အပိုင်း (၆၁) အိမ်ပြိုသွားပြန်ပြီ
“ငရဲမီးတောက် ကောင်းကင်”
ထိုနည်းစနစ်အား ကျင့်ကြံသူတစ်ယောက်က မမြင်ရသော ကောင်းကင်မီးလျှံများဖြင့် အလင်းပေးနိုင်ကာ ထိုအလင်းအတွင်းရှိ အရာအားလုံးကို လောင်ကျွမ်းနိုင်လေသည်။
၎င်းက ကျောက်စိမ်းစာလိပ်ထဲ၌ ဖော်ပြထားသည့် အခက်ခဲဆုံး အပိုင်းဖြစ်သည်။
ကျင့်ကြံသူများက လိုအပ်ချက်များကို အသက်ဖြင့်ရင်း၍ လုပ်ဆောင်ရလေသည်။ ထို့နောက် အရာအားလုံး၏ စိတ်ဝိညာဉ်အသိကို နိုးထအောင်လုပ်ပြီးမှသာ တစ်ခုခုကို သီးခြား မီးညှိနိုင်မည်ဖြစ်သည်။
စုရှောင်ရှန် မျက်လုံးမှိတ်လိုက်ပြီး အရာအားလုံးစိတ်ဝိညာဉ်အသိကို အာရုံခံရန်ကြိုးစားလိုက်သည်။
သူ့မျက်လုံးများကို နောက်တစ်စက္ကန့်အတွင်းပြန်ဖွင့်လိုက်၏။
‘ဘာဖြစ်နေတာလဲ’ သူတွေးလိုက်သည်။
‘ငါ အသက်ကိုရင်းရမယ့်လိုအပ်ချက်ကိုဖြည့်စည်းပေးသွားပြီလေ။ ဒါတောင်ဘာလို့…’
‘ဒီ အရာအားလုံးရဲ့ စိတ်ဝိညာဉ်အသိကလည်း အာရုံခံဖို့ လခွမ်းလို လွယ်နေတာလားဟ’
သူအကြားအမြင်ကို ၎င်းအတွက် သုံးရန်ပင်မလိုလိုက်ချေ။ ဓားဆန္ဒဖြင့်”အရာအားလုံးကဓား”ကိုအသုံးပြုပြီး မီတာ (၅၀) အတွင်းရှိ အရာအားလုံး၏ စိတ်ဝိညာဉ်ကို အလွယ်တကူ အာရုံခံနိုင်လိုက်၏။
သူ့မေးစေ့ကိုပွတ်ပြီး အရာအားလုံးက ထိုမျှ တကယ် ရိုးရှင်းသည်လားဟု စဉ်းစားလိုက်သည်။
“ငါပဲမှားနေတာလား ကျောက်စိမ်းစာလိပ်ကပဲ မှားပြီးတော့ မှတ်တမ်းတင်ထားတာလား”
“ဒါပေမယ့် ကျင့်ကြံသူနှစ်ဦးရဲ့ အတွေ့အကြုံတွေကိုတောင် မှတ်တမ်းတင်ထားပေးသေးတာပဲ။ သူတို့ဘယ်သူတွေလဲမသိပေမယ့် နှစ်ယောက်စလုံးတော့ မမှားလောက်ပါဘူး”
“သူတို့တောင် အဲ့တာကိုရဖို့ လနဲ့ချီပြီးကြာတာ ငါဘယ်လောက်ပါရမီရှိရှိ တစ်စက္ကန့်အတွင်းတော့ မရလောက်ပါဘူး ဟုတ်တယ်မလား”
ခေါင်းကိုခါပြီး မျက်စိပြန်မှိတ်ကာ အာရုံထပ်ခံကြည့်လိုက်သည်။
ဤတစ်ခေါက်တော့ ပင်ကိုယ်စွမ်းရည်: အကြားအမြင် ကိုသုံးပြီး အာရုံခံကြည့်လိုက်သည်။
နောက်တစ်စက္ကန့်ကြာသော် သူမျက်လုံး ပြန်ဖွင့်လိုက်သည်။
“ထူးဆန်းလိုက်တာ ငါ အရာအားလုံးရဲ့ စိတ်ဝိညာဉ်တွေကို အာရုံထပ်ခံနိုင်လိုက်တယ်လို့ ဘာလို့ ထင်ယောင်ထင်မှားဖြစ်နေတာလဲ”
သူ့သံသယများကိုခါထုတ်လိုက်ကာ အာရုံခံသည့်အပိုင်းကိုကျော်ပြီး ကျောက်စိမ်းစာလိပ်၏ နောက်ဆုံးအပိုင်းကိုသွားလိုက်သည်။
ငရဲမီးတောက်အနှစ်ကို သူ့ခန္ဓာကိုယ်အတွင်း၌ သိပ်သည်းလိုက်ရာ ဖောင်းပွလာခဲ့၏။ အဝေးမှ ကြည့်ပါက သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တော့မည့်ဟန်ရနေသည်။
သူတကယ်တော့ မပေါက်ကွဲသွားပေ။ ငရဲမီးတောက် ကောင်းကင်မီးလျှံက သက်သက် သူ့ဟာသူ ပေါက်ကွဲမှုနှင့်အတူ လွင့်သွားမည်ဖြစ်ပြီး အရာအားလုံး၏ စိတ်ဝိညာဉ်၌ သွားတွယ်ကပ်မည်ဖြစ်သည်။
ဘုန်း
ပတ်၀န်းကျင်တစ်ခုလုံး လှိုင်းများဖြင့် ပြည့်သွားသည်။
သူ့ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မည်သည်မှ မပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
“ကျရှူံးပြန်ပြီ ထင်ထားတဲ့အတိုင်းပဲ…”
ရှဲ
စုရှောင်ရှန် မကျေနပ်ဘဲ နောက်တစ်ခေါက်ထပ်ကြိုးစားလိုက်သည့်အချိန်၌ ထိုရင်းနှီးသောအသံကို ကြားလိုက်ရ၏။
“ဆိုတော့…
“ငါအောင်မြင်သွားတာလား”
သူပတ်ပတ်လည်ကိုကြည့်လိုက်ရာ အရာအားလုံးက အနည်းငယ် မှုန်ဝါးဝါးဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ၎င်းက ကောင်းကင်မီးလျှံ၏ အစွမ်းကြောင့်ပင်။
သူ၀မ်းသာသွားသော်လည်း ထို၀မ်းသာမှုတို့က ကြာကြာမခံလိုက်ရ ပါပေ။နောက်ဆက်၍ ဖြစ်ပွားသွားသည့် အရာကြောင့် ပျောက်ကွယ်သွားရသည်။
ခရက် ခက် ခက်
သူ့၀န်းကျင်ရှိ အရာအားလုံး၌ အဖြူရောင်မီးလျှံများစတင်ကခုန်သွားကြပြီး သူ့အိမ်ထံမှ အက်ကွဲ၊ ကျိုးကြေသံများကို ကြားလိုက်ရသည်။
အဖြူရောင်မီးလျှံများက မီးစလေးလောက်သာဆိုပေမယ့် သူ့အိမ်တစ်ခုလုံးကို ဖုံးလွှမ်းထားကြောင်းကို သူအာရုံခံနိုင်နေသည်။
သာမန်မီးလျှံများကဲ့သို့ ထိသည်နှင့် မီးစွဲသွားသည်မဟုတ်ဘဲ သူတို့က ချက်ခြင်းပေါက်ကွဲသွားခြင်းဖြစ်သည်။
စားပွဲ၊ ပြူတင်းပေါက်၊ နှင့် သူ မအိပ်ဘဲနှင့် ပျက်ဆီးမှာကြောက်၍ ဥထားခဲ့သော အိပ်ယာ အစရှိသဖြင့်…
အရာအားလုံး အက်ကွဲကာ အပိုင်းအစအစ အဖြစ်သို့ ပေါက်ကွဲထွက်သွားသည်။
ထို့နောက် ကျိုးသွားသော အပိုင်းအစ တစ်ခုချင်းစီတိုင်း၌ အဖြူရောင် အစက်အပျောက်များ ပေါ်လာခဲ့ပြီး မမြင်ရသော မီးများ စွဲသွားကာ အရာအားလုံးကို ပြာပင်မကျန်အောင် လောင်ကျွမ်းသွား၏။
“လခွမ်း”
စုရှောင်ရှန် ယိုင်နဲ့နဲ့ဖြစ်သွားပြီး ကြမ်းပြင်၌တောင် လဲကျမတတ်ဖြစ်သွား၏။ သို့သော် အားတင်းလိုက်ရင်း သူ့အခန်းထဲမှ တွားသွားထွက်လိုက်သည်။
ဘုန်းးးးး
သူ့အိမ်ထဲမှ ထွက်သွားသည်နှင့် အထဲ၌ပေါက်ကွဲသံ သေးသေးလေးများကို ကြားလိုက်ရပြီး နောက်ဆုံး အိမ်ကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွားလေသည်။ အရာအားလုံး အပျက်အဆီးများဖြစ်သွား၏။
ရှဲ ရှဲ ရှဲ
ထိုအပိုင်းအစများ၌ ဖျော့တော့တော့ အဖြူရောင်မီးလျှံများပေါ်လာခဲ့သည်။ ဤနေရာတစ်ခုလုံး၌ အရောင်သော်လည်းကောင်း ပုံသဏ္ဌာန်သော်လည်းကောင်း မီးနှင့်တူတာ မတွေ့ရသော်လည်း အရာအားလုံးက မီးစွဲပြီး အဖျက်အဆီးကြီးဖြစ်နေသည်။
ဖောက် ဖောက် ဖောက်…
အပြင်ဘက်၌ မိုးဖွားလေး ကျနေခဲ့ရာ သူပို၍ ခံစားလိုက်ရသည်။
အရာအားလုံးကို မှင်သက်စွာကြည့်ရင်း အော့နှလုံးနာသွားသည်။
“ဒါက ငါ့အိမ်အသစ်လေးကွ။ ချီးးးးပဲ”
စိတ်ဝိညာဉ်အထွေထွေရေးရာဌာနသို့ စိတ်ဝိညာဉ်သလင်းကျောက်များစွာသုံး၍ အိမ်အသစ်ဆောက်ပေးဖို့ တာ၀န်တစ်ခု ချိတ်ခဲ့တာမှ မကြာသေး ယခု အရာအားလုံး ပျောက်ကွယ်သွားသည်လော။
သူ့ဆံပင်များ မိုးရေများဖြင့် စိုစွတ်သွားသည်။ ကျင့်ကြံပြီးနောက် ကျန်ခဲ့သည့် သွေးစများဖြစ်ဖြစ် ဘာဖြစ်ဖြစ် မိုးရေများဖြင့် ပါသွားရာ သူ့ခြေထောက်၌ အနီရောင် ရေအိုင်အသေးလေး တစ်ခုဖြစ်သွား၏။
သူ့ဒဏ်ရာများအားလုံးပျောက်ကင်းသွားပြီဖြစ်သော်လည်း နာကျင်မှုများကို သိသိသာသာ ခံစားနေရသေးသည်။
သို့ဖြင့် သူ့ရင်ဘက်ကို ဆုပ်ကိုင်ရင်း ကြမ်းပြင်ပေါ်၌ လဲကျသွား၏။
“အိမ်လေး ငါတောင်းပန်ပါတယ်”
“နောက်တစ်ကြိမ်ဒီလိုထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်ကွာ”
သူငိုလိုက်သော်လည်း မျက်ရည်က ကျမလာပေ။ အကယ်၍ ဤသို့ဖြစ်မည်ကိုသိပါက သူ့အိပ်ယာထက်၌ ထိုအစေ့ကို သန့်စင်ခဲ့မည်သာ။
နောက်ဆုံးတော့ သူ့အိပ်ယာထက်၌ သက်တောင့်သက်သာ အိပ်နိုင်တော့မည်ဟု တွေးထားချိန် ၎င်းနှင့် အပြီးအပိုင် နှူတ်ဆက်လိုက်ရမည်ဟု မထင်ထားပါချေ။
ရှဲ ရှဲ
သူ့ရှေ့ရှိအိမ်မှာ မည်သည်မှ မကျန်တော့အောင် လောင်ကျွမ်းခံလိုက်ရသည်။ ခြောက်ခြားဖွယ်ရာ ငရဲမီးတောက်ကောင်းကင်မီးလျှံကို ငြိမ်းသက်ဖို့အတွက် မိုးက သည်းထန်စွာရွာမနေပါချေ။
၎င်းက စုရှောင်ရှန်ကို ခြောက်လှန့်လိုက်သည်။ အကယ်၍ သူ၏ အနုစိတ်ဆန်သော အကြားအမြင် ကြောင့်သာမဟုတ်ပါက မမြင်နိုင်သည့် မီးလျှံများတောက်လောင်နေကြိမ်းကို သိမည်မဟုတ်ပါလေ။ သို့ဖြင့် ရုတ်တရက် အလျှင်အမြန် လောင်ကျွမ်းသွားခြင်းကိုသာ သူမြင်လိုက်ရပေမည်။
“ပြာမှုန်လေးတောင်မကျန်ဘူး…”
နောက်ဆုံးအချိန်ထိဘေးမှ ရပ်ကြည့်နေလေရာ သာလိပ်ထဲကအတိုင်း တကယ် ဘာမှ မရှိသည်အထိ လောင်ကျွမ်းသွားသည်ကို တွေ့လိုက်ရသည်။
သူ့ရှေ့ရှိ နေရာက လုံး၀ အပြောင်ရှင်းသွားသည်။ ဤနေရာတွင် မီးလောင်ကျွမ်းသွားပါသည်ဟု ဖော်ပြမည့် မီးကျွမ်းရာလေးတောင် မကျန်ခဲ့ချေ။ ဤနေရာ၌ မည်သောအခါကမှ အိမ်ဆောက်ထားခဲ့သည်ဟန် မရပါပေ။
“ဒါကိုသာ ရန်သူ့စီကို ပစ်လိုက်မယ်ဆိုရင်…”
မိုးရေထဲ၌ စုရှောင်ရှန် ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး ခိုက်ခိုက်တုန်သွားသည်။
၎င်းအား ကျင့်ကြံသည့် သူကိုယ်တိုင်ပင် လက်ဖျားခါသွားရသည်။ ငရဲမီးတောက်ကောင်းကင်နည်းစနစ်က ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အလွန်ကောင်းပေ၏။
သူခေါင်းကိုမော့၍ ကျလာနေသောမိုးရေများကို မျက်နှာဖြင့် အရိုက်ခံလိုက်၍ ညကောင်းကင်ကြီးကို လက်ညှိုးထိုးကာ စိတ်ဆိုးမာန်ဆိုးပြောလိုက်၏။
“မင်းတို့ အထက်က ကြည့်နေတဲ့ ငတုံးကောင်တွေ ငါ့အိမ်ပြန်ပေး”
ရှဲ
သူဤသို့ပြောပြီးသည်နှင့် သူ့တစ်ခြံလုံးရှိ မိုးရေစက်များ ချက်ခြင်း အငွေ့ပျံသွားကြသည်။ အစက မိုးဖွဲလေးကြောင့် အေးနေရာ ယခုတော့ ရုပ်ချည်း အလွန်ပူပြင်းသွားခဲ့လေသည်။
အားးးးးးးးးးးးးး
သူကောင်းကင်သို့ အဆုတ်ကွဲကြေလုမတတ်အော်လိုက်ရာ ကျပင်ကျမလာသေးသော မိုးရေစက်များ အငွေ့ပျံပြီး လေ၏ ဆောင်ကျဉ်းရာနောက် ပါသွားလေ၏။
သူ့ခြံအတွင်းရပ်နေသော ကောင်လေး ထိုအံ့ဖွယ်သရဲဖြစ်ရပ်ကြောင့် ပေါတောတောလုပ်နေသည်များကို ရပ်လိုက်သည်။ တဖန်ပြန်ကျလာသော မိုးဖွဲလေးများက လေထဲသို့ ပျံတက်သွားသော မြူခိုးတို့ဖြင့် ရောသွားလေရာ တစ်မျိုးတစ်ဖုံ နည်ပြည်အလား အမြင်မှားသွားစေလေသည်။
“မိုက်လိုက်တာကွာ…”
စုရှောင်ရှန် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူလုံးလုံးကြီး အံ့ဩမှုတို့ဖြင့် စီးနင်းလိုက်ပါသွားလေသည်။
ဤသို့သော သွေးဆူစေသည့် ဒေါသထွက်လိုက်သည်နှင့် ရာသီဥတုအခြေအနေပြောင်းသွားသည့် မြင်ကွင်းမျိုးကို သူငယ်ငယ်ကကြည့်သော အန်းနီးမေးခေါ် ဂျပန်ကာတွန်းများ၌သာ မြင်ဖူးလေသည်။
ဘုန်းးး
အမှောင်အတိကျနေသော ညကောင်းကင်ယံထက်၌ လျှပ်ပန်းလျှပ်နွယ်များ ပြိုးပြိုးပြက်ပြင် လင်းလက်သွားပြီး မိုးချိမ်းသံတို့ ညံသွားလေသည်။ ထို့ကြောင့် အကြွင်းမဲ့ ထိတ်လန့်သွား၏။
“တောင်းပန်ပါတယ် တောင်းပန်ပါတယ် အထက်ကို မရည်ရွယ်ပါဘူး…”
သူတွန့်သွားပြီး ကပ်လျက်ရှိ ဧည့်ခန်းဆောင်ထဲသို့ ပြေး၀င်သွားလိုက်သည်။
…
ရှဲ ရှဲ
ငရဲမီးတောက် စိတ်ဝိညာဥ်အနှစ် ထတောက်သွားပြီး သူ့အ၀တ်အစားနှင့် ဆံပင်များကို ချက်ခြင်း ရေခြောက်သွားစေလိုက်၏။
စုရှောင်ရှန် သူ့အ၀တ်အစားများကို ကိုင်ကြည့်လိုက်ရင်း အံ့အားသင့်စွာ မှတ်ချက်ပြုလိုက်သည်။ “ မိုက်တယ်ဟ အသုံး၀င်သားပဲ”
သူနောင်တရမိသည်မှာ အစေ့များအား သန့်စင်ရာတွင် ထင်ကျန်ခဲ့သော မိုးရေစက်များပင် မဆောင်ကျဉ်းသွားနိုင်သည့် သွေးကွက်များပဲဖြစ်သည်။
သူ့ကော်လံစကို ဆွဲပြီးနမ်းကြည့်လိုက်ရာ အနည်းငယ် နံနေသည်ကို သိလိုက်ရသည်။
“ကြည့်ရတာ ငါရေချိုးကို ချိုးရမယ်ထင်တယ်”
သူ့၀န်းကျင်ကိုကြည့်လိုက်ရာ မနေနိုင်တော့ဘဲ ဒေါသထွက်သွားပြီး သစ်သား ခုံတန်းလျာပေါ်၌ လှဲလိုက်၏။
ဧည့်ဆောင်က အလွန် ကျဉ်းသည်။ ၎င်းတွင် အခန်းတစ်၀က်လောက်ကို နေရာယူထားသော ပျက်ဆီးယို့ယွင်းနေသော အိပ်ယာခင်းပင်မရှိသည့် ကုတင်တစ်လုံးရှိသည်။ အခန်းထဲမှ အခြားအရာများမှာ သေးငယ်သော သစ်သားခုံတန်းလျားတစ်ခုနှင့် ထောင့်တစ်ခု ကွဲနေသည့် သစ်သားစားပွဲပုတစ်လုံးဖြစ်သည်။
ဤသို့သောနေရာမျိုးက သီးသန့် သန့်စင်ခြင်းမရှိပါပေ။ သူရေချိုးဖို့ဆိုလျှင် သူ့အခြံထဲရှိ အနီးနားက စိတ်ဝိညာဉ်ရေကန်မှ ရေကိုခပ်ချိုးရမည့် သဘောရှိသည်။
သူ့လောင်ကျွမ်းသွားသော အိမ်ကို အလွန်အမင်း သတိရသွားကာ နောက်တစ်ကြိမ် စိတ်လိုက်မာန်ပါမလုပ်တော့ဟု ကျိန်ဆိုလိုက်သည်။
အကယ်၍ သူမသိကျ မသေချာသည့် ကျင့်ကြံခြင်းသော်လည်းကောင်း၊ စမ်းသပ်မှုများသော်လည်းကောင်း ပြုရမည်ဆို အိမ်အပြင်ထွက်၍ ခြံထဲ၌သာ လုပ်တော့ရန် စိတ်ပိုင်းဖြတ်လိုက်သည်။
သူ့ခြံလည်းမကောင်းပေ။ ငန်းရေကန်၌ဆို ပိုအဆင်ပြေချေမည်။
သူအရင်တစ်ခေါက် ငန်းရေကန်၌ ငရဲမီးတောက်အစေ့ကို သန့်စင်စဉ်က အဖြူရောင်ကျောက်လက်ရန်းများကို ဖျက်ဆီးမိလိုက်သည်ကို သတိရသွားသည်။ သို့သော် နောက်တစ်ကြိမ် ငန်းရေကန်သို့ လေ့ကျင့်ရန်ပြန်သွားရာ ဆန်းကြယ်စွာ ၎င်းတို့ ပြန်ပြင်ပြီးဖြစ်ကြောင်းကို သိလိုက်ရသည်။
“ငါ့ကိုသာ မမိကြရင် ငန်းရေကန်က လေ့ကျင့်ဖို့ အလကားရတဲ့ နေရာကောင်းတစ်ခုဖြစ်လာမှာ”
စားပွဲကို လက်ချောင်းကလေးများဖြင့် တောက်ရင်း ၎င်းက အကြံကောင်းဖြစ်ကြောင်းသိလိုက်ရသည်။ ထို့နောက် သူတကယ် ရေထချိုးရမလား မချိုးရဘူးလား တွေဝေသွားသည်။
သူညကောင်းကင်ကိုကြည့်လိုက်ရာ ၎င်းက မိုးဖွဲလေးများကျနေစဲဖြစ်သည်။ အရှေ့ကျွန်းမှ နေထွက်လာတော့မည်ဖြစ်ကြောင်းကိုလည်း သိလိုက်ရသည်။
ရေချိုးခြင်းကို မလုပ်မဖြစ်လုပ်ရမည်ဖြစ်သော်လည်း ပို၍ လေးနက် ပို၍ အရေးကြီးသည့်အရာများရှိနေသေးရာ ၎င်းတို့ကို လုပ်ပြီးမှ ချိုးလိုက်တော့မည်ဟု တွေးလိုက်သည်။
သူ့လက်များကိုပွတ်လိုက်ပြီး သူ့စိတ်ထဲရှိ အနီရောင်ဖန်သားပြင်ကို ကြည့်လိုက်လေသည်။
[ပင်ကိုယ်မှတ် : ၈၁၀၃၂]