Switch Mode

Chapter – 91

ဓားနဲ့ ကံ‌ကြမ္မာ

အပိုင်း (၉၁) ဓားနဲ့ ကံ‌ကြမ္မာ

“ဟင်… ဘယ်လိုသိတာလဲ”

စုရှောင်ရှန် ဤအချင်းအရာကို သူမ သိနေမည်ဟု မထင်မှတ်ထားသည့်အတွက် အံ့အားသင့်သွားသည်။ သို့သော် စုရှင်းရှင်း သူ့ထံကို အလျှင်အမြန်လာပြီး သတိပေးခြင်းကို စဉ်းစားမိသော် သူမ အကုန်သိနေလောက်ကြောင်း သိလိုက်ရသည်။

“အဲ့ဒီလူက တကယ် မနေ့က ညီမလေးအတွက် လာခဲ့တာ” ယခုလို သူမ ပါးစပ်မှ ထွက်လာသည်ကိုကြားသော် အံ့အားသင့်သွားရသည်။

‘နင့်စီလာတာသိတာတောင် ဒီလို ပြုံးနိုင်နေသေးတယ်ပေါ့’ စုရှောင်ရှန် ကသိကအောက်ဖြစ်သွားပြီး တွေးလိုက်သည်။

တစ်ချိန်တည်းမှာလည်း စိတ်ဝိညာဉ်နန်းတော်တစ်ခုလုံးက သူ့ရှေ့က ကလေးမလေးကို ကာကွယ်ဖို့ လူအင်အား အကုန်သုံးရန် ဆုံးဖြတ်ချက်ကြောင့် မှင်သက်သွားရပါသည်။

စုရှင်းရှင်း၏ အမူအရာက “အေးဆေးပါ” ဟု နှစ်သိမ့်နေသယောင်ယောင်ဖြင့် သူမ၏ လက်သေးသေးလေးဖြင့် သူ့ပုခုံးကို ပုတ်လိုက်သညါ။

“ဒီကုန်းမြေကြီးမှာ နာမည်ကြီး ဓား (၂၁) လက်ရှိတာသိတယ်မလား။ ပျောက်သွားတဲ့ ဓားတွေကလွဲပြီး ကျန်‌တာတွေအားလုံးက သန်မာတဲ့ ကိုင်ဆောင်သူတွေရဲ့လက်ထဲမှာ ရှိကြတာ… အရင် နှင်းမြို့တော်ရဲ့အလွမ်း ကိုင်ဆောင်သူက ညီမရဲ့ အဖိုးလေ”

“ငယ်ငယ်လေးတုန်းကဆိုရင် ည‌တိုင်း ညီမကို လုပ်ကြံဖို့ လုပ်ကြံသူတွေ အနည်းဆုံး (၃) သုတ်လောက် ပုံမှန်လာကြတာ။ ဓားကိုလိုချင်‌လို့လေ။ ဒါပေမယ့် ချွင်းချက်မရှိ အကုန်သေကုန်ကြတာပဲ… ဒီလို အခြေအနေကို ရိုးနေပါပြီ” သူမကိုကြည့်ရတာ တကယ် ပူပန်မှုကင်းမဲ့ဟန်ပေါက်လေသည်။

ဤကလေးမလေး ယခုကဲ့သို့ ပြောသည်မှာ ပထမဆုံးအကြီမ်ဖြစ်ရာ စုရှောင်ရှန် အံ့အားသင့်သွားသည်။ စုရှင်းရှင်း သူမ အဖိုး၏ အပြုအမူကို အတူယူသည့်အလား လက်နှစ်ဖက်ကိုနောက်ပစ်လိုက်သည်။

“ညီမရဲ့ အဖိုးက ညီမ (၁၀) နှစ်လောက်ကြတော့ အသည်းအသန် ဖျားသွားတာလေ။ နောက်တော့ လူတိုင်း ဒီဓားရဲ့ နောက်ထပ် ‌ကိုင်ဆောင်သူကို ရွေးချယ်ဖို့ ဓားကို လျှောက်ကိုင်ကြရော… တော်တော်များများကတော့ ညီမရဲ့ အဖေကို မျှော်မှန်းထားကြတာ။ သူလည်း ဒီကိစ္စအတွက် ဆယ်စုနှစ်နဲ့ချီပြီး ပြင်ဆင်လာတာလေ”

“မကြာပါဘူး နောက်တစ်နှစ်‌ ညီမ(၁၁) နှစ်ပြည့်တော့ ဓားက ညီကို ကိုင်ဆောင်သူအဖြစ် အသိအမှတ်ပြုလိုက်တယ်”

သူမ၏ အကြောင်းကို တက်တက်ကြွကြွပြောနေပေမယ့် ထိုအသံအောက်ရှိ ခါးသီးမှုတို့ကို စုရှောင်ရှန် သတိထားမိလိုက်သည်။ သို့ဖြင့် မေးလိုက်၏။ “ဒီလိုနဲ့ လုပ်ကြံသူတွေ ပိုများသွားရောလား”

“ဟုတ်တယ်” စုရှင်းရှင်းခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်၀န်းများက နီရဲလာကာ “ညီမရဲ့အဖေ … သူတို့ကိုပြန်တိုက်ခိုက်ရင်း သေသွားတယ်…”

“တကယ်လို့ ဒီဓားကိုသာ သူကိုင်ဆောင်ခဲ့မယ်ဆိုရင် သေမှာမဟုတ်ဘူး။ နှစ်ချီပြီး သူပြင်ဆင်လာတာတောင်…”

စုရှင်းရှင်း၏ လက်ထဲမှ သား အသာအယာ အသံပေးလိုက်ရာ ၀န်းကျင်တစ်ခုလုံးရှိ အပူချိန် ထိုးကျသွားတော့သည်။ စုရှောင်ရှန် သူမ၏ ခေါင်းလေးကို ပွတ်ပြီး နှစ်သိမ့်လိုက်၏။

“လူတိုင်း အကြောင်းအရာတစ်ခုခုကိုတော့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ရင်ဆိုင်ကြရတာပဲလေ… ဓားက ညီမကို ရွေးချယ်သွားပြီဆိုမှတော့ ဒီဓားကို ကိုင်ဆောင်နိုင်ရမှာပေါ့။ ဒါအတွက်ကြောင့် စိတ်မကောင်းမဖြစ်ပါနဲ့”

သူလည်း ခံစားချက်တို့ဖြင့် မျက်ရည်ဝဲသွားသည်။ ၎င်းက လောကဓံတရား သာဖြစ်သည်။ သင့်ဟာသင် ပြင်ဆင်ထားသည်ဖြစ်ဖြစ် မပြင်ဆင်ထားသည်ဖြစ်ဖြစ် အချိန်တန်ရင်တော့ ဖြစ်ပျက်သွားခြင်းပင်။ အတိတ်ကိုတွေး၍ ၀မ်းနည်းနေရုံမှ တစ်ပါး အခြားမရှိပါလား။

၎င်းကို သည်းခံ၍ ဆက်လက်ရှင်သန်မည်လား ၎င်းကိုကောင်းကောင်းအသုံးချ၍ တဖန်မွေးဖွားနိုင်မည်လားဆိုတာ သင့်ရဲ့ အတွေးနှင့်သာ သက်ဆိုင်လေသည်။ ထိုအရာက သူနှင့် စုရှင်းရှင်းထံဖြစ်ပျက်လာခဲ့၏။

သူလည်း သူ့စိတ်ထဲမှ စနစ်ကို ရှာတွေ့သွားကြပြီး ဘယ်တော့များ အဖမ်းခံရကာ စမ်းသတ်ခံဘ၀ရောက်ရမလဲ မသိ ကြောက်နေရသည်။ စုရှောင်ရှန် အကြီးအကဲစန်းနှင့် မျက်နှာဖုံးတပ်လူတို့ အကြောင်းကို ဆက်စပ်၍တွေးမိလိုက်သည်။ ဆင်တစ်ကောင်လုံးမြင်နေမှတော့ ဆင်ခြေရာ ရှာနေစရာမလိုပါပေ။

ကံကောင်းတာက သူ့စိတ်ထဲမှ အရာကို အများမသိခြင်းပေ။ တစ်ယောက်ယောက်က တစ်ခုခုကို ထောက်လှမ်းမိပြီး ထူးဆန်းတာတွေ့တယ်ဆိုရင်လည်း ထိုသို့သော ကိစ္စမျိုးကို ‘ပါရမီရှင်’၊ ‘ကြိုးစားခြင်း’ စသည်တို့ဖြင့် ရွှီးလိုက်ရသေးသည်။

စုရှင်းရှင်းကတော့ သူ့လိုမဟုတ်ပေ။ သူမက နာမည်ကြီးဓားတစ်လက်ကို ကိုင်ဆောင်သူဖြစ်သည်။ ၎င်းက လူအများသိကြသည့် အချက်ဖြစ်သည်။ သူမရှေ့က ဆူးခင်းလမ်းက စိတ်ဝိညာဉ်ကျင့်ကြံခြင်း တစ်ကမ္ဘာလုံးဖြစ်သည်။

၎င်းကို ‘ကံကြမ္မာ’ ဟုဆိုခြင်းထက် ‘၀ဠ်ကြွေး’ ဟုဆိုရလျှင် ပိုမှန်မည်။

တစ်ချို့ တစ်ချို့သော လူတွေက မွေးကတည်းကစ အချို့သောအရာတွေကို ထမ်းဆောင်ဖို့ ကံပါလာကြပြီးသားဖြစ်သည်။ စုရှောင်ရှန် ကလေးမလေးကို နှစ်သိမ့်ရန်အလို့ငှာ ရင်ခွင်ထဲထည့်ဖက်လိုက်သည်။ သို့သော် ၎င်းက အများအမြင်တွင်တော့ အခြားအကြောင်းအရာတစ်ခု ဖြစ်နေပေသည်။

“လခွေး… စုရှောင်ရှန် … အရိုင်းအဆိုင်းကောင်”

“စုရှင်းရှင်းက ကလေးပဲရှိသေးတာကွ။ မင်းဘာလုပ်တာလဲ”

“စုရှောင်ရှန် ရပ်လိုက်စမ်း။ မင်းက အတွင်းစည်းဂိုဏ်းသားတောင်မဟုတ်သေးဘူး။ အတွင်းစည်းဂိုဏ်းသူကို မဟုတ်တာတွေလုပ်နေပြီ”

“အားးးး… ငါလည်း စုရှောင်ရှန်အဲ့လို ဖက်တာခံချင်တယ်….”

စုရှောင်ရှန် ရှက်ကိုးရှက်ကန်းနှင့် စုရှင်းရှင်းကိုလွှတ်ပေးလိုက်သည်။ ထိုကလေးမလည်း ရှက်နေသည်။

“ကောင်းကင်ကိုသွားရအောင်… ဒီသေမျိုးတွေ…”

စုရှောင်ရှန် ဓားပြောင်းပြန်ညှို့ခြင်းကို အသုံးပြုပြီး ကောင်း‌ကင်ပေါ် ပျံတက်သွားလိုက်သည်။ လူတိုင်း သူတို့နှစ်ဦး တစ်စ တစ်စ အထက်သို့တက်သွားသည်ကို နားမလည်နိုင်စွာကြည့်လိုက်ကြ၏။

‘မင်းက ပျံနိုင်တယ်ဆိုပြီး ငါတို့ကို အထင်သေးတာလား’ သူတို့တွေးလိုက်သည်။

“ချီးပဲ စုရှောင်ရှန်”

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁၁၃]

[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၆၉]

“…”

သူတို့နှစ်ဦး ပျံသန်းရင်း စကားပြောရင်းနှင့် မကြာခင် အတွင်းစည်းသို့တောင် ရောက်သွားသည်။ အတွင်းစည်းရှိ လူတစ်ချို့ကို သတိထားရန် သူမ၏ အကိုရှောင်ရှန်ကို သတိပေးရန် ပန်းတိုင် ပြီးဆုံးသွားသောကြောင့် စုရှင်းရှင်းလည်း ထွက်သွားလိုက်သည်။

သူမကို လိုက်ပို့ပြီးသည့်အချိန် သူ၏ ပင်ကိုယ်မှတ်များက (၅၀၀၀) ပင်ကျော်သွားခဲ့ပြီဖြစ်သည်။

စုရှောင်ရှန် ပျော်ရွှင်စွာ မြေပြင်ပေါ်ဆင်းလိုက်သည်။

၎င်းက ပင်ကိုယ်မှတ်ရှာရန် နည်းလမ်းကောင်းဖြစ်ကြောင်း သိလိုက်၏။ အနာဂါတ်၌ လေပေါ်၌ တိုက်လိုက်ရန် လိုလိမ့်မည်မဟုတ်သော်လည်း ပြစားလို့ရသေးသည်။ ပျံသန်းနိုင်စွမ်းမရှိသည့် အပြင်စည်း၌ ပျံသန်းနိုင်သည်ဆိုသည်ကိုက အားကျမှုများကြောင့် သူ့ကို ပင်ကိုယ်မှတ် အလုံးအခဲလိုက် ပေးပြီးဖြစ်သည်။

တစ်စုံတစ်ခုကို တွေးမိသွားပြီး အတွင်းစည်းအဝင်၀ ကိုအကြာကြီးကြည့်နေမိလိုက်သည်။ ၎င်းက မကြီးကျယ် မခမ်းနားပါပေ။ အစီအရင်လည်းမရှိကာ အစောင့်များလည်း မရှ်ိပေ။

စည်းမျဉ်းစည်းကမ်းချက်များအရ အပြင်စည်းဂိုဏ်းသားများ အတွင်းသို့ ၀င်ခွင့်မရှိပါပေ။ ခိုး၀င်လို့ ဖမ်းမိသွားလျှင် ပြင်းထန်သော ပြစ်ဒဏ်များကို ခံရပေမည်။ သို့တောင်မှ စုရှောင်ရှန် ခြေချကြည့်လိုက်သည်။

ထိုခြေတစ်လှမ်းက ကမ္ဘာခြားသွားသည့်အလားပင်။ စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းမှုက မြင့်မားသော်လည်း အသက်ရှူခြင်းနည်းစနစ်ကို အဆင့်မြှင့်ထားသည့် သူ့အတွက်ကတော့ တစ်ကိုယ်လုံး ယားယံသလိုလို မချိမဆံ့ခံစားရ၏။ သက်တောင့်သက်သာ ခံစားရပြီး တစ်ချန်တည်း အနေလည်းခက်ပေသည်။

ဤအချက်များကြောင့် အသက်ရှူခြင်းနည်းစနစ်ကို အဆင့်မြှင့်ရန် အလွန်အမင်း တုံ့ဆိုင်းရခြင်းပင်။ နေထိုင်ရှင်သန်သည့် ၀န်းကျင်အနေအထားပြောင်းလဲရခြင်းက အရာအားလုံးကို အသစ်မှ အသားကျအောင် ပြန်စရသလိုပင်။ သို့သော်လည်း ၎င်းကို သည်းခံရန်လိုအပ်ပေသည်။ သူ့လက်ကို ကျစ်ကျစ်ဆုပ်ပြီး အကောင်းဆုံး တောင့်ခံလိုက်သည်။

အူးးး

သူတောင့်မခံနိုင်တော့ရာ တင်းမာနေသော အကြောများ ပြောလျော့သွားပြီး ညည်းသံသဲ့သဲ့လေးထွက်သွား၏။ သို့ဖြင့် နေထွက်လာသည့်နောက်ခံနှင့် အကြီးအကဲစန်းကို ဆရာတင်လိုက်သည့် အချိန်ကို ပြန်မြင်ယောင်သွားသည်။ ၎င်းကို ပုံရိပ်ယောင်လို အိပ်မက်လိုလို ခံစားရ၏။

အကြီးအကဲစန်းက သူ့နာမည်အတိုင်း အလွန်အမင်း အစွန်းရောက်သော တမူထူးခြားသည့်လူ‌ဖြစ်သည်။ အစဉ်အလာပြီးသည်နှင့် စည်းမျဉ်းစည်းကမ်းများ စ၍ ချမှတ်တော့၏။

ပထမအချက်အနေဖြင့် စုရှောင်ရှန်က သူ့ကို “ဆရာ” ခေါ်၍မရပေ။ ဒုတိယအချက်အနေဖြင့် မည်သူ့ကိုမှ သူတို့၏ ဆက်နွယ်ချက်ကို ပြောပြ၍မရပေ။ တတိယအချက်ကတော့ အကြီးအကဲစန်းကို (၃) ရက်အတွင်း စိတ်ဝိညာဉ်စာကြည့်တိုက် ဌာန ၌ သွားရောက်တွေ့ဆုံရန်ဖြစ်သည်။

စုရှောင်ရှန် ပထမနှစ်ချက်ဖြင့်တော့ အဆင်ပြေသည်။ တတိယအချက်ကတော့ သူ့ကို အကြံအိုက်စေ၏။ အကြီးအကဲစန်းက သူ၏ ဆရာဟုဆိုစေဦးတော့ ထိုအဖိုးကြီးကို သူကိုယ်တိုင်သွားတွေ့ရမည်‌ဟူသောအတွေးက သူ့ကို ကင်ဆာရစေသည်။

အဆိုပါ အဖိုးကြီးက စည်းကမ်းချမှတ်လိုက်လေရာ သူငြင်းပယ်လို့မရပါချေ။ မဟုတ်ပဲ ကိုယ့်ဟာကိုယ် အိမ်တစ်လုံးဆောက်ပြီးပုန်းနေကာမှ ထိုအဖိုးကြီး ရှာတွေ့သွားလျှင် ဂွမ်းချေပြီ။

“ထားလိုက်ပါတော့။ လုပ်လိုက်ရင် ပြီးသွားတာပဲ။ အကြီးအကဲစန်းနဲ့တွေ့ပြီးမှာပဲ စိတ်ဝိညာဉ်အထွေထွေ ရေးရာဌာနမှာ တာ၀န်ကပ်တော့မယ်”

ထိုသို့တွေးမိပြီး ခြေလှမ်းမြန်မြန်လှမ်းပြီးလိုက်ရာ မကြာခင် အိုဟောင်းနေသော (၃) ထပ်ဆောင်စီရောက်လာတော့သည်။

စိတ်ဝိညာဉ်စာကြည့်တိုက်ဌာန

အနီးသို့ရောက်သွားသော် ကာထားသည့် အစီအရင်က မရှိတော့ကာ အဆောက်အဦး၏ တံခါးမကြီးကလည်း ပွင့်နေတော့သည်။

စုရှောင်ရှန် အထင်ကြီးသွားပြီး ‘ကြည့်စရာမလိုဘဲ ငါလာမယ်ဆိုတာ သိနေတယ်ပေါ့လေ’ တွေးလိုက်သည်။ ထို့နောက် သတ္တိခဲကာ အဆောက်အဦး အတွင်းသို့ ၀င်လိုက်၏။ ပထမအလွှာ၌ ရင်းနှီးရပါသော စာအုပ်စင်များကို တွေ့လိုက်ရလေသည်။ ၎င်းတို့ကို ‌လမ်းလျှောက်ရင်း ကိုင်ကြည့်လိုက်၏။

“တတိယအလွှာကိုလာခဲ့” သူ့စိတ်ထဲ၌ စိတ်မရှည်ဖြစ်နေဟန်ရသော အသံတစ်သံကို ကြားလိုက်ရသည်။

တတိယအလွှာ ဟုတ်လား။ စုရှောင်ရှန် ထိုစကားကို ကြားလိုက်သည့်နေရာမှ စာအုပ်တစ်အုပ်ကို ယူကာ ခါကြည့်လိုက်သည်။ သို့သော် ထင်ထားသည့်အတိုင်း မည်သည်မှ ကျမလာပါ။

သူပြန်စဉ်းစားကြည့်ရသလောက်ဆို ယခင်တစ်ခေါင်က ရှောင်ချိစွေက တတိယအလွှာသို့ မသွားရန် အလေးပေးပြောကြားခဲ့လေရာ အားလုံးအတွက် တတိယအလွှာက ဆန်းကြယ်သည့် အရာဖြစ်ခဲ့သည်။ အစကနဦးက ထိုအလွှာ၌ အရှင်သခင် နယ်ပယ် နည်းစနစ်တွေ သိမ်းထားသည်ဟု တွေးထားခဲ့သော်လည်း ယခု ကြည့်ရသလောက်တော့ အကြီးအကဲစန်း နေသည့် နေရာဖြစ်လောက်သည်။

‘စာကြည့်တိုက်မှူးအတွက် အခန်းသီးသန့်ပြင်ဆင်ပေးတာ မဆန်းပါဘူး’ သူတွေးလိုက်သည်။

ရှပ် ရှပ် ရှပ်

ဒုတိယအလွှာသို့ရောက်သော် စုရှောင်ရှန်၏ ခြေလှမ်းများ စက်ကွင်းများ၏ ဆွဲဆောင်မှုကြောင့် ရပ်တန့်သွားရသည်။ ယခင်တစ်ခေါက်လာတုန်းက အလွန်လိမ္မာစွာ ပြုမူခဲ့သဖြင့် ပထပအလွှာ၌သာ နေခဲ့ပြီး ဒုတိယအလွှာမည်သို့ရှိမှန်းကိုပင် မသိရပါချေ။ သို့ဖြင့် ဤသို့ ရိုးရှင်းလှမည်ဟု မထင်ထားပါချေ။ စာအုပ်စင်များမရှိဘဲ စက်ကွင်းများသာ ရှိလေသည်။

“ဒါဘာတွေလဲမသိဘူး” သူတွေးလိုက်သည်။

သိလိုစိတ်ဖြင့် အနီးကပ်သွားကြည့်လိုက်၏။

“တတိယအလွှာ” မိုးချိန်းသံအလား ဟိန်းသံကြီး နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်၏။ စုရှောင်ရှန် မကျေမနပ်ဖြစ်သွားသည်။

‘ဘာလို့လောနေတာလဲဟ… တတိယအလွှာမှာ နောက်ထပ် ပြန်၀င်စားရ‌မှာမို့လို့လား ဘာလား… စည်းမျဉ်းက ပြောတာက သုံးရက်အတွင်း လာတွေ့ပါ‌ပဲလေ… အချိန်မတိုင်ခင် နှစ်ရက်လောက် ဒီစာတွေကို ဖတ်ကြည့်လို့မရဘူးလား… ဘဝနှစ်ခုလုံးမှာ ရှားရှားပါးပါး ဒီတစ်ခါပဲ စာကို စိတ်၀င်စားမိတာပါ’ သူတွေးလိုက်သည်။

ထို့နောက် တတိယအလွှာသို့ အပြေးလေးသွားလိုက်၏။

“လာနေပါပြီလို့”

Comment

Leave a Reply

Options

not work with dark mode
Reset