Switch Mode

Chapter – 234

လူသားမိစ္ဆာ

Chapter – 234 လူသားမိစ္ဆာ

ချန်ရှန် ဟာ ဝိဉာဉ်ဖမ်းမိစ္ဆာကျိန်စာ ကို ကျွမ်းကျင် စွာ တတ်မြောက်နေပြီ ဖြစ်ပြီး အမြဲအသုံးပြုနေကျဖြစ်ပါ တယ် ။ လက်တစ်ဖက်ဖြင့် ထိုလူ၏ ခေါင်းအားကိုင်ကာ ဂါထာတစ်ခုကို ဆိုလိုက်တယ် ။ တချိန်တည်းမှာပဲ သူ၏ နတ်အတွင်းအား အာရုံများအား ထိုလူ၏ ခေါင်းထဲသို့ ထည့် လိုက်ပါတော့တယ် ။
“ဒီလူဆယ်ယောက်က ဘာတွေလဲ”
ချန်ရှန် မေးလိုက်တယ် ။
ထိုလူဟာ သေမလို ဖြစ်နေပေမယ့် ချန်ရှန် ဝိဉာဉ် ဖမ်း ကျိန်စာကို အသုံးပြုလိုက်တယ့်အခါ ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး အသက်မဲသော ပုံစံဖြင့် ယဉ် ကျေးစွာ ပင် –
“လူသားမိစ္ဆာ”
ဒီစကားလုံးများကို ဘိုင်ယုယု အံ့အားသင့်သွား တယ် ။
“အမတော် ယုယု ၊ ဒီ လူသားမိစ္ဆာ ဆိုတာကို သိ လား”
ချန်ရှန် ဒီကိစ္စဟာ သာမန်မဟုတ်ဘူးဆိုတာ သိ တယ် ။ ဒီရေခဲမိန်းကလေး ကြိမ်းသေ သိနေမည်ဟုလဲ သိနေပါတယ် ။
“ငါသိတယ် ၊ ဒီလူက သေခါနီးပီ ။ မင်းမေးစရာ ရှိ တာကို မြန်မြန်မေး ၊ နောက်မှမင်းကို အဲဒိအကြောင်း ပြောပြမယ်”
ဘိုင်ယုယု ပြန်ပြောပါတယ် ။
ချန်ရှန် ထိုလူကို ဆက်မေးလိုက်တယ် ။
“မင်းက မိစ္ဆာဂိုဏ်းက လူလား ၊ မင်းတို့မှာ စုစုပေါင်း ဘယ်နယောက်ရှိလဲ ။ ဒီမှာ ဘယ်လောက် ကြာပြီလဲ”
“ဟုတ်တယ် ၊ ငါတို့က အယောက်ငါးဆယ် ။ ဒီကို ရောက်နေတာ သုံးနှစ်လောက် ရှိပြီ”
ထိုလူက ပြန်ဖြေပါတယ် ။ အဖြေစကားကြောင့် ချန် ရှန် တခဏမျှ ငြိမ်သက်သွားတယ် ။ ဒီလူတွေဟာ တ ကယ်ပဲ ရောက်နေတာ သုံးနှစ်လောက်ရှိနေပြီ မဟုတ်ပါ လား ။
ချန်ရှန် ထပ်မေးလိုက်ပြန်ပါတယ် ။
“မင်းတို့ ငါးဆယ်အပြင် တခြားလူတွေကော ရှိသေး လား”
“နောက်ထပ် ငါးဆယ် ရှိသေးတယ်”
ထိုလူလည်း ပြောပြီးတာနဲ့ မျက်လုံးများ ပိတ်ကာ သေ သွားပါတော့တယ် ။ ၎င်းဟာ မြေကြီးအောက်မှာ ပုန်းနေခြင်း ဖြစ်သော်လည်း ချန်ရှန် ၏ ကောင်းကင်ဖြို ပုံ ဆောင်ခဲ ကြောင့် အတော်ပြင်းပြင်းထန်ထန် ထိခိုက် သွားတာပါ ။ ထိုကဲ့သို့ ပုံဆောင်ခဲ ဆယ်ခုကို တောင့်ခံ ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပါချေ ။
ချန်ရှန် အေးစက်စွာဖြင့် –
“မိစ္ဆာလမ်း ဂိုဏ်းတွေဟာ တကယ်ပဲ ရည်ရွယ်ချက် ရှိရှိ ယုတ်မာ ကြမှာပဲ ၊ လူ ၅၀ ကို ဖွက်ထားတယ့် အ ပြင် သူတို့က ရုပ်သေးရုပ်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာပါ သိကြတယ်”
“အမတော် ယုယု ၊ ဒီလူသားမိစ္ဆာ တွေ ဆိုတာ ဘာ တွေလဲ”
“မင်း ဒီနေရာက မြန်မြန်သွားတော့ ၊ မင်းသွားနေရင်း နဲ့ ငါပြောပြမယ် ။ ဒီနေရာက အကြာကြီးနေဖို့ သိပ်မသင့် ဘူး ။ ခဏနေ သူတို့လူတွေ ရောက်လာကြလိမ့်မယ် ။ မင်း လုပ်လိုက်တာ က အတော်အသံကျယ်တယ်လေ ၊ မင်း အစွမ်းထက် ပညာရှင်တွေ အများကြီးနဲ့ တွေ့ ရရင် လွယ်မှာ မဟုတ်ဘူး”
ဘိုင်ယုယု တိုက်တွန်းလိုက်တယ် ။
ချန်ရှန် ချက်ချင်းပဲ သူမွှေနှောက်ခဲ့သော နေရာမှ တဟုန်ထိုး ပြေးထွက်သွားတယ် ။ မကြာခင်မှာပဲ တောင် ကြီး တစ်ခုတွင်းသို့ ၀င်ခဲ့ပါတော့တယ် ။
“လူသားမိစ္ဆာ ဆိုတာက လူသားပဲ ၊ ဒါပေမယ့် မိစ္ဆာ ချီဓာတ်တွေကို စုပ်ယူပြီးတယ့်နောက် အလွန်သန်မာ လာ ကြတယ် ။ တချိန်တည်းမှာပဲ သူတို့ရဲ့ အသိတရား တွေ ဆုံးရှုံးသွားပြီး သတ်ဖို့လောက်ပဲ သိတော့တယ့် မိစ္ဆာတွေ အဖြစ် ပြောင်းလဲသွားကြတယ် ။ ဒါပေမယ့် အဲဒိ မိစ္ဆာတွေရဲ့ နတ်အတွင်းအား အာရုံတွေနည်းသွား တဲ့အခါ သူတို့ကို ထိန်းချုပ်ကြိုးကိုင်လို့ ရသွားမှာ”
ဘိုင်ယုယု ရှင်းပြပါတယ် ။
“မိစ္ဆာချီဓာတ် တစ်မျိုး ဟုတ်လား ၊ ဘာမိစ္ဆာချီဓာတ် လဲ”
ချန်ရှန် အံ့သြသည့် အသံဖြင့် မေးလိုက်တယ် ။
“အဲဒိလို ချီဓာတ်က သိပ်အများကြီးတော့ မရှိဘူး မလား”
“အဲဒါက ထူးခြားတဲ့ မိစ္ဆာချီဓာတ် တစ်မျိုးပဲ ၊ အတော် ကို ပြင်းထန်တဲ့ မိစ္ဆာချီဓာတ်ပဲပေါ့ ။ မိစ္ဆာပိုင်နက် ကနေ ကျူးကျော်လာတယ့်သူတွေ သေတယ့်အခါ ထုတ်လွှတ် တယ် ။ တောင်ပိုင်း စွန့်ပစ်နယ်မြေမှာ မိစ္ဆာပိုင်နက် က နေသေတယ့် လူတွေ အများကြီးရှိနေတယ်”
ဘိုင်ယုယု လေးလေးနက်နက် ပြောတယ် ။
“ငါထင်တာက တချို့ သော မိစ္ဆာလမ်းဂိုဏ်းသားတွေ ဟာ ဒီကို လာပြီး အဲဒိမိစ္ဆာချီဓာတ်တွေကို လာစုပ်ယူကြ တာ ဖြစ်မယ် ။ အဲဒါဆို သူတို့က လူသားမိစ္ဆာတွေ အဖြစ် ပြောင်းလဲသွားမယ်လေ ။ အခုကျ သူတို့လူတွေရဲ့ ထိန်း ချုပ်တာ ခံသွားရတယ့် ရုပ်သေးရုပ်လေးတွေ ဖြစ်သွားရ တော့ တာ ပဲ”
ပြေးနေရင်း ချန်ရှန် ရုတ်တရက် ရပ်သွားတယ် ။ သူ ပတ်ဝန်းကျင်ကို တချက်ကြည့်ကာ သက်ပြင်းချရင်း –
“တချို့ အစွမ်းရှိတယ့် ဝိဉာဉ်တော် သားရဲတွေသာ မိစ္ဆာချီဓာတ်တွေ စုပ်ယူမယ်ဆို ပိုပြီး အစွမ်းရှိသွားမှာပဲ ။ မြင်သမျှ လူတွေ လိုက်သတ်နေတော့မှာပေါ့နော်”
“အင်း”
ဘိုင်ယုယု ပြန်ဖြေလိုက်တယ် ။
“တောင်ပိုင်း စွန့်ပစ်နယ်မြေရဲ့ အန္တရာယ် အရှိဆုံး အပိုင်း က ဒီမိစ္ဆာချီဓာတ်တွေကို စုပ်ယူထားတဲ့ သားရဲ တွေ ရှိတယ့် နေရာပဲ ။ ယေဘူယျအားဖြင့် သူတို့ကို သားရဲမိစ္ဆာလို့ ခေါ်တယ်”
“အမတော် ၊ ဒီ သားရဲမိစ္ဆာတွေကိုကော ဒီ မိစ္ဆာလမ်း ဂိုဏ်းက လူတွေ ကြိုးကိုင်နိုင်ကြလား”
စုမေးယို မေးလိုက်တယ် ။
“ဖြစ်နိုင်ပေမယ့် ဒီလို ကြိုးကိုင်နိုင်ဖို့ အတော်ခက်ခဲ တယ် ။ ဝိဉာဉ်တော် သားရဲတွေက လူတွေနဲ့ မတူဘူး ၊ အဲဒိ သားရဲမိစ္ဆာထက် အစွမ်းပိုရှိတယ့်လူ ဆိုရင်တော့ ဒီလို ကောင်တွေကို ထိန်းချုပ်နိုင်လိမ့်မယ်”
ဘိုင်ယုယု က ပြောပါတယ် ။
ချန်ရှန် အံ့ကြိတ်ကာ ကျိန်ဆဲလိုက်တယ် ။
“မိစ္ဆာလမ်းက ခွေးသူတောင်းစားတွေ ၊ ဒီလိုနေရာ မှာ ပြိုင်ပွဲလုပ်ချင်တယ် ဆိုတာ အံ့သြစရာမရှိပါဘူး ။ သူတို့က ဒီလိုနေရာကို အစောကြီးထဲက ရောက်နေပြီး အစီအစဉ်တွေလည်း ချထားပြီးသား ။ မဖြစ်ဘူး ၊ အပြင် ထွက်ပြီး သွားပြောမှပဲ”
“နောက်ကျသွားပြီ ၊ သူတို့ က အခု ၀င်လာကြပြီ ၊ ခုန ကပဲ ၀င်ပေါက်ကနေ အစွမ်းထက် ချီငွေ့ တွေ ၀င်လာ တာ အာရုံရတယ်”
မိစ္ဆာလမ်းဂိုဏ်းမှ လူ တစ်ရာ ဟာ ဒီနေရာမှာ ရှိနေ ကြတာ ဖြစ်ပြီး အားလုံးဟာ အစွမ်းထက်တဲ့သူတွေချည်း ပါပဲ ။ ဒါ့အပြင် ရုပ်သေးရုပ်များကိုလည်း ကြိုးဆွဲပိုင်နိုင်ပါ သေး တယ် ။ လက်ယာဂိုဏ်းမှ လူများကတော့ ဒုက္ခတွေ့ တော့မှာ ဖြစ်ပြီး သားရဲမိစ္ဆာများ နှင့်ပါ ရင်ဆိုင်ရဦးမှာ ဖြစ် ပါတယ် ။ ဘယ်လောက်ထိ အစွမ်းရှိသလဲ ဆိုတာက တော့ ဘုရားသာသိပါလိမ့်မည် ။
“ဒီကောင်တွေကို ရှာဖို့ လိုနေပြီ”
ချန်ရှန် ပြောနေရင်းဖြင့် ၀င်ပေါက် ကို ပြေးသွားပါ တယ် ။
“ဒီတောင်ပိုင်းစွန့်ပစ်နယ်မြေ ရဲ့ အောက်ပိုင်းမှာ အ စွမ်းထက် သားရဲမိစ္ဆာတွေ နဲ့ လူသားမိစ္ဆာတွေ ရှိတယ် ၊ ငါ လန့်နေမိတာက ဂိုဏ်းချုပ်တွေတောင် ဒီသားရဲတွေ ကို မထိန်းချုပ်နိုင်မှာကိုပဲ”
ဘိုင်ယုယု ပြောလိုက်တယ် ။
လောင်ဆုရီ ကလည်း –
“ကံကောင်းတာက ဒီကောင်တွေကို နှိမ်နင်းနိ်ုင်တဲ့ သဘာဝတိုင်း ဖြစ်ပေါ်နေတဲ့ အစီအရင်တစ်ခု ရှိနေလို့ပဲ ၊ ဒီကောင်တွေသာ လွတ်လာရင် ဒုက္ခရောက်မှာ”
စုမေးယို ရုတ်တရက် တည်ငြိမ်သော အသံဖြင့် –
“မင်း ခုနက အဖြစ်အပျက်ကို သတိထားမိလား ၊ သူတို့ ချန်ရှန် ကို ဖမ်းဖို့ ပိုက်ကွန်ကို သုံးတယ်မလား ၊ သာ မန် အခြေအနေမှာ ဆို ရုတ်တရက် တိုက်ခိုက်တာ မျိုး လုပ်ရမှာ ၊ ဒီလူဆယ်ယောက် တစ်ချိန်တည်းမှာ ချန် ရှန်ကို တိုက်ပြီး ပိုက်ကွန်ကိုပါ သုံးတယ် ။ နောက် သူတို့ ကိုယ်တိုင်လည်း ကိုယ်ထင်ပြလိုက်တယ်နော်”
ဘိုင်ယုယု ကလည်း –
“ဟုတ်တယ် ၊ သူတို့ ချန်ရှန်ကို ဖမ်းချင်နေတာလား ၊ သူုတို့ တခြားလူတွေကိုကော ဖမ်းမလားမသိဘူး ၊ ဘာလို့ပါလိမ့်”
လောင်စုရီ ရုတ်တရက် ထအော်တယ် ။
“စတေးခံဖို့”
ဒီစကားလုံးကို ကြားတယ့်အခါ ဘိုင်ယုယု နှင့် စုမေး ယိုတို့ ဆွံ့အသွားကြတယ် ။ အထူးသဖြင့် ဘိုင်ယုယု မှာ ချက်ချင်း အေးစက်စွာဖြင့် –
“ချန်ရှန် ၊ ငါတို့ သေချာပေါက် ဒီလူတွေကို ရပ်တန့်ရ မယ် ။ သူတို့က စတေးခံမယ့် အစီစဉ်ကို လုပ်နေတာပဲ ၊ မိစ္ဆာနယ်မြေ သင်္ချိုင်းတွေထဲက မိစ္ဆာကောင်တွေ မှာ အကြံအစည် ရှိရမယ် ။ မိစ္ဆာပိုင်နက် သွားတယ့် လမ်း ကြောင်းကို မဖွင့်ချင်ကြပေမယ့် သူတို့ဟာ မိစ္ဆာပိုင်နက် က စွမ်းအားကြီး ပညာရှင်တွေ အစီအရင်ကို ဖျက်စီးဖို့ လိုချင်ကြတာ ဖြစ်တယ် ။ အဲဒါဆို စွမ်းအားကြီး လူသား မိစ္ဆာတွေနဲ့ သားရဲမိစ္ဆာတွေဟာ ဖုံးကွယ်ထားတဲ့နေရာ က နေ လွတ်လာနိ်ုင်မယ်လေ”
“ဒါမှမဟုတ် ဖြစ်နိုင်တာက စွမ်းအားကြီးတဲ့ လူတစ် ယောက်ကို နိုးထစေချင်တာလည်း ဖြစ်နိုင်တယ်”
လောင်ဆုရီ က ထပ်လောင်းပြောပြန်တယ် ။
စကားများကို နားထောင်ရင်း ချန်ရှန် အတော်လန့် နေတယ် ။ ဒီလိုသာ ဖြစ်လာမယ် ဆိုပါက နယ်ပယ်သုံးခု စစ်ပွဲမတိုင်ခင်မှာပဲ ချန်ဝူနယ်မြေ တစ်ခုလုံးဟာ ပြိုကွဲ သွားနိုင်ပါတယ် ။
မိစ္ဆာလမ်း ဂိုဏ်းတွေမှာ ဒီလိုအကြံဆိုးတွေ ရှိနေလိမ့် မည်ဟု သူမထင်ခဲ့ပါပေ ။ သူချက်ချင်းပဲ ဂုဒွန်ချန် တို့အား သွားပြောရန် လိုနေပါပြီ ။
ချန်ရှန် ရုတ်တရက် ခြေလှမ်းများကို မြှင့်တင်လိုက်ပါ တယ် ။ သူ့ရှေ့ မှာ ရှိနေသည့် တောင်များ တစ်ခုချင်းဆီ ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ –
“ကျွန်တော် လမ်းမှားလာတာများလား ၊ ၀င်ပေါက် ကို လည်း မမြင်ပါ့လား”
“မှားပြီ ၊ ဒုက္ခတော့ ရောက်ပြီဟေ့ ၊ လမ်းပိတ်လိုက် ပြီ ၊ ဘယ်လိုလုပ်ရပါ့”
ချန်ရှန် မြေပြင်ကို ကြည့်နေတယ် ။ သူ့ခြေရာများကို ပြန်ကြည့်မိရင်း သူလမ်းမမှားဘူးဆိုတာ သိလိုက်ပါ တယ် ။
“အစီအရင်ပဲ ၊ အဲဒိထဲကို ၀င်တယ့် ဘယ်သူမဆို ပြန် ထွက်ဖို့ ခက်သွားပြီ ၊ ဒီနေရာကြီးတစ်ခုလုံးကို တစ်ဦးဦး က လုပ်ထားတာ ဖြစ်မယ် ။ စွန့်ပစ်နယ်မြေက ဒီမတိ်ုင်ခင် ဒီလို မဟုတ်သေးဘူး ၊ တောနက်ထဲ ၀င်မိရင်တောင် ပြန် ထွက်လို့ရတယ်”
စုမေးယို လေးလေးပင်ပင် ပြောပါတယ် ။
ချန်ရှန် သူ၏ အနီရင့်ငှက် တောင်ပံများကို ထုတ် ကာ ကောင်းကင်ပေါ် ပျံတက်သွားတယ် ။ ဒါပေမယ့် သူ အမည်းရောင် တိမ်တိုက်များအား ထိလိုက်တယ့်အခါ မိစ္ဆာစွမ်းအားများက ရုတ်တရက် သူ့ကို ထိခိုက်စေပါ တော့ တယ် ။ အနီရောင် လျှပ်စီးတစ်ခု သူ့ဆီ ဦးတည် လာတာကို မြင်တွေ့ လိုက်ရတာကြောင့် ချက်ချင်းပင် အမည်းရောင်လိပ် ချပ်ဝတ်ကို ထုတ်ကာ ခုခံလိုက်ရပါ တယ် ။ သို့သော်လည်း ပြင်းထန်လှသော အားကြောင့် မြေပြင် ပေါ်သို့ လဲကျသွားပါတော့တယ် ။
“အတော်အားပြင်းတဲ့ စွမ်းအားပဲ ၊ မိစ္ဆာတွေ ပုန်းခိုနေ နိုင်တာလည်း အံ့သြစရာတော့ မရှိပါဘူး ။ ကြည့်ရတာ မင်းတော့ အပြင်နဲ့ ဆက်သွယ်လို့ မရတော့ဘူးထင် တယ်”
စုမေးယို ပြောလိုက်တယ် ။
ချန်ရှန် မြေပြင်ကို ကြည့်ရင်း ကျိန်ဆဲနေမိတယ် ။ သူ တခြားလူများ ၏ ခြေရာကို ကျန်မကျန် လိုက်ရှာဖို့ ကြိုး စားသော်လည်း မည်သည့်အရာမျှ ရှာမတွေ့ ပါချေ ။
“အဲဒိဂိုဏ်းချုပ်တွေကလည်း ၀က်တွေလိုပဲ ၊ သူတို့ အားလုံး မိစ္ဆာလမ်းက လူတွေ လှည့်စားတာကို ခံလိုက် ရပြီ ။ ငါတို့ပါ ဒုက္ခရောက်တယ်”
ချန်ရှန် စိတ်ထဲ မကျေမနပ်ဖြစ်နေတယ် ။ သူ အသက်ရှင်နေဆဲ ဖြစ်သော်လည်း ဂိုဏ်းချုပ်များအား မရပ်မနား ကျိန်ဆဲနေပါတော့တယ် ။
ချန်ရှန် ကူညီရာမဲ့နေပါပြီ ၊ သူ့မှာ သွားစရာလမ်း တစ်လမ်းသာ ရှိပါတယ် ။ မိစ္ဆာပညာရှင်များနဲ့ ရင်ဆိုင်ရန် ဖြစ်ပြီး ၎င်းတို့ထံမှ ထွက်ပေါက်ကို သိနိုင်မည် ဖြစ်ပါ တယ် ။ ဒီလိုနည်းလမ်း သာ သုံးရန် ရှိပါတော့တယ် ။
“ငါ လျူမန်ဂါကို လုံးဝမကျေနပ်ဘူး ၊ ဒီမိန်းမက အရေးမပါတာ ရှန်းရှန်း ကော လန်ယုလန် ကောပါ ခေါ် လာရတယ်လို့ ။ ဒီလို အန္တရာယ်တောထဲကိုကွာ”
“ရှောင်ဒို ၊ အကိုတော်ဇု ၊ မြွေမျက်လုံး ၊ကွမ်ချင် တို့ ၊ ငါတော့ မင်းတို့ကို ဒုက္ခပေးမိပြီ”
ချန်ရှန် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပါလေ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset