Chapter – 236 အန္တရာယ်နှင့်ရင်ဆိုင်ခြင်း
ချန်ရှန် ဟာ သူ၏ အမည်းရောင်လိပ် နတ်ကျင့်စဉ် နှင့် မြေကြီးထဲဝင်သွားတာ ဖြစ်ပြီး ထိုအထဲမှ သူ၏ အမည်း ရောင်လိပ် ချီဓာတ်များကို ထည့်ကာ စွမ်းအားကြီး ရေနွယ်ပင်များ အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ် ။ သူ၏ နတ်အတွင်းအား အာရုံများကို အသုံးပြုကာ ထိုနွယ် များကို ထိန်းချုပ်ပြီး လေးယောက်သားအား ဖမ်းချုပ်ထား တာ ဖြစ်ပါတယ် ။ ဒါတင်မက မိုးပြာနဂါးချီဓာတ်များဖြင့် လျှပ်စီးအားများ လွှတ်လိုက်ကာ ထိုလေးယောက်အား တုန်ခါသွားစေတာ ဖြစ်ပါတယ် ။ အချိန်တခဏအတွင်းမှာ လေးယောက်လုံးဟာ မလှုပ်နိုင်ကြပဲ သတိလက်လွတ်ဖြစ် ကာ ကာကွယ်ရာမဲ့သွားကြပါတယ် ။
ချန်ရှန် လည်း ထိုအခွင့်အရေးကို လက်လွတ်မခံပဲ သူ ၏ မိုးပြာနဂါး ဓားကြီးအားထုတ်ပြီး အမည်းရောင်ဝတ် လူ နှစ်ဦးအား ရေပြင်ညီအတိုင်း ပိုင်းဖြတ်လိုက်တယ် ။ ထို တစ်ချက်ဟာ ၎င်းတို့အား ခါးမှ နှစ်ပိုင်းပြတ်သွားပါစေတော့ တယ် ။
မိုးပြာနဂါးဓားကြီး ဟာ ချီဓာတ်များစွာ ထွက်နေပြီး အ လွန် ကြောက်မက်ဖွယ် ကောင်းလှပါတယ် ။ ချန်ရှန် ဟာ မိုးပြာနဂါးဓားဆိုတာ မိစ္ဆာလမ်းကျင့်စဉ်ကျင့်သူတွေ အဖို့ အိပ်မက်ဆိုးလို ကြောက်လန့်စေတယ့် အရာဆိုတာကို သိ ရှိနေတာ ဖြစ်တယ် ။
ဘိုင်ယုယု တောင် ထိုမိုးပြာနဂါး ကို ထိတွေ့ စဉ်မှာ မ နှစ်မြို့ ဖွယ် ခံစားမှုကို ဖြစ်ပေါ်စေပြီး သက်တောင်သက်သာ မဖြစ်လှပါ ။ဒါကြောင့် ဒီဓားဟာ မိစ္ဆာပိုင်နက်ရှိ မည်သူကို မဆို သေကြေပျက်စီးစေနိုင်သော အစွမ်းရှိနေပါတယ် ။ အ ဘယ်ကြောင့်ဆိုသော် ၎င်းဓားဟာ စွမ်းအားကြီး မိစ္ဆာချီ ဓာတ်များကို ဖျက်ဆီးပစ်စေနိုင်လို့ပါ ။
ချန်ရှန် လူနှစ်ဦးကို သတ်ပြီးတဲ့နောက် လျင်မြန်စွာပဲ နောက်လူတစ်ဦးနားသို့ ရောက်ရှိသွားတယ် ။ ထိုလူ၏ ခြေ ထောက်ဟာ နွယ်များဖြင့် ရစ်ပတ်ခြင်း ခံထားရပြီး ထိတ်လန့်နေလျက်ရှိတယ် ။ သူဟာ မိစ္ဆာလမ်းမှ ပညာရှင် ဖြစ်သော်လည်း လှည့်စားမှု များစွာမရှိပါ ။ ချန်ရှန် ၏ လှည့် ကွက်များကတော့ အလွန်ပင် ဆန်းပြားလှပြီး ခန့်မှန်းရ အ လွန်ခက်ပါတယ် ။ သို့သော်လည်း ထိုလူဟာ အကာအ ကွယ် ကောင်းကောင်းရှိနေတာဖြစ်ပြီး သူ့အပြင်တစ်ကိုယ် လုံးကို ထူထည်းလှသော ချီအကာအကွယ်ဖြင့် လွှမ်းခြုံ ထားပါတယ် ။
ချန်ရှန် အထင်သေးစွာ မဲ့ပြုံးပြုံးလိုက်တယ် ။ သူ၏ ဓား ကြီးကို ဝေ့ယမ်းကာ နေပြီး ဓားမှ မိုးပြာရောင်ငွေ့ တွေ ထွက်ပေါ်လျက် ရှိပါတယ် ။ ပြင်းထန်စွာပင် ခုတ်ပိုင်းချ လိုက်တာကြောင့် ထိုလူ၏ အမည်းရောင် ချီအကာအကွယ် မှာ အလွယ်တကူ ပြိုကွဲသွားပြီး ၎င်း၏ ခါးမှ နှစ်ပိုင်းပြတ် သွားစေပါတော့တယ် ။
နောက်တစ်ယောက် သေဆုံးသွားပြီဖြစ်ပြီး နောက်ဆုံး လူတစ်ဦးသာ ကျန်ရှိပါတယ် ။ ထိုလူဟာ နောင်တရသလို ခံစားနေရပြီး ချန်ရှန် ပြောသလို သူတို့စုတိုက်ခဲ့မည် ဆိုပါ က ခုလောက် ဒုက္ခရောက်နိုင်မည် မဟုတ်ချေ ။ အခုတော့ သူ့ဘ၀မှာ မတွေးရဲစရာပါပင် ။
ချန်ရှန် မိုးပြာနဂါးဓားကို ပြန်သိမ်းလိုက်ပြီး သူ၏ နတ် အတွင်းအား အာရုံဖြင့် နွယ်များအား စေခိုင်းလိုက်သဖြင့် ပိုမိုတင်းကြပ်စွာ ရစ်ပတ်သွားစေပါတယ် ။ လျှပ်စီးများလဲ ထပ်မံ ရိုက်ခတ်လိုက်ကာ မလှုပ်နိုင်အောင် ဖြစ်သွားစေပါ တယ် ။
ထိုလူရှေ့ သို့ ချန်ရှန် ရောက်လာပြီး လက်ကိုဆန့်ထုတ် ကာ ပုံဆောင်ခဲတစ်ခု ရိုက်သွင်းလိုက်ပြီး ထိုလူ၏ ကိုယ်သို့ ထိမှန် သွားစေပါတော့တယ် ။ အရိုးပြောင်းမိစ္ဆာပုံဆောင်ခဲ ရိုက်ချက်ဖြစ်ပြီး ထိုလူလည်း ပျော့ခွေသွားတယ် ။ ချန်ရှန် မှာ ယခုလို မိစ္ဆာလမ်းဂိုဏ်းထက် ပိုမိုကောင်းမွန်သော မိစ္ဆာ ကျင့်စဉ်မျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ ။ အတော် ကို နာကျင်မှုဖြစ်သွားစေပြီး အင်းဆက် ထောင်သောင်းမက သူ့ကိုယ်အတွင်းရှိ အရိုးများအား စားသွားသလို ခံစားလိုက် ရပါတယ် ။
ထိုလူလည်း အရုပ်ကြိုးပျက် နာကျင်စွာ မြေပြင်ပေါ် သို့ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်နေပါတယ် ။ သို့သော် လည်း သေတော့မသေသေးချေ ။ ၎င်းတို့ဂိုဏ်းများရှိ မိစ္ဆာ ကျင့်စဉ်များ နှင့် နှိုင်းယှဉ်မည် ဆိုပါက ချန်ှရန် ၏ တိုက် ကွက်မှာ အလွန်ကို ကောင်းမွန်နေကြောင်း သဘောပေါက် သွားပါတယ် ။ ချန်ရှန် အသုံးပြုသော တိုက်ကွက်မှာလည်း မိစ္ဆာကျင့်စဉ်တိုက်ကွက်ပါပဲ ။ ဒီတိုက်ကွက်ကို သုံးတဲ့အခါ မည်သည့် ဒဏ်ရာမျှ ဖြစ်ပေါ်စေမည် မဟုတ်ပဲ အရိုးများ သာ အရည်ပျော်ပြီး ပျောက်ကွယ်သွားစေမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြောပြလို့ မရနိုင်သော နာကျင်မှုမျိုးကို ခံစားရ စေမှာပါ ။ ယခုအခါမှာတော့ သူ့ရှေ့ ကလူ လက် တွဲလောင်း ကျသွားသည့် အဖြစ်ကို သဘောပေါက်နားလည်သွားပါ တော့တယ် ။
“ခုနကလိုပဲ လုပ်လိုက်”
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာ ပြုံးလိုက်တယ် ။ ထို အမည်းရောင်ဝတ် လူဟာ အဆင့် ၃ သို့မဟုတ် ၄ ပညာရှင် ဖြစ်နိုင်ပြီး ၎င်းတို့ ငါးယောက်လုံး စုတိုက်မည် ဆိုပါကလဲ ချန်ရှန် အားနှင့် ထိန်းချုပ်နိုင်မည် မှာ အမှန်ပါပင် ။
“မင်း . . . ငါ့ကို ဘာလို့ မသတ်တာလဲ ၊ ငါ့ဆီက ဘာ အဖြေမှ ကြားရမယ် မမျှော်လင့်နဲ့ . . .”
ချန်ရှန် ၏ လက်ဟာ ထိုလူ၏ ဦးခေါင်းကို ကိုင်လိုက်ပြီး ဝိဉာဉ်ဖမ်းမိစ္ဆာကျိန်စာ ကို ပြုလုပ်ကာ ရှေးနည်းအတိုင်း မေးလိုက်ပါတယ် ။
“မင်း ဒီစွန့်ပစ်နယ်မြေက ဘယ်လိုထွက်ရမလဲ ဆိုတာ သိလား”
“ငါသိတယ် ၊ ငါတို့ ဂိုဏ်းချုပ် ပြောပုံအရ ငါတို့ လက် ယာ ဂိုဏ်းသား ၃၀ ကို ဖမ်းပြီးတာနဲ့ စတေးခံမယ့် နေရာမှာ ထားရမယ် ၊ ပြီးရင်ငါတို့ ထွက်လို့ရပြီ”
ချန်ရှန် သက်ပြင်းတစ်ချက် ချလိုက်တယ် ။ စုမေးယို ၏ ခန့်မှန်းချက်များဟာ မှန်ကန်နေပြီ မဟုတ်ပါလား ။ မိစ္ဆာ လမ်းဂိုဏ်းမှ လူများဟာ တကယ်ကိုပဲ လက်ယာလမ်းဂိုဏ်း မှ လူများကို စတေးမည့် အစီအစဉ် ပြုလုပ်ထားတာပါ ။ နောက် လက်ယာဂိုဏ်းများမှ နောက်လိုက်များဟာ သန့် စင်သော ချီဓာတ်များကို လေ့ကျင့်ထားသောကြောင့် ဒီလို ချီဓာတ်များကို မိစ္ဆာလမ်းမှ လူတွေဟာ အကြိုက်ဆုံးပါပဲ ။
“စတေးခံမယ့် နေရာက ဘယ်မှာလဲ”
ချန်ရှန် မေးလိုက်တယ် ။
“အဲဒါက . . .”
အမည်းရောင်ဝတ် လူ၏ စိတ်ဟာ ချန်ရှန် ၏ ထိန်းချုပ် ခြင်းကို ခံနေရတာ ဖြစ်ပြီး စတေးခံမည့် နေရာအား အတိ အကျ ပြောပြနေပါတယ် ။
“မင်းတို့ နေရာကကော”
အမည်းရောင်ဝတ် လူဟာ နေရာသုံးခု ချန်ရှန်အား ပြော ပြ လိုက်တယ် ။ လမ်းကြောင်းအတိအကျကို ချန်ရှန် အားပြောနေခြင်း ဖြစ်ပြီး ထိုနေရာ သုံးနေရာစလုံးမှာ သူတို့ လူတွေ ရှိနေပါတယ် ။ အားလုံးဟာလည်း အစွမ်းအစ နည်း သူများ မဟုတ်ကြပါချေ ။ ၎င်းတို့ဟာ လက်ယာဂိုဏ်းများမှ လူများ လာတာကို ခြုံခို စောင့်ဆိုင်းနေတာ ဖြစ်ပြီး ၎င်းတို့ ၏ ရည်ရွယ်ချက်မှာ လက်ယာဂိုဏ်းသားတို့၏ ချီဓာတ်များ ကုန်ဆုံးစေရန်ပါ ။ ထိုကဲ့သို့ ကုန်ဆုံးသွားပါက ၎င်းတို့ အလွယ်တကူ ကြိုးစားရာကသည့် ရုပ်သေးရုပ်များဖြင့် ဖမ်းဆီးနိုင်မည် ဖြစ်ပါတယ် ။
“အဲဒိ မိစ္ဆာလမ်းဂိုဏ်းသားတွေ ဘယ်လိုမှ ခုလို ထင်ကြ မှာမဟုတ်ဘူး ။ ငါ့မှာ အစွမ်းအစရှိတယ့် မိန်းမ နှစ်ယောက် နဲ့ တစ်ပိ်ုင်းရှိနေတာ သူတို့မှ မသိကြပဲ ။ သူတို့အစီအစဉ် တွေ အကြံတွေကို ဒီက ကောင် က အကုန်သိနေပြီ ။ မင်း တိုိ့ကို ဖျက်ဆီးပစ်မယ်”
ချန်ရှန် အေးစက်စွာ ရယ်မောနေတယ် ။ ထိုအမည်း ရောင်ဝတ်လူ ၏ ခေါင်းအား ဖြတ်လိုက်ပါတော့တယ် ။
အကုန်လုံး၏ ခေါင်းများအား ဖြတ်လိုက်ပြီး ၎င်းတို့၏ ခေါင်းများအား သူ၏ သိမ်းဆည်းရာ လက်စွပ်အတွင်းသို့ ထည့်လိုက်ပါတယ် ။ ဒီ မနှစ်မြို့ ဖွယ်နေရာမှာ ထွက်ခွာ သည့်အခါ ဒီခေါင်းတွေဟာ သူ့ ဂုဏ်သတင်း တိုးတက်ဖို့ အကြောင်းရင်းများပင် မဟုတ်ပါလား ။ ဒီလိုသာ ရည်ရွယ် ချက်မရှိပါက ၎င်းအမည်းရောင်ဝတ် လူများအား အမှုန့်ပင် ကျန်လိမ့်မည် မဟုတ်ချေ ။
“ခင်ဗျားက ဘာလို့ နှစ်ယောက် နဲ့ တစ်ပိုင်းလို့ ပြော တာလဲ ၊ တကယ်က သုံးယောက်လေ”
လောင်ဆုရီ မသေချာသလို မေးလိုက်တယ် ။
“မင်းကို ငါက တ၀က်လို့ ပဲ သတ်မှတ်လိ်ုက်တာလေ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
“ဘာလို့လဲ ၊ ကျွန်မက ကလေးမဟုတ်ဘူး ၊ ခင်ဗျား ကိုယ်တိုင်ပဲ ပြောခဲ့တယ်မလား ၊ ကလေးတစ်ယောက်လို မဆက်ဆံတော့ဘူးဆို”
လောင်ဆုရီ မကျေမနပ်ဖြင့် ရေရွတ်နေတယ် ။
“ဟဲဟဲ ၊ နဂါးလေး ၊ မင်းက သိပ်ညစ်ပတ်တယ် ။ ဒါ ပေမယ့် မိန်းမတစ်ယောက်အနေနဲ့တော့ ဘာမှ လုပ်နိုင် တာ မရှိသေးဘူး ။ ဒါကြောာင့် မင်းကို တ၀က်အဖြစ်ပဲ သတ်မှတ်တာ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။ သူ့မှာ ယခုအခါ လမ်းကြောင်းရှိနေပြီဖြစ်ပြီး ဘယ်လိုသွားရမလဲ ဆိုတာ သိ နေပါပြီ ။
လောင်ဆုရီ က မကျေမနပ်ဖြင့် –
“ကျွန်မ ညစ်ပတ်တယ် ဆိုတာ ခင်ဗျားကောင်းဖို့ အ တွက်လေ ။ ကျွန်မရဲ့ စေတနာတွေက အလကားပဲ ။ ခင် ဗျားက ကျွန်မကို ဒီလို သဘောထားကတည်းက လူတိုင်း ခင်ဗျားကိုလည်း ဒီလို မြင်အောင် ကျွန်မ လုပ်နေတာ”
ချန်ရှန် မကြောက်ပါ ။ လောင်ဆုရီ ဒီလို မပြောရင် တောင် သူမ၏ အားနည်းချက်ကို သိနေသည် မဟုတ်ပါ လား ။
အမည်းရောင်ဝတ် လူ ထံမှ ဒီနေရာဟာ ၎င်းတို့ သေ ချာ ပြင်ဆင်ထားတယ်ဆိုတာ သိလိုက်ရပါတယ် ။ ဒါတင် မက ၎င်းတို့ဟာ တချို့ သော နည်းလမ်းများဖြင့် လက်ယာ ဂိုဏ်း နောက်လိုက်များကို ဆွဲဆောင်ကာ အလစ်တိုက်ဖို့ ကြံ ရွယ်ထားကြပါသေးတယ် ။
အကယ်၍ လက်ယာဂိုဏ်းသားများ မှ မည်သည့် သတင်းမှ မသိရပဲ ရမ်းသမ်းဝင်လာမည် ဆိုပါက မိစ္ဆာ များ ၏ ရန်စွယ်ကို ရင်ဆိုင်ရမည်မှာ မလွဲချေ ။
ချန်ရှန် အနီးဆုံး ခြုံခိုတိုက်ခိုက်မည့် နေရာသို့ အလျင် အမြန်ပင် လျှောက်လာနေတယ် ။ ထိုနေရာမှာ လက်ယာ ဂိုဏ်းသား မည်မျှပင် အဖမ်းခံနေရပါစေ ကိစ္စရှိမည် မဟုတ် ချေ ။ သူသေချာပေါက် ကယ်တင်နိုင်မှာပါ ။ အယောက် ၃၀ လုံးကို လျင်လျင်မြန်မြန် ဖမ်းဆီးနိုင်သွားမည်ကို သာ စိုးရိမ်ရပါမည် ။
မိစ္ဆာလမ်းဂိုဏ်းများ၏ အဆင့်မြင့် ပညာရှင်တွေပင် စစ်မှန်သော သိုင်းပညာရှင်များအား ဖမ်းဆီရန် မ၀ံ့ကြပါ ။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သော သိုင်းပညာရှင်ဟာ အနည်းငယ်သာ ရှိတာဖြစ်ပြီး အများအပြား စုစုစည်းစည်း ရှိနေမည် ဆိုပါက ပိုမိုသတိထား ဖွယ်ရာပါပင် ။ သာမန် အားဖြင့် ၎င်းတို့ဟာ သူ့တို့ လက်ယာဂိုဏ်းများအတွင်း တွင် နေထိုင်ကြမည် ဆိုပါက ဖမ်းဆီးရန် မဖြစ်နိုင်ပါ ။ လက် ယာဂိုဏ်းသားများ ၏ ချီဓာတ်များဟာ အလွန်ပင် သန့်စင်ကြပြီး စတေးခံရန် အကောင်းဆုံးပါ ။
ချန်ရှန် နာရီဝက်လောက် စွန့်ပစ်နယ်မြေအတွင်း ပြေး နေပြီး အတွင်းပိုင်းသို့ ရောက်ရှိလာကြတယ် ။ စတေးခံ မည့် နေရာမှာ ပိုမို၍ပင် အတွင်းကျပါသေးတယ် ။
“ဒါ တိုက်ခိုက်တယ့် အသံတွေပဲ”
ချန်ရှန် ရပ်ပြီး သေချာနားထောင်လိုက်တယ် ။ ရုတ် တရက် အေးစက်စက်ဖြင့် အော်သံတစ်ခုကို ကြားလိုက်ရ ပါ တယ် ။ လန်ယုလန် ၏ အသံပါပဲ ။
ချန်ရှန် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းသွားနေ မိတယ် ။ မျက်စိတမှိတ်အတွင်းမှာပဲ တိုက်ခိုက်ရာနား သို့ ရောက်ရှိသွားပြီး သူသွားသည့် အမြန်နှုန်းမှာ လျပ်စီးလိုပါ ပင် ။
မကြာမီမှာပဲ လန်ယုလန် နှင့် ရှန်းရှန်းတို့ သူ့မြင်ကွင်း ထဲ ရောက်လာကြတယ် ။ နှစ်ယောက်လုံးဟာ သူတို့ သက် ဆိုင်ရာ ဂိုဏ်းသားများ နှင့် ဖြစ်ပြီး နတ်လက်နက် အင်ပါ ယာနှင့် ရေခဲလေ တောင်ကြား ဂိုဏ်းသားတို့ပါ ။ စုစုပေါင်း ၁၃ ယောက် ဖြစ်ပြီး ထိုအချိန်ထိ အားလုံးဟာ အသက်ရှင် နေကြပါသေးတယ် ။ သို့သော်လည်း ၎င်းတို့ဟာ အမည်း ရောင် ၀ံပုလွေ အကောင်တစ်ရာကျော်လောက်နဲ့ ရင် ဆိုင် နေကြရတာပါ ။
“ဒါ သားရဲမိစ္ဆာတွေပဲ ၊ ဒီကောင်တွေ ထိန်းချုပ်ခံထား ရတာ ဖြစ်မယ်”
ချန်ရှန် ချက်ချင်း သိလိုက်တယ် ။ ၀ံပုလွေ အမည်းများ ဟာ တိုက်ခိုက်မှုများကို တစ်ပုံစံတည်း လုပ်ကြပြီး လှုပ်ရှား မှုများဟာလည်း တူညီကြပါတယ် ။ ဒါကို ကြည့်ခြင်းအား ဖြင့် ၎င်းတို့ဟာ ထိန်းချုပ် ကြိုးဆွဲခြင်း ခံထားရတယ် ဆိုတာ ကို သိနိုင်ပါတော့တယ် . . . ။