Switch Mode

Chapter – 242

နဂါးနတ်ဘုရားကျင့်စဥ်ကိုးခု

Chapter – 242 နဂါးနတ်ဘုရားကျင့်စဉ်ကိုးခု

ဒီတစ်ကြိမ်မှာတော့ သူဟာ လူများစွာဆီမှ ချီဓာတ်များ ကို စုပ်ယူခဲ့တာ ဖြစ်ပြီး ထိုအထဲမှ နှစ်ဦးဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၅ တွေပါ ။ ချန်ရှန် အဖို့ တစ် ကြိမ်ထဲဖြင့် ချီဓာတ်အများအပြားစုပ်ယူခြင်း ဟာ ဒီတစ်ခါ အများဆုံးပါပဲ ။ ထိုအချက်ကြောင့်ပဲ သူ့တစ်ကိုယ်လုံးဟာ လောင်ကျွမ်း တော့မလိုကို ဖြစ်နေပါပြီ ။ သူ၏ ကျယ်ပြန့် လှသော နတ်အတွင်းအားအာရုံဖြင့် လျင်မြန်စွာ ဖိနှိပ်နေ ကာ နေပေမယ့် ဒါတွေကို သူအမြန်သန့်စင်ဖုိ့ လိုနေပါပြီ ။ ဒီလိုမှ မလုပ်ပါက သူ့အတွက် အလွန် အန္တရာယ် များလှပါ တယ် ။
ချန်ရှန် ဟာ ယခုအခါ ထာဝရမိစ္ဆာ ခန္ဓာကိုယ် အဆင့် ၂ ဖြစ်ပြီး ရှင်တို ကိုလည်း လေ့ကျင့်နေသူ တစ်ဦး ဖြစ်တာ ကြောင့် သူ၏ စွမ်းရည်မှာ ပေါ့သေးသေး မဟုတ်ချေ ။ ဒီလို မှ မဟုတ်ပါက ခုနတည်းက သူ လူများစွာ ၏ ချီဓာတ်များ စုပ်ယူစဉ်မှာ ဘိုင်ယုယု ခွင့်ပြုလိမ့်မည် မဟုတ်ချေ ။ ဒါ့အ ပြင် သူစုပ်ယူခဲ့သော လူများမှာ လက်ယာဂိုဏ်းသားများပါ။ ၎င်းတို့၏ ချီဓာတ်များဟာ အဆင့်မြင့်ပေမယ့် မိစ္ဆာ ပညာ ရှင်များနှင့်တော့ သိပ်မကွာလှပါချေ ။
“ခင်ဗျားအနေနဲ့ ရှင်တိုကို လေ့ကျင့်ချင်တယ် ဆို ထိုက်ကျိ နတ်နဂါး ကျင့်စဉ် မလုပ်နဲ့ ၊ နဂါးနတ်ဘုရား ကျင့်စဉ် ၉ ခုကို သုံး”
လောင်ဆုရီ ပြောလိုက်တယ် ။
“ခင်ဗျားကိုယ်ထဲ ချီဓာတ်တွေ အများကြီး ကျန်သေး တယ် ။ ခင်ဗျားရဲ့ နတ်အတွင်းအား အာရုံတွေကို သုံးဖို့ လုံ လောက်ပါတယ်”
ချန်ရှန် ဟာ သစ်ခေါင်းတစ်ခုအတွင်းမှာ ထိုက်ကျိ နတ် နဂါး ကျင့်စဉ်ကို အသုံးပြုကာ ချီဓာတ်များအား သန့်စင်နေ တာ ဖြစ်ပြီး လောင်ဆုရီ စကားကို ကြားတယ့်အခါ အလျင် အမြန်ပင် –
“ဒီ နဂါးနတ်ဘုရား ကျင့်စဉ် ကိုးခု ဆိုတာ စွမ်းသလား”
“စွမ်းပါရောလား ၊ ဒါက ကျွန်မတို့ တော်ဝင်နဂါးမျိုးနွယ် က လူတွေပဲ ဘယ်လိုလုပ်ရမယ် ဆိုတာသိတာ ၊ နဂါးကျင့် စဉ်တွေက အများကြီး ရှိတယ် ။ အဲဒိထဲကမှ ၁၀ ခုကိုသာ အစွမ်းထက်ဆုံး အဖြစ် သတ်မှတ်ထားတာ ၊ ခင်ဗျားရဲ့ ထိုက်ကျိ နတ်နဂါး ကျင့်စဉ် ကလည်း အဲဒိထဲက တစ်ခု အပါ အ၀င်ပဲ ။ နဂါးနတ်ဘုရား ကျင့်စဉ် ကိုးခု ကတော့ ကျွန် မတို့ တော်ဝင် နဂါးမျိုးနွယ် ရဲ့ အဓိက ကျင့်စဉ်တစ်ခု ဖြစ်ပြီး ရှင်တို ကို ကျင့်တယ့် နေရာမှာ သုံးတယ်”
လောင်ဆုရီ သူမ၏ နဂါးမျိုးနွယ် အကြောင်းကို ဂုဏ် ယူဟန်ဖြင့် ပြောဆိုပါတယ် ။
ချန်ရှန် လည်း စိတ်အားတက်ကြွ စွာ ဖြင့် –
“ကောင်မလေး ၊ ငါ့ ဘာလို့ အစောကတည်းက မပြော တာ လဲ “
“အရူး ၊ ဒါကို လွယ်လွယ် နဲ့ ရမယ်များ ထင်နေလား ၊ ကျွန်မ အချိန်အကြာကြီး စဉ်းစားပြီးမှသာ ခင်ဗျားကို ပထမ အဆင့် ပေးဖို့ ဆုံးဖြတ်လိုက်တာ ။ ဒါပေမယ့် ဒီပထမ အဆင့် ကိုပဲ ခင်ဗျား နိဗ္ဗာန် အဆင့် ရောက်တယ့်ထိ သုံးနိုင် တယ်”
လောင်ဆုရီ ၏ အသံ တုန်ရီနေတယ် ။ သူမဟာ ချန်ရှန် နှင့် အချိန်အတော်ကြာအောင် နေထိုင်ခဲ့တာ ဖြစ် ပြီး ချန်ရှန် နဲ့ သိပ်မတည့်လှသော်လည်း ချန်ရှန် အပေါ် သံ ယောဇဉ် ရှိနေသူပါ ။
“ဒီ နဂါးနတ်ဘုရား ကျင့်စဉ် ကိုးခုကို ခင်ဗျားကို ပေးတာ ကျွန်မအဖို့ နဂါးမျိုးနွယ် ရဲ့ စည်းကို ဖောက်ဖျက် ရာ ရောက်တယ် ။ သူတို့သာ သိမယ် ဆို ကျွန်မဒုက္ခတွေ့ မှာ”
လောင်ဆုရီ ခပ်တိုးတိုး ပြောပါတယ် ။
“ဒါကြောင့် တခြား ဘယ် နဂါးကိုမှ ဒီအကြောင်း လုံးဝ ပေးမသိပါနဲ့”
“စိတ်ချပါ ၊ ငါနားလည်ပါတယ်”
ချန်ရှန် လေးလေးနက်နက် ပြောလိုက်တယ် ။
“ဒါနဲ့ ပတ်သက်ပြီး မင်းအပစ်ပေးခံရမယ် ဆိုရင် ငါ အဲ ဒိ နဂါးတွေကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး”
“ဟက် ၊ ခင်ဗျား က နတ်နဂါး ကျင့်စဉ်တွေကို ကျင့် တာ တောင် ကျွန်မတို့ နဂါးမျိုးနွယ်ကို သိပ်အထင်သေးတာပဲ”
သူမ ပါးစပ်က ထိုသို့ ပြောလိုက်သော်လည်း သူမ ရင် ထဲ မှာတော့ ကျေနပ်နေတယ် ။ သူမကို တစ်စုံတစ်ဦးက ဂရုစိုက်တာကြောင့် ရင်ထဲ နွေးလို့ နေပါတယ် ။
အချိန်တခဏအတွင်းမှာပဲ ချန်ရှန် စိတ်ထဲတွင် အချက် အလက် များစွာ စွဲထင်ပါတော့တယ် ။ နဂါးနတ်ဘုရား ကျင့် စဉ် ကိုးခု မှာ အချက်များစွာ ပါဝင်ပါတယ် ။ ပထမ အဆင့် မှာပဲ သိပ်ကို ရှုပ်ထွေးလှပြီး ကံကောင်းတာက သူ၏ နတ် အတွင်းအား အာရုံအစွမ်းကြောင့်သာ သဘောပေါက်နေ တာ ဖြစ်ပါတယ် ။ ဒီလိုသာ မဟုတ်ပါက သူ့တစ်သက်လုံး သင်ယူတောင် မှတ်မိနိုင်မည် မဟုတ်ချေ ။
နဂါး နတ်ဘုရား ; ဒါဟာ ရှင်တို ကို ကျင့်ကြံသော နဂါး ကို ဆိုလိုတာ ဖြစ်ပြီး တဖြည်းဖြည်းချင်း အစွမ်းထက် နတ် ဘုရား ဖြစ်သွားတာပါ ။ ရှင်တိုကို လေ့ကျင့်သည့် ကျင့်စဉ် မှာ အလွန်ပင် သိမ်မွေ့ နက်နဲလှပြီး လောကမှာ နဂါးများ သာ ဒီလို အစွမ်းထက်ပြီး သိမ်မွေ့ လှသည့် ကျင့်စဉ်ကို ပြု လုပ်နိုင်တာပါ ။
ချန်ရှန် အလွန် လျင်မြန်စွာပဲ နားလည်သွားတယ် ။ ကျင့်စဉ်အရ သူ၏ ကိုယ်အတွင်းရှိ ချီဓာတ်များအား တိုက် ရိုက် ခွဲခြမ်းစိတ်ဖြာလိုက်တယ် ။ များစွာသောချီဓာတ် များ ဟာ သူ၏ ခြေလက်များ နှင့် အရိုးများ ၊ သူ၏ စွမ်းအင် သို လှောင် ရာများ မှတဆင့် ကြွက်သားများကို ပါ အလွန် သန် မာ သွားစေပါတယ် ။ တချိန်တည်းမှာပဲ သန့်စင်သော ချီ ဓာတ်ကို ထုတ်ပြီး ဝိဉာဉ်တော် စွမ်းအားကိုလည်း ထုတ် လိုက် တယ် ။ ချီဓာတ်ဟာ သူ၏ စွမ်းအင် သိုလှောင်ရာ အတွင်း ၀င်ရောက်သွားပြီး ဝိဉာဉ်တော် စွမ်းအား များက တော့ သူ၏ အသိစိတ်တွင်း ၀င်ရောက်သွားပါတယ် ။
နဂါးနတ်ဘုရား ကျင့်စဉ် ကိုးခု နှင့် ထိုက်ကျိ နတ်နဂါး ကျင့်စဉ် တို့အား တစ်ချိန်တည်း ပြုလုပ်ချင်းဟာ မည်သည့် ဆန့်ကျင်မှုမျိုးမှ မဖြစ်ပေါ်ပါ ။ အဘယ်ကြောင့်ဆိုသော် ထို မသန့်စင်သော ချီဓာတ်များ အား သန့်စင်မှုဟာ အလွန် လျင်မြန် နေလို့ပါ ။ ဒါက သူ့ကိုယ်သူ ပျံသန်းနေသလိုကို ခံ စားနေရတယ် ။ အထူးသဖြင့် သူ၏ စိတ်အာရုံအတွင်းရှိ နတ် ဝိဉာဉ်တော်လေး ကြီးထွားလာတာကို ကြည့်ရင်း ကျေ နပ်နေမိပါတယ် ။
ချန်ရှန် သူ လွှမ်းမိုးထားသော ချီဓာတ်အားလုံးကို သန့် စင်ပြီးသွားပါက လောင်ဆုရီအား ဒြပ်စင်ဆေးများပေးမည် ဟု ဆုံးဖြတ်လိုက်တယ် ။ နောက်ပြီး သူမ အနေဖြင့် သူ့ အ တွက် စွန့်လွှတ်ရတာ များစွာရှိနေပြီး သူမ မျိုးနွယ် ၏ စည်း ကို ပါ ဖောက်ဖျက်ပစ်ခဲ့တာဖြစ်ပါတယ် ။ အစွမ်းထက်လှ သည့် နဂါးနတ်ဘုရား ကျင့်စဉ်ကို ပေးခဲ့သည် မဟုတ်ပါ လား ။
ဆယ်ရက်ခန့် ကြာသောအခါ ချန်ရှန် ၏ စွမ်းအင်သို လှောင်ရာ အတွင်း ဒြပ်စင်စေ့ ၂၅၀ ဟာ လင်းလက်လို့ နေ ပါပြီ ။ ဒြပ်စင်စေ့ လင်းလက်မှု များလာလေလေ ခက်ခဲမှု ပိုလေလေ ဆိုတာ လူတိုင်းသိပါတယ် ။ ထိုလင်းလက်နေ သော ဒြပ်စင်စေ့များကို ဖိနှိပ်ရန် ပိုမိုများပြားသည့် ချီဓာတ် များကို လိုအပ်တာ ဖြစ်ပါတယ် ။
သူဟာ လူဆယ်ဦး၏ ချီဓာတ်များကို စုပ်ယူခဲ့တာ ဖြစ် ပြီး ထိုချီဓာတ်များကို သန့်စင်ပြီးနောက်မှာတော့ သူရရှိ မည့် ချီဓာတ်များ ကျန်ပါတယ် ။ သူ့နဂို ရှိ ချီဓာတ်များ နှင့် ပေါင်းစပ် ပြီးတယ့် အခါမှာတော့ အောင်မြင်စွာပဲ စစ် မှန်သော သိ်ုင်းပညာနယ်ပယ် အဆင့် ၅ သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ် ။
“ကောင်လေး ၊ မင်းစွမ်းအားတွေ တက်လာတာကို ကြည့်ရင်း ရူးမနေနဲ့တော့”
စုမေးယို ခပ်လှောင်လှောင် ပြောပါတယ် ။
“မင်းဒီလို ဆက်သွားမယ် ဆိုရင် မင်းရဲ့ အခြေအနေ ဟာ တည်ငြိမ်မှာ မဟုတ်ဘူး ။ မင်းအနာဂတ်ကို ထိခိုက် လိမ့်မယ်:”
ဘိုင်ယုယု ပြောတာပါ ။
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်လိုက်တယ် ။
လေ့ကျင့်ခြင်းမှာ ဖြည်းဖြည်းမှန်မှန် တိုးတက်သွားတာ သာ ကောင်းပါတယ် ။ ချိဓာတ်များကို တွန်းကာ ထပ်ကာ တလဲလဲ ထိုသို့ ပြုလုပ်ခြင်းဖြင့် အခြေခံကို ခိုင်မာစေပါ တယ် ။ ဒီလိုမှ မဟုတ်ပါက အနာဂတ်မှာ ၎င်း၏ ချီဓာတ် များ ဟာ အလွန်အားနည်းတတ်ပါတယ် ။
များစွာသော အညစ်အကြေးများဟာ သူ့တစ်ကိုယ်လုံး မှာ ပေနေသောကြောင့် သူလည်းအလျင်မြန် သန့်စင်လိုက် တယ် ။ ထို့နောက် လောင်ဆုရီအား ဒြပ်စင်ဆေး ၅၀၀ ကို ပေးလိုက်တာကြောင့် သူမဟာ ပျော်ရွှင်လို့နေပါတော့ တယ် ။
“ငါ နောက်ထပ် အမည်းရောင် ချပ်ဝတ် မိကျောင်းနဲ့ ဆုံ မယ် ဆိုရင် ဒီကကောင်က ခံရမှာ မဟုတ်တော့ဘူး”
ချန်ရှန် မိုးပြာဓားကို တင်းတင်းကြီး ဆုပ်ကိုင်ကာ သူ့ စိတ် ထဲ ဒေါသများ ဖြစ်လို့ လာပါတယ် ။ နောက်ထပ် ထိုကဲ့ သို့ အကောင်မျိုးရှာကာ သူ့အစွမ်းကို စမ်းသပ်ကြိုးစား ကြည့် ချင် နေပါတော့တယ် ။ သို့သော်လည်း သူ့မှာ ထိုထက် အရေးကြီးသောအရာများ လုပ်ရန် ရှိနေပါသေး တယ် ။ အဘယ်ကြောင့်ဆိုသော် သူရက်အတော်ကြာ သန့် စင်မှု ပြုလုပ်နေရတာကြောင့် သူ့ခရီး နှောင့်နေးနေရ ပြီ မဟုတ်ပါလား ။
သူစစ်မှန်သော သိုင်းပညာဂိုဏ်း၊ ကြာပန်းကျွန်း ဂိုဏ်းနှင့် ဒန်ရှန်တောင်ယွမ် ဂိုဏ်းသား များကို ရှာဖို့ လို နေပါသေးတယ် ။ ၎င်းတို့ကို ရှာပြီး မိစ္ဆာဂိုဏ်းသားများ ၏ အကြံ ကို ပြောပြမည်ဖြစ်ကာ တခြားလူများနှင့် ပေါင်းစုံစေ မှာ ဖြစ်ပါတယ် ။
ချန်ရှန် ပတ်ဝန်းကျင်ကို ခဏတာမျှ ကြည့်လိုက်တယ်။ စက်ဝိုင်းပုံအတိုင်း လျှောက်လှမ်းကာ သိပ်မကြာခင်မှာပဲ သူ နောက်ထပ် ခြုံခိုတိုက်ခိုက်ရာ ဆုံရပ်ကို တွေ့ လိုက်ရ ပါ တယ် ။ ချက်ချင်းပင် ပြေးသွားနေမိတယ် ။ သူလေ့ကျင့် ခဲ့ တာ ရက်အတော်ကြာသောကြောင့် ဒီရက်တွေအတွင်း ကိစ္စများစွာ ဖြစ်ပျက်သွားလောက်ပါတယ် ။
ပြေးနေရင်း ခြေရာများစွာ နှင့် သစ်ပင် အပိုင်းအစများ ကို တွေ့ နေရတယ် ။
“ဒါ အမည်းရောင် ၀ံပုလွေ တွေပဲ ၊ ဒါက လူတွေရဲ့ ခြေ ရာတွေပါလား”
ချန်ရှန် မြေပြင် အခြေအနေကို လေ့လာရင်း တစ်စုံ တစ် ခု တော့ ၀ံပုလွေ အုပ်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရ မည် ဟု ကောက်ချက် ချမိပါတယ် ။ သို့သော်လည်း တိုက်ပွဲမှာ ၎င်းတို့ လွတ်မြောက်သွားတာ ဖြစ်နိုင်ပြီး ၀ံပုလွေတွေ က တော့ လိုက်သွားပုံပါ ။
မြေပြင်ပေါ်မှ ခြေရာများကို ကြည့်ရင်း ချန်ရှန် အမူအ ရာ ပြောင်းလဲသွားတယ် ။
“ဒီ ၀ံပုလွေတွေရဲ့ ခြေရာတွေကို ကြည့်ရတာ နည်း နည်း လေး ကြီးနေသလိုပဲ ။ နောက် တစ်ချိန်တည်းမှာ အုပ် စုလိုက် တိုက်ခိုက်တာကြောင့် ဒီကောင်တွေဟာ ရုပ်သေး ရုပ်တွေ မဖြစ်နိုင်ဘူး ။ သားရဲမိစ္ဆာ အစစ်တွေများလား”
ဒီလို သားရဲမိစ္ဆာ အစစ်များဟာ ရုပ်သေးရုပ် များထက် ပိုမို အစွမ်းထက်ပါတယ် ။
ချန်ရှန် ချက်ချင်းပင် ခြေရာများ အတိုင်းလိုက်သွားပါ တယ် ။ ဒီဆုံမှတ် နှင့် သိပ်တော့ ဝေးမည် မဟုတ်ဟု သူသိ နေတယ် ။ သူ အမည်းရောင် မိကျောင်းနဲ့ မတိုက်ခင် က တည်းက သူတို့ဟာ တိုက်ပွဲဖြစ်တာဖြစ်ပြီး သေချာပေါက် အနီးနား ခြုံခိ်ုရာရှိ မိစ္ဆာပညာရှင်များအား အနှောက်အ ယှက် ပေးမည် ဖြစ်ပါတယ် ။ နောက်စုရပ် တစ်ခုမှာ မိစ္ဆာ ပညာရှင်တွေ မရှိလောက်ဟု သူယုံကြည်နေမိတယ် ။
ခြေရာများနောက်သို့ လိုက်ရင်း ချန်ရှန် ရင်ထဲ အံ့သြ သွား မိ တယ် ။ သစ်ပင်တွေမှာ ကုတ်ခြစ်ရာများစွာ ရှိနေ ပြီး သစ်ပင်အချို့ မှာလည်း ကိုက်ဖြတ်ခံထားရသလိုပါပဲ ။ သူ့ ခန့်မှန်းချက်အရ သစ်ပင်အတွင်း ပုန်းအောင်နေသူများ ကို ၀ံပုလွေများ ကိုက်သွားတာ ဖြစ်နိုင်ပါတယ် ။
“အများဆုံး ရုပ်သေးရုပ် ပိုင်ရှင် ၁၀ ယောက်ပဲ တစ်ခါ တည်း တိုက်နိုင်မယ် ။ ဒါပေမယ့် အဲဒါက ဒီလောက် လန့် စရာ ကောင်းမှာ မဟုတ်ဘူး ။ ဒါပေမယ့် ဒီ သားရဲ အစစ် တွေက ပိုကြောက်ဖို့ ကောင်းတယ် ။ နောက် အရေအ တွက် ကလည်း နည်းတာမဟုတ်ဘူး”
ချန်ရှန် အနည်းငယ် စိုးရိမ်မိသွားတယ် ။ လက်ရှိမှာ သူ ဟာ ဒီလို မနှစ်မြို့ ဖွယ် ထိတ်လန့်စရာ နေရာကို ရောက်ရှိ ပြီး ဖြစ်နေကာ သားရဲများဟာလည်း အလွန်ကို အစွမ်း ထက် ကြလှပါတယ် ။ မည်သည့် လက်ယာဂိုဏ်းသားမှ သေဆုံးနေမှာကို မကြုံရပါစေနဲ့ဟု သာ မျှော်လင့်ရင်း သူ သာ ကယ်နိုင်မည် ဆိုပါက အစွမ်းကို ကြိုးစားပေးမှာ ဖြစ်ပါ တယ် ။
ခြေရာအတိုင်း အသောနှင်လာသည့် အခါမှာတော့ မ ကြာမီ မှာပဲ မြေကြီးပေါ်တွင် သွေးများကို မြင်လိုက်ရတယ်။ ဒီလိုသွေးများဟာ သားရဲများ ၏ သွေးများ ဖြစ်ပါတယ် ။ အဘယ်ကြောင့် ဆိုသော် ၎င်းသွေးများဟာ လူသားသွေး နဲ့ မတူပါ ။ လူသွေးဟာ အမြန်ခြောက်လွယ်ပြီး သားရဲသွေး က တော့ မြေပြင်တွင် စေးကပ်စွာဖြင့် ကျန်ရှိနေတာ ဖြစ်ပါ တယ် ။
“သတိထားဟေ့”
ကောင်မလေး တစ်ဦး ၏ အော်သံ ထွက်ပေါ်လာတယ်။ တိုက်ပွဲသံများကိုလည်း ကြားလိုက်ရပြီး ချန်ရှန် ချက်ချင်း ပင် ပျောက်ကွယ်သွားပြီး အသံကြားရာဆီသို့ သူ၏ အမြန် ဆုံးနှုန်းဖြင့် ထွက်ခွာသွားပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset