အပိုင်း (၅၅) တတိယမြောက် ရတနာရှာဖွေသူ
စိတ်ဝိညာဉ်စာကြည့်တိုက်၏ ဒုတိယ အလွှာ၌ဖြစ်သည်။
ဤနေရာတွင် စာအုပ်စင်များမရှိရာ ပထမအလွှာနှင့် လုံးလုံးကွာခြားလေသည်။ ကျောက်စိမ်းစာလိပ်များ၊ ရှေးဟောင်းစာအုပ်များပင် မရှိချေ။ ဤနေရာတွင် တစ်ခုနှင့်တစ်ခု နေရာအကျယ်ကြီးခြားထားသော အဖြူရောင် အကွင်းများသာရှိလေသည်။
အကွင်းတစ်ကွင်းစီတိုင်းက စစ်မှန်ခြင်းနယ်ပယ် နည်းစနစ်တစ်ခုကို ကိုယ်စားပြုလေသည်။ ဒုတိယအလွှာ၌ ထိုသို့သောအကွင်း (၁၀၀) နီးနီးလောက်သာရှိ၏။
မုကျစ်ရှီ ပျင်းနေသော အမူအရာဖြင့် ကျစ်ဆံမြှီးကို ကိုင်ဆော့ရင်း အကွင်းများကို လျှောက်ကြည့်လိုက်သည်။
အခြားသူများနင့်မတူစွာ ချက်ခြင်းအလျှင်အမြန်ပဲ သူမလိုချင်သည့်အရာကို တွေ့ရှိသွားခဲ့ပြီးဖြစ်သည်။
စာကြည့်တိုက်အတွင်းသို့ နေ့တိုင်းဝင်၍ မရသည်ဖြစ်ရာ စာရင်းသွင်းရန် သူမချက်ခြင်းမသွားဘဲ ဆက်၍ နေ နေလိုက်သည်။ လူတိုင်းက အထဲမှာပဲ ရှိနေသေးသည်ဖြစ်ရာ အပြင်ဘက်၌ သူမ တစ်ယောက်တည်းဘာသွားလုပ်ရပေမည်နည်း။ ထို့ကြောင့် ဆက်၍ နေ နေခြင်းဖြစ်သည်။
ပတ်၀န်းကျင်ကို ဆန်းစစ်လိုက်ပြီး ဦးတည်ရာမဲ့ လျှောက်သွားလိုက်သည်။
အကွင်းများမှာ ဆန်းကြယ်သည်။ သူတို့ထိုအကွင်းထဲ၀င်လိုက်သည်နှင့် ၎င်းကလင်းလက်သွားပြီး အခြားသူများအထဲသို့ မ၀င်နိုင်အောင် ကာကွယ်လိုက်လေသည်။
မုကျစ်ရှီလျှောက်သွားနေရင်း တစ်ခုခု မူမမှန်တာ သတိထားမိသွားပြီး တောက်ပနေသော အကွင်းများကို သူမရေတွက်ကြည့်လိုက်သည်။
“ရှစ်ခုပဲရှိတယ်ကော”
“ငါတို့၀င်လာတာ (၁၁) ယောက်ရှိတာ ဘာလို့ (၈) ခုပဲ လင်းနေတာတုန်း”
“ကျန်တဲ့ (၂) ယောက်က ဘယ်မှာလဲမသိဘူး”
“တတိယအလွှာကိုလည်း ၀င်ခွင့်မရတော့ ပထမအလွှာမှာ များလား”
သူမ မျက်မှောင်ကုပ်လိုက်သည်။ သို့သော် ချက်ခြင်း ဤအတွေးများကြောင့် မြူးသွားပြီး အောက်ထပ်သို့ ပြေးဆင်းလိုက်သည်။
…
ရှက် ရှက် ရှက်
ရှက် ရှက် ရှက်
ပထမအထပ်သို့ရောက်သည်နှင့် မုကျစ်ရှီ စည်းချက်ညီညီ စာအုပ်ခါသံ၊ လှန်လောသံများကို ကြားလိုက်ရသည်။ ထို အသံလာရာ အရင်းအမြစ်စီသို့ သူမ သွားလိုက်၏။
‘ကျိုးထျန်းရှန် ပါလား’ တွေးလိုက်သည်။
‘သူဘာလုပ်နေတာလဲမသိဘူး’
မုကျစ်ရှီ အံ့အားသင့်သွားသည်။
သူမ ထိုကိုရိုးသား စာအုပ်တစ်အုပ်ကိုကောက်ပြီး ခါလိုက်ကာ သူ့နေရာသူပြန်ထားပြီး နောက်တစ်အုပ်စီ လက်လှမ်းသွားတာကို တွေ့လိုက်ရသည်။
၎င်းက အဆုံးမဟုတ်သေးချေ။ မုကျစ်ရှီ၏ အကြည့်များအောက်၌ ကျိုးထျန်းရှန် ထောင့်တစ်နေရာ၌ ရပ်သွားပြီး ဖုန်ထူထပ်နေသည့် သေတ္တာတစ်လုံးကို ရတနာ သေတ္တာ တစ်လုံးအလား တောက်ပနေသော မျက်လုံးများဖြင့် ခုန်အုပ်လိုက်၏။
ထို့နောက် ပြန်ထလိုက်ကာ သေတ္တာလေးကို စတင်၍ ဖုန်များသုတ်လိုက်၏။
သူ့ကိုကြည့်ရသည်မှာ ပျော်ရွှင်နေသည့်အလားပင်။
မုကျစ်ရှီ သူမ မြင်လိုက်ရသော အရာကြောင့် စွံ့အသွားသည်။ မည်သူက ဤနှုံအသောကောင်လေး ကလေးတစ်ယောက်ကဲ့သို့ ပြုမူ ကစားရသည်ကို ကြိုက်သည်ဟု ထင်ပါမည်နည်း။
သို့သော် ဤနေရာသည် စိတ်ဝိညာဉ်စာကြည့်တိုက်ဌာနဖြစ်သည်။ ဤနေရာသို့လာ၍ နည်းစနစ်များ ရွေးချယ်ရမည့်အစား အဘယ်ကြောင့် ကလေးသူငယ်တစ်ဦးလို ဘာကစားနေရပါသနည်း။
“ကျိုးထျန်းရှန်”
“နင်ဘာတွေလုပ်နေတာလဲ” မုကျစ်ရှီ သူမ၏ တင်ပါးအစုံပေါ် လက်တင်၍ ခါးထောက်ရင်း သူ့ကို အော်လိုက်သည်။
သတ္တောများအား ရွှေ့နေသော အလုပ်ရှုပ်နေသည့် နှုံ့အသော ကောင်လေး တုန်လှုပ်သွားပြီး ၎င်းက မုကျစ်ရှီသာ ဖြစ်ကြောင်းသိလိုက်ရာ စိတ်သက်သာရာ ရသွား၏။
“စာကြည့်တိုက်မှူးလားလို့ လိပ်ပြာတောင်လွင့်မတတ်ဖြစ်သွားတာပဲ…”
“ဟမ့်။ စာကြည့်တိုက်မှူးတွေမရှိတာနဲ့ နင်လုပ်ချင်တိုင်းလုပ်လို့ရတယ်လို့ ပြောချင်တာလား”
ဤသည်ကိုကြားသော် ကျိုးထျန်းရှန် မှင်သက်သွားသည်။ ထို့နောက် နဖူးမှကျဘာသော ချွေးများကိုသုတ်လိုက်ရင်း ဆို၏။
“ငါလျှောက်လုပ်နေတာမဟုတ်ဘူး။ နည်းစနစ်ရှာနေတာ”
သူ့လက်ခုံးက ဖုန်ပေနေသောကြောင့် မျက်နှာကိုသုတ်လိုက်ရာ ကျန်ခဲ့သော လက်ရာကြီးကိုကြည့်ရင်း သူမ မြူးသွားသည်။ “နင့် မျက်နှာပြန်ကြည့်ဦး ပေတူးနေတာပဲ။ ဘယ်တုန်းက လူတွေ ဒီလို နည်းစနစ်ရှာကုန်ဖူးလို့လဲ”
“အဲ့တာ နင့်အတွေးလေ” ကျိုးထျန်းရှန် မကျေနပ်သည့် အလားပြောလိုက်သည်။ ထို့နောက် စုရှောင်ရှန်ကို လက်ညိုးထိုးပြလိုက်ပြီး ဆိုလိုက်သည်။ “စုရှောင်ရှန်တောင် ဒီလိုနည်းနဲ့ နည်းစနစ်ရှာနေတာ ဟုတ်ပြီလား”
စုရှောင်ရှန်ဟုတ်လား။
သူလက်ညှိုးထိုးပြသော ဘက်သို့ လိုက်ကြည့်လိုက်ရာ ခန့်ညားသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။
သို့သော် သူတို့မြင်လိုက်ရသော မြင်ကွင်းက သူတို့ထင်ထားသည်နှင့် တခြားစီဖြစ်နေလေသည်။
သူ၏ ရိုးရိုးရှင်းရှင်း အဖြူရောင်၀တ်ရုံကို၀တ်ဆင်ထားသော စုရှောင်ရှန်က စာအုပ်တစ်အုပ်ကိုကိုင်ထားရင်း စာအုပ်စင်တစ်ခုအပေါ်၌ မှီနေလေသည်။ သူ့ပုံစံက ပုစ္ဆာတစ်ချို့ကို ဖြေရှင်းနေရသည့်အလား အတွေးနက်နေလေသည်။
ပြူတင်းပေါက်မှ တစ်ဆင့် နေရောင်အနည်းငယ်က ထိုချောမောသည့် မျက်နှာပေါ်သို့ လာကျရောက်နေလေရာ ၎င်းက ပန်းချီကားချပ်တစ်ချပ်အလား ထင်နေရသည်။
ကျိုးထျန်းရှန် ကြက်သေသေသွား၏။
မုကျစ်ရှီထိုမြင်ကွင်း၌ မျောပါသွားရင်း ထိုစုရှောင်ရှန် သူ့လည်ပင်းမှ သူမ၏ တံတွေးကို သုတ်၍ နံသည်ဟုပြောသည်ကို ပြန်သတိရလိုက်ပြီး အပြင်ဘက် ကမ္ဘာသို့ ပြန်ရောက်လာခဲ့လေသည်။
ထို့နောက် ကျိုးထျန်းရှန်ကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ “ကြည့်ရတာ နင်တို့ နည်းစနစ်ရှာနေတဲ့ပုံက တော်တော်လေး တူတယ်ထင်တယ်နော်”
ကျိုးထျန်းရှန် တိတ်ဆိတ်နေပြီး သူ၏ ဖုန်ကပ်နေသော လက်ခုံးနှင့် စုရှောင်ရှန်၏ သန့်ရှင်းသော မျက်နှာတို့ကိုကြည့်လိုက်ပြီး သစ္စာဖောက်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
“ကြည့်ရတာ ငါသေချာရှင်းပြမှ ရ…”
“ရှင်းပြမနေပါနဲ့ နင့်မျက်နှာပဲ အရင်သွားသစ်လိုက်ပါဦး”
“အိုး… ဒါဆို စုရှောင်ရှန်ရဲ့ ဗိုလ်ဆွဲသွားတဲ့ လျှို့ဝှက်ချက်ကို မသိချင်ဘူးပေါ့လေ”
“ငါမသိ… အယ်… နင်ဘာပြောလိုက်တာလဲ ပြန်ပြောကြည့်”
“ငါမျက်နှာသွားသစ်လိုက်တာပဲ ကောင်းပါတယ်”
“နေပါဦးဟဲ့။ မသွားပါနဲ့ဦး”
…
သူတို့နှစ်ဦး၏ စကားများကို အကြားအမြင်ဖြင့် ကြားလိုက်ရ၍ စုရှောင်ရှန် နေထိုးသည့်နေရာတွင် စတိုင်ထုတ်ကာ ရပ်နေခြင်းမဟုတ်ပါပေ။
တကယ်က သူရှာတွေ့လိုက်တော့ အပိုင်းအဆက်မရှိသည့် နည်းစနစ်၌ မျောနေသောကြောင့်ဖြစ်သည်။
“ဓားလက်ချောင်း အခန်း(၁၀) ခန်း” စုရှောင်ရှန်ရေရွတ်လိုက်သည်။
တကယ်က သူဤကဲ့သို့ မပြည့်စုံသည့် နည်းစနစ်များကို ဤ(၂) နာရီအတွင်း အများကြီးရှာတွေ့လိုက်သေးသည်။ သို့သော်၎င်းတို့က ထူးခြားသည့် ဓာတ်စွမ်းအင်စွမ်းရည်အချို့ကိုလိုအပ်လေရာ တစ်ချက်တည်းဖြင့် သူ့အတွက်မဟုတ်သည်ကို သိလိုက်လေသည်။
သို့သော် ‘ဓားလက်ချောင်း (၁၀) ခန်း’ ကတော့ ထိုသို့မဟုတ်ချေ။
နည်းစနစ်၏ အဆင့်က မသိကျ မသေချာပေ။ ထို့ပြင် ၎င်းကိုသုံးရန် စိတ်ဝိညာဉ်စွမ်းအင်ပင်မလိုအပ်ပါ။ ထိုနည်းစနစ်က ဓားဆန္ဓနှင့် လက်ချောင်းသိုင်းအနည်းငယ်သာလိုအပ်သည်။ ၎င်းအား ကျွမ်းကျင်သွားသည်နှင့် မြစ်တစ်ချောင်းကို လက်တစ်ချောင်းတည်းဖြင့် ပေါ်လာအောင်လုပ်နိုင်ပေလိမ့်မည်။
၎င်းက သူ့အတွက် အထူးပြုလုပ်ထားသည့် နည်းစနစ်ဖြစ်သည်။
ဝိညာဉ်ကူးပြောင်းလာသည့်သူတစ်ယောက်၏ အတွေ့အကြုံမှာ တကယ် ညစ်ပတ်နေခြင်းဖြစ်သည်။
သူစိတ်ပူသည်တစ်ချက်မှာ ဤနည်းစနစ်က ချွန်ထက်ခြင်းအလင်းနှင့် လာပြီး ထပ်နေမည်ကိုပင်။ ၎င်းကလည်း သူ့ကို ထိုသို့ စာအုပ်စင်၌ မှီရင်း စဉ်းစားသွားစေခြင်းဖြစ်သည်။
မိတ်ဆက်အရ ၎င်းက လက်ချောင်းများ၏ ဓားဆန္ဒပေါင်းထည့်ခြင်းဖြစ်သည်။
“ အရာအားလုံးကဓားပဲ ဒါပေမယ့် ဓားလိုပစ္စည်းနဲ့သုံးရတာမဟုတ်ဘဲ လက်ချောင်း တွေနဲ့ သုံးနိုင်တာပေါ့”
၎င်းက ဓားသမားတစ်ယောက် ဓားလမ်းစဉ်ကို တတိယလမ်းစဉ်မှ ကျင့်ကြံနိုင်သည့် နည်းလမ်းဖြစ်သည်။
ကနဦး လမ်းစဉ်က ဓားကို စိတ်ဝိညာဉ်နည်းစနစ်များဖြင့် ပေါင်းစပ်၍ဖြစ်သည်။
ထို့နောက် ဓားဆန္ဒသက်သက်တည်းဖြင့် အလုပ်ဖြစ်နိုင်သလားမသိရသော တိုက်ခိုက်မှုက ဒုတိယလမ်းစဉ်ဖြစ်သည်။
ဒီ “ဓားလက်ချောင်း(၁၀)ခန်း” ကတော့ ဓားဆန္ဒဖြင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ခြင်းဖြစ်သည်။
“နေရောင်အောက်မှာဆို အူကြောင်ကြောင်အတွေးတွေ ရနိုင်တယ်ဆိုတာ တကယ်ပဲဟ…”
သူ့ အဓိပ္ပာယ်မရှိ၊ ထူးဆန်းသော တွေးခေါ်နည်းကို မှင်သက်နေရသည်။ ဓားဆန္ဒကို ဓား၌ထိုးသွင်းခြင်းဖြင့် ဓားကိုစိတ်ဖြင့် ထိန်းချုပ်နိုင်လေသည်။ သို့ဆိုလျှင် ဓားဆန္ဒကို ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်ခြင်းက မည်သည်ကို ဖြစ်စေမည်နည်း။
“နပေါဦး”
“ဓားဆန္ဒဆိုတာ အစကတည်းက ကြိုးစားအားထုတ်ပြီးမှ ရလာတဲ့ဟာလေ။ ဒီမှာ ‘ပေါင်းစပ်ခြင်း’ နီယာမက တကယ်လိုအပ်လို့လား”
“နေဦးဟ”
“ဒီမှာရေးထားသလိုဆို ဖြစ်နိုင်တယ်တဲ့”
စုရှောင်ရှန်သူဖတ်နေသည်ကိုကြည့်ပြီး ကြောင်သွားသည်။
အခြားမည်သည့်အရာကိုမှ မရှာနိုင်လျှင် “ဓားလက်ချောင်(၁၀)ခန်း” ကိုသာ စာရင်းသွင်းရန်ဆုံးဖြတ်လိုက်သည်။
ဤနည်းစနစ်ကိုလေ့ကျင့်၍ မည်သည်မျှ ထူးခြားမလာလျှင်လည်း ဤသို့သော လေ့ကျင့်မှုမျိုးက သူ့ကို အချိန်အတော်ကြာအောင် အလုပ်ရှုပ်သွားစေမည် ဖြစ်သည်။
“ဒီလိုထူးထူးဆန်းဆန်း နည်းစနစ်မျိုးကို ဘယ်သူရေးလိုက်တာလဲဟ။ ဘယ်သူဖြစ်ဖြစ် အဲ့ဒီလူက ဉာဏ်ကြီးရှင်ပဲ။ ကြည့်ရတာ ငါနဲ့ထိုက်တန်တဲ့ ပြိုင်ဘက်တွေပြီထင်တယ်”
ဤနည်းစနစ်အားတီထွင်သူ၏ အမည်ကို ရှာကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် ၎င်းက အပိုင်းအဆုံမရှိသည့် နည်းစနစ်ဖြစ်လေရာ တီထွင်ဖန်တီးသူကို ဖော်မပြထားပါချေ။
သူ့အတွေးများကို ပြန်စုစည်းလိုက်ပြီး အချိန်ကိုမှန်းဆကြည့်လိုက်သည်။ နောက်(၄) နာရီလောက်ကျန်သေးရာ သူ့အတွက် စူးစမ်းရန် အရာအများကြီးကျန်သေးလေသည်။
သူ့ရှာဖွေမှုကို ဆက်လိုက်၏။
…
ရှက် ရှက် ရှက်
ရှက် ရှက် ရှက်
မုကျစ်ရှီ ကျိုးထျန်းရှန်၏ အဓိပ္ပာယ်မရှိသည့် ရှင်းပြချက်ကို နားထောင်မိတာ နောင်တရနေသည်။ ယခု သူမ လက်ထဲ၌ စာအုပ်အဟောင်း (၂) အုပ်ကိုကိုင်ထားရပြီး သူမ၏ အကြိုက်ဆုံး အ၀တ်အစားကလည်း ညစ်ပတ်သွားချေလေသည်။ သူမ လုံး၀ ရှုပ်သွားခြင်းပင်။
“ကျိုးထျန်းရှန်”
“ဘာမှလည်း မရှိဘူး” သူမ စာအုပ်ကို စာအုပ်စင်ပေါ်သို့ ခပ်ပြင်းပြင်း ပြန်ထားလိုက်သည်။
ထိုမှ ထွက်ပေါ်လာသော အသံက ကျိုးထျန်းရှန်ကို ထိတ်လန့်သွားစေလိုက်သည်။
ကျိုးထျန်းရှန် နံရံရှိ အပေါက်အတွင်းမှ ခေါင်းထွက်လာပြီး မကျေနပ်သည့် ဟန်ပန်အမူအရာဖြင့်ပြောလိုက်သည်။ “မိန်းကလေး လူတွေကို ဒီလိုလိုက်ခြောက်လှန့်မနေပါနဲ့။ ဗိုလ်ဆွဲသွားဖို့ဆိုတာ အနစ်နာခံရတယ်၊ သည်းခံရတယ် ဟုတ်ပြီလား”
မုကျစ်ရှီ ထိုအခိုက်အတန့်၌ ဒေါသထွက်နေသော်လည်း ကျိုးထျန်းရှန်၏ မျက်နှာကိုကြည့်ပြီးသော် မျက်ရည်ထွက်မတတ် ရယ်မိသွား၏။
သူ့မျက်နှာတစ်ခုလုံးမဲတူးနေပြီး ပတ်၀န်းကျင်၌လည်း အလင်းရောင် ကောင်းကောင်းမရှိရာ သူ့ဖြူစွတ်နေသော သွားများကိုသာ သူမ မြင်ရ၏။
ဖူးးးး
“ငါထင်တာတော့ နင်မျက်နှာ တကယ် သွားသစ်သင့်ပြီ။ ဟားဟားဟား”
“ရှူးးး တိုးတိုးလုပ်ပါဟ” ထိုနံရံအပေါက်ထဲ၌ သူရှာတွေ့လိုက်ရသော အရာကို ကျိုးထျန်းရှန် ခါပြလိုက်သည်။ ၎င်းက တစ်နေရာရာမှ စာရွက်တစ်ရွက်ဖြစ်ဟန်ရသည်။ “တွေ့လား”
“နင်တကယ် တစ်ခုခုတွေ့သွားတယ်လား” မုကျစ်ရှီ၏ မျက်၀န်းများ တောက်ပလာကာ သူ့ထံ အပြေးလေးသွားပြီး ကြည့်လိုက်သည်။
ကျိုးထျန်းရှန် ထိုစာရွက်ပေါ်ရှိ ဖုန်များကို မှုတ်ထုတ်လိုက်ရာ ဖုန်ထသွားပြီး သူတို့နှစ်ဦး ချောင်းတဟွတ်ဟွတ်ဆိုးသွားကြသည်။
“ပုံအဟောင်းကြီးလား”
၎င်းက လက်တစ်ဖက်တည်းသာရှိသည့် အဖိုးကြီးတစ်ယောက် ဆေဘာ(တစ်ဖက်သွားဓား) ကိုင်ထားရင်း နောက်သို့ ကွေးညွတ်နေသည့်ဟန်ရသည်။ ဤစုတ်ပြဲ နေသော တိရိစ္ဆာန်သားရေကဲ့သို့ စာရွက်ဖြင့် ပေါင်းလိုက်သော် အလွန်ထူးဆန်းသည့် ပုံဖြစ်သွားသည်။ (မူရင်းမှာ ဆေဘာလို့ ပြန်ပြောင်းသွားပါတယ်)
မုကျစ်ရှီနှုတ်ခမ်းဆူလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းက ကျိူထျန်းရှန်အတွက်သာအသုံး၀င်ပြီး သူမအတွက် အကျိုးမရှိတာကိုသိလိုက်ရသည်။
သူမတစ်စုံတစ်ရာပြောရန်ကြံလိုက်ပြီး နောက်သို့ ပြန်လှည့်လိုက်သော် ထို ညစ်ပတ်နေသည့် ကျိုးထျန်းရှန်က ပုံအဟောင်းကြီးကိုကြည့်ရင်း နစ်မျောနေတာကိုတွေ့လိုက်ရလေသည်။
“နင် တစ်ခုခု သင်ယူနိုင်လိုက်တာလား” သူမမှင်သက်သွား၏။
“ဟုတ်တယ်”
“ဒါဆိုစုရှောင်ရှန်ပြောတာ မှန်တာပေါ့နော်။ ဒီပထမအထပ်မှာ တကယ်ပဲ ရတနာတွေရှိနေတယ်နော်”
“ဟုတ်တယ်”
မုကျစ်ရှီ နည်းစနစ်များကိုထပ်မံရှာဖွေဖို့ အားရသွားသည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်ရာ သူမ ထိတ်လန့်တုန်လှုပ်သွား၏။
ကျိုးထျန်းရှန်က သူ့ဟာသူ နစ်မျောနေတာ၊ စုရှောင်ရှန်ကလည်း အနားမှာ မရှိဘူးဆိုရင်…
“ဘယ်သူငါ့ကိုစကားပြောနေတာလဲ” သူမတွေးလိုက်သည်။
အလန့်တကြား လှည့်ကြည့်လိုက်၏။