Switch Mode

Chapter – 63

ကံစမ်းမဲလှည့်ခြင်းအနုပညာ၊ ကိုယ်နေဟန်ထားနဲ့ ဆိုင်လို့လား

အပိုင်း (၆၃) ကံစမ်းမဲလှည့်ခြင်းအနုပညာ၊ ကိုယ်နေဟန်ထားနဲ့ဆိုင်လို့လား

“ဟိုးးးးး”

“အာအန်ဂျီးးးဆက် မစပါ”

စုရှောင်ရှန် ထိုဖုန်း‌ရွှေ တစ်နေရာထဲတွင်ပင် ဆက်၍ အော်လိုက်သည်။

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

“မဆန်းတော့ပါဘူး…”

စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ကို တိတ်ဆိတ်ဖတ်ကြည့်လိုက်သည်။ သူစိတ်မကောင်း မဖြစ်သွားပါချေ။

အမှန်က ကံစမ်းမဲ အခါ (၅၀) မှ အခြေခံ ပင်ကိုယ်စွမ်းရည် တစ်ခု ရရှိခြင်းက ကောင်းနေပြီးဖြစ်သည်။ သို့သော် မည်သူက ပိုမလိုချင်မည်နည်း။ တစ်ခုကိုရပြီးလျှင် နောက်တစ်ခုကို ထပ်လိုချင်ကြသည်သာ။

“ငါရပ်နေတဲ့ နေရာ ပြောင်းရမယ်ထင်တယ်”

“သိပ်တော့ မဆိုင်သလိုပဲ”

“ဒါပေမယ့် ကံကလည်း တစ်နေရာတည်းမှာ (၂) ခါမကောင်းဘူးထင်ပါတယ်”

သူ ဘာလုပ်ရမလဲ စဉ်းစားပြီး ပတ်၀န်းကျင်ကိုကြည့်လိုက်သည်။

“ဒီမှာလည်း ရပ်စရာနေရာမရှိတော့ဘူး”

“တကယ် ကျဉ်းလိုက်တာကွာ”

သူပြူတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ မိုးရွာထဲ၌ သွားရပ်ရင် ကံပိုကောင်းမလားဟု တွေးလိုက်သည်။

သို့သော် ၎င်းက ရူးမိုက်ရာမကျပေဘူးလော။

“ဘာပဲဖြစ်ဖြစ်ကွာ” ဟုဆိုလိုက်ပြီး ပြူတင်းပေါက်ကိုကျော်ကာ ခြံထဲသွားလိုက်သည်။

ဖလက် ဖလက်

မိုးက ဖွဲဖွဲလေး ကျနေခဲ့သည်။

ကြမ်းပြင်တွင် စုရှောင်ရှန် ဝိုက်၍ ကန်လိုက်ရာ စုစည်းနေသော မိုးရေများ စက်၀န်းသဏ္ဌာန် လွင့်စင်သွား၏။

“ဟိုးးးးး”

“အာအန်ဂျီးးးးဆက်မစပါ”

ထိုလှပသောမြင်ကွင်းအလည်၌ စုရှောင်ရှန် လုပ်အုပ်ချီပြီး မိုးရေမှ သယ်ဆောင်လာပေးသော ကံကောင်းခြင်းများအားလုံးကို စုပ်ယူလိုက်သည်။

[သော့အပိုတစ်ချောင်းရရှိပါသည်]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[တိုးချဲ့ပင်ကိုယ်စွမ်းရည် : ကြော့ကွင်း ရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

“လခွမ်းးး

“တကယ် တစ်ခုခု ရလိုက်တယ်ဟ”

အသိပေးချက်ဖန်သားပြင်ကို အလန့်တကြားကြည့်ပြီး စုရှောင်ရှန် ကြက်သေ သေသွားသည်။

“(၃) ခါမြောက်မှာတင် ပင်ကိုယ်စွမ်းရည်တစ်ခုရတယ်လားဟ”

“ငါတကယ် ကံကောင်းနေတာပဲ”

“ကြောက်ဖို့တောင်ကောင်းလာပြီ ကံစမ်းမဲလှည့်တာ ပုံစံတစ်ခုခုပေးရင် ပိုအကျိုးသက်ရောက်မှုရှိတယ်ပေါ့”

အသံပြဲကြီးဖြင့် ရယ်ချင်မိသွားသည်။ ထိုပင်ကိုယ်စွမ်းရည်က ဒုတိယတစ်ခုဖြစ်ရာ နှစ်ကြိမ်ဆက်တိုက် ထီပေါက်သွားသည်ဟုပြောနိုင်စည်။

သူပိုပြီး ကံစမ်းမဲလှည့်လေလေ တစ်ခုခုရရန် ပိုခက်လာလေလေ ဖြစ်သောကြောင့် အခါ (၅၀) တည်းဖြင့် ပင်ကိုယ်စွမ်းရည် (၂) ခုရခြင်းက ကံ အလွန်ကောင်းသည်ဟုပြောနိုင်သည်။

“ကြော့ကွင်း”

“အဆင့်မြင့်သွားတာနဲ့ အသုံးတည့်မယ့် တစ်ခုခုပဲ”

ဤစွမ်းရည်၏ နာမည်ဖြင့် ၎င်းက မည်သည်ကို သူပြောနိုင်သည်။

“ဂိမ်းကစားနေတဲ့အချိန်ဆိုရင် ရန်သူတွေက ကာကွယ်သူ တစ်ယောက်ကို ရင်ဆိုင်ဖို့မကြောက်ကြဘူး။ သူတို့ကြောက်ကြတာ ဒီ ကာကွယ်သူတွေကို ချလိုက်ရင် ပြန်ကန်လာမယ့် တိုက်ခိုက်ချက်တွေကိုပဲ”

“အခုငါ့မှာ [ခွန်အား] နဲ့ [ကြော့ကွင်း] ရှိပြီဆိုတော့ တကယ့် အကြမ်းစားကာကွယ်သူကြီးဖြစ်လာတာပေါ့”

“[ချွန်ထက်ခြင်း] နဲ့ [ဓားထိပ်သီး] တို့ကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်…”

“တိုက်ခိုက်တာရော ခုခံတာမှာပါ ဘာပြဿနာမှရှိတော့မှာမဟုတ်သလို ငါ့ရန်သူတွေကိုတောင် ခေါင်း‌‌ကိုက်သွားစေဦးမှာ”

“မိုက်တယ်ဟ” သူ့မျက်နှာပေါ်မှ အပြုံးမှာ တောက်ပပြီး ကြီးလွန်းသောကြောင့် သူ့မျက်နှာပင် ရှံ့တွသွား၏။

“ဘယ်သူ ငါ့ကို အနိုင်ယူနိုင်ဦးမလဲ”

လက်သီးများကိုဆုပ်ကာ ခွန်အား (၃၀) ရာခိုင်နှုန်းခန့်အသုံးပြုပြီး ၎င်းတို့ အချင်းချင်းထိုးလိုက်သည်။ ဘန်းဟူသောမြည်သံနှင့်အတူ လက်သီးအချင်းချင်း မမြင်နိုင်သည့် စပရင်ကိုထိုးမိလိုက်သကဲ့သို့ ရုန်းကန်ပြန်ထွက်သွား၏။

“မဟုတ်သေးဘူး…”

သေချာ အလေးအနက်တွေးပြီးသော [ကြော့ကွင်း] က သူထင်ထားသကဲ့သို့ မဟုတ်သည်ကို သိလိုက်ရသည်။

သူထင်ထားသည်က [ကြော့ကွင်း] က ပြန်၍ ‘ထိခိုက်မှုကိုပေးခြင်း’ ဖြစ်သည်။ သို့သော် ၎င်းက ‘ပြန်ကန်’ ထွက်ခြင်းကို အာရုံစိုက်သည့်ဟန်ရသည်။

အားနည်းနည်းသာ သုံးလိုက်ပြီးထိုးလိုက်ချင်းဖြစ်သော်လည်း သူ့လက်သီးများက တစ်ခုနှင့်တစ်ခု ဝေးဝေး ပြန်ကန်ထွက်သွား၏။

“ဒါကို ကောင်းကောင်းအသုံးချတတ်ရင် ရှယ်ပဲ”

စိတ်ပျက်နေရမည့်အစား သူပို၍ ပျော်သွားသည်။ သူတွေးထားသည်နှင့်ယှဉ်ရသော် ဤ [ကြော့ကွင်း] ၏ စွမ်းပကားက ရန်သူများကို အငိုက်ဖမ်းရာ၌ ပို၍ အကျိုးသက်ရောက်မှုရှိစေမည် ဖြစ်သည်။

သူစိတ်ကူးယဉ်လိုက်သည်။ သူ့ရန်သူက သူ့ကို လာထိုးရာ သူက ရင်ကော့ပေးလိုက်တာ ထိုးလိုက်သည့် ရန်သူကပဲ ပြန်၍ လွင့်ထွက်သွား၏။ ထိုအချိန်၌ ဓားပိုးအိမ်စွမ်းအင်ဓားကွက်ကို သုံးလိုက်မည်ဆိုလျှင်…

“ရှီစ်းးးးး”

သူ့အတွေးဖြင့်သူ လက်ဖျာခါသွားရသည်။

ထို့နောက် သူ့စွမ်းရည်များက ‌လှပသော သူရဲကောင်းများ၏ စွမ်းရည် နာမည်များဖြင့် အဘယ်ကြောင့် ညစ်ပတ်၊ စိတ်အနှောက်အယှက်ပေးသော စွမ်းရည်များရှိပါသနည်းဟု တွေးကြည့်လိုက်သည်။

၎င်းက သူရဲကောင်းများ၏ စွမ်းရည်များမဟုတ်ပါလော။

သူ အခါ (၅၀) လှည့်ပြီးသွားပြီဖြစ်သည်။ သုံးခေါက်ဆက်တိုက် ထီမပေါက်သော်လည်း နှစ်ခါဆက်တိုက်ရခြင်းကို သူကျေနပ်နေပြီဖြစ်သည်။

ဟင်

“ဘာလို့ သော့ဆယ်ချောင်းကျန်နေသေးတာလဲ”

သူအနီရောင်ဖန်သားပြင်ကို မျက်လုံးပွတ်ပြီးကြည့်လိုက်သည်။ ၎င်းက အသေအချာကြီး ‌သော့(၁၀) ချောင်းကျန်သေးသည်ဟု ဖော်ပြထား၏။

[ပင်ကိုယ်သော့ : ၁၀]

သူအံ့အားသင့်သွားပြီး ထိုအခေါက်(၅၀) အတွင်း [သော့အပိုတစ်ချောင်းရရှိပါသည်] ဟူသော အသိပေးချက်များကို ပြန်မြင်ယောင်လိုက်သည်။

“ဟားဟား… တကယ်ကြီးလား”

“အခါ (၅၀) ပြီးတော့ နောက်ထပ် (၁၀) ‌ခါထပ်ပြီး လှည့်ရဦးမယ်”

သူ၀မ်းသာသွားသည်။ မျက်နှာပေါ်မှ မိုးရေစက်များကို သုတ်လိုက်ပြီး ပတ်၀န်းကျင်ကို ရှူကြည့်လိုက်သည်။ ထို့နောက် အလှဆင်ထားသည့် တောင်ကပို့ အ‌သေးလေး တစ်ခုအနား သွားလိုက်သည်။

“ငါ့နောက်မှာ တောင်တစ်လုံးနဲ့ ငါ့ရှေ့မှာ ရေပြင်ကြီး… ဒီနေရာက အဆုံးစွန်သော ကံကောင်းခြင်းတွေ ရှိတဲ့‌ နေရာဖြစ်ကိုဖြစ်ရမယ်”

“ဟိုးးးးး”

“အာအန်ဂျီးးးးဆက်မစပါ”

သူ့လက်ကို မြေပြင်ပေါ်ရိုက်ချလိုက်သည်။ သို့သော် ကံဆိုးစွာဖြင့် မည်သည့် အစီအရင်ကဲ့သို့ အရာမှ ပေါ်မလာပေ။ မဟုတ်လျှင် ပိုကြည့်၍ကောင်းချေမည်။

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

စုခေါင်း ဒေါသ အမျက်ချောင်းချောင်းထသွားသည်။

“လခွမ်း”

သော့ (၁၀) ချောင်းမှ (၁) ချောင်းတည်းသာ ဖြစ်သွားရမည်။ ထို တတိယတစ်ခေါက်၌ ရလိုက်သော ကံကောင်းမှုမျိုးက ထပ်၍ မဖြစ်နိုင်ပါပေ။

စုရှောင်ရှန် တောင်ကပို့လေးအနား ဖင်ထိုင်ချပြီး ဖန်သားပြင်ကို ကြည့်လိုက်သည်။

“ပင်ကိုယ်မှတ် သုံးသောင်းပဲရှိတော့တယ်…

“နှစ်သောင်းကိုတော့ အဆင့်မြှင့်ဖို့ထားရမယ်။ ဒါ နောက်ဆုံး နှုန်းထားပဲ ဒီထက်ပိုပြီး မလျော့နိုင်တော့ဘူး”

“နောက်ထပ်ဆယ်ခေါက်…

“ချကွာဘာဖြစ်ဖြစ်”

ထို့နောက် နောက်ထပ်သော့ကိုးချောင်းကို ၀ယ်ယူပြီး (၁၀) ချောင်းတိတိစုလိုက်သည်။ သူ့တွင်လည်း စွမ်းရည်များ အသင့်အတင့် ရှိနေပြီဖြစ်ရာ အစက ထို ပင်ကိုယ်မှတ် တစ်သောင်းကို ဒီတိုင်းထားရန်ကြံလိုက်သည်။ သို့သော် အိုစီဒီ၀င်လာပြီး စိတ်ထစ်သွား၏။ သို့ဖြင့် ကံကောင်းနေတုန်း အချီကြီးရရန် အလောင်းအစားထပ်လိုက်သည်။

ဆုံးဖြတ်ချက်ချပြီးသော် “လုပ်မယ်ကွာ”

[ကြော့ကွင်း] ရသည့်‌အခေါက်ကို အခြေပြုပြီး ကံစမ်းမဲလှည့်ခြင်း အနုပညာတွင် ကံကောင်းရန်၊ မကောင်းရန်က တစ်စုံတစ်ယောက်၏ ကိုယ်နေဟန်ထားဖြင့် ဆိုင်သည်ဟု ယူဆလိုက်သည်။

“ဖုန်းရွှေနေရာ… ရပ်ပြီး”

ထို့နောက် သူ့၀န်းကျင်ကို ကြည့်လိုက်သည်။ ၎င်းက သူ့ခြံဖြစ်ရာ အခြားသူတစ်ယောက်မှ မရှိပါပေ။

ကြမ်းပြင်၌ တရုတ်အက္ခရာ ‘大’ ကဲ့သို့ လေးဘက်လေးလံ လှဲလိုက်သည်။

“ဒီလောက်ဆိုအဆင်ပြေလောက်ပါပြီ”

“ဒီလိုလုပ်ရတာရှက်စရာတော့ကောင်းတယ်”

“ကံကောင်းတာက တစ်ယောက်မှ မရှိလို့”

“‌ဒါပေမယ့်ဒီတစ်ခါပဲ…”

“နောက်တစ်ခါဆိုမလုပ်တော့ဘူး”

သူ့မျက်လုံးများကိုမှေးပြီး လျှောက်လှည့်ကြည့်မနေတော့ပေ။ သူများကို သူမမြင်နိုင်လျှင် သူ့ကိုလည်း သူများက မြင်နိုင်လိမ့်မည်မဟုတ်ပေ။

အကောင်းဆုံး တောင်ကပို့အတုလေး၏ အရိပ်အောက်နှင့် ရောရန် ကြိုးပမ်းလိုက်သည်။ ဤနေရာ တကယ် ကံကောင်းသည့်နေရာဖြစ်သည်ဟု သူခံစားမိ၏။

စနစ်မှ သူ့အား စွမ်းရည်တွေ‌မပေးခြင်းမှာ သူ့ ကိုယ်နေဟန်ထားနှင့် ဆိုင်မည်ဟု သူတွေးမိလိုက်သည်။

သို့သော် သူရှင်လွန်း၍ “အာအန်ဂျီးဆက်မစပါ” ကိုတောင် စိတ်ထဲမှ သာအော်လိုက်ပြီး သော့များ (၁၀) ချောင်းစလုံးကို ဘီး၏ အခြေထဲ ထည့်လိုက်၏။

ထို့နောက် အသိပေးချက် ဖန်သားပြင်၌

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

ဖူးးးး

ဤသည်ကိုမြင်သော် စုရှောင်ရှန် သွေးတစ်လုတ်အန်ထုတ်လိုက်၏။ မျက်လုံးများပင် ဝေဝါးလာပြီး သတိမေ့တော့မည်ဟန် ပေါက်နေသည်။ စနစ်က သူ၏ ကြိုးစားထုတ်မှုကို အသိအမှတ်ပြုမည် မဟုတ်ဟု ထင်မထားပါပေ။

ဆယ်ခေါက်လှည့်တာ ဘာမှ မပေးဘူး။

သော့တစ်ချောင်းလေးတောင် မပေးဘူး။

“ဆိုတော့ ပုံပြင်လေးက ၀မ်းနည်းစွာ ထာ၀ရ သက်ဆုံးတိုင် အထီးကျန် သွားပါသည်တဲ့လား”

သူ့မျက်နှာကိုသုတ်လိုက်သည်။ ၎င်းက သူ့မျက်ရည်များမဟုတ်ဘဲ မိုးရေးများဟု ကိုယ့်ကိုယ်ကိုယ်ပြောလိုက်၏။ ထို့နောက် စိတ်ပျက်အားငယ်စွာ ထရပ်လိုက်သည်။

[ပင်ကိုယ်မှတ် : ၂၁၀၀၈]

သူ့မျက်လုံးများ ပြန်တောက်ပသွားသည်။ အမှတ်အပို တစ်ထောင်ရှိနေသေးရာ တစ်ကြိမ်တည်းဖြင့် အံ့ဘွယ်သရဲ ဖြစ်ရပ်များ ဖြစ်လာ မလားဟု တွေးလိုက်မိသည်။

ထိုအမှတ် (၁၀၀၀) ကို သော့တစ်ချောင်းနှင့် လဲလိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ ဘီးထဲသို့ ထည့်လိုက်သည်။

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

ဘုန်း ဘုန်း ဘုန်း

ခြံလေးတစ်ခုအတွင်း၌ ပေါက်ကွဲသံမျာစွာကိုကြားရပြီး ကြမ်းပြင်၌လည်း အက်ကွဲကြောင်းများ ထောင်ထလာလေသည်။

[ပင်ကိုယ်မှတ် : ၂၀၀၀၈] > [ပင်ကိုယ်မှတ် : ၈]

[အဆင့်မြင့်စွမ်းအင်(စစ်မှန်ခြင်းအဆင့်-၁)]

[ကြော့ကွင်း(စစ်မှန်ခြင်းအဆင့်-၁)]

သူ့လက်ဖဝါးကိုခါလိုက်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ သူတစ်ညအတွင်း အရာအားလုံးကို ဆုံးရှုံးသွားသလို ဖြစ်သွားပေမယ့် တကယ်က ဆန့်ကျင်ဘက်ဖြစ်သည်။

ပင်ကိုယ်မှတ် စွမ်းရည်ရှစ်ခု၊ စစ်မှန်ခြင်းနယ်ပယ် စွမ်းရည် ရှစ်ခု။

“ဟုတ်ပြီ” သူချက်ခြင်းထရပ်လိုက်ပြီး စိုစွတ်နေသော အင်္ကျီများဖြင့် သူ့အခန်းထဲသူ ပြန်၀င်သွားလိုက်သည်။

“ရေချိုးပြီး အိပ်ယာ တန်း၀င်တော့မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset