Chapter – 241 မျို
ချန်ရှန် ပုံစံ တည်ငြိမ်သွားတယ် ။ ဒီလူတွေ အနေ ဖြင့် သူ့ကို အလွန်မုန်းတီးနေမယ် ဆိုတာကို သူသိနေတယ် ။ သူ့ကို သတ်ဖို့ အခွင့်အရေးကို အမြဲတမ်း စောင့်မျှော်နေ တာ ဖြစ်ပြီး ခုလိုအချိန်မှာ ဒီလိုပြုမူတာဟာ ချန်ရှန် အဖို့ အတော် ဒေါသထွက်စရာပါပဲ ။
“မင်းတို့က ဘာလုပ်ချင်တာလဲ ၊ ငါမင်းတို့ကို ကယ်ခဲ့ တယ် ဆိုတာကို မေ့နေတာလား”
ချန်ရှန် မတ်တပ်ထရပ်လိုက်ပြီး မိုးပြာနဂါးဓားကြီး၏ ဓားလက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်တယ် ။ သူ၏ ပုံစံဟာ တည်ငြိမ်သထက် တည်ငြိမ်လာပြီး သူ၏ စစ် မှန်သော ချီဓာတ်များမှာ နည်းနေသော်လည်း ကြောက် စရာ ကောင်းသည့် အမဲလိုက်ခြင်း ချီဓာတ်များကတော့ ဒေါ သတွေ အရမ်းထွက်နေသောကြောင့် များစွာ ထွက် နေလျက် ရှိတယ် ။ ဒီလိုအချက်ကြောင့်ပဲ သားရဲဂိုဏ်း နှင့် နတ်ဓားဂိုဏ်းသား တို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ် လိုက် ကြပါတယ် ။
“ဒီတော့ ဘာဖြစ်လဲ ၊ ချန်ရှန် ၊ မင်းငါ့လက်ထဲ သေရ တာ တောင် ကံကောင်း ၊ အနည်းဆုံးတော့ ဟိုကောင်တွေ မင်းကို စားတာ မခံရတော့ဘူးပေါ့”
ဂန်ဂျူဂျန် ရယ်မော ပြောဆိုပါတယ် ။ သူ့အနေဖြင့် ချန် ရှန် မှာ အင်အား မည်မျှလောက် ကျန်သေးသလဲ ဆိုတာ ကို မသေချာ ဖြစ်နေပါတယ် ။ သို့သော်လည်း နွမ်းနေနေ သည့် ချန်ရှန် ပုံစံကို ကြည့်ရင်း ချန်ရှန် အတော်ဒဏ်ရာရ ထား လောက်သည်ကို သိနေပါတော့တယ် ။
“မင်းတို့ ငါ့ဂိုဏ်းချုပ် ဘာပြောခဲ့လဲ ဆိုတာကို မေ့နေ ကြ ပြီ ထင်တယ် ။ မင်းတို့ကောင်တွေ ငါ့ကို ဆန့်ကျင်တာ နဲ့ မင်းတို့ ရဲ့ ဂိုဏ်းတွေကိုလည်း ငါတို့ ပြင်းထန်သော သိုင်း ပညာဂိုဏ်းက အမှုန့်ခြေပြီးသားပဲ”
ချန်ရှန် မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြော ပါ တယ် ။ စူးရှလှသော မျက်လုံးကြောင့် ဂန်ဂျူဂျန်တို့ အား လုံး လန့်သလိုတောင် ဖြစ်သွားကြတယ် ။
“ငါတို့ အဖွဲ့က ဘယ်သူမှ မပြောသ၍ မင်းကို ငါတို့ သတ် တယ် ဆိုတာ ဘယ်သူက သိမှာလဲ”
ဂန်ဂျူဂျန် အော်ပြောလိုက်တယ် ။
“သူ့ကို ကြောက်မနေကြနဲ့ ၊ သူက ဘာမှ မဟုတ်ဘူး ၊ ဒဏ်ရာရထားတာ ၊ အားလုံး အတူတူ သူ့ကို သတ်ကြ ၊ ပြီး ရင် ငါတို့ ရတနာတွေ ခွဲယူကြမယ်”
ချန်ရှန် ၏ ကြွယ်ဝမှုမှာ လူများစွာကို ဆွဲဆောင်နေနိုင် ပါ တယ် ။ အားလုံးဟာ ချန်ရှန် မှာ ရတနာများစွာ ရှိနေတာ ကို သိနေကြတယ် ။ ၎င်းတို့၏ လောဘတက်နေသော မျက် နှာ များကို ကြည့်ပြီး ချန်ရှန် ရင်ထဲ ဒီလူတွေကို သတ် ရမည်ဟု ဆုံးဖြတ်လိုက်ပါတော့တယ် ။
“တိုက်ကြ”
ဂန်ဂျူဂျန် အော်ဟစ်လိုက်ပြီး ချန်ရှန်ဆီသို့ လောဘ တကြီး ပြေးထွက်သွားပါတယ် ။ ချန်ရှန် လက်ထဲရှိ ဓား ဟာ အတော်ကို အစွမ်းထက်တယ် ဆိုတာ သူသိနေတယ် ။ သာ မန် လို ဝေ့ယမ်းရုံဖြင့် သူ၏ နတ်ဝိဉာဉ်တော် လက် နက် အား ပြတ်တောက်ကျိုးကြေသွားစေနိ်ုင်သည် မဟုတ် ပါလား ။
ထိုလူ ၁၀ ဦးလည်း ချန်ရှန် ဆီ ပြေးလာကြပါတယ် ။ အဆင့် ၅ ပညာရှင် ၂ ဦးအပါအ၀င် အဆင့် ၃ နှင့် ၄ ပညာ ရှင် များစွာ တို့လည်း ပါဝင်ပါတယ် ။ ခြုံကြည့်မည် ဆိုပါ က ၎င်းတို့၏ စွမ်းအားမှာ မသေးလှချေ ။ ၎င်းတို့အနေဖြင့်လဲ မူလကတည်းက ချန်ရှန်သာ ဒဏ်ရာမရခဲ့ရင်တောင်မှ အား လုံးစုတိုက်မည် ဆိုပါက ချန်ရှန်ကို နိုင်လိမ့်မည်ဟု ယုံကြည် နေ ကြတာပါ ။
“ဟား ဟား”
ရုတ်တရက် ချန်ရှန် ထူးဆန်းသော ရယ်သံတစ်မျိုး ဖြင့် ရယ်မော လိုက်တယ် ။ ဂန်ဂျူဂျန်တို့ အားလုံး လန့်သွားကာ ခြေလှမ်းများပင် တုံ့သွားကြတယ် ။ ချန်ရှန် ၏ ရယ်သံက ၎င်းတို့အတွက် အတော်ကို မနှစ်မြို့ စရာ ဖြစ်ပြီး ကြက်သီး များပင် ထသွားစေပါတယ် ။ ၎င်းတို့ ရင်ထဲမှာလည်း အ ကြောက် တရား တို့ လွှမ်းမိုး ၀င်ရောက် လာပါတော့တယ်။
“ကျေးဇူးကန်းတယ် ၊ မင်းတို့နဲ့ ခုနက မိစ္ဆာတွေနဲ့ ဘာ မှ မကွာတော့ဘူး”
ချန်ရှန် ၏ မျက်နာမှာ ခက်ထန်လို့နေတယ် ။ လူဆယ် ဦး တို့အား ရဲရဲနီသော မျက်လုံးများ ဖြင့် စိုက်ကြည့်နေပုံမှာ သွေးပျက်ဖွယ်ရာပါပဲ ။
“မကြောက်ကြနဲ့ ၊ သူက ဒဏ်ရာရာထား . . .”
ဂန်ဂျူဂျန် ၏ စကားမဆုံးခင်မှာပဲ ချန်ရှန် ၏ လက်မှ အဖြူရောင် အလင်းတန်းတစ်ခု လတ်သွားကာ မိုးပြာနဂါး ဓားကြီးအား ဆွဲလိုက်တယ် ။ ခပ်လှမ်းလှမ်းမှာ ရှိသည့် လူ ဆယ်ဦးထံသို့ ချိန်ရွယ်ကာ ရေပြင်ညီအတိုင်း ပြင်းထန်စွာ ဝေ့ ယမ်း လိုက်တယ် ။
အဖြူရောင် ချီဓာတ်ဟာ ဓားကြီးမှ ထွက်လာပြီး စက် ဝိုင်းခြမ်း ပုံစံ ဖြစ်သွားကာ ထိုလူဆယ်ဦးကို ဖြတ်သန်းသွား ပါ တော့ တယ် ။ ထို့နောက်မှာတော့ ဂန်ဂျူဂျန်တို့ဟာ သွေး များ အန်လျက် မြေကြီးပေါ်သို့ တစ်ယောက်ပြီး တစ် ယောက် လဲကျကျ ပါတော့တယ် ။ အားလုံးဟာ ထိတ်လန့် ကြောက်ရွံ့ မှုနဲ့ အတူ မယုံကြည်နိုင်သော အကြည့်များ ဖြင့် ကြည့်နေကြပါ တော့တယ် ။
ခုနက ချန်ရှန် ဟာ လောင်ဆုရီ ၏ အားကို အသုံးပြု လိုက် တာ ဖြစ်ပါတယ် ။ ဒါဟာ လောင်ဆုရီ ၏ အင်အား အပြည့်အ၀ ကို တစ်ချက်တည်း အသုံးချလိုက်ခြင်းပါ ။ ဒါ ဟာ သူ့ရဲ့ ၀ှက်ဖဲ တစ်ချက်ဖြစ်ပြီး သေရေးရှင်ရေး အခြေ အနေ မှ မဟုတ်ရင် သူဘယ်တော့မှ အသုံးမပြုပေ ။
လောင်ဆုရီ ၏ ချီဓာတ်ဟာ အလွန်ကို ထူးခြားလှပါ တယ် ။ ၎င်းချီဓာတ် ကိုယ်တွင်းသို့ ၀င်ရောက်သွားတဲ့ အခါ အတွင်းရှိ အစိတ်အပိုင်းများအား ပျက်ဆီးစေနိုင်ပါတယ် ။
“ဟားဟား ၊ မင်းတို့ပဲ ငါ့ကို သတ်ချင်ကြတယ်ဆို ၊ ဘာ လို့ မြေကြီးပေါ် လဲကျနေကြတာလဲ”
ချန်ရှန် ရယ် မော ပြောဆိုပါတယ် ။
သူ၏ ကိုယ်မှ အမည်းရောင် ချီဓာတ်များ ပိုမို ထွက်ပေါ် လာ ပြီး ဂန်ဂျူဂျန် တို့အား မနှစ်မြို့ ဖွယ် လွှမ်းခြုံထားပါ တယ် ။
“မင်း . . . မင်း ဘာလုပ်မှာလဲ”
ဂန်ဂျူဂျန် အော်ဟစ်နေတယ် ။ အားလုံးဟာ ဒဏ်ရာ အပြင်း အထန် ရရှိနေတာ ဖြစ်ပေမယ့် ၎င်းတို့ ကိုယ်တွင်း မှာ တော့ ချီဓာတ်များ ကျန်ရှိနေပါသေးတယ် ။ ဒါပေမယ့် ထိုချီဓာတ်များကို ထိန်းချုပ်လို့ မရပဲ သူတို့ကိုယ်အတွင်းမှ ထွက်သွားနေသလို ခံစားနေကြရပါတော့တယ် ။
ချန်ရှန် ၏ ပုံစံ တည်ငြိမ်သွားပြန်တယ် ။ အမည်းရောင် ချီဓာတ်များဟာလည်း သူ၏ မျက်လုံးမှ ထွက်လို့နေတယ် ။ သူဟာ လွှမ်းမိုးတတ်သော မိစ္ဆာစွမ်းအား ကို အသုံးပြုနေ တာ ဖြစ်ပြီး အမည်းရောင် ချီဓာတ်များဟာ တဖက်လူ၏ ချီ ဓာတ်များအား စုပ်ယူစေပါတယ် ။ ဒါဟာ ယခု စွမ်းအား ၏ အဆင့် ၂ စွမ်းရည်ဖြစ်ပြီး ယခုအခါမှာတော့ သူလွှမ်းလိုလို သူအား ထိတွေ့ ကိုင်တွယ် စရာ မလိုတော့ချေ ။လွှမ်းမိုး လို သူအား တိုက်ရိုက်လွှမ်းမိုးနိ်ုင်တာ ဖြစ်ပြီး တဖက်ရန်သူ မှာ တော့ ဒဏ်ရာရနေမှသာ ဖြစ်မှာပါ ။
“ချီဓာတ်တွေ ၊ ငါ့ရဲ့ ချီဓာတ်တွေ ထွက်ကုန်ပြီ”
လူတစ်ဦး အထိတ်တလန့်ဖြင့် ထအော်ပါတယ် ။ ရုတ် တရက် ၎င်း၏ ကိုယ်မှ တောက်ပသော အရောင်ရှိသည့် အငွေ့ များ ထွက်လာပြီး ချန်ရှန် ဆီသို့ တိုးဝင်လာပါတယ် ။ တခြားလူများမှာလည်း ထို့အတူပင် ခံစားနေကြရတာ ဖြစ် ပါတယ် ။ ၎င်းတို့ ကိုယ်တွင်းရှိ ချီဓာတ်များ ထွက်လာပြီး ချန်ရှန် ဆီသို့ ရောက်ကုန်တာပါ ။ ချန်ရှန် ကတော့ ချီဓာတ် အမည်းတွေ ထုတ်နေတုန်းပါပဲ ။
“မိစ္ဆာပဲ ၊ ချန်ရှန် မင်းက မိစ္ဆာ အကြီးစားပဲ ၊ ဒီလို မျိုး ရွံရှာဖွယ် မိစ္ဆာကျင့်စဉ်ကို သုံးတယ့်အတွက် မင်းကို လက် ယာ ဂိုဏ်းတွေက ခွင့်ပြုမှာ မဟုတ် . . .”
“ငါ မင်းတို့ကို ကယ်ခဲ့တယ် ။ မင်းတို့က ကျေးဇူးတင်ဖို့ နေနေ သာသာ ငါ ဒဏ်ရာရနေတာကို အခွင့်အရေး ယူပြီး ငါ့ကို သတ်ဖို့ ကြိုးစားတယ် ။ မင်းတို့ကိုယ် မင်းတို့ လက် ယာဂိုဏ်းသားတွေလို့ ဘယ်လိုများ ခံယူထားကြသလဲ ၊ မင်း တို့ ပြုမူခဲ့တာတွေနဲ့ မိစ္ဆာတွေ ပြုမူတာ ဘာများကွာနေ လို့လဲ ။ ငါက တော့ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ် လုံး ပြန်ပေးဆပ်ရမယ် ဆိုတယ့်အတိုင်း လက်တုန့်ပြန်ရမှာ ပဲ”
ချန်ရှန် နတ်ဓားဂိုဏ်းမှ လူကို ကြည့်လိုက်ပြီး သူ၏ မျက် လုံး မှ လေဆာလို အလင်းတန်းနှစ်ခု ပြင်းထန်စွာ ပစ် လွှတ်လိုက်တယ် ။ ထိုလေဆာတန်းဟာ ထိုလူ၏ ခေါင်းကို ဖောက်ဝင်သွားကာ သေဆုံးသွားစေပါတယ် ။ ဒါ ဟာ မိစ္ဆာ နှလုံးသား မျက်လုံး ဖြစ်ပြီး လူတစ်ဦးကို ပထမ ဆုံး အနေဖြင့် အသုံးပြုလိုက်ခြင်းပါ ။
တဖက်လူ၏ ချီဓာတ်ကို လွှမ်းမိုးခြင်းဟာ မိစ္ဆာလမ်း မှ လူများကို မဆိုထားနှင့် လက်ယာဂိုဏ်းသားများ ကြားမှာ ပို မို၍ပင် တွေ့ ရခဲလှသည့် စွမ်းရည်ပါ ။ ဂန်ဂျူဂျန် အံကို ကြိတ် ကာ ချန်ရှန် ကို စိုက်ကြည့်နေတယ် ။ သူ့နှလုံးသား ထဲ နောင်တတရားတို့ ပြည့်လို့နေပါတယ် ။ မူလက သူနဲ့ ချန်ရှန် အကြား မည်သည့် ပဋိပက္ခမျှ မရှိပဲ ချန်ရှန်ကပင် သူတို့ကို နောက်ဆုံးတခေါက်က အခွင့်အရေး ပေးခဲ့သည် မဟုတ်ပါလား ။ ဒါပေမယ့်လည်း သူ၏ စိတ်ကြီးဝင်မှုက ပဲ သူ့ကို ဒုက္ခ ပေးခဲ့ပါလေပြီ ။
သိပ်မကြာခင် ကလည်း ချန်ရှန် ဟာ သူတို့ကို ကယ် တင်ခဲ့ရုံမျှမက အမည်းရောင် ချပ်ဝတ် မိကျောင်းကြီးကို လည်း ရှင်းလင်းပေးခဲ့ပါသေးတယ် ။ သူတို့အနေနဲ့က လွတ် မြောက် သွားပြီး ချန်ရှန်မှာတော့ ဒဏ်ရာအပြင်း အထန် ရရှိခဲ့ပါတယ် ။ ချန်ရှန် အကူအညီ အလိုအပ်ဆုံး အချိန်ဖြစ်နေချိန်မှာမှ သူတို့ဟာ ခွေးတွေ ၀က်တွေလို ပဲ ကျေးဇူးမသိတတ်ပဲ ချန်ရှန် ကို သတ်ချင်ရုံမက ရတနာ တွေ ကိုပါလုယူဖို့ ကြံစည်နေကြသည်မှာ တကယ်ပဲ မိစ္ဆာ လုပ်ရပ်တွေ မဟုတ်ပါလား ။
ဂန်ဂျူဂျန် သူ့ကိုယ်တွင်းရှိ ချီဓာတ်များ တဖြည်းဖြည်း လျော့နည်း ပျောက်ကွယ်လာတာကို ခံစားနေရတယ် ။ အ ချိန်ကြာလာတာနဲ့ အမျှ နောင်တတရားတို့ ပိုမိုရရှိလာကြ ပြီး သူတို့သာ ချန်ရှန် နဲ့ အစကတည်းက ရန်ငြိုးမရှိခဲ့ပါက မိတ်ဆွေ များပင် ဖြစ်လာနိုင်သည် မဟုတ်ပါလား ။ ဒါပေ မယ့် လည်း နောင်တ တရား အတွက် ဆေးဟာ ဒီကမ္ဘာမှာ မရှိပါချေ ။
“ချန်ရှန် ၊ အမှိုက်ကောင် . . . မျိုးမစစ် . . .”
သားရဲဂိုဏ်းသားတစ်ဦးက ကျိန်ဆဲနေတယ် ။ ဒါပေမဲ့ လည်း သူ့ကျိန်ဆဲသံ မပြီးခင်မှာပဲ လေဆာအလင်းတန်း နှစ် ခု ချန်ရှန် ၏ မျက်လုံးမှ ထွက်ပေါ်လာပြီး ထိုလူ၏ ခေါင်း ကို ထိုးဖောက်ဝင်သွားပါ တော့တယ် ။
အလွန်လျင်မြန်စွာပဲ သန့်စင်လှပြီး အားကောင်းလှ သော ထိုလူဆယ်ယောက်တို့မှ ချီဓာတ်များဟာ ချန်ရှန် ၏ စုပ်ယူခြင်းကို ခံလိုက်ရပါပြီ ။ သို့သော်လည်း ချန်ရှန် အနေ နဲ့ကတော့ အဆိုပါ ချီဓာတ်များတွင် မသန့်ရှင်းမှုများ ပါဝင် နေပြီး သန့်စင်ဖို့ လိုအပ်နေပါသေးတယ် ။ ဒါပေမယ့် ဒါ မ တိုင်ခင်မှာ ဒီလူတွေ အားလုံးကို သတ်ရန် လိုနေပါသေး တယ် ။
“ဂန်ဂျူဂျန် ၊ နတ်ဓားဂိုဏ်းက အတော်ဆုံး နဲ့ အငယ် ဆုံး သိုင်းပညာရှင် ၊ ငါ့လက်ထဲ မှာ သေရတာတော့ စိတ် မ ကောင်းပါဘူး ။ ဒါပေမယ့် တခြားလူတွေ မိစ္ဆာတွေ လက်ထဲ သေရတာထက် စာရင်တော့ မင်းကံကောင်းပါ တယ်”
ချန်ရှန် ဂန်ဂျူဂျန် ၏ အကြောက်တရားများ ဖုံးလွှမ်း နေ သည့် မျက်နာကို ကြည့်ရင်း သူ၏ ဓားကြီးကို ဝေ့ယမ်း ကာ ဂန်ဂျူဂျန် အား ခေါင်းဖြတ်လိုက်ပါတော့တယ် ။
သွေးများ ပန်းထွက်လာသည်ကို ကြည့်ရင်း မြေကြီး ပေါ် လဲနေသည့် လူများမှာ အလွန်ပင် တုန်လှုပ်နေကြ တယ် ။ နောက်တစ်ကြိမ် သေဆုံးရမည့် သူ မှာ သူတို့ထဲ က ပဲ ဆိုတာကို သိနေကြပါတယ် ။ သေခြင်းတရားက နီးကပ် လာ ပြီ ဆိုတာကို သိတာကြောင့် ၎င်းတို့ဟာ ဆောက်တည် ရာ မရကြ တော့ပါဘူး ။ အခုမှ အသက်တစ်ချောင်း မည် မျှ အဖိုးတန်တယ် ဆိုတာကို နားလည် နေကြပါပြီ ။ ၎င်းတို့ အားလုံး ဟာ စစ်မှန်သော သိုင်းပညာ နယ်ပယ် မှ လူ များ ဖြစ်ကြပြီး မော်တယ် ပညာရှင်များ၏ လေးစားအားကျမှုကို ခံခဲ့ကြရတာပါ ။ ဒါပေမယ့် အခုအခါမှာတော့ ၎င်းတို့ ဘ၀ များဟာ ချန်ရှန် နဲ့ တွေ့ သောအခါ မော်တယ် ပညာရှင်များ လိုပါပဲ ။
တစ်ယောက်ပြီးတစ်ယောက် ချန်ရှန် မိုးပြာနဂါးဓား ကြီး ဖြင့် ခေါင်းများဖြတ်ပစ်ကာ ဓားတစ်ချက် ကိုခေါင်းတစ် လုံး ပါပဲ ။ သွေးများစွာ အိုင်ထွန်းနေပြီး မရှုမလှကို သေဆုံး သွားခဲ့ရပါပြီ ။
ကောင်းကင် တစ်ခုလုံးဟာ မှောင်မည်းနေပြီ ဖြစ်ကာ မြေပြင် မှာလည်း အလောင်းများစွာဟာ ပြန့်ကျဲလို့နေပါ တယ် ။ ချန်ရှန် လက်ထဲမှ ဓားကြီးမှာလည်း သွေးများ တစက် စက် ကျနေပြီး ငရဲပြည်မှ ငရဲသားကြီး အပစ်လာ ပေး နေသလိုပါပင် ။ ချန်ရှန် အသက်ကို ရှူသွင်းလိုက်ပြီး မီး တောက် များထုတ်ကာ အလောင်းများအား ဖျက်ဆီး ပစ် လိုက်တယ် ။ အလောင်းများ လောင်ကျွမ်းသွားသည့် အခါ မှာတော့ သူ့အနေဖြင့် အလျင်အမြန်ပင် ထွက်ခွာလာခဲ့ပြီး သူ စုပ်ယူခဲ့သော ချီဓာတ်များအား သန့်စင်နိုင်မည့့်် နေရာ အား ရှာဖွေပါလေတော့တယ် . . . ။