Switch Mode

Chapter – 96

စုရှောင်ရှန်ကို ပြန်ပေးဆွဲသွားပြီ

အပိုင်း (၉၆) စုရှောင်ရှန်ကို ပြန်ပေးဆွဲသွားပြီ

ကျောက်ကျစ်တုံ့ စုရှောင်ရှန် နှင့်အချိန်ကုန်ခံကာ ငြင်းခုန်မနေ‌တော့ပါ။ကံကောင်းသည်က ကျောက်ကျစ်တုံ့၏ အတွေးများကို စုရှောင်ရှန်မသိချင်းပေ။ ၎င်းက စုရှောင်ရှန်၏ အမှားလို့လည်းပြောမရချေ။ သူပြောတာ မယုံကြပါလား။

သို့ဖြင့် လိုရင်းကိုတိုက်ရိုက်သွားလိုက်၏။ “ပြောစမ်း ဘာလို့ ပေါက်ကွဲမှုက ဖြစ်သွားရတာလဲ”

စုရှောင်ရှန် ပြူတင်းပေါက်ဘောင်ကို ‌လက်‌ချောင်းဖြင့် အသာအယာတောက်နေရင်းက မျက်နှာတည်ကြီးနှင့် ပြောလိုက်သည်။

“စမ်းသတ်မှုလုပ်ရင်းနဲ့ ဖြစ်သွားတာ”

ကျောက်ကျစ်တုံ့၏ နှုတ်ခမ်းများလှုပ်သွားသည်။ သူ၏ မျက်နှာကလည်း နက်မှောင်သွားပြီးနောက် ပြန်ဖျော့တော့လာကာ နောက်ဆုံးတော့ ပြန်နက်မှောင်သွား၏။ စမ်းသပ်မှုဆိုလျှင် စုရှောင်ရှန်က ပေါက်ကွဲမှုကို ဖြစ်စေသည့်သူပင်ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။

“ဘယ်လို စမ်းသပ်မှုတုန်း” မေးသည်။

“အဆင့်နိမ့် မီးဘောလုံး စမ်းသပ်မှု”

စုရှောင်ရှန်ပြောရင်း သူ့လက်နှစ်ဖက်မှ မီးဘောလုံးများကို အသုံးပြုရန်မလိုတော့ရာ ငြိမ်းလိုက်တော့သည်။ လူတိုင်း ကြောင်အသွားကြသည်။

အဆင့်နိမ့်မီးဘောလုံးဟုတ်လား

မင်းရဲ့ အဆင့်နိမ့်မီးဘောလုံးက ဒီလို ချောက်ချားဖွယ်ရာ ပေါက်ကွဲမှု တကယ်ဖြစ်သွားစေတယ်ပေါ့

ငါတို့ကို ငတုံးတွေထင်နေတာလား

ကျောက်ကျစ်တုံ့ ခံစားနေရသော ဒေါသတို့ကို ဖိနှိပ်ရန်အလို့ငှာ အသက်ပြင်းပြင်းရှိုက်ထုတ်လိုက်သည်။ ထို့နောက် လေသံကို ဖိနိပ်လိုက်ရင်း “ဆင်းလာခဲ့… ငါတို့ စကားပြောဖို့လိုနေပြီ”

ငါတို့အခုလဲ စကားပြောနေကြတာ မဟုတ်ဘူးလား

‌သူတို့၏ ဒေါသထွက်သလို မဲမှောင်နေသော မျက်နှာများဖြင့် သတ်ဖြတ်ချင်သလိုလို စိတ်ဆန္ဒကို ခံစားနေရသောကြောင့် စုရှောင်ရှန် ကျောက်ကျစ်တုံ့ကို လစ်လျူရှူလိုက်သည်။ သူလူ(၃) ယောက်ကို သတ်ဖူးသည်မဟုတ်ပါလား။

“ဆင်းလာခဲ့ဆိုတော့ …. သူတို့ တက်လာလို့မရတဲ့သဘောလား” ထိုအချိန်မှ သူရပ်နေတာ စိတ်ဝိညာဉ်စာကြည့်တိုက်ဖြစ်ကြောင်း သတိရသွားသည်။ သူတို့က စည်းကမ်းကြီးကြပ်သူများဖြစ်ပေမယ့် စိတ်ဝိညာဉ်စာကြည့်တိုက်ထဲကိုတော့ အားသုံး၀င်ရောက်ဖို့ အာဏာမရှိပုံရသည်။ သို့ဖြင့် အပြင်၌သာ ရပ်နေကြရ၏။

စိတ်ဝိညာဉ်စာကြည့်တိုက်က ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်၏ အခြေခံအုတ်မြစ်တည်ရှိရာ နေရာလို့ပင် ပြောနိုင်သည်။ ၎င်းရဲ့ လုံခြုံရေး အတိုင်းအတာက မျက်နှာဖုံး၀တ်လူကိုတောင် ထွက်ပြေးသွားရစေကာ သာမန်စည်းကမ်းကြီးကြပ်သူ‌များ ၀င်ချင်တိုင်း ၀င်လို့ရသည့်နေရာမဟုတ်‌ပေ။

သူကိုယ်တောင် အကြီးအကဲစန်းက ၀င်ခွင့်ပေးသဖြင့် စိတ်ဝိညာဉ်စာကြည့်တိုက်ထဲ ၀င်ခွင့်ရခြင်းပေ။

“သာမန် စမ်းသပ်မှုလေးပါ… မစိုးရိမ်ကြပါနဲ့ ဘာမှ မဖြစ်ပါဘူး” စုရှောင်ရှန် ထိုလူများ၏ မျက်လုံးများရှိ ဒေါသများကို ငြိမ်ကျစေရန် အလို့ငှာ ဆိုလိုက်သည်။

ကျောက်ကျစ်တုံ့၏ အမူအရာက လုံး၀ အကျဉ်းတန်နေသည်။ အကယ်၍ ဤနေရာ၌ တစ်ယောက်ယောက်ဆိုပါက ဒီလောက်စိုးရိမ်ရမည်မဟုတ်သော်လည်း သူတို့ပြောနေသည့်လူက စုရှောင်ရှန်ဖြစ်၏။

စုရှောင်ရှန်

ပြဿနာကောင်

မစိုးရိမ်ဘဲ ဘယ်လို နေနိုင်မှာလဲ

“ဘာလို့ အရင်မဆင်းလာတာလဲ အောက်ရောက်မှ အေးဆေးပြောမယ်လေ…”

ပင်ကိုယ်မှတ်များ တစ်မှတ်မှ မရရှိရာ ဤလူများကို စည်းရုံးသိမ်းသွင်းနိုင်ခြင်း မပြုလိုက်နိုင်ကြောင်းသိ၍ စုရှောင်ရှန် စကားဆက်ပြောချင်စိတ်များ ကုန်သွားတော့သည်။ ဒီလူများက ကာဆီးကာဆီးဖြင့် ဆေးဖော်စပ်ရန် သူ၏ အဖိုးတန်သော အချိန်များကိုပင် လာဖြုန်းနေ၏။

စုရှောင်ရှန် တတိယအလွှာတွင် လျှောက်၍ လှန်လောရှာဖွေလိုက်သည်။ ၎င်းက အကြီးအကဲစန်း၏ ကိုယ်ပိုင် နေရာဖြစ်သော်လည်း အရေးမပါသည့်၊ တန်ဖိုးမရှိသည့် အရာများဖြင့် ပြည့်နေလေတော့သည်။

“တွေ့ပြီ”

သိပ်ကြာကြာမရှာလိုက်ရပါပဲ စုရှောင်ရှန် အနီနက်ရောင် တံဆိပ်ပြားတစ်ခုကိုတွေ့လိုက်ရသည်။ ၎င်းက အကြီးအကဲတံဆိပ်ပြားဖြစ်လေရာ သူလိုအပ်သော အာဏာက်ု ရရှိစေနိုင်သည်။

ထို့နောက် ပြူတင်းပေါက်စီသို့ ပြန်သွားလိုက်ပြီး တံဆိပ်ပြားကို ကိုင်မြှောက်ပြလိုက်၏။ “အကြီးအကဲစန်းရဲ့ အမိန့်နဲ့ မင်းတို့အားလုံးကို တန်းဖြုတ်ဖို့ အမိန့်ပေးတယ်”

ကျောက်ကျစ်တုံ့ စုရှောင်ရှန်ကိုကြည့်လေ ကြည့်လေ စုရှင်းရှင်း၏ တံဆိပ်ပြားမြှောက်ထားသော ပုံရိပ်နှင့် တစ်ထပ်တည်းကျလေ ဖြစ်သွားသည်။ အပင်တစ်ခုတည်းမှကျသော အသီးများပင်။

“မင်း…” ကျောက်ကျစ်တုံ့ ရုတ်တရက် ပြောမလို့ ကြံရာမှ ရပ်သွား၏။

နပေါဦး

ဒီကောင် စမ်းသပ်မှု‌ တွေအဆင့်နိမ့်မီးဘောလုံး တွေပြောပြီး အစကတည်းက ထူးထူးဆန်းဆန်းပြုမူနေတာ နောက်ကွယ်မှာ အကြောင်းတစ်ခုခု ရှိမလား

ပေါက်ကွဲမှုကလည်း ပုံရိပ်ယောင်နဲ့မတူဘူး ဆေးဖော်စပ်ရင်းနဲ့ ဖြစ်တာဆိုရင်တောင် ဒီလောက် ကြီးကျယ်မယ်မထင်ဘူး

တစ်ခုခုတော့မှားနေပြီ

စုရှောင်ရှန်က အဆင့်(၉) လေးကို အစကတည်းက ဘယ်လို ဆေးဖော်စပ်နိုင်မှာလဲဟ

ကျောက်ကျစ်တုံ့၏ မျက်ဆံများကျုံ့သွားသည်။

စုရှောင်ရှန် တစ်ခုခုကို ပြောချင်နေတာဖြစ်ရမယ် ဟုတ်တယ်

စုရှောင်ရှန် ပေါက်ကွဲမှုကို ဖြစ်စေတာမဟုတ်ဘူးဆိုရင် တစ်ယောက်ယောက် လုပ်တာဖြစ်ရမယ်

ဆိုတော့ စုရှောင်ရှန် … ဓားစားခံလုပ်ခံထားရတာပေါ့

သူ့ကို ပြန်ပေးဆွဲထားတဲ့သူက အဲ့ဒီ ပေါက်ကွဲမှုကို ဖြစ်‌ပွားစေလိုက်တာ ဖြစ်ရမယ်

တကယ် လူ့စိတ်က ကြောက်ဖို့ကောင်းပေသည်။ ကျောက်ကျစ်တုံ့ စိတ်ဖြင့် အာရုံခံကြည့်လိုက်သော်လည်း နေရာတစ်ဝိုက်တွင် သံသယဖြစ်စရာ တစ်ခုကိုမှ မတွေ့လိုက်ရရာ စာကြည့်တိုက်‌အပေါ်သို့ အကြည့်ရောက်သွားတော့၏။

အဲ့ဒီပြန်ပေးဆွဲသမားက စာကြည့်တိုက်ထဲမှာ ရှိလောက်တယ်

စုရှောင်ရှန်နောက်မှာ ပုန်းနေပြီး ငါတို့ကို နှင်လွှတ်ဖို့ ခြိမ်းလား ခြောက်လား ပြုနေတာပဲဖြစ်ရမယ်

‘ဟုတ်တယ်… ‌စုရှောင်ရှန် ဒါကြောင့် စုရှောင်ရှန် ငါတို့ကို အသည်းအသန် နှင်လွှတ်နေရတာ ဖြစ်မယ်…’

ကျောက်ကျစ်တုံ့ ခေါင်းညိတ်လိုက်သည်။ သူ့အတွေးများ အဆက်အစပ်ရှိသည်ဟု ဘ၀င်ကျသွားတော့၏။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“… …”

ကျောက်ကျစ်တုံ့ ဘာတွေများ တွေးနေသလဲဟု စုရှောင်ရှန် မှင်သက်သွားပြီး သူ့ကိူ သေသေကြီးကြည့်လိုက်ရာ ထူးဆန်းသော လက်ဟန်ခြေဟန်များကို လုပ်ပြတာ တွေ့လိုက်ရ၏။

ကျောက်ကျစ်တုံ့က လက်တစ်ချောင်းကိုထောင်ပြီး လှုပ်ပြသည်။ နောက်လက်တစ်ဖက်က လက်ညိုး‌တစ်ချောင်းကို ထိုပထမ လက်ညိုးနောက်၌ ထားလိုက်၏။ ထို့နောက် မေးခွန်းထုတ်နေသည့်အလား မျက်စိမှိတ်တုတ် မှိတ်တုတ် လုပ်ပြ လေသည်။

သူဘာဖြစ်ချင်နေတာ။ စုရှောင်ရှန် စွံ့အသွားသည်။ ကျောက်ကျစ်တုံ့၏ လက်ဟန်ရော မျက်စိမှိတ်တာရောကိုပါ ဘာကိုဆိုလိုမှန်း မသိပေ။ သို့ဖြင့် သူလည်း မျက်စိပြန်မှိတ်တုတ် မှိတ်တုတ် လုပ်ပြလိုက်သည်။

ထို့နောက် ကျောက်ကျစ်တုံ့၏ မျက်နှာထက်၌ တစ်စုံတစ်ခုကို သိသွားသည့်အလား အမူအရာမျိုးပေါ်လာတာကို မြင်လိုက်ရ၏။

ဘာလဲဟ

သို့သော် ကျောက်ကျစ်တုံ့က စုရှောင်ရှန်ကို ဂရုမပြုတော့ဘဲ သူ့အနောက်ကိုသာ စိုက်ကြည့်နေလိုက်လေသည်။

“သွားစို့”

စုရှောင်ရှန် အခြေအနေကို ရေရေလည်လည် မသိခင်ပင် ကျောက်ကျစ်တုံ့ လက်ဝေ့ရမ်းသွားပြီး နောက်လှည့်ထွက်သွား၏။ သူ့အနားမှ စည်းကမ်းကြီးကြပ်သူများလည်း ချက်ခြင်း ပျောက်ကွယ်သွားကြတော့သည်။

ဘာဖြစ်နေကြတာလဲဟ

စုရှောင်ရှန် မှင်သက်သွားလေတော့သည်။

စုရှောင်ရှန်တစ်ယောက်တည်း ပဟေဠိ ဖြစ်နေသည်မဟုတ်ပါ။ ထွက်ခွာလာသော စည်းကမ်းကြီးကြပ်သူများလည်း သူ့နည်းတူ ကျောက်ကျစ်တုံ့ ဆုတ်ခွာဖို့ အမိန့်ကို အဘယ်ကြောင့် ရုတ်တရက်ပေးရမှန်း နားမလည်နိုင်ဖြစ်နေကြလေသည်။

“ငါတို့ တိုက်ခိုက်မလို့မဟုတ်လား။ ဘာလို့ ပြန်ဆုတ်လာတာလဲ” တစ်ယောက်ယောက်က မေးလိုက်သည်။

ကျောက်ကျစ်တုံ့က အလျင်လိုနေဟန်ရပြီး “မြန်မြန် မင်းတို့ ခေါင်းဆောင်ရှောင်ကို သွားရှာ ငါက အကြီးအကဲစန်းကို သွားရှာမယ်။ ငါတို့ သူ့ကို ကယ်ချင်ရင် သူတို့နှစ်ယောက်လုံးကို မြန်မြန်တွေ့ဖို့လိုတယ်”

“ဘယ်သူ့ကို ကယ်မှာ”

ကျောက်ကျစ်တုံ့ ရပ်သွားပြီး ထိုမေးလိုက်သော သူကို လှည့်ကြည့်လိုက်သည်။

“မင်းမသိသေးဘူးလား… တစ်ယောက်ယောက် စုရှောင်ရှန်ကို ပြန်ပေးဆွဲထားတယ်ကွ။ သူ့ကို ဓားစားခံလုပ်ထားတယ်”

ဘုန်း

စုရှောင်ရှန် ပြူတင်းပေါက်ကို ဆောင့်ပိတ်လိုက်သည်။

ထို့နောက် ဆေးမီးဖိုအိုးကြီးရှေ့သို့ ပြန်သွားကာ အံကိုကြိတ်နေရင်း ထိုင်ချလိုက်သည်။

တစ်ယောက်ယောက်က အလုပ်လုပ်ဖို့ ဆန္ဒလေး အနည်းငယ်ရှိလာပြီဆိုရင် အနှောက်တွေက ၀င်လာ‌ပြီး အားလုံးကို ဖျက်ဆီးဖို့ ကြိုးစားတော့သည်။

“စိတ်ထိန်း စိတ်ထိန်း။ ဆေးဖော်စပ်ဖို့ပဲ အာရုံစိုက်”

ထို့နောက် ဆေးပင်များကို ထုတ်ယူကာ ယခင်တစ်ခေါက်က အတိုင်း အသက်ရှူခြင်းနည်းစနစ်နှင့် ပေါင်းကာ ဆေးဖော်ခြင်း ထပ်ပြန်လုပ်လိုက်သည်။

ဘုန်း

ဘုန်း

ဘုန်း…

ဆက်တိုက်ကျရှုံးနေခြင်းက သူ့ရင်ထဲလောင်ကျွမ်းနေသည့် စိတ်လှုပ်ရှားမှုများကို သတ်လိုက်တော့သည်။ အကြီးအကဲစန်းများ အမှားလုပ်မိသလားဟု စုရှောင်ရှန် တွေးတောကြည်ြလိုက်၏။ မဟုတ်လည်း သူ့တွင် လုံး၀ ပါရမီ မပါလာခြင်းသာဖြစ်ရပေမည်။

ငါသိခဲ့သင့်တာ…

ငါက အဖြူရောင်တိမ်တိုက်နည်းစနစ်တောင် (၃) နှစ် လေ့ကျင့်ရတဲ့ ကောင်မဟုတ်လား

“မဟုတ်ဘူး။ ငါ့ ကျင့်ကြံခြင်းနယ်ပယ်နဲ့ တစ်ခုခု သက်ဆိုင်လို့ပဲ ဖြစ်ရမယ်”

စုရှောင်ရှန် အရှုံးမပေးလိုက်ပါ။ လွယ်လွယ်နှင့် အရှုံးပေးသော သူထဲတွင် သူမပါဝင်ပါ။ သူ၏ ကျင့်ကြံမှုက စတင်ခြင်းနယ်ပယ်၌သာ ရှိနေသော်လည်း စစ်မှန်ခြင်းနယ်ပယ် စွမ်းရည်များ ရှိသည်မဟုတ်ပါလား။ ထိုသို့ အစွမ်းရှိသော်လည်း သူ၏ ထိန်းချုပ်မှုက အမှားမကင်းကာ မပြည့်စုံပါပေ။

သူ့ကျင့်ကြံခြင်းက နောက်ကျကျန်နေသည်။ သို့ဖြင့် သူပိုင်ဆိုင်ထားသော စွမ်းရည်များကို စိတ်ရှိသလို အစွမ်းကုန် အသုံးမပြုနိုင်ပါပေ။ စုရှောင်ရှန် ကြမ်းပြင်ပေါ်သို့ စိတ်ဓာတ်ကျနေဟန်ဖြင့် နောက်သို့လှန်ချလိုက်သည်။

[ပင်ကိုယ်မှတ် : ၆၄၄၂]

သူစုလာသော ပင်ကိုယ်မှတ်က ခြောက်ထောင်တောင် ကျော်လေပြီ။ ၎င်းဖြင့် မီးထိပ်သီးလို စွမ်းရည်မျိုး ကံစမ်းမဲကျရင် အကောင်းသား။

စုရှောင်ရှန်လုပ်ချင်လိုက်သော်လည်း တစ်ခုခုရနိုင်သည့် ရာခိုင်နှုန်း မည်မျှ နည်းကြောင်းကို တွေးမိပြီး ဖျက်ပယ်လိုက်သည်။ သူ့တွင် ပင်ကိုယ်မှတ် ခြောက်ထောင်သာရှိရာ စနစ်က ပျော်ပျော်ကြီး လုံးလုံး ဝါးမျိုသွားပေလိမ့်မည်။

ထို့နောက် အတွေးများထဲမှ ရုန်းထွက်လိုက်သည်။ ပြူတင်းပေါက်မှာ နေရင်ကလေးက တိုး၀င်လာလေသည်။ နေ၍၀င်ချိန်လေးကို စုရှောင်ရှန် ပြူတင်းပေါက်မှတစ်ဆင့် ငေးမောကြည့်လိုက်ရင်း အားမန်တက်ကြွသွားတော့သည်။

“ငါတောင် ကိုယ့်ကိုယ်ကိုယ် အချိန်မပေးနိုင်တာကြာပြီပဲ… ခဏလောက်အနားယူလိုက်ပါ‌မယ်လေ”

လူဆိုသည့်အရာက ဤသို့ လူသံဘာသံ မကြားရသည့် ဆိတ်ဆိတ်ငြိမ်ကျသော အချိန်မျိုးတွင် စိတ်အလိုကို လိုက်တတ်ကြပေသည်။ သို့ဖြင့် ဘာမှ မစဥ်းစားဘဲ ပင်ကိုယ်သော့တစ်ချောင်းကို လဲလှယ်ပြီး ‌ဘီး၏ အခြေရှိ သော့ပေါက်ထဲသို့ ထည့်လိုက်၏။

သူ့တွင်ပင်ကိုယ်မှတ် လုံလုံလောက်လောက်ရှိသော်လည်း ၎င်းကို အသုံးပြုပြီး စွမ်းရည်များကို အဆင့်မြှင့်၍မရပါတော့ချေ။ သို့ဖြင့် ကံစမ်းလိုက်သည်ကကောင်းသည်။ အခန့်မသင့်လို့ တစ်ခုခု ကောင်းတာလည်း ရသွားကောင်းရနိုင်၏။

သူပြန်ထိုင်လိုက်သည်။ သို့သော် သူ့၀န်းကျင်တစ်ခုလုံး အမှောင်ကျသွား၏။

ဘာကိုမှ မမြင်ရပါတော့ချေ။

Comment

Leave a Reply

Options

not work with dark mode
Reset