Switch Mode

Chapter – 73

ညံ့လိုက်တာ

အပိုင်း (၇၃) ညံ့လိုက်တာ

မုန်တိုင်းကပြင်းထန်နေပြီး တိမ်တိုက်တို့စုစည်းလာခဲ့သည်။

ဖုန်းကုန်း ဆုံးဖြတ်ချက်ချလိုက်ကာ တုန့်ဆိုင်းမနေဘဲ လေနှင့် အတူ သွားလိုက်သည်။ သို့သော် ရုတ်တရက် သူ့ရှေရှိ သစ်ပင် လေတိုက်ခတ်ရာတွင်လှုပ်ခပ်သွားပြီး ပစ္စည်းတစ်ခုခု ပြုတ်ကျစေလိုက်မည်ဟု မထင်ထားပါပေ။

ချလပ် ချလပ်

ဖုန်းကုန်း၎င်းကို အမူအကာကင်းမဲ့စွာကြည့်လိုက်သည်။ သို့သော် ၎င်းက မည်သည်ဖြစ်သည်ကို သိသောအခါ လန့်ဖြန့်သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျမတတ်ဖြစ်သွားလေသည်။

“ဓားအကျိူးကြီးလား… မဟုတ်သေးဘူး ဒါ … ဒါ ရှောင်းယီရဲ့ ဓားပဲ”

ဖုန်းကုန်း၏ မျက်ဆံများကျုံသွားပြီး တစ်ကိုယ်လုံးတုန်ရင်သွားသည်။ ရှောင်းယီသေပြီဆိုတာကိုသူသိသော်လည်း သူကျန်ခဲ့သော ပစ္စည်းကိုတွေ့ရခြင်းက သူ့ကို ပင်လယ်ထဲတွင် လ်ှိုင်းလုံးများတိုက်ခတ်သွားသလို အင်မတန် တုန်လှုပ်စေလေသေးသည်။

“စုရှောင်ရှန်”

ဖုန်းကုန်း နာကျဉ်းမှုတို့ဖြင့် အံကိုတင်းတင်းကြိတ်လိုက်သည်။ သူမခံစားနိုင်တော့ဘဲ ထိုဓားစီကို သွားနေရင်းမှ တစ်စုံတစ်ခုကို သတိရသွားသည်။ အဘယ်ကြောင့် ရှောင်းယီ၏ ဓားက ဤနေရာသို့ရောက်လာရပါသနည်း။

ဖြစ်နိုင်သည်မှာ သူစုရှောင်ရှန်၏ ခြံမှ ထွက်ပြေးလွတ်မြောက်လာသော်လည်း ငန်းရေကန်ရောက်မှ အသတ်ခံလိုက်ရသည်လော။ သို့ဆိုပါက… စုရှောင်ရှန် ဘယ်မှာလဲ။

စုရှောင်ရှန် တောအုပ်ထဲတွင် ရှိမည်ဟု သူသံသယဖြစ်ထားရာ ယခု သူ့ရှေ့မှ မြင်ကွင်းက သူ့ကိုခေါင်းခြောက်သွားစေလေသည်။

ရှင်းးးး

သူဆက်၍ မတွေးတောနိုင်ခင်ပင် ‌မြေပြင်ပေါ်ရှိ ဓားကျိုးစတင်၍ တုန်ခါလာခဲ့၏။ ဖုန်းကုန်း အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်ရပြီး နောက်သို့ ချက်ခြင်း ဆုတ်သွားလိုက်သည်။

သို့သော် ၎င်းက နောက်ကျသွားပေပြီ။

ဓားကျိုးက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မမြင်နိုင်သော စွမ်းအင်များ လှိုင်းသဖွယ်လွင့်ပြန်ထွက်သွားလေသည်။

“မီးး”

ဖုန်းကုန်းကို မျက်စိတစ်မှိတ်အတွင်း မီးများဆွဲသွား၏။ သူမှင်သက်နေသော်ငြား သူ့ခန္ဓာကိုယ်ကို မမြင်နိုင်သော မီးလျှံများ လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။

အလွန်အမင်း နာကျင်ခြင်းပင်။

သူ့အစိတ်ဝိညာဉ်အနှစ်ဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်သော်ငြား ထိုမီးလျှံတို့က သူ့စိတ်ဝိညာဉ်အနှစ်တို့ကိုပါ လောင်ကျွမ်းနေကြောင်းတွေ့လိုက်ရ၏။

“ဘာကြီးလဲဟ…”

ဤသို့သော မီးလျှံမျိုးကြောင့် ဖုန်ကုန်း မှင်သက်နေရသော်လည်း အချက်တစ်ခုကိုတော့ သူသိသည်။ စုရှောင်ရှန်လည်း ဤနေရာ၌ရှိ၏။ သို့သော် ၎င်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။

သူ့ရှေ့ရှိ ‌ဧရိယာမှာ အနေရာလွတ်ဖြစ်ကာ ဘာမျှ မရှိပေ။ စုရှောင်ရှန် မည်သည့်နေရာ၌ သွားပုန်းနေနိုင်ပါမည်နည်း။ သို့သော် သူက အဝေးတစ်နေရာ၌ ရှိနေပါကလည်း ဤဓားအကျိုးကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။

“သူဒီမှာရှိကိုရှိရမယ်” ထိုပေါက်ကွဲမှုကြောင့် ဖုန်းကုန်း အဖြူရောင်ကျောက်လက်ရန်းများထံသို့ ပြန်လွင့်စင်သွားလေသည်။ သူ့ကိုယ်သူ ‌ထိုပေါက်ကွဲမှုမှ ပြန်တည်ငြိမ်အောင်လုပ်ပြီးသော် ဆင်ခြင်ကြည့်လိုက်သည်။

‘ငါ့ရှေ့မှာမဟုတ်ရင်… ငါ့နောက်မှာများလား … ဒါပေမယ့် ငန်းရေကန်ကို ငါကျော်လာတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါသူ့ကို မတွေ့ပါဘူး’ သူ‌တွေးလိုက်သည်။

‘နေဦးမဟုတ်သေးဘူး’

တစ်စုံတစ်ခုကိုစဉ်းစားမိသော် ငန်းရေကန်မျက်နှာပြင်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

စုရှောင်ရှန်… ရေအောက်ထဲမှာ။

သူထင်တာမှန်သည့်အလား ငန်းရေကန်၏မျက်နှာပြင်ထက်၌ ပူပေါင်းများစွာ ပေါ်လာပြီး ရုတ်တရက် ‘ဗြန်း’ ဟူသော မြည်သံဖြင့် ရေများလွင့်စင်ထွက်သွားပြီး အနက်ရောင်ပုံရိပ်တစ်ခု တိုးထွက်လာ‌ခဲ့လေသည်။

ယခုမှ ပြန်တည်ငြိမ်အောင်လုပ်ထားရာ ဖုန်းကုန်း ပြန်လှည့်ပြေးချိန်မရလိုက်ပါပေ။ အားအင်သုံး၍ တည်ငြိမ်အောင်လုပ်ထားရာ သူ့ကြွက်သားများတောင့်တင်းနေသည်။ သို့ဖြင့် ထိုအရိပ်ကိုသာ သူ၏ သွေးကဲ့သို့ လက်တစ်ဘက်ဖြင့် ခုတ်ချလိုက်၏။

ဇွက်

ခုတ်ဖြတ်လိုက်သံ တစ်ခုနှင့်အတူ ထိုအရိပ်နှစ်ပိုင်းပြတ်သွားလေသည်။ ထိုမှ ဖုန်းကုန်း ၎င်းက မည်သည့်အရာမှန်းသိလိုက်ရ၏။ ၎င်းက ခေါင်းတစ်လုံးဖြစ်သည်။ တိတိကျကျဆိုရသော် ဖုန်းယီ၏ ခေါင်းဖြစ်၏။

“အားးးးးးးးးးး”

ဖုန်းကုန်း ဒေါသူပုန်ထသွားသည်။ သူ၏ အဖော်၏ ခေါင်းကို နှစ်ပိုင်းဖြတ်လိုက်မိသည်လော။

“စု… ရှောင်… ရှန်”

“ငါ.. မင်း.. ကို.. သတ်.. မယ်”

ဒေါသမီးလျှံတို့ဖုန်းကုန်းကိုလောင်ကျွမ်းသွားပြီး ဆောက်တည်ရာမရဖြစ်သွားလေသည်။ သူ၏ သွေးကဲ့သို့ ရဲရဲ နီနေသော လက်ဖြင့် အနီရင့်ရောင်ဓားစွမ်းအင်နှစ်ခုကို ထိုခေါင်းထွက်ပေါ်လာရာ နေရာသို့ ပစ်လွှတ်လိုက်သည်။

“ငါ… ငါက ဒီမှာ” တုန်တုန်ရင်ရင်ဖြစ်နေသော အသံတစ်ခု ရေကန်၏ တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခဲ့၏။ ထိုခေါင်းကိုပစ်လိုက်ပြီးသည်နှင့် စုရှောင်ရှန် နေရာပြောင်းလိုက်ခြင်းဖြစ်လေသည်။

ဖုန်းကုန်း အသံလာရာဘက်သို့ကြည့်လိုက်ရာ မျက်ဖြူစိုက်နေသော တုန်တုန်ရင်ရင် ဖြစ်နေသည့် စုရှောင်ရှန်ကိုတွေ့လိုက်ရသည်။ သူ၏ခြေထောက်များက အတွင်းသို့ကွေးညွတ်နေပြီး မလှမ်းမကမ်းက လက်ရန်းပေါ်၌ ရပ်နေလေသည်။ သူ့ကိုကြည့်ရသည်မှာ အချိန်မရွေးလဲကျသွားတော့မည် လူမမာ တစ်ယောက်မလားပင်။

သို့သော် သူ့ညာဘက်လက်ကတော့ ဘယ်ဘက် ခါးတွင်ချိတ်ထားသော ဓားလက်ကိုင်ပေါ်ရှိနေသည်။ ၎င်းက အင်မတန် သိပ်သည်းသော ဓားဆန္ဒတို့်ဖြင့်ပြည့်နေရာ ကြည့်ရှူသူကိုတောင် ကြက်သီးဖျင်းဖျင်းထသွားစေလောက်၏။

“စစ်မှန်ခြင်းဓားဆန္ဒ”

စုရှောင်ရှန် စုစည်းထားသော စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒကိုကြည့်ပြီး ဖုန်းကုန် တွန့်သွားသည်။ မည်မျှ သိပ်သည်းသောစွမ်းအင်ပေနည်း။ အကယ်၍ သူသာ ထိုဓားချက်ကို ထုတ်လွှတ်လိုက်ပါက အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတွေတောင် မရပ်တန့်နိုင်လောက်ပေ။

ဖုန်းကုန်း ရှောင်းယီ ဘယ်လို သေသွားမှန်း နားလည်သွား၏။ သိပ်သည်းသော သေခြင်းအရှိန်အဝါတို့ သူ့ကို လွှမ်းမိုးနေကြပြီး ခေါင်းမှ ခြေအဆုံ ခိုက်ခိုက်တုန်အောင် ချမ်းစိမ့်သွား၏။ ‌တုန့်ဆိုင်းမနေဘဲ ချက်ခြင်း နောက်ပြန်ဆုတ်လိုက်သည်။

“နောက်… နောက်သွားပြီ…”

စုရှောင်ရှန်၏ ပါးစပ်နှင့် သွားတို့မှာ အံကြိတ်ထားရခြင်းတို့ကြောင့် သွေးများပင်စီးကျနေသည်။ သူက စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံး (၁၀) လုံးကို ရှိုက်လိုက်ပြီးနောက် ဓားဆန္ဒတို့ကို ရေကန်အောက်ခြေ၌ နာရီ၀က်ခန့်‌ကြာအောင် သိပ်သည်း‌နေခြင်းဖြစ်သည်။ သို့ဖြင့် ဖုန်းကုန်း ၎င်းတို့ကို အလွယ်တကူ ရှောင်နိုင်လိမ့်မည်မဟုတ်ပေ။

အကယ်၍ ဖုန်းကုန်းက အနီးနားမဟုတ်ဘဲ တောအုပ်အစပ်နားရပ်နေသည် ဆိုစေဦးတော့ သူရှောင်နိုင်လိမ့်မည်မဟုတ်ပါ။ စုရှောင်ရှန် ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး နေရာယူလိုက်သည်။

“ဓားထုတ်ဓားကွက်”

သူဓားကိုထုတ်လိုက်သည့်ဟန်မရသော်လည်း အရှိန်အဟုန်တစ်ခုက သစ်ရွက်များကို လွင့်ပါ‌သွားစေလိုက်သည်။ ရေကန်အနားရှိ မိုးမခပင်များလည်း ထက်၀က်ပိုင်းဖြတ်ခြင်းကိုခံလိုက်ရ၏။ ရေကန်မျက်နှာပြင်၌လည်း လှိုင်းလုံးကြီးများထလာသည်။ တောအုပ်ပေါ်သို့ မိုးရွာကျစဲဖြစ်ရာ ကောင်းကင်တစ်ခုလုံး သွေးတို့ဖြင့် ရဲရဲနီသွားလေသည်။

“အားးးးး”

ဖုန်းကုန်းတွင်ထွက်ပေါ်မရှိတော့ရာ နာကျင်မှုတို့ဖြင့် အော််လိုက်ရသည်။ အဖြူရောင်ဓားစွမ်းအင်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်တစ်ခြမ်းနှင့် နားရွက်တစ်ဖက်တို့ လွင့်ပြန်ထွက်သွားပြီဖြစ်သည်။ အလွန်အမင်းပြင်းထန်သော နာကျင်မှုတို့က သူ့ကို ရိုက်ခတ်လိုက်ကြ၏။

“မကောင်းဆိုးဝါး… ဒီကောင် မကောင်းဆိုးဝါးဘဲ”

ဖုန်းကုန်း၏ မျက်၀န်းတို့ ကြောက်လန့်မှုတို့ဖြင့် ပြည့်နေပြီး တိုက်ခိုက်ချင်‌သောစိတ်ဆန္ဒများလုံးလုံး‌ ပျောက်သွားချေလေသည်။

စုရှောင်ရှန်၏ တိုက်ခိုက်စွမ်းရည်က သူ၏ ကျင့်ကြံခြင်းအဆင့်ပေါ်မူတည်၍ တိုင်း၍မရပါပေ။ သူ၏ ယခု‌ဓားချက်ဖြင့် အဆင့်မြင့်စိတ်ဝိညာဉ်စစ်မှန်ခြင်းနယ်ပယ်များကိုတောင် တိုက်ခိုက်နိုင်လောက်ပြီး အတွင်းစည်း ထိပ်သီး(၃၃) ယောက်ဖြင့် တောင်ရင်ဆိုင်နိုင်လောက်သည်။

သို့သော် ပြဿနာက… ယခုထိ စောင့်၍ တိုက်ခိုက်ရပါသနည်း။ သူ၏ ခြံထဲ၌ မလုပ်နိုင်ပေဘူးလော။

ဖုန်းကုန်း ဘာမှ ထပ်စဉ်းစားမနေတော့ဘဲ စိတ်ဝိညာဉ်အနှစ်များဖြင့် သူ့ကိုယ်သူ ကုသလိုင်သည်။ ထိုအခိုက်အတန့်၌ သူ့ခေါင်းကိုသာ မတိမ်းစောင်းလိုက်ပါက သူလုံးလုံး ကိစ္စတုန်းသွားရပေလိမ့်မည်။

“ငါလွဲသွားတယ်…”

အခြားတစ်ဘက်ရှိ စုရှောင်ရှန် ကိုယ်တစ်ခြမ်းသာရှိတော့သော ဖုန်းကုန်းကိုကြည့်ရင်း နှုတ်ခမ်းများလှုပ်သွားသည်။ သူလည်း ကူကယ်ရာမဲ့နေပေသည်။

သာယာမှုတို့က နောက်ဆုံးကြမှ အလုံးလိုက်အခဲလိုက်၀င်တိုက်ခိုက်လေရာ သူလွဲသွားခဲ့ရသည်။ သို့မဟုတ်ပါက ဖုန်းကုန်း၏ ခန္ဓာကိုယ် အစိတ်အပ်ိုင်းများကိုသာမဟုတ်ဘဲ အပြီးပိုင် နှစ်ခြမ်းပိုင်းဖြတ်လိုက်နိုင်ပေမည်။

သို့သော်လည်း သူ့ဓားကြောင့်အံ့အားသင့်သွားရသည်။ အဘယ်ကြောင့် ထိုမျှသန်မာရပါသနည်း။ ယုတ်တိမရှိပါပေ။

မိုမိုလျှင်တောင် သူ၏ ဓားချက်ကိုတားနိုင်ပြီး နောက်တစ်ချက်ပိုတောင် မျိုချလိုက်သေးသည်။ ၎င်းကို စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးများအသုံးပြု၍ ထုတ်လိုက်ခြင်းမဟုတ်သော်လည်း ၎င်းနှင့် ယခုကြားတွင် ကွာဟချက်ဤမျှ လောက်မရှိသင့်ပါပေ။

စုရှောင်ရှန် တုန့်ဆိုင်းမနေဘဲ သူ့တွင်ကျန်သော စိတ်ဝိညာဉ်အနှစ်များအကုန်သုံးပြီး နောက်တစ်ချက် ထပ်ထုတ်လိုက်လေသည်။

ရေကန်မျက်နှာပြင်မှ လှိုင်းလုံးများ မငြိမ်ကျရသေးခင် နောက်ထပ်တစ်ဖန် ပြန်၍ တက်လာခဲ့၏။ ရေကန်မှ ရေတို့က ကောင်းကင်ထက်သို့တက်သွားပြီး ကန်ထဲသို့ ပြန်ကျလာခဲ့လေသည်။

ဖုန်းကုန်းက ဒဏ်ရာရနေသော ခန္ဓာကိုယ်က ဓားစွမ်းအင်တစ်ခုကို ရှောင်နိုင်လိုက်သော်လည်း သူမတုန့်ပြန်နိုင်ခင်ပင် နောက်ထပ်ဓားစွမ်းအင်တစ်ခု ထပ်ရောက်လာ၏။

ဇွက်

နောက်ထပ်လက်တစ်ဖက်လေထဲသို့ လွင့်ပျံတက်သွားသည်။ မိုးရွာနေသောထိုညကလေးက တိတ်ဆိတ်နေပြီး သွေးများသာ ကောင်းကင်ကို ရဲရဲနီအောင် ဆိုးထားကြလေသည်။

ဖုန်းကုန်း၏ မျက်လုံးများ အရောင်မဲ့သွားသည်။ သတိတစ်ချက်မမူမိလိုက်သည်နှင့် သူရှုံးနိမ့်သွားရလိမ့်မည်ဟု မထင်ပါပေ။ စုရှောင်ရှန် သူ့ကို မည်သည့်နေရာ၌ အလစ်တိုက်မည်ကို မှား၍ ယူဆမိသဖြင့် သူ့ဘက်က ဦးဆောင်မှု ပျောက်သွားရသည်။ ယခုတော့ သူမသေခင်မည်သည့် နည်းစနစ်ကိုမှ ထုတ်မသုံးနိုင်လိုက်ရပါချေ။

နေရာတစ်နေရာထဲတွင် ဒီတိုင်းရပ်နေလုံးပြီး ရုန်းကန်မှု ပြုမနေတော့ပေ။ အမဲလိုက်ရသာ အသားကျနေပြီဖြစ်သော သူက ယခုတော့ သားကောင်ဖြစ်လာခဲ့၏။

ဤသို့သော ရလဒ်မျိုးကို လုပ်ကြံသတ်ဖြတ်သူမဖြစ်လာကတည်းက မျှော်လင့်ပြီးထားဖြစ်သည်။ သူမမျှော်လင့်ထားသည်က စုရှောင်ရှန်၏ လက်ထဲတွင် အသက်ဆုံးရှုံးရခြင်းကိုဖြစ်သည်။

“ငါ မယုံနိုင်ဘူး…”

ဖုန်းကုန်း သွေးတစ်လုပ်အန်ထုတ်လိုက်သည်။ ကြီးမားသောထောက်တိုင်ကြီးပမာ ရပ်ရင်း စုရှောင်ရှန်ကို သူစိုက်ကြည့်လိုက်သည်။

“ဟင်… ဘာလို့ ဒီတိုင်းရပ်နေတာလဲ… သူ့မှာ စိတ်ဝိညာဉ်အနှစ်တွေ ကုန်ခမ်းသွားပြီလား”

စုရှောင်ရှန် သူ၏ ဓားကို ပစ်ချလိုက်သည်ကိုမြင်လိုက်ရသည်။ သူ့ကို အသက်ချမ်းသာပေးခြင်းပေလော။

ဖုန်းကုန်း ၀မ်းသာအားရ နောက်လှည့်ပြီး ပြေးရန် ကြံလိုက်သည်။

ရှင်းးးး

အပြာရောင်အလင်းတန်းတစ်ခု ချက်ခြင်း ပေါ်လာပြီး သူ့ခေါင်းကို ဖောက်၀င်သွားလိုက်၏။

ဟင်… ဘာဖြစ်သွားတာလဲ။

ဖုန်းကုန်းလဲကျသွားသည်။ နားမလည်နိုင်မှုတို့ဖြင့် ပြည့်နေရင်း သူ၏ အသိစိတ်ဖြေးဖြေး တစ်စ တစ်စ ပျိုကျသွားသည်။ နောက်ဆုံးထွက်သက်ကို ရှိုက်လိုက်သည့်အချိန်မှ ဘာဖြစ်သွားမှန်း သူသိလိုက်၏။

ရှောင်းယီရဲ့… ဓားမလား။

သူ့ကို မည်သူမှ ဖြေကြားနိုင်တော့မည်မဟုတ်ပေ။ အရှေ့ဘက်အရပ်မှ နေထွက်လာခြင်းနှင့်အတူ သူ၏ မျက်လုံးများ အသက်မဲ့သွား၏။

“မင်းက တော်တယ်မှတ်နေတာ ငါမှားသွားတယ်… ‌မင့်အဖော်ရဲ့ ခေါင်းကို နှစ်ပိုင်းဖြတ်လိုက်တုန်းက ဓားတစ်ချောင်းရှိနေတယ်ဆိုတာ မသိလိုက်ကတည်းက မင်းရှုံးသွားတာပဲ။ မင်းငါ့ရဲ့ ‘ဓားထုတ်ဓားကွက်’ ကိုရှောင်နိုင်လိုက်ပြီးတော့ ဓားပြောင်းပြန်ဓားကွက်ကိုကြတော့ မရှောင်နိုင်လိုက်ဘူး”

စုရှောင်ရှန် ဖြေးဖြေးချင်းလျှောက်သွားလိုက်ပြီး ဓားကိုကောက်ယူလိုက်သည်။ ထို့နောက် ငန်းရေကန်ဘက်သို့ လှည့်ကာ ဆိုလိုက်၏။

“မင်းတော်တော်ညံ့တယ်”

Comment

Leave a Reply

Options

not work with dark mode
Reset