Chapter – 239 သားရဲမိစ္ဆာတိုက်ခိုက်မှု
ထိုအချိန်မှာ မိစ္ဆာဒူးလေးအား ချန်ရှန် ကြည့်နေမိပါ တယ် ။ လျူမန်ဂါအား ဒူးလေးကို ပိုမိုအစွမ်းထက်ပြီး ပိုမို ကောင်းမွန်စေရန် မေးမြန်းမယ်လို့ ဆုံးဖြတ်လိုက်မိတယ် ။ ဖြစ်နိုင်ပါက ဒါမျိုးသဏ္ဍာန်တူ လက်နက်အား ပြုလုပ်ခိုင်းပြီး သူ့လူတွေကို ဆင်ပေးမည်ဟု ပင် တွေးမိနေပါတယ် ။ ဒီ လို သာ ဖြစ်လာမည်ဆိုပါက သူ၏ အင်အားစုမှာ ပိုမိုကောင်း မွန် လာမည် ဖြစ်ပြီး ပစ်မှတ်တစ်ခုကိုသာ ဆယ်ဦးလုံးပြိုင် တူ ပစ်လိုက်မည် ဆိုပါက မည်သို့ ဖြစ်လာနိုင်ပါမည်နည်း ။
ချန်ရှန် ဒီလို စဉ်းစားလေလေ ပိုပြီး စိတ်လှုပ်ရှားလာ လေ လေ ပါပဲ ။ သို့သော်လည်း ဒီလိုလက်နက်မျိုးအား ပြု လုပ်ရန် မလွယ်ကူလှချေ ။ ဒီအချက်ကို ချန်ရှန် သိနေသည့် အပြင် ယခုလို လက်နက်ပြုလုပ်နည်းများဟာလည်း မရှိ တော့ ပြီ မဟုတ်ပါလား ။
မြှားသုံးချောင်း ထွက်သွားပြီးနောက် သစ်ခေါင်းများ အ တွင်း ပုန်းအောင်းနေသည့် လူသုံးဦးလုံးဟာ သေဆုံးသွား ခဲ့ရပါပြီ ။ ၎င်းတို့အနေဖြင့် ၎င်းတို့ ဘ၀တစ်လျှောက်လုံး ယခု လို သစ်ခေါင်းတွင်း အရိုးဆွေးသည်ထိ သေဆုံးသွား ရ လိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ ။
လမ်းကြောင်းဟာ စွန့်ပစ်နယ်မြေ၏ အစွန်ပိုင်းမှာ ဖြစ် ပြီး အတွင်းမကျပါဘူး ။ မိစ္ဆာလမ်းဂိုဏ်းသားများဟာ အ တွင်းပိုင်းမှာ အန္တရာယ်များမယ် ဆိုတာကို သိကြပြီး ၎င်းတို့ ပင် မ၀င်ရဲကြပါဘူး ။
သို့သော်လည်း ချန်ရှန် စတေးခံမည့် နေရာအား ဖျက် စီးမည် ဆိုပါက ပြန်လမ်းမရှိသည့် အတွင်းပိုင်းသို့ ၀င်ရမည် ဖြစ် ပါ တယ် ။ ထိုနေရာတွင် ကြောက်မက်ဖွယ် အရာများ ဖြင့် ပြည့်နှက်လျက် ရှိတယ် ။ မိစ္ဆာနယ်မြေ သို့ ဆက်သွယ် သည့် နေရာ ဖြစ်ရုံမျှမက အိပ်ပျော်နေသော မိစ္ဆာကြီးများ အား နိုးဆွနိုင်တာလည်း ဖြစ်ပါတယ် ။ ဒါတင်မက တား ဆီး ထားသည့် အစီအရင်များကိုပါ ပျောက်ကွယ်စေနိုင်ပါသေး တယ် ။
ထုံးစံအရ စွန့်လွှတ်မှုတစ်ခုကို လိုအပ်မည်ဖြစ်ပြီး ။ ၎င်း မိစ္ဆာလမ်းဂိုဏ်းသားများမှ မိစ္ဆာနယ်မြေ အတွင်းရှိ မိစ္ဆာကြီး များကို အားအင်များ ထုတ်လွှတ်ရန် သို့မဟုတ် အသုံးဝင် သည့် တစ်စုံတစ်ခု ထုတ်လွှတ်ရန် တောင်းဆိုကြမည် ဖြစ် ပါ တယ် ။ သာမန်အခြေအနေမှာတော့ ပေးဆပ်မှု တစ်ခု ကို လိုအပ်နေပါပြီ ။
ရုတ်တရက် မြေကြီးတစ်ခုလုံး တုန်လှုပ်သွားတယ် ။ ခပ်ဝေးဝေးမှာတော့ တိုက်ခိုက်သံတစ်ခုကို ကြားနိုင်နေပါ တယ် ။ ချန်ရှန် စိတ်ထဲ အံ့သြသွားပြီး တစ်ချက်ခုန်ကာ သစ် ပင် အမြင့်ဆီသို့ ခုန်တက်လိုက်တယ် ။ ၀တ်ရုံနက် ၀တ် လူများစွာဟာ ကြီးမားလှသည့် ဓားကြီးများဖြင့် လူ ၁၀ ဦးအား တိုက်ခိုက်နေတာကို မြင်တွေ့ လိုက်ရတယ် ။
လူသားမိစ္ဆာများ ဖြစ်ပြီး အရေအတွက်မှာလည်း အလွန် ကို များလှတယ် ။ ရာနဲ့ချီလောက်ကို ရှိနေသည့် အတွက် ချန်ရှန် အတော် အံ့အားသင့်မိသွားတယ် ။ တစ် ချိန်တည်းမှာကို အယောက် ၃၀ လောက်ဟာ တပြိုင်နက် တိုက်ခိုက်နေသည့်အတွက် တနည်းအားဖြင့် ကြိုးကိုင်သူ ၆ ဦး ရှိနေသည့် သဘောပါပဲ ။
“နဂါးမလေး ၊ အဲဒိ ခြောက်ယောက်ကို မြန်မြန်ရှာစမ်း ပါ”
ချန်ရှန် ပြောနေရင်း တိုက်ပွဲဖြစ်ရာသို့ တိတ်တဆိတ် ပြေး သွား နေမိတယ် ။
ချန်ရှန် နီးလာတာနဲ့ အမျှ လောင်ဆုရီလည်း လျင်မြန် စွာပင် လူခြောက်ဦး၏ တည်နေရာအား တွေ့ ရှိသွားပါ တယ် ။ ဒီလူတွေအားလုံးဟာ လွန်ခဲ့သော သုံးနှစ်ထဲက ရောက်ရှိနေသူများ ဖြစ်နိုင်တယ်လို့ ချန်ရှန် ကောက်ချက် ချ လိ်ုက်မိတယ် ။ ဒီလိုမှ မဟုတ်ပါက ဒီလိုများပြားလှသည့် လူသားမိစ္ဆာများကို ရှာဖွေနိုင်မည် မဟုတ်ချေ ။
လူခြောက်ဦးဟာ သစ်ခေါင်းထဲမှာ ပုန်းအောင်းနေကြ တာ မဟုတ်ပါဘူး ။ အကာအကွယ်တစ်ခုအောက်မှာ ပုန်း နေကြတာပါ ။ အချိန်နှင့်အမျှ ၎င်းတို့ဟာ ဓားတိုလေးများ အား အပေါ်စီးမှ လူ ၁၀ ဦးဆီသို့ ပစ်လွှတ်နေကြပါသေး တယ် ။
“ဒါ နတ်ဓားဂိုဏ်း နဲ့ သားရဲဂိုဏ်းက ပဲ”
ချန်ရှန် စိတ်ထဲ အံ့သြသွားတယ် ။ ဝုကွမ်ချင် ဟာ နတ် ဓားဂိုဏ်း နှင့် သားရဲဂိုဏ်းတို့ အတူတကွ ပူးပေါင်းနေတယ် ဆိုတာကို သတိပေးလိုက်ပြီးသားပါ ။ ဒီ ၂ ဂိုဏ်းပေါင်းပြီး သူ့ကို ရန်ရှာမည် ကို စိုးရိမ်ရပါတယ် ။
နတ်ဓားဂိုဏ်းတွင် ချန်ရှန် မှတ်မိသည့်သူမှာ သူအရင် တစ်ခါက ရက်ရက်စက်စက် နှုတ်ဆက်ခဲ့သော ဂန်ဂျူဂျန် ပါ ၀င်နေပါတယ် ။ ၎င်းအနေဖြင့် ချန်ရှန် ကို မုန်းတီးနေ မည် မှာ အသေအချာ ဖြစ်သော်လည်း ချန်ရှန် အနေဖြင့် သိပ်ဂရုမစိုက်လှပါချေ ။ တဖက်မှ သူ့ကို သတ်ချင်နေမည် ဆိုပါက သူလည်း သေချာပေါက်ကို ပြန်လည် တိုက်ခိုက် မည် ဖြစ်ပြီး သနားမည် မဟုတ်ပေ ။
တစ်ချက်တည်းဖြင့် ချန်ရှန် ဟာ အမည်းရောင် မြှား ကြီး ကို မိစ္ဆာဂိုဏ်းသားတစ်ဦး ဆီသို့ ပစ်သွင်းလိုက်တယ် ။ ထို့နောက် တစ်ချက်ပြီး တစ်ချက် မြှားများကို လျင်မြန်စွာ ပင် ပစ်သွင်းလိုက်တယ် ။ ဘယ်လိုဖြစ်သွားမှန်း မသိလိုက် ခင်မှာပဲ ၎င်းတို့ဟာ သေဆုံးခြင်းသို့ ရောက်ရှိကြရပါတော့ တယ် ။
ထို မိစ္ဆာဂိုဏ်းသားများမှာ သိပ်တော့ မစွမ်းလှချေ ။ စစ် မှန်သော သိုင်းပညာ နယ်ပယ် အဆင့် ၃ ပတ်လည် သာ ရှိ နေမည် ဖြစ်ပြီး ၎င်းတို့အနေဖြင့် ချီဓာတ် အကာအကွယ် တစ်ခုခု လုပ်ထားမည် ဆိုလျှင်တောင် ချန်ရှန် ၏ စကြာဝ ဠာ ချီဓာတ်များ ပါဝင်နေသော မိစ္ဆာဒူးလေးကို တွန်းလှန် နိုင်မည် မဟုတ်ချေ ။
လူသားမိစ္ဆာများမှာ အသိဉာဏ် မရှိကြပေ ။ နတ် ဓား ဂိုဏ်း နှင့် သားရဲဂိုဏ်းသားများမှ ယခုမှ စိတ်သက်သာရာ ရ သည့် ပုံစံဖြင့် သက်ပြင်းကိုယ်စီ ချလိုက်ကြတယ် ။ ဒီ လူသားမိစ္ဆာများသာ တပြိုင်နက်ထဲ ၎င်းတို့ကို တိုက်ခိုက် မည် ဆိုပါက ၎င်းတို့ အနေဖြင့် အပိုင်းပိုင်းပြတ်သွားမည် မှာ အမှန်ပါပင် ။
ချန်ရှန် လည်း မိစ္ဆာဒူးလေးကို လက်ကကိုင်ကာ ၎င်းတို့ ဆီ လျှောက်သွားတယ် ။ အဆိုပါ ၁၀ ယောက်သားလည်း ရန်သူလာသည် ထင်မှတ်ပြီး သတိအနေအထား ရှိနေကြ ပါ တယ် ။
ဂန်ဂျူဂျန် တို့ဟာလည်း ရူးသွပ်နေသူများ မဟုတ်တာ မို့ ဒီလိုမိစ္ဆာ ရာနဲ့ချီ တိုက်ခိုက်မှုဟာ ကြိုးဆွဲနေသူ ရှိနေ မည် ဆိုတာကို သိနေကြတယ် ။ ရုတ်တရက် လူသားမိစ္ဆာ များ ရပ်တန့်သွားတာကြောင့် ကြိုးကိုင်သူများကို တစ်ဦးဦး မှ သတ်လိုက်တယ် ဆိုတာကို ရိပ်မိကြပါတယ် ။ ချန်ရှန် လက်ထဲ ကိုင်ထားသည့် မိစ္ဆာဒူးလေးကို ကြည့်ပြီးနောက် ချက်ချင်းပင် ၎င်းတို့ကို ကယ်သည့်သူမှာ ချန်ရှန် ဆိုတာကို သဘော ပေါက် သွားကြပါတော့တယ် ။
ဒီအချက်ဟာ ၎င်းတို့အားလုံးအား စိတ်မချမ်းမသာ စရာ ပါပဲ ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဟာ ချန်ရှန် ကို အလွန် သတ်ချင်ကြတာ ဖြစ်လို့ပါ ။ ပထမ အချက်အနေ ဖြင့် ချန်ရှန် ဟာ သလင်းကျောက် ၁၅ သန်းတန်သူ တစ်ဦး ဖြစ်ပြီး ဒုတိယ အချက်အနေဖြင့် ချန်ရှန် ဟာ ဂုဏ်သတင်း မွှေးသူ တစ်ဦးဖြစ်သည့်အတွက် ၎င်းကိုသာ သတ်နိုင်ပါက သူတို့၏ ဂုဏ်သတင်းမှာလည်း ကျော်ကြားသွားနိုင်သည် မဟုတ်ပါလား ။
သို့သော်လည်း ၎င်းတို့အနေဖြင့် ချန်ရှန်ကို မတိုက်ရဲ ကြ ပေ ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဟာ ချန်ရှန် နှင့် ၎င်းတို့ကြားရှိ အခြေအနေကို သဘောပေါက်ကြလို့ပါပဲ ။
နတ်ဓားဂိုဏ်းမှ လူများဟာ နဂိုတည်းက စိတ်ကြီးဝင် နေကြသူများ ဖြစ်ပြီး မာနထောင်လွှားကြသူများပါ ။ သူတို့ ကို ကယ်တင်တာကိုတောင် ကျေးဇူးတင်ရကောင်းမှန်း မသိ ကြပါချေ ။ သားရဲဂိုဏ်းသားများမှာလည်း ၎င်းတို့၏ ဂိုဏ်းမှ အယူအဆများကြောင့် ပြင်းထန်သော သိုင်းပညာ ဂိုဏ်း နှင့် အထူးသဖြင့် ချန်ရှန် ကို မုန်းတီးနေကြပါတယ် ။ ဒီလိုအချက်များကြောင့် ၎င်းသားရဲဂိုဏ်းသားများဟာ မကြာ ခဏ ဆိုသလိုပင် ပြင်းထန်သော သိုင်းပညာဂိုဏ်း ၏ နယ်စပ်သို့ လာကာ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် ပြီး ၎င်းတို့ သားရဲများကို ကျွေးကြလေ့ ရှိပါတယ် ။ သို့သော် လည်း နောက်ဆုံးအခေါက် ချန်ရှန် ပြောပြီးကတည်းက ၎င်းတို့ ထပ်မံ မကျူးကျော်ရဲကြတော့ချေ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းသာ တကယ်လုပ်မည် ဆိုပါက သားရဲ ဂိုဏ်း ဆိုတာ ပြာဖြစ်သွားမည် ဖြစ်ပါတယ် ။
ချန်ရှန်လည်း သူက ကယ်ခဲ့တာတောင် ခပ်တည်တည် အနေအထားများကို တွေ့ နေရတယ် ။ သူ့ကိုယ်သူပင် ခုန က ပင်ပန်းခဲ့သည်များကို တွေးရင်း နောင်တရမိပါတယ် ။ သို့သော်လည်း သူသာမကယ်ဘူး ဆိုပါက အဆိုပါ ၁၀ ဦး ဟာ စတေးခံရမှာ အမှန်ပါပဲ ။ ထိုကဲ့သို့ ဖြစ်လာမည် ဆို ပါက အခြေအနေများ ပိုမိုဆိုးရွားသွားမည် မဟုတ်ပါလား ။
“ငါတို့ မင်းကို ကျေးဇူးတင်နေမှာ မဟုတ်ဘူး”
ဂန်ဂျူဂျန် အေးစက်စက် ပြောပါတယ် ။
“ငါကလည်း မင်းတို့ ကျေးဇူးတင်တာကို မေးမနေပါ ဘူး ၊ မင်းတို့ကို ပြောစရာ ရှိလို့ ။ မင်းတို့ ကြားချင်ချင် မ ကြား ချင်ချင် ငါက ပြောရမှာပဲ”
ချန်ရှန် ခပ်အေးအေးပင် ၎င်းတို့လေသံ အတိုင်း ပြန် ပြော လိုက်တယ် ။ ၎င်းတို့ဟာ အံ့သြနေပြီး ချန်ရှန် ပုန်း ကွယ် နေသည့် ပစ်မှတ်များကို ရှာဖွေနိ်ုင်သည့်အတွက် လေး စားမိ နေကြပါတယ် ။ တချိန်တည်းမှာပဲ မနာလိုလဲ ဖြစ်နေကြပါတော့တယ် ။
“ဟက် ၊ ငါတို့က မင်းကို ဘာလို့ ယုံရမှာလဲ”
သားရဲဂိုဏ်းသားတစ်ဦး က ပြောပါတယ် ။
“မင်းတို့ ယုံယုံ မယုံယုံ ငါ စိတ်မ၀င်စားဘူး ။ ဒါပေမယ့် မင်းတို့ အဖမ်းခံ ရဖို့ ငါမျှော်လင့်ပါတယ်”
ချန်ရှန် မိုးပြာနဂါး ဓားကြီးကို ထုတ်ယူကာ ပြောနေ ရင်း ဖြင့် အသက်မဲ့နေသော ရုပ်သေးရုပ်များကို ခေါင်းများ ဖြတ် ပစ် လိုက်တယ် ။ ၎င်း၏ အမြန်နှုန်းဟာ ကြည့်နေ သော သူများကို ချွေးပြန်သွားစေပြီး ပိုမို၍ပင် မနာလို ဖြစ် နေ ပါ တော့ တယ် ။
ချန်ရှန် တ၀က်လောက် သတ်ပြီးသောအခါ အလွန်ပင် အော်ဂလီဆန်ပြီး ကြောက်မက်ဖွယ် အော်သံကြီးတစ်ခု ထွက် ပေါ် လာပါတယ် ။ တချိန်တည်းမှာပဲ ကြောက်စရာ မိစ္ဆာချီဓာတ်များဟာ ပျံ့ လွင့်လာပါတော့တယ် ။
ချန်ရှန် လည်း ဒီအော်သံဟာ အလွန်ကြောက်စရာ ကောင်းပြီး အစွမ်းထက်လှသော သားရဲမိစ္ဆာကြီးထံမှ ထွက် ပေါ်လာတယ် ဆိုတာကို သိလိုက်ရတယ် ။
တကယ်ကိုပဲ ကြီးမားပြီး ရှေးဆန်လှသော မိကျောင်း ကြီး ပုံရိပ်ဟာ ပေါ်လာတယ် ။ ကြီးမားလှသော ခန္ဓာကိုယ် ရှိပြီး အလွန်လည်း ရှည်လျားလှပါတယ် ။ မာကျောလှ သည့် အကြေးခွံများလည်း ရှိပြီး အမည်းရောင် အငွေ့ များ လည်း လွှမ်းခြံလျက် ရှိပါတယ် ။ သွားကြီးများမှာလည်း ထိတ်လန့်ဖွယ်ရာ အမည်းရောင်ချီဓာတ်များ ပြည့်လို့နေ ပါ တယ် ။ သားရဲမိစ္ဆာ မိကျောင်းကြီးဟာ ပေါ်လာတာနဲ့ လူ သားမိစ္ဆာများအား စတင် ကိုက်ဖြတ်စားပါတော့တယ် ။
ချန်ရှန် အံ့သြသွားမိတာက အဆိုပါ မိကျောင်းကြီး ၏ အမြန်နှုန်းဟာ သြချရလောက်အောင်ပါပဲ ။ သူ၏ နဖူးမှ ချွေး စေး များ ပြန်လို့ လာပါတယ် ။ အဘယ်ကြောင့်ဆို သော် မိကျောင်းကြီးဟာ အလွန်ကို သန်မာ လွန်းလို့ပါ ။
ဂန်ဂျူဂျန် တို့ လူစုဟာ ကြောက်ရွံ့ မှုကြောင့် ကြောင် ငေး မိ နေကြပါတယ် ။ သားရဲမိစ္ဆာ မိကျောင်းကြီး မှ ထွက် ပေါ်လာသော ချီဓာတ်များကြောင့် ခြေထောက်များပင် ကုပ် လို့ နေပါတယ် ။
ကြီးမားလှသော သားရဲကြီးဟာ မကြာခင်မှာပဲ လူသား မိစ္ဆာများအား စားလို့ ပြီးသွားတယ် ။ ထို့နောက် ချန်ရှန် ကို အစွယ်ကြီးများ တဖွေးဖွေးဖြင့် စိုက်ကြည့်နေပုံမှာ အလွန် သွေးပျက်ဖွယ်ရာပါ ။
“လာနေပြီ”
လောင်ဆုရီ အော်လိုက်တာနဲ့ အတူ ချန်ရှန်လည်း မိ ကျောင်းကြီး ၏ ကိုက်မည့် ရန်မှ ရှောင်တိမ်းနိုင်လိုက်ပါ တယ် ။ ချန်ရှန်အစား သစ်ပင်ကြီးမှာ အပေါက်ကြီးများ ဖြစ် သွားပါ တော့ တယ် ။
ချန်ရှန် အနည်းငယ် ထိတ်လန့်နေမိပါပြီ ။ သူသာ စက္ကန့် အနည်းငယ် နောက်ကျသွားမည် ဆိုပါက ကြီးမား လှ သော အစွယ်ကြီး၏ ကိုက်မှုကြောင့် အရိုးများ ကျိုးကာ သေဆုံးသွားမည် မှာ အမှန်ပါပဲ ။
ခရီးတစ်လျှောက် ချန်ရှန် ဟာ ဒီလို စွမ်းအားကြီးမား သော သားရဲကြီးမျိုးဖြင့် မဆုံတွေ့ ရန် ဆုတောင်းခဲ့တာပါ ။ သို့သော်လည်း ယခုလို ဆုံတွေ့ လာတာကတော့ သူ၏ ကံ ဆိုးမှုပါပဲ ။
ကြီးမားလှသော မိကျောင်းကြီး ချန်ရှန် ကို တိုက်ခိုက် နေ တာကို ကြည့်ရင်း ဂန်ဂျူဂျန်တို့ ကြိတ်ပျော်နေကြပါ တယ်။ လျင်မြန်စွာပင် ထွက်ပြေးသွားကြသောကြောင့် ချန် ရှန် စိတ်ထဲ ၎င်းတို့အား ကျိန်ဆဲနေပါတော့တယ် . . . ။