Switch Mode

Chapter – 244

ဝေဟုန်တို

Chapter – 244 ဝေဟုန်တို

ချန်ရှန် ဒီလူလေးဦးကို ဆွယ်နေတယ် ဆိုတာ သိသာ ပါ တယ် ။ သို့သော် သူတို့ကလည်း ချန်ရှန် သူတို့ကို ပြင်း ထန်သော သိုင်းပညာဂိုဏ်းအား ၀င်စေချင်သည် မှာ ချန် ဝူ နယ်မြေ အတွင်း မဖြစ်နိုင်ဟု ထင်နေကြတယ် ။ ဂိုဏ်းတစ် ခုခု အတွင်းသို့ ၀င်ရောက်ပြီးသူဟာ တခြားဂိုဏ်းသို့ ၀င် ရောက် လို့ မရတော့ချေ ။ သူတို့ကိုယ်တိုင်ထွက်ခဲ့တယ် ဆို ရင်တောင်မှ တဖက်ဂိုဏ်းမှ သူတို့ကို လက်မခံပါ ။
ချန်ရှန် သူတို့အား ပြန်သွားရမည့် လမ်းကြောင်းကို ပြော လိုက်တယ် ။ သူဟာ သူဖြတ်သန်းလာခဲ့တယ့် လမ်း တစ် လျှောက် အမှတ်အသားများ ပြုလုပ်ထားတာ ဖြစ်ပြီး ဒီအမှတ်အသားတိုင်း သွားမည် ဆိုပါက လာလမ်းအတိုင်း သွား နိုင်မည် ဖြစ်ပြီး တခြားဂိုဏ်းမှ လူများနှင့် ပြန်လည် ဆုံ မည် ဖြစ်ပါတယ် ။
ချန်ရှန် ကတော့ တခြား ကိစ္စများ လုပ်ရန် ကျန်ပါသေး တယ် ။ ဒါ့အပြင် သူ ဒန်ရှန်တောင်ယွမ် နှင့် ကြာပန်းကျွန်း ဂိုဏ်း တို့မှ လူများကို မတွေ့ သေးပါချေ ။
ဒန်ရှန် တောင်ယွမ်ဟာ ပြင်းထန်သော သိုင်းပညာ ဂိုဏ်း နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကြတာ ဖြစ်ပြီး ချန်ရှန် အနေဖြင့် ၎င်းတို့ တိုက်ခိုက်လာမှာကို စိုးရိမ်စရာ မလို ပါ ။ ကြာပန်းကျွန်း နှင့်က တော့ ချန်ရှန် သိပ်မဆက် ဆံဘူးပေ ။ ၎င်းတို့ဟာ ပင်လယ်ကမ်းခြေမှာ တည်ရှိသော် လည်း ချန်ဝူ နယ်မြေ၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ် ကာ အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပါတယ် ။
စစ်မှန်သော သိ်ုင်းပညာဂိုဏ်း မှ လူများ ထွက်ခွာသွား ပြီး နောက် ချန်ရှန်လည်း နောက်ထပ် ခြုံခိုတိုက်ခိုက်ရာ ဆုံမှတ်ဖြစ်မည့် နေရာသို့ ဆက်ထွက်လာပါတယ် ။
ချန်ရှန် ကြောက်မက်ဖွယ် တောအုပ်အတွင်း သို့ ၀င် လာ သည်နှင့် သူ၏ ဆံပင်များ ထောင်သွားတယ် ။ အော် ဂလီ ဆန်ဖွယ် အငွေ့ များဟာ ပြင်းထန်စွာထွက်ပေါ်လာပြီး မနှစ်မြို့ ဖွယ် ကောင်းလှပါတယ် ။
ရုတ်တရက် အနီရောင် အငွေ့ တစ်ခု တောအုပ်မည်း ကြီး ထဲ လင်းလက်သွားတာကြောင့် ချန်ရှန် ကြက်သီးများ ထကာ လျင်မြန်စွာပင် လေထဲသို့ ခုန်တက်လိုက်တယ် ။ ချွေးစေးများလည်း ထွက်နေပြီ ဖြစ်ပြီး ခုနက သူရပ်နေ သော နေရာကို ကြည့်လိုက်တယ့်အခါ အနီရောင်အငွေ့ များ ဖုံးလွှမ်းနေသည့် ချောင်းတစ်ခုလို ဖြစ်နေတာကို ထိတ်လန့် ဖွယ် မြင်တွေ့ လိုက်ရပါတယ် ။ ထိုအငွေ့ များနှင့် သာ သူ့ကို ထိမှန်မည် ဆိုပါက သူပါ မြေကြီးထဲ နစ်ဝင်သွား မှာပါပဲ ။
အစောပိုင်း တိုက်ခိုက်မှု၏ အမြန်နှုန်းနှင့် စွမ်းအားက ပင် အတော် ကြောက်ဖို့ ကောင်းနေပါပြီ ။ အစွမ်းထက်ဆုံး အစွမ်းမှာ ပုန်းကွယ်နေနိုင်စွမ်းပါ ။ ချန်ရှန် ရုတ်တရက် တိုက်ခိုက်မှု ကို ရှောင်တိမ်းနိုင်လိုက်လို့သာ အသက်ချမ်း သာ ရာ ရရှိခဲ့ခြင်း ဖြစ်ပါတယ် ။
“ဟားး ဟားး”
အလွန်အံ့အားသင့်ဖွယ်ရာ ပါပဲ ။ စူးရှလှသည့် ရယ်သံ ကြီး တစ်ခုကို ရုတ်တရက် ကြားလိုက်ရပြီး နားထဲကိုပင် စူးခနဲ ဖြစ်သွားစေပါတယ် ။
ချန်ရှန် မြေပြင်ပေါ် ပြန်ကျသောအခါ ချက်ချင်းပဲ သူ၏ မိုးပြာနဂါး ဓားကြီးအား ဆွဲထုတ်လိုက်တယ် ။ ထိုအချိန်မှာ ပဲ သွေးကဲ့သို့ အနီရောင် အငွေ့ များဟာ ထပ်မံပေါ်ပေါက် လာပြီး ချန်ရှန် လည်း ၀င်ရောက်လာမည့် မည်သည့်တိုက် ခိုက်မှုကိုမဆို သူ၏ ဓားကြီးဖြင့် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက် ပါ တယ် ။ ကြီးမားလှသော ဓားကိုယ်ထည်ကြီးက ၀င်လာ မည့် အစွမ်းထက်တိုက်ခိုက်မှုများ ကို ခုခံနိုင်မှာပါ ။
၎င်းဟာ အလွန်ရှည်လျားသည့် ဓားကြီးမှ လာတာ ဖြစ် ပြီး သွေးကဲ့သို့ ကြေးနီရောင်များ လင်းလက်လျက် ရှိပါ တယ် ။ ဓားကိုင်ထားသည့်လူကို တွေ့ သည့်အခါမှာတော့ ချန်ရှန် ပိုမို အံ့အားသင့်ခဲ့ရပါပြီ ။ ပခုံးထိရှည်လျားသော ဆံပင်ရှိသည့် လူငယ်တစ်ဦး ဖြစ်ပြီး အနီရောင်ဆံပင်ပါပဲ ။ သူ၏ မျက်လုံးများမှာလည်း ရဲရဲ နီလျက် ရှိကာ မကောင်း ဆိုးဝါး တစ်ကောင်နှင့် အတော်ကို တူလှတယ် ။
လူငယ် ရုတ်တရက် သူ၏ ပါးစပ်ကို ဟကာ အလွန် ရှည်လျားသည့် အနီရောင် လျာ ကြီးကို ဆန့်ထုတ်လိုက်ပါ တယ် ။ ထိုလျာကြီးဖြင့် သူ၏ သွေးနီရောင် ဓားရှည်ကြီးကို ယက် နေပုံမှာ ကြက်သီးထဖွယ် ကောင်းလှပါတယ် ။
ချန်ရှန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာဖြင့် အေး စက် စက် ပြောလိုက်တယ် ။
“မင်းက ဘယ်သူလဲ”
သေချာသည်မှာ ဒီလူဟာ မိစ္ဆာဂိုဏ်းမှ ဖြစ်မည် ဖြစ်ပြီး ဒါတင်မက အလွန်အစွမ်းထက်ပုံပါပဲ ။
“ကျွတ် ကျွတ်”
ဆံပင်နီ လူငယ် သူ၏ ခေါင်းကို ခါယမ်းကာ ခနဲ့တဲ့တဲ့ ဖြင့် –
“မင်းက ချန်ရှန် ၊ ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ ထိပ်သီးအငယ်ရွယ်ဆုံး သိုင်းပညာရှင် ။ နာမည်ကလည်း ကြီးပ ။ ငါ မင်းအဲဒိလောက်တုံးလိမ့်မယ်လို့ မထင်ခဲ့မိဘူး ။ မင်းတကယ်ပဲ ငါဘယ်သူလဲ ဆိုတာ မသိဘူးလား”
ချန်ရှန် ခပ်လှောင်လှောင် ဖြင့် –
“ငါ မင်းဘယ်သူလဲ ဆိုတာတော့ အတိအကျ မသိပါ ဘူး ။ ဒါပေမယ့် သေချာတာကတော့ မင်းဟာ မိစ္ဆာဂိုဏ်းက ပဲ ဖြစ်ရမယ်”
“ကဲထားပါတော့ ၊ ငါကပဲ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါ့ မယ် ။ အဲဒါမှ မင်းကို ဘယ်သူသတ်သလဲ ဆိုတာ မင်းသိ မှာ မလား ။ ဒါပေမယ့် ကြည့်ရတာ ငါ့ဂုဏ်သတင်းက သိပ် မပျံ့ ဘူးထင်တယ် ။ မင်း တကယ်ပဲ ငါဘယ်သူလဲဆိုတာ မ သိတာပဲ”
ထိုလူက ရုတ်တရက် အနီရောင် ၀တ်ရုံရှည်ကြီးကို ၀တ်ဆင်ကာ ဂုဏ်ယူဟန်ဖြင့် –
“ငါက ဝေဟုန်တို ၊ သွေးသန့်စင်ခြင်း ဂိုဏ်းကပဲ”
ချန်ရှန် မျက်မှောင်ကြုတ်သွားတယ် ။ သွေးသန့်စင် ခြင်း ဂိုဏ်း ဆိုတာ အဓိက မိစ္ဆာဂိုဏ်းငါးခု ထဲမှ အစွမ်းထက် ဆုံးဂိုဏ်း တစ်ဂိုဏ်းပါ ။ သူ ဝေဟုန်တို အကြောင်း အနည်း ငယ် တော့ ကြားမိတယ် ။ ချန်ရှန် နှင့် သက်တူရွယ်တူ လောက်ပင် ဖြစ်ကာ နှစ်ဦးစလုံးမှာ အသက်ငယ်ငယ်ရွယ် ရွယ် ဖြင့် ထူးခြားလွန်းသော ပါရမီကို ပိုင်ဆိုင်ထားတာ ဖြစ် ပါ တယ် ။
သို့သော်လည်း ၎င်းတို့၏ ဂုဏ်သတင်းမှာ ခြားနားလှပါ တယ် ။ ဝေဟုန်တို ဟာ တကယ်ကိုပဲ မိစ္ဆာတစ်ဦးဖြစ်ပြီး လူများစွာကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သူပါ ။ များ စွာသော လူသတ်မှုများ နှင့် ရာဇ၀တ်မှုများစွာကို ကျူးလွန် ခဲ့သူ တစ်ဦးပါပဲ ။
“မင်းက ဒီကို သေဖို့ လာတာလား”
ချန်ရှန် မျက်စိ ကစားလိုက်တယ် ။
ဒီလိုမိစ္ဆာမျိုးကို သတ်ခြင်းဟာ တကယ်ကို မျှတပါ တယ် ။ ချန်ရှန် ဟာ ၎င်းလို လူများစွာကို ညှာတာမှုမရှိပဲ အကြောင်းမဲ့ သတ်ဖြတ်ခြင်း မရှိပါ ။ လက်ရှိအချိန်မှာ သူ ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၅ သို့ ရောက် ရှိနေတာ ဖြစ်ပြီ သူ၏ အားအင်အသစ်ကို စမ်းသပ်ဖို့ အခွင့် အရေး ရရှိခဲ့ပြီ မဟုတ်ပါလား ။
မိစ္ဆာဂိုဏ်းဟာ ဒီတိုက်ပွဲ အတွက် ယခုလို အဆင့်မြင့် ပညာရှင် ကိုပင် စေလွှတ်ခဲ့တယ် ။ ချန်ရှန် ထင်ပင် မထင် ထားခဲ့မိပါ ။ မိစ္ဆာဂိုဏ်းတွေ မှာ စစ်မှန်သော သိုင်းပညာ နယ် ပယ် အဆင့် ပညာရှင်တွေ သိပ်မရှိတာ အားလုံးအသိ ပါ ။ လက်ယာဂိုဏ်းများ ထက် များစွာ အရေအတွက် နည်း တာ ဖြစ်ပြီး ယခုလို ထူးချွန်လှသည့် ပညာရှင်များမှာ ပို၍ ပင် နည်းပါးပါသေးတယ် ။
“ဟက် ၊ မင်းက တကယ် လေကြီးတာပဲ ။ မင်းရဲ့ အဆင့် လောက်နဲ့ မာနဂုဏ် မောက်မနေစမ်းပါနဲ့ ။ ဖြစ်ခဲ့ တာ တွေကလည်း မင်းကံကောင်းခဲ့တာ မဟုတ်ဘူးလား ။ ဒီလို ကိစ္စကြီးတွေ မင်းလုပ်ခဲ့တယ် ဆိုတာကလည်း ကံ တရားက မင်းဘက်မှာ ရှိနေတာကိုး ။ ငါမင်းကို ပြောပြ မယ် ။ မင်းရဲ့ ခုအဆင့်ကို မဆိုထားနဲ့ အဆင့် ၉ ရှိတယ့် စစ် မှန်သော သိုင်းပညာရှင်ကိုတောင် ငါ့လက်နဲ့ သတ်ခဲ့တာ ကွ”
ဝေဟုန်တို ဒေါသတကြီး ပြောဆိုပါတယ် ။ ပြောနေ ရင်း ဖြင့် သူ၏ ဓားကို အလွန်လျင်မြန်စွာ ဝေ့ယမ်းနေတယ် ၊ အနီရောင် မိုးကြိုးပစ်လွှတ်လိုက်သလိုပင် ရုတ်တရက် ချန် ရှန် ဆီသို့ ပစ်လိုက်ပါတော့တယ် ။
ချန်ရှန် ဟာ အသင့်ပြင်ထားပြီးသားပါ ။ ဒီလို အမြန် နှုန်း ဟာ သူ့အတွက် ရင်ဆိုင်ဖို့ လွယ်ကူပါတယ် ။ ဒါ့အပြင် သူဟာ အမြဲ နိုးနိုးကြားကြားရှိနေသူ တစ်ယောက်ပါ ။ ဝေ ဟုန်တို တိုက်ခိုက်သည် နှင့် ချန်ရှန်လည်း သူ၏ မိုးပြာနဂါး ဓားကြီးကို တချိန်တည်း ဝေ့ယမ်းလိုက်တယ် ။ မိုးပြာရောင် အလင်းတန်းများ လင်းလက်သွားပြီး လက်နက်နှစ်ခု ဟာ ထိသွားကြတယ် ။ ချီလှိုင်းများ တစ်ခုပြီးတစ်ခု လွင့်ပြန် ကုန် ပြီး မျက်စိ တစ်မှိတ်အတွင်းမှာပဲ သစ်ပင်များဟာ ပြိုလဲကျ ကုန်ပါတယ် ။
သာမန်တိုက်ခိုက်မှုကတင်ပဲ ၎င်းတို့ နှစ်ယောက် ၏ လက်နက်များဟာ ထိခိုက်မှုဟာ ကြောက်စရာ ကောင်းလှ ပါတယ် ။ ဒါကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ အားဟာ အတူတူပါပဲ ။
သွေးသန့်စင်ခြင်းဂိုဏ်းဟာ မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်ပြီး ၎င်း၏ နာမည်ကို ကြားရုံနှင့်ပင် လူတိုင်းဟာ ထိတ်လန့် လေ့ ရှိကြပါတယ် ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ဂိုဏ်း ၏ သွေးသန့်စင်ခြင်း မိစ္ဆာကျင့်စဉ်ကြောင့်ပါ ။ သွေးဖြင့် လေ့ ကျင့် ရတာ ဖြစ်တယ် ။ ဒီကျင့်စဉ်မှာ လေ့ကျင်သူဟာ ကျင့်စဉ် လေ့ကျင့်နေစဉ် အတွင်းမှာ သွေးပမာဏ များစွာ လို အပ်တယ် ။ တချိန်တည်းမှာပဲ သလင်းကျောက်တုံးများ ကိုလည်း သွေးပင်လယ်ထဲသို့ ပစ်ထည့်ရပါတယ် ။ ထို့ နောက် ထိုအရောအနှောအတွင်းသို့ နစ်မြုပ်စေရမည် ဖြစ် ပြီး ဒီလို ကျင့်စဉ်ဟာ တကယ်ကို မနှစ်မြို့ စရာပါ ။
လူတိုင်း သည်းမခံနိုင်သည့် အချက်မှာ ဒီလိုသွေးပမာ ဏ များစွာ ရရှိဖို့အတွက် အပစ်မဲ့ လူများစွာကို သတ်ပစ် တာ မို့ ပါပဲ ။ ဒါကြောင့်ပဲ လက်ယာဂိုဏ်းများဟာ ဒီလို မိစ္ဆာ ဂိုဏ်းများ ကို ရှင်သန်ခွင့် မပေးချင်ကြတာပဲ ဖြစ်ပါတယ် ။ ချန်ဝူနယ်မြေ တစ်ခုလုံးမှာရှိသည့် ပြည်သူပြည်သား များ မှာ ၎င်းတို့အတွက် သွေးထုတ်လုပ်ပေးသည့် အရာများ ဖြစ် နေလို့ပါပဲ ။
ဝေဟုန်တို ရဲ့ ခြေထောက် အနည်းငယ် ရွေ့ သွားတယ် ၊ ဒါပေမယ့် မြေကြီးကို မြဲမြံစွာ ကိုင်ထားပါတယ် ။ သူ၏ မျက် နှာ မှာ တည်ငြိမ်နေသော်လည်း ရဲရဲနီလျက်ရှိပါတယ် ၊ ချန်ရှန် ၏ တိုက်ခိုက်မှုမှ ဝေဟုန်တို ဟာ သူ့ပြိုင်ဖက် ၏ အရည်အချင်း အနေအထားကို သိရှိသွားတယ် ။ ကြားသိ ရသည့် ကောလဟာလများထက် ကို ပိုမို အစွမ်းထက်နေ သည် မဟုတ်ပါလား ။ ကောလဟာလ အရ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာ အဆင့် ၂ သာရှိနေတာဖြစ်ပြီး ထူးခြား သော သိုင်းပညာ များနှင့် သူ၏ ဓားကြီးကို မှီခိုကာ ထားတာကြောင့် သူ၏ အစွမ်းအစစ်မှန်မှာ အဆင့် ၅ နှင့် ကောင်း စွာ ယှဉ်နိုင်တယ် ဟူ၍ ဖြစ်တယ် ။
ချန်ရှန် ကို အထင်မသေးဝံ့သည့် တခြား ရပ်တည်မှု တစ်ခုလည်း ရှိပါသေးတယ် ။ ဆေးပညာရှင် တစ်ဦး အနေ ဖြင့် ချန်ရှန် သူ၏ ဆေးများကို စားသုံးကာ ကျင့်ကြံရာ မှာ ပိုမို လျင်မြန်စေနိုင်ပါသေးတယ် ။ ချီဓာတ်များစွာကို ဆေး အကူအညီဖြင့် ရရှိစေနိုင်မှာဖြစ်ပြီး ကျင့်စဉ် တိုးတက်မှု နှုန်း ကလည်း နှောင့်နှေးနေမည် မဟုတ်ချေ ။
ချန်ရှန် မျက်နှာကတော့ အေးဆေးပါပဲ ။ ဝေဟုန်တို ဟာ အဆင့် ၅ ပညာရှင်ဖြစ်ပြီး သူ၏ ကိုယ်အတွင်းရှိ ချီဓာတ် များမှာ ကောင်းမွန်လှသော်လည်း သိပ်တော့ မပြင်းထန် လှပါချေ ။ ပေါက်ကွဲမှုအားဟာ ပြင်းထန်လှပေ မယ့် သူအေးဆေး ထိန်းနိုင်ပါတယ် ။
နှစ်ယောက်လုံးဟာ တစ်ယောက်အား တစ်ယောက် သိ ပြီး သွားတယ့်အခါ တခဏမျှ တိတ်ဆိတ်သွားကြတယ် ၊ ဒီတစ်ခါမှာတော့ ချန်ရှန် ဘက်က စတင်လှုပ်ရှားပါပြီ ။ ဒါပေမယ့် ချန်ရှန် စတိုက်တယ့် အချိန်မှာပဲ ဝေဟုန်တို က လည်း ချက်ချင်း ပြန်တုန့်ပြန်တယ် ။
မိုးပြာနဂါး ဓားဟာ မျက်စိတမှိတ်အတွင်း ဝေဟုန်တို ထံ သို့ ပြေးထွက်သွားတယ် ။ သိပ်သည်းလှသည့် မိုးပြာ အငွေ့ များဟာ ကောင်းကင် နှင့် မြေကြီးအကြား လေထု တစ်ခုလုံးအား ဖုံးလွှမ်းလို့နေပါတယ် ။ ပေါင်သောင်းချီ လေး လံ သည့် ဓားကြီးမှာ လျှပ်စီးလို အရှိန်ဖြင့် အငွေ့ များ ထွက်လျက် ထွက်သွားပါတော့တယ် ။
ဓားကို ပစ်လိုက်တယ့် တချိန်တည်းမှာပင် လမ်း ကြောင်းပေါ်ရှိအရာအားလုံးကို ရှင်းလင်းသွားစေပါတယ် ။ ကောင်းကင်ရှိ တိမ်မည်းများဟာ ပျံ့ ကျဲနေပြီး လေပြင်းများ ဟာ တောင်ကြောတစ်လျှောက် တိုက်ခတ်လို့နေတယ် ။ ထိုအချိန်မှာ ဝေဟုန်တို တစ်ယောက် လန့်လို့နေပါပြီ ။ သူ ၏ တန်ပြန်တိုက်ခိုက်မှုမှာ အလွန့်အလွန်ကို သေးငယ် ပြီး အားနည်းနေပြီဆိုတာကို ရုတ်တရက် ခံစားလိုက်ရပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset