အပိုင်း (၅၃) စိတ်ဝိညာဉ် စာကြည့်တိုက်ဌာန
စုရှောင်ရှန် မွန်းတည့်ချိန်ရောက်သည်အထိ နှစ်နှစ်ချိုက်ချိုက်အိပ်လိုက်သည်။
မည်မျှ နှစ်ချိုက်သည်ဆို ၎င်းက သူ့တစ်ဘ၀လုံးတွင် အကောင်းဆုံးဖြစ်သည်ဟုပင် ပြောချင်လိုက်သည်။
နားဓားပြတိုက်မည့် ခြင်များလည်းမရှိသလို နောက်နေ့ ပြိုင်ပွဲအတွက်လည်း ပူရန် မလိုပေ။ တင်းမာမှုကို လျော့ချဖို့ ညသန်းခေါင်ကြီးထပြီးလည်း ဓားလေ့ကျင့်စရာမလိုတော့ချေ။
ယမန်နေ့မှ စိတ်ပျက်စရာ အဆုံးသတ်ကြီးကိုတော့ တစ်ခဏတာခန့် ထပ်၍ အားငယ်မိပြီးနောက် သူလုံးလုံးမေ့လျော့သွားခဲ့ပြီဖြစ်သည်။ သေခြင်းတရားကတောင် သူ့ကို အဆုံးမသတ်နိုင်လေရာ တစ်ခဏတာ စိတ်ပျက်စရာလေးတစ်ခုကို ခေါင်းထဲမှ ထုတ်ပစ်လိုက်လေသည်။
“အဲ့ဒါက အတွင်းစည်းလေးပါပဲ ဘာဖြစ်လဲ”
“ငါတကယ်လည်း အဆင်သင့်မဖြစ်သေးလို့ နေမှာပါ”
သူ့တံခါးမှ အလောတကြီးခေါက်သံကို သူကြားလိုက်ရာ အိပ်ယာမှ ထပြီး သွားဖွင့်ကြည့်လိုက်သည်။
“အော်… မင်းကိုး”
တံခါးလာခေါက်သည့်သူမှ နားနေဆောင်မှ ရှောင်ချိစွေထံစီက ရွေနီဆေးလုံးများယူလာပေးသော အကူဖြစ်လေသည်။
“မြန်မြန်လုပ်ပါ။ အကြီးအကဲရှောင်က ခင်ဗျားကို စောင့်နေတယ်” သူတစ်ခဏတာ ရပ်တန့်လိုက်ပြီး စုရှောင်ရှန် အချိန်ကြာကြာ ထပ်ယူနေမည်စိုး၍ ထပ်လောင်းပြောလိုက်သည်။ “ခင်ဗျားတစ်ယောက်တည်းပဲ ကျန်တော့တာ။ အားလုံးရောက်နေကြပြီ”
ယနေ့က စိတ်ဝိညာဉ်စာကြည့်တိုက်ဌာနကိုသွားပြီး စိတ်ဝိညာဉ်နည်းစနစ်များ သွားယူရမည့်နေ့ဖြစ် လေသည်။ မွန့်တည့်ချိန်ပင်ရောက်နေပြီဖြစ်ရာ သူအမှန်တကယ် နောက်ကျနေခြင်းပေ။
“ပြီးတာပဲ သွားကြမယ်လေ ဒါဆို”
သူ့တွင်လည်း ယူစရာ ဘာမှ မရှိကာ စုရှောင်ရှန် လက်ရမ်းပြလိုက်ပြီး အကူလေးကို လမ်းပြရန်ပြောလိုက်သည်။
ဆေးအကူလေးက ချက်ခြင်းသူ့ရှေ့မှ ပြေးသွားလိုက်၏။
“စကားမစပ် စိတ်ဝိညာဉ်စာကြည့်တိုက်ကို မရောက်ခင် ငါသိထားရမယ့် မှတ်ထားရမယ့် ထူးခြားတဲ့ စည်းကမ်းတွေ ဘာတွေရှိသေးလား” စုရှောင်ရှန် ရွှေနီဆေးတစ်ပုလင်းထုတ်ယူလိုက်သည်။
လုပ်ပြန်ပြီ…
အကူကောင်လေး လန့်ဖြန့်သွားပြီး ချက်ခြင်း လက်ရှေ့ထုတ်ကာ စိုးရွံ့ဟန်ဖြင့် ရမ်းပြလိုက်သည်။
“မရှိပါဘူး။ အကြီးအကဲရှောင်ကိုယ်တိုင် စည်းကမ်းတွေကို ခဏနေကြရင် ရွတ်ပြပါလိမ့်မယ်” ရွှေနီဆေးပုလင်းကို ပြန်တွန်းပေးလိုက်ရင်း လေသံကို နှိမ့်ကာ “ကျွန်တော် စည်းဘောင်ကိုတစ်ခါကျော်ပြီးသွားပြီ ဒါမျိုးထပ်လုပ်လို့် မဖြစ်တော့ဘူး”
စုရှောင်ရှန် မျက်မှောင်ကုပ်လိုက်သည်။ “ယူပါ”
အကူကောင်လေးမှာ ငိုတော့မည့်အလား ဖြစ်နေ၏။ “တကယ် ဘာမှ သိုဝှက်ထားတဲ့ စည်းမျဉ်းစမ်းကမ်းတွေမရှိပါဘူးဆိုဗျာ။ ခင်ဗျား ကျွန်တော့်ကိုဒါပေးလည်း ဘာမှ သိရမှမဟုတ်ဘူး။ ကျွန်တော်တောင် စိတ်ဝိညာဉ်စာကြည့်တိုက်ကို တစ်ခါမှ မရောက်ဖူးဘူးဗျ”
“တကယ်လား” စုရှောင်ရှန် အနည်းငယ် တွေဝေသွားပြီး အခြားသူထံမှ မည်သည့် သတင်းအချက်အလက်မှ နှိုက်လို့ရမည် မဟုတ်ကြောင်းသိလိုက်ရသည်။
သူနောက်ဆုံးတစ်ကြိမ် ထိုနေရာသို့သွားခြင်းမှာ လွန်ခဲ့သော (၃) နှစ်လောက်ကဖြစ်သည်။ တကယ်သွားသည်က သူပင်မဟုတ်ဘဲ ယခင် မူလပိုင်ရှင်ဖြစ်ရာ သူအရာအားလုံးကို မေ့လျော့သွားချေပြီ။
ထို့ပြင် မူလပိုင်ရှင်ကတုံးအသေးသည်။ ပထမဓားကွက်ကိုပင် ကျွမ်းကျင်ရန် (၃) နှစ်အချိန်ယူရသော အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို ရွေးချယ်ခဲ့၏။
ဤတစ်ကြိမ်တော့ သူထိုသို့ ခံမည်မဟုတ်တော့ချေ။
သို့သော် သူ့စနစ်အပေါ်တွင် မှီခိုသည်ဖြစ်ရာ ဘာကိုရွေးချယ် ရွေးချယ် သူ့အတွက်တော့ အရေးပါလိမ့်မည်မဟုတ်ချေ။
ဟူးးးး
စုရှောင်ရှန် မျက်နှာတည်သွားသည်။ ရွှေနီဆေးပုလင်းကို ပြန်ယူဖို့ သူ့တွင် ရည်ရွယ်ချက်မရှိပေ။
အကူကောင်လေး အသက်ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး အလွန်အင်မတန်အရေးကြီးသော ဆုံးဖြတ်ချက်ကို ချလိုက်သကဲ့သို့ ဆို၏။ “ကျွန်တော် ဒါကို လုံး၀ လုံး၀ မယူနိုင်ဘူး”
စုရှောင်ရှန် အကူကောင်လေးကို အံ့အောတကြီးကြည့်လိုက်သည်။ သူ့ကို တကယ်ရိုးသားသည့်ဟန်ဖြင့် ငြင်းပယ်နေခြင်းမဟုတ်ဘဲ အံကြိတ်ရင်း ပြောနေသည်ကိုတွေ့လိုက်ရ၏။
ရှင်း
စုရှောင်ရှန် သူ့သိုလှောင်လက်စွပ်ထဲမှ အနက်ရောင်ဓားကိုထုတ်ယူလိုက်သည်။
“ယူ”
ဟူးးး
အကူကောင်လေး ဆေးပုလင်းကို သို့မှသာ ယူပြီး အင်္ကျီလက်ထဲထည့်လိုက်၏။
“လမ်းပြ”
“ကောင်းပြီ”
မွန်းတည့်ချိန်ဖြစ်ရာ နေက အလွန်အမင်း ပူလေသည်။ သူ့မျက်ရည်များကို ခမ်းခြောက်စေလိုဟန်ဖြင့် အကူကောင်လေး နေမင်းကြီးကို မော့ကြည့်လိုက်၏။
‘အိုး… အကြီးအကဲ’ အတွင်းစိတ်ထဲမှ သက်ပြင်းချလိုက်သည်။
‘ဒါကျွန်တော့်အမှားမဟုတ်ပါဘူး စုရှောင်ရှန်က အတင်း လာဘ်ထိုးနေလို့ ဖြစ်ရတာပါ။ ဝူးဝူးဝူးးးး”
‘စည်းဘောင်ကိုထပ်ကျော်မိလို့ တောင်းပန်ပါတယ် … ဝူးးးး”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[အထင်ကြီးခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် မြူးသွားသည်။ မည်မျှ ဤအကူလေး စိတ်ရှုပ်ထွေးနေပါမည်နည်း။
…
စိတ်ဝိညာဉ်စာကြည့်တိုက်ဌာန၊ အတွင်းစည်၌ ဖြစ်သည်။
အတွင်းစည်း၏ စိတ်၉ိညာဉ်စွမ်းအင်များက အပြင်စည်းထက် အဆပေါင်းများစွာ ပို၍ သိပ်သည်းလေရာ ၎င်းပေါ်သို့ ခြေချလိုက်သည့်သူတိုင်းကို အားမန်တက်ကြွသွားစေ၏။
ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်သို့ ၀င်သည့်လူတိုင်း စိတ်ဝိညာဉ်စာကြည့်တိုက်ကို ၀င်ခွင့်တစ်ခါရရှိလေသည်။ ၎င်းက ကျင့်ကြံဖို့ စိတ်ဝိညာဉ်နည်းစနစ်ကို ရွေးချယ်ရုံသာမက အတွင်းစည်းနှင့် အပြင်စည်း၏ ကွာခြားမှုကိုသိပြီး ကြိုးစားကျင့်ကြံအားထုတ်စေရန်အတွက်လည်းဖြစ်သည်။
ထို့ပြင် အတွင်းစည်းမှ ဂိုဏ်းသားများအားလုံး စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းပေးသည့် အစီအရင်ပါရှိသည့် ကိုယ်ပိုင် ခြံဝင်းကိုရကြ လေသည်။
ထိုသို့ ကိုယ်ပိုင်ခြံ၀င်းမျိုးက ရဖို့ ကြုံတောင့်ကြုံခဲဖြစ်သည်။
အများစုက စုရှောင်ရှန်ကဲ့သို့ အပြင်စည်း၌ ရှိနေစဉ်ပင် ကိုယ်ပိုင်ခြံ၀င်း ပိုင်ဆိုင်ကြသည်မဟုတ်ချေ။
အချို့သူများဆိုလျှင် ကျင့်ကြံဖို့အတွက် အခြားသူများ၏ တံခါး၀၌ပင် တိတ်တိတ်ကလေး သွားကပ်ရသေးသည်။
ရှောင်ချိစွေ သူနှင့် လူ(၁၁) ယောက်ကို စိတ်ဝိညာဉ်စာကြည့်တိုက်ရှိရာ ခေါ်သွားရင်း ဆိုလိုက်သည်။
“မင်းတို့အားလုံး ဒီကို ရောက်ဖူးကြပေမယ့် စည်းမျဉ်းစည်းကမ်းတွေကို နောက်တစ်ကြိမ် ထပ်ပြောပြမယ်”
“မင်းတို့အားလုံး စစ်မှန်ခြင်းနယ်ပယ်စိတ်ဝိညာဉ်နည်းစနစ် တစ်ခုကိုပဲ ရွေးချယ်နိုင်တယ်နော်။ မင်းရွေးလို့ပြီးတာနဲ့ စာရင်းပေးဖို့ တန်းလုပ်။ ပြီးတော့ ရုတ်ရုတ်သဲသဲ လျှောက်မလုပ်ကြနဲ့နော်။ အထဲမှာ တိုက်ခိုက်တာကို ပိတ်ပင်တားမြစ်ထားတယ်”
ထို့နောက် စုရှောင်ရှန်ကိုကြည့်နေရင်း ဆိုလိုက်သည်။ “သိပြီလား”
စုရှောင်ရှန်က မကျေမနပ် ပြန်မေးလိုက်သည်။ “ဘာလို့ ခင်ဗျားက ကျွန်တော့်ကို ကြည့်ပြီး ပြောနေတာ”
“ဟက်”
ရှောင်ချိစွေ၏ အမူအရာက ‘ငါဆိုလိုချင်တာ မင်းသိပါတယ်’ ဟူ၍ ပုံစံရနေရုံမက ထပ်လောင်း၍လည်း ဆိုလိုက်သေးသည်။ “ငါဘာကိုမှ မရည်ရွယ်ဘူး။ မင်းကို ဒဲ့ပြောတာ”
စုရှောင်ရှန် စွံ့အသွားသည်။
ဘေးနားရှိလူတိုင်း အားရပါးရ ရယ်မောလိုက်ကြ၏။
[လှောင်ရယ်ခံရပါသည်။ ပင်ကိုယ်မှတ် +၁၁]
စုရှောင်ရှန် ပင်ပန်းသည်ဟု ခံစားလိုက်ရပြီး ရှောင်ချိစွေကို ‘ခင်ဗျားကိုစကားမပြောတော့ဘူး’ ဟူ၍ ပုံစံရသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် လူအုပ်ကြီး၏ နောက်ဆုံးသို့သွားလိုက်၏။
ထို့နောက် လူအုပ်ကြီးထဲတွင် ကျိုးထျန်းရှန်အားတွေ့ရာ သူအံ့အားသင့်သွားသည်။
ထိပ်သီး(၁၀) ယောက်သာ စိတ်ဝိညာဉ်စာကြည့်တိုက်ထဲ ၀င်ခွင့်ရမည်ဟု ရှောင်ချိစွေပြောတာကို သတိရသွားသည်။ ကျိုးထျန်းရှန် ထိပ်သီး (၃၂) ဦးအဆင့်တွင် ထုတ်ဖယ်ခံလိုက်ရခြင်းမဟုတ်ပါလား။
‘နပေါဦး’
‘သူအောက်လမ်းကနေ ၀င်လာတာလားဟ’
စုရှောင်ရှန် ကျိုးထျန်းရှန်နားသွားပြီး ပုခုံးဖက်လိုက်သည်။ “ဘာလို့မင်းလည်း ဒီရောက်နေတာလဲ”
ကျိုးထျန်းရှန်က တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ဆက်ပြောရမလား မသိ ရပ်တန့်သွား၏။
ဤအချင်းအရာကို မြင်သော် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား စုရှောင်ရှန်ရယ်လိုက်သည်။ ကျိုးထျန်းရှန်ကို လူအုပ်ကြီး၏ နောက်၌ ခြေလှမ်းဖြေးဖြေးလှမ်းလိုက်ရင်း တီးတိုးဆိုလိုက်သည်။ “ငါ့ကို မင်းဒီကို ဘယ်လိုရောက်လာတာလဲပဲ ပြောပါ။ ငါဘယ်သူ့မှ ပြန်မပြောပါဘူး”
ကျိုးထျန်းရှန် မည်သို့ပြောရမည်ကို နည်းလမ်းရှာဖွေလိုက်သည်။
စုရှောင်ရှန်အား ထိုတိုက်ပွဲပြီးနောက် သူငယ်ချင်းအဖြစ် သတ်မှတ်ထားရာ သူ့ကို စိတ်ဆိုးစေမည့် တစ်စုံတစ်ရာ ပြောမိ၍လည်းမဖြစ်ချေ။
သို့သော် စုရှောင်ရှန်၏ သူ့အား အမှန်တရားကိုပြောပြစေချင်နေသော မျက်နှာကိုမြင်ရာ သူ ရိုးရိုးသားသားပဲပြောလိုက်သည်။ “အတွင်းစည်းကို ၀င်တဲ့ သူတိုင်းကိုလည်း စာကြည့်တိုက်တစ်ခါ၀င်ဖို့ ခွင့်ပေးတယ်လေ”
စုရှောင်ရှန်၏ အပြုံးတောင့်တောင့်ကြီးဖြစ်သွားသည်။
‘ဒါပေါ့ အေးပေါ့’
‘ငါ့အနာ ငါ့ဟာငါ ဆားထည့်မိတာ ခံစမ်း’
“ဆိုတော့… အတွင်းစည်းကို ၀င်သွားတဲ့ မိုမိုတို့က နည်းစနစ် နှစ်ခုတောင် ရွေးချယ်နိုင်တယ်ပေါ့”
“ဟုတ်တယ်” ကျိုးထျန်းရှန် ခေါင်းငြိမ့်ပြလိုက်သည်။ “ဒါပေမယ့် သူတို့ အခု တစ်ခုတည်းရွေးနိုင်သေးတာ။ အဲ့တာကို ကျွမ်းကျင်သွားမှ နောက်တစ်ခါလာပြီး ထပ်ရွေးနိုင်မှာ”
‘လခွမ်း ဘက်လိုက်နေတာပဲ’ သူတွေးလိုက်သည်။
စုရှောင်ရှန် အသက်ပြင်းပြင်းရှူလိုက်ပြီး လူအုပ်ကြီးနောက် အမှီလိုက်သွားလိုက်သည်။
‘အဲ့ဒီ သက်လတ်ပိုင်းလူကြီးမှန်တယ်။ ငါစကားမပြောမိတာကိုကမှ ကောင်းဦးမယ်’
[စိုးရိမ်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမှင်သက်သွားပြီးနောက် စုရှောင်ရှန် နောက်က သူ့ကို နာကျင်အောင် သူလုပ်မိလိုက်သည့်အလား စိုးရိမ်ဟန်အထင်းသားပေါ်လွင်နေသော ကျိုးထျန်းရှန်ကို လှည့်ကြည့်လိုက်သည်။
“ကိုရိုးသားလို့ မပြောရဘူး” စုရှောင်ရှန် စိတ်ထဲမှ ခပ်သဲ့သဲ့ ရယ်လိုက်သည်။
…
“ငါတို့ရောက်ပြီ”
အကွေ့အကောက် အချိုးများကို ဖြတ်သန်းလာပြီးနောက် သူတို့ (၃) ထပ်ဆင့်ဆောက်ထားသည့် အဆောက်အဦးကြီးတစ်ခုကို တွေ့လိုက်ရသည်။
အဆောက်အဦးက ရိုးရှင်းကာ တန်ဆာပင်ဆင်မထားချေ။ ၎င်း၏ ထောက်တိုင်များ၌လည်း မည်သည့် ရုပ်ပုံများမှ မထိုးထားပေ။ အမိုးပေါ်မှ အပူလှိုင်းများထုတ်လွှတ်နေသော နီရောင်ပုလဲလုံးကြီးမှ တစ်ပါး ဤအဆောက်အဦးက လုံး၀ သာမန်ပင်ဖြစ်လေသည်။
တံခါးအထက်၌ ချိတ်ဆွဲထားသော ဆိုင်းဘုတ်က “စိတ်ဝိညာဉ်စာကြည့်တိုက်ဌာန” ဟု အနက်ရောင် စကားလုံးများဖြင့် ရေးထား၏။
ထိုစကားလုံးများက သံချေးများတက်နေပြီး ရှေးဟောင်းကဲ့သို့သော ခံစားချက်ကိုပေးသည်။
၎င်းက စာလေ့လာရန်အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်ဟု ပြောနေ သယောင်ယောင်။
ရှောင်ချိစွေ နီညိုရောင်အကြီးအကဲကျောက်စိမ်းပြားတစ်ခုကိုထုတ်ယူပြီး တံခါးပေါ်တွင် ရေးဆွဲထားသော အစီအရင်၏ အလယ်တွင်ထားလိုက်ရာ ထိုတံခါးပွင့်သွားခဲ့သည်။
“ကဲ ၀င်ကြ။ ပထမအလွှာမှာ စတင်ခြင်းနယ်ပယ် နည်းစနစ်တွေရှိတယ်။ ဒုတိယအလွှာမှာတော့ စစ်မှန်ခြင်းနယ်ပယ် နည်းစနစ်တွေ။ တတိယအလွှာတော့ ယောင်လို့တောင် မတက်မိစေနဲ့”
“မင်းတို့ နည်းစနစ်တွေကို ရွေးချယ်ဖို့ အချိန် (၆) နာရီရမယ်။ အဲ့တော့ နည်းစနစ်တွေမှာ နစ်မမျောမနေဘဲ အချိန်ကို သတိရကြ။ စာရင်းသွင်းပြီးတာနဲ့ မင်းတို့ထွက်လို့ရပြီ”
ထို့နောက် စုရှောင်ရှန်အား နောက်တစ်ကြိမ်ထပ်ကြည့်ပြီး “ငါလမ်းမှာပြောလာတာတွေကို သတိရပါ”
လူတိုင်း ၎င်းကို ရယ်လိုက်ကြသည်။ ‘ညွှန်ကြားသူ’ က အထူး သဖြင့် လိုက်၍ ပစ်မှတ်ထားခံနေရသော စုရှောင်ရှန် ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းကိုငိုက်ကာ ၀င်လိုက်ရသည်။