Switch Mode

Chapter – 60

ငရဲမီးတောက် ကောင်းကင် မီးလျှံ

အပိုင်း (၆၀) ငရဲမီးတောက် ကောင်းကင် မီးလျှံ

ငရဲမီးတောက်အစေ့ သိသိသာသာကြီး သေးငယ်သွားသည်။

သူ့ ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင် သိသိသာသာ တိုးမြင့်သွား၏။

ပထမ သန့်စင်မှုပြီးသည်နှင့် စုရှောင်ရှန် ရပ်တန့်လိုက်သည်။

ဖြစ်စဉ်က သူတွေးထားသည်ထက် ပို၍ လွယ်ကူလေသည်။ သူကြောက်ရွံ့နေသည့်အရာများ တကယ်ဖြစ်မလာပါ။

စုရှောင်ရှန် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ငရဲမီးတောက်အစေ့ကိုကြည့်ရသည်မှာ အားနည်းသွားဟန်ရသည်။

‘မဟုတ်သေးဘူး…’

‘တစ်ခုခုတော့မှားနေပြီ’

သူအိမ်အပြင်သို့ လေးလေးပင်းပင်းထွက်သွားလိုက်သည်။ ညလေညှင်းကလေးက တီးတိုးတိုက်ခတ်သွားရာ သူ့အ၀တ်အစားများ လေထဲ၌လူးလွင့်သွားသည်။ စုရှောင်ရှန် နားထင်ကို ဖိပြီး ညကောင်းကင်ကြီးကို အထီးကျန်သော မျက်နှာအမူအရာဖြင့် မော့ကြည့်လိုက်၏။

“ကြည့်ရတာ ငရဲမီးတောက်အစေ့က အားနည်းသွားတာမဟုတ်ဘဲ။ ငါကပဲ…”

“သန်မာလာတာ”

ဝူးးးးး

အေးစိမ့်စိမ့်လေညှင်းကလေးနှင့်အတူ မိုးတိမ်မဲများစုစည်းလာကာ ညကောင်းကင်က မြေကမ္ဘာပေါ်သို့ ငိုချတော့မည့်ဟန် ပေါက်သွားသည်။ ထိုအချိန်မှ “အောက်ခြေလွတ်သည်” ဟူသည်ကို မည်သည်မှန်း သိလိုက်ရသည်။

တစ်အောင့်ကြာပြီးသော် သူအသိပြန်၀င်လာခဲ့သည်။

ငရဲမီးတောက်အစေ့က သူ့အား အန္တရာယ်မပြုနိုင်တော့သည်ကို သိရာ အချိန်‌ဆိုင်းမနေဘဲ သန့်စင်ခြင်းကို အရှိန်မြှင့်လိုက်သည်။ ကနဦးက သန့်စင်ခြင်းကို ပန်းတိုင်ထားသည်ကို ပင်ကိုယ်မှတ်များများရရှိရေးအဖြစ်သို့ပြောင်းလိုက်၏။ သို့သော် တစ်စုံတစ်ခုလိုသေးသည်။

“ငရဲမီးတောက်ကောင်းကင်” ကျင့်စဉ်ကို သူမြန်မြန်ပြီးမြောက်အောင် လေ့ကျင့်ချင်ပါသည်။

၎င်းက ပြောစရာမလိုအောင် အလွန်သန်မာသော စိတ်ဝိညာဉ်နည်းစနစ်တစ်ခုဖြစ်ပြီး နည်းစနစ်ကျင့်ကြံရာတွင် ပါရမီမပါသည့် သူ့လိုလူအတွက်တော့ အံ့ကိုက်ဖြစ်၏။

ပြတ်သားသည့်အကြည့်တစ်ခု ထင်ဟပ်လာပြီး တင်ပြင်ခွေထိုင်ချလိုက်ကာ နာကျင်မှုကို ကြိတ်ခံပြီး အနီရောင် မြူခိုးများကို နောက်တစ်ကြိမ် ထပ်ထုတ်လိုက်လေသည်။

စုပ်ယူ

ထပ်လွှတ်…

စုပ်ယူ

လွှတ်..

ထိုစဉ် ဒဏ်ခံနိုင်မှုက အသုံးတည့်လာသည်။ ယခင်ဘ၀က သူ့ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် တစ်စုံတစ်ခု ဖြစ်ပေသည်။

ပန်းတိုင်တစ်ခုကို သူမှတ်လိုက်သည်နှင့် သူ့အတွက်မျှော်လင့်ချက်ရှိလာပြီး ၎င်းကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ပန်း၀င်အောင်လုပ်တတ်၏။ ဖြစ်စဉ်က မည်မျှ နာကျင်ခံစားရမည်ဆိုစေဦးတော့။

အချိန်ကုန်တာနဲ့အမျှ သူ့ကိုယ်ထဲရှိ အစေ့လည်း ထပ်၍ ကျုံ့သွားခဲ့ပြီး သူ့စိတ်ထဲ၌ ပင်ကိုယ်မှတ်များလည်း အဆက်မပြတ် တက်လာနေ‌ခဲ့လေသည်။

[ပင်ကိုယ်မှတ် : ၄၃၂၂၀]

[ပင်ကိုယ်မှတ် : ၅၃၄၄၉]

[ပင်ကိုယ်မှတ် : ၆၄၁၂၂]

ညအချိန်သို့ကျသော် သူ့ကိုယ်တွင်းရှိ ငရဲမီးတောက်အစေ့အားလည်း ဒန်ထျန်ထဲသို့ အပြီးပိုင်စုပ်ယူပြီးသွား၏။ စိတ်ဝိညာဉ်စွမ်းအင်များ ၀ရုန်းသုန်းကား ဖြစ်နေပြီး သူ့တစ်ကိုယ်လုံး၌ ပြည့်နေလေသည်။

“ငါလုပ်လိုက်နိုင်ပြီ”

သူ့မျက်လုံးများဖွင့်လိုက်ရာ မီးတစ်ချက်တောက်သွားသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ရုတ်ရုတ်သဲသဲဖြစ်နေသော စွမ်းအင်များကို အာရုံခံလိုက်ပြီး စက္ကန့်နဲ့အမျှ သန်မာလာတာကို ခံစားလိုက်ရခြင်းက စွမ်းရည်မှတ်များကို နည်းစနစ်များအတွင်းသို့ ထည့်လိုက်သည်နှင့် ဆင်တူသည်။

သူ့ဒန်ထျန်အတွင်း၌ ရှိသော ငရဲမီးတောက်အစေ့က လုံးလုံးကုန်သွားပြီဖြစ်သော်လည်း ငရဲမီးတောက်စိတ်ဝိညာဉ်အနှစ်များကို ကျင့်ကြံခြင်းကတော့ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းလောက်သာရှိသေးချေသည်။

“အဲ့ဒီအဖိုးကြီး ဒါလေးတောင် မသိဘူးလားဟ ငါ့ကို တစ်လွဲကြီးပြောလိုက်တယ်”

ထို့နောက် နောက်ထပ် အစေ့တစ်စေ့ပါရှိသော ပုလင်းကို သူထုတ်ယူလိုက်သည်။

သူ့မျက်နှာက အိမ်စာလုပ်ရန်ရှိသေးသည့် ကလေးတစ်ယောက်အလား ရှံ့မဲ့သွားသည်။

“ချီးပဲကွာ..”

နောက်တစ်ကြိမ်ပြန်ထိုင်လိုက်ပြီး အရာအားလုံးကို ခေါင်းထဲမှ ထုတ်လိုက်၏။ ကောင်းကင်သို့မော့ကြည့်‌လိုက်ပြီး နေမထွင်ခင် ငရဲမီးတောက်စိတ်ဝိညာဉ်အနှစ်ကို ရအောင်လုပ်မည်ဟု သန္နိဠာန်ချလိုက်သည်။

သို့ဖြင့် အစေ့ကိုမျိုချပြီး စတင်သန့်စင်လိုက်၏။

ညအချိန်က တိတ်ဆိတ်နေကာ လေညှင်းကလေးကလည်း ညှင်သာစွာတိုက်ခတ်သွားသည်။ အပြင်ဘက်၌ ထိုစဉ် မိုးဖွဲဖွဲရွာနေလေ၏။

အကြီးအကဲစန်းသာရှိပါက စုရှောင်ရှန် ပြသသော ဒဏ်ခံနိုင်မှုကြောင့် အံ့အားသင့်ပြီး အထိတ်တလန့်ဖြစ်သွားရပေမည်။

သူတတိယ ငရဲမီးတောက်အစေ့ကို စုရှောင်ရှန်အားပေးခဲ့သော်လည်း အစေ့နှစ်စေ့ကို တစ်နေ့အတွင်း သန့်စင်ပါလိမ့်မည်ဟု မထင်ထားချေ။

၎င်းက ဒဏ်ခံနိုင်မှုပင်မဟုတ်တော့ချေ။ အလွန်ကြမ်းတမ်းသော နာကျင်မှု၌ သာယာ‌သော များသာ ဤသို့ လုပ်နိုင်လေမည်။

ရှူးးး

အနီရောင်မြူခိုးများထွက်လာခဲ့ပြီး ၎င်းကို သူပြန်ရှိုက်လိုက်သည်။

[အတိုက်ခိုက်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[အတိုက်ခိုက်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“…”

သူ့ခန္ဓာကိုယ် ပူသည်ထက်ပူလာပြီး နာကျင်မှုနှင့်အတူ ပင်ကိုယ်မှတ်တို့လည်း လိုက်ပါလာလေ၏။

[ပင်ကိုယ်မှတ် : ၇၃၃၂၂]

[ပင်ကိုယ်မှတ် : ၈၁၀၀၈]

“…”

အချိန်နဲ့အမျှ သူ့ဒန်ထျန်ထဲရှိ မြူခိုးသဏ္ဌာန်စိတ်ဝိညာဉ်စွမ်းအင်များ စေးပြစ်လာခဲ့ပြီး အနီရောင်မှ နောက်ဆုံး အရောင်မဲ့သော အရည်များအဖြစ်သို့ တဖြေးဖြေး ပြောင်းသွားခဲ့၏။

ဤစိတ်ဝိညာဉ်စွမ်းအင်များ နောက်ဆုံး အဆီပျစ်ခဲ အခြေအနေသို့ သိပ်သည်းသွားလျှင် ငရဲမီးတောက် စိတ်ဝိညာဉ်အနှစ် ကိုရရှိပြီဖြစ်သည်။

သူ့ကိုယ်တွင်ထဲတွင် လက်သည်းဆိတ်လောက်သာ အစေ့ကလေးကျန်တော့၏။ ထို့နောက် နာကျင်မှုကို လစ်လျူရှူပြီး အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်ရာ ဒန်ထျန်ထဲ၌ လုံးလုံး ပျောက်ကွယ်သွားသည်။

ဘုန်း

သူ့ဒန်ထျန်တုန်ခါသွားပြီး စိတ်ဝိညာဉ်စွမ်းအင်များ သိပ်သည်းလာခဲ့သည်။ ထို့နောက် အနီရင့်ရောင် စိတ်ဝိညာဉ်အနှစ်အဖြစ်သို့ ဒန်ထျန်ထဲ၌ ပြောင်းလဲသွားသည်။

သို့ဖြင့် ထိုအရာများအားလုံးပြီးသော် စိတ်ဝိညာဉ်စွမ်းအင်များပေါက်ကွဲထွက်သွားခြင်းနှင့်အတူ သူလည်းအဆင့်တက်သွားခဲ့‌၏။

စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၉) သို့ရောက်သွားလေပြီ။

စိတ်ဝိညာဉ်အနှစ်များ အေးလာရာ အနီရင့်ရောင်မှ အဖြူရောင်အဖြစ်သို့ အရောင်ဖျော့တော့သွား၏။ အရာအားလုံးနောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။

ဟူးးး

သူအသက်ရှိုက်ထုတ်လိုက်ပြီး သူ့မျက်နှာပေါ်၌ စိတ်လှုပ်ရှားသော အမူအရာများပေါ်လာခဲ့လေသည်။

သူလုပ်လိုက်နိုင်လေပြီ။

ငရဲမီးတောက်အနှစ်က အဖြူရောင်ဖြစ်ပြီး ကြီးမားသည့်ခွန်အားနှင့် မြင့်မားသော အပူချိန်တို့ဖြင့် လောင်ကျွမ်းနေသည်။ ၎င်းက တောင်တစ်လုံးကဲ့သို့ ကြံ့ကြံ့ခိုင်နိုင်ကာ မိုးကြိုးကဲ့သို့ ဟိန်းနိုင်လေသည်။

ထို့နောက် သူ့ကိုယ်တွင်းရှိ စိတ်ဝိညာဉ်အနှစ်ကို ထုတ်ယူရန် ကြိုးစားလိုက်သည်။ ၎င်း၏ အနည်းအကျဥ်းစာကိုက စိတ်ဝိညာဉ်စွမ်းအင်တုန်းကထက် အဆမတန်ပို၍ အပူစွမ်းအင်များပါလေသည်။

၎င်းကိုသူ့လက်ထိပ်၌ ရစ်ပတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ထိုးချလိုက်သည်။ သူ့လက်ချောင်းများဖြင့် ထိပင်မထိရသေးသော်လည်း မထင်မှတ်ထားစွာ သူ့အောက်ရှိ ကျောက်တုံးကို အရည်ပျော်ကျသွားစေလိုက်၏။

“ကြမ်းတယ်ဟ”

စုရှောင်ရှန် ၀မ်းသာသွားသည်။ သူ့တိုက်ခိုက်မှုမှ အနှစ်က သိသိသာသာ အဖျက်စွမ်းအားကြီးပေသည်။

၎င်းကို ခွန်အားနှင့် ချွန်ထက်ခြင်းတို့ဖြင့် ပေါင်းလိုက်လျှင် မည်သည်ဖြစ်လာမည်ကို သိချင်သွားသည်။

ကျစ် ကျစ်

စုရှောင်ရှန် ‌ဆုတ်သတ်လိုက်ပြီး ဤသို့ ပင်ကိုယ်မီးစွမ်းအင်ဖြစ်သည့် ငရဲမီးတောက်အနှစ်ကို စတင်ခြင်းနယ်ပယ်၌ပင် ကျွမ်းကျင်နိုင်သွားသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ပြိုင်စံရှား ပါရမီရှင်တစ်ယောက်အလားခံစားလိုက်ရသည်။

“‌ဆိုတော့ ငါ့ငရဲမီးတောက်ကောင်းကင်မီးလျှံကို ဆက်စမ်းကြရမယ်”

စာလိပ်အရ ငရဲမီးတောက်ကောင်းကင်ကိုကျင့်ကြံခြင်းတွင် နောက်တစ်ဆင့်မှာ ငရဲမီးတောက်ကောင်းကင်မီးလျှံကို အရယူခြင်းဖြစ်သည်။

အဖြူရောင်စိတ်ဝိညာဉ်အနှစ်များ သူ့လက်ဖဝါး အလယ်တည့်တည့်သို့ စီးဆင်းသွားလိုက်ပြီး အခန်းအတွင်းအပူချိန်ကို ရုပ်ချည်း တိုးမြှင့်လိုက်၏။

စိတ်ဝိညာဉ်အနှစ်ကို သိူစိတ်ဖြင့်ထိန်းချုပ်ပြီး ၎င်းကို သိပ်သည်းရန် ကြိုးပမ်းလိုက်သည်။ သို့ဖြင့် သူ့လက်ဖဝါးအမှတ်တစ်နေရာ၌ ကြောက်မက်ဖွယ်ရာ စွမ်းအင်များသိပ်သည်းလာသည်ကို အာရုံခံမိလိုက်၏။

ချွေးတစ်လုံးလုံးဖြင့် တစ်ချက်ကလေးမှ စိတ်မလျော့ရဘဲ သူ့အကြားအမြင်ကို အဆုံးထိ တိုးမြှင့်လိုက်ကာ သူ့လက်ဖဝါးပေါ်မှ စွမ်းအင်ကို တိကျသေချာစွာ ထိန်းချုပ်လိုက်လေသည်။

တစ်ချက်ကလေးသတိလွတ်သွားလျှင်တောင် ဤစွမ်းအင်များပေါက်ကွဲထွက်သွားနိုင်သည်ကို သူသိသည်။ သူ့တွင် သေချင်သော ဆန္ဒမရှိပါချေ။

သူ၎င်းကို အဆုံးစွန်သော တိကျမှုဖြင့်ထိန်းချုပ်လိုက်ပြီး လိုအပ်သလို ပြောင်းလဲမှုများ အဆက်မပြတ်လုပ်လိုက်သည်။

သူ့လက်ဖဝါးပေါ်မှ အဖြူရောင်အနှစ်မှာ အလွန်သိပ်သည်းလွန်း၍ မကြာခင် လုံးလုံးပင် ပျောက်ကွယ်သွား၏။

ဂျစ် ဂျစ်

မီးတောက်မီးစအသံကို သူရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

သူ့လက်ဖဝါးကိုကြည့်လိုက်ရာ မည်သည်ကိုမှမတွေ့‌ရချေ။ သို့သော် ထိုနေရာ၌ အလွန်အမင်း ရုန်းရင်းဆန်ခက်ဖြစ်နေသော စွမ်းအင်များရှိနေသည်ကိုတော့ သိရသည်။

ငရဲမီးတောက်ကောင်းမီးလျှံ့က အရောင်မရှိပေ။ ၎င်းက သဏ္ဌာန်မဲ့ မီးစများ ကဲ့သို့ တစ်ချက်တစ်ချက်တောက်ပနေပြီး လုံးလုံး ဖောက်ထွင်းမြင်နိုင်လေသည်။ ၎င်းက အရာအားလုံးကို လောင်ကျွမ်းနိုင်သည်။

၎င်းက ကျောက်စိမ်းစာလိပ်ထဲ၌ ပြောထားခြင်းမျိုး ဖြစ်သည်။ စုရှောင်ရှန် ချဲ့ကားပြောနေခြင်းလားဟု တွေးလိုက်ကာ စိတ်ဝိညာဉ်သလင်းကျောက်တုံးတစ်တုံးကိုထုတ်ယူလိုက်သည်။

၎င်းက ‌လုံး၀ ကျောက်အတိဖြစ်ကာ စိတ်ဝိညာဉ်စွမ်းအင်သိပ်သည်းမှုကလည်းမြင့်မားသည်။ စမ်းသပ်မှုအတွက် အလွန် အသုံး၀င်သောပစ္စည်းဖြစ်သည်။

စိတ်ဝိညာဉ်သလင်းကျောက်တုံးကို မမြင်ရသော စွမ်းအင်များရှိနေသည့် သူ့လက်ဖဝါးပေါ်တင်လိုက်သည်။ မီးတောက်အား အပူရှိန်တောင်မမြင့်ရသေးပေ သလင်းကျောက်က စတင် အငွေ့ပျံလာခဲ့၏။

“ဘာလဲဟ…”

အလွန်အံ့အားသင့်သွားသဖြင့် စိတ်ဝိညာဉ်ကျောက်တုံး သူ့လက်ပေါ်မှ ကျသွားလေသည်။

ရှဲ

စိတ်ဝိညာဉ်သလင်းကျောက်တုံးကျသွားပြီး မြေပြင်နှင့်မထိခင်ပင် လုံးလုံး အငွေ့အဖြစ်သို့ပြောင်းသွားကာ ပတ်၀န်းကျင်သို့ ပြန့်နှံ့သွား၏။

“လခွမ်း..”

ဤအချင်းအရာကြောင့် စုရှောင်ရှန် တုန်လှုပ်သွားသည်။ သူ့လက်ဖဝါးပေါ်ရှိ ထွင်းဖောက်မြင်နိုင်သော မီးလျှံသေးသေးလေးက ထိုမျှ ပူသဖြင့် အဖျက်စွမ်းအားကြီးပါသည်လော။ သို့ဆိုလျှင် မည်သူက သူ့တိုက်ခိုက်ချက်များကို ကာကွယ်နိုင်မည်နည်းဟု စဉ်းစားလိုက်သည်။

စိတ်ဖြင့် ထိုလက်ဖဝါးပေါ်မှ မီးလျံနှင့်အတူ ပြန့်ကျက်သွားသော စိတ်ဝိညာဉ်စွမ်းအင်များကို ဒန်ထျန်အတွင်းသို့ ပြန်စုပ်ယူလိုက်သည်။

၎င်းက အသက်ရှူခြင်းနည်းစနစ်၏ စွမ်းပကားဖြစ်သည်။ စွမ်းအင်တစ်ပိုင်းတစ်ကိုမှ အလကာားအဖြစ်မခံပါပေ။

ဟူးးးး

ထိုစွမ်းအင်များ စုရှောင်ရှန်၏ ကိုယ်အတွင်းလည်ပတ်သွားပြီး တစ်ညလုံး အလုပ်လုပ်ထားရသော သူ၏ နွမ်းနယ်မှုများကို ငြိမ်းသက်ပေးလိုက်ရာ စုရှောင်ရှန် သက်တောင့်သက်သာရဟန်ဖြင့် ညည်းလိုက်သည်။

အရာအားလုံး ချောမွေ့နေရာ သူလက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ ထို‌ အကြီးအကဲစန်းပေးသော နည်းစနစ်ကို ပြီးပြည့်စုံစွာ ကျင့်ကြံနိုင်ရန် ခြေတစ်လှမ်းစာလောက်သာ လိုတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset