အပိုင်း (၆၅) ငါ့ကို တွေ့သွားကြပြီပဲ
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်သည်။
“သူအိမ်မှာ မရှိတာများလား”
ယခုဆို သူစောင့်နေတာ အချိန်တစ်ခုရှိလေပြီ။ သို့သော် အထဲမှ အသံတစ်ချက်မှ မကြားရပါပေ။ အကယ်၍ တစ်ယောက်ယောက်ရှိပါက ယခုဆို တံခါးလာဖွင့်လောက်ချေပြီ။
ညအချိန်မတော်ကြီး၌ ထိုသို့ အနှိုးခံရပါက မည်သူမဆို စိတ်ရှုပ်သွားပြီး ဘာလဲဆိုတာတော့ လာကြည့်ကြပေမည်။
သစ်သားတံခါးကို ရစ်ပတ်ထားသည့် အစီအရင်ကိုသူကြည့်လိုက်သည်။ ၎င်းကို အားတစ်ခုတည်းဖြင့် ချိုးဖျက်၍ မရေချေ။ သို့မဟုတ်ပါက အသံကျယ်ကျယ်လောင်လောင်ဖြင့် ဆူညံသွားပေမည်။
မကြာခင်လည်း နေထွက်တော့မည်ဖြစ်ရာ သူတို့ ဆက်စောင့်၍ မဖြစ်ပေ။
‘ဘာဖြစ်ဖြစ် လုပ်လိုက်ရမလား’ သူတွေးလိုက်သည်။
သူ့အင်္ကျီလက်စထဲမှ ဓားမြှောင်ကိုထုတ်ပြီး တိုက်ခိုက်ရန်ပြင်လိုက်သော် အခြားလက်တစ်ဖက် သူ့လက်ကို လာတားလိုက်သည်။
ဖုန်းကုန်း၏ အသံက အစီအရင်ကိုဖြတ်သွား၏။
“စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးက ရှောင်ချိစွေပါ”
“တံခါးဖွင့်လိုက်ပါ”
တံခါး၏ အခွားတစ်ဘက်၌
စုရှောင်ရှန် ထိတ်လန့်သွားပြီး ချက်ချင်းထွက်ပြေးသွားလိုက်ချင်သော်လည်း ထိုသို့ လုပ်၍ မဖြစ်ကြောင်းကို သူသိလေသည်။ ထိုသူက ရှောင်ချိစွေ၏ အသံကို အတုလိုက်လုပ်နိုင်လေရာ အကြားအမြင်ကြောင့်သာမဟုတ်ပါက သူလည်း တံခါးဖွင့်မိလိုက်ချေမည်။
ထိုအချိန်၌ တံခါးကို ခေါက်လိုက်သည့်လူက ဓားမြှောင်နှစ်လက်ကို ကိုင်ထားလေသည်။
ယခုအချိန်မှ ဤနှစ်ယောက်၏ ရည်ရွယ်ချက်ကို စုရှောင်ရှန် မရိပ်မိဘူးဆိုလျှင် သူသေသွားလိုက်ဖို့သာ ကောင်းလေသည်။
“ဘာလဲဟ”
“ငါ့ကို တကယ်သတ်ဖို့ လာကြတာလားဟ”
သူထိတ်လန့်သွားပြီး ချွေးစေးများထွက်သွားသည်။ သူ့ဦးနှောက်ခြောက်လောက်အောင်စဉ်းစားလိုက်သော်လည်း အဘယ်ကြောင့်မှန်းကြောင့် မသိပေ။
အကြားအမြင်ကို အဆုံးးစွန်ထိ တိုးမြှင့်လိုက်သည်။ သို့သော်လည်း ထိုသူနှစ်ယောက်မှာ ကျင့်ကြံခြင်းမရှိသည့်အလား သာမန်လူများကဲ့သို့သာ ဖြစ်ကြောင်းကိုသာ တွေ့နေရသည်။
ဤလူများ အနည်းဆုံးစစ်မှန်ခြင်းနယ်ပယ်၌ ရှိကြောင်းကို သူပြောနိုင်သည်။ ထို့ပြင် စစ်မှန်ခြင်းနယ်ပယ်အတွင်း၌လည်း သာမန်ဖြစ်ဟန်မရပေ။
စစ်မှန်ခြင်းနယ်ပယ်သို့ရောက်ပါက ထိုထက် အဆင့်နိမ့်သူများက ထိုသူများထံမှ ဆန်းကြယ်သော ထူးခြားသည့် အရှိန်အဝါကို ခံစားနိုင်လေမည်။ သို့ဖြင့် မည်သူမည်ဝါဖြစ်ကြောင်းကို တိတိကျကျ ပြောနိုင်သည်။
ဤလူနှစ်ယောက်က သာမန်လူများကဲ့သို့ ဖြစ်နေရာ ကျင့်ကြံခြင်းကို တစ်နည်းနည်းဖြင့် ဖုန်းကွယ်ထားကြောင်းသိနိုင်လေသည်။ ဤလူနှစ်ယောက်က လေ့ကျင့်ထားသော လုတ်ကြံသတ်ဖြတ်သူများပင်ဖြစ်နိုင်သည်။
စုရှောင်ရှန်၏ မျက်နှာ သွေးဆုတ်ဖြူရော်သွား၏။
သူ၏ ခြံက အစီအရင်ဖြင့် ကာကွယ်ထားရာ အခြားတစ်ဘက်က လူများက လုံလောက်အောင်မသန်ပါလျှင် အထဲသို့ မည်သို့မျှ ၀င်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထိုနှစ်ယောက်၏ အနေအထားကြောင့် ထိုအတွေးမျိုးကို သူ့ခေါင်းထဲမှ ထုတ်လိုက်၏။
သို့ဖြင့် ဤစစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူများ မည်သည်က လာကြောင်းကို မေးခွန်ထုတ်ရန်သာရှိသည်။ ၎င်းအတွက်လည်း အဖြေတစ်ခုသာရှိ၏။
အတွင်းစည်း
စုရှောင်ရှန် အဘယ်ကြောင့်သူ့အား အတွင်းစည်းမှ လူတစ်ချို့က သတ်ချင်ရပါသနည်းဟု စဉ်းစားရင်း ကြက်သီးဖျင်းဖျင်းထသွားသည်။
ဦးနှောက်ခြောက်အောင်စဉ်းစားပြီး အဖြေရှာလိုက်သည်။ သို့သော် သူ၏ ဦးနှောက်ဆဲလ်များက အချိန်နဲ့အမျှ ဆက်တိုက်သေနေသကဲ့သို့ သူ့ကို သေချာရေရာသော အဖြေ မပေးပါချေ။
သူဤညကို မဖြတ်သန်းနိုင်ပါက ဒီနေရာက သူ၏ သင်္ချိုင်းဖြစ်လာမည်ကို သူသိသည်။ သို့ဖြင့် ပို၍ စဉ်းစားလေလေ ပို၍ ဦးနှောက်ခြောက်လာလေလေ ဖြစ်သည်။
သူသိသလောက်ဆို ယခင်နှစ်၌ အတွင်းစည်းသို့ ၀င်ခွင့်ရသွားသည်မှာ စုရှင်းရှင်းတစ်ယောက်သာ ဖြစ်သည်။ သူမမ၀င်ခင် တစ်သုတ်ကလည်း ၀င်ခွင့်ရသည့်သူမရှိပေ။ ထို့နောက်မှ အသုတ်များကိုတော့ သူမသိတော့ချေ။ သို့သော် ထိုအချက်အလက်က လုံလောက်ပြီဖြစ်သည်။
အကယ်၍ ထိုသူများကသာ အတွင်းစည်း၌ဖြစ်ပါ စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်ပြီးတာ သုံးလေးနှစ်တော့ ရှိချေလောက်ပြီ။
‘ဘာလဲဟ’ သူတွေးလိုက်သည်။
‘ငါ့ကိုလာနောက်နေတာလား’
‘ဘာလို့ ငါ့ကို ဒီနှစ်ယောက်က လာသတ်ချင်ရတာလဲ’
‘ငါသူတို့ကို့လည်း မသိပါဘူး။ ဘာပြဿနာမှလည်းမရှိပါဘူး’
စုရှောင်ရှန် စိုးရိမ်သွားကာ ဒူများပင် ပျော့သွားသည်။ သူ့အကြားအမြင်ဖြင့် ထိုသူများကို ပြန်ကြည့်လိုက်သည်။
“တံခါးနဲ့ နီးတဲ့ ဓားမြှောင်ကိုင်ထားတဲ့ တစ်ယောက်စီက စစ်မှန်ခြင်းနယ်ပယ် အရှိန်အဝါ နည်းနည်းရသေးတယ်။ သူ့နောက်ကလူကတော့…”
“လခွမ်း”
“အနည်းဆုံးတော့ ပထမ တစ်ယောက်က မူလနန်းတော် အထွတ်အထိပ်မှာရှိလောက်ပြီး နောက်တစ်ယောက်ကတော့ ဗလာနယ်ပယ် မဟုတ်ရင် ပိုမြင့်တဲ့ နယ်ပယ်မှာ ရှိလောက်တယ်”
စုရှောင်ရှန် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ မူလနန်းတော်၏ အစောပိုင်းအဆင့်နှင့် အလယ်ပိုင်းအဆင့်ကွာဟချက်က စစ်မှန်ခြင်းနယ်ပယ်နှင့် အဆင့်(၁၀) စိတ်ဝိညာဉ်နယ်ပယ်တို့ ကွာဟသည်ထက် ပို၍ ကြီးလေသည်။
ပို၍ ဆိုးသည်က ထိုသူနှစ်ယောက်၏ ကျင့်ကြံခြင်းနယ်ပယ်များက မူလနန်းတော်၏ အလယ်ပိုင်းအဆင့်ထက်ပို၍ မြင့်သည့်ဟန်ရသည်။
သူ့အမြင်တွင်တော့ အပြင်၌ ရပ်နေသည့် လူနှစ်ယောက်က အတွင်းစည်းမှ ကျင့်ကြံသူများမဟုတ်ပါဘဲ သူ့အသက်ကို နှုတ်ယူဖို့လာနေသော သေမင်းတမန်များဖြစ်ကြလေသည်။
စစ်မှန်ခြင်းနယ်ပယ် ပင်ကိုယ်စွမ်းရည်အသစ်နှစ်ခုနှင့် ငရဲမီးတောက်ကောင်းကင် ရရှိသည့်အတွက် စစ်မှန်ခြင်းနယ်ပယ် အဆင့်မြင့်ကျင့်ကြံသူများဖြင့် တိုက်ခိုက်နိုင်လိမ့်မည်ဟုတော့ သူ့ကိုယ်သူ စိတ်ကြီးမ၀င်ပါချေ။ ထို့ပြင် ထိုသူနှစ်ယောက်က ထိုသို့သော လူများဖြစ်ကြသည်။ မဟုတ်လျှင် လည်ပင်းကို စဉ်းနှီတုံးပေါ်၌ သွားတင်ပေးသလိုဖြစ်သွားချေမည်။
“ငါဘာလုပ်သင့်လဲ”
“ပြေးရင်လည်း ငါမလွတ်နိုင်လောက်ဘူး”
“ငါဆက် နေနေရင်လည်း…”
ဘယ်လို တွေးတွေး သူသေမည့် ရာခိုင်နှုန်းမှာ အလွန်မြင့်မားနေသောကြောင့် စုရှောင်ရှန် တံတွေးတစ်လုတ်မျိုချလိုက်သည်။ ဘာလုပ်ရမည်ကို သူခေါင်းခြောက်သွား၏။
…
တံခါး၏ အခွားတစ်ဘက်၌
ဘာဖြစ်နေသည်ကို သိသည့်အလား သူတို့နှစ်ဦး အချင်းချင်းကြည့်လိုက်ကြသည်။ အထဲမှ မည်သူမှမရှိခြင်း၊ သို့မဟုတ် သူတို့၏ ပစ်မှတ်က သူတို့လာနေကြောင်းသိ၍ နှစ်ခုသာရှိသည်။ သူတို့လာနေကြောင်းသိ၍ မဖြစ်နိုင်သော်လည်း ၎င်းက ဖြစ်နိုင်ချေတစ်ခုဖြစ်သည်။
သူတို့သိရသလောက်တော့ အပြင်စည်းမိုးတိမ်လေပြိုင်ပွဲ၏ ဗိုလ်က စိတ်ဝိညာဉ်နယ်ပယ် အဆင့် (၈) သာရှိသော်လည်း စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်နှင့် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒရှိလေသည်။ ထို့ကြောင့် သူတို့၏ ပစ်မှတ် ဘာလုပ်နိုင်သည်ကို ပြောစရာမဘိုပေ။
“လှုပ်ရှားရအောင်”
ဖုန်းကုန်း ခေါင်းငဲ့ပြလိုက်ရာ ရှောင်းယီ၏ အရှိန်အဝါ ပေါက်ကွဲထွက်သွားပြီး စိတ်ဝိညာဉ်အနှစ်များဖြင့် သူ၏ ဓားမြှောင်များ တောက်ပသွားလေသည်။ သူ့ကိုကြည့်ရသည်မှာ ဓားတောင်ကျော်ရကျော်ရ၊ မီးပင်လယ်ဖြတ်ရ ဖြတ်ရ အဆင်သင့်ဖြစ်နေဟန်ရသည်။
ရှင်း
ရုတ်တရက် အစီအရင်ပြတ်တောက်သွားပြီး သစ်သားတံခါးလည်း ပွင့်ထွက်သွားသည်။
“ချီး”
ရှောင်းယီသူ၏ အရှိန်အဝါကို အလျင်အမြန် ပြန်ရိုတ်သိမ်းလိုက်ရသည်။ သို့သော် ဤကဲ့သို့သော စွမ်းအင်စုစည်းထားသည့် တိုက်ကွက်ကို ကိုယ်တိုင်က ဖျက်လိုက်ရသော် ဒဏ်ပြန်ထိမှုကြောင့် သွေးတစ်လုတ်အန်လုမတတ်ဖြစ်သွား၏။
သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး မျက်စပစ်ပြလိုက်ကြသည်။ ထို့နောက် ချက်ခြင်းဆိုသလို သတိကြီးကြီးထားလိုက်ကြ၏။
တစ်စုံတခုတော့ မှားနေချေပြီ။
သူတို့က ကျွမ်းကျင် လုတ်ကြံသတ်ဖြတ်သူများဖြစ်ကြသည်။ ဖုန်းကုန်းဆိုလျှင် အစင်းရာသုံးခုပါသော အနီရောင် အမဲလိုက်သူ ကျောက်စိမ်းပြားကိုတောင် ရပြီးသားဖြစ်ရာ သူ၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းက အလွန်မြင့်သည်။ ပုရွက်ဆိတ်ကလေးတစ်ကောင်ကို သတ်ရမည်ဆိုလျှင်တောင် အားကုန်စိုက်သုံးရမည်ဖြစ်ကြောင်း သူသိသည်။
မဟုတ်လျှင် ဤတာ၀န်၌ ဖုန်းကုန်းလိုက်ပါလာခဲ့မည် မဟုတ်ပေ။
“အထဲ၀င်”
သူတို့နှစ်ဦး သတိကြီးကြီးဖြင့် ခြံထဲ၀င်လိုက်ကြသည်။ သို့သော် သူတို့မြင်တွေ့လိုက်ရသောအရာကြောင့် မှင်သက်သွားကြ၏။
ကြမ်းပြင်… တွင် အက်ကွဲရာများ၊ ချိုင့်များ စစ်ပွဲတစ်ပွဲဖြစ်သွားသည့်အလား ပြည့်နေ လေသည်။
အပြင်စည်း၌ ခြံတစ်ခုပိုင်ဆိုင်နိုင်ခြင်းက အောင်မြင်မှုတစ်ခုဟု သတ်မှတ်၍ရသော်လည်း ထိုခြံများက အတွင်းစည်းလောက်တော့ မခမ်းနားသေးပေ။ သူတို့လှည့်ကြည့်လိုက်ကြရာ ခြံတစ်ခုလုံး ဘာမှ မရှိသည်လောက် အလွတ်ကြီးဖြစ်နေသည်ကို တွေ့လိုက်ကြသည်။ ဤ နေရာက သူတို့ ကိုယ်ပိုင်ခြံများထက်တောင် ပို၍ ကြီးနေ သယောင်ယောင်ရှိ၏။
‘နေဦး မဟုတ်သေးဘူး’
‘ဒီမှာ တစ်ခုခု … လိုနေသလိုပဲ’
ထို့နောက် အခြားတစ်ဘက်ကပ်လျက်မှ စုတ်ချာဟန်ရသော သစ်သားတဲလေးကို ကြည့်လိုက်သည်။
“စုရှောင်ရှန် ခြံတစ်ခုကို ပိုင်ဆိုင် ပေမယ့် အိမ်မဆောက်နိုင်လို့ တဲစုတ်လေးမှာ နေရတယ်တော့ မပြောနဲ့နော်”
“မဟုတ်ဘူး”
“အဲ့တာက ဧည့်သည်နေဖို့ ဆောက်ထားတဲ့ဟာ ဖြစ်နိုင်တယ်”
ရှောင်းယီတစ်ခုတစ်စုံကိုတွေးမိပြီး ထိုတဲလေးဘေး၌ တစ်စုံတစ်ခု လိုနေသည်ကို တွေ့လိုက်ရသည်။
“အဲ့တာက ဧည့်ဆောင်ဆိုလည်း အဓိက အိမ်ကြီးရှိသင့်တယ်မလား။ ဘာဖြစ်သွားတာလဲ”
ကြည့်ရသည်မှာ စောနက အလွန်ကျယ်သယောင်ယောင် ရလိုက်သည့်ခံစားလျက်က အမြဲတမ်း ခြံများအတွင်း၌ အဓိကအိမ်နှင့် ဧည့်ဆောင်ကို အမြဲတွဲ၍ မြင်တွေ့နေရသောကြောင့်ဖြစ်ဟန်ရ၏။
သို့သော် ဤနေရာက အဓိကအိမ်မရှိဘဲ အလွတ်ကြီးသာဖြစ်နေလေသည်။
“ဘာလဲဟ”
“ဘာဖြစ်သွားတာလဲ”
ရှောင်းယီ ကြက်သေသေသွားသည်။
ရေမြေအနေအထားကို ဆန်းစစ်ခြင်းက လုပ်ကြံသတ်ဖြတ်သူတိုင်း လေ့လာရသည့်အရာဖြစ်ရာ သူတို့ စက္ကန့်ပိုင်းအတွင်း မူမမှန်တာကိုတွေ့လိုက်ရသည်
ထို့ပြင် ကြမ်းပြင်ရှိ အက်ကွာရာများနှင့် ပတ်သတ်ပြီး တစ်ခုခု မှားနေသည်ဖြစ်ကြောင်းကို ရှောင်းယီ သိသွားသည်။
ဤခြဲအတွင်း၌ ကြီးကျယ်သည့်တိုက်ပွဲဖြစ်သွားသလားဟု သူခန့်မှန်းလိုက်၏။
“ဘယ်သူရှိနေတာလဲ” သူ့ဘေးနားရှိ ဖုန်းကုန်း ထအော်လိုက်သည်။ ရှောင်းယီလန့်သွားပြီး လှည့်ကြည့်လိုက်ရာ မိုးဖွဲဖွဲကျနေသည့် ညကောင်းကင်အောက်၌ တောင်ကပို့အတုကလေးပေါ်တွင် ကျောပေးကာ လှဲနေသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။
စုရှောင်ရှန်လား…။
မဟုတ်ဘူး…။
သူမဟုတ်လောက်ဘူး။ တိုက်ပွဲက အခြားတစ်ယောက်ဖြစ်လိမ့်မယ်။
ရှောင်းယီဘဲ အခြေအနေအား ခန့်မှန်းနေခြင်းမဟုတ်ပါ။ ဖုန်းကုန်းလည်း ထို့အတူပင်ဖြစ်သည်။ သူတို့နှစ်စလုံး ဤနေရာ၌ တစ်ခုခု ဖြစ်သွားသည်ကိုသိလိုက်ကြသည်။
မူလကနဦးက စုရှောင်ရှန်အား လုပ်ကြံသတ်ဖြတ်ခြင်းက တံခါးပေါက်ကိုဖွင့်လိုက်သည်နှင့် ပြီးမြောက်သွားမည်ဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် အတွင်းသို့ရောက်သော် အခြေအနေက ဇဝေဇဝါဖြစ်သွားပြီး ထူးဆန်းနေတာကိုတွေ့လိုက်ရသည်။
တောင်ကပို့အတုလေးပေါ်မှ လူမှာ သူတို့ဘက် တစ်ချက်ကလေးတောင် လှည့်မလာခဲ့ပေ။ သူ့ခေါင်းကိုသာ ငိုက်စိုက်ချထား၏။ ထို့နောက် ချောက်ချားဖွယ်ရာ သက်ပြင်းချသံနှင့်အတူ အက်ကွဲ နေသောအသံဖြင့် တစ်ခုခု ပြောသည်ကို ကြားလိုက်ရသည်။
“ငါတို့တွေ့သွားကြသေးတာပဲ။ ငါထင်ထားတာထက်တောင် နှေးနေသေးတယ်”
လုပ်ကြံသတ်ဖြတ်သူနှစ်ဦး၏ မျက်ဆံများကျုံ့သွားသည်။ ၎င်းက ဘာကိုဆိုလိုသနည်း စဉ်းစားကြည့်လိုက်ကြ၏။
‘ဘာလဲဟ’