Switch Mode

Chapter – 72

တောအုပ်

အပိုင်း (၇၂) တောအုပ်

ရွှစ်

လေကိုဖြတ်သန်းကာ ပိုင်ဖြတ်သွားသည့် ဓားမြှောင်ကို စုရှောင်ရှန် ဖမ်းလိုက်သည်။ သူက အခြားသူတစ်ယောက်၏ စိတ်ဝိညာဉ်ဓားမြှောင်ကိုအသုံးပြုနေခြင်းဖြစ်သော်လည်း သူ၏ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒဖြင့် ၎င်းဖြင့် ဓားပြောင်းပြန် ဓားကွက်ကို သုံနိုင်နေသေးသည်။

“စမ်းသပ်ချက် အောင်မြင်တယ်… ဒီလောက်ဆို အဆင်ပြေလောက်မှာပါ…”

သူ့လက်ထဲမှ ဓားမြှောင်ကို ချိုးလိုက်ရာ ၎င်းက တစ်ပိုင်းစီဖြစ်သွားသည်။ စိတ်ဝိညာဉ်အနှစ်နှင့် ပေါင်းစပ်ခြင်းမရှိပါက စိတ်ဝိညာဉ်ဓားများ ချွန်ထက်ခြင်းကို မခုခံနိုင်ပါပေ။ သူနောက်ထပ်ဓားမြှောင်တစ်ချောင်းနှင့် ခေါင်းပြတ်ကြီးကို ကောက်ယူလိုက်ပြီး တစ်ခဏတွေးပြီးသော် သူ့ခြံထဲမှ ထွက်သွားလိုက်သည်။

“ငါသာ သူ့နေရာမှာဆို ဘာလုပ်မလဲ” သူ့ကိုယ်သူ လုပ်ကြံသတ်ဖြတ်သူ၏ နေရာမှ တွေးကြည့်လိုက်သည်။

“ပြေးမယ်… နောက်လှည့်မကြည့်ဘဲကိုပြေားမှာ… အဟွတ် အဟွတ်… တွေးကြည့်တာပါ… အကယ်၍ ငါသာ ပြေးနေရင်း တစ်နည်းနည်းနဲ့ နောက်ပြန်လှည့်ရမယ်ဆိုရင် ဘာလုပ်မှာလဲ” စုရှောင်ရှန် မေးစေ့ကိုပွတ်ရင်း သူ့ကိုယ်သူမေးလိုက်သည်။

“ပထမဆုံးအနေနဲ့ အကြားအမြင်နဲ့ ဆင်တူတဲ့ နည်းစနစ်တစ်ခုခုသုံးပြီး အဝေးကနေ အခြေအနေကို ဆန်းစစ်ကြည့်မိမှာပဲ။ အခြေအနေမကောင်းရင်တော့ နောက်လှည့်ပြီးပြေးမယ် ကောင်းရင်တော့ လှုပ်ရှားမယ် ဒါပေမယ့် သတိကြီးကြီးနဲ့…”

“အဲ့ဒီတော့ အဲ့တစ်ယောက်ရဲ့ အကြားအမြင်လို နည်းစနစ်က ဘယ်လောက်သန်ပါစေ ငါ့အကြားအမြင်နဲ့တော့ ယှဉ်နိုင်မှာမဟုတ်ဘူး။ အဲ့ကတလည်း ခြံထဲက တိုက်ပွဲမှာတုန်းက သက်သေပြပြီး။ ဆိုတော့ ငါသာ တစ်နေရာရာကနေ အခြေအနေကို လေ့လာရမယ်ဆိုရင်…”

သူ့ခြံရှေ့ရှိ မြေကွက်လပ်ကြီးကိုကြည့်လိုက်ရာ သူ့စီကိုလာတဲ့ သစ်တောကဲ့သို့ နှစ်ဖက်နှစ်ချက်၌ လေထန်နေသည့်လမ်းတစ်ခုကိုတွေ့လိုက်ရသည်။

“တော်တော်ရှည်တဲ့ လမ်းဖြစ်ရမယ်။ သူတို့ငါ့စီကို ဒီကလာတာဖြစ်ရမယ်… သူတို့အာရုံခံ စွမ်းရည်တွေက တကယ်သန်မာပါတယ်ဆိုရင်တောင် တောအုပ်ရဲ့ တစ်၀က်လောက်‌ထိတော့ လာရမှာပဲ။ ငါသာ အငိုက်တိုက်ဖို့ ထောင်ချောက်ဆင်တယ်တဲ့ရင် အဲ့တာက အကောင်းဆုံး ရွေးချယ်ချက်ပဲ” စုရှောင်ရှန် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ချလန်း

သူနှစ်ပိုင်းချိုးလိုက်သည့် ဓားမြှောင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“အဲ့ဒီကောင်သာ ဒါကိုတွေ့ရင် စပြီး ဂနာမငြိမ်ဖြစ်မှာပဲ”

ထို့နောက် သူ့‌သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးများကို ရေတွက်ကြည့်လိုက်သည်။ မိုးတိမ်လေပြိုင်ပွဲ၌ ဗိုလ်ဆွဲသွားပြီးနောက် သူ့တွင် ယခု ဆေးပုလင်းများ ဆယ်နှင့်ချီပြီး ရှိလေသည်။

“လိုတာထက်တောင် ပိုနေသေးတယ်” ထို့နောက် တောအုပ်ထဲသို့ စုရှောင်ရှန် ၀င်သွားလိုက်သည်။

အကယ်၍ ထိုလုပ်ကြံသူ ဤည ပြန်လှည့်မလာပါက စုရှောင်ရှန်သူ့ကို ချမ်းသာပေးလိုက်မည်သာ။ ဤမျှလောက်သော မိုးက‌ သူ့အတွက် ပြဿနာမဟုတ်ပါချေ။ သို့သော် သူပြန်လှည့်လာခဲ့ပါက… စုရှောင်ရှန် သူ့ကို အိမ်မပြန်နိုင်တော့အောင် လုပ်လိုက်ချေမည်။

“နေပါဦး… မဟုတ်သေးပါဘူး… အကယ်၍ သူ‌တွေးထားတာကို ငါတွေးလိုက်တယ်ဆိုတာ သူတွေးမိတာကို ငါတွေးမိလိုက်တယ်လို့ သူတွေးမိလိုက်ရင် ဘယ်လိုလုပ်မတုန်း” စုရှောင်ရှန် တွေးလိုက်သည်။ ကြက်သီးမွှေးညှင်းများထသွားကာ ၎င်းက ဖြစ်နိုင်ချေရှိကြောင်းသိလိုက်ရသည်။

သူချက်ခြင်း လှည့်ထွက်သွားပြီး ဓားအပိုင်းအများကိုကောက်ကာ တော်အုပ်ထဲ ပို၍ နက်နက်ရှိုင်းရှိုင်းတိုး၀င်လိုက်၏။ စက္ကန့်တိုင်းက ရွှေပင်။

ရွှစ်

တစ်စုံတစ်ခုက လေနှင့် မိုးတို့ကို ပိုင်းဖြတ်သွားသည့်အသံဖြင့် အနီရင့်ရောင်အလင်းတစ်ခု အတွင်းစည်း၌ ထွက်ပေါ်လာလေသည်။ ဖုန်းကုန်း ထိန်းချုပ်မရနနိုင်သော ဒေါသမီးလျှံတို့ဖြင့် တောက်လောင်နေ၏။

စုရှောင်ရှန်… ထိုသူက စုရှောင်ရှန် တကယ် ဖြစ်လေသည်။

အကယ်၍ ရှောင်းယီ၏ မကျဆုံးခင် အခိုက်အတန့်၌ အကွာအဝေးမြင့် စိတ်ချင်းဆက်သွယ်ချက်ကြောင့်သာမဟုတ်ပါက အတွင်းစည်းအ၀င်၀၌ သူယခုတော့ ဆက်၍ စောင့်နေပေလိမ့်ဦးမည်။ ထိုစဉ်က သူ၏ တုန့်ဆိုင်းမှုနှင့် ဘာမှမလုပ်ဘဲ ဒီအတိုင်းစောင့်ခဲ့ခြင်းတို့ကြောင့် ရှောင်းယီ အသက်ပေးလိုက်ရလေသည်။ ထိုစုရှောင်ရှန် သူ့ကို သတ်လိုက်၏။

“သူမသေသင့်ဘဲ သေသွားတာ…” ဖုန်းကုန်း အံကိုတင်းတင်းကြိတ်ထားလေရာ သွားဖုန်းများမှ သွေးများတောင် စတင်စီးကျလာခဲ့သည်။ သူ၏ ဒေါသက ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၏။ စုရှောင်ရှန်သူတို့ကို အရူးတွေအလား လှည့်စားခဲ့သည်ကို ပြန်မြင်ရသော် သူ့ဒေါများ လုံးလုံး လွတ်ထွက်သွားခဲ့သည်။

“ဘာမှမဟုတ်တဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) က ငါ့ကိုဒီလို ကြောက်အောင်လုပ်ပြီး မူလနန်း‌တော်အထွတ်အထိပ် ရှောင်းယီကို တဖြေးဖြေးခြင်း အချိန်ဆွဲပြီး သတ်လိုက်နိုင်တယ်လား။ ခွင့်မလွှတ်နိုင်ဘူး… မင်းပြေးနိုင်ပါစေလို့ ဆုတောင်းထားတော့… မဟုတ်ရင် မင်းရဲ့ တစ်ဘ၀လုံးစာကို ကြောက်ရွံ့မှုနဲ့ ရှင်သန်နေထိုင်ရအောင် ငါလုပ်ပစ်မယ်”

ဖုန်းကုန်းက ၀င်အပူးခံထားရသည့်အလား အကျဉ်းတန်သော မျက်နှာအမူအရာဖြင့် တဟုန်ထိုးပြေးသွားလိုက်လေသည်။ ၎င်းက အတွင်းစည်းမှ ငန်းနေကန်သို့ရောက်ရန် အချိန်ခဏသာ လိုအပ်လိုက်၏။ အရာအားလုံးက ဘာမှ မပြောင်းလဲဘဲ အတူတူပင်ဖြစ်သည်။ သို့သော် ယခုတော့ သူတစ်ယောက်တည်းသာ ဖြစ်တော့၏။ ၎င်းက ကံကြမ္မာ၏ လှည့်ကွက်ပင်။

မိုးရေစက်များက ကန်မျက်နှာပြင်တွင် အဆက်မပြတ်ကျနေရာ တစ်စက်ချင်းစီတိုင်းကြောင့် လှိုင်းများပြန့်ထွက်သွားလေသည်။ ငန်းများနှင့် ငါးများ ဖုန်းကုန်း၏ ကြောင်မင်ဖွယ်ရာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် ထိတ်လန့်သွားကြပြီး ရေကန်အနှံ့ပြန့်ကျက်သွား၏။

ပလုံ ပလုံ

ဖုန်းကုန်း ငန်းရေကန်ကို‌ခုန်ကျော်သွားပြီး လက်ရန်းပေါ်၌ ရပ်လိုက်သည့်အချိန် ထူးဆန်းစွာ ရေကန် မျက်နှာပြင်၌ ပူပေါင်းများထွက်လာခဲ့၏။

“စိတ်လျော့” မိုးရေစက်များက သူ့ကိုအသိပြန်၀င်လာစေပြီး သူ၏ ဒေါသကို ‌ငြိမ်ကျသွားစေ၏။ သူ၏ ဆုံးဖြတ်ချက်အမှားကြောင့် သူ့အဖော်သေသွားရသော်လည်း ထိုအတွက်နှင့် သူ၏ တည်ငြိမ်မှုကို မဆုံးရှုံးသင့်ပါလေ။

ကျွမ်းကျင် လုပ်ကြံသတ်ဖြတ်သူအဖြစ် နှစ်ပေါင်းများစွာရှိပြီဖြစ်ရာ သူ၏ ဒေါများငြိမ်ကျသွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြုပြင်ကာ စတင်၍ စဉ်းစားကြည့်လိုက်သည်။

“စုရှောင်ရှန်… အဲ့ဒီကောင်က သူ့နည်းစနစ်တွေကြောင့်သန်မာတာမဟုတ်ဘူး။ ငါနဲ့တန်းတူရှိတယ့် တွေးခေါ်ပုံကြောင့် သန်မာတာ…”

၎င်းက စုရှောင်ရှန်၏ ခြံအတွင်း သူတို့ကစားခဲ့သည့် စိတ်ပိုင်းဆိုင်ရာ ကစားပွဲ၌ အတည်ပြုပြီးဖြစ်သည်။ ဖုန်းကုန်းမ၀န်ခံချင်သော်လည်း သူထိုကစားပွဲ၌ ရှုံးသွားပေလေသည်။ သူထိုစဉ်က မြင်လိုက်ရသော အရာများကြောင့် တုန်လှုပ်နေခဲ့သည်ဖြစ်ရာ သူ၏ ရန်သူကို အခွင့်ကောင်းပေးလိုက်သလိုဖြစ်သွားလေသည်။

ယခုတော့ ထိုကစားပွဲ၌ မပါလေတော့ရာ ကစားပွဲအပြင်ဘက်၌ ဆန်းစစ်လေ့လာကြည့်သော် စုရှောင်ရှန် သုံးသွားတာ လှည့်ကွက်လေးတွေဆိုတာထက် ပိုနေကြောင်းသိလိုက်ရသည်။

“သူက တကယ် ဉာဏ်ပြေးတယ်… ဒါပေမယ့် အဲ့ဒီဉာဏ်နဲ့ ယှဉ်နိုင်တဲ့ သန်မာမှုမျိုးမရှိဘူး။ ဘာပဲပြောပြော သူက ပုရွက်ဆိတ်တစ်ကောင်ပဲလေ”

ဤသို့တွေးမိသော်လည်း ဖုန်းကုန်း ထိုပုရွက်ဆိန်လေးကို တရေးတယူ လုပ်ရပေသည်။ “ငါသာစုရှောင်ရှန်နေရာမှာဆိုရင် ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ဘာလုပ်မိမလဲ… ပြေးမယ်… ခြံကိုထားခဲ့ပြီး နောက်လှည့်မကြည့်ဘဲကို ပြေးမှာ”

အစကတည်းက စုရှောင်ရှန် စိတ်ဝိညာဉ်နန်းတော်၌ ပိတ်မိနေရာ ထိုသို့မလုပ်မည်ကို သိသောကြောင့် ဖုန်းကုန်းခေါင်းခါလိုက်သည်။ အကယ်၍ သူစိတ်ဝိညာဉ်နန်းတော်မှ ထွက်သွားပါက သူ့အသက်ကို နှုတ်ယူမည့်သူ ပို၍ များလာရန်သာရှိလေသည်။

“ဒီကောင်က ဉာဏ်ပြေးတယ်။ သူခဏတာပဲပြေးနိုင်ပြီး တစ်ဘ၀စာလုံး ပုန်းမနေနိုင်မှာကိုသိတယ်… ဒီတော့… အငိုက်ဖမ်းတိုက်ခိုက်မှာလား”

ဖုန်းကုန်းမသေမချာခံစားနေရသည်။ စုရှောင်ရှန် အချီကြီးရင်းပြီး သူ့ကို အလစ်တိုက်ခိုက်ရဲမည်လော သူမသိပေ။ သို့သော် ရှောင်းယီ၏ အဖြစ်ကို သတိရသွားသည်။ ရှောင်းယီက မူလနန်းတော် အထွတ်အထိပ်၌ ရှိနေသည်ဖြစ်ရာ ဤတာ၀န်က သူတစ်ယောက်တည်းနှင့်တောင် လုံလောက်ပေသည်။

“ဒါပေမယ့် ငါထွက်ပြေး… အာ… အဝေးတစ်နေရာကို ရောက်သွားတော့ ရှောင်းယီကို တကယ် သူသတ်နိုင်လိုက်တယ်… ဒါပေမယ့် ရှောင်းယီဘယ်လိုသေသွားတာလဲ”

ဖုန်းကုန်း မည်သည့်အရာကိုမှ မယုံကြည်ချင်‌ပေ။ အဆင့်(၉) သာဖြစ်သော စုရှောင်ရှန်ထံတွင် ဝှက်ဖဲများစွာရှိသည်ဆိုစေဦးတော့ ၎င်းတို့က ရှောင်းယီကို သတ်နိုင်ဖို့ လုံလောက်သည်ဟု မထင်ပေ။ သို့သော် တကယ်ဖြစ်ပျက်နေသည်များကိုတော့ ယုံရပေမည်။

ထိုအသေးစားပြဿနာပေါ်တွင် အတွေးနက်မနေဘဲ ဖုန်းကုန်း ဆက်၍ ခန့်မှန်း‌လိုက်သည်။ “သူငါ့ကို မကြောက်လို့ အငိုက်ဖမ်းရဲတယ်ပဲထား။ သူဘယ်လိုလုပ်မှာလဲ”

မိုးရွာနေသော ညကလေးက ထပ်၍ တိတ်ဆိတ်သွားပြန်သည်။

သူတွေးလေလေ သူ၏ သတ်ဖြတ်ချင်စိတ်များ လျော့ကျသွားလေလေဖြစ်သည်။ ‌ရေကန်မှ ငန်းများ စတင်၍ ပြန်အော်ဟစ်လိုက်ကြပြီး ငါများ ကန်အတွင်းမှ ပူပေါင်းများမှုတ်ထုတ်နေသည့်အလား ကန်ရေပြင်၌ ပူပေါင်းများပြန်ထလာသည်။

“ငါသာ စုရှောင်ရှန်ဆိုရင်…” ဖုန်းကုန်း မျက်မှောင်ကုပ်ရင်း တွေးလိုက်သည်။ ထို့နောက် သူ့မျက်လုံးများတောက်ပသွားပြီး “ငါ့‌အတွေးကို သူခန့်မှန်းကြည့်မှာ… ဟုတ်တယ်။ သူလုပ်ကိုလုပ်မှာ… အဲ့ကောင်ရဲ့ အားသာချက်က အခြားသူတွေရဲ့ အတွေးတွေကို ခန့်မှန်းနေနိုင်တာ။ ခြံထဲတုန်းက ငါ့အတွေးတွေနဲ့ လှည့်ကွက်တွေကို သူမြင်နိုင်တာကိုကြည့်ပြီးသိနိုင်တယ်… ဒီတော့ အငိုက်ဖမ်းမယ်‌ဆိုရင် ငါ့နေရာကနေပြီးတော့ တွေးမှာပဲ…”

ဘာဆက်လုပ်ရမည်ကို ရေးရေးလေး သိလိုက်ရပြီး ဖုန်းကုန်း လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။

“သူငါဘာလုပ်နိုင်တယ်ဆိုတာမသိတော့ ငါဘာတွေးမယ်ဆိုတာကိုပဲ ခန့်မှန်းလောက်တယ်။ ပြီးတော့ သူက ဘယ်သူဆိုတာ ငါသိသွားပြီဆိုတာကို သူမသိလောက်ဘူး… ဆိုရရင် ငါသူ့ကို ပြန်သတ်ဖို့လာနေတယ်ဆိုတာ ခန့်မှန်းမိလိုက်မှာပဲ။ သူ့ခြံထဲထိတော့ အဆုံးထိ ငါသွားပြီး ချက်ခြင်း သတ်မယ်လို့တော့ သူမထင်လောက်ဘူး။ ဘာလို့ဆို ငါတွေးတာကို သူတွေးနေလို့ပဲ။ ‌ဆိုတော့ ငါက ဖြေးဖြေးနဲ့ နှေးနှေးလေး အသေးစိပ် ခြံမှာ ဖြစ်သွားတဲ့ အရာတွေကို သွားဆန်းစစ်ကြည့်မှာ”

“ရှောင်းယီသေသွားတာနဲ့အတူ ငါ အငြိမ်ထိုင်နေနိုင်မှာ မဟုတ်ဆိုတာ သူသိတယ်။ ဒါပေမယ့် သူ့ခြံမှာမှ အငိုက်မဖမ်းလောက်ဘူး။ ပြီးတော့ အဲ့ဒီခြံကိုသွားတဲ့လမ်းကလဲတစ်လမ်းပဲရှိတယ်။ လေထန်တဲ့ တောအုပ်ထဲက လမ်းရှည်ကြီး…”

ထို့နောက် ဖုန်းကုန်းတစ်ခုခု ကိုသိသွား၏။

“တောအုပ်ကတော့ ဖြစ်နိုင်ချေများတယ်… အကယ်၍ အစက ငါစီစဉ်ထားသလိုဆို ငါအဆုံးထိ သွားကြည့်ကြည့် မကြည့်ကြည့် စုရှောင်ရှန်က တောအုပ်ထဲမှာ ငါ့ကို အငိုက်ဖမ်းမှာသေချာတယ်။ ငါလည်း ဒီအခြေအနေကို စဉ်းစားမိမှာ မဟုတ်ဘဲ ၀င်သွားမိမှာ… ရလဒ်အနေနဲ့ကတော့”

ထိုသို့ ချောက်ချားဖွယ်ရာ ရှာဖွေတွေ့ရှိမှုကြောင့် ဖုန်းကုန်း ကြက်သီးဖျင်းဖျင်းထသွား၏။ မလှုပ်ရှားခင် အခြေအနေကို သိလိုက်ရလို့ သူ့ကိုယ်သူ ကံကောင်းသည်ဟုခံစားလိုက်ရသည်။ ယခုတော့ ဘာကိုမှ တွေးပူစရာမလိုတော့ပေ။

ဖုန်းကုန်း၏ မျက်လုံးများက သွေးကြွေးဖြင့် တောက်ပသွားသည်။ မူလအစက ဤလူကို တာ၀န်အရသာ သတ်ဖို့သွားရန်ဖြစ်သော်လည်း ယခုတော့ သူ့တွင် အခြားအကြောင်းတစ်ခုရှိသွားချေပြီ။ သူ၏ ဒေါသကိုပုံချဖို့ဖြစ်၏။

“တောအုပ်ပေါ့လေ… ဟက်… စုရှောင်ရှန် မင်းရဲ့ ပျက်ဆီးကိန်းအတွက် ပြင်ဆင်ထားလိုက်တော့”

Comment

Leave a Reply

Options

not work with dark mode
Reset