အပိုင်း (၈၉) အပူလျှပ်ခြင်း
နေမွန်းတည့်ချိန်လေးလည်းဖြစ် ရာသီဥတုကလေးကလည်းသာယာနှင့် နွေးနွေးထွေးထွေးရှိလှသည်။ ထိုစဉ် ကောင်းကင်၌ ပျံသန်းသွားသည့် ပုံရိပ်နှစ်ခုက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်၏။
“အလိုး အဲ့တာဘာလဲ ကြည့်ပါဦး”
“ဟင် စုရှောင်ရှန်ကြီးဟ”
“ကြည့်ရတာတော့ သူပဲဟ ပြီးတော့ သူ့ဓားပြောင်းပြန်ညှိုခြင်းနဲ့”
လူတိုင်း စိတ်လှုပ်ရှားသွားကြလေသည်။ အပြင်စည်း၌ စုရှောင်ရှန်ကို မသိသည့်သူ မည်သူရှိသနည်း။ စုရှောင်ရှန်က နာမည်ကြီး လူတိုင်း၏ ပါးစပ်ဖျားနဲ့ ရေပန်းစားနေသော ဗိုလ်ဖြစ်လေသည်။ သူ၏ တမူထူးခြားသော အပြုမူများကလည်း လူတိုင်းကို ပွဲကျစေဖို့ မပျက်ကွက်ရာ သူ့ကို မသိသည့်သူရှားသည်။
“သူ့ဘေးနားကရော ဘယ်သူလဲ အဲ့ဒီဓားကြီးက အရမ်းကြီးနေတော့ ဘယ်သူလဲ မမြင်ရတော့ဘူး”
“အဲ့တာ အတွင်းစည်းက စုရှင်းရှင်းပဲဟ။ ငါ့မျက်လုံးတွေ အပူသျှပ်ပြီး ကယောင်ကတမ်းတွေဖြစ်နေတာလား။ စုရှောင်ရှန် စုရှင်းရှင်းကို လမ်းပေါ် ဒီတိုင်းခေါ်လာတယ်တဲ့”
“ဟုတ်တယ်။ စုရှောင်ရှန်ရဲ့ ပြောင်းပြန်ဓားညှို့ခြင်းကို သူမလည်းသိတာတော့ ငါအံ့ဩမိတယ်။ ဒီနှစ်ယောက် မရိုးသားဘူး”
“ဘာမရိုးသားတာလဲ ငါတော့ကြည့်ရင်း ခေါင်းပါမူးတယ်…”
ကောင်းပေါ်၌ စုရှင်းရှင်းလည်းတကယ် ခေါင်းပူးနေပါသည်။ သို့သော်လည်း ပျို့တက်ချင်နေသည့်ကြားက ဓားမူးခြင်းကို ဖိနှိပ်လိုက်ကာ ဆိုသည်။ “အကိုရှောင်ရှန် ညီမလေးတို့ ဘာလို့ နှေးနှေးလေး ပျံနေတာလဲဟင်”
စုရှောင်ရှန်သူမကို သဘေူမတူသလိုကြည့်လိုက်ပြီး “နှေးတယ်ဟုတ်လား။ ဒါက တည်ငြိမ်တယ်လို့ခေါ်တယ်”
“တစ်ခုခုမှားတယ်လို့ထင်နေရင်တော့ အဲ့ဒါနင်ပဲဖြစ်ရမယ်။ ဘာမဟုတ်တာလေးတွေတိုင်းကို အစိုးအရိမ်လွန်နေတယ်။ တည်ငြိမ်အေးဆေးခြင်းကလည်း အရေးကြီးတယ် သိရဲ့လား”
“ဟုတ်ပါပြီ” စုရှောင်ရှန်ပြောတာကို ပြန်လည်ချေပခြင်းမပြုဘဲ စုရှင်းရှင်း လိမ်လိမ်မာမာ နားထောင်လိုက်သည်။
စုရှောင်ရှန် အသိပေးချက် ဖန်သားပြင်ကိုကြည့်လိုက်၏။
[အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၃၂]
[အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၄]
]အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁၂၂]
“…”
‘ဒီဆုလဒ်လေးက မဆိုးဘူး… ဒီလို စားရကံကြုံလို့ မုတ်ဆိတ်ဖျားစွဲတာ ဘာလို့ မြန်မြန်ပျံရမှာလဲ’ သူတွေးလိုက်သည်။
ထို့ပြင် မြန်မြန်ပျံရန်လည်း မြန်မြန်ပျံနိုင်သည့် စွမ်းရည်ရှိဖို့လိုသည်။ ၎င်းက သူ၏ အကန့်အသတ်ပင် ဖြစ်နေချေပြီ။ ကံစမ်းမဲများလှည့်ပြီးနောက် သူ၏ ပင်ကိုယ်မှတ်များက ဂဏာန်း တစ်ခုလုံးသို့ လျော့ကျသွားခဲ့လေသည်။ ထို့နောက် မျက်နှာဖုံးတပ်လူ၏ ဓားဆန္ဒေမှ ဖြေးဖြေးချင်း အစိတ်စိတ်အမွှာမွှာ ကိုယ်အတွင်းထဲ၌ ဖြတ်ပိုင်းခံရပြီးနောက် ပင်ပိုယ်မှတ် ၁၀၀၀ ကျော်ရသွား၏။
ထိုသို့သော နည်းလမ်းမျိုးက ယခု သူပြုကျင့်နေသော နည်းလမ်းလောက် သက်တောင့်သက်သာမရှိပါချေ။
‘ကြည့်ပါလား။ ငန်းရေကန်ကို ပျံသွားရုံနဲ့ ဒီလောက်တောင် အချီကြီးပွနေတာ။ ပညာရှိတွေပြောတာမှန်တယ်။ အရာအားလုံးကို ဖြေးဖြေးချင်း တစ်ဆင့်ခြင်း လုပ်သွားတာက ပိုအကျိုးရှိတယ်တဲ့။ ကြည့်ပါလား ခုဆို ပင်ကိုယ်မှတ် ၂၀၀၀ နီးပါးတောင်ရောက်တော့မယ်’
စုရှောင်ရှန် ငွေရှာသည့် နည်းလမ်း အသစ်ရှာတွေ့သွားသည်ဟု ခံစားလိုက်ရသည်။ ဒီလို လျှောက်သွားရင်း ပင်ကိုယ်မှတ်တွေ ပန်းခူးလို့ရနေခြင်းက ပြိုင်ပွဲထဲသွား၊ အရိုက်ခံတာထက် အသက်ရှူချောင်၍ သက်တောင့်သက်သာလည်း ရှိပေသည်။ ၎င်းကို လူသူထူထပ်ချိန်၌ လုပ်လိုက်ပါက… ငိငိ… စုရှောင်ရှန် သူ့အ တွေးနှင့်သူ သရေကျမတတ်ဖြစ်လာသည်။
ငန်းရေကန်သို့ သူတို့နှစ်ဦး ပျံသန်းသွားကြသည်။ စုရှင်းရှင်းလည်း လာရင်းကိစ္စကို ပြောရန်သင့်ကြော်င်းတွေးလိုက်ပြီး စုရှောင်ရှန်ကို လေးလေးနက်နက်မေးလိုက်သည်။ “အကိုရှောင်ရှန့်ကို မနေ့က တစ်ယောက်ယောက် သတ်ဖို့ လာလုပ်တယ်ဆို”
စုရှောင်ရှန် သတိပြန်၀င်လာပြီး သတင်းပြန့်နှံ့နှုန်းကို လက်ဖျားခါသွားသည်။ ၎င်းက စုရှင်းရှင်း သူ့ကို လာရှာရသည့် တကယ့် ရည်ရွယ်ချက်လားဟု စုရှောင်ရှန် တွေးမိလိုက်၏။
“အကြီးအကဲရှောင် ညီမကို ပြောပြာတာလား”
စုရှင်းရှင်း ခေါင်းခါရမ်းလိုက်သည်။ “ညီမကို ဆရာက ဒီလို ကိစ္စတွေ မပြောပြဘူး… ညီမတကယ် လာရတဲ့ အကြောင်းအရင်းက ဂုဏ်ပြုဖို့နဲ့ အတွင်းစည်းက လူတစ်ချို့ကို သတိထားဖို့ လာပြောတာ…”
“အဲ့ဒီလူတွေက အကို့ကို လုပ်ကြံတာနဲ့ ပတ်သက်တဲ့ထဲ လက်ပါတဲ့လူတွေလား” စုရှောင်ရှန် မျက်ခုံးပင့်လိုက်သည်။
စုရှင်းရှင်းက ခေါင်းညိတ်ကာ “ပြီးတော့ အနာဂါတ်မှာလည်း အကို့စီကို နောက်ထပ် လုပ်ကြံသူတွေ ပို့တာနဲ့လည်း ပတ်သက်ဦးမှာ”
ဤသည်ကိုကြားသော် သူ၏ တည်ငြိမ်အေးဆေးသော ဓားထိန်းချုပ်ခြင်းနည်းလမ်းက ပေါက်ပျက်သွားပြီး ဓားပျံစီးရင်း ပြုတ်ကျမလိုဖြစ်သွား၏။ တည်ငြိမ်အောင် မလုပ်လိုက်နိုင်ခင် လေထဲ၌ ခါရမ်းသွားသေးသည်။
‘ငါထင်တဲ့အတိုင်းပဲ အခုမှ အစရှိသေးတယ်’
“၀မ်ချောင်းကြောင့်မလား” စုရှောင်ရှန် သာမန်ကာရှန် မေးလိုက်သည်။
ဤသည်ကိုကြားသော် စုရှင်းရှင်း၏ မျက်၀န်းများ၌ အံ့အားသင့်မှုတို့ ပေါ်လာခဲ့လေသည်။ “အကိုသိတယ်ပေါ့”
“ခန့်မှန်းကြည့်တာ…” ထို့နောက်သူ၏ မျက်နှာထားလေးနက်သွားသည်။ ဤအချင်းအရာက သူထင်ထားသည့်အတိုင်း အဆိုးဆုံးအခြေအနေသို့ ရောက်သွားပေပြီ။ “အကို့ကို သူတို့ အကြောင်း ထပ်ပြောပြ”
စုရှင်းရှင်း အသေအချာ အချိန်ယူ တွေးလိုက်ကာ စကားစီပြီးနောက် မေးလိုက်သည်။ “အတွင်းစည်း ထိပ်သီး (၃၃) ယောက်ကို အကိုသိလား”
စုရှောင်ရှန် ခေါင်းညိတ်လိုက်ပြီး ပြန်ခါလိုက်သည်။ ထိပ်သီး(၃၃) ယောက်ရှိတယ်ဆိုတာ သိပြီး ဘယ်သူတွေလဲဆိုတာတော့ တစ်ယောက်မှ ရေရေရာရာ မသိပါပေ။
စုရှင်းရှင်းက ဆက်၍ “နာမည်အတိုင်းပဲ အတွင်းစည်းထိပ်သီး (၃၃) ယောက်က အတွင်းစည်းထဲက အစွမ်းထက်ဆုံး (၃၃) ယောက်ကို ရွေးချယ်ထားတာ… အဲ့တာက နှစ်တိုင်းလည်း စဉ်ပြန်ပြောင်းတဲ့ ဇယားလို့ပြောလို့ရတယ်။ ဒီနှစ် ဇယားတောင် အပြင်စည်း မိုးတိမ်လေပြိုင်ပွဲမကျင်းပခင်က ပြန်ပြင်သွားတာ”
စုရှောင်ရှန် ခေါင်းညိတ်ပြိလိုက်သည်။ ၎င်းကို သူမသိပါပေ။
စုရှင်းရှင်းက တဖန် ထပ်၍ “နှစ်တိုင်း အတွင်းစည်းကို ဂိုဏ်းသားနည်းနည်းပဲ ၀င်နိုင်တယ်။ တစ်ချို့နှစ်တွေဆို ၀င်နိုင်တဲ့သူတောင်မရှိဘူး။ ဒါပေမယ့် အတွင်းစည်းထိပ်သီး (၃၃) နေရာကို ရထို့ ယှဉ်ပြိုင်တဲ့သူတွေ ကျရှုံးသွားကြတာမှ မနည်းဘူး… လူတိုင်း လူတိုင်း နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်တိုက်ခိုက်လာကြပေမယ့် လမ်းဆုံးသွားတဲ့သူတွေလည်းရှိတယ်”
“ဆက်တိုက်ကျင့်ကြံရင်း အလားအလာပိတ်သွားတဲ့သူတွေဆို အတွင်းစည်းက အရင်းအမြစ်တွေမပေးတော့ဘူးလေ။ ဒီလူတွေက လမ်းဆုံးသွားတဲ့လူတွေပေါ့။ ဒါကြောင့် အတွင်းစည်းမှာ ဆက်နေရင် မနေ့တနေ့ကမှ ၀င်လာတဲ့ ပါရမီရှင်တွေရဲ့ ဖိနှိပ်တာခံရမှာစိုးလို့ စိတ်ဝိညာဉ်နန်းတော်ကနေ ထွက်သွားဖို့လုပ်ကြတာပေါ့။ မသွားခင်လဲ အချီကြီးကြံသွားကြတာ အစဉ်အလာတောင်ဖြစ်နေပြီ”
ထို့နောက် တစ်ချက်ရပ်တန့်သွားပြီး စုရှောင်ရှန်ကို ကြည့်လိုက်သည်။ “အဲ့လို အကြောင်းပြပြီး ထွက်သွားတဲ့လူတွေက ဘယ်တော့မှ ပြန်မလာတော့ဘူး”
ဤသည်အထိ ရောက်လာမှတော့ စုရှောင်ရှန် တစ်စုံတစ်ခုကို သိနေလေပြီ။ သူနှင့် ရင်ဆိုင်သတ်ဖြတ်ခဲ့သည့် နှစ်ယောက်က ဤသို့သော လူများထဲမှ ဖြစ်ရမည်။ အဘယ်ကြောင့် အတွင်းစည်းဂိုဏ်းသားဖြစ်ရဲ့သားနဲ့ စိတ်ဝိညာဉ်နန်းတော်ထဲ၌ အပြင်စည်းဂိုဏ်းသားကို သတ်ရဲလဲ ခုမှ ဇာတ်ရေလည်တော့သည်။
“ဆိုတော့ ၀မ်ချောင်နဲ့ ပတ်သက်တဲ့လူတွေက အကို ၀မ်ချောင်ကိုသတ်လိုက်လို့ သွေးကြွေးပြန်စပ်တာပေါ့” သူကိုယ်တိုင်လည်း ဤကိစ္စကို မှန်းကြည့်ထားပြီး ဖြစ်ရာ မအံ့ဩပါချေ။
“ဟုတ်တယ်” စုရှင်းရှင်း သူမ၏ ခေါင်းလေးကို စောင်းရင်း “အဲ့ဒီလုပ်ကြံသူတွေက အလကား အရေးမပါတဲ့ အစေအပါးတွေပေါ့။ တကယ် ပြဿနာ ရှိတာက နောက်ကွယ်က သူတို့ကို ကြိုးကိုင်တဲ့သူတွေ”
စုရှောင်ရှန် ဓားပျံစီးနေရင်း ထပ်၍ လမ်းချော်သွားလိုဖြစ်သွားသည်။
“အစေအပါးတွေ ဟုတ်လား… ဒါဆိုရင် နောက်ကွယ်က လူတွေက ဘယ်လောက်တောင် သန်မာလိုက်မလဲ”
စုရှောင်ရှန် သူမ၏ နောက်ဆုံးစကားကို ထပ်ပြန်ပြောလိုက်သည်။
“နောက်ကွယ်က ကြိုးကိုင်သူတွေက…”
စုရှင်းရှင်း၏ အမူအရာက လေးနက်သွားပြီး “ကျန်းရှင်းရှုံ”
၎င်းက စုရှောင်ရှန် တစ်ခါမှ မကြားဖူးသော နာမည်ဖြစ်ပါသည်။ သို့ဖြင့် စုရှောင်ရှန် ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။ “၀မ်ချောင်နဲ့ အမျိုးတော်လို့လား”
“အင်း ဟုတ်တယ် အမျိုးတွေ”
“ထျန်းစန်းစီရင်စုက သခင်လေးတစ်ယောက်ပေါ့။ သူက အရပ်လည်း အရှည်ကြီးပဲ။ သူ့မိသားစုက သွေးမျိုးဆက်စွမ်းအင်ကိုလည်း အမွေအနှစ်ရထားသေးတယ်။ အတွင်းစည်းကို လွန်ခဲ့တဲ့ (၅) နှစ်လောက်က ၀င်တယ်လို့ပြောတယ်။ သူက တော်တော် သန်မာတယ်”
‘ငါးနှစ်တောင်ဟ… လခွမ်း ငါက အဲ့လိုလူကို ဘယ်လိုချရမှာ”
သူ့ကိုယ်သူ တည်ငြိမ်အောင်တောင် မလုပ်နိုင်တော့ဘဲ ကောင်းကင်ပေါ်မှ တည့်တည့်ကျသွားသည်။ သူတို့ မြင့်မြင့်၌ ပျံသန်းနေခြင်းမဟုတ်သည်ကို ကျေးဇူးတင်ရပေမည်။ မြေပြင်၌ ဒူးထောက်နေရင်းက သူ့ကိုယ်ပေါ်ရှိဖုန်များကိုခါ၍ အင်္ကျီကို ပြန်ပြင်ဆင်လိုက်ကာ ကောင်းကင်ပေါ်ရှိ စုရှင်းရှင်းကို လက်ပြခေါ်လိုက်သည်။
“အောက်ဆင်းလာခဲ့ အပေါ်မှာ အေးတယ်”
စုရှင်းရှင်းနားမလည်နိုင်စွာဖြင့် လောကကို အလင်းပေးနေသည့် တောက်ပနေသော စက်လုံးကြီးကို ခေါင်းလေးစောင်းပြီး ကြည့်လိုက်သည်။ ဘယ်လို အေးရတာလဲဟု ပဟေဠိဖြစ်သွား၏။
‘နေပူပါတယ်ဆို လေကလည်းမတိုက်တဲ့အပြင် ပျံနေတာကလည်း ဖြေးဖြေးလေးကို အကိုရှောင်ရှန် ဘယ်လိုအေးသွားတာလဲမသိဘူး’ စုရှင်းရှင်း တွေးလိုက်သည်။
သို့သော်လည်း သူမကိုပြောသည့်အတိုင်း ဓားပေါ်မှ နားမလည်ဟန်ဖြင့်ခေါင်းကုတ် နေပြီးနောက် ခုန်ချလိုက်၏။
“ကျန်းရှင်းရှုံ” ဟုနာမည်ကို မှတ်မိအောင် ခေါင်းထဲ၌ ပြောနေရင်းမှ သူမထံ စုရှောင်ရှန် သွားလိုက်သည်။ ထို့နောက် မေးလိုက်၏။ “အဆင့်မြင့် စိတ်ဝိညာဉ်လား”
“အထွတ်အထိပ်” စုရှင်းရှင်း ခေါင်းညိတ်ပြလိုက်သည်။
စုရှောင်ရှန် လဲကျသွား၏။
စုရှင်းရှင်း တစ်ခုခုကို စဉ်းစားလိုက်ပြီးနောက် ထပ်လောင်းပြောလိုက်၏။ “အဆင့်မြင့်စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်မှာ တစ်နေတာ အရင်နှစ်လောက်ကတည်းကပဲ။ သူ့ကျင့်ကြံခြင်းနယ်ပယ်ကို တုန့်ထျန်း၀မ်မြို့မှာ နှစ်၀က်နေရင် ကျင်းပမယ့် ပြိုင်ပွဲအတွက် ဖိနှိပ်ထားတာတဲ့”
စုရှောင်ရှန်၏ ခြေထောက်များ တုန်တုန်ရင်ရင်ဖြင့် ဒူးမခိုင်တော့ရာ လဲကျသွားမည်ကို တာဆီးရန် ဘေးနားမှ ကျောက်ဖြူလက်ရန်းကို ကိုင်ပြီး တည်ငြိမ်အောင်လုပ်လိုက်ရ၏။
‘နတ်သကြားမစပါ… ဘယ်လိုတောင် လခွမ်းသွားတာလဲ… အရှင်သခင်နယ်ပယ်ကို ရောက်ချင်ရင် ရောက်နေနိုင်တဲ့ တစ်စုံတစ်ယောက်က ငါ့ကိုသတ်ဖို့ကြိုးစားနေတယ်လို့ ပြောချင်တာလား… ငါဘာများလုပ်မိလို့ ဒီလို ၀ဠ်ကြွေးမျိုးဆပ်ရဖို့ ကံပါလာတာလဲ”
စုရှောင်ရှန် မျက်ရည်များဖြင့် ရွှန်းစိုသွားသည်။ ထိုသို့ တန်ခိုးရှင်တစ်ယောက်က သူ့ကိုသတ်ဖို့ ကြံစီခြင်းက သိင်္က္ခာ မကျ၊ စိတ်မလုံမလဲ မခံစားရပေဘူးလော။ စွမ်းပကားကိုအသာထား၍ အတွင်းစည်းနှင့် အပြင်စည်းဟူ၍ ကွာခြားချက်ကြီးတောင် ရှိနေပါလား။
“အကို့ကိုလာသတ်တဲ့ သူတွေက ဖုန်းကုန်းနဲ့ ရှောင်းယီလို့ခေါ်တယ်။ ညီမလေး လိုက်မေးပြီးပြီ သူတို့ကို ကျန်းရှင်းရှုံလွှတ်လိုက်တာမဟုတ်ဘူးတဲ့”
စုရှောင်ရှန် မျှော်လင့်ချက်ရောင်ချည်လေးကိုတွေ့လိုက်ရသည်။ ‘တကယ်ကြီးလားဟ… ဒါသတင်းကောင်းပဲ’ သူတွေးလိုက်သည်။
သို့သော် စုရှင်းရှင်းနောက်ပြောလိုက်သည့်စကားက သူ့ကို လိပ်ပြာလွင့်သွားစေ၏။ “သူတို့ကို ဟဲယွဲ့ရှင်းလွှတ်လိုက်တယ်လို့ပြောတာပဲ။ အဲ့ဟွဲယွဲ့ရှင်းကလည်း လန်ရှင်းရှီခိုင်းလို့ လုပ်တာတဲ့။ လန်ရှင်းရှီကလည်း ကျန်းရှင်းရှုံခိုင်းလို့ လုပ်လိုက်တာပဲ… ခုပြောမှ ဒါတွေအားလုံးက ကျန်းရှင်းရှုံကြောင့်ဖြစ်တာလို့ ပြောနိုင်နေတာပဲ”
စုရှောင်ရှန် ကမ္ဘာကြီးတောင် လည်နေသလို ခံစားနေရပြီဖြစ်သည်။ “အဲ့နှစ်ယောက်ကကော ဘယ်သူတွေတုန်း”
စုရှင်းရှင်းဖြေလိုက်သည်။ “သူတို့နှစ်ယောက်လုံးက ထိပ်သီး (၃၃) ယောက်ထဲက”
ဘုတ်
လက်ရန်းကိုကိုင်၍ ရပ်ပင် မရပ်န်ုင်တော့ပါ။ ချက်ခြင်း မြေကြီးနှင့် မျက်နှာ နှင့် မိတ်ဆက်သွားတော့၏။ ဤသည်ကို မြင်သော် စုရှင်းရှင်း ထိတ်ထိတ်ပျာပျာ တန်းဖြစ်သွားတော့သည်။
“အကိုရှောင်ရှန် ဘာဖြစ်တာလဲ… အကို အပူသျှပ်သွားတာလား”