Switch Mode

Chapter – 92

ဆေးမီးဖိုအိုး

အပိုင်း (၉၂) ဆေးမီးဖိုအိုး

“အဖိုးကြီး”

တတိယအလွှာရှိ တံခါး၀မှ ခေါင်းထွက်လာပြီး အော်လိုက်သည်။ မူလက သူ့စိတ်ထဲကအတိုင်း “အဖိုးကြီး” တစ်ခုခု ဟု ခေါ်ချင်လိုက်သော်လည်း စိတ်အလိုကိုဖိနှ်ိပ်လိုက်ရလေသည်။

“၀င်လာခဲ့”

သူအထဲသို့၀င်သွားလိုက်သည်။

“ဒီမှာတကယ်အေးတာပဲ” ကတတိယအလွှာကို၀င်လိုက်သည်နှင့် ပထမဦးဆုံး စိတ်ထဲပေါ်လာသည့်အရာဖြစ်သည်။ မိုးရွာပြီးနောက် ကျစ်ကျစ်တောက်ပူနေသည့် အပြင်ဘက်နှင့် ကွားခြားကာ လေအေးပေးစက်တပ်ထားသည်နှင့်တောင် ဆင်တူနေ၏။

စုရှောင်ရှန် မော့ကြည့်လိုက်ရာ တတိယအလွှာ၏ အထက်၌ ထားထားသော အနီရောင်ပုလဲလုံးကြီးကို တွေ့လိုက်ရသည်။ ၎င်းကို အပြင်ဘက်မှလည်း မြင်နိုင်လေသည်။

ထိုအချိန်မှ ပုလဲလုံးကြီးက အပူစုပ်ဖို့မှန်းသိတော့လေသည်။ ထိုပုလဲလုံးကြီးကြောင့်လည်း တတိယအလွှာက အေးနေခြင်းဖြစ်ရပေမည်။ လေထုထဲမှ အအေးဓာတ်တွင်တောင် ခပ်ဖျော့ဖျော့ ရနံ့တစ်ခုကို ရနေ၏။

၎င်းမှအကြည့်လွှဲလိုက်ရာ တတိယအလွှာ၏ အ‌လယ်လောက်တွင် အလွန်ကြီးမားသော ရေချိုးသည့် အိုးကြီးကိုတွေ့လိုက်သည်။ ၎င်း၏အပြင်ဘက်ကို ကြည့်၍တောင် လူ(၁၀) ယောက်စာလောက် အေးဆေး ဆန့်ကြောင်း သိနေနိုင်သည်။

စုရှောင်ရှန်တောင် ၎င်း၏ တစ်၀က်လောက် မမြင့်ပါပေ။ ထို‌အိုးကြီးကိုကြည့်ပြီး စုရှောင်ရှန် မကောင်းတာတစ်ခုခု ခံစားလိုက်ရရာ ချက်ခြင်းလှည့်၍ ထွက်ပြေးလိုက်ချင်ပါသည်။ သို့သော် မဝံ့ရဲပါပေ။

အကြားအမြင်ဖြင့် အိုးကြီး၏ အခြားတစ်ဘက်၌ လေထဲတွင် ထိုင်နေသော အကြီးအကဲစန်းကို တွေ့လိုက်ရရာ ခေါင်းကို တစ်ဗျစ်ဗျစ်‌ကုတ်လိုက်၏။ အဖိုးကြီးဘာလုပ်နေသနည်း။

ဆက်လက်၍ အဖိုးကြီးက စိတ်ဝိညာဉ်စွမ်းအင်ကြွယ်၀သော ဆေးပင်ကဲ့သို့ အရာများကို ထိုအိုးကြီးထဲ ပစ်ထည့်နေတာ တွေ့လိုက်ရသည်။ ၎င်းတို့က စပျစ်သီးတွေလို အကိုင်းလိုက် အုံလိုက်ကြီးဖြစ်သည်။

ရှဲရှဲ

ထိုရင်းနှီးသည့်အသံကြောင့် ငရဲမီးတောက်ကောင်းကင်လားဟုတွေးမိပြီး အကြားအမြင်ကိုသုံးလိုက်၏။ သို့မှသာ အိုးကြီး၏အောက်ခြေရှိ ကြီးမားသော ထင်းမီးကဲ့သို့ ပုံရိပ်ကြီးကိုတွေ့လိုက်ရလေသည်။

‘ဘယ်လို ငရဲမီးတောက်ကောင်းကင်မီးလျှံတွေလဲဟ။ ငါတောင် သူတို့ရှိနေတာ သတိမထားမိဘူး။‌ ကြောက်စရာကောင်းလိုက်တာ… ရေချိုးမလို့ ရေနွှေးနေတာလား။ ဒါဆို ဘာလို့ အဖိုးကြီးက ဘာလို့ ရေမပါတဲ့ အိုးကြီးကို မီးနဲ့ရှို့နေတာလဲ… ပြီးတော့ ပါဝင်ပစ္စည်းလိုလို ဘာလိုလိုနဲ့ အသီးအနှံတွေကိုလည်း ထည့်နေသေးတယ်။ ဘာလုပ်ဖို့ကြိုးစားနေတာလဲ’ သူတွေးလိုက်သည်။

“အကြီးအကဲစန်း” သူခေါ်လိုက်သည်။

“ပါးစပ်ပိတ်ပြီး သေချာကြည့်” အလွန်အာရုံစိုက်ထားရသည့်အလား အကြီးအကဲစန်း၏ မျက်လုံးများက မှိတ်နေစဲဖြစ်၏။

စုရှောင်ရှန် မနေနိုင်ဘဲ သူဘာလုပ်နေသလဲဆိုတာ သေချာကြည့်လိုက်သည်။ ပြီးဆုံးပြီးနောက်၌လည်း ပဟေဠိကဲ့သို့ ဉာဏ်စမ်း ဘာညာ လာမလားဟု တွေးလိုက်မိ၏။

၎င်းက ဖြစ်နိုင်ချေများသည်။ အကြီးအကဲစန်းကဲ့သို့ ဆရာကြီးများက ထူးဆန်းသည့် အရာများဖြင့် လူများကို စိတ်ဒုက္ခပေးတတ်သည်မဟုတ်ပါလား။ စုရှင်းရှင်းကိုလည်း ထိုသို့ စိတ်ဒုက္ခပေးဖူးသဖြင့် ဤသို့သောအရာမျိုး၌ စုရှောင်ရှန် အလွန် အတွေ့အကြုံရှိပေသည်။

‘ဒါပေမယ့် … ဘာလို့ ဘားမှ နားမလည်နိုင်ဖြစ်နေတာလဲ”

အကြားအမြင်ဖြင့် အဖိုးကြီးပစ်ထည့်လိုက်သည့် အသီးအပင်များအားလုံး ငရဲမီးတောက်ကောင်းကင်မီးလျှံ၏ ကြောက်မက်ဖွယ်ရာ အပူချိန်အောက်၌ အဆီအနှစ်လိုမျိုး အခြေအနေထိ ဘာမှမကျန်အောင် လောင်ကျွမ်းသွားတာကို တွေ့လိုက်ရသည်။ ဤသို့လုပ်ရန်မည်မျှ တိကျမှုမျိုးလိုမည်နည်း။

ငရဲမီးတောက်ကောင်းကင်မီးလျှံ၏ အပူချိန်အောက်၌ တစ်စုံတစ်ခုကို ဤသို့အခြေအနေမျိုး ရောက်အောင် ‌ထိန်းချုပ်နိုင်ခြင်းက အစကတည်းက ဖြစ်နိုင်သည့် အရာပင်လော။

အကြီးအကဲစန်း၏ နေရာ၌ သူသာဆိုပါက အဆီအနှစ်အဖြစ်သို့ မပြောနှင့် စာကြည်တိုက်ကြီးတစ်ခုလုံးကို လောင်ကျွမ်းသွားစေလိမ့်မည်ဖြစ်ကြောင်း မြင်ယောင်လိုက်သည်။

ထည့်လိုက်သည့် အသီးအပင်များ များပြားလာသည့် အလျောက် အဆီအနှစ်များလည်း များပြားလာလေသည်။ သို့သော် သူတို့အားလုံးက သီးခြားစီရှိနေကြ၏။

ထိုအိုးကြီးက အလွန်ကြီးမားလေရာ တစ်ခုနှင့် တစ်ခုလည်း ပျံဝဲနေရင်း မတိုက်မိပါချေ။ နေပါဦး။

အဆီအနှစ်များတစ်ခုနှင့် တစ်ခု စတင်‌ ဖြေးဖြေးချင်း ရောစပ်သွားပြီး အရည်အလုံးကြီးဖြစ်သွားလေသည်။ စုရှောင်ရှန်၏ မျက်လုံးမျက်ဆံများပြူးကျယ်သွားပြီး ဤမြင်ကွင်းက ထူးဆန်းသယောင်ယောင် ရင်းနှီးနေသည်ဟု ခံစားလိုက်၏။

ဘုန်း

ပေါက်ကွဲသံတစ်ခုနှင့်အတူ အိုးကြီး တုန်ခါသွား‌လေသည်။ ခေါင်းတစ်လုံးစာလောက်‌ရှိသော အရည်လုံးကြီးက ချက်ခြင်း အစိုင်အခဲအခြေအနေဖြစ်သွားကာ အနက်ရောင် ဘောလုံးကြီးဖြစ်သွား၏။

ခရက်

ထိုဘောလုံးကြီး အက်ကွဲသွားရာ ထူထပ်သည့် ဆေးရနံ့တို့က အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ စုရှောင်ရှန် ပုံမှန်ပဲ အသက်ရှူနေရာ ထိုဆေးများအားလုံးကို ရှူမိတော့မလိုဖြစ်သွားပြီး အလန့်တကြား နှာခေါင်း၊ ပါးစပ်နှင့် ချွေးပေါက်များအားလုံးကို ပိတ်လိုက်ရလေတော့သည်။

ဘုန်းးး

ထို့နောက် ဆေးလုံးလေးများဖြစ်သွားပြီး အိုး၏ အခြေရှိ အပေါက်၌ စွပ်ထားသော ပုလင်းလေးထဲကို ၀င်သွားတော့လေသည်။ ထိုအသံမှတစ်ဆင့် ခန်း‌မှန်းခြေ (၁၀) လုံးကျော်ကျော်လောက်ရှိဟန်ရ၏။

စုရှောင်ရှန် အံ့အားသင့်သွားသည်။ ဆေးဖော်စပ်နေခြင်းပင်လော။

ထို့နောက်မှ ထိုခြေထောက်သုံးခုဖြင့် အိုကြီးကို အသေအချာ ပြန်ဆန်းစစ်ကြည့်လိုက်တော့ ဆေးဖော်စပ်သည့် ဆေးမီးဖိုအိုးကြီးဆိုတာသိလိုက်ရလေတော့သည်။

အကြီးအကဲစန်း မျက်စိကိုဖွင့်ပြီး သူ့ရှေ့ရှိ နှာခေါင်းပိတ်ထားသော လူငယ်လေးကိုကြည့်လိုက်သည်။ အံ့အားသင့်သွားပြီး ဆေးတစ်လုံးကို ထုတ်ယူကာ ရှူကြည့်လိုက်သည်။

“မနံပါဘူးဟ။ ဘာလို့ နှာခေါင်းပိတ်ထားတာတုန်း”

“ဘာမှမဟုတ်ပါဘူး ဟီးဟီး” စုရှောင်ရှန် ထိုအခါမှ နှားခေါင်းပိတ်ထားသော လက်ကို ဖယ်လိုက်ပြီး ကိုယ်နေဟန်ထားကို ပြင်လိုက်၏။

‘အကုန်မရှိုက်လိုက်မိလို့‌ကံကောင်းတယ်… သတိတစ်ချက်လွတ်သွားတာနဲ့ ဒီဆေး(၃၀) ကျော်လောက်ကတော့… ဟင်းးးး’

ထိုသို့ကိုယ့်ဟာကိုယ် တွေးမိပြီး ကြက်သီးမွှေးညှင်းများထောင်ထသွား၏။

“‌ဆိုတော့ ဘာသင်ယူလိုက်ရလဲ” အကြီးအကဲစန်း ဆေးများကို ထုပ်ပိုးလိုက်ပြီး မေးသည်။

စုရှောင်ရှန် အသက်ကိုပြင်းပြင်းရှူလိုက်၏။ ထို့နောက် အံ့အားသင့်နေသော လေသံဖြင့် ဆိုလိုက်သည်။ “ခင်ဗျား ဆေးဖော်နေတာမလား”

အကြီးအကဲစန်း လုပ်နေသည်များရပ်တန့်သွားပြီး စုရှောင်ရှန်အား မယုံကြည်နိုင်သော အကြည့်ဖြင့်ကြည့်လိုက်၏။ “မင်းဒီလောက်အကြာကြီးရပ်နေပြီးမှ ဒါပဲပြောနိုင်တာလား” တအံ့တဩမေးလိုက်၏။

‘ငါမင်းကို ဆေးဖော်တဲ့နည်း ဘာညာမေးနေတာဟ… ဘာတွေကို တစ်ချိန်လုံးကြည့်နေတာလဲ… ဒီအဖိုးကြီးကိုလား’ အကြီးအကဲစန်းတွေးလိုက်သည်။

“အဲ့တာပဲ ဘယ်ဟုတ်မလဲ” စုရှောင်ရှန် အလျှင်အမြန် ထပ်လောင်းပြောလိုက်သည်။

စုရှောင်ရှန် ထိုသို့ပြောလိုက်မှသာ အကြီးအကဲစန်း၏ ကွေးတက်သွားသော စက်ဝိုင်းပုံသဏ္ဌာန် ‌ကောက်ရိုး‌ခမောက် ပြန်ပြေလျော့သွား၏။ အကြီးအကဲစန်း စုရှောင်ရှန်ကို မျှော်လင့်ချက်တကြီးကြည့်လိုက်သည်။ သူ့အမြင်တွင်တော့ စုရှောင်ရှန်က ပါရမီရှိသည်၊ ဒဏ်ခံနိုင်သည်၊ အခြားနယ်ပယ်များအားလုံး၌လည်း ထူးခြားလောက်အောင် တော်သည်။

သူ့ပါရမီမျိုးက ရှာတွေ့နိုင်သော်လည်း ရှားတာကတော့ အလွန့်အလွန် ရှားလေသည်။ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကို ကျင့်ကြံနိုင်သည့် သူက အဘယ်သို့ သူဘာလုပ်နေသည်ကို မမြင်နိုင်ဘဲနေမည်နည်း။

သို့သော် စုရှောင်ရှန်က ချက်ခြင်း အိုးကြီးကို လက်ညှိုးထိုးပြလိုက်ကာ ကျယ်ကျယ်လောင်လောင် ကြေငြာလိုက်သည်။ “ဒါကကြီးက ဆေးမီးဖိုအိုးကြီး”

ဘုတ်

ခလွမ်း

အကြီးအကဲစန်းအငိုက်မိသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားရာပုလင်းအချို့ကို တိုက်မိသွားပြီး ဆေးလုံးများကို ဖိတ်သွားစေ၏။

“မင်းမျက်လုံးတွေ ကန်းနေတာလား။ ဒါကြီးက ဆေးမီးဖိုအိုးကြီး မဟုတ်လို့ ဘာဖြစ်ရမှာလဲ” အကြီးအကဲစန်း အော်လိုက်သည်။

စုရှောင်ရှန် တွန့်သွားပြီး ‘ဘယ်သူက ဒါကြီးကို တစ်ချက်ကြည့်တာနဲ့ ဘယ်သိမှာလဲလို့။ ဒီလိုပေါတောတောနဲ့ ဆေးမီးဖိုအိုးနဲ့ မတူတဲ့ ဆေးမီးဖိုအိုးဆိုတာ ရှိတယ်တောင် ‌မမြင်ဖူးတာ’ သူတွေးလိုက်သည်။

‘ပြီးတော့ ကြီးပြီး မြင့်လည်းမြင့်သေးတယ်… အပြင်ပိုင်းကိုလည်း ကြည့်ပါဦး။ ဖြူပြီး ချောမွေ့နေတာပဲ။ ဘာကနုတ်ကနားမှလည်းမရှိဘူး။ ဒါကြီးက ထောက်(၃) ဖက်နဲ့ ရေချိုးတဲ့ အိုးကြီးနဲ့ပဲ တူတာသိလား… ဘယ်က ဘယ်လို ရှာတွေ့ပြီး ဘာလို့ ဒီလို ဆေးမီးဖိုအိုးကြီး၀ယ်လိုက်တာလဲမသိဘူး။ ထားလိုက်ပါတော့ ခင်ဗျားရဲ့ အကြိုက်က ထူးခြားတယ်လို့ပဲ ယူဆလိုက်ပါတော့မယ်…’

ဆေးမီးဖိုအိုးကြီး ‌အပေါ် သူ့မကောင်းမြင်တဲ့ အတွေးများကို မပြောရဲရာ သူ့စိတ်ထဲ၌သာ အသာထားလိုက်သည်။ ထို့နောက် ခပ်ကုပ်ကုပ်ကလေး တုန့်ပြန်လိုက်၏။

“ကျုပ်အစက ရေချိုးတဲ့အိုးကြီးမှတ်နေတာ…”

“ရေချိုးတဲ့ အိုးဟုတ်လား”

အကြီးအကဲစန်း ဒေါသူပုန်ထသွား၏။

‘အသုံးမကျတဲ့ တပြည့်မိုက်… မင်းရဲ့ ပထမ သင်ခန်းစာမှာတင် ငါ့ကို သွေးတက်ပြီး သေအောင်လုပ်နေတာလား’ တွေးလိုက်သည်။

သူ့ဒေါသကို ထိန်းချုပ်လိုက်ပြီး သူ့ဆေးမီးဖိုအိုးကြီးကိုကြည့်လိုက်သည်။ ကြည့်လေကြည့်လေ စုရှောင်ရှန်ပြောသလို ရေချိုးတဲ့အိုးကြီးနဲ့ တူလေတူလေ ဟုခံစားလိုက်ရသည်။

ထွီးးး

“ဒါက ငရဲမီးတောက် မျိုးဆက်‌တွေဆေးဖော်ဖို့ အထူးပြုလုပ်ထားတဲ့ ဆေးမီးဖိုးအိုးကွ။ မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ပြီး အပူအခံနိုင်ဆုံးဆိုတဲ့ ကျောက်တွေနဲ့ လုပ်ထားတာ… ငရဲမီးတောက် ကောင်းကင်မီးလျှံရဲ့ စွမ်းပကားကို မင်းလည်းသိလောက်ရောပေါ့။ စိတ်ဝိညာဉ်သလင်းကျောက်တွေတောင် တစ်စက္ကန့်လေးတောင် မခံနိုင်ကြဘူး။ ဒီဆေးမီးဖိုအိုးကိုသာ တခြား သတ္တု‌တွေနဲ့ လုပ်ထားရင် ဆေးမပေါ်ခင် အိုးကြီးပဲ အရည်ပျော်ကျသွားလိမ့်မယ်”

“စကားမစပ် ဆေးမီးဖိုအိုးကသာ ကြည့်ရဆိုးနေတာ သူ့တန်ဖိုးက သာမန် ဆေးမီးဖိုအိုးတွေထက် (၁၀) ဆ ပိုများတယ်” ထိုသို့ ရှင်းပြလိုက်ပြီးနောက် အကြီးအကဲစန်းတောင် ပင်ပန်းသွားသည်။

စုရှောင်ရှန်၏ မျက်လုံးများ ၀င်းပသွားပြီး “အဲ့လောက်တောင် ကြမ်းတယ်လား”

“ဒါပေါ့ကွ” အကြီးအကဲစန်း၏ လေသံက ဂုဏ်ယူမှုတို့ဖြင့်ပြည့်နေသည်။

ထို့နောက် စုရှောင်ရှန် ဆေးအိုးကြီးကို ကိုင်ကြည့်လိုက်ရာ အံ့အားသင့်သွားရသည်။ ခုမှ ဆေးတစ်ခါ ဖော်ပြီးလိုက်တာဖြစ်သော်လည်း အပူချိန်က သာမန် အခြေအနေကို ချင်ခြင်းပြန်ကျသွားလေသည်။

ထို့နောက် ဆေးမီးဖိုအိုးကြီးကို ခေါက်ကြည့်ရာ ထွက်လာသော အသံက ထူထပ်သလို ဖျော့တော့နေသည်။ ဆေးမီးဖိုအိုး အလွန် ခိုင်မာကြောင်း သက်သေပင်။

အံ့အားသင့်နေသော အမူအရာဖြင့် စုရှောင်ရှန် အကြီးအကဲစန်းကို လှည့်ပြီးမေးလိုက်သည်။ “ဒီလောက် ခိုင်တဲ့ ဆေးအိုးကြီးဆို တစ်ယောက်ယောက် အပေါ်ကို ပစ်ချလိုက်ရင် သေလောက်အောင် နာမယ်မလား”

အကြီးအကဲစန်း စုရှောင်ရှန်အား နားမလည်သလို ခဏကြည့်လိုက်သည်။ ‌ထို့နောက် သူဘာဆိုလိုချင်သည်ကို သိသွားရာ နဖူး၌ သွေးကြောများထောင်ထလာခဲ့၏။

“စုရှောင်ရှန်… သောက်ပါးစပ်ပိတ်ထားစမ်း”

“…”

အဖိုးကြီးအဘယ်ကြောင့် ဒေါသအလွန်ထွက်သွားရလဲ မသိရာ စုရှောင်ရှန် မတရားသလိုခံစားလိုက်ရသည်။

[တောင်းဆိုခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

Comment

Leave a Reply

Options

not work with dark mode
Reset