Chapter – 235 မိစ္ဆာပုံဆောင်ခဲ
ချန်ရှန် ဦးတည်ချက်မဲ့စွာ စွန့်ပစ်နယ်မြေထဲ လျှောက် ပြေး မိ နေတယ် ။ ဒါပေမယ့် သူ အမှတ်အသားများ ဟိုဟို ဒီဒီ ချန်ထားခဲ့ပါတယ် ။ သူဟာ လက်ယာဂိုဏ်းမှ လူများ ကို တွေ့ ချင်နေတာ ဖြစ်ပြီး အတွင်းပိုင်းသို့ မ၀င်ရန် ပြော ချင်နေတာပါ ။ ၎င်းတို့ စွမ်းအားကြီး သားရဲမိစ္ဆာများ ၊ လူ သား မိစ္ဆာများနှင့် ကြုံတွေ့ မည် ဆိုပါက ကြမ္မာငင်ကြမည် ဖြစ်ပါတယ် ။
“အားလုံး ထွက်ခဲ့ကြ ၊ ပုန်းမနေကြနဲ့ ၊ မင်းတို့ဘယ်မှာ လဲ ဆိုတာ ငါသိတယ်”
ချန်ရှန် တောင်အစွန်းမှာ ရုတ်တရက် ရပ်လိုက်တယ် ။
လူအချို့ သူ့ကို ခြုံခိုတိုက်ဖို့ ချောင်းနေတယ် ဆိုတာ သိနေတယ် ။ လောင်ဆုရီ သူ့ကို ပြောပြထားခြင်းပါ ။ စု မေးယို နှင့် ဘိုင်ယုယု တို့ကတော့ မည်သည့်အရာကိုမျှ အာရုံခံမိခြင်း မရှိပါချေ ။ ဒါကိုကြည့်ခြင်းအားဖြင့် မိစ္ဆာလမ်း ဂိုဏ်းသားများ၏ ပုန်းကွယ်ခြင်းစွမ်းအားဟာ မည်မျှမြင့် သည်ကို တွေ့ ရှိနိုင်ပါတယ် ။ ချန်ရှန် အနည်းငယ် စိုးရိမ် မိ သွားတယ် ။ သူလိုလူတောင် ဒီလိုလူတွေရှိနေတာကို မ သိဘူးဆိုရင် ကျန်လူများဆိုပါက တွေးရဲစရာပင် မရှိပါ ။
“ပြင်းထန်သော သိုင်းပညာဂိုဏ်းရဲ့ အငယ်ဆုံး ပညာ ရှင်က တယ်ကျွမ်းပါလား”
နောက်ဖက်ရှိ ကျောက်တုံးတစ်တုံးနောက်မှ အံ့သြသံ တစ်ခု ထွက်ပေါ်လာတယ် ။ အားလုံးဟာ သူတို့ကိုယ်သူတို့ ပုန်းကွယ်နေရာမှာ ဟုတ်လှပြီဟု ထင်နေကြတာ ဖြစ်ပါ တယ် ။ သို့သော်လည်း ချန်ရှန် ရိပ်မိနေတာကို သိရှိသွား သော ကြောင့် အတော်ပင် အံ့အားသင့်နေကြတယ် ။
အမည်းရောင် မျက်နှာဖုံးဝတ် လူငါးဦးဟာ ထွက်ပေါ် လာ ကြ တယ် ။ ဒီလူတွေဟာ ချန်ရှန် မကြာသေးမီက တွေ့ ရှိခဲ့သော လူသားမိစ္ဆာများကို ကြိုးကိုင်ခဲ့သူ နှင့် အတူတူပါ ပဲ ။
“မင်းတို့က လွန်ခဲ့တယ့် သုံးနှစ်ထဲက ရောက်နေကြ တဲ့ လူတွေလား”
ချန်ရှန် မေးလိုက်တယ် ။ တချိန်တည်းမှာပဲ ၎င်းတို့ ကြံ စည်နေမှုများအား သူသိနေသည် ဆိုတာကို ပြောပြလိုက် ပါ တယ် ။
တကယ်ကိုပဲ ချန်ရှန် စကားတွေကို ၎င်းတို့ ကြားတဲ့ အခါ အရမ်းကို အံ့အားသင့်သွားကြတယ် ။
“ဒါဆို မင်းက ဟိုလူအုပ်နဲ့ တွေ့ ပြီးပြီပေါ့ ၊ မဆိုးပါဘူး ၊ ဟုတ်တယ် လွန်ခဲ့တယ့် သုံးနှစ်ထဲက လူတစ်စု ရောက်နေ ပြီးသား ၊ ငါတို့ကတော့ နောက်ကျမှ ရောက်တာ”
အမည်းရောင်ဝတ် လူက ပြန်ဖြေပါတယ် ။
“ကြည့်ရတာ မင်းတွေ့ ခဲ့တယ့် လူကသေပြီထင်တာ ပဲ ၊ မင်းဘယ်လောက်ထိ သိထားလဲ”
နောက်လူတစ်ဦးက ထပ်မေးပြန်တယ် ။
“ငါ အများကြီး မသိပါဘူး ။ ငါ မင်းတို့ တချို့ သော မနှစ်မြို့ဖွယ် အရာတွေကို ကြိုးကိုင်နိုင်တယ် ဆိုတာ လောက်ပဲ သိတာပါ ။ နောက် မင်းတို့ မိစ္ဆာလမ်းက လူတွေ အားလုံးဟာ ခွေးဝဲစားတွေ ဆိုတာလည်း သိတယ်”
ချန်ရှန် ခနဲ့တဲ့တဲ့ ပြောလိုက်တယ် ။
“ဟဲဟဲ ၊ မင်း ဆဲတယ့် လူမှားနေပြီ ၊ အဲဒါ ငါတို့ ကိစ္စ မဟုတ်ဘူး ။ ငါတို့က အမိန့်တိုင်း လုပ်ရတာ ၊ မင်းဆဲချင် ငါတို့ အပေါ်က လူတွေကိုဆဲ ။ မင်းကို အမှန်တိုင်းပြောရ မယ် ဆိုရင် ငါတို့ အဲလို ကြိုးဆွဲတယ့် ကိစ္စတွေဆိုတာ ဘာ မှန်းကို မသိဘူး”
တခြားလူတစ်ယောက်က ထပ်ပြောပြန်ပါတယ် ။
ချန်ရှန် အနည်းငယ် အံ့သြမိသွားတယ် ။ ၎င်းမိစ္ဆာ ဂိုဏ်းမှ လူများဟာ လူ့ကျင့်ဝတ် အနည်းငယ် သိပြီး ယဉ်ပုံ ရပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန် သတိလက်လွတ် မနေ ပါချေ ။
“ငါတို့ ၀င်ခဲ့တယ့် လမ်း ပျောက်သွားတာ မင်းတို့ မသိ ဘူးလား ။ ဒါမှမဟုတ် မင်းတို့က ပြန်ထွက်လို့ ရမှာကို မစိုး ရိမ်ဘူးလား ။ ခုနက ငါပြောတယ့် စွမ်းအားကြီး မနှစ်မြို့ ဖွယ် အရာတွေနဲ့ ကြုံတွေ့ ရမှာ မကြောက်ဘူးပေါ့”
ချန်ရှန် အေးစက်စွာ မေးလိုက်တယ် ။
“ငါတို့ သိတာပေါ့ ၊ ဒါပေမယ့် ငါတို့က တခြားလူတွေ နဲ့ မတူဘူး ။ ငါတို့လာတာ မင်းနဲ့ တိုက်ဖို့ ၊ ငါတို့ တာဝန်က မင်း ရဲ့ စွမ်းအားတွေကို ရိုက်ချိုးဖို့ပဲ ။ တခြားလူတွေက တော့ ကြိုးဆွဲပြီး မင်းကို တိုက်လိမ့်မယ်”
နောက်လူတစ်ဦးက ထပ်ပြောပြန်ပါတယ် ။
ချန်ရှန် ခြေတလှမ်းဆုတ်ကာ ပြုံးလျက် –
“မင်းတို့ အတူတူလာမလား ၊ အလှည့်ကျလာမလား”
“ငါတို့ အလှည့်ကျ တိုက်မယ် ။ ငါတို့အားလုံးဟာ မိစ္ဆာ လမ်းဂိုဏ်းတွေမှာ အငယ်ရွယ်ဆုံး နဲ့ စွမ်းအားအမြင့်ဆုံး လူတွေပဲ ။ ငါတို့ မင်းတို့ လက်ယာဂိုဏ်းရဲ့ အစွမ်းဆုံး ပညာရှင် အစွမ်း ဘယ်လောက်ရှိလဲ သိချင်တယ်”
အနက်ရောင်ဝတ် လူတစ်ဦးက ခြေလှမ်းလာကာ လှံ ရှည်တစ်ခုကို ဆွဲထုတ်လိုက်တယ် ။ လှံခေါင်းထိပ်မှ အနီ ရောင် အငွေ့ များထွက်နေပြီး မနှစ်မြို့ ဖွယ် ချီဓာတ်များ မှာ လည်း နေရာတိုင်းသို့ ပျံလွင့်နေပါတယ် ။ အတော်ကို ထိတ် လန့်ဖွယ် ကောင်းတာပါ ။
ချန်ရှန် ထိုကဲ့သို့ ထူးခြားလှသော မိစ္ဆာချီဓာတ်ကို ခံစား မိတယ့်အခါ –
“မိစ္ဆာ ယန် ချီဓာတ်ပဲ ၊ မိစ္ဆာ ယန် အင်အားစုကပေါ့ ၊ ငါ မင်းတို့ မိစ္ဆာယန် ဂိုဏ်းက စစ်မှန်သော ပညာရှင် အတော် များများ ကို သတ်ခဲ့တယ်ကွ”
အမည်းရောင်ဝတ် လူက ခနဲ့တဲ့တဲ့ဖြင့် –
“ဒီအမှိုက်တွေနဲ့ ငါ့ကို မနှိုင်းစမ်းပါနဲ့ ၊ ငါက သူတို့နဲ့ မတူဘူးကွ”
ချန်ရှန်လည်း ခပ်လှောင်လှောင် ပြန်ပြောလိုက်ပါ တယ် ။
“ငါ့မျက်လုံးထဲတော့ မင်းနဲ့ ခုနက အမှိုက်တွေနဲ့ မကွာ ပါဘူး”
သူ့စကားဆုံးတာနဲ့ လှံ အနီရောင်ချီငွေ့ များဟာ ပျံ့ လွင့်လာပြီး အလွန်လျင်မြန်သော နှုန်းဖြင့် အနီရောင် အလင်းတန်းအဖြစ် ချန်ရှန် လည်မျိုဆီသို့ ပစ်လွှတ်လိုက်ပါ တော့တယ် ။
လှံရှည်ဟာ ချန်ရှန် ၏ လည်ပင်းအား တိုက်ရိုက်ထိ မှန် သွားတယ် ။ ထိုလူဟာ သူဒီလို အလွယ်တကူ အောင်မြင် သွားလိမ့်မည်ဟု မထင်မိခဲ့ပေ ။ သို့သော်လည်း သူမကြာ ခင်မှာပဲ ချန်ရှန် ဒဏ်ရာမှာ သွေးမထွက်တာကို မြင်တွေ့ သွားတယ် ။ ချန်ရှန် ပုံရိပ်လည်း ပေါက်ကွဲထွက်ကာ အငွေ့ အဖြစ် ပြောင်းလဲသွားပါတယ် ။
ဒါဟာ ချန်ရှန် ၏ ရေပုံရိပ်ယောင် တိုက်ကွက်ဖြစ်ပြီး အလွန်လျင်မြန်သော နှုန်းဖြင့် ပုံရိပ်ယောင်တစ်ခု ထားခဲ့ ကာ ရန်သူကို အမြင်လှည့်စားခြင်း ဖြစ်ပါတယ် ။
ထိုလူလည်း ချန်ရှန် လှည့်စားတာကို ခံလိုက်ရတယ် ဆိုတာ သိသွားပြီးနောက် ချက်ချင်းပင် သတိထားလိုက်ပါ တယ် ။
“ဟက် ၊ ဒီလှည့်စားမှုလောက်နဲ့”
ထိုလူဟာ တဖက်သို့ လှည့်ချလိုက် ပြီး ချန်ရှန် လည်း သူ့ရှေ့ မှာ ပေါ်လာပါတယ် ။ ချန်ရှန်ဆီမှ ခပ်ပါးပါး ပုံဆောင် ခဲ ရိုက်ချက် တစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်ရတယ့် အတွက် ထိုလူလည်း သူ၏ ပုံဆောင်ခဲ ကို ချန်ရှန် နဲ့ တွေ့ ဆုံစေလိုက်သော်လည်း သိပ်တော့ မဖြစ်ထွန်းချေ ။
ချန်ရှန် ၏ ပါးစပ်တွင် ခပ်လှောင်လှောင် အပြုံးတစ်ခု ပြုံးသွားကာ လက်ဝါးရိုက်ချက်နှစ်ခု ဆုံပြီးတာနဲ့ ချန်ရှန် လည်း နောက်သို့ ခုန်လိုက်တယ် ။ စူးစူးဝါးဝါး အော်သံတစ် ခု ထိုလူထံမှ ထွက်ပေါ်လာပြီး ၎င်း၏ လက်မှာလည်း တွဲလဲ ကျသွားပါတယ် ။ ကိုယ့်သေတွင်း ကိုယ်တူးလိုက်သလိုပါပဲ
ခုနက ချန်ရှန် ဟာ အရိုးပြောင်း မိစ္ဆာ ပုံဆောင်ခဲ ကို သုံးလိုက်တာ ဖြစ်ပြီး အမည်းရောင်ဝတ် လူ၏ အရိုးများ အား အရည်ပျော်သွားစေတာ ဖြစ်ပါတယ် ။ ထိုခဏမှာ ၎င်း လက်အတွင်းသို့ ပုရွတ်ဆိတ်များ ၀င်ကိုက်သွားသလို ခံ စားလိုက်ရပြီး အတွင်းပိုင်းနာကျင်မှုမှာ ပြောပြလို့ မရ နိုင် လောက်အောင် ခံစားလိုက်ရပါတယ် ။
“ငါ့လက် . . . မင်းငါ့ကို ဘာလုပ်လိုက်တာလဲ ။ ဘာလို့ ငါ့လက်မှာ အရိုးတွေ မရှိတော့တာလဲ”
ထိုအမည်းရောင် ၀တ် လူဟာ ရူးသွပ်စွာအော်နေပြီး သူ၏အသံမှာလည်း ကြောက်ရွံ့ မှုကြောင့် တုန်ရီနေတယ် ။ ကမ္ဘာကြီးမှာ ယခုလို တိုက်ကွက်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ပါချေ ။ အသွေးအသားများကို မထိခိုက်စေပဲ အရိုး ကို တိုက်ရိုက် အရည်ပျော်ကျသွားစေခြင်းကာ သေချာ ပေါက် မိစ္ဆာတိုက်ကွက်ပဲ ဖြစ်ပါလိမ့်မည် ။
“မဟုတ်ဘူး ၊ မဟုတ်သေးဘူး ၊ ဒါက သ်ိပ်ပြီး မကြီး ကျယ်လှပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ပါ မင်းတော့ သေရ တော့ မယ်”
ချန်ရှန် ရယ်မောနေတယ် ။ သူ့လက်ထဲ အမည်းရောင် ဒူးလေး တစ်လက် ပေါ်လာတယ် ။ ဒါက နတ်မိစ္ဆာ ဒူးလေး ပါ ။ သူ၏ ချီဓာတ်များအား လောင်းထည့်လိုက်တယ့်အခါ အမည်းရောင် မြှားတစ်ချောင်း ပေါ်လာပြီး မျက်စိတမှိတ် အတွင်းမှာပဲ ထိုလူ၏ လည်မျိုအား ဖောက်ဝင်သွားစေပါ တော့တယ် ။
ထိုလူလည်း ၎င်း၏ လည်မျိုမှ သွေးများ ပန်းထွက်ကာ တဖြည်းဖြည်းချင်း လဲကျသေဆုံးသွားပါတော့တယ် ။
ကျန်လူလေးဦးမှာ ကြောင်အလျက် ရှိနေကြတယ် ၊ အစ မှာတော့ ၎င်းလူများဟာ အလွန်ပင် သူတို့ကိုယ် သူတို့ ယုံကြည်ချက် ရှိနေကြတာဖြစ်ပြီး သူတို့သာ အနိုင်ဟု ထင် ခဲ့ကြတာပါ ။ ဒါပေမယ့် ယခုအခါမှာတော့ သေခြင်းတရား က နီးကပ်လာပါပြီ ။ သေဆုံးသွားသောလူဟာ ၎င်း၏ အစွမ်းများကို တောင် မပြလိုက်ရပဲ အလွန်သေးငယ်သော မြှားလေး လည်မျိုကို ဖောက်ဝင်ကာ သွေးအိုင်ထဲ သေဆုံး သွားခဲ့ရတာ ဖြစ်ပါတယ် ။
အစကနေ ခုချိန်ထိ ချန်ရှန် ဟာအေးအေးဆေးဆေး သာ ရှိနေတာ ဖြစ်ပြီး ဟာသလေးများပြောကာ ရုတ်တ ရက်ပဲ အသက်အငယ်ဆုံးနှင့် အတော်ဆုံး မိစ္ဆာပညာရှင် အား သတ်ဖြတ်သွားတာ ဖြစ်ပါတယ် ။ ကျန်လူလေးဦး မှာ ကြောက်ရွံ့ တုန်လှုပ်လျက် ရှိနေကြပြီး တချိန်တည်းမှာပဲ ၎င်းတို့ ချန်ရှန်ကို အထင်မသေးဝံ့ကြတော့ချေ ။ ဒီလိုသာ အထင်သေးပြီး ရမ်းလုပ်ပါက ခုနကလူကဲ့သို့ သေဆုံးရ မည် ဖြစ်ပါတယ် ။
ချန်ရှန် သူ့ခေါင်းကို ခါကာ ရယ်မောရင်း –
“အစကမှ မင်းတို့က ငါးယောက် ဖြစ်နေတာ နိုင်ဖို့ မျှော်လင့်ချက် ရှိသေးတယ် ၊ အခုတော့ နောက်ကျ သွား ပြီပေါ့”
ပြောနေရင်း ၎င်းဟာ ပျောက်ကွယ်သွားပြီး အရာအား လုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားတယ် ။ ကျန်လူလေးဦး လည်း အသက်ကို လုရှုရင်း ချန်ရှန် ရဲ့ နေရာကို ရှာဖွေ နေကြတယ် ။ သို့သော်လည်း အတော်ကြာကြာထိ ချန်ရှန် ဟာ ပေါ်မလာပဲ ရှိနေတာကြောင့် ၎င်းတို့ဟာ သူတို့၏ ပြင်း ထန်လှသော ချီဓာတ်များဖြင့် ၎င်းတို့အားအနည်းဆုံးနေရာ များအား အကာအကွယ်လုပ်ကာ ထားလိုက်ကြတယ် ။ နတ်မိစ္ဆာဒူးလေး ဟာ စွမ်းအားကြီး ပညာရှင်တစ်ဦးကို အလွယ်လေး သတ်နိုင်သည် မဟုတ်ပါလား ။
အဆိုပါ ၀တ်ရုံနက်ဝတ် လေးဦးဟာ သူတို့သာ သတိရှိ ရှိနဲ့ ပတ်ဝန်းကျင်ကို မျက်ခြေမပျက် စောင့်ကြည့်မယ် ဆိုပါ က လုံခြုံနိုင်လိမ့်မည်ဟု တွေးထင်နေမိကြတယ် ။ သို့သော် လည်း တချိန်တည်းမှာပင် သူတို့ ရုတ်တရက် ချီဓာတ် လွှမ်းမိုးမှုအချို့ မြေပြင်မှ လာနေတာကို ခံစားလိုက်ကြမိ တယ် ။ သူတို့ ခုန်ဖို့ ပြင်ပေမယ့်လည်း အံ့သြစွာပင် မလုပ် နိုင်ခဲ့ကြပါဘူး ။ သူတို့ ငုံ့ကြည့်တယ့် အခါမှာတော့ ၎င်း တို့ ၏ ခြေထောက်များဟာ ရေကဲ့သို့အရာများ၏ နှစ်မြုပ်ခြင်း ခံထားရတာကို သာ တွေ့ ရှိကြရပါတယ် ။ ၎င်းတို့ ချီဓာတ် များကို အသုံးပြုကာ လွတ်မြောက်ဖို့ စဉ်းစားစဉ်မှာပဲ လျှပ် စစ်ကြောင်းတစ်ခုဟာ ရေထဲမှာ စီးဆင်းလာတယ် ။
ထိုရုတ်တရက် လျှပ်စစ်ဓာတ်ဟာ ၎င်းတို့၏ တစ်ကိုယ် လုံးအား တုန်ခါသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေကို ရင်ဆိုင်နေကြရစဉ်မှာပဲ ချန်ရှန် ဟာ ရုတ် တရက် ပေါ်ပေါက်လာပါလေတော့တယ် . . . ။