အပိုင်း (၁၀၃) နေရာသစ်
ဘုတ်
တုန့်ဆိုင်းခြင်းအလျင်းမရှိ စုရှောင်ရှန်ကို မျက်နှာသေကြီးဖြင့် အကြီးအကဲစန်းခေါင်းထုလိုက်သည်။
“ချီးကို နယ်မြေကြီးငါးခု… ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားမျိုးလဲ… မင်းက စစ်မှန်ခြင်းနယ်ပယ်ကိုရောက်ပြီလား။ စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်ထွက်ဖူးလား။ အပြင်ဘက်မှာ ဘယ်လိုနေလဲသိလို့လား။ လေလုံးလာထွားနေတယ်… ငါကမင်းကို နယ်ရုပ်တစ်ရုပ်အနေနဲ့ အေးဆေး ကျင့်ကြံဦး ပြောနေခါရှ်ိသေးတယ် မင်းက လေလာထွားပြနေတယ်။ အခြားသူတွေ မရှိတဲ့ဟာ မင်းမှာရှိလို့ ဘာလဲ အခြားလူတွေထက် ပိုတော် ပိုတတ်သွားပြီထင်နေတာလား”
စုရှောင်ရှန်၏ နားရွက်ကို အကြီးအကဲစန်း တစ်ပါတ်လှည့်လာအောင်ပင် လည်လိုက်ရာ စုရှောင်ရှန် ပါးပြင်ထက်သို့ မျက်ရည်များ ကျလာတော့၏။
“ကျုပ်… ကျုပ်ကိုလွှတ်”
စုရှောင်ရှန် မှင်သက်သွားသည်။ အဖိုးကြီးက သူ့ကို တိုက်ခိုက်ခြင်းကြောင့် အတ်ိုးချကာ ပြန်လည် လက်စားခြေနေလေသည်။
အဲ့လို ဖြစ်ကိုဖြစ်နေတာ…။
‘တစ်ခါတစ်လေလေး ဒီလို စိတ်အားတက်ကြွမိတာကို ဘာလို့ ဒီလို ဖြစ်သွားရတာလဲ… ဆရာတွေဆိုတာ သူတို့ တပြည့်တွေကို မျှော်လင့်ချက်ကြီးကြီးထားပြီး မြင့်မြင့်မှန်းဖို့ သတ္တိသွေးပေးရမှာမဟုတ်ဘူးလား… ငါ့ကြမှဘာလို့ နယ်ရုပ်လေးတစ်ရုပ်လို သိုသိုသိပ်သိပ်နေခိုင်းရတာလဲ… ငါဘယ်လိုနေနိုင်မှာ… ငါ စုရှောင်ရှန်က တစ်ဘ၀လုံး ဘာကောင်မှ မဟုတ်တဲ့ကောင်အဖြစ်နေနိုင်မယ်ထင်နေတာလား’
“တောင်းပန်ပါတယ်… လွှတ်ပေးပါတော့” စုရှောင်ရှန်က ဆိုသည်။
စုရှောင်ရှန် အဟုတ်ကြီးတွေးလိုက်သော်လည်း အလျှင်အမြန်ပဲ အရှုံးပေးလိုက်ရတော့၏။ သူက အကြီးအကဲစန်း၏ တပြည့်ဖြစ်နေသေးရာ သူ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပေလိမ့်မည်။
အကြီးအကဲစန်း ခပ်ဆတ်ဆတ် ပြောလိုက်သည်။ “ဒီခုကစပြီး ဒီလိုစကားမျိုးကို ကိုယ့်စိတ်ထဲမှာပဲ သိမ်းထား။ ဘယ်သူ့ကိုမှ ပြန်မပြောမိစေနဲ့”
“ကျုပ်တစ်ခါပဲပြောမိတာပါ…” စုရှောင်ရှန်၏ မျက်နှာ ရှုံ့မဲ့သွားသည်။ နားရွက်က ပြုတ်ထွက်မတတ် ဆွဲခံရအောင် နာကျင်နေရာ မျက်လုံးများပင် မှေးသွားရပြီး နားကို လက်ညှိုးထိုးပြီး ဆိုလိုက်သည်။ “လွှတ်လို့”
နောက်ဆုံးတော့ အကြီးအကဲစန်း လွှတ်လိုက်ပြီး စုရှောင်ရှန်၏ ပုခုံးကိုပုတ်ရင်း မှတ်ချက်ချလိုက်သည်။ “တစ်ခါပြောတာနဲ့ကို မင်းအသက်ဆုံးရှုံးနိုင်တယ်။ မမေ့နဲ့ မှတ်ထား”
စုရှောင်ရှန် ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။
“ထျန်းရွှမ်တံခါး ကိစ္စကိုပြန်သွားရအောင်။ မင်းပြောသလိုပဲ အခြေခံအုတ်မြစ်က တကယ်အရေးကြီးတယ်… ဒါကြောင့် တံခါးထဲကို၀င်သွားတာနဲ့ အနက်ရောင်ချောက်ကမ်းပါးတစ်ခုကိုရအောင်ရှာ။ အဲ့ဒီနေရာက မင်းရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာစေလိမ့်မယ်။ တစ်ခုပဲ ဖြစ်စဉ်က… တော်တော်နာမှာ”
အဖိုးကြီးထံမှ ရင်းရင်းနှီးနှီးရှိပါသော ခပ်ညစ်ညစ်ရယ်သံကို စုရှောင်ရှန် ကြားလိုက်ရ၏။
စုရှောင်ရှန် တုန်လှုပ်သွားပြီး “အဲ့ဒီ အနက်ရောင်ချောက်ကမ်းပါ အရာက ဘာကြီးတုန်း”
“ထျန်းရွှန်းတံခါးက အဆင့်နိမ့် လျှို့ဝှက်နယ်မြေတစ်ခြကွာ။ အဲ့ထဲမှာ လေ့ကျင့်လို့ရတဲ့ နေရာတွေအများကြီးပဲ။ အနက်ရောင်ချောက်ကမ်းပါကလည်း အဲ့နေရာတွေထဲက တစ်ခုပေါ့… အဲ့ဒီကနေကျတဲ့ ရေတံခွန်က အရမ်းလေးပြီး ဓားအရှိန်အဝါတွေပါတယ်။ မင်းအတွက်တော့ ကွက်စတိပဲ။ တစ်ခုပဲ မင်းခံနိုင်ရည်ရှိလားဆိုတဲ့ အပေါ်ပဲ မူတည်တယ်… အဲ့နေရာတစ်ခုတည်း သွားဖို့မပြောပါဘူး။ ထျန်းရွှမ်တံခါးထဲက မင်းကြိုက်တဲ့ မင်းလေ့ကျင့်ချင်တဲ့ နေရာတိုင်းကိုသွားလို့ရတယ်။ နေရာတွေမှ အများကြီး” အကြီးအကဲစန်းက စုရှောင်ရှန်၏ စိတ်ကို စွပေးနေခြင်းဖြစ်သည်။
စုရှောင်ရှန် တဒင်္ဂခန့် မှင်သက်သွားသည်။ အကယ်၍ ဤနေရာက အဖိုးကြီးတောင် အရေးလုပ်ပြောရသည်ဆိုမှတော့ ရိုးရိုး သာမန်မဖြစ်နိုင်ပါပေ။ “ကျုပ်စဉ်းစားကြည့်မယ်”
အကြီးအကဲစန်း မျက်စောင်းထိုးလိုက်ရင်း သူ့ကိုယ်သူတွေးလိုက်လေသည်။
‘နယ်မြေကြီးငါးခုမှာ ခြေချမယ်လေးလာဘာလေးနဲ့ ဒီလောက်လေးကိုတောင် ကြောက်နေပြီတဲ့လား’
အကြီးအကဲစန်း လက်ဖျောက်တစ်ချက်တီးလိုက်ရာ ကျောက်စိမ်းစာလိပ်တစ်ခု သူ့လက်ထဲ၌ ပေါ်လာလေသည်။ ၎င်းကို စုရှောင်ရှန်ထံ ကမ်းပေးလိုက်ရင်းက “မင်းသာ အနက်ရောင်ချောက်ကမ်းပါးကိုသွားရဲရင် ဒီစာလိပ်ထဲက ဟာကို ကျင့်ကြံနိုင်လိမ့်မယ်… ဒါပေမယ့် တံခါထဲကို သွားရတဲ့ ရည်ရွယ်ချက်က စစ်မှန်ခြင်းနယ်ပယ်ရောက်ဖို့ဆိုတာ မမေ့နဲ့။ မဟုတ်လို့ရှိရင် မင်းပြန်ထွက်လာရင် ငါပေးချင်ရင်တောင် မင်းကို အရင်းအမြစ်တွေ ယူပေးနိုင်မှာ မဟုတ်တော့ဘူး”
ကျောက်စိမ်းစာလိပ်က ဘာဖြစ်သည်ကို မသိရာ စုရှောင်ရှန် သေသေချာချာ ဂရုတစိုက်ယူလိုက်သည်။ ငရဲမီးတောက်ကောင်းကင်မီးလျှံတစ်ခုတည်းက သေလောက်အောင်နာကျင်နေလေပြီ။ အဖိုးကြီး ဒီတစ်ခေါက်သူ့ကို ဘာများ ကျင့်ကြံခိုင်းမည်ကို မသိပါပေ။
သူ့နဖူး၌ တေ့ပြီး အထဲမှ အကြောင်းအရာကို ဖတ်ကြည့်လိုက်သော် စုရှောင်ရှန် မှင်တက်သွားတော့၏။
“ဓားလက်ချောင်း ဆယ်ခန်း… ပြီးတော့ အပြည့်အစုံ ပါတယ်တဲ့”
အကြီးအကဲစန်းကို စုရှောင်ရှန် အံ့အားသင့်စွာကြည့်လိုက်သည်။ “အဖိုးကြီး ဒါကို ဘယ်ကရလာတာလဲ”
ထို ဓားလက်ချောင်းဆယ်ခန်းက စာကြည့်တိုက်အတွင်းသို့ မိုးတိမ်လေပြိုင်ပွဲပြီးနောက် ၀င်ခွင့်ရတုန်းက သူ့အာရုံကိုဖမ်းစားနိုင်ခဲ့သည့်အရာဖြစ်လေသည်။ ထိုစဉ်က အကြီးအကဲစန်းသာပေါ်မလာပါက ဤနည်းစနစ်ကို သူလေ့ကျင့်နေလောက်ချေပြီ။
သို့သော် ထိုစဉ်က မပြည့်မစုံ အပိုင်းအစ တစ်ခုသာဖြစ်ပြီး ယခုကတော့ အခန်း အပြည့်အစုံ ဖြစ်လေသည်။
စုရှောင်ရှန် ဓားလက်ချောင်းဆယ်ခန်း၏ တန်ဖိုးကို ကောင်းကောင်းကြီးသိလေသည်။ ထိုနည်းစနစ်အတွင်းတွင် ဘာမှ ထွေထွေထူးထူးမပါလျှင်တောင် လေ့ကျင့်သူ၏ လက်ချောင်းများကို ဓားဆန္ဒ ပေါင်းခြင်းတစ်ခုတည်းက အခြားသူများ မတွေးနိုင်သည့်အရာဖြစ်နေပေပြီ။
သို့သော် ထိုမပြည့်မစုံ အပိုင်းအစကို အခန်း အပြည့်အစုံ ရှိသည့် နည်းစနစ်တစ်ခု အဖြစ်သို့ ပြန်ပြင်ဖို့ဆိုတာမလွယ်ပေ။ ထိုနည်းစနစ်အား တီထွင်သည့်သူထံမှဆိုလျှင်တော့ တစ်မျိုးပေါ့။
“နေပါဦး။ ဒီစာလိပ်က ပြန်ပြင်ထားတာနဲ့မတူဘူး။ အသစ်လိုလိုပဲ။ အဖိုးကြီး ဒီဓားနည်းစနစ်ကို တီထွင်တဲ့သူနဲ့ ခင်ဗျားနဲ့ အသိမိတ်ဆွေတွေလား”
စုရှောင်ရှန်၏ ခေါင်းကို ထုရခြင်းကို အကြီးအကဲစန်း စွဲလမ်းနေသကဲ့သို့ ထပ်ထုလိုက်၏။
“အဲ့တာ မင်းအပူမပါဘူး။ ကောင်းကောင်းကျင့်ကြံပြီး ဆေးဖော်စပ်တာ ကျွမ်းကျင်အောင်သာကြိုးစား။ မင်းသာ ပြဿနာထပ်မရှာဘူးဆိုရင် ငါတော့ သေပျော်ပြီ”
“ပြီးတာပဲလေ”
ကျောက်စိမ်းစာလိပ်ကို သိမ်းလိုက်ပြီးနောက် စုရှောင်ရှန် ဧရာမ ဆေးမီးဖိုအိုးကြီးကို လှည့်ကြည့်လိုက်လေသည်။ “ဆိုတော့ ကျူပ်အခု ဆေးဖော်စပ်လို့ရမလား… နောက်ထပ် နည်းနည်းထပ်ကြိုးစားလိုက်ရင် အဆီအနှစ်တွေကို ထုတ်နိုင်တော့မှာ”
ဆေးပင်မှ အဆီအနှစ်ကိုထုတ်ခြင်းက မီးကိုထိန်းချုပ်ခြင်းသာဖြစ်လေရာ စုရှောင်ရှန် ယုံကြည်ချက်ရှိရှိပြောလိုက်သည်။ စာဖိုမှူးကိုရရှိပြီးနောက် ဤလမ်းကြောင်းရှိ အတားအဆီးများ အကုန်လုံးနီးပါ ဖယ်ရှားပြီးသားဖြစ်သွားလေသည်။ လုပ်ရန်ကျန်သည်က ဖြစ်စဉ်နှင့် ရင်းနှီးအောင်လုပ်ခြင်းဖြစ်၏။
အကြီးအကဲစန်း၏ နှုတ်ခမ်းများလှုပ်သွားပြီး ဖြေလိုက်သည်။ “ဆေးဖော်စပ်တာခဏထား။ မင်းဟာမင်း နေရာ အသစ်ရှာပြီးမှပဲ သန့်စင်တော့”
“မဟုတ်ဘူးလေ ကျူပ်အောင်မြင်တော့မှာ နည်းနည်းပဲလိုတော့တာ”
ပြီးနောက် စုရှောင်ရှန် နေ၀င်ရီတရောအချိန်ကိုကြည့်လိုက်သည်။ မိုးကုပ်စက်ဝိုင်း၏အလွန်၏ အမှောင်ထုတို့ကြီးစိုးလာတာကို မြင်လိုက်ရ၏။ နောက်ထပ် တစ်ညတာသာ ကြိုးစားပြီးပါက သေချာပေါက်အောင်မြင်နိုင်မည်ဖြစ်လေရာ အရှုံးမပေးလိုပါပေ။
သို့သော် အကြီးအကဲစန်းက သူ့လိုအင်ဆန္ဒကို မဖြည့်စည်းပေးလိုက်ပါ။
“တစ်နေရာရာ သွားပြီးလုပ် သွား”
“ဘာလို့လဲ” စုရှောင်ရှန် မကျေမချမ်းဖြစ်သွားသည်။ ထို့နောက် သူခေါင်းအထက်ရှိ ဧရာမ အနီရောင် ပုလဲလုံးကြီးကိုကြည့်ကာ ဆိုလိုက်သည်။ “ဒီနေရာက အတော်အေးနေပါပြီ”
အကြီးအကဲစန်းတိတ်ဆိတ်နေ၏။
‘ဘာလို့လဲဟုတ်လား။ မေးရဲသေးတယ်နော်… စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၉) လေးထဲနဲ့ စိတ်ကြည့်တိုက်ကို ဘယ်လို ပေါက်ကွဲအောင်လုပ်နိုင်တဲ့ စွမ်းရည်ရှိလဲ ဘယ်သူက သိမှာလဲ။ ၀န်ခံရရင် ရှောင်ချိစွေတကယ် အမြင်မမှားဘူး… မင်းက သက်ရှိ လမ်းလျှောက်နေတဲ့ အန္တရာယ်ပဲ… ငါဒီနေရာကနေ ခဏလေးပဲထွက်သွားတာကို မီးတောက်ကိုသိပ်သည်းရင်း စာကြည့်တိုက်တစ်ခုလုံးကို ပေါက်ကွဲမထွက်လုပ်လိုက်တယ်။ မင်းကိုသာ သန့်စင်ခိုင်းလိုက်ရင်တော့… တွေးတောင်မတွေးရဲတော့ဘူး’ အကြီးအကဲစန်း စိတ်ကူးယဉ်ကြည့်လိုက်သည်။
၎င်းတို့က အတွေးသက်သက်သာဖြစ်ပြီး ထုတ်မပြောလိုက်ပါပေ။ စုရှောင်ရှန် လိုချင်သည့်အတိုင်း ဖြစ်စေမည်မဟုတ်။
“အတွင်းစည်းမှာ အနေရာအသစ်သွားရှာပြီး အဲ့မှာ ဆေးဖော်လိုက်။ အဆီအနှစ်တွေကို ထုတ်လို့အောင်မြင်ပြီဆို ငါ့ကိုလာပြော”
သူ့စကားက စုရှောင်ရှန်၏ အာရုံကိုဖမ်းစားသွား၏။ ၎င်းမှ အဓိက အရေးပါသော စကားလုံးတစ်ခုလုံးကို ဖမ်းမိလိုက်လေသည်။
“အတွင်းစည်းဟုတ်လား”
“ဟုတ်တယ် ဒါပေမယ့် မင်းက အတွင်းစည်း ဂိုဏ်းသားမဟုတ်သေးတော့ ၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်းထွက်လို့မရဘူး။ အတွင်းစည်းတံဆိပ်ပြားလိုတယ်။ မဟုတ်ရင် မင်း ပြဿနာတက်သွားနိုင်တယ်”
“ဘယ်လိုလုပ်ရမလဲဆိုတော့…” အကြီးအကဲစန်း စားပွဲပေါ်၌ ထားထားသော သူ၏ တံဆိပ်ပြားကို လိုက်ရှာလိုက်လေသည်။
“ဟင်… ဘယ်ပျောက်သွားတာလဲ။ ငါစားပွဲပေါ်မှာ သေချာထားခဲ့တာပါ…”
ထို့နောက် စုရှောင်ရှန် သူ့သိုလှောင်လက်စွပ်ထဲမှ နီနက်ရောင် တံဆိပ်ပြားတစ်ခုကို ရှက်ကိုးရှက်ကန်းထုတ်ယူလိုက်၏။ စောနက ၀ရုန်းသုန်းကားအခြေအနေ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်မိခြင်းဖြစ်လေသည်။
“ဒါကိုရှာနေတာလား” စုရှောင်ရှန် ကမေးလိုက်ပါသည်။
အကြီးအကဲစန်း စုရှောင်ရှန်၏ အဆ်ုကြောင့် နောက်လှည့်လာပြီး အံ့အားသင့်စွာ ပြန်မေးလိုက်သည်။ “ဘာလို့ ဒါက မင်းစီရောက်နေတာလဲ”
“အဲ့တာက ကြမ်းခင်းပေါ်မှာကျနေတာပါ။ ခင်ဗျားမမြင်တာဖြစ်ရမယ်…” စုရှောင်ရှန် ထိုသို့ပြောပြီးနောက် စကားလမ်းကြောင်း အလျှင်အမြန်လွှဲလိုက်လေသည်။ “စကားမစပ် ဒီဟာကို သုံးလို့အဆင်ပြေပါ့မလား။ ကျုပ်က ခင်ဗျားရဲ့ အာဏာကို အလွဲသုံးစားလုပ်နေသလိုလိုဖြစ်နေတယ်”
အကြီးအကဲစန်း သဘောကျသွားပြီး “အဲ့တော့ဘာဖြစ်လဲ… ငါက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ရဲ့ လက်ထောက်မှူးပါ။ ဘယ်သူက ငါ့တပြည့် အတွင်းစည်း၀င်တာကို တားရဲလဲ… ပြောရမယ်ဆိုရင် အကြီးအကဲတစ်ယောက်ရဲ့ တပြည့်ရင်းက အတွင်းစည်းက ကောင်တွေထက်တောင် အဆင့်အတန်း အများကြီး ပိုမြင့်သေးတယ်… ဒါ့အပြင်ကိုမှ မင်းအတွက် ထျန်းရွှမ်တံခါး ၀င်ခွင့် တစ်နေရာ လုလာတာ ငါ့အာဏာကို အလွဲသုံးစားလုပ်မိမှာကို စကားဖွဲ့နေသေးတယ်”
“အဲ့တာလည်း ဟုတ်တာပဲ…” အကြီးအကဲစန်း၏ သဘေထားကောင်းနေမှုကြီးကြောင့် စုရှောင်ရှန် အံ့အားသင့်ရကာ ခေါင်းကို တစ်ဗျစ်ဗျစ်ကုတ်နေလေတော့သည်။
‘အာဏာရှိတဲ့လူတွေအတွက် ဒီလောက်လေးက စကားထဲထည့်ပြောနေစရာတောင်မလိုဘူးထင်တယ်’ စုရှောင်ရှန် တွေးတောလိုက်လေသည်။
“ရတယ်လေ… ဒါပေမယ့် ဆေးဖော်ဖို့ ဆေးမီးဖိုအိုးတော့ ပေးဦး။ ဒီတစ်ခုက တော်တော်ကောင်းပုံရတယ်။ ဒါသုံးလို့ရလား” ခြေသုံးဖက်ထောက် ရေချိုးသည့်အိုးလိုလို ဆေးမီးဖိုအိုးကြီးထံ လှမ်းသွားလိုက်၏။
“အိပ်မက်ထဲမှာပဲရမယ်”
အကြီးအကဲစန်း ချက်ခြင်း စုရှောင်ရှန်၏ အရှေ့၌ ပေါ်လာကာ သူ့ဆေးမီးဖိုအိုးကြီးကို သိမ်းလိုက်လေသည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ အများကြီး ပို၍ သေးငယ်သော ဆေးမီးဖိုအိုး တစ်လုံးကိုထုတ်ပေးလိုက်၏။
“ဒီတစ်ခုနဲ့လုပ်”
“အဆင့်ဘယ်လောက်လဲ” မှုန်သုန်နေသော မျက်နှာဖြင့် စုရှောင်ရှန်မေးလိုက်လေသည်။
“အဆင့်(၈)”
“အဲ့ဒီ ဧရာမ ဆေးမီးဖိုအိုးကြီးကိုရော သုံးလို့မရဘူးလား” စုရှောင်ရှန် မေးလိုက်သည်။
“မင်းနာမည်ကြီးဓားတွေသိတယ်မလား။ အဲ့လိုပဲ အချို့ဆေးမီးဖိုအိုးတွေကလည်း အဆင့်ခွဲခြားမှုမျိုးနဲ့ လာတာပေါ့” အကြီးအကဲစန် ခပ်သဲ့သဲ့ ရယ်လိုက်သည်။
စုရှောင်ရှန် ဘာပြောရမှန်းမသိ စွံ့အသွား၏။
‘ချီးပဲ… ဒီလောက် တန်ဖိုးကြီးတာသိရင် ခြေသုံးချောင်းထောက် ရေချိုးတဲ့အိုးကြီးကို မြန်မြန် ယူလိုက်ပါတယ်… ဟူးးး… ကြည့်ရတာ ဆေးမီးဖိုအိုးတစ်အိုးကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးထင်တယ်”