Switch Mode

Chapter – 243

အနီရောင်ဝံပုလွေများ

Chapter – 243 အနီရောင်ဝံပုလွေများ

ထိုနေရာဟာ မူလက တောအုပ်ကြီး ဖြစ်နေပါလိမ့်မည် ၊ သို့သော်လည်း ယခုအခါမှာတော့ နေရာလွတ်တစ်ခုဖြစ် နေ တယ် ။ သစ်ပင်အမြစ်များကိုသာ မြင်နိုင်မှာဖြစ်ပြီး သစ် ပင်များကိုမူ မတွေ့ ရချေ ။
ထိုအချိန်မှာပဲ ချန်ရှန် ဟာ အနီရောင် ကိုယ်လုံးရှိ ၀ံပု လွေများ လူလေးဦးအား တိုက်ခိုက်နေတာကို တွေ့ မြင် လိုက်ရတယ် ။
ထိုအနီရောင် ၀ံပုလွေများဟာ နွားအရွယ်အစားမျှ ရှိ ပြီး ၎င်းတို့၏ မျက်ခုံးများတွင် အမည်းရောင် ဒေါင်လိုက် အ စဉ်းတစ်ခု ရှိနေပါတယ် ။ ကြီးမားချွန်ထက်သည့် အနီ ရောင် အစွယ်ကြီး ၂ ခုမှာ ပါးစပ်တွင် ထွက်လျက် ရှိနေပါ တယ် ။ ထို့ကြောင့် ပိုမို ကြောက်မက်ဖွယ် ကောင်းနေပါ တော့ တယ် ။ ထိုဝံပုလွေများ ၏ ကိုယ်ဟာ သွေးများ စွန်း ထင်းနေသကဲ့သို့ ရဲရဲ နီ လျက်ရှိပြီး မနှစ်မြို့ ဖွယ်ကောင်းလှ ပါ တယ် ။ ၎င်းတို့ ထုတ်လွှတ်သော မိစ္ဆာချီဓာတ်များမှာ ချန် ရှန် ကြုံတွေ့ ခဲ့ရသော အမည်းရောင် ၀ံပုလွေများထက် ပို မို များပြား သိပ်သည်းလှပါတယ် ။
“ဒါ စစ်မှန်သော သိုင်းပညာဂိုဏ်း က လူတွေပဲ ။ မိန်း က လေး တစ်ယောက် နဲ့ ယောကျာ်းလေး သုံးယောက်”
ချန်ရှန် ရေရွတ် နေမိတယ် ။ အဆိုပါ ယောကျာ်း သုံးဦး မှာ အလွန် ခန့်ညားချောမော ကာ မိန်းကလေး မှာလည်း လှပ လွန်းလှပါတယ် ။ သို့သော်လည်း ၎င်းတို့အားလုံးဟာ ယခု အချိန်မှာ အရေးနိမ့်လျက် ရှိပြီး သူတို့တစ်ကိုယ်လုံး မှာလည်း သွေးအမည်းများဖြင့် ဖုံးအုပ်လျက် ရှိပါတယ် ။ သူတို့ထဲမှ လူတစ်ဦး၏ ဓားမှာလည်း ကျိုးနေပါပြီ ။
ဒီမတိုင်ခင် သူဟာ သားရဲဂိုဏ်း နှင့် နတ်ဓားဂိုဏ်း တို့ မှ ဂိုဏ်းသားများကို ကယ်တင်ခဲ့တာ ဖြစ်ပေမယ့် သူ့ကို ဆိုးကျိုးသာ ဖြစ်ပေါ်စေခဲ့ပါတယ် ။ ဒါကြောင့် ယခုအခါ ကယ် သင့် မကယ်သင့် ဆိုတာကို စဉ်းစားလျက် ရှိတယ် ။
“ကယ်လိုက် ၊ ဘယ်လို ပဲ ဖြစ်ဖြစ် မင်းအတွက် အား နည်း နည်း စိုက်လိုက်တာနဲ့ ရပြီလေ ။ နောက်တစ်ချက် က မင်းရဲ့ လက်ရှိ အခြေအနေအရ သူတို့ကို ကြောက်စရာ မ လိုပါဘူး ။ သူတို့ မင်းကို ဆန့်ကျင်မယ် ဆိုတာနဲ့ မင်းဘက် က လည်း မှန်လိုပဲ တုန့်ပြန်လိုက်လေ”
စုမေးယို ပြောလိုက်တယ် ။
ချန်ရှန် သက်ပြင်းအနည်းငယ် ချကာ သူ၏ မိုးပြာနဂါး ဓားကြီးအား ထုတ်ယူလိုက်တယ် ။ ခုန်ချလိုက်ပြီးနောက် အဆို ပါ လေးဦး သား၏ ရှေ့ သို့ ရောက်ရှိသွားတယ် ။
“ချန်ရှန်”
လေးယောက်လုံး သံပြိုင်ခေါ်လိုက်ကြပြီး ခြေလှမ်း ၂ လှမ်း လောက်စီ ဆုတ်ခွာသွားကြတယ် ။
ချန်ရှန် သူတို့ကို ကြည့်လိုက်တယ် ။ ထို့နောက် အ နည်း ငယ် ပြုံးကာ –
“မစိုးရိမ်ပါနဲ့ ၊ ငါမင်းတို့ကို သတ်ဖို့ လာတာမဟုတ်ပါ ဘူး”
ယခု စစ်မှန်သော သိုင်းပညာဂိုဏ်းမှ လူများဟာ သားရဲ ဂိုဏ်း နှင့် နတ်ဓားဂိုဏ်းမှ လူများလို မဟုတ်ကြပေ ။ သူတို့ ၏ မျက်လုံးများကို ကြည့်၍ ချန်ရှန် ပြောနိုင်သည်မှာ ထို လူများ ဟာ သူ့ကို သတ်ဖို့ ကြိုးစားမည် မဟုတ်ဘူးဆိုတာ ပါပဲ ။
ချန်ရှန် မမျှော်လင့်ထားသည့် အရာကတော့ အဆိုပါ လူ လေးဦး ထဲတွင် အစွမ်းထက်ဆုံးမှာ စစ်မှန်သော သိုင်း ပညာနယ်ပယ် အဆင့် ၃ ရှိသည့် ကောင်မလေးပင် ဖြစ်ပါ တယ် ။ ကျန်သုံးဦးမှာ အဆင့် ၁ မျှသာ ရှိကြပါသေးတယ် ။ ဒါကြောင့် ဒီလိုလူတွေ အရေးနိမ့်နေရခြင်းကို ချန်ရှန် မအံ့ သြတော့ပါချေ ။ ဒါပေမယ့် ဒီလို အဝေးကို ပြေးလွှားနိုင်တာ က တော့ မဆိုးလှချေ ။
“မင်းတို့ စစ်မှန်သော သိုင်းပညာဂိုဏ်းမှာ အဆင့် ၅ ပညာရှင် မရှိကြဘူးလား”
ချန်ရှန် မျက်မှောင်ကြုတ်ကာ မေးလိုက်တယ် ။ သူဟာ စစ်မှန်သော သိုင်းပညာရှင် အများအပြားကို သတ်ပစ်ခဲ့ပေ မယ့် ဒီလောက်တော့ လူနည်းနည်းလေးပဲ ကျန်လိမ့်မည် မ ဟုတ်ပေ ။
“ရှိတယ် ၊ ဒါ . . . ဒါပေမယ့် ဂိုဏ်းချုပ်က ကျွန်မတို့ ကို အသုံးမ၀င်ဘူးလို့ ခံစားနေရမှာပေါ့ ။ ဒါကြောင့်ပဲ ဒီကိုလွှတ် လိုက်တာ”
ကောင်မလေးက ဒေါသတကြီး ပြောဆိုပါတယ် ။ သူမ ၏ လှပသော မျက်နာလေးမှာ ဒေါသကြောင့် နီလျက် ရှိ နေ တယ် ။
ကျန်လူ သုံးဦးမှာလည်း ထို့အတူပါပင် ။
ထိုအချိန်မှာပဲ ၀ံပုလွေ အနီများမှာ အနားကပ်လာကြ ပါ တယ် ။ ချန် ရှန်လည်း တဖက်လှည့်ကာ သူ၏ ဓားကြီး အား ၀ံပုလွေများဆီသို့ ဝေ့ယမ်းလိုက်တယ် ။ များစွာသော မိုးပြာ ရောင် လျှပ်စီးဓာတ်များ တစ်ခုပြီးတစ်ခု ဓားထိပ်မှ ထွက်လာတယ် ။ ထို လျှပ်စီးများဟာ ဓားကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ မြေပြင်ပေါ် ပြင်းထန်စွာ ကျရောက်သွား ပြီး ၀ံပုလွေအုပ်ကြီးအား သေစေပါတော့တယ် ။
အနီရောင် ၀ံပုလွေများဟာ အစွမ်းထက်သော်လည်း ချန်ရှန် ၏ မိုးပြာနဂါး ဓားကြီး နဲ့ တွေ့ ရသည့်အခါ မတတ် သာ တော့ပါချေ ။ တစ်ချက်တည်းဖြင့် ချန်ရှန် ဟာ အ ကောင် တစ်ရာကျော်လောက် သတ်ပစ်နိုင်ခဲ့တာ ဖြစ်ပါ တယ် ။
“သုံး လို့ ရေပြီးတာနဲ့ မင်းတို့ အစွမ်းကုန် ခုန်လိုက်ကြ ပေ တော့”
ချန်ရှန် ခပ်လောလော ပဲ ပြောလိုက်တယ် ။
“တစ် . . . ၊ နှစ် . . . ၊ သုံး . . . ခုန်”
လေးယောက်သားဟာ ချန်ရှန် ဘာလုပ်ဖို့ စီစဉ်နေ တယ် ဆိုတာကို မသိပေမယ့်လည်း ခုန်လိုက်ကြတယ် ။ ချန် ရှန် လည်း သူတို့နဲ့ အတူ ခုန်လိုက်ပြီး ၀ံပုလွေ အုပ်ကြီး မှာ ၀င်တိုးလာကြပါတော့တယ် ။
သူ လေထဲသို့ ခုန်လိုက်ပြီးတဲ့အခါ ချန်ရှန် ၏ လက်မှ မိုး ပြာ ရောင် အငွေ့ များ ရုတ်တရက် ပေါ်လာတယ် ။ ကျယ် လောင်လှသော အော်သံကြီးနဲ့အတူ ပုံဆောင်ခဲတစ်ခု အား မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပါတော့တယ် ။ ထူးခြား ဆန်းကြယ်ပြီး အစွမ်းထက်လှသော မိုးပြာရောင် ချီဓာတ် များ မှ ကြီးမားသော မိုးပြာရောင် ပုံဆောင်ခဲကြီး တစ်ခု ဖြစ် ပေါ် လာပြီး မုန်တိုင်းတစ်ခု လိုပင် မြေပြင်ရှိ အရပ်လေး မျက်နှာသို့ ပြင်းထန်စွာ ကျရောက်သွားပါတော့တယ် ။
“ဘုန်းးးးးးးးးးး”
ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွား တယ် ။ အလွန်ပင် ကျယ်လောင်လှသောကြောင့် အားလုံး ၏ နားများ အူထွက်သွားကြတယ် ။ ပေါက်ကွဲသံကြီးဟာ ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်လျက်ရှိပြီး မြေပြင်ပေါ်ရှိ ၀ံပုလွေ များ ထံမှ အော်ဟစ်သံများကိုလည်း ကြားလိုက် ကြ ရပါတယ် ။ အက်ကွဲကြောင်းများစွာ မြေပြင်ပေါ်မှာ ဖြစ် ပေါ် သွားပြီး ပြင်းထန်လှသည့် တုန်ခါမှုကြောင့် တောအုပ် အတွင်းရှိ သစ်ပင်ကြီးများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် လဲပြိုကျကြရပါတယ် ။ မြေပြင်တစ်ခုလုံးအား ပြင်းစွာသော အဟုန် ဖြင့် တုန်လှုပ်သွားစေတာပါ ။ စစ်မှန်သော သိုင်း ပညာဂိုဏ်းမှ လေးယောက်လုံး ဟာ လိပ်ပြာ လွင့်ထွက် မတတ်ကို လန့်သွားကြတယ် ။ မည်ကဲ့သို့ ဖြစ်ပျက်သွား လဲ ဆိုတာကို သူတို့ အနေဖြင့် ယုံကြည်ရန် ခက်ခဲနေကြပါ တော့တယ် ။
သူတို့ ခုန်တက်ရာမှ ပြန်ဆင်းလာသော အခါ တောင်ပူ စာ လေးတစ်ခုပေါ်သို့ ကျရောက်သွားတယ် ။ ၀ံပုလွေနီ များ မှာတော့ မြေကြီးထဲသို့ မြုပ်ပြီးသား ဖြစ်နေပါတော့ တယ် ။
“ကျွန်မတို့ကို ကယ်တဲ့အတွက် ကျေးဇူးအများကြီး တင် ပါ တယ်”
ကောင်မလေး သက်ပြင်းရှည်ကြီးကို ချကာ လက် နှစ် ဖက်ကို ဆုပ်လျက် လေးလေးနက်နက် ပြောလိုက်တယ် ။ သူမ၏ မျက်လုံးများမှာလည်း လေးစားမှုအပြည့်နဲ့ပါ ။
ကျန်သုံးယောက်မှာလည်း ထပ်ခါတလဲလဲ ကျေးဇူး တင် ကြရုံသာမက ချန်ရှန်ကို ချီးကျူးနေကြပါတယ် ။ တ ကယ် တော့ သူတို့ နဲ့ ချန်ရှန် ဟာ အသက်အားဖြင့် သိပ် မကွာ လှချေ ။ ချန်ရှန် ကပင် သူတို့ထက် အနည်းငယ် ငယ် နိုင်ပါသေးတယ် ။ ဒါပေမယ့် အရမ်းကို အစွမ်းထက်သည် မဟုတ်ပါလား ။ ပုံဆောင်ခဲတစ်ချက်တည်းဖြင့် ၀ံပုလွေ အုပ် အား သေဆုံးနိုင်ခဲ့ပြီး ဒီလို သိုင်းပညာရှင်မျိုးကို သူ တို့ မချီးမွမ်းပဲ မနေနိုင်ကြပါ ။ ချန်ရှန် နဲ့ စစ်မှန်သော သိုင်းပ ညာ ဂိုဏ်းတို့ဟာ ရန်သူတွေ ဖြစ်ကြပေမယ့် ချန်ရှန်ဟာ သူ တို့ကို မသတ်ရုံမျှမက ကယ်ပင်ကယ်တင်ခဲ့ပါသေးတယ် ။ ဒီလို သဘောထားကြီးမှုကြောင့် သူတို့အနေဖြင့် ချန်ရှန် ကို မုန်းတီးရန် ခက်ခဲနေပါတယ် ။ အစကတည်းက သူတို့ နဲ့ ချန်ရှန် ကြားမှာလည်း မည်သည့်ရန်ငြိုးမျှ ရှိမနေသည် မဟုတ်ပါလား ။
“ဒီက အရင် သွားကြစို့”
ချန်ရှန် ပြုံးလျက် ပြောလိုက်ကာ ဦးဆောင်ထွက်သွား ပါ တယ် ။
လမ်းလျှောက်နေရင်းဖြင့် ၎င်းတို့အား မိစ္ဆာပညာရှင် တို့ ၏ အကြံအစည်ကို ပြောပြသတိပေးနေတယ် ။ ၎င်းတို့ဟာ ချန်ရှန် ပြောသမျှကို ခြွင်းချက်မရှိ ယုံကြည်ကြတယ် ။ တ ချိန်တည်းမှာပဲ ဒီလေးယောက်ဟာ ၎င်းတို့ဂိုဏ်းမှာ သာမည လူတွေ ဖြစ်နေတယ်ဆိုတာကိုလည်း သိလိုက်ရ တယ် ။ ၎င်းတို့ဟာ အသက်ငယ်ငယ်ရွယ်ရွယ် ဖြင့် စစ် မှန် သော သိုင်းပညာနယ်ပယ် ကို ရောက်ရှိနေပေမယ့် ၎င်းတို့ ဂိုဏ်းချုပ်ဟာ အခြား အဆင့်မြင့်ပညာရှင်များ သေဆုံးမည် ကို စိုးရိမ်နေပုံပါ ။ ဒါကြောင့်ပဲ ၎င်းတို့အား ဒီကို စေလွှတ်ခဲ့ ခြင်း ဖြစ်ပါတယ် ။
“မင်းတို့ စိုးရိမ်စရာ မလိုပါဘူး ။ ငါတို့ အတူတူ ရှိနေကြ ရင် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ကြမှာ ပေါ့”
ချန်ရှန် ၎င်းတို့ကို စိတ်သက်သာရာ ရစေရန် ပြော လိုက် တယ် ။
၎င်းတို့အားလုံး မျက်နာတွေဟာ ၀မ်းနည်းနေကြပုံပါ ၊ အဘယ်ကြောင့်ဆိုသော် ယခုနေရာတွင် သူတို့ဟာ အား အနည်းဆုံး ဖြစ်နေလို့ပါ ။ တခြားဂိုဏ်းမှ လူအားလုံးဟာ သူတို့ထက် အင်အားကောင်းနေသည် မဟုတ်ပါလား ။ နတ်လက်နက် အင်ပါယာ နှင့် ရေခဲလေ တောင်ကြား ဂိုဏ်း တို့ဟာ ၎င်းတို့၏ အစွမ်းထက်ဆုံး ဂိုဏ်းသားများကို စေလွှတ်ထားကြတာပါ ။ ရွှီရှန်းရှန်း နှင့် လန်ယုလန် တို့ လို ဒိတ်ဒိတ်ကြဲများပင် ပါဝင်သောကြောင့် မည်မျှ အင်အား တောင့်တင်းမည် ကို ပြောစရာလိုမည် မဟုတ်ချေ ။ ပြင်း ထန် သော သိုင်းပညာဂိုဏ်းကလည်း လူဆယ်ဦး စေလွှတ် ထားတာ ဖြစ်ပြီး ချန်ရှန် ၏ စွမ်းအားကတော့ မေးခွန်းထုတ် စရာ မလိုအပ်ပါ ။
“ကျေးဇူးအများကြီး တင်ပါတယ် ၊ ချန်ရှန်”
ကောင်မလေး လေသံဖျော့ဖျော့ ဖြင့် ပြောပါတယ် ။
“ချန်ရှန် ၊ မင်းရဲ့ ပုံစံက ဒီလိုဖြစ်နေလိမ့်မယ်လို့ ငါ မထင် ထား ခဲ့မိဘူး ။ ငါတို့ သက်ကြီးပညာရှင် တစ်ဦးရဲ့ ပြောစကား အရ မင်းဟာ မိစ္ဆာထက်ကို ပိုယုတ်မာတယ် ဆိုတာနဲ့ တခြားဆီပါပဲလား”
လူငယ်တစ်ဦးက ရယ်မောပြောဆိုပါတယ် ။
“ငါ့ကို မထိသရွေ့ ငါက ဘာမှ မလုပ်ပါဘူး ။မင်းတို့ စစ် မှန်သော သိုင်းပညာဂိုဏ်းက လျို ရှိုယန် ဆိုတဲ့လူဟာ ငါ့ ကို သေမလို ဖြစ်အောင် လုပ်ခဲ့တယ် ။ အဓိကကတော့ ငါ့ ကို ထုတ်ထားတဲ့ ဆုငွေ ကြောင့်ပဲ ။ တခြားလူတွေကလဲ ငါ့ကို သတ်ဖို့ ကြိုးစားနေကြတယ် ။ ဒီလိုသာ မဟုတ်ရင် ငါ ကလည်း သူတို့ကို အနှောက်ယှက်ပေးမှာ မဟုတ်ပါဘူး”
ချန်ရှန် ပြောလိုက်တယ် ။
“ကောလဟာလေတွေဟာ ကြောက်စရာပဲ ။ နောက် မို့ ဆို ဒီလိုတွေ ဖြစ်လာစရာ မရှိဘူး”
လူတစ်ယောက် က ပြောပါတယ် ။
“ဒီကိစ္စကို မင်းတို့ ဘယ်သူ့ကို မှ မပြောနဲ့တော့ ၊ မင်း တို့ ဂိုဏ်း ပြန်ရောက်တယ့်အခါ ငါကယ်ခဲ့တယ် ဆိုတာကို ထုတ် မပြောတာ အကောင်းဆုံးပဲ ။ ဒီလိုမဟုတ်ရင် မင်းတို့ ဂိုဏ်းချုပ် သို့မဟုတ် လျိုရှိုယန်က မင်းတို့ကို ပြသနာရှာနေ လိမ့်မယ်”
ချန်ရှန် ပြုံးလျက် ပြောလိုက်တယ် ။
“မဟုတ်ဘူး ၊ ငါပြောချင်တယ် ။ ငါ ဒီက ထွက်လို့ ရ တာ နဲ့ အဲဒိ စစ်မှန်သော သိုင်းပညာဂိုဏ်းနဲ့ သီးခြားဆီ နေ တော့ မယ် ။ သူတို့က လူလိုမျိုး နည်းနည်းလေးတောင် မ သိတတ်ကြဘူး”
ကောင်မလေး အေးစက်စွာ ပြောလိုက်တယ် ။
ဒီလိုပုံစံကို မြင်တယ့်အခါ ချန်ရှန်လည်း သူမကို သ ဘော ကျ မိသွားပါတယ် ။
ကျန်သုံးယောက်မှာလည်း သူတို့ ထင်တာတွေ ပြော ဆို ကြပါတယ် ။ စစ်မှန်သော သိုင်းပညာဂိုဏ်းဟာ သူတို့ ကို ဒီနေရာသို့ အသေခံရန် ပို့သလို ဖြစ်နေတာကြောင့် သူ တို့ ဟာ အတော်ကို စိတ်ဆိုးလို့ နေပါတယ် ။
“မင်းတို့ အဲဒိဂိုဏ်းက ထွက်ပြီးလို့ သွားစရာ မရှိဖြစ်နေ မယ် ဆိုရင် ငါ့ကို ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ အချိန် မရွေး လာရှာနိုင်ပါတယ်”
ချန်ရှန် မျက်လုံးများ အရောင်လတ်လျက် ပြောလိုက် ပါ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset