အပိုင်း (၆၈) ကယ်ကြပါ
ရှောင်းယီတွေးတောရခြင်းကိုမကြိုက်ပေ။ အတွေးနည်းလေ သူ့ဘ၀ ပိုပျော်စရာကောင်းလေဟု ခံယူထားသူဖြစ်သည်။ သူ တောင်ကပို့အတုလေးကို လှည့်ကြည့်လိုက်သည်။
‘ဟင်’
‘လူဘယ်ရောက်သွားတာ’
သူ့မျက်ထောင့်မှ လူရိပ်တစ်စွန်းတစ်ကို တွေ့လိုက်ရာ ချက်ခြင်းလှည့်ကြည့်လိုက်၏။
အဖြူ၀တ်ဖြင့် ရှုပ်ပွနေသော သူ၏ဆံပင်များကို ရှေ့ချပြီး လက်နောက်ပစ်ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဤလူက စောနက တောင်ကပို့လေးပေါ်မှ လူဖြစ်သစ်သည်။ သူရှောင်ယီအရှေ့၌ ရပ်နေ၏။
ရှောင်းယီမျက်စံများကျုံ့သွားသည်။ ဤလူက ခေါင်းငုံ့ထားခြင်းဖြစ်ရာ သူ၏ မျက်နှာကိုမမြင်နိုင်ပေ။ သို့သော် သူ၀တ်ထားသော အ၀တ်များကတော့ သိသိသာသာကြီး စုတ်ပြဲနေသည်။
၎င်းတို့က ဓားကြောင့်စုတ်ပြဲသွားဟန်ရပြီး အညိုအမဲဆွဲနေသော အသားအရေကိုဖော်ပြလိုက်သည်။ အဆိုပါ အ၀တ်အစားပေါ်၌လည်း မိုးရေဖြင့်ဆေးထားသကဲ့သို့ သွေးကွက်များ ထိန်ထိန်လေးကျန်နေသေးသည်။
ရှောင်းယီက မတုံးအပေ။ အခြားနှစ်ယောက်တွေးသကဲ့သို့ သူလိုက်ပြီး မတွေးနိုင်သော်လည်း ကိုယ်ပိုင် အတွေးတော့ရှိသေးသည်။ ဤလူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းမှ ရရှိကြောင်းထင်ရှားသည်။
စုရှောင်ရှန်၏ အချက်အလက်ထဲတွင်လည်း သူ့တွင် စစ်မှန်ခြင်းဓားဆန္ဒနှင့် စစ်မှန်ခြင်းခန္ဓာကိုယ်ရှိသည်ဟု ပြောထားလေသည်။ ဤလူစုရှောင်ရှန် မဖြစ်နိုင်ဟု တွေးတောလိုက်၏။ ထိုအစားစုရှောင်ရှန်နှင့် တိုက်ခိုက်ခဲ့သည့်သူသာ ဖြစ်ရပေမည်။ ဆိုလိုသည်မှ စုရှောင်ရှန် သေလေပြီ။
“ဘာလ…”
မိုးက သဲထန်စွာရွာကျနေချိန် ဖုန်းကုန်း နောက်သို့မလှည့်ရဲဖြစ်နေသည်။ ဤသည်ကို ရှောင်းယီမြင်နေရပြီး သူ့စိတ်ထဲတွင် မခါထုတ်နိုင်သော ချောက်ချားဖွယ်ရာ ခံစားချက်တို့ဖြင့်ပြည့်သွား၏။
ဂျိမ်းးးးး
မိုးချိမ်းသံနှင့်အတူ ထိုအဖြူ၀တ်လူလည်း ခေါင်းမော့လိုက်၏။
“လခှမျးးးးးးး”
ရှောင်းယီ အလွန်အမင်း ထိတ်လန့်သွားပြီး ခြံစည်းရိုးနံရံဖြင့် တိုက်မိသည်အထိ ဆုတ်သွားလိုက်သည်။ “စုရှောင်ရှန်” ချောက်ချားမှုများဖြင့် သူအော်လိုက်သည်။
‘ဒါဘယ်လို ရူးသွပ်ခြင်းလဲဟ’ တွေးလိုက်၏။
ယခုမှ ထိုသူက စုရှောင်ရှန်မဟုတ်ဘူးဟု တွေးနေသည်ဖြစ်သည့်အခိုက်အတန့်၌ ထိုသူ ခေါင်းမော့လိုက်ရာ စုရှောင်ရှန်နှင့် တစ်ပုံစံတည်းသော မျက်နှာကိုတွေ့လိုက်ရသည်။
“မဆန်းတော့ဘူး ကုန်းဘာလို့ကြောက်နေလဲ ငါခုမှသိတယ်”
“သူက စုရှောင်ရှန်ပဲ” ရှောင်းယီအော်လိုက်သည်။
ရှောင်းယီ၏ အသံကြောင့် ဖုန်းကုန်း လှည့်ကြည့်လိုက်သည်။ ထိုစဉ် ကောင်းကင်၌ ရုတ်တရက် လျှပ်ပြက်သွားလေရာ အဖြူ၀တ်လူ၏ မျက်နှာကို ငွေရောင်အလင်းတို့က ကာသွား၏။
ထိုရှုပ်ပွနေသော လူသူတို့ကို ကြည့်ပြီး ပြုံးပြလိုက်သည်။ သို့သော် သူ၏ အပြုံးက သူ့မျက်နှာနှင့်မလိုက်ဖက်သည့်အလား အကျဉ်းတန်သည်။ မသိလျှင် ၀င်ပူးခံနေရသော လူတစ်ယောက်လိုပင်။
ဖုန်းကုန်းတို့ ကြက်သီးမွှေးညှင်းများ ထောင်ထကြသွားသည်။
ဖုန်းကုန် အလွန်စိန်ရှုပ်လွန်းလို့ တွေးတောင်မတွေးနိုင်တော့ချေ။ ယခုမှ ဘယ်လိုတွေးရမလဲ တတ်သွားသော ရှောင်းယီ သူ့ဦးနှောက် အလုပ်မလုပ်တော့တာကို ခံစားလိုက်ရသည်။
စုရှောင်ရှန် ဟုတ်သည်လော မဟုတ်သည်လော။ ၎င်းက သူတို့ခေါင်းထဲ တစ်ပြိုင်နက် ၀င်လာသော မေးခွန်းဖြစ်သည်။
“ငါ မင်းတို့ထင်သလို စုရှောင်ရှန်ဘဲ”
ထိုအဖြူ၀တ်လူက သူတို့အတွေးများကိုသိနေသည့်အလား ခပ်ညစ်ညစ် ပြုံးပြလိုက်၏။ သူတို့ ငါတကယ်ပြောနေတာ မယုံဘူးဟ။
ထိုကြက်သီးမွှေးညှင်းထစေသည့် ခံစားချက်က ပို၍ ပြင်းထန်လာခဲ့၏။ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးကြည့်လိုက်ရာ ကြောက်ရွံ့မှုများကို အထင်းသားမြင်တွေ့လိုက်ကြရသည်။
အကယ်၍ ဤလူက စုရှောင်ရှန် တကယ်ဖြစ်လျှင်တောင် သူတို့ ထိုသူက တိုက်ခိုက်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။ သူတို့အလွန်ကြောက်ရွံ့နေလေပြီ။
“ပြေး”
“ပြေး”
တညီတညာ ပြိုင်တူအော်လိုက်ကြသည်။ ရှောင်းယီသူ၏ ပြောင်းပြန်ကိုင်ထားသော ဓားမြှောင်ကို အစီအရင်သို့ပစ်လိုက်ရာ ၎င်းက တိုဖူးအလား ပြဲထွက်သွားလေသည်။
“မင်းတို့ မကစားချင်တော့ရင်လည်း အေးဆေးနားနားနေနေ နေပေါ့။ ဘာလို့ ပြေးချင်နေကြတာတုန်း” စုရှောင်ရှန် အေးတ်ိအေးစက်ပြောလိုက်သည်။
သူ့အသိပေးချက်ဖန်သားပြင်တွင် အသိပေးချက်များ ကျမလာတော့ပေ။ သို့သော် ၎င်းက ထိုနှစ်ယောက်သူ၏ သရုပ်မှန်ကို သိသွားသည်ဟု မဆိုလိုပါ။ ထို့အစား သူတိူ့ကိုသာပို၍ လမ်းလွှဲသွားစေ၏။
သူက စုရှောင်ရှန် ဒါပေမယ့် မစုရှောင်ရှန်ဘူး။
မသိရသည့်အရာကို ကြောက်ရွံ့ခြင်းက ထိုသူနှစ်ဦး၏ စိတ်ကိုကြီးစိုးသွားကြလေသည်။ သူတို့အတွက် သူက တကယ် စုရှောင်ရှန်လော မရှန်လော မရေးမကြီးတော့ပေ။
စုရှောင်ရှန်သူတို့ကိုအလျှင်အမြန် ထွက်သွားစေချင်သော်လည်း ဆက်၍ အခြေအနေအတိုင်း ရေလိုက်ငါးလိုက်လုပ်ပေးရပေလိမ့်မည်။
“ဒါ ဟို ဉာဏ်ကောင်းတဲ့ကောင် တစ်ခုခု ကြံနေတာလို့ မပြောနိုင်ဘူးလေ”
ဖြစ်နိုင်ချေများကို လစ်လျူရှူထား၍ မဖြစ်ပေ။
ထိုသူနှစ်ဦး အစီအရင်အပေါက်အပြဲထဲမှ ထွက်သွားရန် ပြေးသွားသည်ကို မြင်လျှင် စုရှောင်ရှန် သူတို့ထံ ဦးတည်၍ လက်မြှောက်လိုက်သည်။ ရေလိုက်ငါးလိုက် လိုက်၍ ဟန်ဆောင်နေသည်ငြား သူ့မျက်နှာပေါ်မှ အပြုံး သူမသိလိုက်လဲ တကယ် အကျဉ်းတန်လာခဲ့သည်။
လက်ဖျောက်တစ်ချက်တီးလိုက်ခြင်းနှင့်အတူ သွေးများ ပန်းထွက်သွား၏။
“ငရဲမီးတောက် ကောင်းကင်”
ခေါင်းလေး အသာအယာစောင်းလိုက်ရုံမှ တစ်ပါး နေရာမှ တစ်ချက်မှ မရွေ့သွားပါပေ။ သို့သော် ရုတ်တရက် ရှောင်းယီကို မမြင်နိုင်သည့် မီးများ လောင်မြိုက်သွား၏။ လေထဲ၌ပင် မီးလောင်ကျွမ်းနေသံ ကိုကြားနေနိုင်သည်။
စုရှောင်ရှန်၏ မျက်လုံးထဲတွင် ဤ အဆင့်အတိအကျမသိသည့် စိတ်ဝိညာဉ်နည်းစနစ်က သူ့အတွက် တစ်ခုတည်းသော လက်နက်ဖြစ်သည်။ အခြားအရာများက အသုံးပြုရန် အလှမ်းဝေးသလို သိသိသာသာ ထိခိုက်အောင်လည်း မလုပ်နိုင်ပါပေ။
တိတ်တခိုးနာကျင်ခြင်းကို ဆွဲထုတ်ရန်က လုံး၀ အမှားကြီးဖြစ်ချေမည်။ ထိုသူနှစ်ဦး ၎င်းကို မမှတ်မိဘဲ ဘယ်နေမည်နည်း။
ထို့ကြောင့် အဖျက်စွမ်းအားကြီးပေမယ့် သူ့တွင်ရှိကြောင်း မည်သူမှမသိသော ဤနည်းစနစ်က သူ့အတွက် နောက်ဆုံး မျှော်လင့်ချက်ဖြစ်လာသည်။
သူထင်ထားသည့်အတိုင်းပင် မမြင်နိုင်သည့် မီးစတင်လောင်ကျွမ်းသွားသည်နှင့် ရှောင်းယီ၏ အမူအရာ အကျဉ်းတန်ရုပ်ဆိုးသွားသည်။ သူ့စိတ်ဝိညာဉ်အနှစ်ဖြင့် ၎င်းကို ခုခံရန်ပြင်လိုက်သော်လည်း ထိုမီးက ၎င်းတို့ကိုပါ လောင်ကျွမ်းသွား၏။
“လခွမ်းလို ဒါဘာလဲဟ” ရှောင်းယီ ကြောက်စိတ်မွှန်သွားသည်။
ထိုချိန် စုရှောင်ရှန်အား တကယ့် ချောက်ချားဖွယ်ရာ ရက်စက်သူအဖြစ် သူမြင်လာခဲ့သည်။ ထို ‘သရဲသဘက်ဖွယ်မီးလျှံ’ များစတင်လောက်ကျွမ်းသည်နှင့် မလွတ်နိုင်တော့မှန်းသိ၍ သူစိတ်ဓာတ်လုံးလုံးကျသွား၏။
“ရှောင်းယီ”
အစီအရင်အပေါက်အပြဲက သိပ်မကျယ်ပေ။ သို့သော် ဖုန်းကုန်းက အပြင်ရောက်သွားပြီဖြစ်သည်။ အခြားတစ်ဘက်၌ ရှောင်းယီရှိနေသေးသည်ကိုမြင်ရာ ထိတ်ထိတ်ပျာပျာ အော်လိုက်သည်။ “ပြေး။ ငါမင်းကို ကာထားပေးမယ်”
ရှောင်းယီသူ့ကိုယ်ပေါ်မှ ချောက်ချားဖွယ်ရာမီးလျှံများကို ခုခံ၍ ရပ်ရန်ပြင်လိုက်သည်။ ငရဲမီးတောက် ကောင်းကင်မီးလျှံက လုံး၀ အရောင်မရှိဖြစ်ရာ အခြားသူများ၏ အမြင်၌ ရှောင်းယီ ကိုယ်ပေါ်တွင် ဘာမှမရှိပါချေ။
“ငါ လုပ်ချင်လဲသိတယ်မလား” ရှောင်းယီ တစ်ခုခု စုရှောင်ရှန်နားလည်နိုင်တာကို ပြောလိုက်သည်။ ထိုစကားကိုကြားသော် အပြင်မှဘက်လူ ဓာတ်လိုက်ခံရသည့်အလား တုန်ခါသွားတာကိုတွေ့လိုက်ရသည်။
‘ဘာလဲဟ ဘာသဘောလဲ’
‘သူတို့ကြားသုံးတဲ့ လျှို့ဝှက်စကားတစ်ခုခုလား’
ယခု အသည်းအသန် ပြေးနေသော ဖုန်းကုန်းသာ ရှောင်းယီ၏ ရည်ရွယ်ချက်ကိုသိလေသည်။ လွတ်မြောက်ခြင်းနည်းစနစ်များ၌ သူတို့ကြားတကယ် ကျွမ်းကျင်သူက ရှောင်းယီဖြစ်ပြီး သူကတော့ သွေးလွတ်မြောက်ခြင်းကိုသာ သိလေသည်။ ထို့ကြောင့် တာ၀န်များအကြား တစ်ခုခု ဖြစ်ခဲ့လျှင် ရှောင်းယီက နောက်၌ ကျန်နေခဲ့သည့်သူဖြစ်သည်။
အချိန်တိုင်းလည်း အရင်ထွက်ပြေးသွားသော ဖုန်းကုန်းနောက်သို့ ဘူးသီးခြောက်ကိုင်ကာ သေရည်သောက်ရင်း အမှီလိုက်လာနိုင်ပြီး သူ့ကိုပင် မြန်မြန်ပြေးဖို့ အော်ဟစ်လေ၏။
ဟက်
ထိုသို့တွေးမိပြီး ဖုန်းကုန်း ခပ်သဲ့သဲ့ ရယ်လိုက်သည်။
ရှောင်းယီ၏ လွတ်မြောက်ခြင်းနည်းစနစ်များကို သူအကျွင်းမဲ့ယုံကြည်သည်။ သူ့အမြင်၌ ရှောင်းယီ၏ (၇) လမ်းလွတ်မြောက်ခြင်းနည်းစနစ်က ပြိုင်စံရှားဖြစ်သည်။
ဤည တာ၀န်က အခြေအနေဆိုးရွားသွားမည်ဟုလည်း ထင်မထားပါချေ။ ဂိုဏ်းတူအကိုဟဲများ စုရှောင်ရှန်အား သတ်ရန် အခြားသူကို ငှားထားလားဟု သူတွေးတောလိုက်သည်။
သို့ဆိုလျှင် သူတို့ နှစ်ဦးအား ကြိုပြောထားသင့်ပေသည်။
‘ရှောင်းယီလို ငပေါကောင်ကို မယုံတာတော့ သဘာ၀ကျပါတယ်။ ဒါပေမယ့် သူငါ့ကိုတောင်မယုံဘူးလား’ တွေးလိုက်သည်။
“ချီးလိုပဲကွာ”
…
“ကုန်း နာတောင်းပန်ပါတယ်”
“တီတစ်ခါတော့ နာ မလွတ်နိုင်လောက်တော့ဘူး…”
ရှောင်းယီ ခါးခါးသီးသီးပြုံးလိုက်သည်။ သူက စစ်မှန်ခြင်းမူလနန်းတော် အထွတ်အထိပ်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့သော် ‘ထို သရဲသဘက် သဖွယ်မီးလျှံ’ များကို ခုခံနိုင်ခြင်း အလျင်းမရှိပေ။
မည်သို့သော ထူးဆန်းသည့် နည်းစနစ်ပေနည်း။ သူဘယ်သောအခါကမှ ဤသို့သော နည်းစနစ်ကို မမြင်ဖူးပါချေ။
မီးလျှံများမှာ အရာအားလုံးကို လောင်ကျွမ်းနိုင်သည့်အလားရှိနေပြီး စက္ကန့်ပိုင်းအတွင်း သူ့စိတ်ဝိညာဉ်အနှစ် တစ်၀က် ကျော်ကျော်လောက်ကို လောင်မြိုက်သွား၏။ သူ့စိတ်ဝိညာဉ်အနှစ်များကုန်ခန်းသွားပါက သူကိစ္စတုံးသွားမည် ဆိုတာကိုသိနေသည်။
ရှောင်းယီ ထိုအဖြူ၀တ်လူကိုကြည့်ပြီး ဓားမြှောင်ကို ကိုင်ထားသောလက်များကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
‘သူဘာလို့ ငါ့ကို မချသေးတာ’ တွေးလိုက်သည်။
‘ငါသေတဲ့ထိ မီးလောင်တာကို ကြည့်ချင်လို့လား… ဘယ်လို ထူးဆန်းတဲ့ ရသမျိုးလဲ’
‘ဒီလို သန်မာတဲ့လူတစ်ယောက်ရဲ့မျက်လုံးထဲမှာ ငါ့လိုလူကို ပုရွက်ဆိတ်တစ်ကောင်လိုတောင် မမှတ်ယူဘူးပေါ့လေ’
‘ဘာပဲဖြစ်ဖြစ်ပါ။ ငါလည်း ကုန်းထွက်ပြေးဖို့အတွက် အချိန်ပိုဆွဲပေးနိုင်တာပေါ့’
‘ကုန်း… ပြန်မလာခဲ့နဲ့…”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[မုန်းတီးခြင်းကိုခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]
…
စုရှောင်ရှန် တစ်ယောက် ရှောင်းယီ၏ အတွေးများကို မသိပေ။ မျက်နှာသေကြီးဖြင့်သာ ဤမြင်ကွင်းကိုစိုက်ကြည့်နေလေရာ ထိတ်လန့်ဖွယ်ရာကောင်းနေတော့သည်။
ကြမ်းပြင်ရှိ ရေများကို ဆူပွက်လာ စေခြင်း၊ အနီးအနားရှိ အရာအားလုံးကို တုန်ခါသွားအောင်လုပ်ခြင်းနှင့် ကောင်းကင်မှကျလာသော မိုးရေများကို အကောင်းဆုံး အငွေ့ပျံသွားအောင်သာ လုပ်လိုက်၏။
သို့သော် ထိုမျှသာ။
သူတိုက်ခိုက်ခြင်း မပြုနိုင်ပါပေ။
မဟုတ်ပါက အဆင့်(၉) ၌သာရှိနေသေးသော သူ၏ သရုပ်မှန်ပေါ်သွားနိုင်သည်။ သို့ဆိုပါက ထိုအရှေ့မှလူ၏ ထိုးနှက်ခြင်းကို ဆက်တိုက်ခံရနိုင်ချေရှိသည်။ ထိုလူက တုံးအပုံပေါက်ပေမယ့် စစ်မှန်ခြင်းနယ်ပယ် အစောပိုင်း အထွတ်အထိပ်၌ဖြစ်လေသည်။ သို့ဖြင့် တကယ် ထိတ်လန့်နေရသူက စုရှောင်ရှန်ကိုယ်တိုင်လည်း ဖြစ်သည်။
‘ဘာငါလုပ်ရမလဲ… ငါဘာလုပ်ရမလဲ’ တွေးလိုက်သည်။
‘စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) ကလူက တကယ် စစ်မှန်ခြင်းနယ်ပယ် အစောပိုင်း အထွတ်အထိပ်နဲ့ ယှဉ်ချနိုင်ပါ့မလားလို့’
“တစ်ယောက်ယောက် လာကယ်ကြပါ”
“ကယ်ကြပါ…”