Switch Mode

Chapter – 248

အတူတကွကပ်ဆိုက်ခြင်း

Chapter – 248 အတူတကွကပ်ဆိုက်ခြင်း

မိစ္ဆာဂိုဏ်းနောက်လိုက်များ နှင့် ရိုးရိုးသားရဲမိစ္ဆာများ ၊ လူသားမိစ္ဆာများ ဟာ သူတို့ကို မခြိမ်းခြောက်နိုင်ကြပေ ။ သို့ သော် သူတို့ကြောက်သည့်အရာမှာ ခေါင်းဆောင်များ သို့မဟုတ် ရှေးပဝေသဏ်ီကတည်းက တည်ရှိခဲ့သော သားရဲကြီးများ နှင့် ရင်ဆိုင်ရမှာကိုပဲ ဖြစ်ပါတယ် ။ ဒီမတိုင် ခင် ချန်ရှန် ကြုံတွေ့ ခဲ့သည့် အမည်းရောင် ချပ်ဝတ် မိ ကျောင်း ကြီး မျိုးနဲ့ပါ ။
ဒီလို အကောင်မျိုးနဲ့ ကြုံတွေ့ တောင် နည်းနည်း ခံသာ နိုင်ပါသေးတယ် ။ ဒီထက်ပိုပြီး အစွမ်းထက်သော အရာ မျိုးနှင့် ကြုံတွေ့ ရမည် ဆိုပါက သူတို့ မည်သို့မျှ ခံနိုင်မည် မဟုတ်ပါပေ ။
တောင်အတွင်းမှာ တော့ လူတိုင်းဟာ စက်ဝိုင်းဖွဲ့ ထိုင် နေကြပြီး အစားအသောက်များ စားသောက်နေကြတယ် ။ ဒီအရာတွေ အားလုံးကို ဇုရွန်က ပေးတာဖြစ်ပြီး သူသာ အစားအသောက်များစွာ ကို ယူဆောင်လာခဲ့သူပါ ။
“ဟူး ၊ နှစ်လတဲ့ ၊ အချိန်ကုန်တာကလည်း နှေးလိုက် တာ ။ ငါလန့်နေတာက အလှည့်အပြောင်းဖြစ်မှာ ဆိုးတာ ၊ ဒီလိုသာဆို မိစ္ဆာတွေ ဘက်က အလေးသာသွားနိုင်တယ် ။ သူတို့မှာ သေချာပေါက် အရေးပေါ်အစီအစဉ်တွေ ရှိနေမှာ ပဲ ။ အလှည့်အပြောင်း ဖြစ်လာတာနဲ့ ဒီကောင်တွေ က မိစ္ဆာ နယ်မြေ အတွင်းပိုင်းမှာ ရှိတယ့် မိစ္ဆာတွေ နဲ့ ဆက်သွယ် မိ သွားမယ် ။ အဲဒါဆို မလွယ်ဘူး”
စွန့်ပစ်နယ်မြေ ၏ မြေပြင်အနေအထားအရ နှစ်ပေါင်း များစွာထဲက တည်ရှိခဲ့တယ့် မိစ္ဆာတွေ ရှိနေမှာ အမှန်ပါ ။ ဒါ့ အပြင် အတွင်းပိုင်းမှာ လျို့ ဝှက်ဆန်းကြယ်သော အရာများ လည်း ရှိနေပါသေးတယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ပြီးခဲ့ သော နယ်မြေသုံးခု စစ်ပွဲမှ အကောင် အကြွင်းအကျန်များ သာ ဖြစ်နိုင်ပါတယ် ။
“ငါ မင်းနဲ့ အတူလိုက်ပြီး သူတို့ကို ဖျက်ဆီးမယ်”
ဟိုဒုန်ဂျင် က အကြံပေးပါတယ် ။
ချန်ရှန် သူ၏ ခေါင်းကို ခါကာ –
“အကိုတော်ကြီး ဟို ၊ ဒီမှာပဲ နေပါ ။ ကျွန်တော် တစ် ဦး တည်း သွားပြီး စနည်းနာ ကြည့်လိုက်ဦးမယ် ။ ကျွန်တော် တစ်ဦးတည်း နဲ့ ကိစ္စမပြတ်တယ့် အခါမှ အတူသွားပြီး ချကြတာပေါ့”
ဟိုဒွန်ဂျင် ဟာ အဆင့် ၅ ပညာရှင်တစ်ဦးဖြစ်ပြီး အ စွမ်း ထက်သူ တစ်ဦး ဟု သတ်မှတ်၍ ရပါတယ် ။ သို့သော် လည်း ချန်ရှန် တစ်ဦးတည်း သွားခြင်းက လက်ရှိအခြေ အနေ အရ ပိုမို သင့်တော်နေပါတယ် ။
“အကိုတော် ၊ ကျွန်မ လိုက်ခဲ့မယ်လေ”
လန်ယုလန် ပြောတာပါ ။ ချန်ရှန် နှင့် အတူ သွားမည့် အရေး ကို သူမ ဟိုးအရင်ကတည်းက အိပ်မက်မက် ခဲ့သူ ပါ ။
“ယုလန် ၊ မင်း က ဒီမှာနေဖို့ လိုတယ် ။ ငါပြောတာ နား ထောင်ပါ”
ချန်ရှန် ပြောလိုက်တယ် ။
လန်ယုလန် ဟာ အားနည်းသူ မဟုတ်ပေမယ့် ယခုနေ ရာ တွင် အဆင့် ၂ နှင့် အဆင့် ၁ ပညာရှင်များဟာ အများ အပြား ဖြစ်နေပါတယ် ။ ၎င်းတို့ဟာ မိစ္ဆာများ နှင့် ရင်ဆိုင် တွေ့ သည့်အခါ ဘယ်လိုမှ ခုခံနိုင်မည် မဟုတ်ပါဘူး ။ အနိုင် ရရှိရန် မှာ အသက်ရှင်ဖို့ အရေးကြီးပါတယ် ။ သေချာ တာကတော့ အစွမ်းထက်သည့် လူများ အတူတကွ ရှိနေမှသာ လုံခြုံစိတ်ချရမှာပါ ။
လန်ယုလန် လည်း သိပ်ကျေနပ်ပုံ မပေါ်ပေမယ့် ခေါင်း သာ ငြိမ့်ပြပါတယ် ။
“ဒါက ဆက်သွယ်တဲ့ မှော်ပစ္စည်းပဲ ။ အရေးပေါ် လိုအပ် တယ့် အချိန်ရောက်တယ့်အခါ ဒီပစ္စည်းလေးက လောင် ကျွမ်း သွားလိမ့်မယ် ။ အဲဒိအခါကျ ငါသိတာပေါ့”
ချန်ရှန် မှော်ပစ္စည်းလေးအား ဟိုဒွန်ဂျင် လက်ထဲထည့် လိုက်တယ် ။ ချန်ရှန် ဟာ ယခုပစ္စည်းကို သူသတ်ခဲ့သည့် ထာဝရ ပင်လယ် ဂိုဏ်းသားများထံမှ ရရှိခဲ့တာ ဖြစ်ပါတယ်။
ချန်ရှန် စတေးခံမည့် နေရာသို့ သွားရောက်ရန် ဆုံး ပြီး သားပါ ။ ဒီနေရာ လုံခြုံမှုမရှိပါက သူ စိတ်ဖြောင့်ဖြောင့် သွား နိုင်မည် မဟုတ်ပေ ။ ယခုအခါမှာတော့ သူစိုးရိမ်မှု မရှိပဲ တစ်ယောက်တည်း သွားနိုင်ပါတော့မည် ။
ချန်ရှန် စတေးခံနေရာ ကို သိပါတယ် ။ သို့သော် လည်း ထိုနေရာဟာ စွန့်ပစ်နယ်မြေ ၏ အတွင်းပိုင်းမှာ တည်ရှိတာ ပါ ။ ထိုနေရာမှာ အစွမ်းထက် သားရဲမိစ္ဆာများ နှင့် လူသား မိစ္ဆာ အများအပြား ရှိနေမှာ မလွဲပါချေ ။
. . . . . . .
မိစ္ဆာဂိုဏ်း မှ ပညာရှင်များ စုရုံးနေကြသည် ။ သူတို့ အနေ ဖြင့် သူတို့ဘက်မှ ဝေဟုန်တို လိုပညာရှင် အပါအ၀င် လူများ စွာ ထိခိုက်ဆုံးရှုံးလိမ့်မည် ဟု မထင်ထားကြပေ ။ ယခု အခါ သူတို့ အကြံအစည် အားလုံးဟာ သဲထဲရေသွန် ပင် ဖြစ်ရမလို ဖြစ်နေကြပါပြီ ။
“မင်းတို့ အဆိပ်တစ်ရာ ဂိုဏ်း က တွန့်ဆုတ်ဆုတ် နဲ့ လုပ်နေ ။ လုံးဝကို အသုံးမကျဘူး ။ ခု မင်းတို့ အဆင်ပြေ လား ပြော ၊ ဘယ်သူမှ မဖမ်းနိုင်ရုံမကသေးဘူး ၊ ပြသနာ ပါ ရှာခဲ့သေးတယ်”
လူတစ်ဦးက အော်ပြောလိုက်တယ် ။
ထို မိစ္ဆာဂိုဏ်းသားများ မှာ မြေကြီးထဲတွင် ပုန်းနေကြ တာ ဖြစ်ပြီး ၎င်းတို့ဟာ ၀တ်ရုံအနက်ကြီးများကို အပြည့် ၀တ် ဆင် ထားကြတာ ဖြစ်ပါတယ် ။ အားလုံးဟာ တူညီ ၀တ်စုံလိုပါပဲ ။
“ဟက် ၊ ငါတို့ အဆိပ်တစ်ရာ ဂိုဏ်း ဆိုတာ အဆိပ်နဲ့ ပတ်သက်ရင် အထူးကျွမ်းကျင်ကြတယ် ။ ငါတို့ ကို ဘယ် လို မျိုး လေးစားကြတယ် ဆိုတာ မင်းမသိသေးဘူးလား ။ ငါတို့နဲ့ ဘယ်သူမှ မပူးပေါင်းရင် ငါတို့ကလည်း သူတို့အနား ကို ကပ်လို့ မလွယ်ဘူး ။ ဒီနေရာက အကျယ်ကြီးကွ ။ အဆိပ် ပါတယ့် ဘယ်လိုလေမှ တိုက်လို့ အဆင်မပြေ ဘူး ၊ ဒီလိုသာ လုပ်မယ်ဆို ငါတို့ဘက်ကို ပါ အဆိပ်တွေ ရောက် လာ လိမ့်မယ် ။ ငါတို့ရဲ့ လက်နက်ပုန်းတွေကိုလည်း သုံးလို့ မရပြန်ဘူး”
အက်ကွဲကွဲ အသံကြီးတစ်ခုက ပြန်လည်ပြောပါတယ် ။
“အခု သူတို့အားလုံးက ပုန်းနေကြပြီ ။ သူတို့က ငါတို့ အစီအစဉ်တွေကို သိနေပုံပဲ ၊ ဒါပေမယ့် ဘယ်လိုများ သိသ လဲ ကွာ ။ ငါတို့အားလုံးဟာလည်း အသေသာခံမယ် ပြော မှာ မဟုတ်ဘူး ။ သူတို့သာ တောအုပ်ထဲ မ၀င်ခဲ့ရင် ငါတို့ က လည်း ခြုံခိုတိုက်လို့ ရမှာ မဟုတ်ဘူး ။ ဒီတိုင်းတိုက်ရင် ကျတော့လည်း ငါတို့အားက လုံလောက်မှာ မဟုတ်ဘူး ။ ဒီကြားထဲ ဆရာ ဝေ ကလည်း သေသွားပြီ”
ခပ်စူးစူး မိစ္ဆာအသံ တစ်ခု ထွက်လာပြန်ပါတယ် ။
“ကြည့်ရသလောက်တော့ ငါတို့ ဒီလိုနည်းနဲ့ပဲ လုပ်ရ တော့ မယ် ထင်တယ်”
လူအိုကြီး တစ်ဦး ၏ အသံ ဖြစ်ပါတော့တယ် ။
. . . . . . . .
ချန်ရှန် ခပ်သွက်သွက်ပဲ တောတောင်များ ကို ခုန်ကာ ဖြတ် ကျော်ခဲ့တယ် ။ သူသားရဲမိစ္ဆာ ၊ လူသားမိစ္ဆာ များစွာ ကို တွေ့ ခဲ့ရသော်လည်း သူဟာ အလွန်လျင်မြန်ပါတယ် ။ ထို ကောင်တွေရဲ့ လက်ချက်မှ လုံးဝ လွတ်မြောက်နေတုန်း ပါ ။ သူ ယခုအခါ တစ်ခုခုကို သံသယ ဖြစ်နေတယ် ။ ကြည့် ရတာ ထိုသားရဲမိစ္ဆာ ၊ လူသားမိစ္ဆာများဟာ လူတွေ အနီး အနား မှာ ရှိနေတာကို သိပုံပါပဲ ။
“ဒီကောင်တွေက အတော်ကိုပဲ အာရုံခံစွမ်းအား ကောင်း နေတာလား”
ချန်ရှန် ရေရွတ်မိပါတယ် ။
ဒီမတိုင်ခင် ရှန်းရှန်း တို့ဟာ လူသားမိစ္ဆာ ၊ သားရဲမိစ္ဆာ များ ၏ အုပ်စု တစ်ခုပြီးတစ်ခု တိုက်ခိုက်တာကို ခံခဲ့ရပါ တယ် ။ ယခုအခါ ထိုနေရာသို့ပဲ ထပ်မံပြီး သွားနေကြပြန်ပါ ပြီ ။ ချန်ရှန် အနည်းငယ် စိုးရိမ်မိသဖြင့် ခပ်သွက်သွက်ပဲ သွား နေမိပါတယ် ။
“ဒီသားရဲမိစ္ဆာ ၊ လူသားမိစ္ဆာတွေ အားလုံးဟာ စစ်မှန် သော သိ်ုင်းပညာနယ်ပယ်ကပဲ ။ ဒါပေမယ့် သူတို့ရဲ့ ဉာဏ် ရည် ကတော့ သိပ်မဟန်ပါဘူး ။ သူတို့ရဲ့ အနံ့ခံနိုင်မှု စွမ်း ရည် က အတော်ကို ကောင်းနေရင်တောင် ဒီလို ခပ်ဝေး ဝေးက နေရာကို သွားမှာ မဟုတ်ဘူး ။ ဒီလိုမှ မဟုတ်ရင် တော့ . . .”
စုမေးယို ၏ အသံဟာ လေးနက်နေတယ် ။
“ဒီအုပ်စုကို အစွမ်းထက်တယ့် တစ်စုံတစ်ယောက် က လမ်းပြ နေတာ ဖြစ်မယ် ။ ဒီ စွန့်ပစ်နယ်မြေက ရှေးဟောင်း စစ် မြေပြင်ပဲ ။ ထာဝရ အသက်ရှင်နိုင်တယ့် သားရဲတွေ မိစ္ဆာတွေ တွေဟာ ဒီနေရာမှာ ရှိနေမှာပဲ ။ ဒါပေမယ့် အဲဒိ ကောင်တွေ က နတ်အတွင်းအား အာရုံကိုတော့ အသုံးမပြု နိုင်သေးဘူး”
ဘိုင်ယုယု ၏ အသံဟာ ပိုမို အေးစက်နေသလိုပါပဲ ။
ချန်ရှန် ၏ တစ်ကိုယ်လုံး တုန်တက်သွားတယ် ။
“အဲဒိ စွမ်းအားကြီး အကောင်တွေက တောနက်ထဲမှာ ပုန်းနေပြီး ဟိုလူတွေက ကျ ကျွန်တော်တို့ကို ဖမ်းမယ်ပေါ့ ၊ ပြီးရင် ကျွန်တော်တို့ကို စတေးပြီး အဲဒိကောင်တွေ ကို ထုတ် မယ် ဆိုတယ့် သဘောလား”
ဒီအချက်က မိစ္ဆာလမ်းဂိုဏ်းသားများဟာ သူတို့ကို လွတ် မြောက် စေချင်တာ ဖြစ်ပြီး အကောင်ကြီးများ ကလဲ လွတ်မြောက်ဖို့ ကြိုးစားနေပုံပါ ။ ကိစ္စများဟာ အရေးကြီး သ ထက် အရေးကြီးလာပါပြီ ။ ချန်ရှန် ၏ ဖျက်ဆီးရေး အစီ အစဉ် ဟာလည်း နီးသည်ထက် နီးလာနေပါပြီ ။
ယခုအတွေးဟာ လုံးဝ ဖြစ်နိုင်ခြေ ရှိသည့် အရာပါ ။
“ဒီလို ကိစ္စဖြစ်ပြီး ဟိုကောင်တွေက ချက်ချင်း လာမှာ မဟုတ်သေးဘူး ။ မြန်မြန် ဖျက်ဆီးပစ် ။ အဲကောင်တွေ ထွက်လာရင် အခြေအနေတွေက ပိုမို ရှုပ်ထွေးကုန်ပြီး ဒုက္ခ များကုန်မှာ”
လောင်ဆုရီ ပြောတာပါ ။
“နယ်မြေသုံးခု တိုက်ပွဲတုန်းက ဒီနေရာကို ဘယ်သူ ဒီ လိုလုပ်သွားတာလဲ ။ ဟိုးတည်းက သောက်ရေးမပါတာ တွေ ချန်ထားခဲ့တာကို”
ချန်ရှန် ကျိန်ဆဲနေမိတယ် ။
“တချို့ ကောင်တွေက အရမ်းကို အစွမ်းထက်ပြီး သတ် ဖို့ အရမ်းခက်တယ် ။ တစ်ယောက်ယောက်ကတော့ ဒါကို အဆုံးသတ်ပါစေ”
လောင်ဆုရီ ပြောလိုက်တယ် ။
စုမေးယို နှင့် ဘိုင်ယုယု တို့ နှစ်ယောက်လုံး တိတ် ဆိတ် နေကြတယ် ။ အထူးသဖြင့် စုမေးယို ဟာ တစ်ခုခု ကို အရမ်းစိုးရိမ်နေကြောင်း ချန်ရှန် သတိထားမိတယ် ။ သူမ ၏ ချစ်စဖွယ် အပြုံးများကိုပင် မမြင်ရသည်မှာ အတော်ကြာ ပါပြီ ။
သားရဲမိစ္ဆာ ၊ လူသားမိစ္ဆာ အုပ်များဟာ ချန်ရှန် ကို လိုက် ခဲ့ပြီးနောက် မှာတော့ ဆက်မလိုက်နိုင်တော့ချေ ။ ၎င်း တို့အား တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာ ဖြစ် နိုင်ပြီး ချန်ရှန် ကတော့ ထိုအုပ်စုများကို တောင်တွင် ကျန် ခဲ့သည့် ဂိုဏ်းသားများထံ သွားခွင့် မပေးပါဘူး ။
ချန်ရှန် လေထဲ ခုန်တက်လိုက်ပြီး မြေပြင်ပေါ်သို့ ပုံ ဆောင်ခဲတစ်ခု ပြင်းထန်စွာ ရိုက်ချလိုက်တယ် ။ စကြာဝဠာ ချီဓာတ်များဟာ ကြီးမားလှသည့် ထွင်းဖောက်မြင်နိုင်သော ပုံဆောင်ခဲတစ်ခု အဖြစ်သို့ ပြောင်းလဲသွားတယ် ။ မြေပြင် တစ်ခုလုံး တုန်ခါသွားပြီး မိစ္ဆာများအား အသားစများအဖြစ် ပြောင်းလဲသွားစေပါတော့တယ် ။
“ချန်ရှန် ၊ သတိထား ၊ တကယ်လို့ ဒါကို သာ တစ်ဦးဦး က ထိန်းချုပ်ထားတာ ဆိုရင် ဒီနေရာမှာ ဘာတွေဖြစ်နေ မလဲ ဆိုတာ သိမှာပဲ ။ နောက် မင်းက အခု ဖျက်ဆီးဖို့ သွား နေတာ ။ ဖြစ်နိုင်တာက ဒီလူဟာ အစွမ်းထက်တယ့် မိစ္ဆာ တွေ လွှတ်ပြီး မင်းကို တားနေတာ ထင်တယ်”
စုမေးယို အသည်းအသန် ပြောပါတယ် ။
စုမေးယို ၏ စကားဆုံးသည်နှင့် သားရဲအော်သံတွေ ကို ရှေ့ မှ ကြားလိုက်ရတယ် ။ မှောင်မည်းနေသော စွန့်ပစ် နယ် မြေကြီးဟာ ပိုမိုကြောက်စရာ ကောင်းသွားသလိုပင် ။
တိုက်ခိုက်နေသော လေများဟာ အေးစက်စက် ဖြစ် နေ ပြီး သေစေနိုင်သော ချီဓာတ်များ ပါဝင်လျက် အော်သံ များဟာ ကောင်းကင်ယံကို ဖောက်ထွင်းကာ မြေကြီးများ သိမ့်သိမ့် တုန်လျက် ကြောက်မက်ဖွယ် ကောင်းစွာ အော် မြည် နေလျက် ရှိတယ် ။ ချန်ရှန် မဲ့ပြုံးပြုံးလိုက်တယ်
“လာကြစမ်း ၊ မင်းတို့ ပါပါး မှာ မိုးပြာနဂါး နတ်မိစ္ဆာ ဓား ရှိတယ် ။ လာကြ”
ချန်ရှန် သူ၏ ဓားရိုးကို ဆုပ်ကိုင်ကာ မိုးပြာရောင် အငွေ့ များ လင်းလက်သွားတယ် ။ ဒါ့အပြင် အနည်းငယ် လှုပ်ခါ နေပုံမှာ ကြည့်လို့ အလွန်လှပါတယ် ။
မိုးပြာနဂါးဓားမှ တဆင့် တိုက်ပွဲအငွေ့ အသက်များ ကို ချန်ရှန် ခံစားမိလိုက်တယ့်အခါ သွေးများ စူပွက်လာတယ် ။ မိုးပြာနဂါး ဓားကြီး ဟာ မိစ္ဆာများကို နိုင်နိုင်းတာဖြစ်ပြီး နာမည် နှင့် လိုက်လှပါတယ် ။ တိုက်ပွဲမှာ ချန်ရှန်ကို စွမ်း အားများ ပိုမို တွန်းအားပေးသလို ဖြစ်ကာ မိစ္ဆာများကို အပြတ် ရှင်းပေးနိုင်တာပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset