အပိုင်း (၆၂) အဆင့်မြင့် စွမ်းအင်
ပင်ကိုယ်မှတ် (၈၀၀၀၀) ကျော်တောင်
ငရဲမီးတောက်အစေ့နှစ်ခုက သူ့အား ပင်ကိုယ်မှတ် (၄၀၀၀၀) ကျော်လောက် အသီးသီး ပေးကြလေသည်။
စုရှောင်ရှန် ခေါင်းခြောက်သွားသည်။ အကယ်၍ ထိုအစေ့များက အလွန်မနာကျင်ရပါက နေ့ရောညပါ ၎င်းတို့ကို လောင်ကျွမ်းခိုင်းစေချလိုက်သည်။
‘ဒါပေမယ့် ငါက… နာကျင်မှုမှာ သာယာတဲ့ သူမှမဟုတ်တာ…’ သူတွေးလိုက်သည်။
တစ်နည်းနည်းဖြင့် လူအယောက် လေး၊ငါးဆယ်လောက်မှ အရိုက်အနှက် တာကိုခံခဲ့ရသော်လည်း သူ့အတွက်တော့ ခန္ဓာအပြည့်နှိပ်နယ်ခြင်းလားပင်ဖြစ်သည်။ ဤသည်ကိုပြုဖို့အတွက် ပြဿနာမရှိပါပေ။ သို့သော် အချိန်မရွေး ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲသွားနိုင်သည့် အချိန်ကိုက်ဗုံးရှိသည်ကတော့ အဆင်မပြေပါချေ။
‘ထားလိုက်ပါတော့’
‘အဲ့လိုအရာက ပြန်ထုတ်ဖို့ကျလဲ ခက်ခဲတယ်လေ’
သူ့အသက်ကို သူအလွန်မြတ်နိုးပေသည်။ ထို့နောက် ပင်ကိုယ်သော့ အချောင်း (၅၀) လဲလှယ်နိုင်သည်ကို သူသိလိုက်ရသည်။
မှန်ပေသည်။ ပင်ကိုယ်သော့ အချောင်း(၅၀) ဖြစ်၏။
ယခင် ကံစမ်းမဲနှိုက်ခြင်းက ရရှိထားပါသော ပင်ကိုယ်သော့ နှစ်ချောင်းဖြင့် ပေါင်းသော် စုစုပေါင်း (၅၂) ချောင်းဖြစ်သွားချေမည်။
ဘ၀င်ကိုင်သွားပြီး စုရှောင်ရှန် ခပ်ဖြီးဖြီး ပြုံးလိုက်သည်။
ယခင်က သော့ (၁၀) ချောင်းလောက်လေးလဲလှယ်ဖို့ကိုပင် သူ့မှာ အနိုင်နိုင်ဖြစ်နေရသည်။ ယခုတော့ အချောင်း (၅၀) လောက်ကို မျက်တောင်ပင်မခတ်ပဲလဲနိုင်လေပြီဖြစ်၏။
“ငါကြိုးစားခဲ့သမျှတွေက ဒီအခိုက်အတန့်အတွက်ပဲ မဟုတ်လား”
“ငါဘာလို့ ပင်ကိုယ်မှတ် (၃၀၀၀၀) တောင်ချန်ထားရသလဲဆိုရင်တော့…”
“လူတွေစိတ်ကူးစိတ်သန်းလေးတွေရှိဖို့လိုတယ်မလား”
“အရင်တစ်ခေါက်က ငါ နှစ်ခါဆက်တိုက် အနိုင်ရထားတာ။ ဒီတစ်ခေါက်တော့ သုံးခါဆက်တိုက် အနိုင်ရအောင်လုပ်မယ်။ ပြီးရင် ကျန်တဲ့ ပင်ကိုယ်မှတ် (၃၀၀၀၀) ကို စွမ်းရည်မှတ်တွေ၀ယ်ပြီး အသစ်ရလာမယ့် ပင်ကိုယ်မှတ် (၃) ခုလုံးကို စစ်မှန်ခြင်းနယ်ပယ်ထိ အဆင့်မြှင့်… ပြောနေရင်းတောင် သရေကျလာပြီ”
“ခြောက်အပေါင်းသုံးဆို စစ်မှန်ခြင်းနယ်ပယ် ပင်ကိုယ်စွမ်းရည် ကိုးခုတောင်ဖြစ်သွားမှာကွ”
“ဟီးဟီး… ဟားဟားဟားဟား…”
စတင်၍ ပျော်ရွှင်မြူးတူးစွာ အနာဂါတ်ကို ပုံဖော်ကြည့်လိုက်သည်။ သူအလွန်စိတ်လှုပ်ရှားလွန်းလို့ စားပွဲလေးကိုတောင် ရိုက်ချလိုက်ရာ သူ့အားကိုထိန်းချုပ်ဖို့မေ့သွားပြီး ၎င်းကို ကွဲစေမလိုဖြစ်သွားစေ၏။
“ကဲ စလိုက်ရအောင်”
သူ့အမူအရာ လေးနက်သွားပြီး စိတ်ဖြင့် ပင်ကိုယ်သော့ဆယ်ချောင်းစလုံးကို အနီရောင်ဘီးအခြေရှိ သော့ပေါက်ထဲသို့ တုန့်ဆိုင်းခြင်းမရှိ ထည့်လိုက်သည်။
“ဟိုးးးး”
“အာအန်ဂျီးးဆက် မစပါ”
ထိုခြေချစရာပင်နေရာလွတ်မရှိသော အခန်းကျဉ်းလေးက စုရှောင်ရှန်၏ အူကြောင်ကြောင်နိုင်သော အော်ဟစ်မှုဖြင့် ပဲ့တင်သံထပ်သွားသည်။ ထို့နောက် စုရှောင်ရှန် လက်အုပ်ချီလိုက်ပြီး အလွန်ရိုသေကိုင်းရှိုင်းသော ပုံစံဖြင့် အသိပေးချက်ဖန်သားပြင်ကိုကြည့်လိုက်၏။
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
“ဟ ချီး”
“(၁၀)ခါလှည့်တာ သော့တစ်ချောင်းပဲပေးတယ်လားဟ”
“လခွမ်းပဲလေ…” စုရှောင်ရှန် လက်သီးကျစ်ကျစ်ဆုပ်လိုက်ပြီး တစ်စုံတစ်ရာကို ဆွဲထိုးချင်သလိုဖြစ်သွားသည်။
“စိတ်လျော့ စိတ်လျာ့”
“အခုက ဒေါသထွက်နေရမယ့်အချိန်မဟုတ်ဘူး။ နောက်မှာ အခါ (၄၀) ကျန်သေးတယ်”
သူ့ကိုကြည့်ရသည်မှာ ၎င်းကို မျှော်မှန်းထားသည့်အလားပင်။
“ချီး ဒီစနစ်က သောက်ရမ်း ယုတ်မာတယ်။ ပင်ကိုယ်စွမ်းရည်တွေ ကျဖို့ နှူန်းထားးက တအားနည်းတယ်။ ပိုဆိုးတာက အနီရောင်ဘီးက နောက်ကွယ်ကနေ မြူတွေ ကာထားသေးတာပဲ။ ဒါဘယ်လိုကောင်းကောင်း အလုပ်လုပ်လဲ ခုထိတောင် ငါမသိသေးဘူး”
တကယ့်သ ဘောထားကြီးသည့်သူသည် မုန်တိုင်းအကြား၌ပင် မယိမ်းယိုင်ဟု သူ့ကိုသူ ပြန်သတိပေးရင်း စိတ်လျော့လိုက်သည်။
ဘန်းကတည်း စားပွဲကျိုးသွားကာ စုရှောင်ရှန် ထိုင်ခုံပေါ်မှ ထခုန်လိုက်သည်။
“ဟိုးးးး”
“အာအန်ဂျီးးးဆက် မစပါ”
မည်သည့် ကနဦး အသိပေးချက်မှ မပေးဘဲ စနစ်ကို အငိုက်ဖမ်းနိုင်အောင် နောက်ထပ် (၁၀) ခါ ထပ်လှည့်လိုက်သည်။
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[သော့အပိုတစ်ချောင်းရရှိပါသည်]
“ချီးပဲ ချီးပဲ ချီးပဲ……..”
သူ့မျက်နှာ သွေးဆုတ်ဖြူရော်သွားပြီး တစ်ကိုယ်လုံး အေးစိမ့်သွားသည်။ သူ့ကိုကြည့်ရသည်မှာ မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်သွား၏။
“အခါ(၂၀) ကိုမှ သော့(၄) ချောင်းပဲပေးတယ်ဟုတ်လား”
“ငါ့ကိုဒီလို မနောက်ပါနဲ့ဟာ”
“အနည်းဆုံးတော့ ငါ့ကို အစေ့တွေသန့်စင်ရင်း နာကျင်တဲ့ဟာကို ဖြတ်သန်းပြီးမှ လာလှည့်ရတဲ့ အချက်ကို သနားပြီး တစ်ခုခုတော့ပေးပါဟ”
“ဒါမှ မဟုတ် အခန်းရဲ့ ဖုန်းရွှေနဲ့ဆိုင်မလားဟ”
(တရုတ်စနစ်တစ်ခုဖြစ်ပါတယ်။ ၎င်းက အခန်းတစ်ခုရဲ့ စွမ်းအင်(ချီ) စီးဆင်းကြောင်းရဲ့ ဦးတည်ဘက်နဲ့ တရုတ်စနစ်ရဲ့ နေရာဒေသကို အုပ်ချုပ်မှုအလိုက်စီရင်တဲ့ စည်းမျဉ်း၍ပဒေသများအရ ထိုင်နေသော်လည်းကောင်း၊ အခန်းပြင်ဆင်ရာတွင်လည်းကောင်း ကောင်းသည်လော ဆိုးသည်လော အကျိုးသက်ရောက်မှု ရှိစေတာကိုပြောပါတယ်။ သေချာမသိပါဗျာ။ goggle မှ ရှာကြည့်တာပါ)
သူအသက်ပြင်းပြင်းရှိုက်လိုက်ရင်း ပြူတင်းပေါက်များကို ဖွင့်လိုက်သည်။ ထို့သို့ အခန်းအတွင်းရှိ အခြားတစ်နေရာ၌ သွားရပ်လိုက်ရာ သူ့စိတ်ကြည်လင်သွားသည်ဟု ခံစားလိုက်ရ၏။
“ဟုတ်ပြီလေ။ ဒီလိုလုပ်ပြီးမှတော့ ငါ့စီကို ကံကောင်းခြင်းတွေလာလောက်မှာပါ”
“နောက်ဆယ်ခေါက်ကွာ”
သူပြူတင်းပေါက်ဘောင်ပေါ်သို့ မှီလိုက်ရင်း အသိပေးချက်ဖန်သားပြင်ကို တည်ငြိမ်ယောင်ဆောင်ပြီး ကြည့်လိုက်သည်။
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[အခြေခံပင်ကိုယ်စွမ်းရည် : အဆင့်မြင့်စွမ်းအင် ရရှိပါသည်]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
[နောက်တစ်ကြိမ်ကံကောင်းပါစေ]
ခရက်
ထိုကွဲထွက်နေသော စာကြောင်း အရှည်ကြီးတစ်ခုကိုမြင်ရသော် စိတ်လှုပ်ရှားလွန်းသောကြောင့် ပြူတင်းပေါက်ဘောင်ကို ဆွဲခွာလိုက်သည်။
“နောက်ဆုံးတော့ တစ်ခုခုရပြီ”
အမြင်မှားနေခြင်းလားဟု သူ့များလုံးများကို ပြင်းပြင်းထန်ထန် ပွတ်လိုက်သည်။
သူတကယ် တစ်ခုခု ရသွားလေသည်။ ထိုတစ်ခုခုက အခြေခံပင်ကိုယ်စွမ်းရည်ဖြစ်ပါသည်။
“မိုက်တယ်ဟ” စုရှောင်ရှန် ပြူတင်းပေါက်ဘောင်အား သတိမထားမိဘဲ ရိုက်ချမိလိုက်ရာ ၎င်းက နှစ်ပိုင်း ဖြစ်သွား၏။
ဤသို့ပြုမူပြီးသည်တောင် သူစိတ်ကိုမလျော့နိုင်သေးပါချေ။
သူနောက်ဆုံးဆွဲခဲ့ဖူးသည့် ထာ၀ရအသက်စွမ်းအင်ဖြစ်သည့် အခြေခံပင်ကိုယ်စွမ်းရည် နတ်ဘုရားသဖွယ်စွမ်းရည်မျိုးဖြစ်၏။ ၎င်းက သူ့အသက်ကို မရေမတွက်နိုင်လောက်အောင် ကယ်တင်ပေးခဲ့လေသည်။
ထိုစွမ်းရည်တစ်ခုတည်းက သူ၏ သက်လုံမြှင့်ခြင်း၊ အစေ့ကို သန့်စင်ခြင်း အစရှိသဖြင့် အရာအားလုံးကို လုပ်ဆောင်နိုင်သွားစေလေသည်။
၎င်းက သူ့ကိုရွှေနီဆေးလုံးများပင် မလိုတော့အောင် လုပ်ပေးလိုက်သည်။ ထိုအခိုက်အတန့်၌ သူနောက်ထပ် အခြေခံပင်ကိုယ်စွမ်းရည် ထပ်ရလိုက်၏။
“အဆင့်မြင့်စွမ်းအင်”
“ရိုးရှင်းတဲ့ နာမည်တစ်ခုပဲ” ဤနာမည်မှ မည်သည်ကို အကျိုးသက်ရောက်မှုရှိစေမည်လဲကို စဉ်းစားကြည့်လိုက်သည်။
ထို့နောက် တစ်ခုခုကို စဉ်းစားမိသွား၏။
“စိတ်ဝိညာဉ်စွမ်းအင်”
သူ့တစ်ကိုယ်လုံးကို သူဆန်းစစ်ကြည့်လိုက်သည်။ အထူးသဖြင့် သူ၏ ဒန်ထျန်ဖြစ်သည်။
အခြေခံပင်ကိုယ်စွမ်းရည်များက သာမန်အားဖြင့် ခန္ဓာကိုယ်၏ တစ်နေရာရာ၌ ပေါ်လာတတ်ပေသည်။ ထို့ပြင် ဤစွမ်းရည်၏နာမည်အရတော့ ၎င်းက စိတ်ဝိညာဉ်အနှစ်ကို ပြန်လည်ပြည့်ဖြိုးအောင်လုပ်ပေးသည့် ဟန်ရသည်။
“ငါထင်ထားတဲ့အတိုင်းပဲ…” စုရှောင်ရှန်၏ မျက်နှာထက်ရှိ အပြုံးပို၍ ၀င်းပသွားသည်။
သူထင်ထားသည့်အတိုင်းပင်။ ဒန်ထျန်အတွင်းရှိ သူ့စိတ်ဝိညာဉ်အနှစ်၏ ပြန်လည်ပြည့်ဖြိုးနှုန်းမှာ သိသိသာသာကြီး တိုးမြင့်သွားလေသည်။
ငရဲမီးတောက်စိတ်ဝိညာဉ်အနှစ်ကိုရလိုက်ရာ သူ့စိတ်ဝိညာဉ်စွမ်းအင်၏ သဘာ၀ အခြေခံအုတ်မြစ်က ပြောင်းလဲသွားခဲ့ရာ ပြန်လည်ပြည့်ဖြိုးနှုန်းကလည်း သိသိသာသာကြီး ထိုးကျသွားလေသည်။
ထိုငရဲမီးတောက်ကောင်းကင်၏ ပေါက်ကွဲမှုတစ်ချက်က သူ့အိမ်ကို သက်သက်လောင်ကျွမ်းသွားသည်မဟုတ်လဲ သူ့စိတ်ဝိညာဉ်အနှစ်ကိုလည်း သိသိသာသာကြီး လျော့သွားစေလေသည်။
သို့သော် ယခုတော့ ထိုစိတ်ဝိညာဉ်အနှစ်၏ ပြန်လည်ကောင်းမွန်နှုန်းက တိုးမြင့်သွားခဲ့ပြီး သူ့စိတ်ဝိညာဉ်စွမ်းအင်တုန်းက ပြန်တိုးနှုန်းလောက်ဖြစ်သွား၏။
“လခွမ်း ဒါနဲ့ဆို ငါအကြာကြီး တိုက်ခိုက်ရင်း တိုက်ခိုက်နိုင်နေတော့မှာ”
သူနှင့် မိုမို၏ တိုက်ပွဲကို ပြန်မြင်ယောင်မိလိုက်သည်။
ထိုတိုက်ပွဲအလယ်လောက်၌ သူနိုင်မလိုလိုဖြစ်သွားလေသည်။ သို့သော် ကံဆိုးစွာဖြင့် စိတ်၀ိညာဥ်စွမ်းအင် မလုံလောက်သဖြင့် တတိယဓားခုတ်ဓားကွက်ကို မထုတ်နိုင်လိုက်ရာ ထိုအခွင့်အရေးနှင့် လွဲသွားသည်။
အကယ်၍ ဤပင်ကိုယ်စွမ်းရည်သာ ထိုစဉ်က သူ့တွင်ရှိပါက မိုမိုနှင့်ပြိုင်ပွဲကို ချက်ခြင်း သိမ်းနိုင်လိုက်မည်ဖြစ်လေရာ ချော်ရည်စာမိခြင်းကဲ့သို့ အဖြစ်အပျက်မျိုးဖြစ်လာတော့မည်မဟုတ်ပေ။
“ဒါလည်း နတ်ဘုရားသဖွယ်စွမ်းရည်တစ်ခုပဲ…” စုရှောင်ရှန် ရေရွတ်လိုက်သည်။
စိတ်ဝိညာဉ်ပြန်လည်ပြည့်ဖြိုးနှုန်းက သိပ်မသိသာသေးသော်လည်း ၎င်းကို အဆင့်မြှင့်တင်၍ ရသေးလေသည်။
သူ့လက်ထဲရှိ ပြူတင်းပေါက်ဘောင်တစ်ခြမ်းဖြင့် ကစားနေရင်း သူ၏ ရယ်သံကြီးတစ်ခု ပြူတင်းပေါက်များနှင့် တံခါးများမှ ထွက်သွားပြီး မှောင်မိုက်သောည၏ အရိပ်ထဲ၌ ပျောက်ကွယ်သွား၏။
“အသက်ရှူခြင်းနည်းစနစ်၊ ထာ၀ရအသက်စွမ်းအင်၊ အထက်စွမ်းအင်…”
“အလိုလိုကျင့်ကြံခြင်း၊ သွေးပြန်လည်ပြည့်ဖြိုးခြင်း၊ စွမ်းအင်ပြန်လည်ပြည့်ဖြိုးခြင်း…”
“အခုဒီ နတ်ဘုရားသဖွယ် စွမ်းရည်တွေရထားမှတော့ ဘယ်သူငါ့ကို တားနိုင်တော့မှာလဲ”
သူ့မျက်နှာပေါ်တွင် ပေါကြောင်ကြောင် အပြုံးကြီးတစ်ခုပေါ်လာခဲ့၏။
သူ့ကိုယ်သူ ရန်သူများကြား ပြေး၀င်သွားသည်ဟု စိတ်ကူးယဉ်လိုက်သည်။ သူ့ရန်သူများက အရေအတွက်ဖြင့်သူ့ကို လွှမ်းမိုးလိုကြသည်။ သို့ဖြင့် တိုက်ပွဲများစွာဖြစ်ပွားပြီးနောက်မှ သူ့သွေးနှင့် စွမ်းအင်က အပြည့်ရှိသေးကြောင်းကို သိလိုက်ရသည်။ လူတိုင်းအံ့အားသင့်သွားကြပြီး ရွေးချယ်စရာမရှိတော့ကာ ဖြေးဖြေးဒူးထောက်အရှုံးပေးလိုက်ကြပြီး သူ့ကို ပင်ကိုယ်မှတ်များစွာပေးလိုက်ရ၏။
ထိုသို့သော မြင်ကွင်းက သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။
“ဟင်းဟင်း…
“ဟင်း… ဟား”
“ဟားဟားဟားဟား…”
သူ့အဆုတ်များကွဲကြေတော့မတတ် ရယ်လိုက်သည်။ အလွန် မာန်တက်နေဟန်ရကာ ဆို၏။ “အခု နတ်ဘုရားစုကို ဘယ်သူမှ မရပ်တန့်နိုင်ဘူးကွ”
“အချိန်ကျပြီ”
ဘာမှမဖြစ်သကဲ့သို့ သူ၏ သာမန် တည်ငြိမ်မှုမျိုးကိုပြန်ရောက်သွားသည်။
သူ့စိတ်ဝိညာဉ်အနှစ်ကို အသုံးပြုလိုက်ချိန်က မီးစွဲသွားသော ပြူတင်းပေါက်ဘောင်ကို စုရှောင်ရှန် မိုးရေထဲပစ်လိုက်သည်။
ဟီးဟီးဟီး
စုရှောင်ရှန် ခပ်ညစ်ညစ်ပြုံးလိုက်၍ “နောက်ထက် အခါ(၂၀)ပဲကျန်တော့တယ်”