Switch Mode

Chapter – 246

အတူတကွ

Chapter – 246 အတူတကွ

ချန်ရှန် တောင်ကုန်းတစ်ခုကို ရွေးချယ်ကာ သူ၏ အစီ အစဉ်ကို ပြောပြလိုက်တယ် ။ သူ့အစီအစဉ်ကတော့ တောင် ကုန်း အတွင်း လိုဏ်ခေါင်းများ တူးကာ ထိုအတွင်း မှာ ပုန်းအောင်းကြရန် ဖြစ်တယ် ။ ထိုလိုဏ်ခေါင်းများ အ တွင်း ၂ လလောက် ပုန်းအောင်းနေမှာ ဖြစ်ပြီး နောက်ထပ် လိုဏ်ခေါင်းကိုလည်း တခြားတဖက်မှ ဆက်သွယ်လို့ရ စေ ရန် တူးထားစေမှာပါ ။
“ငါတို့ သေချာ တည်ဆောက်ထားကြမယ် ။ စွမ်းအား ကြီး မိစ္ဆာတွေနဲ့ ဆုံတွေ့ ခဲ့ရင်တောင် ငါတို့က ခုခံထားပြီး တခြားလူတွေက တဖက်ကနေ ထွက်လို့ရတာပေါ့”
ချန်ရှန် ပြောလိုက်တယ် ။
လူတိုင်းဟာ ချန်ရှန် ၏ အကူအညီကို ယူဖူးတာမို့ မည် သူမျှ စောဒက မတက်ကြပါချေ ။ ချန်ရှန် ကိုပင် ကူညီပေး ကြ ပါသေးတယ် ။
“ကောင်းပြီ ၊ စစချင်း လူတိုင်း ကဏ္ဍလေးတွေ ခွဲကြ မယ် ။ အဆင့် ၄ နဲ့ အထက် ပညာရှင်တွေဟာ ကင်းလှည့် ပြီး ငါတို့ အလစ်မတိုက်ခံရရေးအတွက် စောင့်ကြပ်ကြရ မယ် ။ ရှန်းရှန်း နဲ့ ယုလန် တို့က အစီအရင်လုပ်ဖို့ တာဝန် ယူ ။ တခြားလူတွေကတော့ လိုဏ်ခေါင်းတူးကြပေတော့ ။ အမျိုးသမီး နောက်လိုက်တွေကတော့ တူးဖို့ မလိုဘူး ။ တခြားတည်ဆောက်မှုတွေမှာသာ ကူညီကြ”
ချန်ရှန် ပြောလိုက်တယ် ။
ဇုရွန်က နှုတ်ခမ်းကို မဲ့ကာ –
“ညီတော် ချန် ၊ မင်း အပျင်းမထူနဲ့ ၊ မင်းလည်း ငါတို့နဲ့ အတူတူ လိုဏ်ခေါင်းတူးရမယ်လေ”
ရှောင်ဒိုကလည်း ခေါင်းညိမ့်ကာဖြင့် –
“ဟုတ်တယ် ၊ အကိုတော် ချန် ၊ မျှမျှ တတ လုပ်ဦး”
အဆင့် ၄ နှင့် ၅ ပညာရှင်တို့မှာ သူတို့ကို ကာကွယ်ရ မည် ဖြစ်ပြီး တခြားလူများ အခက်အခဲ မရှိ အလုပ်လုပ် နိုင် ရန် ဖြစ်ပါတယ် ။
ချန်ရှန် လည်း နှုတ်ခမ်းကို ပြန်မဲ့ကာ –
“ဟဲဟဲ ၊ ငါက အဆင့် ၅ ရောက်နေပြီ ။ ဒါကြောင့် တူး စရာ မလိုဘူး”
အားလုံး တုန်လှုပ်သွားကြတယ် ။ လူတိုင်းဟာ သူ အဆင့် ၂ သို့မဟုတ် ၃ လောက်သာ ရှိနေမယ်လို့ ထင်ကြ တာ ပါ ။ အစွမ်းထက် ဓားကြီး နှင့် ထူးခြားသော သိုင်းကျင့် စဉ်များကြောင့်သာ ဒီလို ကြောက်မက်ဖွယ် အစွမ်းတွေ ထုတ် နိုင်တာဖြစ်တယ် လို့ ထင်နေကြခြင်း ဖြစ်ပါတယ် ။သို့ သော်လည်း ချန်ရှန် က သူ့ကိုယ်သူ အဆင့် ၅ ရောက်နေပြီ ဟု ပြောသောအခါ ၎င်းတို့အားလုံး ချန်ရှန် အနေဖြင့် အဆင့် ၆ သို့ မဟုတ် ၇ ပညာရှင်ကိုပင် ယှဉ်နိုင်လိမ့်မည် ဟု ယူဆလိုက်ကြပါတော့တယ် ။
“တကယ်လား”
ဇုရွန် သိပ်မယုံကြည်သေးပုံပါ ။ ချန်ရှန် အဆင့် ၃ ဆို တာ ကို သူသိနေပြီး အဆင့် ၅ ပညာရှင်လို ဟန်ဆောင် နေ တာများလား ဟု ထင်နေတာပါ ။
ရှောင်ဒို နှင့် တကွ အားလုံးဟာလည်း ချန်ရှန် ကို မယုံ သလို ကြည့်နေကြတယ် ။ ရှန်းရှန်း နှင့် လန်ယုလန် တို့လို ချန်ရှန် ကို အကြွင်းမဲ့ယုံကြသော သူများပင် ချန်ရှန် ၏ ရုတ် တရက် လျင်မြန်စွာ တိုးတက်လာမှုအား အံ့သြလျက် ရှိနေ ကြတယ် ။
“မင်းတို့ ဝေဟုန်တို ကို ကြားဖူးလား ။ ခုနကပဲ ငါ သူ့ကို တောထဲမှာ သတ်လိုက်ပြီ”
ချန်ရှန် ပြုံးကာ ပြောလိုက်တယ် ။
ဝေဟုန်တို ဆိုသည်မှာ မိစ္ဆာဂိုဏ်းများအကြား အသက် အငယ်ဆုံး နှင့် ကြောက်စရာ အကောင်းဆုံး ပညာရှင် တစ်ဦးပါ ။ အဆင့် ၅ ပညာရှင် ဖြစ်သော်လည်း အဆင့် ၆ ကို ပင် သတ်ဖြတ်နိုင်သူပါပဲ ။
“ငါ ဓားခုတ်ချက် တစ်ချက်တည်းနဲ့ သူ့ကို သတ်လိုက် တာ ပဲ ။ မင်းတို့ မယုံဖူးဆိုရင် အခုကို စမ်းကြည့်လို့ရတယ်”
ချန်ရှန် ရယ်မောကာ ပြောဆိုလိုက်တယ် ။
ဝေဟုန်တို အား ဓားချက်တစ်ချက်တည်း ဖြင့် ဇာတ် သိမ်း လိုက်ခြင်းကို ကြားတယ့်အခါ လူတိုင်းရင်သပ်ရှုမော နေ ကြ တယ် ။ ဒီမတိုင်ခင်က သူတို့ ဟာ တောအုပ်အတွင်း မှ အသံများကို ကြားခဲ့ရတာ ဖြစ်ပြီး ဒါတွေဟာ ချန်ရှန် လုပ် တယ် ဆိုတာကို သိသွားကြပါတယ် ။ ချန်ရှန် ကိုယ်တိုင် ပြော တာ ကိုကြားတယ့်အခါမှာတော့ သူတို့ ယုံကြည်သွား ကြရပါ တော့တယ် ။
ချန်ရှန် ကို စွမ်းအား အစစ်အမှန်ကို သိပြီးနောက် လူ တိုင်းဟာ ပိုမို စိတ်သက်သာရာ ရသွားကြတယ် ။ ဒီနေရာ မှာ ဆေးပညာရှင် များစွာ ရှိနေတာ ဖြစ်ပြီး ၎င်းတို့ အကူ အညီ ဖြင့် လျင်မြန်စွာ ပြန်ကောင်းလာကြမည် မဟုတ်ပါ လား ။
“အကိုတော် ၊ သားရဲဂိုဏ်း နဲ့ နတ်ဓားဂိုဏ်းက လူတွေ ကို သွားမရှာတော့ ဘူးလား”
လန်ယုလန် မေးလိုက်တယ် ။
ချန်ရှန် က ခနဲ့တဲ့တဲ့ဖြင့် –
“ရှာဖို့ မလိုတော့ပါဘူး ။ အဲဒိ ကျေးဇူးကန်းတယ့် လူ တွေကို ငါဆုံးမပေးလိုက်ပြီ ။ ငါ သူတို့ကို ကယ်ဖို့အတွက် စွမ်းအားကြီး သားရဲကြီးနဲ့ ရင်ဆိုင်ခဲ့ပြီး ငါ ဒဏ်ရာအပြင်း အထန် ရရှိခဲ့တယ် ။ ဒါပေမယ့် ဒီမျိုးမစစ်တွေက ငါ့ဓားကို လိုချင်နေပြီး ငါ့ကိုပါ သတ်ဖို့ ကြိုးစားကြတယ် ။ ကံကောင်း တာ က ငါ့မှာ အားနည်းနည်း ကျန်နေသေးတာပဲ”
“အကိုတော် ချန် ၊ ဒဏ်ရာက အတော်ပဲ ပြင်းထန်သွား လား”
ရှန်းရှန်း အမြန်ပြေးလာကာ ချန်ရှန် ၏ ခါးကို ကိုင် လိုက် တယ် ။ သူမ ချန်ရှန် ဒဏ်ရာ ပြင်းမပြင်း သိချင်နေပုံ ပါ ။
“ငါ လုံးဝ သက်သာသွားပါပြီ ။ ဒီကောင်တွေကြောင့် ပဲ ငါက အဆင့် ၅ ကို ရောက်သွားတာလေ”
ချန်ရှန် ခပ်ပြုံးပြုံး ပဲ ပြန်ဖြေလိုက်ပါတယ် ။
ရှောင်ဒို က မကျေမချမ်းဖြင့် –
“ဒီကောင်တွေ ငရဲ သွားသင့်တယ် ။ ကျွန်တော်တို့ ဒီ သောက်နေရာ က ထွက်သွားနိ်ုင်ရင် ဂိုဏ်းချုပ်ကို အသိ ပေးရအောင် ။ သူတို့ သားရဲဂိုဏ်း နဲ့ နတ်ဓားဂိုဏ်း ကို အမြစ်ဖြတ်ကြလိမ့်မယ်”
တခြား ဂိုဏ်း မှ လူများဟာ ဒီစကားတွေကို ကြားတယ့် အခါ အံ့အားသင့်နေကြတယ် ။ ဒီကို စလာကတည်း က ဂု ဒွန်ချန် ပြောခဲ့ပြီးသားပါ ။ ချန်ရှန် ကို ဆန့်ကျင်တဲ့ဂိုဏ်းဟာ မလွဲမသွေ ဒုက္ခရောက်ရမှာ ဖြစ်ပါတယ် ။ သူတို့ ထွက်နိုင် တာနဲ့ ကြောက်မက်ဖွယ် သတင်းတွေ ကြားရနိုင်ပါတယ် ။ ဂုဒွန်ချန် ဟာ သားရဲဂိုဏ်းချုပ်ကို အမြစ်ဖြတ်ပြီး ဖြစ်တာ မို့ ဂိုဏ်းတစ်ခုလုံး ကို ရှင်းလင်းရန် ခက်ခဲမည် မဟုတ်ချေ ။ နတ်ဓားဂိုဏ်း ဆိုတာကလည်း ပမွှားဂိုဏ်းလေးသာပင် ။ မိစ္ဆာဂိုဏ်းများ နှင့် ပူးပေါင်းတတ်သည့် ဂိုဏ်းဖြစ်နေတာ ဖြစ်ပြီး ပြင်းထန်သော သိုင်းပညာဂိုဏ်းပိုင် မိုင်းတွင်း အား အပိုင်စီး ချင်ကြသူများလည်း ဖြစ်ပါတယ် ။
တောင်အတွင်းမှာ ကျောက်တုံးများဖြင့် ဆင်တူ အခန်း ငယ်လေးများ တူးကြပါပြီ ။ ဟောခန်းတစ်ခုလည်း ရှိ ပြီး တောင်ကြီး၏ ပတ်လည်အား မာကျောသော ကျောက် တုံးများ ဖြင့် ရှိနေကြတယ် ။ ဒါကြောင့် တူးရ အလွန်ခက် ခဲ လှပြီး သို့သော်လည်း စုပေါင်းတူးဖော်ခြင်း ကြောင့် အဆင် ပြေသွားပါတော့တယ် ။
လွတ်မြောက်မည့် လမ်းကြောင်းက တော့ ခပ်လှမ်း လှမ်း တောအုပ်ဆီသို့ ဦးတည်ထားပါတယ် ။ လူများစွာရဲ့ ဆုံးဖြတ်ချက်အရ ပြုလုပ်ကြတာဖြစ်ပြီ ဆန့်ကျင်ဖက်တော အုပ် မှာတော့ ပျောက်ကွယ်နေသော ချောက်ကမ်းပါး ရှိနေ ပါတယ် ။ ထိုနေရာက သစ်ပင်ကြီးများမှာလည်း အလွန်ပင် ကြီးမား လှပြီး မြေပြင်ဟာလည်း မာကျောကျစ်လျစ် လှပါ တယ် ။ အားလုံးဟာ ကျောက်တုံးများဖြင့် ပြုလုပ်ထားတာ ပါ ။ သူတို့ တိုက်ခိုက်မှုနှင့် ကြုံမယ် ဆိုရင်တောင် သစ်ပင် ကြီးများ ဖြင့် ခုခံနိုင်ပါတယ် ။
လူလေးဆယ်မှာ ၇ ယောက်သာ မိန်းကလေးဖြစ်ပြီး အဆင့် ၄ ပညာရှင်အထက်ဟာလည်း ၁၃ ယောက်သာ ရှိ ပါ တယ် ။ အုပ်စု ၂ စုကွဲနေသလိုဖြစ်ပြီး လူ ၂၀ သာ လိုဏ် ခေါင်း တူးကြရတာပါ ။ ကျောက်တုံးများဟာ ဘယ်လိုပင် မာကျောနေပါစေ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာ ရှင် အတွက်တော့ ကိတ်မုန့်တစ်လုံးလိုပဲ ဖြစ်ပါတယ် ၊ ပြင်းထန်လှသော ချီဓာတ်များ နှင့် ဝိဉာဉ်တော် လက် နက်များ ကို အသုံးပြုတာကြောင့် တူးရန် ခက်ခဲမှု မရှိပါ ချေ ။
လန်ယုလန် နှင့် ရှန်းရှန်း တို့ကတော့ မိန်းကလေး ငါး ဦးကို ဦးဆောင်ကာ အစီအရင် ပြုလုပ်နေပါတယ် ။ ဒီလို အနုစိတ်ကျသည့် ကိစ္စမျိုးကတော့ မိန်းကလေးများ ပြုလုပ် သည်မှာ ပိုကောင်းမည် မဟုတ်ပါလား ။
ချန်ရှန် မှာ အချိန်နှင့်အမျှ အစီအရင် ပြုလုပ်တာကို ကြည့် နေမိတယ် ။ မိန်းကလေးများမှာလည်း အလွန်ပင် ကြိုးစားကြပြီး သူတို့ဟာ မြေပြင်ပေါ်မှာနှင့် မာကျောသော ကျောက်နံရံများမှာ မျဉ်းများ ပိ်ုင်းခြားကြပါတယ် ။ လုံးဝ မှားယွင်းလို့လည်း မရပါ ။ ဒါ့အပြင် ရှန်းရှန်း နှင့် လန်ယုလန် တို့ဟာ သူမတို့၏ အေးစက်သော ချီဓာတ်များကို ထုတ်ပြီး မြေပြင်တွင် အမှတ်အသားများပြုလုပ်၍ တခြား မိန်းကလေးများအား တူးစေပါတယ် ။ သူမတို့ အမှတ် အသား များ ပြုလုပ်ပြီးသည့် အခါမှာလည်း သူမတို့ကိုယ် တိုင် ပါဝင် တူးကြပါတော့တယ် ။
“ကွမ်ချင် ၊ မင်းရဲ့ မီးတောက် က အတော် အစွမ်းထက် တာပဲ ။ မင်း အလွယ်တကူ မျဉ်းတွေ လုပ်နိုင်မှာ ။ ဒါသာ အလုပ်ဖြစ်မယ် ဆိုရင် ငါတို့ အမြန်ပဲ ပြီးစီးသွားလိမ့်မယ်”
ရှန်းရှန်း ပြောလိုက်တာပါ ။
သူမဟာ ဝုကွမ်ချင် တစ်ယောက် လက်ချောင်းလေး ဖြင့် မာကျောလှသည့် မြေကြီးအား ရွှံ့ ထဲ မျဉ်းဆွဲနေသလို အသာ အယာ ဆွဲသွားတာကို မြင်တာကြောင့်ပါ ။ မည် သည့် မီးတောက်မှ ဝုကွမ်ချင် ၏ လက်မှ မထွက်ပေါ်သော် လည်း သူမဆွဲသွားသော မျဉ်းများတွင် အပူရှိန်ကို ခံစားမိ နိုင်ပါတယ် ။
“ဟားဟား ၊ ငါ့မီးတောက်တွေက အစွမ်းထက်ရုံပဲ ရှိ တာပါ ။ ငါက မင်းကို မယှဉ်နိုင်သေးပါဘူး ။ ရှန်းရှန်း မင်း က အစီအရင်တွေ ဘယ်လို လုပ်ရမလဲ ဆိုတာ သိတယ် လေ ။ မင်းက ပိုစွမ်းတာပေါ့”
ဝုကွမ်ချင် ရယ်မော ပြောဆိုပါတယ် ။
လန်ယုလန် က လည်း –
“ကွမ်ချင် ၊ မင်းမီးတောက်က တော့ အံ့မခန်းပါပဲ ။ ငါ လည်း မီးတောက် သုံးလို့ရတယ် ။ ဒါပေမယ့် မင်းလို မီးကို မသုံးနိုင်ဘူး”
သူမ ၏ ဝိဉာဉ်တော် ဓားမှာ မီးတောက်များ ပေါင်းစပ် စေကာ ဂရုတစိုက်ဖြင့် မြေပြင်ပေါ်တွင် မျဉ်းများ ရေးဆွဲ နေ ပါတော့တယ် ။
တခြားမိန်းကလေးများ မှာလည်း မြေပြင်ကို အမှတ်အ သားများ အတူတူ ပြုလုပ်နေကြပါတယ် ။ အားလုံးဟာ သူတို့ ၏ ဝိဉာဉ်တော် လက်နက်များ ချီဓာတ်များကို အသုံးပြုကာ ရေးဆွဲနေကြခြင်းပါ ။
“မင်းတို့ ဒီမှာ ဆွဲထားတာတွေက မှန်လား”
ချန်ရှန် လျှောက်လာပြီး မေးလိုက်တယ် ။
“အင်း ၊ ဒါပေမယ့် ပြီးဖို့တော့ အတော်လိုဦးမယ် ။ တောင်ရဲ့ ထိပ် ၊ တောင်ခြေ ၊ နဲ့ တောင်တစ်ခုလုံးရဲ့ တချို့ နေရာတွေမှာ မျဉ်းတွေ ဆွဲဖို့ ကျန်သေးတယ်”
ရှန်းရှန်း က ပြန်ဖြေပါတယ် ။
“ကျွန်မက အရင်တည်းက ဒါမျိုး သိပ်မလုပ်ဖူးဘူး ။ ဒါ ပေမယ့် ဂိုဏ်းချုပ်ကတော့ သင်ပေးထားပါတယ်”
လန်ယုလန် ခပ်ညည်းညည်းလေး ဆိုပါတယ် ။ သူမ ကြည့်ရတာ စိတ်ပင်ပန်းနေဟန် ရှိပြီး သူမ၏ ဓားကို မြေပြင်ပေါ် ပစ်လိုက်ပါတယ် ။
ချန်ရှန် ပြုံးကာ –
“ယုလန် ၊ မင်း လိုဏ်ခေါင်း သွားတူးလိုက် ။ ဒါကို ငါ လုပ်လိုက်မယ်”
“ရှင် တစ်ယောက်တည်းလား”
မိန်းကလေး တစ်ဦးက မေးပါတယ် ။ သူမကတော့ စစ်မှန်သော သိုင်းပညာဂိုဏ်း မှ ယူယန်ဒိုင်း ပါ ။
ချန်ရှန် ခေါင်းညိမ့်ကာ ပြလိုက်တယ် ။ သူမတို့အားလုံး ချန်ရှန် လက်ဝေ့ယမ်းလိုက်တာကို မြင်လိုက်တယ် ။ ထို့ နောက် မှာတော့ များစွာသော မီးအစက်အပြောက်လေး များ ပေါ်လာကာ မြေပြင်ပေါ်သို့ ကျသွားတယ် ။ ရှန်းရှန်း နှင့် လန်ယုလန် တို့ဟာ ဒီ အမှတ်အသားများကို ရက်ပေါင်း များစွာ ပြုလုပ်ထားခဲ့ကြတာ ဖြစ်ပြီး ယခုအခါမှာတော့ ဆီး နှင်းများ ဖုံးလွှမ်းခြင်းကြောင့် နေရာသတ်မှတ်ရန် ခက်ခဲနေ ပါပြီ ။
ချန်ရှန် ၏ နတ်အတွင်းအား အာရုံများကို ဖြန့်ကျက် ကာ မီးအစက်အပျောက် များအား မြေပြင်ပေါ်သို့ ကျစေ လိုက် တယ် ။ ထို့နောက်မှာတော့ ၎င်းတို့ဟာ ရွေ့ လာကြပြီး မြေပြင် ကို လောင်ကျွမ်းစေပြီး ရေခဲများကို ပျော်ကျစေပါ တော့တယ် ။ သိပ်မကြာခင်မှာပဲ မျဉ်းကြောင်းများဟာ လျင် မြန်စွာ နဲ့ အလွယ်တကူကိုပင် ပေါ်လာကြတယ် ။ အားလုံး သော မိန်းကလေးများဟာ အံ့အားသင့်သွားကြတယ် ။ ချန် ရှန် ကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြပါ တော့ တယ် ။
မီးအစက်အပျောက်များ ပျောက်ကွယ်သွားသည့် အခါ ချန်ရှန် သူ၏ လက်ကို နောက်တစ်ခါ ဝေ့ယမ်းကာ ခုနက လို မီးအစက်ပျောက် အမှုန်များစွာကို ထပ်မံထုတ်လိုက်ပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset