Switch Mode

Chapter – 104

လက်မှတ်တွေ အများကြီး

အပိုင်း (၁၀၄) လက်မှတ်တွေ အများကြီး

အနောက်ဘက်အရပ်နေ၀င်ရီ‌တရော ကောင်းကင်ယံမှာ တိမ်‌တွေကို လိမ္မော်ရောင် အလင်းထိုးထားရာ ကူးခတ်နေသည့်နဂါးများအလား အလွန်လှပနေတော့၏။ စာကြည့်တိုက်ထဲမှ ထွက်လိုက်တဲ့အခါ စုရှောင်ရှန် ရှင်းလင်းနေတဲ့ ဟာလာဟင်းလင်းပြင်ကြီးကြောင့် အလန့်တကြားဖြစ်သွားလေသည်။

“ဘာဖြစ်သွားတာလဲ… မြက်တွေဘယ်ရောက်ကြတာလဲဟ… တစ်ယောက်ယောက်က လာရိတ်သွားတာလား… ကောင်းလိုက်တဲ့ အလုပ်လုပ်နိုင်စွမ်းကွာ”

သူသွားရမည့်လမ်းကို သေချာရွေးနေပြီးနောက် အပြင်စည်းသို့ မဟုတ်ဘဲ အတွင်းစည်း၏ နက်ရှိုင်းသော အပိုင်းစီသို့ စုရှောင်ရှန်၀င်သွားလိုက်၏။

တကယ်က စာကြည့်တိုက်ကိုသူမလာချင်ပါပေ။ သို့သော် အဖိုးကြီးနှင့်သူ့ကြားရှိ ဆရာတပြည့်ဆက်ဆံရေးကြောင့် ဆရာ့ဂုဏ်ကို အားကိုးကာ ဆော်ပလော်တီးခံရမည်စိုး၍ လာမည့်ဘေးပြေးတွေ့ခြင်းဖြစ်လေသည်။

ရောက်သွားတော့လဲ သူထင်ထားသည်နှင့် ကွာခြားနေ၏။ အကြီးအကဲစန်း ယခင်ကလောက် မကြမ်း‌တမ်းတော့ကာ သွေးထွက်အောင် လုပ်မိခြင်းကိုပင်ခွင့်လွှတ်လိုက်သေးလေသည်။ စုရှောင်ရှန် ကိုယ်တိုင်တောင် ဖြစ်ပျက်နေသည်များကို အိပ်မက်အလားခံစားနေရတော့၏။

“ဒါက အပြင်လူနဲ့ အတွင်းလူကို ဆက်ဆံတဲ့ ကွာခြားချက်နေမယ်…”

အခြားဘာမှမဟုတ်သည်တောင် ဆရာတပြည့်ဖြစ်လာပြီးနောက် အကြီးအကဲစန်း သူ့အပေါ်ပိုကောင်းလာသေည်။

“လူယုတ်မာအဖိုးကြီးက မယုတ်မာတော့ဘူးတဲ့။ လူတွေက တကယ်ထူးဆန်းတဲ့ သတ္တဝါတွေပဲ…”

စုရှောင်ရှန် ဤကိစ္စကို အကြာကြီးတွေးမနေပါတော့ချေ။ အကြီးအကဲစန်းက သူ့ကို ထပ်၍မနှိပ်စက်တော့မှတော့ စိတ်ဝိညာဉ် နန်းတော်မှ ထွက်ပြေးမည့် သူ့အကြံကိုလည်း ဆိုင်းငံ့ထားရတော့တာပေါ့။ အနာဂါတ်၌ ဖြစ်လာမည့် အရာများကိုတော့…

“နောက်နေ့ပြဿနာ နောက်နေ့မှ ဖြေရှင်းတော့မယ်… အဖိုးကြီးက တမူထူးခြားတယ်ဆိုပေမယ့် အစွန်းရောက်လွန်းတယ်လို့ ငါမြင်တယ်… အပြင်လူကို သောက်ဂရုမစိုက်တာရော အတွင်းလူကို ကာကွယ်တာရော အဆုံးထိကို သွားတော့တာပဲ… ဆရာတပြည့်မဖြစ်လာခင်တုန်းကဆိုရင် ငါ့ကိုတောင် သေကြောင်းကြံအောင်လုပ်သေးတာ။ ခုတော့လဲ…”

စုရှောင်ရှန် အကြီးအကဲစန်းပေးသော သိုလှောင်လက်စွပ်ကို ပွတ်လိုက်သည်။ မူလနန်းတော် အဆင့်(၇) ဆေးလုံး (၃၆)လုံး၊ ဓားလက်ချောင်း(၁၀)ခန်း၊ ထျန်းရွှမ်တံခါး၀င်ခွင့်နှင့် ဧရာမ ဆေးပုံကြီး။ အဖိုးကြီးကို အရဲစွန့်၍ သွားတွေ့လိုက်ရာမှ ဤသို့သော ပစ္စည်းကောင်းများကို ရမည်ဟု မထင်ထားပါလေ။

“ပြီးတော့ အဆင့်(၈) ဆေးမီးဖို‌အိုး အသေးလေးလည်းပါသေးတယ်” သူရလာသည့်အရာများကို စုရှောင်ရှန် စာရင်းပြုစုလိုက်၏။

သူရလိုက်တဲ့ အိုးက ခြေသုံးချောင်းထောက်အိုးကြီး၏ တစ်၀က်လောက်သာရှိသည်ဆိုသော်ငြား ၎င်းက လူလေး၊ငါးယောက်စာလောက်တော့ ၀င်ဆံ့နိုင်အောင်တော့ ကျယ်သေးသည်။ သာမန် ဆေးမီးဖိုအိုးများနှင့်ယှဉ်လျှင်လည်း ခေါင်းတစ်လုံးသာပေသည်။

“အဆင့်(၈) ဆိုပါလား…”

အဆင့်(၉) သာဖြစ်သော သူ့တိတ်တခိုးနာကျင်ခြင်းကို ထုတ်ကြည့်လိုက်လေသည်။

“မင်းအိုပြီ။ ငါ့တိုးတက်မှုတွေကို မှီအောင်လိုက်ဖို့ ခဲယဉ်းနေပြီ”

ဓားနက်ကို ခဏတာပွတ်သပ်လိုက်သည့်အချိန် ၎င်းက စိတ်မကောင်းဖြစ်နေသည့်အလား တုန်ခါသွားလေသည်။

“ဘာလဲဟ။ ကိုယ်ပိုင်စိတ်အသိ မွေးလာတယ်လို့တော့ မပြောနဲ့နော်”

စုရှောင်ရှန်အံ့အားသင့်ရပါသည်။ ၎င်းက သူ့ကို ဓားဖြင့်ပြန်ထိုးရန်မှတစ်ပါး ပြင်းထန်သော စိတ်ခံစားချက်ကို ထုတ်ဖော်ပြသခြင်းမဟုတ်ပါလား။

သို့သော် နှင်းမြို့တော်ရဲ့ အလွမ်းတိုတွေးမိသည့်အခါ သက်ပြင်းရှည်ကြီးချလိုက်တော့သည်။ နံ့သာဆီနဲ့ ချေးလိုပါလား။

“အနည်းဆုံး‌တော့ ဘယ်အဆင့်(၉) ဓားမှ ကိုယ်ပိုင်စိတ်အသိကို မမွေးဖွားဖူးဘူးထင်ပါတယ်လေ…”

ဓားနက်ကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် အကြီးအကဲစန်းထံမှ ရလာသော တံဆိပ်ပြားကို လေးနက်သော အမူအရာနှင့် ထုတ်ယူလိုက်လေသည်။ ထိုတံဆိပ်ပြားက သူ၏ ပိုင်ဆိုင်မှုများထဲ၌ တန်ဖိုးအကြီးဆုံးလည်း ဖြစ်လေသည်။

ဒီအရာလက်ထဲမှာရှိနေပါက ၀င်ခွင့်မဆိုထားဘိ အတွင်းစည်း၌ ကြိုက်သည့်နေရာ လက်ညိုးထိုးပြီး နေနိုင်ပေ၏။ အတွင်းစည်းရှိ စိတ်ဝိညာဉ်စွမ်းအင်က အပြင်စည်းထက် ပို၍ သိပ်သည်းလေသည်။ ၎င်းနှင့် ခပ်ကြာကြာ ထိတွေမှုရှိပါက စစ်မှန်ခြင်းနယ်ပယ် အသက်ရှူခြင်းနည်းစနစ်ကို အသားကျစေလေမည်။ သို့နောက်မှသာ စိတ်အေးအေးဖြင့် ကျင့်ကြံမှုပြုလုပ်နိုင်မည်ဖြစ်၏။

ယခုတောင် သူ့ကိုယ်ရှိချွေးပေါက်များအားလုံးကို ပိတ်ထားရလေသည်။ သူ့ကိုယ်ကို အနည်းငယ် ပြေလျော့မိစေသည်နှင့် သာမန် လမ်းလျှောက်နေရင်းနှင့် အခြားကမ္ဘာကို ရောက်သွားလောက်သည်။

“ဒီတံဆိပ်ပြားက တကယ့် ရေငပ်တုန်းရေတွင်းထဲကျတာပဲ…”

ဧည့်ဆောင်သာကျန်တော့သော အပြင်းစည်းမှ သူ၏ ခြံကို သတိရသော် စုရှောင်ရှန်၏ မျက်နှာရှုံ့မဲ့သွားလေသည်။ ဤတံဆိပ်ပြားဖြင့်ဆိုပါက အရာအားလုံးကို နောက်၌ချန်ထားကာ ဘ၀သစ်စနိုင်ပေမည်။

ထို့ပြင် နေရာတစ်ခု အလကား ရမည်လည်းဖြစ်ရာ အကျိုးအမြတ်ပင်။

“ဘယ်နေရာကို ရွေးရင်ကောင်းမလဲ…” စုရှောင်ရှန် ပြဿနာတစ်ခုနှင့်ရင်ဆိုင်လိုက်ရတော့၏။

အတွင်းစည်းကလည်း အပြင်စည်းကဲ့သို့ ကြီးပါသည်။ သို့သော် အပြင်စည်း၏ လူဦးရေ(၁၀) ရာခိုင်နှုန်းထက်ပင်နည်းရာ အတွင်းစည်း၌ လူကျဲလေသည်။ ထို့ကြောင့်လည်း အတွင်းစည်းဂိုဏ်းသားများ ကိုယ်ပိုင်နေရာ အကျယ်ကြီးကို ပိုင်စိုးနိုင်ခြင်းဖြစ်၏။

အချို့ အစီအရင်ဖြင့် ကာကွယ်ထားသည့် သတ်မှတ်ထားတဲ့ ကျင့်ကြံခြင်းနေရာများမှလွဲ၍ ကျန်သည်များအားလုံးကို သုံးချင်သလိုသုံး ‌လေ့ကျင့်ချင်သလိလေ့ကျင့်နိုင်သည့် သုခ ဘုံကြီးဖြစ်၏။ ၎င်းက အတွင်းစည်းနှင့် ခြားနားရခြင်း၏ အကြီးဆုံးအချက်ဖြစ်သည်။

စစ်မှန်ခြင်းနယ်ပယ်သို့ နီးလာလေလေ ကျင့်ကြံသူတစ်ယောက်၏ မသေမျိုးလမ်းစဉ်အပေါ် နားလည်နိုင်ခြင်းက ပို၍ အားကောင်းလာလေလေဖြစ်သည်။ သို့ဖြင့် မိမိက အခြားသူတစ်ယောက်၏ ခြံအရှေ့၌ သွားကပ်၍ နောက်ပိုင်းအဆင့်မျာ၌ ကျင့်ကြံ၍ မရပါတော့ချေ။ နို့မဟုတ်ပါက အခြားသူတစ်ဦး၏ ဉာဏ်အလင်းပေါက်ခြင်းနှင့် မိမိ၏ ဉာဏ်အလင်းပေါက်ခြင်းများ ထိတိုက်သွားပြီး ပျက်ပြယ်သွားတတ်ကာ ကြိုးစားမှုများ အလဟဟတ်ဖြစ်သွားပေလိမ့်မည်။

အခြားသူတစ်ဦး၏ တက်လမ်းကို ပိတ်ပင်တားဆီးလိုက်သလိုဖြစ်ရာ ပြဿနာက ထင်ထားသည်ထက် ကြီးကျယ်ပေသည်။

စုရှောင်ရှန်က တိတ်ဆိတ်သောလမ်းစဉ်ကိုရွေးချယ်ထားသည်ဖြစ်သော်လည်း သီးခြားပိတ်လှောင်ထားသည့်နေရာများထက် သူ၏ကိုယ်ပိုင်ခြံ၀န်းလေးနှင့်တော့ မလဲနိုင်ပါချေ။

အပြင်စည်းမှ ဧည်ဆောင်ကလည်း သူ့ကို လာနှောက်ယှက်သည့်သူ နည်းရာ နေရာကောင်း‌လေးတစ်ခုဖြစ်လေသည်။

အချိန်အကြာကြီးလမ်းလျှောက်လာပြီးသည့်နောက်တွင်တောင် လူသူတစ်ဦးတစ်ယောက်မှ မတွေ့ရလေရာ စုရှောင်ရှန် မမှင်သက်ဘဲ မနေနိုင်တော့လေ။ အတွင်းစည်းက ကြီးမားလွန်းပေစွ။

သူနေရာအချို့ကို လမ်း၌ တွေ့‌ခဲ့သော်လည်း တစ်နေရာမှ မလစ်လပ်နေပါပေ။ နေရာတိုင်းကို လက်ဦးထားသည့်သူများနှင့် အမြဲတွေ့ရလေသည်။

စုရှောင်ရှန် လမ်းအဆုံးသို့ရောက်သွားပြီဖြစ်ရာ ရပ်လိုက်တော့သည်။

လမ်းအဆုံးက အလွန်အမင်း လူကျဲပြီး သူလိုချင်သည့် အချက်များနှင့် ကိုက်ညီသော်လည်း နေလို့ထိုင်လို့မရသည့်အတွက် စုရှောင်ရှန် အိန္ဒြေမရဖြစ်နေ၏။

ဤနေရာကို ကြီးမားသည့် ဓားကြီးက ပိုင်းဖြတ်ထားသည့်ဟန်ရလေသည်။ ၎င်းက နှစ်ခြမ်းပင်ကွဲနေပြီး အကာအကွယ်အစီအရင်တောင် ပျက်‌ဆီးနေလေသည်။

“ဘာလဲဟ…” စုရှောင်ရှန် ကြက်သေသေ‌သွားတော့ည်။

“ကြည့်ရတာ တရားမ၀င် တိုက်ပွဲတစ်ခုဖြစ်သွားတယ်ထင်တယ်… ငါကြားတာတော့ အတွင်းစည်းက သေသည်အထိ တိုက်ခိုက်ခွင့်ပေးပေမယ့် သူတို့ ပြိုင်ကွင်းထဲမှာ လုပ်သင့်တယ်မလား… ဘာလို့ သူများအိမ်ကို နှစ်ခြမ်းသွားခွဲတာလဲမသိဘူး… အတွင်းစည်းဆိုတဲ့အတိုင်း တကယ် ကြောက်ဖို့ကောင်းတာပဲ”

ဤအချင်းအရာက သိုသိုတိတ်တိတ်ကျင့်ကြံဖို့ သူ၏ ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာသွားစေတော့၏။ သို့ဖြင့် အခြားဦးတည်ဘက်တစ်ရပ်သို့ အလျှင်အမြန် လျှောက်သွားလိုက်တော့သည်။

“ဖုန်းရွှေ မကောင်းဘူး။ ဒီနေရာမှာ နေလို့မဖြစ်ဘူး”

ထို့နောက် နတ်ပြည်သဖွယ် ရှူခင်းကြီးကို စုရှောင်ရှန် မြင်သက်ရှိုက်လိုက်ရတော့သည်။ ထိုတစ်နေရာရာ၌ အလေးပေးနေသလိုလို ကိုင်းညွှတ်နေသည့် အပြာ၀တ်မိန်းမပျိုလေးကိုမြင်ရာ စုရှောင်ရှန်၏ မျက်၀န်းများ တောက်ပသွား၏။

“ကောင်းလိုက်တာ နောက်ဆုံးတော့ တစ်ယောက်ယောက်ကို လမ်းမေးလို့ရတော့မယ်။ အဲ့ဒီအဖိုးကြီးပေးလိုက်တဲ့ အချက်အလက်အတိုင်းသာဆိုရင် နေပြန်ထွက်လာတာတောင် ရောက်မှာ မဟုတ်ဘူး”

အတွင်းစည်းသို့၀င်လာပြီးနောက် သာမန်ဖြစ်ဟန်ရသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်ဟု ခံစားလိုက်ရ၏။ ထိုတစ်စုံတစ်ယောက်က အလွန်အမင်းလည်း လှပနေတော့သည်။

ထိုမိန်းမပျိုလေးက သူမ၏ လှပသော ပုခုံးသားများကို လစ်ဟာပြထားသည့် အ၀တ်အစားမျိုးကို ၀တ်ထားလေသည်။ ထို့နောက် သူမ၏ လက်ကိုခပ်မြင့်မြင့်မြှောက်၍ အကြောဆန့်လိုက်ရာ အကောက်အကွေးအဖုအထစ်များ အထင်းသားပေါ်လာတော့၏။

စုရှောင်ရှန် ‌သူမကို ခေါ်ရန် ဟန်ပြင်လိုက်သည့်အချိန် ထိုမိန်းပျိုလေးက လှည့်ထွက်သွားရန်ပြင်လိုက်လေသည်။ သို့ဖြင့် သူ့ကို ဖြတ်မြင်သွားရာ ခဏရပ်တန့်သွားပြီးနောက် အလန့်တကြား ပြန်လှည့်ကြည့်လိုက်၏။

“သူ့ကို ကြည့်ရတာငါကို့ သိနေသလိုပဲ”

သူမကို ကြည့်ရသည်မှာ ခင်မင်ရင်းနှီးသည့်လူတစ်ယောက်အား တွေ့လိုက်ရသည့်အလား ဖြစ်နေရာ စုရှောင်ရှန် မှင်သက်သွား၏။

“နင်က စုရှောင်ရှန်မလား”

သူထင်ထားသည့်အတိုင်း အံ့အားသင့်နေသလို အသံကိုကြားလိုက်ရ၏။ ထိုအသံက ညုတုတုဖြင့် ညှို့ဓာတ်လည်းပါနေရာ စုရှောင်ရှန် ဓာတ်လိုက်သွားသလို ခံစားလိုက်ရတော့သည်။

“ငါ့ကို သိလို့လား” မျက်ခုံးများကိုပင့်ပြီး သူမစီသို့ သွားလိုက်၏။

ထိုမိန်းမပျိုက ပြုံး၍ အသာအယာ ရယ်လိုက်၏။ “မိုးတိမ်လေပြိုင်ပွဲရဲ့ ဗိုလ်ဆွဲသူကြီးကို မသိတဲ့သူ ဘယ်သူရှိမလဲ ရှင်ရယ်”

စုရှောင်ရှန် ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။ အတွင်းစည်းထဲမှ အင်မတန် ကြော့ရှင်းလှပသော သူ၏ ပုရိသတ်ကို ယခုကဲ့သို့ တွေ့ရမည်ဟု တွေးမထင်ထားပါလေ။ “ငါ သိုသိုတိတ်တိတ်နေဖို့ ကြိုးစားတာပဲ မရဘူး”

ထိုမိန်းမပျိုလေးက စုရှောင်ရှန်ကို ချိုမြိန်သောမျက်၀န်းများဖြင့် ဒေါက်ထောက်ကြည့်လိုက်လေသည်။ ထို့နောက် သတ်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် “အပြင်စည်းဂိုဏ်းသားက အတွင်းစည်းကို ကျူးကျော်လာရဲတယ်။ နင့်ကို ဖမ်းပြီး စည်းကမ်းကြီးကြပ်သူလက်အပ်လိုက်လို့ရတယ်ဆိုတာ သိရဲ့လား”

သူ့အတွင်းစည်းမှ ပုရိသတ်လေးက သရုပ်ဆောင်လည်း ကောင်းနေလေရာ စုရှောင်ရှန် ပြုံးစိစိကြီးဖြစ်သွားသည်။ သို့သော် ထိုသတ်ဖြတ်ချင်းစိတ်က အချဉ်တော့မဟုတ်ပါပေ။ သူမလူဘယ်နှစ်ယောက်သတ်ထားသည်လဲတော့မသိ။ ဟာသတောင် တကယ်အစစ်နှင့် ဆင်တူနေ၏။

“အဲ့တာ အရေးမကြီးပါဘူး” စုရှောင်ရှန် ဂရုမပြုသလို လက်ကို ဝှေ့ရမ်းပြီး မေးလိုက်သည်။ “ဒီမှာ ကောင်းတဲ့ နေရာလေးတွေရှိရင် သိရင် ညွှန်းပါဦး။ ဒီနေရာနဲ့ မရင်းနှီးတော့ ဒုက္ခတွေရောက်နေတာ ရှက်မနေတော့ပါဘူး။ အကြံလေးတောင်းပရစေ”

“အို… ဒီမှာ နေဖို့နေရာတောင်လာရှာတာ ဖြစ်နေပါကောလား” ထိုမိန်းမပျိုလေး၏ မျက်နှာထက်၌ အပြုံးပန်းတို့ဆင်မြန်းသွားသည်။

သူမ မြူးသွားတာက တမူထူးခြားသည်ဟု ခံစားလိုက်ရ လေသည်။ စုရှောင်ရှန် ခေါင်းညိတ်လိုက်ပြီး ထပ်လောင်း၍ “စိတ်ပူပါနဲ့ ကျေးဇူးပြန်ဆပ်မှာပါ… လက်မှတ်လိုချင်လား ဘာလိုချင်လဲ။ ဆယ်စောင်တောင်ပေးနိုင်တယ်”

Comment

Leave a Reply

Options

not work with dark mode
Reset