Chapter – 3 ကိုယ်ခန္ဓာ သန့်စင်ခြင်း
ရှင်းတန်သူ၏သေးငယ်သောခန္ဓာကိုယ်လေးအား ကြည့်နေလေသည်။တစ်နှစ်ဆိုသော
အချိန်ကာလအတွင်းသူအရင်ဘဝက
ဖြစ်ခဲ့သည့်အကြောင်းအရာများကိုသာပြန်မြင်ယောင်
နေသည်။အရာအားလုံးကမနေ့ကဖြစ်ခဲ့သလိုသူမျက်လုံးထဲတွင်ပြန်မြင်ယောင်နေသည်။
ထိုမှတ်ဉာဏ်များကသူ့စိတ်ဝိညာဉ်၏
အနက်ဆုံးအပိုင်းတွင်ကိန်းအောင်းနေကြသည်။ ထိုအကြောင်းအရာများကိုသူမေ့ပြစ်၍မရပေ။သူနားလည်လိုက်သည်ကသူကိုဂျင်ချန်ဟု
ခေါ်ကြသည်။သူသေဆုံးပြီးနောက်သူရဲ့မှတ်ဉာဏ်နဲ့ စိတ်ဝိညာဉ်ကသူနဲ့အတူပြန်လည်ဝင်စားခဲ့
ခြင်းဖြစ်သည်။
သူကပြန်လည်ဝင်စားခြင်းနှင့်အတူမှတ်ဉာဏ်များအားလုံးပါလာခဲ့သည့်အပြင်မွေးပြီးချင်းချင်း
စကားဘယ်လိုပြောရမလည်းနားလည်သည်။သူပတ်ဝန်းကျင်ရှိလူများ၏ပြောကြားချက်အရ
သူဘယ်အိမ်မှာရောက်နေသည်ဆိုတာကိုလည်း
သိသည်။ပြီးတော့အရေးအကြီးဆုံးကသူအရင်ဘဝက ကမ္ဘာနဲ့အခုဘ၀ကမ္ဘာနဲမတူတော့ခြင်းဖြစ်သည်။
ယခုကမ္ဘာကိုဂျင်ချန်တစ်ခါမှမကြားဖူးချေ။ ဂျင်ချန်ရောက်နေသောစံအိမ်တော်သည်
ချင်းရန်အိမ်တော်ဖြစ်ပြီးထိုအိမ်တော်သည်လူအာမြို့၏
အကြီးမားဆုံးစံအိမ်လေးခုအနက်တစ်ခုဖြစ်သည်။
သူကဖခင်ကချင်းရန်ကလန်ခေါင်းဆောင်ချင်းရန်ဘေ
ဖြစ်သည်။သူ့အမေနာမည်ကဘီရန်တန်ဖြစ်ပြီး သူအဖေရဲ့လေးယောက်မြောက်မိန်းမဖြစ်သည်။ သိုသော်သူမသည်အရမ်းအာဏာမရှိသောလည်းအလင်းသူတော်စင်ဆိုသော
ဂုဏ်ကြောင့်လွှမ်းမိုးမှုတော့ရှိသည်။ဂျင်ချန်အလင်းသူတော်စင်ဆိုတာ
ဘာမှန်းနားမလည်သော်လည်း
အလင်းသူတော်စင်ဆိုသောဂုဏ်ပုဒ်ကြောင့်သူအမေအားကလန်အတွင်း
လူတွေလေးစားကြခြင်းဖြစ်ကြောင်းသိသည်။
ဂျင်ချန်ကိုယ်တိုင်ကလည်းကလန်အတွင်းတွင်
လေးယောက်မြောက်သခင်လေးဆိုသော
ဂုဏ်ထူးရှိလေသည်။သူတွင်အကိုနှစ်ယောက်နှင့်
အမတစ်ယောက်ရှိသည်။ပထမအကိုသည်ချန်းရန်ဟူ
ဖြစ်ပြီးအမကတော့ချန်းရန်မင်းယုဖြစ်သည်။ဒုတိယအကိုကတော့ချန်းယန်ကီဖြစ်သည်။
အကြီးဆုံးကချန်ရန်မင်းယုအသက်၎နှစ်ထိုနောက်
ချန်းရန်ကီကတော့ဂျင်ချန်ထက်အသက်
၂နှစ်ကြီးလေသည်။သူတို့အပြင်ကလန်အတွင်းတွင်တခြားကလေးများလည်းရှိလေသည်။
ထိုအချိန်မှာပဲအိမ်တော်ထိန်းကြီးကဂျင်ချန်အား“သခင်လေးအမေကစောင့်နေတယ်။
မှောင်လည်းမှောင်လာလိုပြန်ကြရအောင်”ဟုညင်သာစွာပြောလိုက်သည်။
ဂျင်ချန်သတိပြန်ဝင်လာပြီးကောင်းကင်ကို
ကြည့်လိုက်ရာမှောင်ရိပ်သန်းနေမှန်းသိလိုက်သည်။ဂျင်ချန်ကထိုနေရာတွင်တစ်နေလုံးမှတ်တပ်ရပ်နေ
ခြင်းဖြစ်သည်။“ကောင်းပြီချန်းဘီငါတိုပြန်ကြစို့” ချန်းဘီကချန်းရင်ကလန်၏အိမ်တော်ထိန်းဖြစ်ပြီး ကလန်ထဲတွင် အဆင့်မြင့်ထဲတွင်ပါသည်။ သူကကလန်တစ်ခုလုံး၏ကိစ္စများအားအစစအရာရာ
လုပ်ဆောင်ပေးသောကြောင့်ကလန်ထဲတွင်လူတိုင်းက
သူအားလေးကြလေသည်။
ချန်းဘီ၏မျက်နှာတွင်အပြုံးလေးပေါ်လာသည်။သူကဂျင်ချန်ကိုအရမ်းမျှော်လင့်ထားသည်။ဂျင်ချန်က
တစ်နှစ်သားအရွယ်မျှသာရှိသေးသော်လည်း
လမ်းလျှောက်ရာတွင်အခြားသူများ၏အကူအညီကို
မလိုပေ။ဂျင်ချန်က၈လသားအရွယ်နဲ့
စကားပြောတတ်အောင်သင်ကြားနိုင်ရုံသာမက
တခြားသူများနှင့်လည်းအပြန်အလှန်ပြောနိုင်သည်။ဒီနှစ်ခုကိုလုပ်ဆောင်နိုင်တာနဲ့တင်သူ့ကိုပါရမီရှင် အဖြစ်သတ်မှတ်ထားကြပြီးသူ
ဘယ်လိုကြီးပြင်းလာမလည်းဆိုတာအားလုံးကစောင့်ကြည့်နေကြသည်။ညအချိန်တွင်ဂျင်ချန်သူအမေနဲ့အတူ
ထမင်းစားခန်းအတွင်းတွင် ထမင်းစားလေသည်။ထမင်းစားခန်းအတွင်းတွင်ကလန်ခေါင်းဆောင်နှင့်
သူမိန်းမများ ကလေးများသာ ထမင်းစားခွင့်ရှိလေသည်။ဂျင်ချန်နှင့်သူ့အမေ
ထမင်းစားခန်းအတွင်းသို့ရောက်သောအခါ
မိန်းမလှလေးသုံးယောက်ရောက်နှင့်နေသည်။
သူတို့မအားလုံးသည်အသက်၂၀ခန်သာရှိကြပြီးကလေး
ကိုယ်စီချီထားကြသည်။ကလေးတစ်ယောက်ကမိန်းကလေးဖြစ်ပြီးနောက်တစ်ယောက်က
ယောက်ကျားလေးဖြစ်သည်။ထိုယောက်ကျားလေးသည်အသက်၃နှစ်ဝန်းကျင်ဖြစ်ပြီးတတိယသခင်လေး
ချန်းရန်ကီဖြစ်သည်။
ချန်းရန်ကီသည်ဂျင်ချန်အားမြင်သည်နှင့်မုန်းတီးစွာ
ရန်စောင်နေသည်။ မိန်းမပျိုလေးယောက်လုံးကလည်းဒါကိုသတိပြုမိသည်။သိုသော်လည်း
ကလေးတွေကြားကကိစ္စဖြစ်သဖြင့်ကြီးမလာနိုင်ဟု ယူဆကြပြီးဘယ်လိုမှမမှတ်ယူကြပေ။
ဂျင်ချန်ကချန်းရန်မင်းယုကိုသာနှုတ်ဆက်လိုက်ပြီး သူအမနဲအတူထမင်းစားစားပွဲတွင်ထိုင်လိုက်သည်။ ဘီရန်တန်ကဂျင်ချန်အားညင်သာစွာပြောလိုက်သည်
“ရှင်းအာမင်းရဲ့အန်တီတွေကိုနှုတ်ဆက်လိုက်ဦးလေ” သူရွေးချယ်စရာမရှိပဲထိုမိန်းမပျိုတွေကိုကြည့်ကာ
“မင်္ဂလာပါပထမအန်တီဒုတိယအန်တီနှင့်
တတိယအန်တီ……။ဒုတိယအမနဲ့တတိယအကို”။ဂျင်ချန်စကားစပြောတတ်ကတည်းကသူအမေက
အခြေခံယဉ်ကျေးမှုတွေကိုသင်ပေးထားသည်။
ဂျင်ချန်ကလည်းမငြင်းဆန်ပေ။
အမျိုးသမီး၃ယောက်ကဂျန်ချန်အားပြုံးပြရင်း
“ညီမရန်အာရဲ့သားရှင်းတန်ကအသက်အရွယ်နှင့် အမျှပိုပြီး ထက်မြက်လာတယ်။ သူအသက်တစ်နှစ်ပဲရှိသေးတယ်ဆိုတာကိုတောင်ယုံဖခက်တယ်။
ငါအမှန်အကန်ကိုမနာလိုဖြစ်မိတယ်နင့်မှာဒီလို
ထက်မြက်တဲ့သားလေးရှိတာ” ထိုစကားကိုပြောသောအမျိုးသမီးသည်ဒုတိယမြောက်ဇနီးဖြစ်သူ
ချင်းရန်မင်းယု၏အမေဖြစ်သည်။
“ရှင်းတန်ကပါရမီရှင်ကလေးတစ်ယောက်ပဲ
၆လအရွယ်မှာလမ်းလျှောက်နိုင်တယ်၊ပြီးတော့
၈လအရွယ်မှာစကားပြောနိုင်ဖို့ဆိုတာ
သာမာန်ကလေးတွေလုပ်နိုင်တဲ့အရာတော့မဟုတ်ဘူး။
နောက်ထပ်နှစ်နှစ်နေရင်စစ်ဆေးမယ်
သူတော်စင်စွမ်းအားစစ်ဆေးပွဲကြရင်သူဘယ်လောက်
တောင်ငါတို့ကို
အံ့သြခိုင်းမလည်းမသိဘူး။”ပြောလိုက်သောသူကပထမဇနီးလင်းလောင်ဖြစ်သည်။
လင်းလောင်စကားပြောပြီးအချန်တွင်
“ငါသဘောတူတယ်။သူအသက်၃နှစ်ကြရင်ငါတိုကို ဘယ်လောက်တောင်
အံ့သြမှုတွေပေးနိုင်မလည်းမသိဘူး။”အသက်၃၀
နှစ်အရွယ်လူတစ်ယောက်
ထမင်းစားခန်းထဲဝင်လာလေသည်။
“ယောကျာ်း”“အဖေ!”
ချက်ချင်းဆိုသလိုထမင်းစားခန်းထဲရှိလူ၇ယောက်လုံးမတ်တပ်ရပ်ပြီးကြိုဆိုလိုက်သည်။ထိုလူက
ချင်းရန်ကလန်ခေါင်းဆောင်ချင်းရန်ဘေဖြစ်သည်။
ချင်းရန်ဘေ ကပြုံး၍ ထမင်းစားဝိုင်းတွင် ဝင်ထိုင်လိုက်ပြီးဂျင်ချန်အားကြည့်ကာမေးလိုက်သည်။“ရှင်းအာ
ဒိမှာနေရထိုင်ရတာပျေ်ာရဲ့လား”
ဂျင်ချန်ခေါင်းငြိမ့်လိုက်ပြီး“ဟုတ်ကဲ့”
“ရှင်းအာမင်းအခန်းထဲမှာပဲတခါးပိတ်မနေနဲ့
အပြင်လေးဘာလေးလျှောက်သွားဦး”ဟုချင်းရန်ဘေကပြောလိုက်သည်။
ကျွန်တော်သိတယ်အဖေ…..ဂျန်ချန်ပြန်ဖြေလိုက်သည်။
ချင်းရန်ဘေကဂျင်းချန်၏ထက်မြက်လွန်းသော
ဉာဏ်ရည်ဉာဏ်သွေးကိုအရမ်းသဘောကျနေသည်။မိသားစုမိတ်ဆုံစားပွဲအားလျင်မြန်စွာ
အဆုံးသတ်လိုက်သည်။ထိုနောက်ဂျင်ချန်သည်သူအခန်းသို့တစ်ယောက်တည်းပြန်သွားသည်။ သူရဲ့အသက်အရွယ်အရအမေနဲ့တစ်ခန်းထဲ အိပ်သင့်သော်လည်းဂျင်ချန်က
သူအတွက်တစ်ခန်းသတ်သတ်တောင်းထားလေသည်။ညအချိန်တွင်ဂျင်ချန်သည်သူအိပ်ယာပေါ်တွင်
တမင်ခွေထိုင်လိုက်ပြီးသူ့လက်နှစ်ဖက်အား
ဒူးပေါ်တွင်တင်ထားလေသည်။ဒူးပေါ်ရှိသူလက်လက်ဝါး
နှစ်ခုကသူမျက်နှာဖက်သို့လှည့်ထားလေသည်။
အဇူရာဓားကျင့်စဉ်၏ပထမစည်းမျဉ်းစည်းကမ်းအားတိတ်ဆိတ်စွာကျင့်နေလိုက်သည်။
အဇူရာဓားကျင့်စဉ်သည်ဂျင်ချန်၏အရင်ဘဝက
နှစ်၂၀တာလေ့ကျင့်ခဲ့သောသူ့၏အကောင်း ဆုံးကျင့်စဉ်ဖြစ်လေသည်။ဤကျင့်စဉ်သည်အလွန်ရှားပါးပြီးစနစ်ကျလွန်းသည်။ပြီးတော့အင်အားကြီးမားတဲ့
နည်းစနစ်အများအပြားလည်းပါဝင်သည်။
အဇူရာဓားကျင့်စဉ်သည်ဂျင်ချန်ငယ်ငယ်က
ကစားရင်းမတော်တစချောက်ကမ်းပါးထဲပြုတ်ကျပြီးရခဲ့
ခြင်းဖြစ်သည်။ထိုကျင့်စဉ်ကိုရပြီး၁၀ကြာသောအခါသူအောင်မြင်စွာကျင့်နိုင်ခဲ့ပြီးတောင်ပေါ်သိုပြန်
လည်ခုန်ထွက်လာနိုင်ခဲ့လေသည်။
ဂျင်ချန်သည်မိဘမဲ့ကလေးဖြစ်ပြီးသူ့အဖိုးက
သူအားစောင့်ရှောက်ထားခြင်းဖြစ်သည်။၁၀နှစ်တာ
ချောက်ထဲတွင်ပိတ်မိပြီးလျှင်သူပြန်ထွက်လာနိုင်ကာသူငယ်စဉ်ကနေခဲ့သောကျေးရွာလေးအား
ပြန်သွားကြည့်လေသည်။သူ့အဖိုးကသေဆုံးသွားပြီ
ဖြစ်သောကြောင့်ဂျင်ချန်ကိုယ့်ဘာသာစွန်စားခန်းဖွင့်ခဲ့ခြင်းဖြစ်သည်။
ဂျင်ချန်အရင်ဘဝရောအခုဘဝကိုပါလက်ခံခဲ့သည်။သူအခုဆိုလျင်တစ်နှစ်ခွဲ့ခန်ခန္ဓာကိုယ်အား
သန်စင်ပြီးနောက်စွမ်းအားတချို့ပြန်လည် ရရှိနေပြီဖြစ်သည်။
အပိုင်း ၃ ပြီး၏။