Switch Mode

Chapter – 87

တံခါးခေါက်သံ ထပ် ကြားရခြင်း

အပိုင်း (၈၇) တံခါးခေါက်သံ ထပ် ကြားရခြင်း

ဝီးးး

ကျန်းရှင်းရှုံလက်သီးက လေကိုဖြတ်သန်းပြီး၀င်သွားသည်။ ကျန်းရှင်းရှုံထံမှ ဤသို့ တုန့်ပြန်ချက်မျိုးကို မမျှော်လင့်ထားသဖြင့် လူတိုင်း အငိုက်မိသွားကြသည်။ အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်ရှိ စုရှင်းရှင်း ၎င်းကို မမြင်ဘဲနှင့် ဘယ်နေမည်နည်း။ သို့သော် သူမကို ချောင်းမြောင်းတိုက်ခိုက်တာကို မသိသည့်အလား ဘာမှမလုပ်ဘဲ အေးဆေးလျှောက်သွားလိုက်၏။

“ကျန်းရှင်းရှုံမင်းသေချင်နေတာလား”

ရုတ်တရက် သူ့ဘေးနားမှ ကျန်းရှင်းရှုံ အသံတစ်သံကိုကြားလိုက်ရရာ ထိတ်လန့်သွားပြီး ချက်ခြင်းလှည့်လိုက်သည်။ မြေပြင်၌ ရာဂစိတ်မွှန်ပြီး ရယ်နေသည့်သူက မည်သို့ မည်ပုံ သတိပြန်၀င်လာသည်မှန်းမသိ သူ့ကိုလက်သီးတစ်ချက်ပစ် ကျွေးလိုက်၏။

ကျန်းရှင်းရှုံ သူ့လက်ကိုဖွင့်ပြီး ကျောက်ကျစ်တုံ့၏ လက်သီးချက်ကိုဖမ်းလိုက်သည်။ ထို့နောက် ကျောက်ကျစ်တုံ့အား အားဖြင့် ပြန်ရိုက်ချလိုက်၏။

ကျောက်ကျစ်တုံ့ ထိုရိုက်ချက်ကို ထိပ်တိုက်ရင်မဆိုင်လိုက်ပါပေ။ ၎င်းကို လက်ဖြင့် ကာ၍ လမ်းပြန်လွှဲလိုက်ရာ ‌ကျန်းရှင်းရှုံ၏ ‌လက်ကောက်၀တ်နှင့် သူ၏လက် ပွတ်တိုက်သွား၏။

ဘုန်း

ပေါက်ကွဲသံတစ်ခုကြားလိုက်ရသည်။ ကျန်းရှင်းရှုံက ဘာမှ မသိတော့သည့်အလား ‌နောက်လှည့်ကာ ကျောက်ကျစ်တုံ့ထံပြေးသွားလေသည်။ သူ၏ နောက်ထပ်တိုက်ကွက်က ကျောက်ကျစ်တုံ့၏ ခေါင်းကို ဦးတည်နေလေသည်။

“မင်းလုပ်ရဲလား… ငါက စည်းကမ်းကြီးကြပ်သူတစ်ယောက်နော်” ကျောက်ကျစ်တုံ့ သူ့ကို စိုက်ကြည့်လိုက်သည်။

ကျန်းရှင်းရှုံ ၎င်းကိုကြားမှ သတိပြန်၀င်လာပြီး ထိုအနက်၀တ်လူရှေ့၌ ရပ်လိုက်၏။ သူ၏လက်‌၀ါး‌စောင်း ကလည်း ရပ်တန့်သွားသည်။ လေတိုက်ခတ်သည့်အတွက် အ၀တ်လူးလွင့်သံများသာကြားရပြီး အရာအားလုံး တိတ်ဆိတ်နေသည်။

စည်းကမ်းကြီးကြပ်သူနှင့် တိုက်ပွဲမဖြစ်ပွားသွားသည့်အတွက် အားလုံး စိတ်သက်သာရာရသွားပြီး တစ်ချိန်တည်းမှာလည်း ၀မ်းနည်းသွားကြသည်။ သို့ဖြင့် တိုက်ပွဲကြောင့် တင်းမာနေသည့် အခြေအနေ လျော့ကျသွားခဲ့၏။

စုရှင်းရှင်း ခပ်သဲ့သဲ့ ရယ်ပြီး ဆိုသည်။ “အကို ကျစ်တုံ့။ သူက ညီမလေးကို ရိုက်တော့မလို့ဘဲ”

“နင်ဘာပြောတာလဲ”

‘တကယ် ဒီကောင့်ကို မြေကြီးထဲ နင် သိပ်ထည့်ပစ်လိုက်တာ ငါမမြင်ဘူးထင်နေတာလား’ ကျောက်ကျစ်တုံ့ တွေးလိုက်သည်။

သူလည်း အလွန်အမင်း မကျေနပ်သော အကြည့်များဖြင့် တိုက်ပွဲအပြင်ဘက်မှ ယောင်ယင်ယင်ကို ကြည့်လိုက်၏။ အတွင်းစည်းသို့ ပထမဦးဆုံး၀င်လာကတည်းက သိုသိုတိတ်တိတ် နေခဲ့သည့် ဤကောင်မလေး သူ့ကို ညှိုနိုင်မယ်ဟုသူမထင်ထားပါချေ။

ယောင်ယင်ယင် ပုခုံးတွန့်ပြပြီး ရှင်းပြလိုက်သည်။ “ငါဘာမှ မလုပ်ဘူးနော်”

“အေး” ကျောက်ကျစ်တုံ့ သူမကို ဘေးတိုက်ကြည့်လိုက်သည်။ ထို့နောက် ‌စုရှင်းရှင်းကို ဖုန်းကွယ်မထားနိုင်သော ဒေါသများဖြင့် “နင့်ဆရာရဲ့ တံဆိပ်ပြားကို သွားပြန်ပေးပါ”

“ပြီးတာပဲ” စုရှင်းရှင်း ချက်ခြင်း ယောင်ယင်ယင်ဘက်သို့ ပြေးသွားလိုက်သည်။

“ဘာလဲ ချချင်သေးလို့လား” ကျန်းရှင်းရှုံကို ကြည့်ပြီး သူမထပ် မေးလိုက်သည်။

ချမယ် ဟုတ်လား။ ကျန်းရှင်းရှုံ ဆက်ချချင်သေးသည့် ဆန္ဒကို မဖုန်းကွယ်ထားပါ။ ငမန်းနက် ကျိုးသွားတာကို တစ်ခုခု ပြန်မလုပ်ရလျှင် သူကျေနပ်လိမ့်မည်မဟုတ်ပါပေ။

‘ဒါပေမယ့် ချလို့ရလို့လား’ သူတွေးလိုက်သည်။

ကျောက်ကျစ်တုံ့မဟုတ်လို့ ဘယ်စည်းကမ်းကြီးကြပ်သူ ဖြစ်ဖြစ် ရှိနေလျှင် အဘယ်မှာ တိုက်ပွဲဖြစ်ပါတော့မည်နည်း။

‘ငါ့ငါးမန်းနက်အတွက်ကရော… ငါ့ကျိုးသွားတဲ့ အဆင့်(၆) စိတ်ဝိညာဉ်လက်နက်အတွက်ကရော… ဒီလိုပဲပြီးသွားမှာလား’ သူတွေးလိုက်သည်။

ကျန်းရှင်းရှုံ မျက်လုံးကိုမှေးလိုက်သည်။ သူဒေါသအလွန်အမင်းထွက်နေသော်လည်း ထိုအနီရောင်၀တ်မိန်းမပျိုကိုကြည့်ပြီးနောက် အတင်းမျိုချလိုက်ရသည်။ သူ့ကျိုးသွားသော တုတ် အပိုင်းနှစ်ခုကို ကောက်ယူပြီး ဖုန်ုသုတ်ကာ စုရှင်းရှင်းကို ကြည့်လိုက်သည်။

“ဘာကြည့်တာလဲ ၀ဠ်ပြန်လည်တာလေ မကျေနပ်ဘူးလား” စုရှင်းရှင်း မာန်ပြန်မဲလိုက်သည်။

ယောင်ယင်ယင် သူမနောက်သို့ စုရှင်းရှင်းကို ပို့လိုက်ရာမှ အခြေအနေက ပြန်ပြေလည်သွားလေသည်။ ကျန်းရှင်းရှုံ အသက်ပြင်းပြင်းရှိုက်ထုတ်လိုက်ပြီး “ကောင်းပြီလေ နင်နိုင်ပါတယ်”

၎င်းက ယောင်ယင်ယင်ကို ဆိုလိုခြင်းဖြစ်သည်။ ယောင်ယင်ယင် ဘာမှ ပြန်မပြောဘဲ စု‌ရှင်းရှင်း၏ ခေါင်းကိုသာ ပုတ်လိုက်၏။ ထို့နောက် ကျန်းရှင်းရှုံ၏ နောက်ရှိ ဓားတိုက်ကွက်ကြောင့် နှစ်ပိုင်းဖြစ်သွားသော အိမ်ကိုကြည့်လိုက်သည်။

“စိတ်မူပါနဲ့ မလာခင်က စိတ်ဝိညာဉ်အထွေထွေ ရေးရာဌာနပလူတွေကို လွှတ်ပြီး ဒီအိမ်ပြန်ပြင်ခိုင်းထားတယ်”

စုရှင်းရှင်း ခေါင်းထွက်လာကာ ထပ်၍ ယောင်ယောင်နောက်မှ ထပ်လောင်းပြောလိုက်သည်။ “ငါလိုအပ်တဲ့ စိတ်ဝိညာဉ်ကျောက်သလင်းတုံးတွေ ပေးပြီးသွားပြီ”

ကျန်းရှင်းရှုံ၏ ခန္ဓာကိုယ် ဆတ်ကနဲ လှုပ်ခါသွားပြီး လူတိုင်းပွဲ စွံ့အသွားကြသည်။

*သူဒီတိုင်းငြိမ်ခံလိုက်တယ်ပေါ့။ ကြည့်ရတာ ကျန်းသခင်လေးက ဂိုဏ်းတူ အမယောင်အပေါ်မှာ ခံစားချက်တွေရှိနေတယ်ဆိုတာ တကယ်ထင်တယ်”

“ပြောလို့ရတယ် ‘ဟဲ->လန်->ကျန်း->ယောင်->စု’ ဆိုပြီး အစဉ်လိုက်သွားတဲ့ လိုင်းကို ဘယ်သူမသိလို့လဲ။ စုရှင်းရှင်းကို ဂိုဏ်းတူအမယောင်က တစ်ခုခု အဖြစ်ခံမယ်ထင်လို့လား”

“ဟုတ်သား မင်းပြောတာ သဘာ၀ကျတယ်”

ကျိုးထျန်းရှောင် ဤလူများ ဘာပြောနေသည်ကို နားမလည်သည့်အတွက် ခေါင်းကိုတစ်ဗျစ်ဗျစ်ကုတ်လိုက်သည်။ သူပြောနိုင်သည်က အတွင်းစည်းက တကယ် ရှုပ်ထွေးသောနေရာပင်။

“သွားရအောင် မမ ယောင်” စုရှင်းရှင်း အနီ၀တ်အမျိုးသမီးကို ဆွဲခေါ် ထွက်သွားလိုက်သည်။

ကျောက်ကျစ်တုံ့ သူတို့နှစ်ဦးထွက်သွားတာကို မတားလိုက်ပါပေ။

‘ထားလိုက်ပါတော့… အကိုကြီးရှောင် မျက်နှာကိုထောက်ပြီး ဒီတစ်ခါကိစ္စကို လျော်ပေးလိုက်တော့မယ်’

နတ်ပြည်ရောက်တုန်းက ခံစားချက်များကို ပြန်တွေးလိုက်ရာ သူ့မျက်လုံးများမှေးသွားလေသည်။ ထို့နောက် ဟဲယွဲ့ရှင်းဘက်သို့ လှည့်ကြည့်လိုက်ရာ တကောင့်သားက စုရှင်းရှင်း၏ ဓားကြီးကို စိုက်ကြည့်နေတာကို မြင်လိုက်ရ၏။

တကယ့် ဓားရူးပင်…

“သွားမယ်”

ဟဲယွဲ့ရှင်း စိတ်ပျက်နေသည့် ဟန်ပန်ဖြင့် အကြည့်လွှဲလိုက်ပြီး သူ့ဓားကိုကိုင်ကာ ကျောက်ကျစ်တုံ့နောက်လိုက်သွားလိုက်၏။

“‌ဟုတ်ပြီ ပြပွဲပြီးပြီ”

ပွဲကြည့်သူများသူတို့ခုံများကို ပြန်ကောက်ကိုင်ကာ ထွက်သွားလိုက်ကြ၏။ ပွဲကြည့်တာက အဆင်ပြေသော်လည်း ယခု ကိစ္စပြတ်သွားပြီးနောက် ဒီတိုင်းဆက်ကြည့်နေလျှင် အတွင်းစည်း ထိပ်သီး (၃၃) ယောက်ကို စော်ကားမိ‌သလို ဖြစ်နေတော့မည်။

ကျိုးထျန်းရှန်လည်း ထွက်ခွာသွားရန်ပြင်လိုက်ရာ သူ့ကို ခေါ်သံကို နောက်မှကြားလိုက်ရ၏။ “မင်းက ကျိုးမျိုးနွယ်စုကမလား”

သူလှည့်ကြည့်လိုက်ပြီး ပြုံးပြုံးကြီး သူ့ကို ကြည့်နေသော ကျန်းရှင်းရှုံကို ပြန်မေးလိုက်သည်။ “မင်းက ကျန်းမျိုးနွယ်စုကမလား”

“ပြောရဲဆိုရဲရှိသားပဲ။ ဒါပေမယ့် အဲ့လိုလုပ်နိုင်ဖို့ ခွန်အားရှိဖို့လိုတယ်ကွ”

ကျန်းရှင်းရှုံ ကျိုးထျန်း‌ရှန်ရှေ့ကိုလျှောက်သွားပြီး ငုံ့ကြည့်လိုက်သည်။ ကျိုးထျန်းရှန်က တောင့်တောင့်ဖြောင့်ဖြောင့် ရှိသော သူတစ်ဦးဖြစ်သော်လည်း ကျန်းရှင်းရှုံရှေ့၌ ရပ်လိုက်ရာတွင်တော့ ခေါင်းတစ်လုံးပိုပုနေ၏။ သို့သော် ‌နောက်သို့မဆုတ်ဘဲ ပြန်မော့ကြည့်လိုက်၏။

“အဖိုးကြီးအကျိုး ကျန်းမာပါစ ရှိရဲ့လား”

“ကျန်းမာတယ်။ ကျေးဇူးပဲ” ကျိုးထျန်းရှန် ရယ်ရင်း ထပ်လောင်းပြောလိုက်သည်။ “ကြည့်ရတာ မင်းရဲ့ ညာလက်ကို ကြည့်ပေးဖို့ လူတစ်ယောက်ယောက်တော့ လိုနေပြီထင်တယ်”

ကျန်းရှင်းရှုံ တုန့်ပြန်ခြင်းမရှိ သူ့ကိုသာ စိုက်ကြည့်နေ၏။ ထို့နောက် ကျိုးထျန်းရှန်ကို ဘေးမှ လျှောက်သွားရင်း ခပ်သဲ့သဲ့ရယ်လိုက်သည်။

“သွားစို့”

လန်ရှင်းရှီသူ့နောက်သို့ အလျှင်အမြန် လိုက်သွားလိုက်၏။

ရုတ်တရက် ကျိုးထျန်းရှန် သူ့ခြေထောက်များ မြေပြင်၌ ကပ်နေသည်ဟု ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးတုန်ခါသွားပြီး လှုပ်မရတော့သည်ကို သိလိုက်၏။ သူ့ထက်အဆပေါင်းများစွာ သန်မာသော အရှိန်အဝါတစ်ခုက ကျန်းရှင်းရှုံထွက်သွားပြီးနောက် သူ့အပေါ်ကျလာ လေသည်။ ထို့နောက် ထိုအရှိန်အဝါက တဖြေးဖြေးအားကောင်းလာပြီး သူ့ကို အရိုးကျေမတတ် ဖိနှိပ်လိုက်၏။

သူ့ဒူးများကွေးသွားကာ မြေပြင်၌ ဒူးထောက်ကျလုနီးပါးဖြစ်သွားသည်။

ဘုန်း

ကျိုးထျန်းရှန် ဘယ်ဘက်ခြေထောက်ကို မြေကြီးထဲသို့ အားဖြင့်စိုက်ချလိုက်ရာ ၎င်းမှ သွေးများအဆက်အပြတ်ထွက်လာလေသည်။ သို့သော် ထိုဘယ်‌ဘက်ခြေထောက်ကိုအားပြုပြီး သူ၏ ကိုယ်ကို လှံတစ်ချောင်းကဲ့သို့ မားမားမတ်မတ် ရပ်လိုက်၏။

ရှူး

လူတိုင်းထွက်ခွာသွားကြပြီး သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။ ထိုအရှိန်အဝါကို ခုခံပြီးနောက် ‌သူ့ကျောတစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားသည်။ သူရပ်နေရာနေရာမှပဲ ထိုနှစ်ယောက်ပျောက်ကွယ်သွားသည့်ဘက်သို့ လက်သီးကျစ်ကျစ်ဆုပ်ရင်းကြည့်လိုက်သည်။

“တစ်နှစ်ပဲ”

အလွန်ကျဉ်းမြောင်းသော ဧည့်ဆောင်အတွင်း၌ဖြစ်သည်။

တစ်ညလုံး ပင်ပန်းသွားခဲ့သည်ဖြစ်ရာ စုရှောင်ရှန် မာကျောသော သစ်သားကုတင်လားဘာလား မသိတော့ဘဲ အလောင်းတစ်ကောင်လို အိပ်နေလိုက်၏။ အိပ်မက်ထဲ၌ သူကောင်းခန်းရောက်နေပြီဖြစ်သည်။

အိပ်ယာပေါ်၌ ဟိုလှိမ့် ဒီလှိမ့်ရင်း သူ၏ မျက်နှာက အလွန်အမင်း တဏှာရူးရုပ်ပေါက်လာတော့၏။ သူ့လက်များကိုလဲ လေထဲသို့ ဆန့်ထုတ်ပြီး ဆုပ်လိုက်ပြုလိုက် လုပ်နေလေသည်။

ဒေါက် ဒေါက် ဒေါက်

အလွန်အမင်းရင်းနှီးရပါသော ဖြေးညှင်းစွာ တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာတော့သည်။ သူဖြတ်သန်းခဲ့ရသော အခြေအနေကြောင့် သူ၏ အိပ်မက်ထဲမှ ကောင်မလေးပျောက်သွားသည်ကိုတောင် သတိမထားမိတော့ဘဲ စုရှောင်ရှန် အိပ်နေရာမှ ထခုန်လိုက်သည်။ ထို့နောက် အကြားအမြင်ကို တစ်ဆုံး အသုံးပြုလိုက်၏။

“ဘယ်သူမှ မရှိဘူးဘဲ”

ကောင်းကောင်းအနားယူပြီးနောက်ပိုင်း သူ၏ စိတ်အခြေအနေလည်း အထွတ်အထိပ်သို့ ပြန်ရောက်ပြီးဖြစ်သည်။ တံခါး၏ အလွန်သို့ အာရုံစိုက်ကာ အကြားအမြင်ကို ထုတ်လွှတ်ရင်း ဖွဖွလေး လှမ်းသွားလိုက်၏။

ထိုတွင် အဖြူ၀တ်ဖြင့် ဓားကြီးတစ်လက်ကို သယ်ထားရင်း ဂါ၀န်ကို ပြုပြင်နေသည့် ‌ပိန်ပိန်ပါးပါး သေးငယ်သော ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

“စုရှင်းရှင်းပါလား”

စုရှောင်ရှန် စိတ်သက်သာရာရသွားသည်။ သူအလွန် သတိကြီးနေခြင်းဖြစ်၏။

‘ဒီကလေးမ ဘာလာလုပ်တာပါလိမ့်’ တွေးလိုက်သည်။

သူ့ခေါင်းထဲတွင်လည်း ထိုကလေးမလေးကို ကူညီခဲ့တာများကို ပြန်စဉ်းစားလိုက်ရာ အတွင်းစည်းသို့ စုရှင်းရှင်းမ၀င်သွားခင်မှာ သူမ၏ လေ့ကျင့်ဖော် လေ့ကျင့်ဘက် ဂိုဏ်းတူအကိုအဖြစ် တစ်လခန့် သူမကို ဂရုစိုက်ပေးခဲ့ခြင်းကို ပြန်မြင်ယောင်လိုက်သည်။

‘အဲ့ဒီတုန်းက ဒီကောင်မလေးကြောင့် ငါတကယ် စိတ်ဓာတ်ကျသွားခဲ့ရတာပဲဟ။ ထားလိုက်ပါ မတွေးတာကောင်းပါတယ်လေ… မတွေ့တာကြာတော့ သူလည်း တိုးတက်လာတာပဲ။ ဒါပေမယ့် ငါကကြီးမှကြိုက်တာ”

သူတို့နှစ်ယောက် ထိုအချိန်မှစ၍ မတွေ့ရတော့ချေ။ မိုးတိမ်လေပြိုင်ပွဲ၌ သူ့ကို လာရောက်အားပေးသည့်အချိန်ကမှ ပြန်ဆုံရသည်ဟုပြောနိုင်သည်။

‘ဟက်… ငါ့သူငယ်ချင်းလို့ ပြောလို့ရပါတယ်လေ’

ထိုသို့ အတွေးများ ရောက်ရက်ခက်နေရာမှ တံခါးကို ဖွင့်လိုက်လေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset