Switch Mode

Chapter – 59

အသက်ရှူခြင်းစွမ်းရည်၏ အခြေခံပြောင်းလဲခြင်း

အပိုင်း (၅၉) အသက်ရှူခြင်းစွမ်းရည်၏ အခြေခံပြောင်းလဲခြင်း

ရွှေနီဆေးပုလင်း(၁၀) လုံးကျော်ကျော်ကို သူ့ရှေ့ကြမ်းပြင်၌ စုရှောင်ရှန် စီထားလိုက်သည်။ ငွေကိုရေလိုသုံးခြင်းပင်။

စုရှောင်ရှန် အဆင်သင့်ဖြစ်ပြီဖြစ်သော်လည်း အနည်းငယ် တုန့်ဆိုင်းသွားသေးသည်။

အသက်ရှူခြင်းနည်းစနစ်ဖြင့် ငရဲမီးတောက်အစေ့အားသန့်စင်ချိန်ကို တစ်လမှ ခြောက်နာရီသို့ သူလျော့ချနိုင်လေသည်။

သို့သော် ၎င်းက သူ့အသက်ရှူခြင်းနည်းစနစ် စတင်ခြင်းနယ်ပယ် အဆင့်(၆) ၌ ရှိနေတုန်းကဖြစ်သည်။

အကြိမ်ပေါင်းများစွာ စမ်းသပ်ခြင်းမှ အတွေ့အကြုံများဖြင့် ပင်ကိုယ်စွမ်းရည်များ စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်သောအခါ အခြေခံကအစ ပြောင်းလဲတိုးတက်သွားသည်ကို သူသိလိုက်ရသည်။

သူ၏ အသက်ရှူခြင်းနည်းစနစ် စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်သွားပါက သူထိန်းချုပ်နိုင်သည့် နည်းစနစ်အဖြစ်သို့ ပြောင်းသွားမလားကို သူသိချင်မိသည်။ ဥပမာပေးရသော် အသက်တစ်ချက်အတွင်း သူစုပ်ယူလိုက်မည့် အပူစွမ်းအင်ပမာဏကို ထိန်းချုပ်နိုင်ခြင်းလိုမျိုးဖြစ်၏။

သို့ဆိုပါက ငရဲမီးတောက်အား သန့်စင်ချိန်တွင် နာကျင်မှုနှင့် အန္တရာယ်တို့ကို လျော့ချနိုင်လိုက်မည်ဖြစ်သည်။

သို့သော် အသက်ရှူခြင်းနည်းစနစ် အဆင့်တက်သွားသော် မထင်မှတ်ထားသော လမ်းစဉ်ကို ရောက်သွားပြီး တစ်သက်တစ်ချက်ရှိုက်လိုက်သည့်အချိန်တွင် ပမာဏကို ထိန်းချုပ်နိုင်ခြင်းထက် သူ့ကိုထိုမှ သာယာမှုကို ပိုတိုးပေးလိုက်လျှင် မည်သို့လုပ်မည်နည်း။

ထိုတွေးဖြင့် စုရှောင်ရှန် ကြက်သီးဖျင်းဖျင်းထသွားသည်။ ကြောင်မက်ဖွယ်ရာကောင်းပေစွ။

သူ့စိတ်ထဲမှ အနီရောင်ဖန်သားပြင်ကိုကြည့်လိုက်သည်။ ၎င်းတွင် အမှတ်စဉ် စုစုပေါင်း (၃) ခုရှိကာ ၎င်းတို့အောက်၌ သက်ဆိုင်ရာ ပင်ကိုယ်စွမ်းရည် ခြောက်ခုရှိနေလေသည်။ သူတို့ထဲမှ (၅) ခုမှာ စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်ရှိပြီးဖြစ်သည်။

စတင်ခြင်းနယ်ပယ်၌ ကျန်နေ‌ခဲ့သော အသက်ရှူခြင်းနည်းစနစ်က ထူးထူးခြားခြားကွဲထွက်နေလေသည်။

သူ့တွင် အိုစီဒီ ရှိရာ ၎င်းက သူ့ကို အလွန် စိတ်အနှောက်အယှက်ပေးနေ၏။ (ocd က ပြည့်စုံနေမှ ကြိုက်တာလိုမျိုး။ ရေပုံးအပြာတွေထပ်ထားတယ်။ အဲ့အလယ်မှာ အနီရောက်နေတယ်ဆို။ ကြည့်ရင်ကို စိတ်အလိုမကျသလိုဖြစ်နေတာမျိုးပါ။ Obsessive Compulsive Disorder လို့ အရှည်ကောက် ပြောကြပါတယ်။ google ၌ရှာကြည့်ရာလဲ မြန်မာလို ဘယ်လိုခေါ်လဲမသိလို့ပါ)

“ဘာပဲဖြစ်ဖြစ်ကွာ။ စုပ်လည်းဆူး စားလည်းရူးပဲ။ ရပ်လို့လည်းမရတော့ဘူး။ အနာဂါတ်မှာလည်း အဆင့်မြှင့်မှာနဲ့ အတူတူ လုပ်လိုက်တာအေးပါတယ်”

စုရှောင်ရှန် အံကြိတ်ရင်း စွမ်းရည်မှတ် (၅) ခု၀ယ်ယူပြီး ၎င်းတို့ကို အသက်ရှူခြင်းနည်းစနစ်အတွင်းသို့ ထည့်လိုက်သည်။

[အသက်ရှူခြင်းနည်းစနစ် (စတင်ခြင်း အဆင့် -၇)]

[အသက်ရှူခြင်းနည်းစနစ် (စတင်ခြင်း အဆင့် -၈)]

[အသက်ရှူခြင်းနည်းစနစ် (စတင်ခြင်း အဆင့် -၉)]

[အသက်ရှူခြင်းနည်းစနစ် (စတင်ခြင်း အဆင့် -၁၀)]

[အသက်ရှူခြင်းနည်းစနစ် (စစ်မှန်ခြင်း အဆင့် -၁)]

အသိပေးချက်ဖန်သားပြင်၌ ချက်ခြင်း အကြောင်းအရာများ အသစ်တက်လာခဲ့သည်။ စုရှောင်ရှန် နေလို့ကောင်းသွားသော်လည်း ပြောင်းလဲမှုများက သိပ်မသိသာချေ။

နောက်ဆုံး စာတစ်ကြောင်းပြီးမှ စုရှောင်ရှန်၏ မွှေးညင်းများထောင်ထသွားသည်။

သူ့ကိုယ်တိုင်က စိတ်ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဖြစ်လာသကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင်များအား အများအပြားစုစည်းလိုက်ရာ သူ့ခန္ဓာကိုယ်အပြင်ပိုင်းပင် မြူများဖြင့် ဝိုးတိုးဝါးတားဖြစ်သွားသည်။ စက္ကန့်ပိုင်းအတွင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ချွေးပေါက်များအားလုံးပွင့်ထွက်သွားပြီး ထိုစိတ်ဝိညာဉ်မြူခိုးများကို စုပ်ယူလိုက်ကြသည်။

အဓိက ပြောင်းလဲမှုကြီးက သူ့နှာခေါင်း၌ဖြစ်သည်။ အသက်ရှူလိုက်ရာ လေပွေ အသေးလေးနှစ်ခု သူ့နှာခေါင်း၀၌ပေါ်လာ၏။

ထိုအ‌တောအတွင်း စုပ်ယူလိုက်သော စိတ်ဝိညာဉ်စွမ်းအင်များက သူ့တစ်ညလုံး အိပ်၍ ကျင့်ကြံမှုပြုခြင်းထက်ပင် ပို၍များလေသည်။

စုရှောင်ရှန် ပျို့တက်လာသည်။ သူ့ဒူးပေါ်မှ လက်များကို တင်းတင်းဆုပ်လိုက်သည်။ တစ်စုံတစ်ခုကို တောင့်ထားရသကဲ့သို့ သူ့မျက်နှာ ရှံ့တွသွား၏။

ထို့နောက် သူ့ခန္ဓာကိုယ်အနည်းငယ် တုန်ခါသွားသည်။

ဂျစ်

စုရှောင်ရှန် အံကိုတင်းတင်းကြိတ်လိုက်သည်။

ဂျွတ် ဂျစ်

သူအကောင်းဆုံး အသက်အောင့်ကာ တောင့်ခံထားလိုက်၏။

ရုတ်တရက်ထခုန်ပြီး လက်သီးတစ်ချက်ပစ်လွှတ်လိုက်ရာ ၎င်း၏ နောက်မှ ခွန်အားက သူ့အခန်း၏ တံခါးမကြီးကို ပွင့်ထွက်သွားစေလိုက်သည်။

အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်ရာ ချွေးပေါက်များအားလုံး ပြန်ပိတ်သွား၏။ သူ့ကိုကြည့်ရသည်မှာ မုန်တိုင်းတစ်ခုကို ဖြတ်သန်းလာရသော လူလိုပင်။

“မဆိုးဘူးဘဲ အဆင်ပြေတယ်။ ပြဿနာက ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲရှိသေးတော့ အနာဂါတ်မှာလည်း ဆက်ပြီး ကျင့်ကြံဖို့ဖြစ်နိုင်သေးတယ်”

၎င်းမှ ဆိုးကျိုးက ယခင်အခေါက်များထက်ပို၍ အဆပေါင်းများစွာ ပြင်းထန်လေသည်။ သို့သော် ၎င်းအား အကြိမ်ရေအနည်းငယ် လေ့ကျင့်ပြီးနောက် ခံနိုင်ရည် တိုးသွားကာ အခြေအနေကို ထိန်းချုပ်နိုင်သွား၏။

စိတ်ဝိညာဉ်သလင်းကျောက်တစ်တုံးအား သူထုတ်ယူလိုက်သည်။

သူတုန့်ဆိုင်းသွားပြီးနောက် ၎င်းကို ပြန်သိမ်းလိုက်ပြီး စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။

“အခက်နည်းလိုက်ရအောင်။ အနာခံမှ အသာစံရမှာ။ သန့်စင်တာလည်း မြန်မြန်ပြီးတာပေါ့”

သူ့လက်ကိုဆန့်နိုင်သလောက် ရှည်ရှည်ဆန့်ထုတ်ပြီး သူ့ခေါင်းကိုလည် နောက်သို့ ဆုတ်နိုင်သလောက်ဆုတ်ကာ အသာအယာ အသက်ရှိုက်လိုက်သည်။

ဘုန်းးး

ထိုဆေးလုံး ချက်ခြင်းလက်ငင်း အစအနမကျန်အောင် ပျောက်သွား၏။

စုရှောင်ရှန်မှင်သက်သွားသည်။

ချက်ခြင်း သူခေါင်းမူးလာသည်ဟုခံစားလိုက်ရပြီး လဲကျမသွားအောင် ထိန်းချုပ်လိုက်ရသည်။ သူထင်တာထက်ဆိုးနေချေသည်။

သို့သော် သူ့တွင် ၎င်းကို တွေးနေရန်အချိန်မရှိပါပေ။ ထိုကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအင်များအားလုံး သူ့နှာခေါင်းမှ တစ်ဆင့် တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားပြီး သူလည်း ဖြစ်တည်မှုအပြင်ရောက်သွား၏။

အိုးးးး

အသိစိတ်ကို အချိန် အနည်းငယ်သာ ထိန်းထားနိုင်လိုက်ပြီး ချင်ခြင်း အရည်ပျော်ကျသွားသလို လဲကျသွား၏။ သူ့ခြေထောက်တွေက အတွင်းသို့ ခေါက်နေပြီး သူ့လက်များက‌လည်း အပြင်ဘက်သို့ လှည့်သွားကာ ပျော့အိအိကြီးဖြစ်သွား၏။

အိုးးးးးးးး

သူ့ပါးစပ်မှု ညည်းသံများ နိုင်ချုပ်နိုင်မှုမရှိသည့်အလား ထွက်ပေါ်လာတော့သည်။

စုရှောင်ရှန် တစ်ချက်တစ်ချက်တွန့်သွားပြီး ရုတ်တရက် ငါးတစ်ကောင်လို ကြမ်းပြင်၌ လှဲရက်ကြီး ထခုန်လိုက်သည်။ သူ့ခန္ဓာကိုယ်က ခံစားချက်ပြင်းထန်နေရာ ကြမ်းပြင်ပေါ်သို့ ပြန်ကျသောအခါ အပြိုင်စကြာ၀ဠာတွေပါရောက်သွား၏။

အူးးးး

“က- ကယ်ကြပါ”

အချိန်တစ်ခုကြာပြီးသော်။

သူနောက်ဆုံးတော့ သတိပြန်လည်လာခဲ့ပြီး သာမန်ပြန်ဖြစ်လာခဲ့ပြီဖြစ်ကာ ကြမ်းပြင်ပေါ်မှ ဆေးပုလင်းများကို ထိတ်လန့် ခြောက်ခြားနေသော အကြည့်များဖြင့်ကြည့်လိုက်၏။

ဆေးလုံးကိုရှိုက်လိုက်ရာတွင် ယခင်ကထက် သုံး၊ လေးဆလောက် ပို၍ သာယာမှုပေးကြောင်းကိုသိလိုက်ရသည်။ သူထပ်မစမ်းရဲတော့ပေ။‌ ရွှေနီဆေးလုံးလည်း တစ်စုတစ်ပေါင်းတည်းမှ ဖြစ်ရမည်။

သို့ဖြင့် သူတစ်စုံတစ်ခုကို သိလိုက်ရသည်။

အဆင့်(၁၀) ဆေးလုံးများဖြစ်သော စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးနှင့် ရွှေနီဆေးလုံးတို့က သူ့အသက်ရှူခြင်းနည်းစနစ် အဆင့်မြင့်သွားသောကြောင့် ပို၍ စိတ်ဝိညာဉ်စွမ်းအင်ကိုပေးလေသည်။ သို့သော် ၎င်းတွင်လည်း အကန့်အသတ်ရှိသည်။

ဆေးတစ်လုံးတွင် စိတ်ဝိညာဉ်စွမ်းအင်ပါ၀င်မှုနှုန်းက အဆင့်တစ်ခု၌သာရှိလေသည်။ စိတ်ဝိညာဉ်နယ်ပယ် အဆင့်(၈) ရှိသူ့အတွက်တော့ ယခင်ကကဲ့သို့ ဆေးတစ်လုံး၊ နှစ်လုံး ရှိုက်ရုံဖြင့် အဆင့်မတက်နိုင်တော့ချေ။

ဟုတ်ပေသည်။ အနည်းဆုံး (၁၂) လုံးလောက်တော့လိုအပ်ပေမည်။

သို့သော် ၎င်းက အဓိကအချက်မဟုတ်ပေ။ သူ့အဆင့်တက်ခြင်းက မြန်ဆန်သည်ဟု ဆို‌နိုင်လေရာ ၎င်းကို အလျင်လိုစရာမလိုပါချေ။

ပို၍ အရေးကြီးသည်က ဤသို့သော ဆေးမျိုးက သူ့အတွက်မလုံလောက်တော့ခြင်းဖြစ်သည်။ ပိုစွမ်းသည့် ဆေးလုံးများပင်လျှင် သာမန်ထက်(၅) ဆခန့်လောက်သာ ပို၍ စုပ်ယူနိုင် ပေသည်။ ၎င်းက သူသည်းခံန်ိုင်‌သောအတိုင်းအတာဖြစ်သည်။ သို့သော်လည်း သာယာမှုကိုတော့ သူမထိန်းချုပ်နိုင်ပါချေ။

အနာဂါတ်၌ အခြားဆေးလုံးများကိုစုပ်ယူတော့မည်ဆိုလျှင် အရေးကြီးသည့် အချက်အလက်အဖြစ် ၎င်းကို အခြေခံနိုင်သည်။

ထိုမှတစ်ပါး အသက်ရှူခြင်းနည်းစနစ်က အခြေခံပြောင်းလဲမှု ဖြစ်ပွားသွားသည်ကိုလည်း တွေ့လိုက်ရသည်။ ၎င်းက သူ့နှာခေါင်းတစ်ခုတည်းသာမဟုတ်တော့ဘဲ ချွေးပေါက်များအားလုံးမှ အသက်ရှူနိုင်ခြင်းဖြစ်သည်။

စက္ကန့်နဲ့အမျှ ချွေးပေါက်တစ်ခုခြင်းစီတိုင်းက သူ့အနီးနားရှိ စိတ်ဝိညာဉ်စွမ်းအင်များအား ရှိုက်သွင်းနေလေသည်။

၎င်းက သူ့ကျင့်ကြံခြင်းကို (၁၀) ဆလောက် တိုးမြင့်ပေးနိုင်ရာ အလွန် ကြောက်မက်ဖွယ်ရာကောင်းလေသည်။

သူ့ယူဆအချက်အရ သူရှိုက်သွင်းသည့် ပမာဏကို အခြေအနေတစ်ခုအထိ သိရှိပါက ၎င်းတို့ကို ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော် သူ့ခန္ဓာကိုယ်မှ ချွေးပေါက်များကို စိတ်ရှိသလို အဖွင့်အပိတ်လုပ်နိုင်ခြင်းဖြစ်၏။

သူကျင့်ကြံခြင်းကို အဆုံးစွန်ဆုံးထိ လုပ်လျှင် သူ့အနီးအနားတွင်ပင် မြူများကို စုစည်းနိုင်လေသည်။ အကယ်၍ သူ့နှာခေါင်းဖြင့်သာ အသက်ရှူပါက သာမန်ထက် နှစ်ဆ၊သုံး‌ဆလောက်သာ မြင့်သွားစေပေမည်။

“ကောင်းလိုက်တာ”

သူ့စိတ်ထဲမှ ပင်ကိုယ်စွမ်းရည် (၆) ခုကိုကြည့်ပြီး ကျေကျေနပ်နပ်ပြုံးလိုက်သည်။

အကယ်၍ ၎င်းတို့ကို စိတ်ဝိညာဉ်နည်းစနစ်များအဖြစ် မှတ်ယူပါက အလွန်စွမ်းအားကြီးသော စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ်နည်းစနစ် (၆) ခုဖြစ်သွားစေပေမည်။ သို့ဖြင့် သူ၏ ကြီးထွားနှုန်းက ကန့်သန်ချက်မဲ့လေပြီ။

“အရာအားလုံးက စီစဉ်ထားတဲ့အတိုင်းပဲ။ တစ်ခုပဲလိုတော့တယ်”

“ဒီအရာကို သန့်စင်ဖို့ပဲ”

သု့ဒန်ထျန်ထဲရှိ ငရဲမီးတောက် အစေ့ကို ကြည့်လိုက်သည်။ ၎င်းက သူ့ကို သူ့အိပ်ယာပေါ်၌ အိပ်၍ မရအောင် ကာဆီးကာဆီးလုပ်နေရာ ကိစ္စတုံးဖို့ အလျင်လိုနေ၏။

‘မင်းက ငရဲမီးတောက်စေ့ပဲ ဖြစ်နေပါစေ ငါသောက်ဂရုမစိုက်ဘူးကွာ’ သူတွေးလိုက်သည်။ ‘ချီးပဲ မင်းက ငါ့အမြင်မှာတော့ မီးတောက်နေတဲ့ မြေပဲ တစ်ခု ပဲကွ။ တစ်နည်းနည်းနဲ့ မင်းကို ငါအခွံခွာပစ်မယ်’

ထို့နောက် ရွှေနီဆေးတစ်လုံးကို ယူကာ ရှိုက်လိုက်၏။

ချက်ခြင်း သူ့နဖူးနှင့် လည်ပင်း သွေးကြောများ ပေါက်ထွက်မတတ် ထောင်ထလာခဲ့၏။

နာကျင်မှုကို ခံစားရင်း အနီရောင် မြူခိုးများ သူ့ခန္ဓာကိုယ် အပြင်ပန်း၌ ပေါ်လာခဲ့သည်။ ၎င်းက ငရဲမီးတောက်အစေ့မှဖြစ်ပြီး တူးသလိုလို အနံ့ကိုလည်းရနိုင်နေသည်။

၎င်းက သူ့အသက်ရှူခြင်းနည်းစနစ်မှ အကွက်တစ်ကွက်ဖြစ်သည်။ သူ့တစ်ကိုယ်လုံးရှိ လေကဲ့သို့ အရာများကို အပြင်ဘက်သို့ ထုတ်လွှတ်နိုင်ခြင်းဖြစ်သည်။

သူ့မျက်လုံးများ ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ သူ့နှာခေါင်းတစ်ခုတည်းဖြင့်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးနှင့် အလုပ်ကိုခွဲလုပ်လေရာ နာကျင်မှုက သိသိသာသာ လျော့ကျသွားခဲ့သည်။

ရွှေနီဆေးလုံးအားပင်သုံးရန်မလိုတော့ပေ။ ထိုသို့ အလုပ်ကိုခွဲလုပ်လိုက်ရာ ထာ၀ရအသက်စွမ်းအင်က သူ့ကို ကုသရန် လွယ်ကူသွားသည်။

စုရှောင်ရှန် အံကိုကြိတ်ရင်းဆိုလိုက်သည်။ “ပြန်လာစမ်း”

ထို ထွက်သွား‌သော အနီရောင် မြူခိုးများကို သူအစွမ်းကုန်ပြန်ရှိုက်လိုက်သည်။ ၎င်းက အလျင်အမြန်ပဲ အသစ်ဖြစ်သွားသော အသက်ရှူခြင်းနည်းစနစ်၏ ဖိနှိပ်ခြင်းကိုခံလိုက်ရကာ သူ့ဒန်ထျန်ထဲသို့ ၀င်သွားခဲ့၏။

“အကျိုးသက်ရောက်မှုက ပြိုင်စံရှားပဲ”

“သန့်စင်နှုန်းက နှစ်ဆလောက်တောင် မြန်သွားပြီ”

သူမှတ်မိတာ မမှားပါက ထိုအပူစွမ်းအင်ကိုပြန်စုပ်ယူလိုက်တိုင်း ၎င်းတို့က သူ့ သွေးကြောများအား စိတ်၀ိညာဥ်တစ်ခါစီးဆင်းချိန်လောက် လောင်ကျွမ်းသွားစေလေသည်။ ယခုတော့ ထိုဖြစ်စဉ်ကို ပယ်ထုတ်လိုက်ပြီးဖြစ်၏။

“စစ်မှန်ခြင်းနယ်ပယ် အသက်ရှူနည်းစနစ်ဆိုတာ ဒါပဲ။ သူ့အကျိုးကျေးဇူးတွေက ဆိုးကျိုးတွေကို လွှမ်းမိုးသွားပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset