Switch Mode

Chapter – 74

ရင်သက်ရှူ‌မောဖွယ်ရာ ည

အပိုင်း (၇၄) ရင်သက်ရှူ‌မောဖွယ်ရာ ည

အဲ့လောက်ညံ့ရသလား။

တကယ်က သူတို့လဘ်း သန်မာကြသည့်သူများဖြစ်သည်။ သို့သော် သူတို့နှစ်ဦး ဘာမှ မလုပ်နိုင်လိုက်သည့်အတွက် စုရှောင်ရှန် ထိုနှစ်ယောက်ကို အထင်သေးသွားသည်။

တကယ့်သေရေးရှင်ရေးတိုက်ပွဲတွင် ရှင်သန်ရေးကို ဆုံးဖြတ်နိုင်တာက ကျင့်ကြံမှုနယ်ပယ် တစ်ခုတည်းမဟုတ်ပေ။ ရန်သူက တုံးအနေလျှင်တော့ တစ်မျိုးပေါ့။

နေရာကျယ်၀န်းသည့် တိုက်ပွဲ‌များကတော့ လုံးလုံးလျားလျား ကွဲပြားသည်။ ရှင်သန်ရေးကိုဆုံးဖြတ်ပေးတာ အချိန်၊ နေရာ နှင့် ကိုယ်ပိုင် စွမ်းအင်တို့ဖြစ်သည်။ ၎င်းတို့မရှိလျှင် ယခု စုရှောင်ရှန် ရပ်နေနိုင်လိမ့်မည်မဟုတ်ပေ။

စုရှောင်ရှန် ဤသူတို့၏ ရည်ရွယ်ချက်ကို သိနိုင်တာဟာ အကြားအမြင်ကြောင့်ဖြစ်သည်။ သို့ဖြင့် ဤလုပ်ကြံသူများ သူ၏ ကျင့်ကြံခြင်းနယ်ပယ်နှင့် ကံစမ်းမဲလှည့်ရာမှ မတော်တဆဖြစ်ပွားစေမိသော အရာတို့ကိုကြည့်ပြီး သူ့ကို အထင်လွဲသွားခဲ့၏။ သို့ဖြင့် ခန့်မှန်းချက်ပေါင်းများစွာကို လုပ်နိုင်သွားသည်။ သို့ဖြင့် သူ၏ ရေလိုက်ငါးလိုက် လုပ်ဆောင်နိုင်စွမ်းတို့က သူ၏ အသက်ကို ကယ်သွားခဲ့၏။

ဆိုရသော် သူ၏ ဉာဏ်ပြေးမှုကြောင့်လည်းပါသည်။

စုရှောင်ရှန် အနည်းငယ် ထိတ်လန့်နေခဲ့ရသည်။ အကယ်၍ ထိုနှစ်ဦးကိုသာ သူမခြိမ်းခြောက်နိုင်လိုက်ဘဲ သူတို့ကို ကနဦးမူလအသာစီးပေးလိုက်ပါက အဆုံးသတ်ရလဒ်က လုံးလုံးကွဲကွဲပြားသွားပေမည်။ သို့သော် ယခု တိုက်ပွဲများပြီးနောက် သူတို့နှစ်ဦး ပေါင်း၍ တိုက်ခိုက်လျှင်ပင် သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

“ငါတကယ် အောက်ခြေလွတ်ချင်နေတယ်…” စုရှောင်ရှန် သူ့ခေါင်းသူ ပုတ်လိုက်သည်။

ငန်းရေကန်၌ မှုန်ဝါးဝါးကျနေသော မိုးရေတို့ကိုကြည့်ပြီး စုရှောင်ရှန် အတွေးနက်သွား၏။ ဤကမ္ဘာကြီး၌ ပထမဆုံးတွေ့ရသည့်မိုးနှင့်အတူ အသက်(၂) ချောင်းလည်း ပါသွားခဲ့၏။ ၀မ်ချောင်နှင့်ဆိုလျှင် သူသတ်တာ (၃) ယောက်မြောက်ဖြစ်လေပြီ။

သူထင်သည့်အတိုင်း ယခုကမ္ဘာကြီးက သူယခင်က နေထိုင်ခဲ့သော ကမ္ဘာကြီးနှင့် လုံးလုံးလျားလျား ကွဲပြားလေသည်။ အကယ်၍ ၎င်းနှင့် လိုက်လျောညီထွေစွာမနေထိုင်နိုင်ပါက နောက်တစ်ကြိမ်သေမည့်သူမှာ သူဖြစ်သွားပေလိမ့်မည်။

‘ဟင်… ၀မ်ချောင်… ဒီနှစ်ယောက် ၀မ်ချောင်အတွက် သွေးကြွေးလာစပ်ကြတာများလား’ စုရှောင်ရှန် တွေးလိုက်၏။

စုရှောင်ရှန် တစ်ယောက် ၀မ်ချောင်နှင့် တိုက်ပွဲနှင့်ပတ်သက်ပြီး အရေးယူခြင်းမခံရသလို ၎င်းက ၀မ်ချောင်၏ အမှားသာဖြစ်သော်လည်း ၀မ်ချောင်၏ အဖော်များက ထိုသို့ ထင်ပါမည်လော။ ဤလူများ ၀မ်ချောင်အတွက် သွေးကြွေးလာစပ်ကြတာ သဘာ၀ကျပေသည်။

“အာ…”

စုရှောင်ရှန် အံ့အားသင့်သွားသည်။ သူ့တွင် ဘာနောက်ခံဘာမှ မရှိသော်လည်း အခြားသူများတွင်တော့ သွေးကြွေးစပ်မည့်သူများ မရှိဘဲ နေလိမ့်မည်လော။ ဤသို့ရှူ‌ထောင့်မှကြည့်ရာ ၎င်းက သဘာ၀ကျပေသည်။ ယနေ့ လုပ်ကြံသူနှစ်ယောက်သေသွားပြီဖြစ်ရာ မနက်ဖြန် ထို့ထပ်ပို၍ ပေါ်လာနိုင်ပေသည်။

“ဘုရားရေ… ဒါဘယ်တော့မှ မပြီးနိုင်တော့တဲ့ အိပ်မက်ဆိုးပဲ… ဟုတ်သားပဲ… ဒီနှစ်ယောက်ကဘယ်သူလဲ… သာမန် လုပ်ကြံသူတွေပဲလား… ဖြစ်နိုင်လို့လား” ဟ” စုရှောင်ရှန် ခေါင်းကိုက်သွားသလို ခံစားလိုက်ရပြီး ခေါင်းကိုကိုင်လိုက်သည်။

သူတို့စိတ်ဝိညာဉ်နန်းတော်ကို စိတ်ရှိသလိုသွားလာနိုင်မှတော့ အတွင်းစည်းမှ လူများသာ ဖြစ်ပေရမည်။ အစက ထိုခန့်မှန်းချက်ကို ပြန်ငြင်းပယ်ထားလိုက်သော်လည်း ယခုတော့ ပြန်၍ သံသယဖြစ်လာခဲ့သည်။

သို့သော် သူတို့က အလွန် အားနည်းလေသည်။ တကယ်ကော ယခင် နှစ်များ၌ အတွင်းစည်းသို့၀င်သွားသော ဂိုဏ်းသားများပေလော။ သို့သော် စုရှောင်ရှန် ခေါင်းပြန်ခါရမ်းလိုက်သည်။ သူတို့က အားနည်းသည်မဟုတ်ဘဲ… သူကသာ အစွမ်းထက်နေသည်လော။

“ငါ တကယ် စိတ်ကြီး၀င်နေပြီ…” စုရှောင်ရှန် သူ့ကိုယ်သူ ပြန်ရိုက်လိုက်သည်။

သူသိချင်သည်က အဘယ်ကြောင့် ထိုလုပ်ကြံသူ သူ၏ ဓားကွက်ကို မခံနိုင်ရသနည်း ဖြစ်သည်။

“သူက အနည်းဆုံးတော့ ဗလာနယ်ပယ်မှာပဲ ဒီလောက် အားမနည်းဘူး…”

စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံး (၁၀) လုံးကို သူရှိုက်ထားပြီးနောက် သူ၏ ဓားထုတ်ဓားကွက် ပိုသန်မာသွားသည်က မှန်သည်။ သို့သော် ၎င်း၏ အဖျက်စွမ်းအား နှစ်ဆ‌ တောင်မမြင့်မားသွားပါချေ။

“ဘယ်လို ဖြစ်နိုင်မှာ… သူတားတောင်မတားနိုင်လိုက်ဘူးတဲ့… မိုမိုတောင် တားနိုင်သေးတယ်… ဒါမှ မဟုတ် မိုမိုကပဲ အဲ့ကောင်ထက် ပိုသန်မာနေတာလား” စုရှောင်ရှန် တွေးကြည့်လိုက်သည်။

စုရှောင်‌ရှန် အတွေးနစ်‌နေပြီးနောက် မိုမို့တွင် ထူးဆန်းသည့် စွမ်းအားများ ချိတ်ပိတ်ထားသော ညာဘက်လက်ရှိကြောင်းကို သတိရလိုက်သည်။ သူသိရသလောက်ကတော့ ၎င်းက ချောက်ချားဖွယ်ရာ စွမ်းအင်မျိုးရှိသည်။

သူယခုသတ်လိုက်သော နှစ်ယောက်မှတော့ သူတို့၏ ပင်ကိုယ်ဓာတ်စွမ်းအင်များကို ခန့်မှန်းနိုင်သည်ဆိုရုံလေးပင်။ ပထမတစ်ယောက်က သူ့ချွန်ထက်ခြင်းနှင့်တူသော သတ္တုဓာတ်စွမ်းအင်ရှိပြီး တစ်ချက်သာ တိုက်ခိုက်လိုက်နိုင်သည်။ ဒုတိယ တစ်ယောက်ကတော့ သူ၏ ရဲရဲနီနေသော သွေးလက်တစ်ဖက်ကြောင့် သွေးဓာတ်စွမ်းအင်ရှိလောက်သည်။

သို့သော် သူ့ကို အရာရောက်အောင် တစ်ချက်မှ မတ်ိုက်ခိုက်လိုက်နိုင်ပါပေ။

“ချိတ်ပိတ်ခြင်းနည်းစနစ်…”

စုရှောင်ရှန် သူနှင့်အဆင့်တူ ပါရမီရှင်များ အများကြီးရှိနိုင်သေးကြောင်းကို တွေးလိုက်သည်။

“အကြီးအကဲကျောက်ကို နောက်တစ်ခါတွေ့ရင် မေးရမယ်…”

သူစိတ်ဓာတ်မကျသွားပါပေ။ ကမ္ဘာကြီးက ကျယ်သည်ဖြစ်ရာ ၎င်း၏ အံ့ဘွယ်သရဲ ဖြစ်ရပ်များကလည်း ကျယ်ပြန့်လေသည်။ သူ့စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကတောင် တခြားသူများ၏ အမြင်၌ အံ့ဘွယ်သရဲ တစ်ခုမဟုတ်ပါလား။ ထို့ပြင် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒလည်း ရလိုက်သေး၏။

“ဟီးဟီး”

စုရှောင်ရှန် အတွေးများကို ခေါင်းထဲမှ ခါထုတ်လိုက်သည်။ ဤတိုက်ပွဲက သူ့တိုက်ပွဲ၀င်စွမ်းရည်များအကြောင်းကို ပို၍ နားလည်စေလိုက်သည်။

သူမသိလိုက်ဘဲနှင့် အဝေးပစ်တိုက်ကွက်တစ်ခုရသွားကာ ၎င်းကလည်း အလွန် အဖျက်စွမ်းအားကြီးပေသည်။ ဆေးလုံးများနှင့် ထပ်ပေါင်းသော် ဗလာနယ်ပယ်မှ ကျင့်ကြံသူများပင် ခေါင်းကိုက်သွားရလောက်သည်။ အချို့ ထူးခြားသည့်သူများ အပေါ်တော့ ၎င်းက မသက်ရောက်ပါပေ။

အနီးကပ်တိုက်ခိုက်ခြင်းကတော့…

၎င်းက သူ၏ အဓိက တိုက်ခိုက်နည်းဟုလည်းပြောနိုင်သည်။ ဤညတိုက်ပွဲအတွက် နောက်ဆုံး ဝှက်ဖဲအဖြစ် သိမ်းထားသော်လည်း ၎င်းကို သုံးတောင် မသုံးလိုက်ရပါပေ။ သူ့ခြံထဲမှာတုန်းက ရှောင်းယီနှင့်တိုက်ပွဲပြီးနောက် ကြောင့်ကွင်းစွမ်းရည်ကြောင့် သူ့ကို တစ်ချက်တည်းဖြင့် လွယ်လွယ်ကူကူ သတ်၍ မရနိုင်ကြောင်းကို ပြောနိုင်နေသည်။

သို့ဖြင့် ပင်ကိုယ်စွမ်းရည် (၈) ခုတို့က ပံ့ပိုးပေးထားသည့်အတွက် သူ၏ အနီးကပ်တိုင်ခိုက်မှုများက ပြိုင်ဘက်ကင်းလေသည်။

“အဲ့တော့ အဆုံးသတ်မှာ ငါ့ကို မသေစေနိုင်တဲ့အရာတွေက ပိုသန်လာစေ‌တယ်တဲ့… ပြီးတော့ ဒီ ကြမ်းထော်နေတဲ့ ငရဲမီးတောက်ကောင်းကင် မီးလျှံ…”

တကယ်က ၎င်းကို ငရဲမီးတောက် ကောင်းကင်ဟု ပြောသော်လည်း စိတ်ဝိညာဉ်နည်းစနစ် သက်သက်သာဖြစ်သည်။ သူ့ကျင့်ကြံခြင်းကလည်း မမြင့်မားရာ အကန့်အသတ်ဖြင့်သာ ၎င်းကို သူသုံးနိုင်သည်ဟုပင် ဆို၍ မရပေ။ ပစ်မှတ်တစ်ခုကို လောင်းကျွမ်းစေနိုင်ပင်လျှင် ကံကောင်းနေပေပြီ။ တကယ့်မီးဆိုတာ မိုင်ထောင်နှင့်ချီ၍ လောင်ကျွမ်းနိုင်ရမည်ဖြစ်သည်။

“တော်ပါပြီ။ ပြန်သွားအိပ်တာတာပဲအေးတယ်။ ဘယ်သူပြောနိုင်မလဲ ငါဟိုလို အိပ်မက်မျိုးထပ်မက်မယ်လို့… ကျင့်ကြံခြင်းဆိုတာ ပေါ့ပျက်ပျက်ထားလို့မရဘူးလေ… ငါ့ခွန်အားသက်သက်က အရာအားလုံးကို ဒီတိုင်းအကြမ်းပတမ်းကြီး လိုက်ချ‌နေနိုင်တယ်ဆိုရင် ပျင်းစရာကြီး။ ငါ့ဥာဏ်‌ပြေးဦးနှောက်ဆဲလ်တွေကို ဖြုန်းတီးရာရောက်နေသလိုပဲ…

စုရှောင်ရှန် အကြော‌ဆန့်ပြီး ပင်ပန်းနွမ်းနယ်မှုတို့‌ကြောင့် သန်းလိုက်သည်။

ဤညတွင် ငရဲမီးတောက်အစေ့ကြောင့် ဒုက္ခခံရသည်။ ထို့နောက် စိတ်ခံစားချက် ရိုလာကိုစတာစီးရပြန်သည်။ အိပ်မက်ထဲကောင်းခန်းရောက်တုန်းရှိသေး ၀င်နှောက်ယှက်ခံလိုက်ရပြီး ဤလုပ်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ဖို့ ခေါင်းအခြောက်ခံလိုက်ရသေးသည်။ ၎င်းတို့က အလွန် ပင်ပန်း‌သွားစေလေသည်။

“ပြဿနာတွေ ထက်မတက်လာအောင် သွားပြန်အိပ်လိုက်တာပဲ ကောင်းတယ်”

စုရှောင်ရှန် ပြန်အိပ်ရန် ဆုံးဖြတ်ချက်ချလိုက်ချိန် သူ့စိတ်ထဲရှိ အသိပေးချက်ဖန်သားပြင်၌ အသိပေးချက် အသစ်တစ်ခုတက်လာ‌တာကိုတွေ့လိုက်ရသည်။

[စောင့်ကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“…”

“လခွမ်း”

စုရှောင်ရှန် ကြောက်ရွံ့ထိတ်လန့်သွားပြီး ဘယ်ပြေးရမလဲမသိဖြစ်သွားသည်။

‘ဘာလဲဟ… ပြဿနာမတက်အောင်သွားပြန်အိပ်မယ်လို့ အပြောပဲ ပြောလိုက်တာလေ ဘာလို့ တကယ်တက်လာတာလဲ’ သူတွေးလိုက်သည်။

ယခုသူ့အတွေးများ လက်တွေ့ဘ၀ကိုတောင် ၀င်နှောက်နိုင်နေပြီလော။

စုရှောင်ရှန် အကြားအမြင်ကိုဖွင့်လိုက်သော်လည်း သူ့အနီးအနား၀န်းကျင်၌ မည်သူ့ကိုမှ အာရုံမခံမိပေ။ သူ့တံတွေးကိုမျိုချလိုက်ပြီး ခက်ခက်ခဲခဲ ‌ပြောလိုက်သည်။ “အကြီးအကဲစန်းလားး”

မည်သူမှ အကြောင်းမပြန်ပါချေ။

အသိပေးချက်ဖန်သားပြင်ကမှ တကယ်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း စုရှောင်ရှန်သိလိုက်ရသည်။ ၎င်းမှ ကြုံရာကျပန်း အသိပေးချက် တစ်ကြောင်းက သူ့ကို ရူးခါသွားစေလေသည်။ ‘စောင့်ကြည့်ခံရပါသည်’ ဟူသော စကားလုံးကို သူ့အဘိဓာန်မှ ဖျောက်ပစ်ပြီး ဘယ်သောအခါမှ မမြင်တွေ့ချင်ကြောင်းကို ဘယ်စကားလုံးနဲ့မှ ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။

ဘယ်သူဖြစ်နိုင်မလဲ။ အကယ်၍ ၎င်းက အကြီးအကဲစန်းမဟုတ်လျှင် ထိုယုတ်မာ အဖိုးကြီးကဲ့သို့ မည်သူက သူ့ကို စောင့်ကြည့်မည်နည်း။ တတိယမြောက်လုပ်ကြံသူပေလော။

၎င်းက အရေးမကြီးတော့ပါပေ။ သို့သော် အာရုံမခံနိုင်မိဘဲ ထိုသူ သူ့ကို စောင့်ကြည့်နေနိုင်ခြင်းက အကြီးအကဲစန်းနယ်ပယ်လောက် အနည်းဆုံးရှိသည်ဟု ပြောနေပေသည်။

စုရှောင်ရှန် ခြေတစ်လှမ်းမှ မလှုပ်ရဲတော့ပေ။ သို့ဖြင့် အဖြူရောင်ကျောက်လက်ရန်းများအပေါ် လက်တင်မှီလိုက်ရင်း “လှလိုက်တာ … ညကလေးကလည်း လှတယ်… မိုးရေကလေးကလည်း ရင်သပ်ရှူမောဖွယ်ရာကောင်းတယ်… လှ လှ လှ နဲ့ကို မြည်နေတော့တာပဲ”

အကြားအမြင်ကို အစွမ်းကုန် ထုတ်သုံးလိုက်ရာ နောက်ဆုံးတော့ တောအုပ်၏ တစ်ဖက်ခြမ်း၌ လူရိပ်တစ်ခုကို ရှာတွေ့လိုက်သည်။

ဝေးလိုက်တာ။

စုရှောင်ရှန် မှင်သက်သွားသော်လည်း ထင်သလောက် မကြောက်တော့ပေ။ သို့ဖြင့် မည်သူလဲသိချင်သွားပြီး ထိုဘက်သို့ လှည့်ကြည့်လိုက်သည်။

သူမြင်ကွင်းထဲ၌ လုံး၀နက်မှောင်နေသော မျက်လုံး တစ်စုံ၀င်လာခဲ့သည်။

သူတို့က ချက်ခြင်းသူနှင့် မလှမ်းမကမ်းကို ရောက်လာခြင်းပင်။

“နင့်မေကြည်းတော်”

စုရှောင်ရှန်၏ နှလုံး ရင်ဘက်ထဲမှ ခုန်ထွက်မတတ်ဖြစ်သွားသည်။ တကယ်လည်း ထွက်လာသည်။ သို့သော် ၎င်းကအနင်ရောင်ဓားဖြစ်၏။

Comment

Leave a Reply

Options

not work with dark mode
Reset