Switch Mode

Chapter – 238

တန်ပြန်တိုက်ခိုက်ခြင်း (အပိုင်း ၂)

Chapter – 238 တန်ပြန်တိုက်ခိုက်ခြင်း (အပိုင်း ၂)

ခုနက ချန်ရှန် ရှန်းရှန်းတို့အား တောနက်ထဲ မ၀င်ရန် သတိပေးခဲ့တယ် ။ အဘယ်ကြောင့်ဆိုသော် အတွင်းပိုင်း တွင် မိစ္ဆာချီဓာတ်များဟာ ထူထပ်လှပြီး ရုပ်သေးရုပ်များ ဟာ အလွယ်တကူ စုပ်ယူနိုင်ကြကာ အားများပြန်ပြည့်နိုင် သော ကြောင့် ဖြစ်ပါတယ် ။ အပြင်ဘက်ပိုင်းမှာတော့ မိစ္ဆာ ချီဓာတ်များ နည်းပါးသောကြောင့် အားအင်မှာလည်း ပိုမို နည်းပါးတတ်ကြပါတယ် ။
အနီးဆုံး ခြုံခိုတိုက်ခိုက်ရာ အမှတ်ဟာ သိပ်ပြီးမဝေး လှပါ ။ ချန်ရှန် သိပ်မကြာခင်မှာပဲ ရှောင်ဒို ၏ အသံကို ကြား လိုက်ရတယ် ။
“ဖက်တီးစုတ် ၊ ခင်ဗျားဖင်ကို ခွေးကိုက် မခံရစေနဲ့ ၊ မြွေ မျက်လုံး ခင်ဗျားမျက်လုံးတွေက ချော်တောမငေါ့နေနဲ့ ၊ ကြည့်ရတာ ကျွန်တော့ကို ပဲ တိုက်တော့မလို ထင်နေရ တယ်”
အသံကို ကြားပြီးနောက် ချန်ရှန် ခေါင်းခါရင်း ပြုံးမိပါ တယ် ။ သူ၏ မိစ္ဆာဒူးလေးကြီးအား ထုတ်ယူပြီး လောင်ဆု ရီအား ရုပ်သေးရုပ်များ ထိန်းချုပ်သူကို ရှာခိုင်းနေတယ် ။
“မျိုးမစစ်လေး ယန် ၊ မင်းရဲ့ ဓားချီဓာတ်တွေကို ရမ်း သမ်းပြီး ဖျန်းမနေနဲ့ ၊ ငါ့ဆံပင်တွေ ပျက်ဆီးတယ်ကွ”
ဇုရွန် အော်လိုက်တယ် ။
ဆူဝဲလောင်ကလည်း အေးစက်စွာဖြင့် –
“မင်းတို့ နှစ်ယောက်လုံး အရေးမပါတာတွေ ပြောမနေ ကြနဲ့ ၊ မင်းတို့ ပစ္စည်းတွေ ကိုက်မခံရအောင်သာ နေကြ”
ချန်ရှန် ဟာ ခပ်လှမ်းလှမ်းမှ ကြီးမားလှသော အမည်း ရောင် ၀ံပုလွေများအား မြင်တွေ့ နေရတယ် ။ ရှန်းရှန်း နှင့် လန်ယုလန် တို့ ကြုံတွေ့ ရသည့် အရာများနှင့် အတူတူပါ ပဲ ၊ အားလုံးဟာ သားရဲမိစ္ဆာတွေပါ ။ အရမ်းကြီး မစွမ်းလှပေ မယ့် အကောင်များစွာ ရှိနေပါတယ် ။ ဒါပေမယ့် တချိန် တည်းမှာ ၁၅ ကောင်သာ ထိန်းချုပ်နိုင်တာကြောင့် ၎င်းတို့ အေးအေးဆေးဆေး ပင် ခုခံနိုင်နေကြပါတယ် ။ ဒါကြောင့် စိုးရိမ်စရာတော့ မရှိချေ ။
ရှောင်ဒို နှင့် သူ့အဖွဲ့ ဟာ ကောင်းမွန်လှတယ် ။ ရှောင် ဒို နှင့် ဟိုဒွန်ဂျင် မှာ တိုက်ခိုက်မှု အတွက် တာဝန် ယူထား ပြီး ၎င်းတို့၏ အစွမ်းမှာ မသေးလှပါ ။ လဲရှောင်လင် ၊ လဲ ဇောင် ၊ ဇုရွန် နှင့် ဆူဝဲလောင်တို့ကတော့ ခံစစ်အနေအ ထား ဖြင့် ရှိနေကြတယ် ။ ၀ံပုလွေများအား ခုတ်ပိ်ုင်းနေပြီး ၎င်းဝံပုလွေများ ဒဏ်ရာရသွားသောအခါ ရှောင် ဒို နှင့် ဟို ဒွန်ဂျင် တို့က သတ်ဖြတ်ပါတယ် ။ ယောင်ဟိုင်ရှန်း နှင့် လျန် မင် ဒုန် တို့မှာ ပတ်ဝန်းကျင်ကို စေ့စပ်စွာ ကြည့်ရှုနေ ပြီး တခြားတိုက်ခိုက်မှုများ မလာစေရန်ပါ ။
ဝုကွမ်ချင် မှာ မီးတောက်များအား ၎င်းတို့ ပတ်လည် တွင် စက်ဝိုင်းပုံစံအဖြစ် ထုတ်လွှတ်ထားတယ် ။ အနီးနား ရှိ ၀ံပုလွေများမှာ ရှေ့ မတိုးရဲကြချေ ။ သူမ၏ မီးတောက်မှာ အလွန်ပြင်းထန်လှပြီး ခုခံနိုင်မှုစွမ်းအား မှာလည်း ကောင်း မွန်လှတယ် ။
ဖြစ်နိုင်သည်မှာ ထိုမိစ္ဆာဂိုဏ်းသားများမှာ သားရဲမိစ္ဆာ များကို ထိန်းချုပ်ရင်း လက်ယာဂိုဏ်းသားတို့ ခုလောက် ထိ တောင့်ခံနိုင်လိမ့်မည်ဟု မထင်ထားခဲ့မိကြပေ ။ ၎င်းတို့မှာ သာ အင်အားလုံလုံလောက်လောက် မရှိပါက ခြုံခိုတိုက် ခိုက်ခြင်း အောင်မြင်မည် မဟုတ်ပေ ။ ဒါပေမယ့် ၎င်းတို့ ၏ အဓိက ရည်ရွယ်ချက်မှာ လက်ယာဂိုဏ်းသားများ အား အားအင်များ ကုန်ဆုံးအောင် သာ ဖြစ်ပါတယ် ။ ဒီလိုသာ အားကုန် သွားမည် ဆိုပါက ၎င်းတို့ အလွယ်တကူ ဖမ်းမိ နိုင်မည် မဟုတ်ပါလား ။
“၀တ်စုတ် ၊ ခင်ဗျားက ချီးထုပ် ပဲ ၊ ခင်ဗျားပြောတော့ ဒီ သားရဲတွေက ကံကောင်းမှုတွေ ယူဆောင်ပေးတယ်ဆို ၊ ငါတို့ ဖမ်းသင့်တယ်ဆို ၊ခုကြည့် ကျွန်တော်တို့ ဝိုင်းခံထား ရပြီ ။ သောက်သုံးမကျချက် ၊ အကောင်တစ်ရာကျော် နဲ့ သတ်ရလည်း ခက်သေးတယ်”
ရှောင်ဒို ကျိန်ဆဲနေပါတယ် ။
“မျိုးမစစ်လေး ယန် ၊ ငါ ထိပ်တန်းအဆင့် သလင်း ကျောက်တုံး နဲ့ တည်ဆောက်ရေးဆေးတွေ ရတုန်းက ဘာသံမှ မထွက်ဘူး ။ ငါတို့သာ ကံကောင်းမယ် ဆိုရင် မင်းက ငါ့ထက်တောင် ပိုပြီး ကြိုးစားနေမှာ မဟုတ်လား”
ဇုရွန် က ပြန်လည် ပြောဆိုပြန်တယ် ။
ချန်ရှန် ၎င်းတို့ကိုက်နေကျကို ကြားနေကြမို့ မထူးဆန်း မိတော့ပါ ။ ဆုံပြီဆိုတာနဲ့ ကိုက်လို့မဆုံးကြပေ ။ သို့သော် လည်း ၎င်းတို့၏ ဆက်ဆံမှုကတော့ အလွန်ကို ကောင်းမွန် လှပါတယ် ။
“တွေ့ ပြီ ၊ သစ်ပင်ပေါ်မှာ ၊ ဟိုအပင် ၊ ဟိုအပင် နဲ့ ဟို အပင်”
လောင်ဆုရီ သစ်ပင်သုံးပင်ကို ညွှန်ပြပါတယ် ။
မိစ္ဆာဂိုဏ်းသားများဟာ သစ်ခေါင်းများအတွင်းမှ နေပြီး ပုန်းနေကြတာပါ ။ သို့သော်လည်း ဒီအချက်ကပင် ချန်ရှန် အား ၎င်းတို့ကို မိစ္ဆာဒူးလေးဖြင့် ပစ်ရန် ပိုမိုအဆင်ပြေစေ ပါ တယ် ။
မိစ္ဆာဂိုဏ်းသားများဟာ ချန်ရှန် ၎င်းတို့အား တွေ့ သွား ပြီ ဆိုတာကို မသိကြပေ ။ ၎င်းတို့ ကြံစည်သမျှကို ချန်ရှန် သိသွားပြီ ဆိုတာကိုလည်း မသိကြပါဘူး ။ တန်ပြန်တိုက် ခိုက်မှု အနေဖြင့် ချန်ရှန် ဟာ ၁၀ ဦးခန့် သတ်ဖြတ်ပြီးဖြစ် နေ ပါ တော့တယ် ။
ချန်ရှန် မိစ္ဆာဒူးလေးကြီးကို ထုတ်ကာ သစ်ပင်ကြီးတစ် ပင်အား ချိန်ရွယ်လိ်ုက်တယ် ။ သူ၏ ချီဓာတ်များအား ထုတ် ကာ ဒူးလေးနှင့် ပေါင်းစပ်စေလိုက်တယ် ။ ထိုအချိန် သစ် ခေါင်းအတွင်းရှိ မိစ္ဆာများကတော့ ရုပ်သေးရုပ်များကို ထိန်း ချုပ်ရင်း ပျော်ရွှင်နေမှာပါ ။ သို့သော်လည်း ထိုအချိန်မှာပဲ ပြင်းထန်လှသော အမည်းရောင် မြှားကြီးဟာ မည်သည့် အသံမျှ မထွက်ပဲ ၎င်း၏ ကိုယ်တွင်းသို့ စူးစိုက်ဝင်သွားပါ တော့ တယ် ။ အစိတ်စိတ်အမွှာမွှာပင် ပေါက်ကွဲထွက်သွား ပါ တယ် ။
“ဟဲဟဲ ၊ နောက်တစ်ယောက်”
ချန်ရှန် သစ်ခေါင်းအတွင်း သွေးများ ထွက်လာသည် ကို ကြည့်ရင်း လှောင်ပြုံးပြုံးကာ ချီဓာတ်များအား မြှား အ တွင်း ထုတ်လွှတ်ကာ နောက်သစ်ပင် တစ်ပင်အား ချိန်ရွယ် လိုက်ပါ တယ် ။
တစ်စင်းပြီး တစ်စင်း မြှားသုံးချောင်းအား ပစ်ပြီးပါပြီ ။ သူ စိုးရိမ်မိတာ က တစ်ဦးဦး ထွက်ပြေး လွတ်မြောက် သွား ပြီး မိစ္ဆာများဟာ သူ့အကြောင်းကို သိရှိမယ်ဆိုပါက သူ့ အ တွက် တိတ်တဆိတ် သတ်ဖြတ်ရန် ခက်ခဲ သွားမည် မ ဟုတ်ပါလား ။
ဆက်တိုက် ပေါက်ကွဲမှု သုံးခု ဖြစ်ပေါ်လာပြီး သစ်ပင် သုံးပင်ဟာ အသားစများ ပျံ့ လွင့်လာပါတော့တယ် ။ ရှောင် ဒို တို့အားလုံး တစ်ခုခုတော့ ဖြစ်နေပြီဟု ခန့်မှန်းမိလိုက်ကြ တယ် ။ ၀ံပုလွေများဟာ ရပ်သွားကြသည် မဟုတ်ပါလား ။ ဒီ အခွင့်အရေးကို ဇုရွန်မှာ အသုံးချပြီး လျင်မြန်စွာပင် သူ့ လက်ထဲရှိ ဓားဖြင့် အမည်းရောင် ၀ံပုလွေများအား ပိုင်း ဖြတ် နေပါတော့တယ် ။
ချန်ရှန် ရယ်ကျဲကျဲဖြင့် ပြေးသွားလိုက်တယ် ။ လူတိုင်း ဟာ ချန်ရှန် ကို မြင်သောအခါ ချက်ချင်းပင် အံ့သြတကြီး ဖြစ် သွား ကြတယ် ။ တချိန်တည်းမှာပဲ ၎င်းတို့ရင်ထဲမှ နေ ပြီး ချန်ရှန်အား အလွန်လေးစားကာ တကယ့်ပါရမီရှင် အ ဖြစ် အသိအမှတ်ပြုမိနေကြတယ် ။ ၎င်းထွက်ပေါ်လာသည် နှင့် ၀ံပုလွေများအားလုံး ရပ်တန့်သွားရသည် မဟုတ်ပါ လား ။
“အကိုတော် ချန် ၊ တကယ်ပဲ ခင်ဗျားကိုး ၊ ခင်ဗျား ရောက်လာလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းခဲ့မိသင့်တာ ၊ ဒါနဲ့ ဘယ်လိုတွေ ဖြစ်တာလဲဗျ”
ရှောင်ဒို မေးလိုက်တယ် ။
ချန်ရှန် လည်း အချိန်သိပ်မရှိသောကြောင့် ခပ်မြန်မြန် ပဲ သူသိသမျှ ပြန်ပြောပြလိုက်တယ် ။ ရှောင်ဒို တို့ အုပ်စုမှာ လည်း ရှန်းရှန်းတို့ အုပ်စုလိုပင် ဖြစ်သွားကြတယ် ။ ၎င်း တို့ အနေဖြင့် ရွံရှာထိတ်လန့်မိသလို ဒေါသလည်း ဖြစ်နေကြ ပါ တယ် ။ ဒါပေမယ့် ယခုအချိန်မှာတော့ ၎င်းတို့အား မည် သည့်အရာကမျှ သွေးဆောင်ကာ မျှားခေါ်နိုင်တော့မည် မဟုတ်ပါဘူး ။
“ကောင်းပြီ ၊ မင်းတို့အားလုံး မြန်မြန်သွားပြီး နတ် လက် နက် အင်ပါယာ ရယ် ရေခဲလေ တောင်ကြားရယ် နဲ့ ပူးပေါင်းလိုက်ကြ ၊ မင်းတို့အားလုံး အတူတူရှိသွားတယ့် အခါကျရင် တပြိုင်နက်တည်းနဲ့ မိစ္ဆာတွေဟာ မင်းတို့ကို အကုန်မသတ် နိုင်ပါဘူး ။ မစိုးရိမ်ကြနဲ့တော့ ။ ဒီကောင် တွေ က မင်းတို့ ထင်သလောက် သိပ်မစွမ်းပါဘူး ။ ငါ လမ်း တလျှောက် သတ်ခဲ့တာ ၁၀ ယောက်ကျော်ပြီ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
ရှောင်ဒို ၏ မျက်နှာတွင် အပြုံးအနည်းငယ် ရစ်သန်း ကာ –
“အကိုတော်ချန် ၊ ဒါက ခင်ဗျားအတွက်တော့ လွယ် တာ ပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့ အတွက် ဒီကောင်တွေ က ခြုံခိုတိုက်မှာကို စိုးရိမ်ရတယ် ။ သူတို့ထက် ပိုပြီး ခြုံခို ပုန်းလျိုးပြီး တိုက်တတ်တယ့် ခင်ဗျားသာ သူတို့ကို ရင်ဆိုင် နိုင်တာပေါ့”
“မင်းက ငါက ပဲ ကလိမ်ကကျစ် ပိုကျတတ်တယ်လို့ ပြော ချင်တာလား”
ချန်ရှန် ခပ်လှောင်လှောင် မေးလိုက်တယ် ။
“ခင်ဗျားပဲ ခုနက ပြောတာလေ”
ရှောင်ဒို ရယ်မော ပြောဆိုလိုက်တယ် ။
ထိုအချိန်မှာပဲ ဝုကွမ်ချင်မှာ ကြားဖြတ်ပြီး –
“ချန်ရှန် ၊ မင်းမြန်မြန် သွားတော့ ၊ ဒါနဲ့ မင်း သားရဲ ဂိုဏ်း နဲ့ စစ်မှန်သော သိုင်းပညာဂိုဏ်းက လူတွေကို သတိ ထားနော် ၊ နောက် နတ်ဓားဂိုဏ်းကိုလည်း သတိထား ၊ သူတို့က မင်းကို မုန်းနေတာ ။ သူတို့အတူတူ စုပြီး မင်းကို ဆန့်ကျင်လိမ့်မယ်”
“အင်း ၊ နားလည်ပါတယ်”
ချန်ရှန် ရယ်မောပြောဆိုလိုက်တယ် ။ ထို့နောက် လေ ကဲ့သို့ အဟုန်ဖြင့် ပျံသန်းသွားပါတော့တယ် ။
ရှောင် ဒို နှင့် ဇုရွန် တို့လည်း သူတို့ ထုံးစံအတိုင်း ခဏ မျှ ကိုက်ပြီးနောက် ကျန်ရှိနေသော ၀ံပုလွေများအား လက် စ တုံးပစ်ကြပါတယ် ။ ထို့နောက် ချန်ရှန် ညွှန်ပြခဲ့သော လမ်း ကြောင်းအတိုင်း ရှန်းရှန်းတို့ ရှိရာသို့ သွားကြပါတော့ တယ် ။
ချန်ရှန် လမ်းတစ်လျှောက် လူသားမိစ္ဆာများ နှင့် သားရဲ မိစ္ဆာ များအား ကြုံတွေ့ ခဲ့တယ် ။ ထိုရုပ်သေးများအား ထိန်း ချုပ်ထားသည့် လူများမှာ သိပ်တော့ အစွမ်းမထက်လှချေ ၊ ၎င်းတို့ထက် စွမ်းအားကြီးသော သူနှင့် ရင်ဆိုင်ရသည့်အခါ ဘာမျှ မလုပ်နိုင်ကြတော့ပါ ။ သို့သော်လည်း ဒီလို လူသား မိစ္ဆာ များနှင့် သားရဲမိစ္ဆာ တိုက်ခိုက်မှုမျိုးဟာ အလွန် အား နည်းသော်လည်း တဖက်လူ၏ ချီဓာတ်များကို ကုန်ဆုံးစေ နိုင်ပါတယ် ။
နောက်ထပ် ခြုံခိုတိုက်ခိုက်မည့် ဆုံမှတ်ကတော့ အ တွင်းပိုင်း သိပ်မကျလှပေ ။ တစ်ဖက်ခြမ်းမှာ တည်ရှိနေပြီး ဇုန်တစ်ခု အဖြစ် သတ်မှတ်လို့ ရပါတယ် ။
ခုနက ရှောင်ဒို ဆီမှ ကြားခဲ့သော သတင်းအရ လက် ယာဂိုဏ်း ရှစ်ဂိုဏ်းမှ နောက်လိုက်များဟာ စွန့်ပစ်နယ်မြေ ထဲ သို့ ၀င်လာပြီးတာနဲ့ အရပ်မျက်နှာ အသီးသီးသို့ ခွဲထွက် ခဲ့ကြတာ ဖြစ်ပြီး အားလုံးဟာ လုံခြုံမည့် နေရာအား ရှာဖွေ ခဲ့ကြပါတယ် ။ တစ်ချိန်တည်းမှာ တိုက်ခိုက်လို့ကော ခုခံလို့ ပါ ကောင်းမည့် နေရာအား ရှာဖွေကာ နှစ်လတာ ကြံ့ကြံ့ခံ နိုင် ရန် ကြိုးစားကြပါတယ် ။
မိစ္ဆာလမ်းဂိုဏ်းများ၏ လျို့ ဝှက်ကြံစည်မှုသာ မရှိဘူး ဆိုပါက လက်ယာဂိုဏ်းသားများ၏ အကြံမှာ အလုပ်ဖြစ် လောက်ပါတယ် ။
သူလျင်မြန်စွာပဲ နောက်ထပ် ဆုံမှတ်သို့ သွားခဲ့တယ် ။ ဒါပေမယ့် မည်သည့် လက်ယာဂိုဏ်းသားများကို မျှ မတွေ့ ရချေ ။ အလွန်တိတ်ဆိတ်နေပြီး သူလည်း လောင်စုရီ ပြော မည့် စကားကိုသာ စိတ်ရှည်ရှည် စောင့်လို့နေပါတယ် ။ ဒီနေရာမှာ ပုန်းကွယ်နေမည့် လူများ ရှိမရှိကို သူသိချင်နေ လှပါပြီ ။
“တွေ့ ပြီ”
လောင်ဆုရီ ပျော်ရွှင်ဟန် ဖြင့် ပြောပါတယ် ။ သူမ အနေဖြင့် ဘာမျှ မလုပ်ရသော်လည်း ချန်ရှန်ကို လျို့ ဝှက် စွာ ကူညီပြီး မိစ္ဆာများအား ဒုက္ခပေးရသည်ကို ပျော်ရွှင်နေ မိ ပါတယ် ။
နောက်ထပ်လူသုံးဦးပါ ။ ချန်ရှန် ဒီလူများ မည်သည့် လက်ယာဂိုဏ်းသားများကို မျှ သွေးမဆောင်မျှားမခေါ်ရ သေး လောက်ဟု ခန့်မှန်းမိလိုက်တယ် ။
“ဒီတစ်ကြိမ်က ၊ ငါတို့ သိသာနေတယ် ။ ညင်သာမှ ရ မယ်”
ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ် ။ သူ မြှားကို ခပ် ပါးပါးလေး ပစ်လွှတ်လိုက်တယ် ။ အသံအနည်းငယ် ထွက် ပေါ် စေသော်လည်း လောင်ဆုရီ မှာ မြှားလမ်းကြောင်းအား ဂိုဏ်းသား၏ ခေါင်းဆီသို့ အတိအကျ ညွှန်ပြပေးခဲ့တာပါ ။
တစ်ချက်တည်းဖြင့် ကိစ္စတုံးစေမှာဖြစ်ပြီး မြှားကိုလည်း မပေါက်ကွဲ စေတော့ပါ ။ အဆိုပါ လူသုံးဦးအား တိတ်တ ဆိတ်ပင် သတ်ဖြတ်ချင်တာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset