Chapter – 245 ဆုံစည်းခြင်း
ပထမတော့ ဝေဟုန်တို သူ၏ စွမ်းအားဟာ ချန်ရှန် နှင့် အတူတူ သို့မဟုတ် သူကပင် ပိုသာနေမည်ဟု ထင်ခဲ့တာ ပါ ။ သို့သော်လည်း ချန်ရှန်မှာ ယခုလို ထိတ်လန့်ဖွယ်ရာ ဓားစွမ်းရည် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့မိပေ ။ ဓားသွား လာတယ့် အခါ သူ ဟာ လျှပ်စီး မိုးကြိုးများလို ကြီးမား သော လှိုင်းကြီး တစ်ခုကို မြင်လိုက်ရတယ် ။
ထိုအချိန်မှာ ရှောင်တိမ်းရန် နောက်ကျသွားခဲ့ပါပြီ ။ ဒါ ကြောင့် သူ၏ ဓားရှည်ဖြင့်သာ သူ၏ ချီဓာတ်များအကုန် သုံးကာ ခုခံကာကွယ်လိုက်တယ် ။
ချန်ရှန်ဓားခုတ်ချက်ဟာ နဂါးခုနစ်ကောင် သတ်ဖြတ် ခြင်း လှိုင်းကို အသုံးပြုခဲ့တာပါ ။ အလွန်ပြင်းထန်သော တိုက်ခိုက်မှု ဖြစ်ပြီး စွမ်းအားကြီးလွန်းလှပါတယ် ။ ဒါဟာ ချန်ရှန် အတွက် ဒီတိုက်ကွက်ကို ပထမဆုံးအကြိမ်သုံးတာ ဖြစ်ပြီး ချန်ရှန်ကိုယ်တိုင်ပင် အံ့အားသင့်သွားတယ် ။
ဝေဟုန်တို ရဲ့ အနီရောင် ဓားရှည်ဟာ အဆင့် ၈ ဝိဉာဉ်တော် လက်နက်ဖြစ်ပြီး မိုးပြာနဂါး ဓားဖြင့် ဆုံတွေ့ တဲ့အခါ မှာတော့ ဝိဉာဉ်တော် လက်နက် ဟာ အသေးအဖွဲ ဖြစ်သွားရပါတယ် ။ ကြီးမားလှတယ့် ဓားကြီးဝင်ရောက် လာခဲ့ပြီး အရှိန်ကလည်း မသေးလှချေ ။ ၎င်းဟာ ဝေဟုန် တို ရဲ့ ခေါင်းဆီသို့ အားပြင်းစွာ ၀င်ရောက်လာတာပဲ ဖြစ်ပါ တယ် ။
ဝေဟုန်တို ဟာ ချီဓာတ်တုန်ခါမှုများ ကို ခံစားနေရပြီး အတော် လဲ လန့်နေမိပါတယ် ။ ချန်ရှန် ၏ မိုးပြာနဂါး နှင့် သူ၏ ဓားနီကြီးတို့ ထိတွေ့ သွားတယ့်အခါ သူ၏ ဓားမှာ အ စိတ်စိတ် အမွှာမွှာ ဖြစ်သွားပါတယ် ။ သူ့အနေဖြင့် ဘာမှ မတတ်နိုင်တော့ပဲ သူ့ကိုယ်မှနာကျင်မှုများ ကို ခံစားလိုက် ရ ပါတယ် ။
နဂါးခုနစ်ကောင် သတ်ဖြတ်ခြင်း တိုက်ကွက်ဟာ မူလ က နဂါးများကို သတ်ဖြတ်တယ့် နေရာမှာ သုံးတာပါ ။ အ တော် ကို အစွမ်းထက်သော တိုက်ကွက်ဖြစ်ပြီး လူသား တစ် ဦး အနေဖြင့် ဘယ်လိုမှ တောင့်ခံနိုင်မည် မဟုတ်ချေ။
ဝေဟုန်တို လည်း ကြောက်မက်ဖွယ် ချီလှိုင်း ရိုက်ခတ် မှု ကို ခံပြီးတယ့်နောက်မှာတော့ သူ၏ ဓားနှင့် အတူ အမှုန့် ဖြစ်သွား ပါ တော့တယ် ။ ချန်ရှန် လည်း သူ၏ ဓားကို ပြန် သိမ်း ကာ တည်ငြိမ်စွာပင် ထိုနေရာမှ ထွက်ခွာခဲ့ပါတော့ တယ် ။
သူဟာ အဆင့် ၅ ပညာရှင်ဖြစ်ပြီး အဆင့် ၆ ထက် ပိုတဲ့ ပညာရှင်ကို တောင် နိုင်လောက်ပါတယ် ။ ဒ့ါကြောင့် အဆင့်တူတူ ချင်းတွင် သူ့ကို နိုင်မည့် လူဆိုတာ မရှိသ လောက် ကို ရှားပါးလှတယ် ။
တောင်မြင့်များ ကို ဖြတ်ကျော်ပြီးနောက် ချန်ရှန် တောင် တစ်ခု အလယ်သို့ ရောက်သောအခါ သူနဲ့ ခပ်လှမ်း လှမ်းတွင် လှုပ်ရှားမှုများကို ရုတ်တရက် မြင်တွေ့ လိုက်ရ တယ် ။ သေချာ စူးစိုက်ကြည့်လိုက်တယ့်အခါ လူအများ အပြား တောအုပ်ထဲ ပြေးလွှားနေတာကို မြင်လိုက်ရတယ်။ အရှေ့ မှာတော့ ကြာပန်းကျွန်း နှင့် ဒန်ရှန်တောင်ယွမ် တို့ ၏ လူများ ပြေးလွှားနေတာ ဖြစ်ပြီး နောက်မှာတော့ လူသား မိစ္ဆာ အများအပြား လိုက်လံခြင်းကို ခံနေရတာ ဖြစ်ပါ တယ် ။
ဒီလူသားမိစ္ဆာများ ဟာ ထိန်းချုပ်ခံထားရခြင်း တော့ မရှိပါဘူး ။ သိပ်ပြီး ကြောက်စရာ ကောင်းသည် မဟုတ်ပဲ အားနည်းပုံပါပဲ ။
ချန်ရှန် ပြေးသွားပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန် မှာတော့ ထိုလူများ၏ ရှေ့ သို့ ရောက်ရှိသွားတယ် ။ လက်ယာ ဂိုဏ်းသားတို့ ချန်ရှန် ကို မြင်တွေ့ လိုက်ရတယ့် အခါ မှာတော့ ဘာကြောင့်မှန်းရယ်မသိ စိတ်သက်သာရာ ရ သွားသလို သက်ပြင်းချလိုက်ကြပါတယ် ။
လူတိုင်းဟာ ချန်ရှန် သူ၏ လက်နှစ်ဖက်ကို ယှက်ကာ ပုံဆောင်ခဲများ ပြုလုပ်နေတာကို တွေ့ လိုက်ရပြီး အဆက် မပြတ် ကို ပစ်လွှတ်လိုက်ပါတယ် ။ အသံများ ကျယ်လောင် စွာ ထွက်သွားပြီး ပုံဆောင်ခဲ တစ်ချက် ထွက်သွားတိုင်း မြေ ကြီး တစ်ခုလုံး တုန်ခါလို့ နေပါတယ် ။ ချီလှိုင်းများ ထွက် ပေါ်တယ့် အခါမှာတော့ မြေပြင်ဟာ အက်ကွဲကာ သစ်ပင် များမှာလဲ လဲပြိုကျ ပါတော့တယ် ။
ကောင်းကင်ဖြို ပုံဆောင်ခဲ ဟာ လေပြင်းများနှင့် လှိုင်း များ ပြင်းထန်စွာ ထွက်သလိုပါပဲ ။ ချန်ရှန် ဟာ ဒီလို လှိုင်း များကို တစ်ခုပြီး တစ်ခု ထုတ်နေတာကြောင့် လူသားမိစ္ဆာ များမှာ ထိမှန်ကုန်ပါတော့တယ် ။ ကောင်းကင်ဖြို ပုံဆောင် ခဲ ပြုလုပ်သည့် အနီးတဝိုက်မှာ သွေါ်များ အသားစများ ဟာ ပြန့်ကျဲလျက် ရှိပြီး လူသားမိစ္ဆာများမှာ သွေးများ တစ်ကိုယ် လုံးမှ ထွက်လာပြီး သေကြေပျက်စီးကြရပါတယ် ။ ချန်ရှန် ၏ ချီဓာတ်များဟာ ၎င်းတို့ ကိုယ်တွင်းသို့ ၀င်ရောက်သွား တာ ဖြစ်ပြီး ထိုချီဓာတ်များဟာ ၎င်းတို့၏ ချီဓာတ်များအား ဒုက္ခပေးတာကြောင့် ၎င်းတို့ အနေဖြင့် ဘယ်လိုမှ မတတ် နိုင် ကြ တော့ပါပေ ။
ခုနကပဲ ချန်ရှန် ဟာ ကောင်းကင်ဖြို ပုံဆောင်ခဲများ ကို ဆက်တိုက်အသုံးပြုခဲ့တာကြောင့် ကောင်းကင် နှင့် မြေ ကြီး တစ်ခုလုံး တုန်ခါလျက်ရှိပြီး ကြာပန်းကျွန်း နှင့် ဒန်ရှန် တောင် ယွမ် မှ လူများဟာ အတော်ကို လန့်သွားကြပါ တယ် ။ ထိုလူသားမိစ္ဆာများ နေရာတွင် သူတို့ ဖြစ်မည် ဆို ရင်လည်း ဒီလိုပဲ ဖြစ်မှာပါပဲ ။
သူတို့ ရှေ့ မှ တောအုပ်ဟာ ပျက်ဆီးသွားပြီ ဖြစ်ကာ သစ်ပင်များဟာ ချန်ရှန် ၏ ကောင်းကင်ဖြို ပုံဆောင်ခဲ တိုက် ကွက် ကြောင့် လဲပြိုကုန်ကြတာပါ ။ လူသားမိစ္ဆာ နှစ် ရာ သုံးရာ လောက်ဟာလည်း ချန်ရှန် ကြောင့် အားလုံး ဟာ သွေးအိုင်ထဲ ပြန့်ကျဲကာ အလောင်းများ ပုံနေပါတော့ တယ် ။
ချန်ရှန် မျက်မှောင် ကြုတ်သွားတယ် ။ ခပ်လှမ်းလှမ်း မှ လှုပ်ရှားမှု ကို ခံစားလိုက်ရတယ် ။ မြင်းများ သောင်းချီ ချီ တက် လာသလို ခံစားလိုက်ရပြီး သားရဲမိစ္ဆာများစွာ ချီတက် လာ သလို ဖြစ်တာကြောင့် လျင်မြန်စွာပင် ပြောလိုက်ပါ တယ် ။
“မြန်မြန် သွားကြမယ်”
ဒန်ရှန် တောင်ယွမ် မှ လူ ၇ ယောက် ဖြစ်ပြီး ကြာပန်း ကျွန်းမှ လူ ၆ ယောက်ဖြစ်ပါတယ် ။ အနည်းငယ် ဒဏ်ရာ ရ နေကြသည်မှ အပ ကျန်သူများဟာ အားလုံးကောင်းမွန်နေ ကြပါ သေးတယ် ။ သူတို့ဟာ လူသားမိစ္ဆာများနှင့် အသေ အကြေ တိုက်ခိုက်ခြင်း မပြုပဲ ထွက်ပြေးခဲ့ကြတာပါ ။ ထို ကဲ့သို့သာ မပြေးခဲ့ပါက သူတို့ ခုချိန်ထိ အသက်ရှင်နိုင်လိမ့် မည် မဟုတ်ချေ ။ သူတို့အနေနဲ့လည်း ယခုဒီနေရာတွင် တိုက်ခိုက်ဖို့က အဓိက မဟုတ်ပဲ အသက်ရှင်ဖို့သာ လိုအပ် တယ် ဆိုတာ သိကြတယ် ။
လမ်းတစ်လျှောက်လူတိုင်းဟာ ချန်ရှန် နှင့်အတူ ပြေး လာရင်း တောနက်ပိုင်းနဲ့ နီးလာကြတယ် ။ ဒီနေရာမှာ သား ရဲမိစ္ဆာများဟာ အလွန်များပြားလှပြီး စွမ်းအားလည်း ပိုကြီး ကြ တယ် ။ ဒါ့အပြင် ဒီလိုလူအုပ်စုလိုက် စွန့်ပစ်နယ်မြေ အ တွင်းမှာ လှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် အတွင်း ပိုင်းရှိ စွမ်းအားမြင့် အကောင်များကို အနှောက်ယှက်ပေး ရာ ရောက်နေပါတယ် ။ ဒါဟာ ချန်ရှန် မဖြစ်ချင်တယ့် အ ရာပါပဲ ။
အခုတော့ အကုန်လုံးကို ရှာတွေ့ ခဲ့ပါပြီ ။ သားရဲဂိုဏ်း နှင့် နတ်ဓားဂိုဏ်း တို့မှာတော့ ချန်ရှန် ကို ကျေးဇူးကန်းရုံ မက ပြန်ပင် တိုက်ခိုက်ခဲ့သောကြောင့် ချန်ရှန် ဟာ သူတို့ ကို ဇာတ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ် ။
သုံးရက်လောက် ဆက်တိုက် ပြေးလာပြီးနောက်မှာ တော့ ချန်ရှန် လည်း ဒန်ရှန်တောင်ယွမ် နှင့် ကြာပန်းကျွန်း ဂိုဏ်းသားများအား ဆုံမှတ်သို့ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။
ဒီကိုရောက်ပြီးနောက်မှာတော့ ချန်ရှန် အလောင်းများ စွာ မြေကြီးပေါ်တွင် လဲကျနေတာကို သတိပြုလိုက်မိတယ်။ အားလုံးဟာ လူသားမိစ္ဆာ နှင့် သားရဲမိစ္ဆာများ ဖြစ်ကြတယ်။ ဒီပြီးခဲ့သော ရက်များတွင် အားလုံးဟာ နိုးနိုးကြားကြား ရှိနေခဲ့ကြတာ ဖြစ်သော်လည်း ၎င်းတို့ မျက်နှာများမှာတော့ စိုးရိမ်မှုများ အပြည့်ပါပဲ ။ ချန်ရှန် ကို မြင်သည့် အခါမှသာ အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြပါတယ် ။
အားလုံး၏ အမူအရာများဟာ အတူတူပါပဲ ။ အားလုံး ဟာ ပြုံးပင်မပြုံးနိုင်ကြပေ ။ အဘယ်ကြောင့် ဆိုသော် ခက် ခဲသည့် အခြေအနေမှာ ရှိနေကြတာကို သိနေကြပြီး အထူး သဖြင့် အစွမ်းထက် သားရဲများရန်ကို ကြောက်နေကြရ သည် မဟုတ်ပါလား ။
ချန်ရှန် ၀ံပုလွေခေါင်းကြီး တစ်ခုကို မြင်တယ့်အခါ ဒီ သားရဲများဟာ ထိန်းချုပ်ခံသားရဲများ မဟုတ်ပဲ အတွင်းပိုင်း မှ လာသော သားရဲများ ဖြစ်တယ် ဆိုတာကို သိလိုက်တယ်
“မင်းတို့ အားလုံး အဆင်ပြေကြရဲ့ လား”
ချန်ရှန် မေးလိုက်တယ် ။
“ကျွန်မတို့ အားလုံး အဆင်ပြေပါတယ် ။ ကံကောင်း တာ က ကျွန်မတို့ အတူတူရှိနေကြတာပဲ ။ ဒီလိုမှသာ မ ဟုတ်ရင် ဒီဝံပုလွေ အုပ်ကြီးရဲ့ စားတာကို ခံနေရလောက် ပြီ”
လန်ယုလန် ပြောလိုက်တယ် ။
ကြောက်စရာကောင်းလှသည့် ၀ံပုလွေ အုပ်ကြီး ၏ အကြောင်းကို ပြန်တွေးမိရင်း လန်ယုလန် မျက်နှာမှာ ဖြူ ဖတ် ဖြူလျော် ဖြစ်သွားပြန်တယ် ။
မြေပြင်တစ်ခုလုံးဟာ ပြင်းထန်သော တိုက်ပွဲ တစပြင် ကြီး လို ဖြစ်နေတယ် ။ အားလုံးဟာ အတူတကွ ရင်ဆိုင် တိုက်ပွဲ ၀င်ခဲ့ကြတာဖြစ်ပြီး အောင်မြင်ခဲ့ကြပုံပါ ။ တကယ် ကို ထိတ်လန့်စရာ ကောင်းလှပြီး ချန်ရှန် ပင် နိုင်ဖို့ လွယ် ကူ မည် မဟုတ်ချေ ။ လောင်ဆုရီ ၏ အားကို ငှားနိုင်ရင်တော့ တမျိုးပေါ့ ။
“ငါတို့ အလောင်းတွေ အများကြီး ကို မြုပ်ခဲ့ပြီးပြီ ။ ညီ တော် ချန် ၊ မင်းမသိသေးဘူး ။ ဒါပေမယ့် ငါတို့ ဟာ သား ရဲ မိစ္ဆာတွေနဲ့ လူသားမိစ္ဆာ အများအပြားကို ရင်ဆိုင်ခဲ့ရ တယ် ။ ဒီအလောင်းကောင်တွေ က တန်ဖိုးမရှိဘူး ။ ငါ တို့ ဒီတစ်ကြိမ်တော့ အကျိုးမရှိလိုက်ဘူး”
ဇုရွန် က ရှင်းပြပါတယ် ။
သူ့မျက်နှာဟာ ပင်ပန်းနွယ်နယ်နေပုံ ရပြီး သိပ်မကြာ ခင် အချိန်က ၀ံပုလွေအုပ်နဲ့ တိုက်ခိုက်ခဲ့ပုံပါပဲ ။
လက်ယာဂိုဏ်းသား များဟာ အယောက်လေးဆယ် သာ ရှိနေတာ ဖြစ်ပေမယ့် မိစ္ဆာဂိုဏ်းသားများကတော့ သူ တို့ထက် များပြားပါတယ် ။ အများစုဟာ သားရဲမိစ္ဆာ များ နှင့် လူသားမိစ္ဆာများကိုပါ ထိန်းချုပ်နိုင်ပါသေးတယ် ။ ဒီ အချက် ကို တွေးမိပြီးနောက် အားလုံးဟာ စိုးရိမ်နေမိကြ တယ် ။ သူတို့ ကိုသာ ဖမ်းမိခံရမည် ဆိုပါက စတေးခံရမည် မှာ အမှန်ပါပဲ ။
လူတိုင်းရဲ့ စိုးရိမ်တကြီးဖြစ်နေပြီး စိတ်ဓာတ်ကျနေ ပုံ ကို ကြည့်ရင်း ချန်ရှန် အခြေအနေမဟန်ဘူး ဆိုတာကို သိ နေတယ် ။ ဒါ့ကြောင့် အော်ပြောလိုက်တယ် ။
“ အကာအကွယ် အစီအရင်တစ်ခု ဘယ်သူ လုပ်တတ် လဲ”
မည်သူမျှ ပြန်မဖြေတာကြောင့် ချန်ရှန် သက်ပြင်းချ လိုက် မိတယ် ။ ဒါပေမယ့် ထိုအချိန်မှာပဲ ရှန်းရှန်းက လေ သံ တီးတိုးဖြင့် –
“အကိုတော် ချန်ရှန် ၊ ကျွန်မ နည်းနည်း တော့ ရတယ် ၊ ဒါပေမယ့် ဒီလို လုပ်ဖို့ အဆင့်မြင့် နဲ့ ထိပ်သီးအဆင့် သ လင်းကျောက်တွေ လိုအပ်တယ်”
လန်ယုလန် လည်း ချန်ရှန် ဘေးမှနေကာ –
“အကိုတော် ၊ ကျွန်မလည်း နည်းနည်းတော့ ရတယ် ။ ဘယ်လိုဟာ မျိုး လုပ်ပေးရမလဲ”
ချန်ရှန် တခဏမျှ စဉ်းစားပြီးနောက် သူမတို့ နှစ်ဦးအား လျူမန်ဂါ မှ သင်ကြားပေးထားမည် ဟု ထင်မိလိုက်တယ် ။ လျူမန်ဂါဟာ ထိပ်တန်း လက်နက်ပြုလုပ်သူ တစ်ဦး ဖြစ် ပြီး ဝိဉာဉ်တော် အင်းကွက်များကိုလည်း ကျွမ်းကျင်သူ တစ်ဦးပါ ။ ရှန်းရှန်း နှင့် လန်ယုလန် တို့ ဒါကို နားလည်နေ ခြင်း ဟာ သိပ်တော့ မထူးဆန်းလှပါချေ ။
“ငါ့မှာ အဆင့်မြင့် သလင်းကျောက်တော့ မရှိဘူး ။ ဒါ ပေမယ့် ထိပ်သီးအဆင့် သလင်းကျောက်တော့ နည်းနည်း ရှိတယ်”
လူတိုင်း အံ့အားသင့်နေကြတယ် ။ ဒီမတိုင်ခင်က သူတို့ ဟာ သားရဲမိစ္ဆာ ၊ လူသားမိစ္ဆာများနှင့် တိုက်ခိုက်ခဲ့ကြ တာ ဖြစ်ပြီး လန်ယုလန် နှင့် ရှန်းရှန်း တို့ဟာ အတော်ကို အစွမ်းပြခဲ့ကြတာပါ ။ ၂ ယောက်လုံးဟာ အစွမ်းထက်လှပြီး ၎င်းတို့၏ တိုက်ခိုက်မှုများမှာလည်း ရက်စက်လှပြီး ယောကျာ်းသားများကိုပင် ရှက်ရွံ့ စေခဲ့ပါတယ် ။ အခုအခါ မှာတော့ သူမတို့ နှစ်ဦးလုံးဟာ ချန်ရှန်အား အကိုတော် လို့ ခေါ်ကြတာ ကိုကြားတာကြောင့် သူမတို့နှင့် ချန်ရှန် ဟာ ဆက် ဆံရေး ကောင်းမွန်ကြလိမ့်မည်ဟု သိနေကြပါတယ်။ ဒါကပင် အားလုံးကို တမျိုးတဖုံ မနာလို ဖြစ်နေစေပါတော့ တယ် . . . ။