Chapter – 237 တန်ပြန်တိုက်ခိုက်ခြင်း (အပိုင်း ၁)
ဂိုဏ်းနှစ်ဂိုဏ်းလုံးက နောက်လိုက်များဟာ အလွန် ပဲ အစွမ်းထက်လှကြပါတယ် ။ ခြုံကြည့်မည်ဆိုပါက အလွန် ကောင်းသော တိုက်ခိုက်မှုများပါ ။ အမည်းရောင်ဝံပုလွေ များအား ခုတ်ပိုင်းကာ ရေခဲလေ တောင်ကြား နောက်လိုက် များ ဟာ အေးစက်သော ရေခဲချီဓာတ်များဖြင့် ထုတ်လွှတ် လိုက်သောကြောင့် မျက်စိတမှိတ်အတွင်းမှာပဲ ခဲသွားကြ ပါ တယ် ။ ထိုအချိန်မှာပဲ အလွန်လျင်မြန်စွာဖြင့် ရှန်းရှန်း နှင့် လန်ယုလန် တို့ဟာ ခေါင်းဖြတ်လိုက်ကြပါတော့တယ် ။ ၎င်း တို့ နှစ်ယောက် ၏ အစွမ်းမှာ အံ့မခန်းပါပဲ ။
ချန်ရှန် ၎င်းတို့ အတူတကွ လေ့ကျင့်ခဲ့ကြောင်း သိရှိခဲ့ ရပြီး ၎င်းတို့အား လျူမန်ဂါ မှ လေ့ကျင့်ထားပေးတာပါ ။ ဒါ ကြောင့်ပဲ ၎င်းတို့ဟာ အတူတကွ အလုပ်လုပ် နိုင်စွမ်းရှိကြ ပြီး သူ့အတွက် အနည်းငယ် စိတ်အေးသွားရပါတယ် ။
ရှန်းရှန်းဟာ လျူမန်ဂါ ဆီမှာရှိသော အဖြူရောင်နဂါး အနမ်း ဟူသော လှံတံနှင့် ဆင်တူသည့် လှံတစ်ချောင်း အား ကိုင်ထားတယ် ။ ၎င်းလက်နက်ဟာ လျူမန်ဂါ သူမ အတွက် ပြုလုပ်ထားပေးတာ ဖြစ်ပါတယ် ။ ရှန်းရှန် ဟာ အဆိုပါ လှံရှည်အား အလွန်ကျွမ်းကျင်စွာ ကိုင်တွယ်တတ် တယ် ။ သူမ လှံရှည်ကို ဝေ့ယမ်းလိုက်သည့် အခါ အလွန် လျင်လှပြီး ခပ်လှမ်းလှမ်းမှ ကြည့်မည်ဆိုပါက လှံပေါင်း များစွာ ဝေ့ယမ်းနေသည်နှင့် တူလှတယ် ။ သူမ၏ ထိုးနှက် ချက်များကြောင့် ၀ံပုလွေများမှာ ဒဏ်ရာပေါက်များစွာ ရှိနေ ကြပါတော့တယ် ။
လန်ယုလန် ကတော့ ကြီးမားသည့် ဓားပြားကြီး တစ် ခုကို ကိုင်ဆောင်ထားပြီး ၀ံပုလွေများကို တိုက်ခိုက်နေပါ တယ် ။ ရေခဲအဖြစ် ခဲသွားသည့် ၀ံပုလွေများအား ရက်စက် စွာပင် အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းနေလျက်ပါ ။ ကောင် မလေး နှစ်ဦးလုံးဟာ အလွန်ပင် အစွမ်းထက်ကြပြီး ချန်ရှန် ကြိတ်ပြီး ချီးကျူးမိနေတယ် ။
ချန်ရှန် ဒီနေရာမှာ မိစ္ဆာပညာရှင် နှစ်ဦး ပုန်းခိုနေတယ် ဆိုတာ သိနေပါတယ် ။ သို့သော်လည်း ၀ံပုလွေမိစ္ဆာများ အား မည်ကဲ့သို့ ထိန်းချုပ်တာလဲဆိုတာကိုတော့ မသိသေး ပါချေ ။ ထိုသုံးယောက် ပုန်းခိုနေမည့် နေရာအား လောင် ဆုရီကို ရှာခိ်ုင်းထားပြီး ဖြစ်ပါတယ် ။
“မတွေ့ သေးဘူးလား”
ချန်ရှန် မေးလိုက်တယ် ။ ထိုအချိန်မှာ သူဟာ လန်ယု လန် တို့ဆီသို့ သွားနေတယ် ။ ခြုံခိုတိုက်ခိုက်မှုများ ကို စိုး ရိမ်လို့ပါ ။
“သစ်ပင်ကြီးမှာ”
လောင်ဆုရီ ပြောလိုက်တယ် ။
ချန်ရှန် သစ်ပင်အကြီးတစ်ပင်ကို ကြည့်ကာ မိစ္ဆာဒူး လေး အား ထုတ်ယူလိုက်တယ် ။ စကြာဝဠာချီဓာတ် တွေ ကို များစွာ လောင်းထည့်လိုက်ပြီး သစ်ပင်ကြီး ဆီသို့ ချိန် ရွယ်လိုက်ပါတယ် ။ လျင်မြန်လှသော အရှိန်ဖြင့် သစ်ပင် ကြီး ဆီသို့ မြှားဟာ ချက်ချင်း ထွက်သွားတယ် ။ ပေါက်ကွဲ သံကြီးတစ်ခု ထွက်ပေါ်လာပြီး သွေးမှုန်များလည်း ပြန့်လွင့် လို့ လာပါတော့တယ် ။
ချန်ရှန် ပစ်လွှတ်သောမြှားဟာ ချီဓာတ်များစွာ ပါဝင်နေ ပြီး ပေါက်ကွဲထွက်စေပါတယ် ။ လူ၏ ကိုယ်အတွင်းသို့ ၀င် သွားပြီးနောက် ၎င်းဟာ ချက်ချင်း ဒဏ်ရာနေရာမှ ပေါက် ကွဲထွက်သွားစေတယ် ။ အတော်ကို ပြင်းထန်လှတယ် ။
မိစ္ဆာပညာရှင်တစ်ဦးအား ချန်ရှန် သတ်ပြီးနောက် တချို့ သော ၀ံပုလွေများမှာ ရပ်တန့်ကာ မြေကြီးပေါ်သို့ လဲ ကျသွားပါတော့တယ် ။ ချန်ရှန် ထပ်မံ၍ စကြာဝဠာ ချီဓာတ် များကို ထည့်သွင်းကာ မြှားအား နောက်တစ်ပင်ဆီသို့ ပစ် လွှတ်လိုက်တယ် ။ မျက်စိတမှိတ်အတွင်းမှာပဲ နောက်ထပ် ကျယ်လောင်လှသော မြည်ဟည်းသံကြီး ပေါက်ကွဲသွား ပြီး သွေးများ အသားစများ ထိုသစ်ပင်ကြီးမှ လွင့်ထွက်လာ ပါတော့တယ် ။
ချန်ရှန် တတိယမြှားကို ပစ်သွင်းဖို့ ကြံရွယ်စဉ်မှာပဲ သစ်ပင်တစ်ပင်မှ အမည်းရောင် အရိပ်တစ်ခု လျင်မြန်စွာ တောထဲသို့ ပြေးထွက်သွားတယ် ။ ထိုလူဟာ ထွက်ပြေး နေပေမယ့် သူ့လူတွေကို မည်သူတိုက်ခိုက်လိုက်သလဲ ဆို တာ မသိပါဘူး ။ သူသိတာကတော့ သူကျန်နေရင် သူ အသတ်ခံရမယ် ဆိုတာကိုပါ ။
ချန်ရှန် ရှန်းရှန်း တို့ဆီ ပျံသန်းသွားတယ် ။ သားရဲမိစ္ဆာ များမှာ မလှုပ်မယှက်ရှိနေပါတယ် ။ ၎င်းတို့ဟာ ရုပ်သေး ရုပ်များပါ ။ သူ့တို့ကို ထိန်းချုပ်ကြိုးကိုင်မည့်သူ မရှိပါက လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး ။
“အကိုတော်ချန် ၊ အကိုတော်ဆိုတာ သိနေတယ်”
လန်ယုလန် ချန်ရှန်ကို မြင်ပြီးနောက် ချက်ချင်းကို ထ အော်ပါတယ် ။
ရှန်းရှန်း လည်း ချန်ရှန်ကို မြင်သော အခါပြုံးပြီး –
“အကိုတော် ချန် ၊ အတော်ကို ထူးဆန်းတယ့်လူပဲ ၊ ဘယ်လိုတွေလဲ ပြောပြပါဦး”
ချန်ရှန် ရှန်းရှန်း နှင့် လန်ယုလန် တို့ နှစ်ယောက်ကို ပြုံးကာ ကြည့်လိုက်တယ် ။ လူအများကြီးလည်း မရှိသော ကြောင့် ၎င်းတို့အား လှမ်းဖက်လိုက်ပါတယ် ။
“လူကြီးမင်းတို့ ၊ တွေ့ရတာ ၀မ်းသာတယ်”
ချန်ရှန် လက်သီးဆုပ်ကာ တခြားလူများအား ယဉ် ကျေးစွာ နှုတ်ဆက်လိုက်တယ် ။ ၎င်းတို့ကလည်း ချန်ရှန် ကို အရိုအသေ ပြန်ပေးပါတယ် ။ မူလက သူတို့ဟာ ဘယ် သူများ လာတာပါလိမ့်ဟု ထင်မှတ်နေမိကြတာပါ ။ ချန်ရှန် ကို မြင်တယ့်အခါမှသာ စိတ်အေးသွားကြတယ် ။ ချန်ရှန် ထွက်လာတာနဲ့ ၀ံပုလွေများဟာ ရပ်တန့်သွားကြရပြီ မ ဟုတ်ပါလား ။
“ပြောရရင်တော့ အရှည်ကြီးပဲ အတိုချုန်းပြောရရင် ၊ ကိစ္စက အတော် ရှုပ်တယ် ။ လူတိုင်း သေချာ နားထောင် ကြပါ”
ချန်ရှန် အလျင်အမြန်ပင် သူသိသော အကြောင်းအရာ များအား ပြန်လည် ပြောပြလိုက်တယ် ။ ရှန်းရှန်း တို့ဟာ ချန်ရှန် စကားကို ကြားတယ့်အခါ တခဏမျှ ကြောင်နေ ကြ တယ် ။ လန်ယုလန် မှာတော့ သူမ၏ ဓားကို တင်းတင်း ဆုပ်ထားလျက် ရှိတယ် ။ သူမ မျက်နှာဟာ တည်ငြိမ်လျက် ပါပဲ ။
“ဒီမိစ္ဆာလမ်းဂိုဏ်းကလူတွေက တမင်ကို အကျင့် ယုတ်ကြတာ ၊ ဒုက္ခတော့ ရောက်ပြီ”
လန်ယုလန် အေးစက်စွာ ပြောလိုက်တယ် ။
သူတို့ဟာ အပြင်နှင့် မဆက်သွယ်နိုင် ၊ အပြင်လဲ မထွက်နိုင် ဖြစ်နေပါတယ် ။ လက်ရှိသူတို့ဟာ ယခုနေရာ မှာ သာ နေထိုင်ကြရမှာပါ ။
“ကြည့်ရတာ ငါတို့ ဒီမှာ ၂ လတော့ နေရမှာပဲ ၊ မိစ္ဆာ လမ်းဂိုဏ်းက ကောင်တွေ ကို အကုန်သတ်ပြီးရင် အပြင် ထွက်ကြတာပေါ့ ၊ အဲဒါဆို အန္တရာယ် မရှိပါဘူး”
ချန်ရှန် ပြန်ပြောလိုက်တယ် ။
ရှန်းရှန်း ကလည်း –
“အကိုတော် ချန် ၊ မြန်မြန်သွားပြီး တခြားဂိုဏ်းသား တွေကို ပြောပြပေးလိုက်ပါ ။ နောက်မို့ဆို မိစ္ဆာတွေလက် မှာ ကျရှုံးသွားကြလိမ့်မယ်”
“အကိုတော် ချန် ၊ မြန်မြန် သွားတော့ ၊ ကျွန်မတို့ကို မစိုးရိမ်ပါနဲ့”
လန်ယုလန် ပြောလိုက်တာပါ ။
သူမဟာ ချန်ရှန် နှင့် လိုက်ချင်ပေမယ့် သူမ အနေဖြင့် ချန်ရှန် ကို ထိရောက်စွာ ကူညီနိုင်မည် မဟုတ်ဘူးဆိုတာ သိနေတယ် ။ သူမကပင် လိုက်ရှုပ်သလို ဖြစ်နေပါဦးမည်။
အခြေအနေတွေသာ တည်ငြိမ်နေမည် ဆိုပါက ချန် ရှန် ၎င်းတို့နှင့် အတူတူ နေထိုင်ဦးမှာ ဖြစ်ပါတယ် ။
ချန်ရှန် လည်း ၎င်းတို့၏ စေ့ဆော်မှုများကို ကြားတယ့် အခါ လျင်မြန်စွာပဲ နောက်ထပ် ခြုံခို တိုက်ခိုက်မည့် နေရာ သို့ သွားပါတော့တယ် ။ ရှန်းရှန်း ပြောပုံအရ ၎င်းတို့ဟာ လူ တစ်ဦး၏ သွေးဆောင်မှုကြောင့် ၎င်းနောက်သို့ လိ်ုက်ခဲ့ရ တာ ဖြစ်ပြီး ရန်သူက တစ်ယောက် ၎င်းတို့က ၁၃ ယောက် ဖြစ်သည့်အတွက် နိုင်မည်လို့ ထင်ခဲ့တာပါ ။
ခြုံခိုတိုက်ခိုက်ရာ အမှတ်အသားကို တွေ့ ပြီဆိုပါက ဂိုဏ်းသားများကို လည်း ရှာတွေ့ မည် ဖြစ်ပါတယ် ။ ယခု အခါ ခြုံခိုတိုက်ခံမည့် နေရာ ၃ နေရာအား သိနေတာ ဖြစ် ပြီး လက်ယာဂိုဏ်းအဖွဲ့မှာ ၈ ဖွဲ့ ရှိသည့်အတွက် သူအချိန် မီ ရောက်ရှိနိုင်မည် ဟု မျှော်လင့်နေမိပါတယ် ။
“အေးဆေးပါ ၊ ဒီလက်ယာဂိုဏ်းသားတွေ ဆိုတာက လည်း သိပ်အားနည်းသူတွေ မဟုတ်ပါဘူး ။ တစ်ယောက် ချင်းဆီသာ ချနေရမယ် ဆိုရင် နိုင်ဖို့ မလွယ်ဘူး ၊ အေးဆေး ခုခံ နိုင်ကြမှာပါ”
စုမေးယို က ပြောပြလိုက်ပါတယ် ။
ချန်ရှန် ခေါင်းညိမ့်လိုက်တယ် ။ သူ ခုနက ထွက်ပြေး သွားသော သူနောက်သို့ လိုက်နေတာ ဖြစ်ပြီး ထို လူဟာ အတော် မြန်မြန် ပြေးနေပေမယ့် ချန်ရှန် လောက်တော့ မမြန်ဆန်ပါပေ ။ နာရီဝက်လောက် အကြာမှာ ချန်ရှန် ထို လူကို မီလာတာကြောင့် သူ၏ မိစ္ဆာဒူးလေးအား ထုတ်ယူ လိုက်တယ် ။ ထိုလူ၏ ခြေထောက်အား လှမ်းပစ်လိုက်ပါ တော့တယ် ။
မိစ္ဆာဒူးလေး ဟာ အလွန်ကို တိကျလှတယ် ။ လုံ လောက်သော ချီဓာတ်သာ ရှိပါက ပစ်မှတ်ကို လွဲလေ့ မရှိ ချေ ။ အမည်းရောင်မြှား စိုက်သွားသောအခါ ထိုလူလည်း လွင့်ထွက်သွားပြီး ၎င်း၏ ခြေထောက်မှာ အပိုင်းပိုင်းအစစ သို့ ဖြစ်သွားရပါတော့တယ် ။
ချန်ရှန် လျင်မြန်စွာ ပျံသန်းသွားပြီး ပုံဆောင်ခဲရိုက် ချက် အနည်းငယ် ထပ်မံ ရိုက်ချနေတယ် ။ ထုံးစံအတိုင်း ၎င်း၏ အရိုးများမှာ အရည်ပျော်သွားပြီး အတော်နာကျင် သော ခံစားမှုမျိုး ဖြစ်ပေါ်နေပါစေတော့တယ် ။
ချန်ရှန် လက်သီးဖြင့် ထပ်မံထိုးချလိုက်ပြန်ပါတယ် ။ ထိုလူဟာ အဆင့် ၄ ပညာရှင် ဖြစ်သော်လည်း ချန်ရှန် ၏ ထိုးနှက်ချက်များမှာ အလွန်ပြင်းထန်လှသောကြောင့် မသေ ရုံ တမယ် ဖြစ်လို့ နေပါပြီ ။
“မင်း ဘယ်အချိန်က ရောက်သလဲ”
ချန်ရှန် မေးလိုက်တယ် ။ သူ ဟာ ဝိဉာဉ်ဖမ်း မိစ္ဆာ ကျိန်စာ ကို သုံးထားပြီး ဖြစ်ပါတယ် ။
“သုံးရက်ရှိပြီ”
ထိုလူက ပြန်ဖြေတယ် ။ ဖြေနေရင်းဖြင့် သွေးများ လည်း အန်လျက် ရှိပါတယ် ။
ချန်ရှန် မျက်မှောင်ကြုတ်လိုက်မိတယ် ။ ခုနက သူ ကြုံတွေ့ ခဲ့သော အမည်းရောင် ၀တ် လူငါးဦးဟာ ရုပ်သေး ရုပ်များ ကို မည်ကဲ့သို့ ထိန်းချုပ်ရမည် ဆိုတာကို မသိပါ ချေ ။ လွန်ခဲ့သော သုံးရက်ကမှ ရောက်သော သူကတော့ သိနေတယ် ။
“ဒီလို ရုပ်သေးရုပ်တွေကို ထိန်းချုပ်တတ်အောင် ဘယ် သူသင်ပေးတာလဲ”
ချန်ရှန် ၎င်း၏ ဆံပင်ကို ဆွဲကာ ကျယ်လောင်စွာ မေး လိုက်တယ် ။
“သက်ကြီးတစ်ဦးသင်ပေးတာ”
“မင်းတို့ သင်ပြီးတာ ဘယ်လောက်ကြာပြီလဲ ၊ ဘယ် မှာ သင်ခဲ့တာလဲ”
ချန်ရှန် ထပ်မေးလိုက်ပြန်ပါတယ် ။
“လွန်ခဲ့တယ့် သုံးလက ၊ ဂိုဏ်းရဲ့ ကန့်သတ်နယ် မြေ ထဲမှာ”
“မင်းတို့ ပုန်းနေမယ့် နေရာတွေ ငါ့ကို ပြောစမ်း”
ချန်ရှန် မေးခွန်းပေါင်းများစွာ မေးနေပါတောတ့ယ် ။ ဒီ လူဟာ သူကြုံတွေ့ ခဲ့သော လူငါးဦးထက် စွမ်းအားပိုကြီး မယ် ဆိုတာ သိနေတယ် ။ ဒါကြောင့် အကြောင်းအရာ များ စွာ မေးလို့ရပါတယ် ။
ချန်ရှန် အလွန်အေ၇းပါသော သတင်းတစ်ခုကို သိ ရှိခဲ့ ရတယ် ။ သူ့ပြောပုံအရ ဒီနေရာတွင် အစွမ်းထက်ဆုံး လူ နှစ်ဦးရှိနေပြီး ၎င်းတို့ဟာ စစ်မှန်သော ပညာရှင် အဆင့် ၅ တွေ ဖြစ်ကြပါတယ် ။ တစ်ဦးမှာ လွန်ခဲ့သော သုံးနှစ် က ရောက်ရှိ ခဲ့ တာ ဖြစ်ပြီး နောက်တစ်ဦးမှာ သုံးရက်အကြာ က မှ ရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။ ၎င်းတို့ဟာ အတူတကွ အလုပ်လုပ် ကြတာ ဖြစ်ပြီး မျိုးစုံသော ရုပ်သေးရုပ်များ ကို အသုံးပြုပြီး လက်ယာဂိုဏ်းသားများ၏ ချီဓာတ်တွေကို ကုန် အောင် လုပ်ပစ်နိုင်ပါတယ် ။
လွန်ခဲ့သော သုံးရက်က ဂိုဏ်းသား ၅၀ ၀င်လာပြီး ထို လူများအနက် အယောက် ၃၀ သာ ရုပ်သေးရုပ် ထိန်းချုပ် နည်း သိပါတယ် ။ ဒါ့အပြင် ကျန်လူများထက်လည်း ပိုမို အစွမ်းထက်ပါသေးတယ် ။
ချန်ရှန် ထိုလူအား ခေါင်းဖြတ်ပြီးနောက် နောက်ဆုံ မှတ် တစ်ခုသို့ သွားပါတော့တယ် ။ မိစ္ဆာပညာရှင်တို့ ခြုံခို တိုက်ခိုက်မည့် ဆုံမှတ်များဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် လျက်ရှိကြတယ် ။ လက်ယာဂိုဏ်းသားများဟာ ဆုံမှတ် တစ်ခုကို ဖြတ်ကျော်လာနိုင်မည်ဆိုရင် ၎င်းတို့၏ ချီဓာတ် များဟာ ကုန်လုလု ဖြစ်နေတာကြောင့် နောက်ဆုံမှတ် တစ်ခု မှ လူများက ၎င်းတို့ကို အလွယ်တကူ ဖမ်းဆီးနိုင် မည် ဖြစ်ပါတော့တယ် . . . ။