Switch Mode

Chapter – 90

နှင်းမြို့တော်၏ အလွမ်း

အပိုင်း (၉၀) နှင်းမြို့တော်၏ အလွမ်း

စုရှင်းရှင်း သူ့ကိုပေးသည့် အချက်အလက်များက အလွန် အရေးပါလေသည်။ ရုတ်တရက် ဖုန်းကုန်းတို့ ရှောင်းယီတို့နောက်၌ အတွင်းစည်းထိပ်သီး (၃၃) ဦးက ကြိုးကိုင်နေသည်ကို သိလိုက်ရသည်။ ပိုဆိုးတာက စိတ်ဝိညာဉ်နန်းတော်မှလည်း ထွက်ပြေး၍ မရခြင်းပေ။ ကျန်းနှင့် ၀မ်မျိုးနွယ်စုတို့က ပြံးပြုံးကြီး လာပါ လာပါ လက်ပြကြိုဆိုနေကြသည်။

သာမန်ပြိုင်ပွဲတစ်ပွဲက ဤမျှ ကြီးမားသော ပြဿနာကြီးဖြစ်သွားစေမည်ဟု မည်သူကထင်မည်နည်း။ စုရှောင်ရှန် ဦးနှောက်ခြောက်သွားသည်။

“အဲ့ချီးကောင် ၀မ်ချောင် စလိုက်တဲ့ ပြဿနာကွာ…” စုရှောင်ရှန် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင် အတွေးနက်သွားသည်။

စုရှင်းရှင်း တစ်ယောက် စုရှောင်ရှန် ကိုကြည့်ပြီး အပူသျှပ်တာ ထိုမျှ ဆိုးသလား စိုးရိမ်သွားသည်။ တစ်ခဏတာ တွေးပြီးသော်လည်း အကြံအိုက်နေရာ ထိုကိစ္စကို ဘေးထိုးထားလိုက်တော့သည်။

ပြဿနာတွေ စောစောသိတော့လည်း စောစောပြင်ဆင်ထားရတာပေါ့။ သူလည်း မကြာခင် ထိုကိစ္စများနှင့် ရင်ဆိုင်ရမည်မဟုတ်လား။ သူသန်မာလာသည်နှင့် ရင်ဆုံကြုံတွေ့ရမည့် အခက်အခဲနှင့် ဒုက္ခတွေကလည်း ဖြေးဖြေးကြီးထွားလာမည်သာ။

“ငါအဆင်ပြေပါတယ်”

စုရှင်းရှင်းကို စိတ်လျော့ရန်ပြောပြီးနောက် သူမနောက်၌ လွယ်ထားသော ဓားကြီးကို တွေ့လိုက်ရာ အကြီးအကဲစန်းနှင့် မျက်နှာဖုံးတပ်လူတို့၏ စကားဝိုင်းကိုပြန်သတိရသွားသည်။

“ဒီဓားကို ကြည့်ကြည့်လို့မရလား”

“ရတယ်လေ ရော့”

တုန့်ဆိုင်ခြင်းအလျှင်းမရှိ စုရှင်းရှင်း နောက်၌လွယ်ထားသော ဓားကြီးကို စုရှောင်ရှန်ထံ ကမ်းပေးလိုက်သည်။ “ဒီဓားကသူ့အကြိုက်နဲ့သူဆိုတော့ အကို့ကို မနှစ်သက်လောက်ဘူး”

“တကယ်လား” စုရှောင်ရှန် ထိုဓားအပေါ်ကို လက်တင်ကြည့်လိုက်ရာ ၎င်းက ရုတ်တရက်တုန်ခါသွားလေသည်။ ဓာတ်လိုက်ခံရသည့်အလား ခံစားလိုက်ရရာ တွန့်သွားပြီး စုရှောင်ရှန် သူ့လက်ကို ပြန်ဆွဲလိုက်သည်။ “အလို့ ကြောက်စရာကြီး”

“ကိုယ်ပိုင် အသိစိတ်ရှိတဲ့ ဓားတွေကို ဒီလိုပဲလေ။ ဓားက ပိုသန်မာလေ သူ့အသိစိတ်က ပိုရင့်ကျက်‌ လေပဲ” စုရှင်းရှင်း နားရွက်တက်ချိန်‌မတတ် ပြုံး၍ ဆိုသည်။

စုရှောင်ရှန် ဤသည်ကိုကြားသော် တိတ်တခိုးနာကျင်ခြင်းကိုထုတ်ယူပြီး ပြုံးဖြဲဖြဲလုပ်ကာ “ဒါဆို အကို့ဓားလည်း ကိုယ်ပိုင်အသိစိတ်ရှိလောက်တယ်”

စုရှောင်ရှန်၏ လက်ထဲမှ ဓားက အဆင့်(၉) စိတ်ဝိညာဉ်ဓားတစ်ချောင်းသာဖြစ်ရာ စုရှောင်ရှန်၏အဆိုကြောင့် စုရှင်းရှင်း စိတ်၀င်စားသွားသည်။ အဆင့်(၉) စိတ်ဝိညာဉ်ဓားက ကိုယ်ပိုင် အသိစိတ်ရှိပါမည်လော။

“ဒီမှာကြည့်”

စုရှောင်ရှန် ဓားထိပ်ကို သူ့ဘက်သို့ ထိုးပြလိုက်ရာ ဘာမှ တကူးတက လုပ်စရာမလိုဘဲ အနက်ရောင်ဓားက ချက်ခြင်း စူးရှရှ အသံပေးပြီး တုန်ရင်လာခဲ့သည်။

ရွှင်းးးးး

ထို့နောက် ဓားကို ပြန်လှည့်လိုက်ရာ တုန်ခါနေမှု ရပ်တန့်သွား၏။

ရွှီးး…

ဤသို့သော ထူးဆန်းသည့် ဓား၏ ကိုယ်ပိုင်အသိစိတ်ကြောင့် စုရှင်းရှင်း ဇဝေဇဝါဖြစ်သွားသည်။

[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“မယုံဘူးပေါ့… ဒီတစ်ခါ သေချာကြည့်” စုရှောင်ရှန် နှာခေါင်းရှုံ့လိုက်သည်။

အနက်ရောင်ဓားကို ပြန်လှည့်လိုက်ရာ

ရွှင်းး

ရွှီး…

ရွှင်းး

ရွှီး…

ဤတမူထူးခြားသည့် အခြေအနေကြောင့် ဘာပြောရမှန်းမသိ ပြောစရာစကားများ စုရှင်းရှင်း ပျောက်ရှသွားသည်။ ‘ဘာလဲဟ…’ ‌သူမ တွေးလိုက်၏။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁၃]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၇]

“…”

ပင်ကိုယ်မှတ်များ အများကြီးရလာသောကြောင့် ၎င်းက စုရှောင်ရှန်၏ အံ့အားသင့်ရသည့် အလှည့်ဖြစ်သည်။ သူလှည့်ပတ်ကြည့်လိုက်ရာ အခြား အနီးအနားရှိ ကျင့်ကြံနေကြသည့် သူများ သူနှင့် စုရှင်းရှင်းကို ဝိုင်းကြည့်နေတာ တွေ့လိုက်ရ၏။

စုရှင်းရှင်းကို သူတို့ထဲမှ အချို့သိကြလေရာ အပြင်စည်း၏ ဗိုလ်နှင့် အတွင်းစည်း စုရှင်းရှင်းတို့ ငန်းရေကန်‌၌ရောက်နေသည်ဟူသော သတင်းက အလျှင်အမြန်ပြန့်သွားခဲ့လေသည်။ ၎င်းက သတင်ကြီးဖြစ်သည်။ သို့ဖြင့် လာရောက် စပ်စုသူများ တိုးမြင့်လာခဲ့၏။

စုရှင်းရှင်းက အေးဆေးပင်။ ဤသို့ လူအများ၏ အာရုံစိုက်တာ ခံရခြင်းက သူမအတွက်တော့ ရိုနေပေပြီ။ ပါရမီရှင်များ ဘယ်သွားသွား လူအများ၏ အာရုံကိုဆွဲဆောင်နိုင်ခြင်းက သဘာ၀ပင်မဟုတ်ပါလား။ စုရှောင်ရှန်လည်း အေးဆေးပင်။ လူများလျှင် ပင်ကိုယ်မှတ်များ များများရ၍ သူက ပို၍ပင်ပျော်နေသေးသည်။

ထိုသူများ၏ အကြည့်ကို လစ်လျူရှူကာ တုန်ခါနေသော ဓားကြီးကို အားသုံး မလိုက်သည်။ ထိုဓားကြီးကို အနီးကပ်သေချာ မဆန်းစစ်ကြည့်ရခင်ပင် ၎င်းက ရုတ်တရက် သူ့လက်ထဲမှ ရုန်းထွက်သွားပြီး စုရှင်းရှင်း နောက်၌ လွယ်ထားသော ဓားအိမ်ကြီးထဲ ပျံ ၀င်သွား၏။

စုရှောင်ရှန် ဤအချင်းအရာကြောင့် ကြက်သေသေသွားသည်။ သူ့လက်ထဲမှ တိတ်တခိုးနာကျင်ခြင်းကိုလည်း ‘သူများဓားတွေများဆိုရင်’ ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

‘အဲ့ဓားကိုကြည့်ပါလား။ မင်းလို ကိုင်ဆောင်သူကို ဒုက္ခမပေးတဲ့အပြင် သိတတ်သေးတယ်။ အဲ့တာမှ ကိုယ်ပိုင်အသိစိတ်ရှိတယ်ဆိုတာ’

စုရှင်းရှင်း ကလေးလို ပြုံးလိုက်ပြီး ဓားကြီးကို ဆွဲထုတ်ကာ စုရှောင်ရှန်ကို ပြန်ကမ်းပေးလိုက်သည်။

“လိမ္မာစမ်းပါ”

ဓားကြီးက တုန်ခါတော့မည့်စဲစဲ စုရှင်းရှင်း၏ စကားသံကြောင့် တိတ်ဆိတ်သွားလေသည်။ စုရှောင်ရှန် သူတွေ့လိုက်ရသည့် မြင်ကွင်းကို အထင်ကြီးသွားပြီး သူ့ဓားကို ‘ကြည့်ပါလား’ ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

စုရှင်းရှင်း၏ ဓားက လုံး၀ ‌နှင်းနုရောင်ဖြူဖွေးကာ မထင်ထားရလောက်အောင် ထူပြီး လေးသည်။ ၎င်းက ဓားကြီးဆိုတာထက် လေးထောင့်ချိုးကျောက်ခဲပြားကြီးနှင့်တူသည်။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ဖြင့်တောင် ထိုဓားကို မရတာ ‌လေးသလိုလို ခံစားရ၏။

“ဓားကောင်းတစ်လက်ပဲ” သူ့လက်ထဲမှ ဓားကြီးမှာ တိတ်တခိုးနာကျင်ခြင်းထက် အဆပေါင်းများစွာ သာလွန်လေရာ စုရှောင်ရှန် မနေနိုင်ဘဲ မြှောက်ပင့်လိုက်သည်။ ၎င်းတို့ကို သူသွား၍တောင် မယှဉ်ကြည့်သင့်ပေ။

ဓားကြီးကို သေချာကြည့်ရင်း ဓားကြီးက လွမ်းသလိုလို ဆွေးသလိုလို ခံစားနေရသလိုလို စုရှောင်ရှန် ခံစားလိုက်ရသည်။ သို့ဖြင့် နစ်မျောသွားပြီး ရှေးဟောင်းအုတ်ဂူတစ်ခုခုလို အရာကြီးကိုတွေ့လိုက်ရသည်။ ဘေးဘီ ဝဲလယ်ကို လှည့်ကြည့်လိုက်ရာတွင်လည်း အဆုံးမရှိသကဲ့သို့ နှင်းများဖုံးလွှမ်းနေသော နေရာ တစ်ခုကိုသာ တွေ့လိုက်ရ၏။ ထိုအုတ်ဂူကြီးက အထီးကျန်ဆန်မှု၊ ဆွေးမြေ့မှုတို့နှင့် ဖုံးလွှမ်းနေလေသည်။

သူမြင်နေရသည်မျာ ‌တဖြေးဖြေးဝေဝါးလာပြီး နောက်ဆုံးပျောက်ကွယ်သွားကာ သူ့လက်ထဲရှိ ဓားကြီးသာ ကျန်ခဲ့လေသည်။ စုရှောင်ရှန် ခေါင်းခါရမ်းရင်း ‌ထိုဓားထံမှ အကြည့် လွှဲလိုက်သည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၆၄]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၈၉]

‘ဟာ… ဘာဖြစ်သွားတာလဲ’ သူတွေးလိုက်သည်။

သူ့မြင်ကွင်း၌ ရေခဲအလွှာဖြင့် ဖုံးလွှမ်းထားသော ငန်းရေကန်ကိုတွေ့လိုက်ရသည်။

‘လခွမ်း… နွေရာသီမှာ နေခေါင်ခေါင်ပူနေတာကို ဘယ်က နှင်းတွေကျလာတာလဲဟ’

“အကို ရှောင်ရှန်… အကို” ထို့နောက် သူ့ကို စိုးရိမ်ပူပန်တကြီးခေါ်နေသည့် စုရှင်းရှင်း၏ အသံကြောင့် အသိပြန်လည်သွားလေသည်။ ချက်ခြင်း သူ့၀န်းကျင်ရှိ ဆူညံသူများကို ကြားလိုက်ရတော့သည်။

“လခွမ်း… ဘာလို့ ရုတ်တရက် ချမ်းစိမ့်စိမ့်ကြီးဖြစ်လာတာလဲဟ။ ငါ့ဝိညာဉ်တောင် အေးခဲသွားတော့မလိုလိုနဲ့”

“ကြည့်ကြဦး ရေကန်က ခဲသွားပြီ”

“စုရှောင်ရှန် ရှိနေမှတော့ တမူထူးခြားတာ မဖြစ်လာစရာကိုအကြောင်းမရှိတာ။ ဘာဖြစ်သွားတယ်လဲပဲ မသိရတာ”

“တစ်ယောက်ယောက် အသိဉာဏ်ကြွယ်၀တဲ့ သူတွေ အလင်းပြကြပါဟ။ ငါဒီမှာ ကြောင်နေပြီ”

မည်သူမှ မတုန့်ပြန်ပါပေ။ သူတို့လည်း ပဟေဠိဖြစ်သလို စုရှောင်ရှန်လည်း နားမလည်နိုင်ဖြစ်နေသည်။

စုရှင်းရှင်းသာ အံ့‌အားသင့်နေသည့် တစ်ဦးတည်းသောသူပင်။ “အကိုလဲ မြင်ရတာလား”

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် “ဟုတ်သား။ အကို့မှာလည်း စစ်မှန်ခြင်းဓားဆန္ဒရှိနေတာပဲ”

သူ့စိတ်ထဲမှ တုန်လှုပ်နေမှုကြီးကို ဖုန်းကွယ်ထားလိုက်ပြီး ဒါ နာမည်ကြီး ဓားတစ်လက်ပါလားဟု တွေးလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်း၏ ကမ္ဘာငယ်လေးထဲသို့ ဆွဲခေါ်သွားနိုင်၏။

“နှင်းမြို့တော်ရဲ့ အလွမ်းက… သင်္ချိုင်းဂူကြီး တစ်ခုလား”

“ဟုတ်တယ်” စုရှင်းရှင်း မငြင်းပါ။

“သူ့နောက်ကွယ်က ဇာတ်ကြောင်းလေးကို ပြောပြပါလား” ဤဓားကြီးတွင် သူ့ပုံပြင်နှင့် သူ ရှိသည်ဟု စုရှောင်ရှန် ခံစားလိုက်ရသည်။

သူမအဖိုးမှ လွဲ၍ အခြားတစ်စုံတစ်ယောက်က သူမ ပုံပြင်ပြောပြတာ နားထောင်ချင်မည်ဟု မထင်ထား၍ စုရှင်းရှင်း ပျော်ရွှင်စွာ ခိုးခိုးခစ်ခစ် ရယ်လိုက်သည်။

ထို့နောက် ဓားကြီးကို ပြန်ယူပြီး ၎င်း၏ မျက်နှာပြင်ကိုပွတ်လိုက်သည်။ ဓားကြီးက ကျေနပ်နေသည့်အလား အသံသာသာလေးပေးလိုက်၏။

“ဟိုးရှေးရှေးတုန်းက ချန်းရွှယ် လို့ခေါ်တဲ့ ဓားသူတော်စင် တစ်ပါးရှိတယ်တဲ့… သူ့မှာလည်း နောက်ထပ် ဓားသူတော်စင် သူငယ်ချင်းတစ်ယောက်ရှိတယ်။ အဲ့ဒီ သူငယ်ချင်းက သတ်ဖြတ်ခြင်း အနုပညာကိုလိုက်စားတော့ သူ့ကို သတ်ဖြတ်သူဓား‌သူတော်စင်လို့ အများက သိကြတယ်”

“တစ်နေ့တော့ မိစ္ဆာလမ်းစဉ်မှာကျရုံးသွားပြီး စိတ်ဖောက်ပြန်ပါလေရော။ အဲ့လိုနဲ့ပဲ ချန်းရွှယ်ကို မတော်တဆ သတ်မိသွားတယ်။ သူ့အသိပြန်၀င်လာတော့ သတ်ဖြတ်သူဓားသူတော်စင်က အတော်နာကျင်ပြီး နောင်တရသွားတာပေါ့။ ဒါနဲ့ ချန်းရွှယ်ကို လွှမ်းဆွတ် ဆွေးမြေ့ခြင်း အထိန်းအမှတ်နဲ့ ချန်းရွှယ်ရဲ့ဓားကို သင်္ချိုင်းဂူ ကျောက်ပြားတစ်ချပ်အနေနဲ့ ထောင်ထားခဲ့တာ”

စုရှောင်ရှန် ဂရုတစိုက်နားထောင်‌နေသော်လည်း ထိုမျှ ပြောပြီးသည့်နောက် စုရှင်းရှင်းက ထပ်မဆက်ပါတော့ချေ။

“ပြီးပြီလား”

“အင်း” ထို့နောက် ပဟေဠိဖြစ်နေသော အမူအရာဖြင့် စုရှောင်ရှန်ကို “နှင်းမြို့တော်ရဲ့ အလွမ်း ပုံပြင် ဒီလောက်ပဲလေ… တစ်ခုခု မေ့ကျန်နေခဲ့လို့လား”

“…”

စုရှောင်ရှန် စွံ့အသွားသလို တင်းတိမ်သလိုလဲ မခံစားလိုပါရပေ။ ပုံပြင်က တဲ့တိုးစံပြီး ပြောချင်သည့် အရာကို တန်းရောက်သော်လည်း နေလို့်ကောင်းဖြစ်နေသည်။ ပုံပြင်ဆိုတာ ပုံပြင်ထက် ရှည်ရမယ်မဟုတ်လား။ အသေးစိတ် အချက်အလက်တွေ ခွေးစားသွားသနည်း။ ဓားသူတော်စင် ကျရှုံးခန်းက ဆွေးမြွေ့နာကျဉ်းဖွယ်ရာကောင်းပြီး သဲထိတ်ရင်ဖိုဖွယ်ရာ ဖြစ်နေရမည်မဟုတ်ဘူးပေလော။

အဘယ်ကြောင့် အသေးစိတ်အချက်အလက်များကို ကျော်သွားရသနည်း။ ယခုဟာက အတ္ထုပတ္တိထဲ စကားချီခန်းထက်တောင် ပိုတိုနေသည်။

“မဆိုးဘူး… လိုရင်းတိုရှင်းပဲ ကြိုက်တယ်”

အထင်မကြီးဘဲ မနေနိုင်တော့ကာ သိချင်သည်ကို ထပ်မေးလိုက်သည်။ “ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်မှာ ဒီထက် ပိုတန်ဖိုးကြီးတဲ့ ဓားရှိလာ”

စုရှောင်ရှန်၏ မြောက်ပင့်စကားကြောင့် စုရှင်းရှင်း ၀င်းပစွာပြုံးလိုက်သည်။ ထို့နောက် ခေါင်းကိုရမ်းကာ အသာဖြေလိုက်၏။ “မရှိဘူး”

“သေချာစဉ်းစားစမ်းပါ။ ဒီဓားထက် ပိုတန်ဖိုးကြီးတဲ့ဟာ တစ်ခုခု ရှိကိုရှိရမှာပါ” စုရှောင်ရှန် လေးလေးနက်နက်ဆိုသည်။

စုရှင်းရှင်း၏ အပြုံးအေးခဲသွားပြီး ခေါင်းကလေးကို စောင်းကာ သေချာစဉ်းစားလိုက်ပြီးနောက် အလေးအနက် ဖြေလိုက်သည်။ “မရှိဘူး”

“တကယ်ကြီးလား”

“တကယ်”

၎င်းက ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို တွေဝေသွားပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားတော့သည်။

အကယ်၍ ၎င်းသာ အမှန်ဖြစ်ပါက မျက်နှာဖုံးတပ်လူရှာနေသည့် ဓားက စုရှင်းရှင်း၏ နှင်းမြို့တော်၏ အလွမ်းဖြစ်ပေလိမ့်မည်။ ထိုလူက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ရှိ ဆရာကြီးများတောင် ပေါင်း၍ အနိုင်မယူနိုင်သည့်သူဖြစ်သည်။ စုရှင်းရှင်းကို ပစ်မှတ်ထားနေလျှင် ဘာဖြစ်လာမည်နည်း။

“ချီး…” စုရှောင်ရှန် စိုးရိမ်ပူပန်သွားသည်။

စုရှင်းရှင်း သူ့ကို ကြည့်လိုက်ကာ သူတွေးနေသည်ကို သိသည့်အလား ဆိုလိုက်သည်။ “အကိုရှောင်ရှန် အကိုက အရင်ညက မျက်နှာဖုံးတပ်နဲ့လူကြောင့် စိုးရိမ်နေတာလား”

Comment

Leave a Reply

Options

not work with dark mode
Reset