Switch Mode

Chapter – 247

ထူးကဲသောမီးမျှော်စင်

Chapter – 247 ထူးကဲသောမီးမျှော်စင်

လန်ယုလန် ချန်ရှန်၏ ပခုံးကို ပုတ်ကာ ရယ်မောပြီး –
“အကိုတော် ၊ သိပ်ကို တော်တာပဲ”
ရှန်းရှန်းမှာလည်း သူမ၏ ဆံပင်များကို ပွတ်သပ်ရင်း –
“ကောင်းတယ် ၊ ယုလန် ၊ မင်း တူးတာသာ လုပ်တော့ ၊ ဒီလို သိမ်မွေ့ တဲ့အလုပ်က မင်းနဲ့ မကိုက်ဘူးထင်တယ်”
လန်ယုလန် ပြုံးပြကာ သူမ၏ ဓားကြီးကို ကျောတွင် သိုင်းရင်း လိုဏ်ခေါင်းတစ်ခုဆီသို့ ထွက်သွားပါတော့ တယ် ။ တခြားမိန်းကလေးများမှာလည်း သူမနောက်မှ လိုက်သွားကြတယ် ။ သူတို့ ပျင်းရိမနေပဲ တစ်တပ်တစ် အား ပါဝင်ကြမှာ ဖြစ်ပါတယ် ။ သူမတို့ဟာ မိန်းကလေးများ သာ ဖြစ်ပေမယ့် အားနည်းကြောင်း ပုံစံဖြင့်ပင် ပြမည် မဟုတ်ပါဘူး ။
“ကွမ်ချင် ၊ မင်းလည်း ဒီလို ကြိုးစားကြည့်သင့်တယ် ။ ကြိုးစား ကြည့်လိုက်”
ချန်ရှန် ပြောလိုက်တယ် ။ သူဟာ မိန်းကလေးများ ထက် ပိုမိုမြန်ဆန်သော်လည်း အစီအရင် မပြီးခင်ထိ အချိန် လိုအပ်ပါသေးတယ် ။ ပြီးသွားခဲ့မယ် ဆိုရင်တောင်မှ တခြား အလုပ်တွေ အများကြီး လုပ်ရန် ကျန်ရှိနေပါသေး တယ် ။
ဝုကွမ်ချင် ခေါင်းညိမ့်လိုက်တယ် ။ သူမ ချန်ရှန် ကို အတုခိုးကာ မီးအမှုန်များ သူမ၏ လက်မှ ထုတ်လွှတ်လိုက် တယ် ။ သို့သော်လည်း သူမ မီးအစက်အပျောက် ငါးခု မျှ သာ ထုတ်လွှတ်နိင်တာဖြစ်ပြီး ချန်ရှန် ကတော့ အများအ ပြား ထုတ်လွှတ်နိုင်ပါတယ် ။
ထိုအချိန်မှာ ဝုကွမ်ချင် ဒီလို မီးအမှုန်များကို ထိန်းချုပ် ရန် နတ်အတွင်းအား အာရုံများစွာ လိုအပ်တယ် ဆိုတာကို သဘော ပေါက်သွားတယ် ။ မြေပြင်ကို လောင်ကျွမ်းစေရန် လိုအပ်သော မီးပမာဏ အတိအကျကိုလည်း နားလည် သွားပါတယ် ။ ဒီအချိန်မှာပဲ သူမ၏ စွမ်းအင်ဟာ မလုံမ လောက် ဖြစ်တာကို နားလည်သွားတာကြောင့် သူမနှင့် ချန် ရှန် အတော်ကွာခြားနေကြောင်း သဘောပေါက်သွား ပါ တော့ တယ် ။
“အကိုတော် ချန် ၊ ထိပ်သီးအဆင့် သလင်းကျောက် ဘယ်လောက် လောက် ရှိလဲ”
ရှန်းရှန်း မေးလိုက်တယ် ။
“မင်း အစီအရင် လုပ်ဖို့ ထိပ်သီးအဆင့် သလင်း ကျောက် ဘယ်လောက် လိုသလဲ”
ချန်ရှန် ပြန်မေးလိုက်တယ် ။
ရှန်းရှန်း မျက်မှောင်ကြုတ်ကာ တခဏမျှ စဉ်းစားပြီး တဲ့နောက် –
“ခန့်မှန်းခြေ သုံးရာလောက်ပေါ့ ။ ခုက အဆင့်မြင့် ထူးကဲတဲ့ မီးမျှော်စင် လုပ်မှာလေ ။ ကျွန်မ ဆရာသင်ပေး ထားတာပေါ့ ။ ဒီလို တောင်အနေအထားနဲ့ အသင့်တော် ဆုံးပဲ ။ ဒီတောင်ကြီးကို မျှော်စင်လို တည်ဆောက်ပံမျိုး နဲ့ ပြောင်းလိုက်မှာ ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ခုခံရေး အ တွက် အတော် အသုံးဝင်လိမ့်မယ် ။ မီးတောက် ပမာဏ အများအပြားလည်း လိုအပ်တယ်”
ချန်ရှန် ခပ်ကြီးကြီး ထိပ်သီးအဆင့် သလင်းကျောက် တုံးကြီးကို ထုတ်ပေးလိုက်ပါတယ် ။
“ဒါဆို လောက်မယ် ထင်တာပဲ”
ရှန်းရှန်း လျာထုတ်ပြကာ ရယ်မောပြီး –
“အကိုတော် ချန် က တကယ်ကို ကြွယ်ဝမှုတွေ နဲ့ စီး မျော နေတာပဲ ။ အကိုတော် ဇုက ကျွန်မစီကနေ အကို တော် ပိုင်ဆိုင်မှုတွေကို သိချင်နေတာ အံ့သြစရာ မရှိပါဘူး ၊ နောက် အကိုတော့် ရှေ့ မှာ သူ့ကောင်းကြောင်းတွေပါ ပြောခိုင်းသေးတယ်လေ”
ဒီရက်တွေမှာ ရှန်းရှန်း ချန်ရှန် ၏ မိတ်ဆွေများနှင့် ရင်း နှီးလာပါတယ် ။ တချိန်တည်းမှာပဲ ချန်ရှန် ၏ လုပ်ဆောင် ချက်များအား ၎င်းတို့ထံမှ သိရှိလာတယ် ။ ရှောင်ဒို ၊ ဇုရွန် နှင့် အားလုံးဟာလည်း စိတ်ဝင်တစားရှိကြပါတယ် ။
သူမကို ပိုမိုပြီး တမျိုးတဖုံဖြစ်စေသည့် အရာမှာ ယောင် ဟိုင်ရှန်း မှ သူမအား သခင်မ လို့ ခေါ်နေခြင်းကိုပါပဲ ။ ချန်ရှန် ပြန်သိတယ့်အခါ ဗိုက်ပေါက်ကွဲထွက်မတတ် ရယ် မော နေမိတယ် ။ ယောင်ဟိုင်ရှန်း ဟာ သူ့ကို မုန်းမနေဘူး ဆိုတာ အသေချာကို သိရှိသွားပါတော့တယ် ။
ချန်ရှန် အလယ်အလတ်အဆင့် သလင်းကျောက်များ အား ရှန်းရှန်းအား ထုတ်ပေးကာ အစီအရင်မှာ အသုံးပြုစေ ပါတယ် ။ ချန်ရှန် မှာ သလင်းကျောက်ဆိုတာ လုံးဝ မရှားလှပါ ။ ဒီလို အများအပြားထုတ်ပေးလိုက်ရသည့် အ တွက်လည်း သူမည်သို့မျှ မခံစားရပါချေ ။ ဝုကွမ်ချင် နှင့် ရှန်းရှန်း တို့မှာ အတော်ကို အံ့အားသင့်နေကြပါတယ် ။ ချန်ရှန် ၏ ကြွယ်ဝမှုမှာ အံ့မခန်းပင် မဟုတ်ပါလား ။
ရှန်းရှန်း သေချာဂရုတစိုက်ဖြင့် ထိပ်သီးအဆင့် သ လင်း ကျောက်များအား ဖြတ်တောက်နေပါတယ် ။ တစ်နာ ရီ လောက်ကြာပြီးနောက်မှာတော့ ဖြတ်တောက်ခြင်းလုပ် ငန်း ပြီး ဆုံးသွားပါပြီ ။ ထိုအချိန်မှာ သူမဟာ လန်ယုလန် ကို ခေါ်ကာ အဆိုပါ သလင်းကျောက်များအား သတ်မှတ် နေရာများတွင် နေရာချထားရန် ကူညီစေပါတယ် ။ နေရာချ ထားပြီး နောက်မှာတော့ သူတို့ဟာ အဆိုပါ မျဉ်းပိုင်းများ အား မီးဓာတ်ဖြင့် ပေါင်းစပ်ရန် လိုအပ်နေပါသေးတယ် ။ သ လင်းကျောက်များအားလုံးကို ချိတ်ဆက်ပြီးနောက်မှာ တော့ အစီအရင်ကြီးဟာ စတင် အသက်ဝင်လာမှာပဲ ဖြစ် ပါ တော့တယ် ။
ချန်ရှန် ကို အံ့အားသင့်စေသည့် အချက်မှာ ရှန်းရှန်း ဟာ မီးကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိတာကိုပါပဲ ။ ဒီ မတိုင်ခင်က သူဟာ ရှန်းရှန်း ရေခဲချီဓာတ်ကို သာ အသုံး ပြု တာ မြင်ဖူးတာ ဖြစ်ပြီး ယခုအခါမှာတော့ သူရုတ်တရက် ပဲ ရှန်းရှန်းမှာ ရေခဲနှင့် မီး သွေးကြောများ ရှိနေမယ် ဆိုတာ ကို သဘောပေါက်သွားတယ် ။ လျူမန်ဂါလည်း ထို့အတူပါ ပင် ။ ဒါ့ကြောင့်ပင် သူမအား တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။
ချန်ရှန် ၏ ဆရာနှင့် စီနီယာ ပညာသင် အကိုတော် တွင် ယင် နှင့် ယန် သွေးကြောများ ရှိကြတာဖြစ်တယ် ။ လျူ မန်ဂါ မှာတော့ ရေခဲနှင့် မီး သွေးကြောများ ရှိတာဖြစ် ပြီး သူမဟာ လန်ယုလန် နှင့် ရှန်းရှန်း တို့အား သေချာ ဂရု တစိုက် ပျိုးထောင်ပေးခဲ့ပုံပါ ။ ချန်ရှန် အနေဖြင့် ရှန်းရှန်း ၏ မီးနှင့် ရေခဲ သွေးကြောများဟာ အဆင့်မနိမ့်လှဘူး ဆိုတာ သိနေတယ် ။ အနည်းဆုံးတော့ နတ်သွေးကြော အဆင့် မဟုတ်တောင် ကောင်းကင် အဆင့်တော့ ဖြစ်ပါလိမ့်မည် ။ ဒီလိုမှ မဟုတ်ပါက သူမအနေဖြင့် ယခုလောက် လျင်မြန် စွာ တိုးတက်လာမည် မဟုတ်ပါဘူး ။
တနေကုန် ပြီးဆုံးသွားပြီးနောက်မှာတော့ တောင်တစ် ခုလုံးတွင် ကန့်လန့်ဖြတ်မျဉ်းများ အပြည့်ဖြစ်နေပါပြီ ။ ထို မျဉ်းများ အကြားမှာတော့ သလင်ကျောက်တုံးများက နေရာ ယူထားကြတယ် ။ ရှန်းရှန်း ဟာ ထိပ်သီးအဆင့် သလင်းကျောက်တုံး ၃၀၀ အား အစီအရင်ထဲမှာ မြုပ်ထား ခဲ့တာ ဖြစ်ပါတယ် ။ ဒါဟာ လန်ယုလန် နှင့် သူမတို့အဖို့ ပထမဆုံး အကြိမ် အစီအရင်ကြီးတစ်ခုကို တည်ဆောက် ခဲ့ ခြင်း ဖြစ်ပါတယ် ။
ပြီးဆုံးသွားတယ့် အခါမှာတော့ ရှန်းရှန်း နှင့် လန်ယု လန် တို့ဟာ သင်္ကာမကင်း ဖြစ်နေကြတယ် ။ အဘယ် ကြောင့် ဆိုသော် သူမတို့ သင်ယူခဲ့ကြသည့် အစီအရင် ပညာရပ်မှာ အတိအကျကို တူနေလို့ပါ ။ သို့သော်လည်း နတ်လက်နက် အင်ပါယာ နှင့် ရေခဲလေ တောင်ကြားတို့ ဟာ ဆက်ဆံရေး ကောင်းမွန်စွာ ရှိတာကို သိရှိနေကြ တာ ကြောင့် သူမတို့ သိပ်တော့ မအံ့သြတော့ပါချေ ။ ချန်ရှန် က လည်း လျူမန်ဂါအား ရှန်းရှန်းနှင့် လန်ယုလန် တို့ကို ထို လျို့ ဝှက်ချက် မပြောပြရန် ကတိပေးထားခဲ့ပါတယ် ။ အခု အခါ လျူမန်ဂါ မှ ၎င်း၏ တပည့်မ နှစ်ယောက်အား အတူတူ သင်ကြားပေးထားတယ် ဆိုတာ အထင်အရှားပါပဲ
“နောက်ဆုံးကျန်နေတယ့် အရာကတော့ အစွမ်းထက် တဲ့ မီးလျှံပဲ ။ အကိုတော် ၊ အကိုတော် ရဲ့ မီးတောက်တွေ က ပိုပြီး အစွမ်းထက်တယ် ။ သိပ်သည်းဆ လည်း အရမ်း ကို မြင့်တယ် ။အကိုတော်ရဲ့ မီးတောက်တွေသာ ဒီအစီအ ရင်ကို အသက်ဝင်စေလိုက်ရင် ပိုပြီး အစွမ်းထက်သွားမှာ အသေအချာပဲ”
လန်ယုလန် ပြောလိုက်ပါတယ် ။
အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစီအရင်ကြီး တစ်ခုလုံးဟာ ပြီးဆုံးခဲ့ပါပြီ ။ မြေအောက် လိုဏ်ခေါင်းများ ကို လည်း တူးဖော်ပြီးဖြစ်ကာ အဆင့် ၄ နှင့် အထက် ပညာ ရှင်များမှာလည်း သားရဲမိစ္ဆာ လူသားမိစ္ဆာများ ရန်မှ ကာ ကွယ် ခဲ့ပြီးကြပါပြီ ။ ၎င်းတို့ဟာ ပြသနာ အတော်များများ ကို ရင်ဆိုင်ခဲ့ကြရပေမယ့် အားလုံး ဖြေရှင်းပြီး ဖြစ်ကြပါ တယ် ။
ချန်ရှန် ခုန်လိုက်ပြီး တောင်ထိပ်မှနေ၍ –
“ငါ ကြိုးစားကြည့်ပါ့မယ်”
ရုတ်တရက် သူ၏ ကိုယ်မှ မီးတောက်များ ထွက်လာ ကာ ချီဓာတ်များဟာလည်း ရုတ်တရက် အရပ်မျက်နှာ တိုင်း ဆီသို့ ပျံ့ ထွက်ကုန်ကြတယ် ။ ဒီလို မီးတောက်များ ကို မြင်တယ့်အခါ လူတိုင်းဟာ အတော်ကို အံ့အားသင့် နေ ကြပါတယ် ။ ယခုအခါ ချန်ရှန် ဘာကြောင့် အသက်ငယ် ငယ် နှင့် အဆင့် ၄ ဆေးပညာရှင် ဖြစ်သလဲဆိုတာကို နား လည် သွားကြပါတယ် ။ ဒီလို မီးတောက်မျိုးကို ပိုင်ဆိုင်သူ ဟာ ဒီလိုအနေအထား ဖြစ်နေမည် မှာ မဆန်းပါချေ ။
ချန်ရှန် သူ၏ ကြောက်မက်ဖွယ် နတ်အတွင်းအား အာရုံများကို ထိန်းချုပ်ကာ မီးတောက်များအား အစီအရင် အတွင်း ရှိ သေးငယ်သော လမ်းကြောင်းများအတွင်း ပို့ လွှတ်လိုက်တယ် ။ ထိုအချိန်မှာ မီးတောက်များဟာ ဖိနှိပ် ခြင်း ခံနေရပြီး အလွန်သေးငယ်စွာ ဖြစ်ပေါ်နေတာပါ ။ ဒါပေမယ့် တကယ်တော့ ထိုမီးအမှုန်မွှားလေးကပင် တစ် တော လုံးအား ပြာကျသွားစေနိုင်ပါတယ် ။
လန်ယုလန် နှင့် ရှန်းရှန်း တို့ဟာ သူမတို့၏ နတ်အ တွင်း အားအာရုံများမှ တဆင့် ချန်ရှန် ၏ မီးတောက်များ ကို မျဉ်းများအတွင်းသို့ ညွှန်ကြားပေးနေပါတယ် ။ တစ်ချိန် တည်း မှာပဲ မီးတောက်များကို မြုပ် ထား သည့် သလင်း ကျောက် များ နှင့် ပေါင်းစီးမှု ဖြစ်စေရန် ပြုလုပ်နေတယ် ။ ဒီလိုမှ မဟုတ်ပါက ထိုသလင်းကျောက်များဟာ မီး စွမ်း အား ကြောင့် ပေါက်ကွဲထွက်နိုင်မှာကြောင့်ပါ ။ တောင်ကြီး မှာ သလင်းကျောက် ရာနဲ့ချီ ထည့်သွင်းထားသော ကြောင့် အဆိုပါ သလင်းကျောက်များသာ တချိန်တည်းမှာ ပေါက် ကွဲ သွားမည် ဆိုပါက အန္တရာယ် အလွန်များမှာပါ ။
ညအချိန်မှာတော့ အမည်းရောင် စွန့်ပစ်နယ်မြေကြီး ထဲ တွင် အနီရောင် တောင်တစ်ခု ဟာ အနီရောင်များ လင်း လတ်လျက် နေပါတော့တယ် ။ တောင်တစ်ခုလုံးဟာ မီး လို အနီရောင် ဝိဉာဉ်တော် အကွက်များ အပြည့်အ၀ ဖုံးလွှမ်း နေ ပြီး အတော်လည်း လှပကာ ထူးကဲလှပါတယ် ။ ချန် ရှန် ဟာ ခပ်မှန်မှန်ပဲ မီးတောက်များ ကို အဆက်မပြတ် စီးဆင်း လျက် ရှိနေပြီး သူ၏ အနီရင့်ငှက် ချီဓာတ်များ ကုန်ဆုံးလု နီးပါးထိကိုပါပဲ ။ သူ၏ ချီဓာတ်ကြွယ်ဝ များပြားမှုဟာ လူ တိုင်းကို အံ့အားသင့်စေပါတယ် ။ အထူးသဖြင့် မီးကို အသုံး ပြုသော သူများက ပိုသိတာပါ ။
ချန်ရှန် ၏ မီးတောက်များဟာ မူလကတည်းက အစွမ်း ထက်တယ် ဆိုတာကို သိကြပေမယ့် ယခုလောက် ကြာ ကြာ ထုတ်လွှတ်နိုင်လိမ့်မည် လို့ မထင်မှတ်ကြပေ ။ ယခု အခါမှာတော့ နာရီပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပြီး ချန်ရှန် ထုတ်လွှတ်နေသော မီးတောက်များမှာ လည်း လုံး ၀ အားနည်းပုံ မပြသေးပါဘူး ။
“ပြီးပြီ”
လန်ယုလန် နှင့် ရှန်းရှန်း တို့ တချိန်တည်း အော်လိုက် ကြပါ တယ် ။ သူတို့ရဲ့ နဖူးများမှာလည်း ချွေးများ စို့လျက် ပါ ။ အဘယ်ကြောင့်ဆိုသော် သူမတို့၏ နတ်အတွင်းအား အာရုံများ ကို များစွာ အသုံးချလိုက်ရတာကြောင့်ပါပဲ ။ အမြဲ တမ်း လျူမန်ဂါဟာ သူတို့ လေ့ကျင့်စဉ်မှာ နတ်အ တွင်း အားရုံကနေသာ သင်ကြားပေးနေကြ ဖြစ်တာမို့ သူမ တို့အတွက် နတ်အတွင်းအားအာရုံဟာ အတော်အသင့် အား ကောင်း နေပါတယ် ။
ဂိုဏ်းသူ ဂိုဏ်းသားများစွာ ဟာ တစ်ချိန်တည်းမှာ ဆုံ ကြ တာ ဖြစ်ပြီး သူတို့နဲ့ ယခုလို ငယ်ရွယ်ထင်ရှားသည့် လူ ငယ်များဟာ အကွာကြီး ကွာနေသေးတာကို သဘော ပေါက် ကြမိပါတယ် ။ သူတို့ဟာသူတို့ ဆိုပါက ယခုလို မျိုး တွေ တောင့်ခံနိုင်မှာမဟုတ်ပဲ သူတို့အနေနဲ့လည်း တခြား လူများက သူတို့ကို ကယ်တင်ထားတယ် ဆိုတာကို ကောင်းစွာ နားလည်ကြပါတယ် ။
ချန်ရှန် သူ၏ မီးတောက်များကို ပြန်သိမ်းကာ အသက် ၀၀ ရှူလိုက်ပါတယ် ။ တောင်ပေါ်ရှိ အနီရောင် ဝိဉာဉ် တော် အင်းကွက်များဟာလည်း ချက်ချင်း ပျောက်ကွယ် သွားပြီး ရေးဆွဲထားသော အရာများပင် မကျန်ခဲ့ပါချေ ။
ထိုဝိဉာဉ်တော် အကွက်များဟာ မူလကတည်း က အလွန်ကို ထူးခြားဆန်းကြယ်လှတာ ဖြစ်ပြီး ချန်ရှန်၏ မီး တောက် များကို ဆုပ်ယူလိုက်တယ့်အခါ မည်ကဲ့သို့ ဖြစ် လာ မည် ကို ချန်ရှန် မသိသေးပါဘူး ။
“ဒီတောင်ကို အပိုင်စီးခံရမယ် ဆိုရင် သူတို့ ဒီ အစီအ ရင် တွေကို ဖျက်ဆီးရင် ဘယ်လိုလုပ်ကြမလဲ”
ဇုရွန် က စိုးရိမ်တကြီး မေးပါတယ် ။ သလင်းကျောက် အများ အပြား ကို အသုံးပြုခဲ့တယ် ဆိုတာကို သူသိနေတာ ဖြစ်ပြီး ဒီသလင်းကျောက် များဟာ သူ့ဟာများ မဟုတ်ပေ မယ့် သူ့ရင်ကို ဓားနဲ့ မွှန်းနေသလို ခံစားနေရပါတယ် ။
“အေးဆေးပါ ။ ဒီ အစီအရင်ကြီးက ပေါင်းစပ်သွားပြီ ။ စွမ်းအားတွေ အကုန်လုံး ကုန်ဆုံးသွားရင် ဒါမှမဟုတ် အစီ အရင် ရဲ့ အခြေ ကို ဒီအစီအရင်ကို ဘယ်လိုဖျက်ရမလဲ ဆို တာ သိတယ့်လူက ဖျက်ဆီးခဲ့မယ် ဆိုရင်တောင် ဒါက ပျက် ဆီး မှာ မဟုတ်ပါဘူး ။ ပြောရမယ် ဆိုရင် ဒါက အချိန် ဆွဲတယ့် သဘောပဲ ။ လူတွေ တဖက်လိုဏ်ခေါင်းကနေ အေး ဆေး လွတ်မြောက်သွားမယ်လေ”
လန်ယုလန် ပြောလိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset