ကြောင့်သူရပ်လိုက်ရသည်။ဂျင်ချန်ပြတင်းပေါက်စီသို့
ဖြေးညင်းစွာလျှောက်သွားပြီးထိုင်ချလိုက်လေသည်။ သူလက်နှစ်ဖက်လုံးဖြင့်ခြေထောက်အား
အဆက်မပြတ်နှိပ်နေရသည်။
ထိုထူးဆန်းသောခြေလှမ်းအကွက်များအားအသုံးပြုရန်သူ့ခြေထောက်ကမခံနိုင်သေးချေ။
ယခုသူခြေထောက်တွင်လမ်းနည်းနည်းလျှောက်ဖို့ပင် အားမကျန်တော့ပါ။
ဂျင်ချန်စိတ်ပျက်စွာခေါင်းခါရမ်းလိုက်လေသည်။ဘယ်လိုသိုင်းကိုပဲကျင့်ကျင့်အခြေခံခိုင်မာဖို့က လည်းအရေးကြီးသည်။ပိုမိုအဆင့်မြင့်သော
သိုင်းအားကျင့်မည်ဆိုလျင်ပိုမိုမြင့်မားသည့်
လိုအပ်ချက်များကိုဖြည့်စည်းရန်လိုအပ်ပေသည်။အဆင့်မြင့်ထူးဆန်းသည့်ခြေလှမ်းကွက်တွေကို
လေ့ကျင့်ဖို့ဆိုလျှင်သူတွင်သန်မာသောကြံ့ခိုင်မှုနှင့်

ကြီးမားသောချီစွမ်းအင်ကိုလိုအပ်ပေသည်။
မဟုတ်လျင်သူရေရှည်ပြုလုပ်နိုင်မည်မဟုတ်ချေ။ သာမာန်လူများကဂျင်ချန်ပြုလုပ်သကဲ့သို့
လုပ်မည်ဆိုလျှင်သူလောက်
ကြာကြာခံနိုင်မည်မဟုတ်ပေ။ထိုအပြင်
ဇွတ်အတင်းဖိလုပ်လျင်သူတို့၏ကိုယ်ခန္ဓာအား
ထိခိုက်နာကျင်မှုများရှိလာနိုင်သည်။
အဆင့်မြင့်စွမ်းဆောင်ရေကိုရရှိဖိုဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ချေ။
သူခြေထောက်များကိုခဏတာနှိပ်နယ်ပြီးနောက်တွင် ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။ထိုနောက်သူသည်
အိပ်ယာအထက်သိုပြန်ထိုင်လိုက်ပြီးစိတ်ဝိညာဉ်ချီများကိုကမ္ဘာကြီးစီကနေစုပ်ယူနေလိုက်သည်။
ကောင်းကင်သည်တဖြေးဖြေးအရောင်များ
တောက်ပလာပြီးဂျင်ချန်၏
အခန်းအပြင်ဘက်မှအသံတစ်သံထွက်ပေါ်လာသည်။
`သခင်လေးမိုးလင်းပြီထဖိုအချိန်တန်ပါပြီ`…
ဆိုသောမိန်းကလေး၏အသံကိုကြားလိုက်ရလေသည်။ထိုအသံကိုကြားလိုက်သောအခါဂျင်ချန်
မျက်လုံးဖွင့်လိုက်ပြီးကလေးအသံလေးဖြင့်“ကျွန်တော်

နိုးနေပါပြီအမယောင်ဟူ”ဟုအသံပြုလိုက်ပြီး
သူအိပ်ယာအထက်မှထခဲ့လေသည်။ထိုအချိန်တွင်အခန်းတံခါးပွင့်လာပြီး
မိန်းကလေးနှစ်ယောက်ဝင်လာသည်။အသက်၁၈နှစ် အရွယ်မိန်းကလေးနှစ်ယောက်က
ရေပုံးလေးများကိုင်လာပြီးတာဝါဖြင့်ဂျင်ချန်၏
မျက်နှာအားသစ်ပေးလေသည်။
နောက်ထပ်ရေတစ်ပုံးဖြင့်ဂျင်ချန်သူဘာသာသူသွားတိုက်လိုက်လေသည်။

အပိုင်း ၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset