အပိုင်း (၇၀) အချိန်ဆွဲခြင်း
ရှောင်းယီ စုရှောင်ရှန်ကို လိုက်ဖမ်းလေလေ ပို၍ စိတ်တိုရလေလေ ဖြစ်သည်။ ဤလူက စုရှောင်ရှန်ဟု သူတထစ်ချ ယုံကြည်သွားပေပြီ။ စုရှောင်ရှန် အားလည်း မည်မျှ သတိကြီးကြောင်းကို သူအံ့အားသင့်သွားသည်။ ယခု သူ၏ သနားစရာကောင်းလောက်သော အခြေအနေ၌တောင် ထိပ်တိုက်ရင်မဆိုင်ရဲပါလား။
ခြံထဲသို့ ၀င်လာသည့်အချိန်က ဤလေလုံးထွားသော စုရှောင်ရှန် မည်သူဖြစ်ကြောင်းကို ဖော်ထုတ်နေမည့်အစား ချက်ခြင်း သတ်ပစ်လိုက်သင့်ဟည်ဟု နောင်တရနေသည်။ သူတစ်ချက်လောက်တိုက်ခိုက်လိုက်သည်နှင့် စုရှောင်ရှန်၏ သရုပ်မှန်ကို သိရပေလိမ့်မည်။
တစ်ချိန်တည်းမှာဘဲ စုရှောင်ရှန် အချိန်တိုအတွင်း သူ့ခြံ၀န်းကို ဤသို့သော အခြေအနေသို့ မည်သို့ရောက်သွားအောင်လုပ်လိုက်နိုင်သလဲ တွေးလိုက်သည်။ ဆိုရသော် ထိုသို့ အခြေအနေကို ရောက်အောင် လုပ်နိုင်သည့်သူ မရှိပါ။
သူတို့ အလှည့်စားခံလိုက်ရခြင်းမှလည်း သူတို့ မလာခင်ကတည်းက သူတို့အကြောင်းကို စုရှောင်ရှန် သိနေ၍ဖြစ်မည်။ သို့သော် မည်သို့ သိသွားပါသနည်း။ ဒီကောင်က စိတ်ဝိညာဉ်နယ်ပယ် အဆင့်(၈) … အဆင့်(၉) ၌သာဖြစ်လေသည်။ ရှောင်းယီ စုရှောင်ရှန် အဆင့်(၉) ၌ရောက်နေပြီးဖြစ်သည်ကို တုန်လှုပ်စွာ သတိရလိုက်သည်။ ၎င်းက သူ့ကျင့်ကြံခြင်းအမှန်တကယ် တိုက်တိုက်ဆိုင်ဆိုင် အဆင့်တက်သွားခြင်းကို ညွှန်ပြနေလေသည်။
စုရှောင်ရှန် ထိုအရာများအားလုံးကို အချိန်တိုအတွင်း မည်သို့လုပ်နိုင်သလဲ မစဉ်းစားနိုင်သဖြင့် ခေါင်းခြောက်သွားသည်။ ပို၍ တွေးလေလေ ပို၍ ဒေါသထွက်လာရလေလေ ဖြစ်နေ၏။း
ရှောင်းယီ သူ့ရှေ့ရှိ ပတ်ပြေးနေသော စုရှောင်ရှန် နောက်ကို လိုက်လိုက်သည်။ သို့သော် မကြပါချေ။ တဖြေးဖြေး စိတ်တိုလာပြီး အော်လိုက်၏။
“ယောက်ျားဆိုရင် ပတ်မပြေးနဲ့ ဟိတ်ကောင်”
စုရှောင်ရှန် မြူးသွားပြီး ‘မင်းက ငါ့ကို သတ်ဖို့လည်းလာသေးတယ် မပြေးဖို့လည်း ပြောသေးတယ်… ဘာလဲ။ ငါ့လည်ပင်းကို စဉ်းနှီတုန်းပေါ် မင်းခုတ်ဖို့တင်ပေးရမှာလား။ ငါ့ကို သတ်ဖို့အဲ့လောက်မလွယ်ဘူး’
“ဖမ်းနိုင်ရင် ဖမ်းလေ” သူပြန်အော်လိုက်သည်။
“…”
ရှောင်းယီ အသက်ပြင်းပြင်းရှိုက်ပြီး ရပ်လိုက်သည်။ သူလုပ်သည်နိုင်သည့် ကန့်သတ်ချက်ကို ရောက်နေပေပြီ။
အကယ်၍ ထို ‘သရဲသဘက်သဖွယ် မီးလျှံ’ များလောင်ကျွမ်းနေခြင်းကြောင့်သာမဟုတ်ပါက သူ့ရှေ့က ကောင်ကို ဒူးထောက်သွားအောင် လုပ်ပြီးလောက်ပြီး လေပြီ။ ထိုမီးလျှံတို့က အလွန် ရှုပ်လေသည်။ စုရှောင်ရှန်ကို ဆက်၍ လိုက်ဖမ်းနေလျှင် မကြာခင် သူ၏ စိတ်ဝိညာဉ်အနှစ်များကုန်သွားမည်ဖြစ်ကာ နေရာတွင်ပင် ပွဲချင်းပြီးသေသွားလောက်သည်။ သို့ဖြင့် သူထွက်ပြေးရမည်ဖြစ်ကြောင်းကို သိလိုက်၏။
“ပြေးချင်တာလား။ ရမယ်လေ အားကြီးကြီး”
ရှောင်းယီ လှည့်၍ မပြေးနိုင်လိုက်ခင်ပင် သူ့ရှေ့မှ ပြေးနေသော စုရှောင်ရှောင် ချက်ခြင်း နောက်လှည့်ပြီး သူ့ကို ခုန်အုပ်ကာ ၀င်ထိုးလိုက်လေသည်။
‘ဒီကောင် ဘာကောင်လဲဟ… သူ့နောက်စေ့မှာ မျက်လုံးပါတာလား။ ပြီးတော့အဲ့တာက စိတ်ပါဖတ်နိုင်တာလားဟ’ ရှောင်းယီ ရူးသွပ်မတတ်ဖြစ်သွားသည်။ စုရှောင်ရှန် သူ့လှုပ်ရှားမှုများကို ခရေစေ့တွင်းကျ သိနေသောကြောင့် ခေါင်းခြောက်သွား၏။
“လာစမ်းပါ”
စုရှောင်ရှန် သူ့ထံ ပြေး၀င်လာနေသည်ကိုမြင်သော ရှောင်းယီ သူ့ဓားမြှောင်ကို နံရံပေါ်မှ ပြန်ဆင့်ခေါ်လိုက်ပြီး အခွင့်ကောင်းကိုစောင့်လိုက်သည်။
“ဟမ်… မင်း ထွက်ပြီး ထွက်မပြေးတော့ဘူးလား”
စုရှောင်ရှန် ပြေးလာရာမှ ရပ်သွားသည်။ ထို့နောက် နောက်လှည့်ကာ ပြန်ပြေးလိုက်၏။
ရှောင်းယီ : “လခွမ်း… ဘောပဲ… ငါ့ကို လာလှည့်စားတယ်”
ထိုအခိုက်အတန့်၌ ကမ္ဘာကြီးသူ့အပေါ်ပြိုကျလာသည်ဟု တစ်ခုတည်းသာ မခံစားရတော့ပေ။ သေခြင်းကို မတိမ်းရှောင်နိုင်သကဲ့သို့ အပိုင်းပိုင်း ဖြစ်သွားတော့မည်ဟု ခံစားနေရသည်။
ဤသည်ကို မြင်သည့်အလား စုရှောင်ရှန် ပြေးနေတာရပ်လိုက်ပြီး ဖြေးဖြေးချင်း နောက်လှည့်လိုက်သည်။ ထို့နောက် နတ်ဆိုးတစ်ကောင်၏ အပြုံးကို ဆင်မြန်းပြီး ရှောင်းယီထံ လျှောက်သွားလိုက်သည်။
“ငါထင်တာမမှားရင်။ မင်းရဲ့… စိတ်ဝိညာဉ်အနှစ်တွေ ကုန်ခမ်းသွားပြီမလား”
ရှောင်းယီ သွေးဆုတ်ဖြူရော်သွားသည်။ သူ့ဒန်ထျန်ကိုကြည့်လိုက်ရာ အမှန်တကယ် စိတ်ဝိညာဉ်အနှစ်များ ကုန်ခမ်းသွားကြောင်းကိုသိလိုက်ရ၏။
‘ဒီခွေးမသား… အချိန်ဆွဲနေခဲ့တာပဲ’ သူတွေးလိုက်သည်။
ရှောင်းယီတစ်ယောက် စုရှောင်ရှန် ပေါတောတော ပြုမူနေသော်လည်း တကယ်က ထို သရဲသဘက်သဖွယ်မီးလျှံဖြင့် စွမ်းအင်ကုန်ခန်းအောင် လုပ်နေကြောင်း သိလိုက်ရသည်။ ဤအခြေအနေအား ဆက်၍ ဖြစ်ခွင့်ပေးလျှင် သူလည်း လုံး၀ ကိစ္စတုံးသွားမည်ကို သိ၏။
‘စိတ်လျော့… ငါ့ ဆုံးဖြတ်ချက်တွေကို မလွှမ်းမိုးစေနဲ့’ တွေးလိုက်သည်။
မည်သည့် ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူမှ မလုပ်သည့် အမှားတစ်ခုကို သူလုပ်နေမိကြောင်း သိသွားသည်။ ချက်ခြင်း စိတ်လျော့ပြီး နှာခေါင်းရှုံ့လိုက်၏။
“ဒီသရဲလိုလို မီးလျှံတွေနဲ့ ငါ့ကို တကယ် အနိုင်ယူနိုင်မယ်ထင်လို့လား”
“မယူနိုင်နေလို့လား” စုရှောင်ရှန် သူ့ထံ တဖြေးဖြေးလျှောက်သွားလိုက်၏။
ရှောင်းယီ ရယ်မောလိုက်သည်။ ဒီကောင်ရူးသွားပြီလော။ သူ့စိတ်ဝိညာဉ်အနှစ်ကို ပြန်မဖြည့်ပျိူးနိုင်ဘူးဟု ထင်နေသည်လော။ ထို့နောက် လက်ဖဝါးကိုလှန်လိုက်ရာ ဆေးတစ်လုံးပေါ်လာခဲ့သည်။ ၎င်းကို သူ့ပါးစပ်ထဲပစ်ထည့်ရန်လုပ်လိုက်၏။
ရှောင်းယီထံ လမ်းလျှောက်လာနေခဲ့သည့် စုရှောင်ရှန် ဤသည်ကို မသိဘဲနှင့် နေပါမည်လော။ စုရှောင်ရှန် အသက်ပြင်းပြင်းရှိုက်လိုက်ရာ ထိုဆေးလုံး မြူခိုးများသဖွယ်ပြောင်းသွားပြီး သူ့ထံ ဝဲသွားလေသည်။ ဆေးလုံး၏ ဆယ်ပုံ တစ်ပုံကိုသာ သူရှိုက်လိုက်ပြီး ကျန်သည်များကို လေထုအတွင်း လွင့်ပြန့်သွားစေလိုက်၏။
ရှောင်းယီ ကြက်သေသေသွားသည်။ မည်သည့် တားမြစ် နည်းစနစ်ပေနည်း။
ထို့နောက် နောက်ထပ် ဆေးတစ်လုံးထပ် ထုတ်ယူလိုက်သည်။ စုရှောင်ရှန်ထိုသို့သော လှည့်ကွက်မျိုး ထုတ်သုံးနိုင်လိမ့်မည်ဟု သူမထင်ပေ။ သို့သော် မည်မျှ ဆေးလုံးကို ကြပ်ကြပ်ဆုပ်ကိုင်ထားပါစေ စုရှောင်ရှန်ဘအသက်ပြင်းပြင်းရှိုက်လိုက်ရာ သူတို့ မြူခိုးများအဖြစ်ပြောင်းသွား၏။
ရှောင်းယီ လေးဘက်ထောက်ကျသွားသည်။ ရုတ်တရက် သူ့ပတ်၀န်းကျင်တစ်ခုလုံး အမှောင်ကျသွားသည်ဟု ခံစားလိုက်ရသည်။
စစ်မှန်ခြင်းမူလနန်းတော်အထွတ်အထိပ်၌ ရှိနေသော်လည်း ၎င်းက သူ၏ ပထမဦးဆုံး သေခြင်းကို မရှောင်လွှဲနိုင်သည့်အလား ခံစားရခြင်းဖြစ်သည်။ ရန်သူက စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) ၌ ရှိသည် ဆိုစေဦးတော့။
“ဆေးလုံးတွေအတွက်ကျေးဇူးပါ။ ဘယ်လိုလဲ ကျန်သေးလား”
စုရှောင်ရှန် အနည်းငယ် တုန်ရင်နေသည်မှလွဲ၍ ခွေကျသွားမည့်ဟန်ပန်မျိုးမရပါချေ။ သူက အသက်ရှူခြင်းနည်းစနစ်ကို ထိန်းချုပ်ပြီးတော့ လိုအပ်သည့် စိတ်ဝိညာဉ်စွမ်းအင်ပမာဏကိုသာ စုပ်ယူလိုက်ခြင်းဖြစ်သည်။
၎င်းတို့က သူ့ကိုယ်ပိုင်ဆေးလုံးများမဟုတ်ရာ သူအနည်းငယ်သာ ရှိုက်ရဲလေသည်။ မဟုတ်ပါက ထိုသာယာမှုက သူ့ကိုထိန်းချုပ်မှုလွတ်ကင်းသွားစေမည်ဖြစ်ကာ ထိုသူ၏ သတ်ဖြတ်ခြင်းကိုပင် ခံရလောက်သည်။
ရှဲ ရှဲ
ယခုသူ၏ စိတ်ဝိညာဉ်အနှစ်မှာ ကုန်လုစဲစဲဖြစ်ရာ ငရဲမီးတောက် ကောင်းကင်မီးလျှံ၏ ကြောက်မက်ဖွယ်ရာ လောင်ကျွမ်းခြင်းကို သူမခုခံနိုင်ပါတော့ပေ။ ချက်ခြင်း သူ၏ မျက်နှာ ရှံ့တွသွား၏။ စိတ်၀ိညာဥ်အနှစ်များ ကုန်ဆုံးသွားသည့်အပြင် သူ့ခန္ဓာကိုယ်ခွန်အားကလည်း မသန်မာရာ သူပြေးပေါက်ပိတ်သွားပြီဆိုတာကို သိလိုက်သည်။
“မင်းတကယ် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) မှာပဲရှိတာလားဆိုတာ ငါတကယ်သိချင်တယ်” ရှောင်းယီ စိတ်ပျက်လက်ပျက်ပြောလိုက်သည်။ စုရှောင်ရှန် ထိုမျှသော စွမ်းအားသာရှိမည်ဟု သူမထင်ပါပေ။ အပြင်စည်းတစ်ခုလုံးကို သူလှည့်စားသွားနိုင်လိုက်ပေသည်။
စုရှောင်ရှန် စိတ်လျော့လိုက်သည်။ “သမာရိုးကျ နည်းလမ်းတွေနဲ့ ဆိုရင်တော့ ဟုတ်တယ်” ဟုပြောလိုက်၏။
ရှောင်းယီ ခေါင်းကို တိတ်ဆိတ်ငုံ့လိုက်ပြီး သူ့တစ်ကိုယ်လုံးကို မီးကင်နေသည့် မီးလျှံများကို အံကြိတ်ပြီး ခံခုလိုက်သည်။
“ငါလည်း မေးခွန်းတစ်ခုမေးလို့ရမလား” စုရှောင်ရှန်ကဆိုသည်။
ရှောင်းယီ သူ့ကို မော့ကြည့်လိုက်၏။
“မင်းဘယ်ကျင့်ကြံခြင်းနယ်ပယ်မှာလဲ”
ရှောင်းယီ မည်သည်မှ မပြောဘဲ သေသည်အထိ သူသိသည့်အရာများကို တစ်ပါးတည်းယူသွားရန် ပြင်ထားသော်လည်း စုရှောင်ရှန် ဤသို့မေးမည်ဟု မထင်မှတ်ထားပါလေ။ မည်သို့ကြောင့် သူ့ကို လာသတ်ရသည်က သူ၏ ကျင့်ကြံခြင်းနယ်ပယ်လောက် အရေးမပါပေဘူးလော။
“မူလနန်းတော်။ အထွတ်အထိပ်” ရှောင်းယီ မညာပါပေ။
“မူလနန်းတော် အထွတ်အထိပ်အဆင့်ပေါ့” စုရှောင်ရှန် ဤစကားလုံးကို ရေရွတ်လိုက်ပြီး တိတ်ဆိတ်သွားပြီးနောက် တစ်အောင့်ကြာသော် ဆိုလိုက်သည်။ “အားနည်းလိုက်တာ…”
ရှောင်းယီဒေါသအမျက်ချောင်းချောင်းထသွား၏။ သူ့ပါးစပ်ထောင့်နှင့် မျက်ထောင့်များမှ သွေးများလည်းစီးကျလာလေသည်။ ရုတ်ချည်း သူ့လက်ကိုကျစ်ကျစ်ပါအောင်ဆုက်လိုက်သော်လည်း ချက်ခြင်း ပြန်ဖြေလျော့လိုက်သည်။
ဘာလဲဟ… သူ့မှာ ဝှက်ဖဲတစ်ခုခုရှိသေးတာလား။
စုရှောင်ရှန် ဤသည်ကို အကြားအမြင်မှ သိနေသော်လည်း မနားတမ်း နားဓါးပြတိုက်လိုက်သည်။ “ဆိုတော့ မင်းရဲ့ သူငယ်ချင်းက ဗလာနယ်ပယ်မှာပေါ့”
“ဟုတ်တယ်”
“မင်းနာမည်က”
“ဖုန်းကျား”
“မင်းသူငယ်ချင်းက”
“ရှောင်းကုန်း”
“ဟီးဟီး ယုံမယ်လေ အားကြီးကြီး”
“…”
‘ဒါဆိုချီးမို့လို့မေးနေသေးတာလား’ သူတွေးလိုက်သည်။
ရှောင်းယီ အလွန်ဒေါသထွက်လွန်းလို့ ပြောစရာစကားရှာမရဖြစ်နေသည်။ ရုတ်တရက် ဆန့်ငင် ဆန့်ငင် ဖြစ်သွား၏။ ယခုဆို ငရဲမီးတောက်ကောင်းကင်မီးလျှံက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပြီးဖြစ်ရာ စက္ကန့်ပိုင်းအတွင်း ပြာအဖြစ်သို့ လောင်ကျွမ်းသွားမည့်သကဲ့သို့ပင်ရှိနေသည်။
“နောက်ဆုံး စကားလေးဘာလေး ရှိရင် ပြောနော်”
ဆရာကြီးလိုလို ဘာလိုလိုဖြင့် သတိမမူမိသလို ပြုနေပေမယ့် တကယ်က စုရှောင်ရှန် သတိကြီးကြီးထားထားလေသည်။ ထိုအချိန်၌ သူ့တစ်ကိုယ်လုံး အလွန်အမင်း တင်းမာနေခြင်းဖြစ်သည်။
‘သူသေခါနီးနေပြီမလား… ကိုယ့်ကိုယ်ကိုယ်ပဲ ဖောက်ခွဲမလား… ဒီနေရာကနေနဲ နေရာခုန်ကူးသွားမလား…’ သူတွေးလိုက်သည်။
နောက်ဘာဆက်ဖြစ်မည်ကို စုရှောင်ရှန် မသိပါပေ။ သူ့တွင် ရှိနိုင်သော ဝှက်ဖဲများအားလုံးကိုလည်း စိတ်ထဲမှ စဉ်းစားလိုက်ပြီးဖြစ်သည်။ ထိုသူကို လုံး၀ လွတ်မြောက်ခွင့် သူပေးလိမ့်မည် မဟုတ်ပေ။
စုရှောင်ရှန် ခန့်မှန်းနေသည့်အချိန် ရှောင်းယီထံမှ သွေးမြူများထွက်လာ၏။ ရှောင်းယီ၏ ဝိညာဉ်နှင့် ခွန်အားများအားလုံး ချက်ခြင်း အဆင့်တက်သွားကာ စုရှောင်ရှန်ထံ ဓားမြှောင်ဖြင့်ထိုးရင်း တိုး၀င်လိုက်၏။
“သေစမ်းကွာ”
‘ငါသိသားပဲ…’ စုရှောင်ရှန် တွေးလိုက်သည်။
အငိုက်မိသွားသလိုလိုဖြင့် သူတို့ နှစ်ဦးထိတော့မည့်အချိန် စုရှောင်ရှန် နောက်သို့လှန်ချလိုက်သည်။ ရုတ်တရက် သူ့ရင်ဘက်မှ အနက်ရောင်အလင်းတစ်ခုထွက်သွားပြီး ထိုရဲရဲနီနေသော လူကို ထိုးဖောက်သွား၏။
ဖူးးးးး
အချိန်ကိုက် ၎င်းကို ကာကွယ်လိုက်နိုင်သော်လည်း စုရှောင်ရှန်၏ ရင်ဘက်ကို ရှောင်းယီ၏ ဓားမြှောက်ထိုးဖောက်သွားသေး၏။ ဆန်းကြယ်သော အင်အားတစ်ခုက သူတို့ နှစ်ဦးစလုံးကို ကန်ထွက်သွားစေရာ ရှောင်းယီ၏ နောက်ထပ် ဓားချက်က စုရှောင်ရှန်၏ နှလုံးကို လွဲသွားပြီး လေကိုသာ ထိုးမိသွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ” ရှောင်းယီ၏ အမူအရာက အံ့အားသင့်မှုတို့ဖြင့် တုန်လှုပ်သွားသည်။
“ဓားပြောင်းပြန် ဓားကွက်”
ရှောင်းယီ ပြန်ကန်ထွက်သွားပြီးနောက် ဘာမှ မလုပ်လိုက်နိုင်ခင်ပင် သူ့နောက်မှ လေကို ပိုင်းဖြတ်သံကို ကြားလိုက်ရပြီး တိတ်တခိုးနာကျင်ခြင်းက သူ၏ ခေါင်းကို ပိုင်းဖြတ်သွားလိုက်လေသည်။
သွေးများနေရာအနှုံ့ ပြန့်သွားလေသည်။
ထိုပိုင်းဖြတ်ချက်က အလွန် ချောမွေ့လွန်းပေ၏။